အတွေးမှတ်စုများ (၁၅)  

Posted by ADMIN in


  • ဂုဏ်သိက္ခာရှိသောလူ ဆိုသည်မှာ တည်ကြည်ခိုင်ခံ့သည့် ကိုယ်ပိုင်အရည်အသွေး တစ်သမက်တည်း ပေးနိုင်သူသာ ဖြစ်သည်။


  • မိမိ၏ ကံကြမ္မာ အဆိုးအကောင်းကို မိမိသာ ဖန်တီးနိုင်သည်။


  • လူတစ်ယောက်၏ ဘ၀တွင် မိမိ ကိုယ်တိုင်အပေါ် ထားရှိသည့် အထင်အမြင်သည် အလွန် အရေးကြီး၏။ သင့်ကိုယ်သင် မည်သို့ ထင်မြင်ထား သနည်း။ မည်သို့ ဖြစ်မည်ဟု ထင်မြင်ထား သနည်း။ ရေရှည်တွင် လူတိုင်း လူတိုင်း မိမိ ထင်မြင် ထားသည့်အတိုင်း တကယ် ဖြစ်လာရခြင်းမှာ ထုံးစံဖြစ်သည်။ အလကားကောင် ဟု ထင်မြင်ထားလျှင် အလကားကောင် ဖြစ်လိမ့်မည်။ ဧရာမပုဂ္ဂိုလ် ဖြစ်ရမည်ဟု ယုံကြည်ထားလျှင် တစ်နေ့ မုချ ဧရာမပုဂ္ဂိုလ် ဖြစ်ရလိမ့်မည်။


  • ရည်မှန်းချက် ကြီးကြီးထားပါ။ တစ်ခုတည်းကိုပဲ ဦးတည်ပါ။ ကြီးကြီးမားမား အောင်မြင်ခဲ့သူ အားလုံးသည် တစ်ခုတည်းသော ဦးတည်ချက်၌ မိမိ စွမ်းအားမှန်သမျှကို ပုံအော စိုက်ထုတ်ခဲ့ကြ သူများသာ ဖြစ်ကြသည်။


  • မိမိကိုယ်ကို မကဲ့ရဲ့ မရှုပ်ချနှင့်။ မိမိကိုယ်ကို မလေးစားသူအား မည်သူကမျှ လေးစားလိမ့်မည်မဟုတ်။


  • မိမိကိုယ်ကို လေးစားခြင်းသည် အောင်မြင်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။


  • လောကတွင် ထူးခြား ကြီးကြယ်သော အောင်မြင်မှု မှန်သမျှ ထက်သန်ပြင်းပြသော စိတ်ဖြင့် ဆောင်ရွက်မှ ရနိုင်၏။


  • လူအများစုတို့မှာ မအောင်မြင်မှာ ကြောက်စိတ်ကြောင့် အလုပ်ကြီးအကိုင်ကြီးမှန်သမျှကို ရှောင်ကြ၏။ မအောင်မြင်မှုကို ရှောင်သောအခါ အောင်မြင်မှု နှင့်လည်း ကင်းဝေးရလေသည်။


  • အကြီးကျယ်ဆုံး ထမြောက်အောင်မြင်မှု တစ်ရပ်သည် အစ ပထမ၌ စိတ်ကူးယဉ် အိပ်မက်သာ ဖြစ်ခဲ့သည်။ စိမ်းရွက်တွေ ဝေလျှက်ရှိသည့် ပညောင်ပင်ကြီးသည် တစ်ချိန်က ညောင်စေ့ ကလေးထဲတွင် အိပ်စက် နေခဲ့ဖူးသည်။ ကောင်းကင်ပြင်တွင် လွတ်လပ်စွာ ပျံဝဲနေသော သိမ်းစွန်ရဲသည် ဥခွံငယ်အတွင်းမှ စောင့်ဆိုင်းနေခဲ့ရဖူးသည်။ ထို့အတူ ကမ္ဘာလောကအလယ် ထည်ဝါခံ့ညားစွာ ရပ်တည်နေသည့် ပုဂ္ဂိုလ် မှန်သမျှသည်လည်း တစ်ချိန်သော အခါကမူ မထင်မရှားသော ရုပ်သွင်ဖြင့် ရပ်တည်ခဲ့ကြဖူးသည်။


  • သင်သည် ပထမတစ်ကြိမ် လက်မြှောက် နောက်ဆုတ်ခဲ့ပါက ဒုတိယအကြိမ်၊ တတိယအကြိမ်များတွင် လက်မြှောက်နောက်ဆုတ်ရန် ပို၍ပို၍ လွယ်ကူလာတတ်သည်။ ကြာသော် အလွယ်တကူ နောက်ဆုတ် အရှုံးပေးခြင်းသည်ပင် သင်၏ အကျင့်၊ သင်၏ ပုံစံတစ်ခု ဖြစ်လာပေသည်။


  • စွန်ဆိုသည်မှာ စုန်လေတွင်မတက်၊ လေကို ဆန်ရင်းသာ အမြင့်သို့ တက်စမြဲဖြစ်သည်။


  • မီးဒဏ်၊ ရေဒဏ်၊ တူဒဏ်ကို ခံပြီးမှ အသားကောင်းသော ဓားတစ်ချောင်းဖြစ်မည်။ ကျောက်သားကောင်းကောင်းမှာ နာနားသွေးပြီးမှ အသွားထက်သော ဓားတစ်လက်ဖြစ်မည်။


  • စ ထားသည့် ကိစ္စတစ်ခုကို ပြီးပြတ်အောင် လုပ်ပါ။ သေးသည့်အလုပ်ဖြစ်စေ၊ ကြီးသည့်အလုပ်ဖြစ်စေ တန်းလန်း မထားပါနှင့်။


  • သင်တည်ဆောက်နိုင်သမျှ အတောင့်တင်း အခိုင်မာဆုံး သေတ္တာကြီးတစ်လုံး တည်ဆောက်ပါ။ ပြီးစီးသည့်အခါ သင့်အအောင်မြင်မှုများ၊ သင့်ဒုက္ခနှင့် သင့်သောကများ၊ သင့်ကိုယ်သင် အဖန်တလဲလဲ ဂရုဏာသက်နေမှုများအားလုံးကို သေတ္တာကြီးထဲထည့် သောခတ်ပိတ်ပြီးလျှင် သေတ္တာ အဖုံးပေါ်ထိုင်ကာ အားရပါးရ ရယ်မောလိုက်ပါ။


  • ပူဆွေးသောကငှက်များ သင့်ခေါင်းပေါ်က ဖြတ်သန်းပျံသွားခြင်းကို သင် တားဆီးနိုင်မည်မဟုတ်ပါ။ သို့သော် သင့်ခေါင်းပေါ်မှာ အသိုက်ဆောက် အခြေချမနေအောင်ကား သင်တားဆီးနိုင်ပါသည်။


  • အောင်မြင်သောအခါ မိမိရင်ဘတ်ကို ပုတ်ပြပြီး အမှားအယွင်း ကြုံချိန်၌ ဘေးဘီသို့ လက်ညှိုး ထိုးတတ်ခြင်းသည် ရင့်ကျက်မှုနည်းသော၊ ကလေးစိတ် မပျောက်သေးသောသူတို့၏ လက္ခဏာတစ်ရပ်ဖြစ်သည်။


  • ယနေ့စဉ်းစားပါ၊ မနက်ဖြန်မှ ပြောပါ။


  • ငါမရှိလျှင်မဖြစ်ဟု သင့်ကိုယ်သင် ထင်နေမိတတ်ပါသလား။ သုသာန်သို့ ရောက်ချိန်တွင် သင်္ချိုင်းအုတ်ဂူပေါ်ရှိ ကမ္ပည်း ကျောက်စာများကို ဖတ်ရှုကြည့်ပါ…။


  • လူတစ်ယောက်၏ အတွေးကို သူဘာတွေတွေးနေသည် ပြောသဖြင့် မသိရ၊ သူ၏ လုပ်ဆောင်ချက်များ အားဖြင့်သာ သိရ၏။


  • လျှာဟူသည် သုံးလက်မမျှသာရှည်၏။ သို့သော် ခြောက်ပေရှည်သော လူတစ်ယောက်ကို သေစေနိုင်သည်။


  • ပညာရှိ၏ နှုတ်ခမ်းသည် နှလုံးသားထဲတွင် ကိန်းအောင်း၏။ သူမိုက်၏ နှလုံးသားကား သူ့နှုတ်ဖျားမှာပင် တည်ချေသည်။


  • သြဇာပေးမည့်သူကို မည်သူမျှအလိုမရှိ။ ခေါင်းဆောင်ကောင်းကိုကား လူတိုင်းအလိုရှိကြ၏။


  • စိုက်သောအပင်၏ အသီးကို သင်စားရလိမ့်မည်။ သူတပါးအား စေတနာထားဆက်ဆံလျှင် စေတနာကို ပြန်ရမည်။ သူတစ်ပါးအား အာဃတထားဆက်ဆံလျှင် အာဃာတဖြင့် တုန့်ပြန်ခြင်းသာ ခံရမည်။


  • စာဖတ်ပါ။ သင့်ကုတ်အင်္ကျီအိပ်ကို ခရီးဆောင် စာကြည့်တိုက်အဖြစ် အသုံးပြုပါ။



5 comments

စိတ်အင်အား လာဖြည့်တင်းသါားပါသည်။

အတွေးအခေါ်အသစ်လေးတွေတင်မလားလို့ လာလာချောင်းနေတာ၊ တန်ဘိုးရှိတဲ့ စကားလုံးတွေ၊ အတွေးအေခေါ်တွေပါဘဲဗျာ၊ ဖတ်သွားမှတ်သွားကြောင်းပါ၊

တန်ဖိုးရှိတဲ့ အတွေးခေါ်လေးတွေကို ဖတ်သွားပါတယ်
ပျော်ရွှင်ပါစေဗျာ

ဆီဗုံးမှာ လာနှုတ်ဆက်တာ bannထားတယ်တဲ့၊ ဘယ်လိုဖြစ်တာလဲ၊ နေ့အိပ်မက်က ဒါပထမဆုံးရောက်ဖူးတာ။ မတွေးတတ်တော့ဘူး။ ipနဲ့ဘန်းထားတာဆိုရင်တော့ ပြဿနာ။ မြန်မာပြည်မှာ ipဆယ်ခုပဲရှိတာဆို။ ထပ်နေမှာပေါ့။ ပုဂံကဟာဆို လေးခုပဲ လှည့်သုံးနေကြတာ

စိတ်အားအင်တစ်ခုဖြစ်စေပါတယ်။.....

ခင်လျက်မင်လျက်
အာတိ

Post a Comment

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com