ဓမ္မဒဿန  

Posted by ADMIN in



  • အတွေးအခေါ်ပညာရှိတဲ့ ပုဂ္ဂိုလ်ဟာ သူများမှားတာကို သင်ခန်းစာယူတတ်၏။
    အတွေးအခေါ်ပညာနည်းတဲ့ ပုဂ္ဂိုလ်ကကျတော့ ကိုယ်တိုင်မှားမှ သင်ခန်းစာယူတတ်၏။
    အတွေးအခေါ်ပညာမရှိတဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ်ကိုယ်တိုင်မှားတာတောင် သင်ခန်းစာမယူတတ်ပေ။


  • ပညာရှိထံ နည်းခံသင်မှ ပညာရ၏။
    ထကြွလုံ့လ ရှိမှ ဥစ္စာရ၏။
    သစ္စာတည်မှ ကျော်စော ရ၏။
    ပေးကမ်းတတ်မှ ကုသိုလ်ရ၏။


  • မိဘနှစ်ဖြာ ရှိနေပါလည်း၊ ကျေးဇူးမသိ မဆပ်ဘိက၊ တစ်သက်လုံးလုံး လူဖြစ်ရှုံး၏။


  • ပါရမီဆိုတာ မြင့်မြတ် သူတွေရဲ့ အလုပ်လို့ အဓိပ္ပာယ်ရ၏။ တနည်းအားဖြင့် ပါရမီ ဆိုတာ “မြင့်မြတ်သူ ဖြစ်ကြောင်း အလုပ်” လို့ အဓိပ္ပာယ်ရ၏။ လူတစ်ယောက်ကို မြင့်မြတ်သူ ဖြစ်စေနိုင်တဲ့ အလုပ်၊ မြင့်မြတ်သူ အဖြစ် ပို့ဆောင် ဖန်တီးပေးနိုင်တဲ့ အလုပ်ဟာ ပါရမီရဲ့ အဓိပ္ပာယ်ပါပဲ။


  • မိုက်သူသည် မိမိလုပ်ငန်း မအောင်မြင်လျှင် တစ်ခြားသူများအပေါ် အဖြစ်ဖို့၏။
    ထို့ထက် လိမ္မာသူသည် မိမိကိုယ်မိမိ အပြစ်ဖို့၏။
    အလိမ္မာဆုံးပုဂ္ဂိုလ်ကတော့ ဘယ်သူ့ကိုမှ အပြစ်မဖို့။


  • မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
    ကောင်းတယ်ဆိုတာလည်း ကိုယ်ပဲခံရတာ။


  • စိတ်လေးနေခဲ့သော်…. သင့်စိတ်၏အကြံ မီးဒဏ်သင့် ခံနေရရှာပြီ။
    စိတ်ပြေးနေခဲ့သော်…… သင့်စိတ်ထဲ မီးစွဲနေချေပြီ။
    စိတ်ဆွေးနေခဲ့သော်… သင့်စိတ်တစ်စဉ်လုံး မီးဟုန်းဟုန်း တောက်ထချေနေခြေပြီ။


  • အလုပ်ရှုပ်ရင် အလုပ်ပြောင်း ကံ ကောင်းအောင်။
    အာရုံ ရှုပ်ရင် အာရုံပြောင်း ဈာန်ကောင်းအောင်။
    စိတ် ရှုပ်ရင် စိတ်ပြောင်း ဥာဏ်ကောင်းအောင်။


  • သေးသိမ်ညံ့ဖျင်းတဲ့ အမှုကို နည်းနည်းလေးမှ မလုပ်လေနှင့်။


  • သင်၏ ကောင်းမှန်သော ကြံစည်မှု၊ ပြောဆိုမှု မှန်စေခြင်း ဖြင့်သာ အတူနေများ ဂုဏ်မြင့်ဖွား၍ အင်အား တတ်စေရာ၏။


  • အကုသိုလ်တရားမှ အကျိုး ပေးသောအခါ ဒေါသ မဖြစ်လိုက် ပါနှင့်၊ ၀မ်းသာ လိုက်ပါ။ “အကုသိုလ် အကြေး ကျေပြီ” ဟူ၍ နှလုံးသွင်းလိုက်ပါ။


  • စိတ်သည် ဆုံးမရန် အလွန်ခက်၏၊ အလွန်လျှင်မြန်၏၊ ရောက်ချင်ရာသို့ ရောက်တတ်၏။
    ထိုစိတ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်လျှင် ကောင်း၏။
    ယဉ်ကျေးသော စိတ်သည် ချမ်းသာကိုဆောင်နိုင်၏။


  • သတိ ဆိုတာ စိတ်ရဲ့နေအိမ်ပါပဲ။ သတိ မရှိတဲ့ စိတ်ဟာ စိတ်မရှိတဲ့ လူလိုပဲ ကြုံရာ၊ ခြေဦးတည့်ရာ လျှောက် သွားနေတတ်တယ်။ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု မရှိဘူး။ ဂုဏ်သိက္ခာ မရှိဘူး။


  • “ဥစ္စာ” ထဲမှာ အနှစ်ရှာ တွေ့တာ “ဒါန”ပဲ။
    “ခန္ဒာ” ထဲမှာ အနှစ်ရှာ တွေ့တာ “သီလ” ပဲ။
    “၀ိဥာဉ်” ထဲမှာ အနှစ်ရှာ တွေ့တာ “ဘာဝနာ”ပဲ။


  • အကြင် စကားဖြင့် မိမိကိုယ်ကို မပူပန်စေရာ၊ သူတစ်ပါး တို့ကိုလည်း မပူပန်စေရာ။ စင်စစ် ထိုစကားကို ဆိုရာ၏။ ထိုစကား သည်သာ ကောင်းစွာဆိုအပ်သော စကားမည်၏။


  • မြတ်သော အကျင့်သီလမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်နေရ တာထက် မြတ်သော အကျင့်သီလရှိပြီး တစ်ရက်မျှ အသက်ရှင်နေရတာက သာ၍မြတ်၏။


  • ရန်ကိုရန်ခြင်း မတုန့်ညှင်းရာ။ မေတ္တာဖြင့်သာ အောင်မြင်ရာ၏။
    သည်းခံခြင်းထက် လွန်သောတရားမရှိ၊ သည်းခံခြင်းသည် မြတ်သောအကျင့်တရားဖြစ်၏။


  • လောကဓံအား သည်းခံနိုင်ခြင်း (ခန္တီတရား) သည် အမိနှင့် တူ၏။ လောကဓံအား လစ်လျှူရှုနိုင်ခြင်း (ဥပက္ခာတရား) သည် အဖ နှင့် တူ၏။


  • အချိန်ကို အကျိုးရှိအောင် အသုံးချရန် နည်းလမ်းလေးသွယ်….
    (က) အခါအားလျော်စွာ တရားနာခြင်း၊
    (ခ) အခါအားလျော်စွာ တရားဆွေးနွေးခြင်း၊
    (ဂ) အခါအားလျော်စွာ မိမိ သိရှိထားပြီးသော တရား သဘောတွေကို ကောင်းစွာ သုံးသပ်ခြင်း၊ ပြန်လည် ဆင်ခြင် စဉ်းစားခြင်း။
    (ဃ) အခါအားလျော်စွာ ရှေ့နောက် ဆက်စပ် သတိကပ်၍ ခန္ခာ၏ “အဖြစ်-အပျက်” ကို ရှုမှတ်ပွားများခြင်း။


  • အရင်ကောင်းလို့ အခုကောင်းသည်။ အခုကောင်း…. နောင်ကောင်းပါလိမ့်မည်။


  • လူမိုက်တစ်သောင်း ချီးမွမ်းရှောင်းလည်း၊ လူကောင်းတစ်ယောက် ပြစ်တင်ကြောက်လော့။


  • အိပ်ယာမှ ခဏခဏနိုးနေသူတို့အတွက် “ည” သည် ရှည်လျားလှစွာ၏။
    ခရီးပန်းလာသော သူတို့အတွက် “ခရီး” သည် ရှည်လျားလှစွာ၏။
    သူတော်ကောင်းတရားကို မသိကြသော သူတို့အတွက် “သံသရာခရီး” သည်ရှည်လျားလှစွာ၏။


  • ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍၊ ပုန်းလျှိုးနေခို မသေလိုလည်း၊ ဤကိုယ်မုချ မနေရဘူး။


  • သေခြင်းတရားဟာ မှည့်နေတဲ့ အသီးလိုဘဲ အချိန်မရွေး ကြွေကျနိုင်တယ်။


  • အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဒမ္မ၊ သံဃ။
    မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ီရိယ။
    ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ။
    နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ။
    အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
    အမြဲလက်ကိုင်ထားရန်ကား ခန္တီ၊ မေတ္တာ၊ သစ္စာ။


  • တကယ့်သူတောင်ကောင်းဆိုတာ ရယူခြင်းထက် ပေးဆပ်ရတာကို နှစ်သက်တယ်။

  • တရားအားထုတ် ကုသိုလ်လုပ် အဟုတ်မပျင်းနှင့်။


  • ငါတို့ဖြစ်ရ ဤ လောက၀ယ်၊ ဘ၀သမိုင်း မရိုင်းစေရန်၊ စိတ်မာန်မချ မာနမပါ၊ တို့ စွမ်းရာဖြင့် တို့သာသနာ၊ တို့ ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့။



The Secret (Law of Attraction)  

Posted by ADMIN in



What is the Law of Attraction?

The Law of Attraction is one of the better known universal laws. The theory behind the Law of Attraction is that we create our own realities. We attract things we want and we also attract things we don't want. We attract the people in our lives, the stuff in our homes, and the money in our bank accounts through our thoughts and feelings.

When our beliefs are limited, we attract limited wealth and compromise our well-being. When we believe anything is possible, the sky's the limit. In fact, you can break through that glass roof on the sky with your miraculous positive thoughts. When we focus on the "lack of" we are creating a less-than reality. But, if focus on being abundant and happy we will enjoy a luxurious and glorious reality.



People who are efficient in attracting positives have trained their minds to focus on their desires. Abundance comes to them naturally. They wouldn't blink an eye if someone suggested they don't deserve something, it isn't part of their reality.


Thought = creation. If these thoughts are attached to powerfulemotions (good or bad) that speeds the creation, EVERYTHING in your life you have attracted .. accept that fact ..it's true.



Congratulations Mr Barack Obama  

Posted by ADMIN




အမေရိကန်ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီမှ အသက် ၄၇ နှစ်အရွယ်ရှိ အမေရိကန်သမိုင်း၌ အသက်အငယ်ဆုံးနှင့် ပထမဆုံး လူမဲ သမ္မတဖြစ်သော ၄၄ ဦးမြောက် အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားကို အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာကြီးတစ်ခုလုံးအတွက် ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် မျှော်လင့်မိပါသည်.....။



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com