မည်သို့ပင်ဖြစ်စေ ( ANYWAY )  

Posted by ADMIN in


  • လူတွေသည်၊ အကြောင်းအကျိုးမသိ၊ ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊ အတ္တစိတ်လည်း များလှ၏....။ မည်သို့ဖြစ်စေ၊ မေတ္တာထားလိုက်ပါ။
    Peoples are unreasonable, illogical and self-centered. Love Them Anyway.


  • လူတွေသည် ကောင်းသောအမှု သင်မည်မျှပြုသော်လည်း မရိုးမသား ကိုယ့် အကျိုးစီးပွား အတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်.....။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။
    If you do good, people will accuse you of selfish ulterior motives. Do Good Anyway.


  • သင် အောင်မြင်လာပြီဆိုလျှင် သင့်၌ မိတ်ဆွေ အတုအယောင် များရော၊ ရန်သူစစ်စစ်များပါ ရရှိလာလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ အောင်မြင်ရန်သာ အားထုတ်ပါ။
    If you are successful, you will win false friends and true enemies. Succeed Anyway.


  • ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာပြောဆိုခြင်းတို့ကြောင့် သင့်မှာ ထိခိုက်စရာတွေ ကြုံချင်ကြုံရလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ ရိုးဖြောင့်ပွင့်လင်းစွာ ပြောဆိုဆက်ဆံပါ။
    Honesty and frankness make you vulnerable. Be Honest And Frank Anyway.


  • သင် ယနေ့ပြုသည့် ကောင်းမှုကုသိုလ်ကို မနက်ဖြန် သူတို့ မေ့လျှော့ကောင်း မေ့လျှော့ကြလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။
    The good you do today will be forgotten tomorrow. Do Good Anyway.


  • အကြီးအကျယ်ဆုံး စိတ်ကူးဥာဏ်ရှိသည့် အမြင့်မားဆုံး ပုဂ္ဂိုလ်သည်လည်း အနုံချာဆုံးစိတ်ထားရှိသည့် အသေးအမွှားဆုံး ပုဂ္ဂိုလ်ထံ ဝေဖန်ခြင်း၊ ကဲ့ရဲ့ အပုပ်ချခြင်း ခံချင်ခံရနိုင်သည်.....။ မည်သို့ပင်ဖြစ်စေ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာ စဉ်းစားကြံစည်ပါ။
    The biggest people with the biggest ideas can be shot down by the smallest people with the smallest minds. Think Big Anyway.


  • လူတွေသည် နိမ့်ပါးသူကို စေတနာပိုတတ်သည် ဆိုသော်လည်း အပေါ်စီးရသူ၊ ထိပ်ဆုံးလူများ နောက်သို့သာ လိုက်ပါတတ်ကြသည်.....။ မည်သို့ပင်ဖြစ်စေ အချို့သော နိမ့်ပါးသူ အောက်လူတို့အတွက် ရပ်တည်ပေးပါ။
    People favor underdogs but follow only top dogs. Fight For Some Underdogs Anyway.


  • နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သည့်အရာ နေ့ချင်းညချင်း ဖြိုလဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ တည်ဆောက်စရာရှိတာသာ ဆက်၍တည်ဆောက်ပါ။
    What you spent years building maybe destroyed overnight. Build Anyway.


  • ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးသော်လည်း၊ သင့်အား ခါးသီးနာကျည်းဖွယ် တုံ့ပြန်ကောင်း တုံ့ပြန်လိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ သင့်မှာရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲ သင်ပေးပါ။
    Give The World the best you have and you'll get kicked in the teeth. Give The World The Best You're Got Anyway.



နှလုံးသားအတွက် အလင်းရောင်  

Posted by ADMIN in

  • လူကောင်းတစ်ယောက်ရဲ့ဘ၀မှာ အကောင်းဆုံး အစိတ်အပိုင်းဆိုတာ မကြီးကျယ်တဲ့၊ အမည်မဖေါ်တဲ့၊ အမှတ်တရပြုမနေတဲ့ အကြင်နာ၊ မေတ္တာ အပြုအမူလေးများပါ။

  • ရယူခြင်းအရသာထက်၊ ပေးရခြင်းကြောင့်ဖြစ်သော ပီတိက ပို၍ နှစ်သက်ဖွယ် ချိုမြိန်လှ၏။

  • သင် တတ်နိုင်မည် ထင်သလား၊ မတတ်နိုင်ဘူး ထင်သလား၊ မည်သို့ထင်သည်ဖြစ်စေ သင့်အထင် မှန်ပါလိမ့်မည်။

  • ဒေါသဖြင့်လည်း နောက်ကြောင်းပြန်မကြည့်နှင့်၊ ကြောက်စိတ်ဖြင့်လည်း ရှေ့ရေးမတွေးတောနှင့်၊ ပညာသတိဖြင့်သာ ၀န်းကျင်ကို ရှုမြင်ပါ။



PEOPLE WHO ACHIEVE THEIR DREAMS  

Posted by ADMIN in


ခေါင်းဆောင် ဆိုတဲ့သူတွေဟာ စဉ်းစားကြတယ် ...
ဘာကြောင့်စဉ်းစားလဲဆိုတော့ သူတို့တွေဟာ ခေါင်းဆောင်ဖြစ်နေလို့ပဲ၊
ဘာကြောင့် ခေါင်းဆောင်ဖြစ်နေကြတာလဲဆိုတော့ သူတို့တွေဟာ စဉ်းစားခဲ့ကြလို့ပဲ။



  • သူတို့မှာ သူတို့ကိုယ်သူတို့ စိတ်ချယုံကြည်မှုရှိကြတယ်။

  • သူတို့မှာ အင်မတန်ခိုင်မာတဲ့ ဘ၀ရည်မှန်းချက် ရှိတယ်။

  • သူတို့က အကောင်းဆုံးဖြစ်အောင် အမြဲတန်း အစွမ်းကုန်ကြိုးစားတယ်။

  • သူတို့က ပန်းတိုင်ရောက်ဖို့ အပင်ပန်းခံ အားထုတ် အလုပ်လုပ်တယ်။

  • သူတို့ကိုယ်သူတို့ သိကြတယ်။

  • သူတို့ရဲ့ အားနည်းချက်တွေကို သိတယ်။

  • သူတို့ရဲ့ အားကောင်းချက်တွေကို သိတယ်။

  • သူတို့က ဝေဖန်မှုကိုခံယူပြီး အကျိုးရှိအောင် ပြုပြင်ကြတယ်။

  • သူတို့က တီထွင်ဆန်းသစ်တတ်တယ်။


ထက်သန်ပြင်းပြသောဆန္ဒရှိပါစေ အောင်မြင်ပါလိမ့်မည်။

  • တိကျသောရည်မှန်းချက်ပန်းတိုင်ရှိရမည်၊

  • ပန်းတိုင်သို့ မည်သည့်အချိန်တွင် ရောက်ရမည်ဟု သက်မှတ်ချက်ရှိရမည်၊

  • ရည်မှန်းချက်ဘာလဲဆိုတာ စာဖြင့်ရေးချထားရမည်၊

  • မည်သို့သွားရမည်ဟူသော လုပ်ငန်းစီမံချက် ချမှတ်ရမည်၊

  • ပန်းတိုင်သို့ရောက်ရေးကို နေ့စဉ်တွေးရမည်။

အောင်မြင်ကြီးပွားရေးလမ်းစဉ်

  • ပြင်းထန်သော ဆန္ဒဖြင့် တိတိကျကျ သက်မှတ်ထားသော ရည်မှန်းချက်တစ်ခုရှိခြင်း၊

  • ထိုရည်မှန်းချက်အတိုင်း ပြည့်စိမ့်သောငှာ လုပ်ငန်းအစီအစဉ်တစ်ခု ရေးဆွဲ၍ ထိုအတိုင်း မနေမနား ကြိုးစားဆောင်ရွက်ခြင်း၊

  • အခြားသူတို့၏ အားလျှော့စေတတ်သော အကြံပေးချက်များကို လက်မခံပဲ နားပိတ်ထားခြင်း၊

  • မိမိအစီအစဉ်အတိုင်း ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်ရန် အားပေးအားမြှောက်ပြုမည့် မိတ်ဆွေများနှင့် ပူးပေါင်းခြင်း။

လူတစ်ယောက်အတွက် တစ်သက်တာ အချိန်ဇယား ( ပျမ်းမျှ )

  • အိပ်ချိန် ( တစ်နေ့ ၈ နာရီ ) ......................... ၂၀ နှစ် ၊

  • စားသောက်ချိန် ......................................... ၃ နှစ် ၊

  • စားဖို့စောင့်ချိန် .......................................... ၉ လ ၊

  • အလုပ်လုပ်ချိန် ......................................... ၁၇ နှစ် ၊ ၆ လ ၊

  • ပျော်ပါးချိန် ............................................. ၇ နှစ် ၊ ၆ လ ၊

  • လမ်းလျှောက်ချိန်၊ ကစားချိန် ....................... ၆ နှစ်၊ ၇ လ ၊

  • အ၀တ်အစားအတွက် ကုန်ချိန် ..................... ၂ နှစ် ၊ ၆ လ ၊

  • အလုပ်မလုပ်ပဲနေချိန် ................................ ၂ နှစ် ၊ ၆ လ၊

စုစုပေါင်း ...................................................... ၆၀ နှစ် ၊ ၄ လ ။



စကား စကား  

Posted by ADMIN in


  • မမေးခင် စဉ်းစားပါ။ မဖြေခင်စဉ်းစားပါ။ မပြောခင်စဉ်းစားပါ။ ပြောပြီးလျှင် ပြင်၍မရ။



  • လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။



  • လူတစ်ယောက် (သို့) အဖွဲ့စည်းတစ်ခုရဲ့အကြောင်းကို အကောင်းပြောစရာမရှိလျှင် ဘာမှမပြောတာ အကောင်းဆုံး။



  • သူတပါးစကားကို အာရုံစိုက်နားထောင်ပါ၊ တစ်ဖက်သား စိတ်ဝင်စားမယ့် အကြောင်းရပ်ကိုပြောပါ၊ အရေးမကြီးသည့် အသေးစိတ်များကို ထည့်မပြောပါနှင့်။


  • စကားတစ်လုံး ထပ်တလဲလဲ မသုံးမိအောင် ရှောင်ကြင်ပါ၊ သူတပါးစကား ကြားဖြတ်မပြောနှင့်။


  • စကားကို အတိုင်းအဆနှင့်သာ ဆင်ဆင်ခြင်ခြင် ပြောသင့်သည်။ အလျှင်စလို ပြောခြင်းသည် အမှားများ၍ ဆင်ခြင်သင့်ပါသည်။ နေ့စဉ်သုံး စကားများကိုပင် အလျှင်စလို မပြောမိအောင် သတိထားသင့်သည်။


  • စကားဝိုင်းတွင် အလုအယက် ပြောတတ်သူများသည် သူတပါးထံမှ အကြံကောင်း၊ ဥာဏ်ကောင်း၊ အချက်အလက်ကောင်းများကို ရနိုင်သော အခွင့်အလမ်း ဆုံးရှုံးသည်။


  • စကားများများပြောသူကို လူအထင်သေးသည်။


  • အသေအချာမသိသော အကြောင်းအရာကို မပြောပဲနေသည်က ပိုကောင်းသည်။


  • ဒေါသထွက်လာလျှင် ဒေါသအရှိုန်မတက်မှီ ဘုရားဂုဏ်တော်ကို ကြည်ညိုရိုသေစွာ အာရုံပြုလိုက်ပါ။


  • အခါအားလျှော်စွာ ချီးမွမ်းစကားပြောဆိုပါ။


  • ပညာရှိတို့သည် အချင်းချင်း ချီးကျူးနေကြသည်။


  • ချီးကျူးစကားသည် ပေါင်းသင်းဆက်ဆံကိုလည်း အဆင်ပြေချောမွေ့စေသည်။ ချီးကျူသူကို ချီးကျူးခံရသူက ခင်မင်နှစ်လိုသည်။


  • ချီးမွမ်းစကားသည် လူ၏နှလုံးသားအတွက် နေရောင်ခြည်နှင့်တူသည်။ ချီးမွမ်းစကားမကြားရဘဲ နှလုံးသားသစ်ပင် မရှင်သန်နိုင်။


  • အဆွေခင်ပွန်းချင်းရင်းနှီးစွာဖြင့် ချီးမွမ်းစကားတွေ အပြန်အလှန် ပြောကြဆိုကြတာဟာ ပျော်စရာကစားနည်းတစ်မျိုးပဲ။


  • လောလောဆယ် သင်တွေ့ဆုံနေရသည့် လူတွေအကြောင်း တစေ့တစောင်း သိထားဖူးသည်ဆိုက၊ ၎င်းလူနှင့်ပတ်သက်သည့် ချီးမွမ်းစရာအချက် တစ်စုံတစ်ရာကို ရည်ညွန်းကာ စကားစတင်မည်ဆိုက အဆင်ပြေနိုင်သော သဘောရှိသည်။


  • သူဘာစိတ်ဝင်စားလဲ သိအောင်စူးစမ်း၊ သဲလွန်စရှာ၊ လူတိုင်းလူတိုင်းဟာ တစ်ခုခုမှာတော့ ကျွမ်းကျင်သူချည်းပဲ၊ အရေးကြီးတာက အဲဒီအချက်ကို နှိုက်မိဖို့ပဲ၊ စမ်းကြည့်ပါလား။


  • မကူညီနိုင်လျှင် မကူညီနိုင်ကြောင်းပြောရန် ၀န်မလေးပါနှင့်။ အလွယ်တကူတာဝန်မခံသင့်။
    မလိုအပ်သော စကားများကို အပိုမပြောမိစေရန်ဆင်ခြင်ပါ။


  • အပ်ကြောင်းထပ်စကား ခွန်အားမရှိ။


  • ထောင်တန်တဲ့စကား ရယ်ရင်ပေါ့။ သူ့နေရာနဲ့သူသာ ရယ်စရာပြောသင့်သည်။


  • သူတပါးကို ထိခိုက်နစ်နာစေသော ဟာသမှန်သမျှ သတိထား၍ရှောင်ရှားပါ။


  • လူထုပရိသတ်ကို ဟောပြောရာတွင် ရယ်စရာပြောလျှင် ပရိသတ်ရယ်ချိန်မှာ ကိုတိုင်မရယ်မိစေရန် သတိထားပါ။ စကားပြောရင်းမရယ်သင့်ပါ။ ရယ်ရင်းနှင့်လည်း စကားမပြောသင့်ပါ။


  • အလွန်ရင်းနှီးသော မိတ်ဆွေများနှင့် ဆက်ဆံမှုတွင် လွတ်လပ်မှု လွန်ကဲလာသည့်အခါ ပရမ်းပတာတွေဖြစ်လာပြီး ဒုက္ခရောက်တက်ပါသည်။


  • မိတ်ဆွေတွေကို မိမိ၏ အတွင်းရေးများကို မိမိဘာသာ အလွန်အကျွန်ဖွင့်ပြောမိလျှင် နောင်ကျမှ တစိမ့်စိမ့်တွေးကာ အဲသည်လူကို မကျေနပ်သလိုလို၊ ရှက်သလိုလို၊ မကျေနပ်ချင်သလိုလို ခံစားရတက်သည်။


  • ဧည့်ခံပွဲတွေမှာ လူတိုင်းက ကိုယ့်လိုပဲ ဘာလုပ်ရမှန်းမသိ ကသိကအောက် ဖြစ်နေကြတာ၊ အဲဒီချိန် လူတစ်ယောက်ကို ဖမ်းနုတ်ဆက်လိုက်၊ အဲသည်လူ ၀မ်းသာသွားလိမ့်မယ်။


  • အလွယ်ဆုံးနှင့် အစွမ်းထက်ဆုံး အမေးစကားတစ်ခွန်းမှာ " ဥပမာလေးပြောစမ်းပါခင်ဗျာ " ဟူ၍ဖြစ်သည်။



အတွေးမှတ်စုများ (၅)  

Posted by ADMIN in



  • အမှားတစ်ခု မလုပ်နိုင်ဘူးဆိုလျှင် သင် ဘာတစ်ခုမျှလုပ်နိုင်မည်မဟုတ်။



  • အောင်မြင်တဲ့ ယောက်ျားတိုင်းရဲ့နောက်ကွယ်မှာ မိန်းမတစ်ဟောက် ရှိနေတယ်။ အဲဒီအတိုင်းပဲ မအောင်မြင်တဲ့ ယောက်ျားတိုင်းရဲ့နောက်ကွယ်မှာ ရှိနေတာလည်း မိန်းမပါပဲ။



  • လူတစ်ယောက်အဖို့ ဘယ်ဆိပ်ကမ်းဆီသို့ ဦးတည်သွားနေမှန်း၊ မိမိကိုယ်မိမိ မသိတဲ့အခါ ဘယ်အရပ်က တိုက်ခတ်လာတဲ့ လေပဲဖြစ်စေ အကျိုးမပြုနိုင်ပါဘူး။



  • အခွင့်အရေးက သင့်တံခါးကို နှစ်ကြိမ် လာခေါက်လိမ့်မယ်လို့တော့ မမျှော်လင့်လိုက်ပါနဲ့။



  • ကျားကစားရာမှာ နှစ်ကောင်စားနိုင်ဖို့ တစ်ကောင်ကျွေးရတယ်၊ တစ်ကြိမ်ထဲမှာ နှစ်ကောင်ရွှေ့မရဘူး၊ အထက်ကိုပဲရွှေ့ရမယ်၊ အောက်ကို မရွှေ့ရဘူး၊ ကင်းစင်သွားပြီဆိုရင်တော့ ကြိုက်သလို ရွှေ့လို့ရပြီ။ ဘ၀ဆိုတာလဲ အဲ့လိုပဲ။



  • ပြောသင့်တဲ့အချိန်မှာ ဆိတ်ဆိတ်နေခြင်းရယ်၊ ဆိတ်ဆိတ်နေသင့်တဲ့အချိန်မှာ ပြောဆိုခြင်းရယ်ဟာ အားနည်းချက်ကို ဖော်ပြတဲ့ အချက်နှစ်ချက်ပါပဲ။



  • သင့်လက်ကို ကမ်းပေးဖို့ ဘယ်တော့မှ မနှောင့်နှေးပါနှင့်။ သူတပါးကမ်းလာတဲ့ လက်ကိုလည်း ဘယ်တော့မှ လှမ်းဆွဲယူဖို့ မနှောင့်နှေးပါနှင့်။



  • လှပမှုရယ် ..... ဥာဏ်ပညာရယ်ဆိုတာ ဘယ်တော့မှ အတူတွဲနေရိုး မရှိပါ။


  • လူအများကို ချစ်ခြင်းနဲ့ လူအများရဲ့ ချစ်ခြင်းကို ခံရသူဟာ မိမိကိုယ်ခန္ဓာဝဲယာရဲ့ နေရောင်ခြည်ကို ခံရခြင်းလိုပါပဲ။



  • မိတ်ဆွေအပေါင်းအသင်း ပေါများခြင်းဟာ ဘ၀အောင်မြင်ရေးမှာ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။


  • သင့်ဘ၀ ရည်မှန်းချက် မပြည့်ဝမီကာလမှာ မိန်းမနဲ့ အရက်ကို ဝေးဝေးကရှောင်ပါ။ သင်ရည်မှန်းချက် ပြည့်ဝပြီးနောက်ပိုင်းမှာ ပိုပြီးဂရုစိုက်ရှောင်ပါ။



  • တကယ်လို့ သင့်အနေနဲ့ အမျက်ဒေါသကို တဒင်္ဂ သည်းခံနိုင်ရင် ရက်ပေါင်းတစ်ရာ စိတ်ဆင်းရဲမှုမှကင်း ဝေးမည်။



  • အချိန်ဆွဲခြင်းဟာ ဒေါသကို ကုစားတဲ့ အကောင်းဆုံးနည်းလမ်းပဲ။



  • မိမိကိုယ်ကို သိပါ။


  • အချိန်ရဲ့ စစ်မှန်တဲ့တန်ဖိုးကို နားလည်ပါ။ အချိန်ရှိခိုက် လုံ့လစိုက်ပါ။ မလေလွင့်စေနဲ့ ပျင်းမနေနဲ့ အလုပ်ကို မရွှေ့ဆိုင်းပါနဲ့။ ဒီနေ့လုပ်လို့ ပြီးမယ့်အလုပ်ကို ဒီနေ့လုပ်ပါ။ မနက်ဖြန်ထိစောင့်မနေပါနဲ့။



  • မိမိလုပ်ငန်းအပေါ် မိမိ စိတ်ပါဝင်စားမှု ရှိခြင်းဟာ အောင်မြင်မှုရဲ့ ပထမ ခြေလှမ်း ဖြစ်ပါတယ်။


  • လောကကောင်းကျိုး သယ်ပိုးနိုင်သောသူ ထာဝစဉ်ဖြစ်ချင်၏။



  • သူများရဲ့ကျေးဇူးတရားကို မေ့လျော့မထားနဲ့ ကိုယ်ပြုဖူးတဲ့ ကျေးဇူးတရားကိုလည်း အမှတ်မထားနဲ့။



  • ကျားဆိုရင်လည်း တကယ့်ကျားဖြစ်ပါစေ၊ ဘယ်သူမှ အရေးမထားတဲ့ အရုပ်ကျား မဖြစ်ပါစေနဲ့။



  • မိဘကို မသေခင် ကျွေးမွေး၊ ပြုစု၊ စောင့်လျှောက်ပါ။ သေမှ ငိုမနေပါနဲ့ အကျိုးမဲ့တယ်။



  • စေတနာထား စကားများ အမှားပါတတ်တယ်။ ဒါကြောင့် စကားနည်းနည်း ဘုရားမြဲမြဲနေ။



  • လူတွေဟာ စဉ်းစားတွေးခေါ်မှုနည်းလေလေ၊ စကားတွေ များများပြောလေလေပါပဲ။



  • အချိန်တိုင်းသည် ငါ့ဘ၀ တိုးတက်မှုအတွက်သာ ဖြစ်စေရမည်။



  • အောင်မြင်တိုးတက်အောင် လုပ်ရတာ ခက်ပါတယ်။ အောင်မြင်တိုးတက်လာတဲ့ အခြေအနေကို ထိန်းသိမ်းရတာ ပိုခက်ပါတယ်။ ဘ၀င်မမြင့်နဲ့၊ ဘ၀မမေ့နဲ့၊ အောက်ခြေမလွတ်နဲ့။



  • ကိုယ့်ကိုယ်ကို အထင်ကြီး ကိုးကွယ်တဲ့ ဘ၀င်သမားဟာ နေမင်းကြီးထွက်လာတာကို၊ သူတွန်တာ နားထောင်ဖို့လို့ အထင်ရောက်နေတဲ့ ကြက်ဖနဲ့ တူပါတယ်။



  • အရိုင်းအစိုင်းတွေမှာ ပြုံးတယ်လို့မရှိပါဘူး။ တ၀ါးဝါးတဟားဟားပဲ ရယ်တတ်ကြတယ်။ မိကောင်းဖခင်သားသမီးတွေကတော့ ဟားတိုက်ပြီး ရယ်လေ့မရှိကြပါဘူး။ ပြုံးရုံလေးပဲ ပြုံးတတ်တယ်။



  • ပညာရှိတဲ့သူနဲ့ အတူသွားအတူနေသူဟာ ပညာရှိသူပဲ။


  • ပန်းထုပ်တဲ့ဖက်က ပန်းရနံ့မွှေးပြီး ငပိထုတ်တဲ့ဖက်ကတော့ ငပိနံ့နံမှာပဲ။



Who Moved My Cheese ?  

Posted by ADMIN in

စာဖတ်ခြင်း အကြောင်းပြောပြီးတဲ့နောက်မှာ အကြိုက်ဆုံးစာအုပ်များထဲက တစ်အုပ်မှာပါတဲ့ ဒဿနလေးတွေကို ကောက်နှုတ် တင်ပြပါအုံးမည်။ အားလုံးသိပြီးသားဖြစ်မှာပါ Dr. Spencer Johnson ရဲ့ Who Moved My Cheese ?




  • ဒိန်ခဲကို ပိုင်ဆိုင်ရခြင်းသည် အဟောသုခံ ချမ်းသာစွ။

  • သင့်အတွက် ဒိန်ခဲက အရေးကြီးလေ၊ ဒိန်ခဲကို လက်မလွှတ်ဘဲ ကိုင်ထားချင်လေပဲ။

  • သင်ဟာ အပြောင်းအလဲမလုပ်လျှင်၊ သင့်ဘ၀ ဆုံးခန်းတိုင်သွားနိုင်တယ်။

  • မင်း မကြောက်တော့ဘူးဆိုရင် ဘာဆက်လုပ်မလဲ ? ။

  • ဒိန်ခဲကို ခဏခဏ နမ်းကြည့်ပါ၊ ဒါမှ မှိုတက်မတက်သိရမှာ။

  • လမ်းသစ်ကိုလိုက်ရင် သင့်ဒိန်ခဲ ရှာပုံတော်အတွက် အကူအညီရလိမ့်မယ်။

  • ကြောက်ရွံ့ခြင်းကိုကျော်လွှားပြီး သင်ရှေ့ဆက်သွားရင် လွတ်လပ်မှုအရသာကို သင်ခံစားရမယ်။

  • ကျွန်တော့စိတ်ထဲမှာ ဒိန်ခဲတွေကို မတွေ့ခင် တကယ်စားရတယ်ထင်လာတယ်၊ ဒါကြောင့် ဒိန်ခဲရှိတဲ့နေရာကို ရောက်တော့မယ်ထင်လာတယ်။

  • ဒိန်ခဲဟောင်းကို မြန်မြန်သံယောစဉ်ဖြတ်နိုင်လေ ဒိန်ခဲသစ်တွေဖို့ မြန်လေပဲ။

  • ဒိန်ခဲမရှိတော့တဲ့နေရာမှာ စောင့်ဆိုင်းနေရတာထက် ၀င်္ကပါထဲကို လျှောက်သွားနေရတာက ပိုပြီး အန္တရာယ် ကင်းတယ်။

  • အတွေးအခေါ်ဟောင်းများသည် ဒိန်ခဲအသစ်ရှိရာသို့ သင့်အား လမ်းညွှန်နိုင်မည်မဟုတ်။

  • ဒိန်ခဲအသစ်ကို ရှာတွေ့ပြီး စားသုံးနိုင်ပြီလို့ သင်မြင်လာတဲ့အချိန်ဟာ သင့်ဘ၀လမ်းကြောင်း တစ်ဆစ်ချိုး ပြောင်းလဲသွားချိန်ပဲ။

  • မသိမသာ အပြောင်းအလဲကလေးများကို စောစောစီးစီး သတိထားမိမယ်ဆိုရင် နောင်တွေ့ရမယ့် ဧရာမ အပြောင်းအလဲကြီးများကို ရင်ဆိုင်တဲ့နေရာမှာ အထောက်အကူ ဖြစ်စေတယ်။

  • အပြောင်းအလဲဆိုတာ ဖြစ်မြဲဓမ္မတာပဲ အဲဒီအပြောင်းအလဲက ဒိန်ခဲကို အမြဲတမ်း နေရာရွှေ့ထားတယ်။

  • အပြောင်းအလဲကို ကြိုတွေးထားပါ၊ ဒိန်ခဲနေရာ ရွှေ့ထားမယ့်အတွက် အသင့်ပြင်ထားပါ။

  • အပြောင်းအလဲကို သတိနဲ့စောင့်နေပါ၊ ဒိန်ခဲကို မကြာခဏနမ်းကြည့်ပါ။

  • အမြန်ဆုံး လိုက်လောညီထွေပြောင်းလဲပါ။ အပြောင်းအလဲကို ချစ်မြတ်နိုးပါ၊ စွန့်စားခန်းကို တန်ဖိုးထားပါ၊ ဒိန်ခဲအသစ်ကို အရသာရှိရှိ သုံးဆောင်ပါ။

  • နောက်တစ်ကြိမ် အမြန်ပြောင်းလဲဖို့ အသင့်ဖြစ်နေပါစေ။

--> Heaving Cheese Makes You Happy.

--> The More Important Your Cheese Is To You The More You Want To Hold On To It.

--> If You Do Not Change, You Can Become Extinct.

--> What Would You Do If You Weren't Afraid?

--> Smell The Cheese Often So You Know When It Is Getting Old.

--> Movement In A New Direction Helps You Find New Cheese.

--> When You Stop Being Afraid, You Feel Good!

--> Imagining Yourself Enjoying You New Cheese, The Sooner You Find New Cheese.

--> The Quicker You Let Go Of Old Cheese, The Sooner You Find New Cheese.

--> It Is Safer To Search In The Maze, Than Remain In A Cheese less Station.

--> Old Beliefs Do not Lead You To New Cheese.

--> When You See That You Can Find And Enjoy New Cheese, You Change Course.

--> Noticing Small Changes Early Helps You Adapt To The Bigger Changes That Are To Come.

--> Change Happens - They Keep Moving The Cheese.

--> Anticipate Change - Get Ready For The Cheese To Move.

--> Monitor Change - smell The Cheese Often So You Know When It Is Getting Old.

--> Adapt To Change Quickly - The Quicker You Let Go Of Old Cheese, The Sooner You Can Enjoy New Cheese.

--> Be Ready To Change Quickly And Enjoy It Again & Again - They Keep Moving The Cheese.


Full Story



Who Moved My Cheese


Who Moved My Cheese



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

မာတိကာ

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com