NAVIGATION SYSTEM  

Posted by ADMIN in


Automotive navigation system (အလိုလျှောက် ထိန်းချုပ်မောင်းနှင် ပေးသည့်စနစ်)

Automotive navigation system ဆိုသည်မှာ ဂြိုဟ်တုမှတစ်ဆင့် မြေပြင်ပေါ်တွင် လှုပ်ရှား သွားလာနေသော ယာဉ် တစ်ခုခုကို ပဲ့ကိုင်ထိန်းပေးသည့် စနစ်ဖြစ်သည်။ ၎င်းစနစ်တွင် Global Positioning System (GPS) ဖြင့် လှုပ်ရှားနေသော အရာဝတ္ထု (သို့) ယာဉ် ၏ လက်ရှိ တည်ရှိနေသော နေရာကို ထိန်းချုပ်ပဲ့ကိုင်မည့်သူမှ သိရှိနိုင်သည်။ GPS သည် မြေပုံ လမ်းကြောင်း ဖွဲစည်း တည်ဆောက်ပုံအတိုင်း ရှာဖွေပေးသည်။ GPS စနစ်မှ ရရှိသော တည်နေရာ (tolera) သည် ပြင်ပတည်နေရာ (real) နှင့် အများဆုံး ၃ မီတာ၊ ၅ မီတာ ထိ မှ၊ အနည်းဆုံး ၂ မီလီမီတာမှ ၃ မီလီမီတာ ထိ ကွာခြား တတ်သည်။ အဘယ်ကြောင့် ဆိုသော် ယဉ်အတွင်းရှိ GPS မှ ဂြိုဟ်တု၊ ထိုမှတဖန် ဂြိုဟ်တု မှတဆင့် ထိန်းချုပ်သူထံသို့ အဆင့်ဆင့် ပေးပို့ရပြီး၊ ယဉ်မှာလည်း ထိန်းချုပ်မှု လမ်းကြောင်း အတိုင်း ရွေ့လျှားနေသောကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံ အချက်ပြစနစ် ပျောက်ဆုံး သွားခြင်း များလည်း ရှိတတ်သည်။



Global Positioning System(GPS)




Global Navigation Satellite System (GNSS)




Inertial navigation system

Inertial navigation system ဆိုသည်မှ ပဲ့ထိန်း စနစ် တစ်ခုပင်ဖြစ်သည်။ ယာဉ်၏ လှုပ်ရှားမှုကို ၎င်းယာဉ်၏ တည်နေရာ၊ ပတ်ဝန်းကျင်၊ ၎င်း၏ ရွေ့လျှားနှုန်း အလျင် ပေါ်တွင်သာ မူတည်၍ ပြင်ပအကူပစ္စည်း အထောက်အပံ့မလိုပဲ တွက်ချက် ထိန်းချုပ် (control) လုပ်သည့် စနစ်ဖြစ်သည်။ ယာဉ်၏ ထွက်စအရှိန် (initial velocity) သည် အစ ပထမတွင် နည်းသော်လည်း နောက်ပိုင်း အရှိန်ရလာသည်နှင့်အမျှ ပိုများလာ၏။ ပတ်ဝန်းကျင်၊ လမ်းကြောင်း အနေအထားပေါ်တွင် မူတည်၍ အကွေ့အကောက် ရှိလျှင်ရှိသလို၊ လမ်းကြောင်း ဖြောင့်ဖြူးလျှင် ဖြောင့်သလို ယာဉ်၏ သွားနှုန်း အလျင် (velocity) အနည်း၊ အများ ကွာခြားလာမည်။ ထိုပြောင်းလဲခြင်းများကို သေချာစွာသတ်မှတ်၍ တွက်ချက်ရမည် ဖြစ်သည်။ ၎င်းစနစ်တွင် inertial guidance system, inertial reference platform, နှင့် အခြား variations ပေါင်းများစွာ ပါဝင်သည်။




Accuracy of Navigation system


Robotic mapping
Robotic mapping ဆိုသည်မှာ ကြမ်းပြင်မှတစ်ဆင့် (သို့မဟုတ် အခြားအချက်ပြစနစ် မှတဆင့်) မြေပုံဆွဲသက်မှတ်ကာ စက်ရုပ်၊ သို့မဟုတ် လှုပ်ရှားနေသော ယာဉ်ကို ထိန်းချုပ် သည့်စနစ်ဖြစ်သည်။ ဤစနစ်တွင် စက်ရုပ်၏ တည်နေရာအား ကြမ်းပြင်ကို ထိနေသော စက်ရုပ်၏ ဘီးများမှတဆင့် သိရှိနိုင်သည်။ ထို့နောက်တွင် စက်ရုပ်၏ လှုပ်ရှားသွားလာမှုကို control လုပ်ခြင်း ဖြစ်သည်။ ဤစနစ်တွင် မြေပုံပေါ်တွင် မူတည်၍ စက်ရုပ်၏ လုပ်ပိုင်ခွင့် အနည်း၊ အများ ကွားခြားသည်။ စက်ရုပ်တွင်ပါဝင်သော function ပေါ်တွင်လည်း မူတည်သည်။



Robotic mapping can be used for serving robot guide


Remotely operated underwater vehicle


ဤစနစ်ကို ရေပြင် ကာကွယ်ရေးစနစ်များတွင် ၁၉၇၀ ပြည့်နှစ်ကတည်းက အသုံးပြုနေပြီဖြစ်သည်။ သံသယရှိသော နေရာများ (သို့) အခြားသော အခက်အခဲ များကြောင့် အဓိက သင်္ဘောကြီးများ မသွားနိုင်သော နေရာများသို့ လည်းကောင်း၊ ရေထုဖိအားဒဏ်ကြောင့် လူမသွားရောက်နိုင်သော နေရာများနှင့် ကျဉ်းမြောင်းသော လိုဏ်ဂူ၊ လျှိုမြောင်များသို့ လည်းကောင်း ဘင်္ဘောငယ် (သို့) စက်ရုပ်များ စေလွတ်၍ သွားရောက် လေ့လာရန်၊ကြည့်ရှုရန်ဖြစ်သည်။ ဤစနစ်တွင် နွားလံကြိုးကဲ့သို့သော ကေဘယ်ကြိုးကို အသုံးပြုမည့် ပစ္စည်းကို တပ်ဆင်ထားသည်။ ထိုကြိုးဖြင့်ပင် အဓိက သင်္ဘောကြီး (Mother ship)နှင့် ချိတ်ဆက်ပေး၍ ဘယ်နေရာရောက်နေသည်ကို သိရှိနိုင်သည်။ ၎င်းပစ္စည်းတွင် ဆလိုက်မီးများ၊ ဗွီဒီယို ကင်မရာများ တပ်ဆင်ထားသည်။ ၎င်းကို သဘောင်္ကြီးပေါ်မှ ကွန်ပျူတာဖြင့် ထိန်းချုပ်သည်။ ဤစနစ်ကို ရေထဲတွင်သာမက ကုန်းပေါ်တွင်လည်း တွင်ကျယ်စွာ အသုံးပြုလျှက်ရှိသည်။ အထူးသဖြင့် ကာကွယ်ရေးလုပ်ငန်းများတွင် ကင်းထောက်ခြင်း၊ မိုင်းရှာခြင်းများတွင် အသုံးများသည်။

A science ROV being launched from an oceanographic research vessel.



Variety of ROVs: Work Class, General, Mini

Bluefin-12 AUV with a Buried Object Scanning (BOSS)



Remote controlled vehicle to clear explosives.



The War In My Heart  

Posted by ADMIN in


  • လိုချင်တာ တစ်ခုကို အတင်း မရမက ရအောင်ယူပြီး ကိုယ့်ဆီရောက်မှ မနှစ်သက်တော့တဲ့အခါ ........
    After taking what I want and then feeling disagreeable ........

  • မလိုချင်တာ တစ်ခုကို စွန့်လွတ်လိုက်ပြီးတဲ့ အခါမှ ပြန်လည် တမ်းမိသောအခါ ........
    After forsaking what I don't want then longing for it ........

  • စိတ်အား ထက်သန်စွာဖြင့် လျှောက်လာခဲ့သော ခရီးတစ်ခု လမ်းတ၀က် ရောက်မှ ငြီးငွေ့ လာတဲ့အခါ ........
    After going half way, and being fed-up with that journey ........

  • နှစ်ကာလ ကြာရှည်စွာ ယုံကြည်လာတဲ့ အမှန်တရားတစ်ခု အချိန်၏ တိုက်စားမှုကြောင့် အချည်းအနီး ဖြစ်လာတဲ့အခါ ........
    After years passing by, and finding the truth I believe to be in vain …..

  • ငါနဲ့ငါ ရန်တွေဖြစ်
    I’m at war raging with my self.
    အဇ္ဈတ္တစစ်။
    A war in my heart.

_______________________________________________________________________

  • ကိစ္စတစ်ခု
    ဟိုလူမလုပ်ရင်၊ အပျင်းထူတာ။
    ကိုယ်မလုပ်တာက အလုပ်များလို့။

  • ကိစ္စတစ်ခု
    လုပ်ပါမပြောပဲ ဟိုလူထလုပ်ရင်၊ အဲဒီလူ ချွန်ထွက်တာ။
    ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လာဘ်မြင်တာ။

  • လုပ်သင့်တဲ့အလုပ်တစ်ခု
    ဟိုလူက သူ့ဥာဏ်နဲ့သူလုပ်နေရင်၊ ဒီလူ ဘောင်ကျော်တာ။
    ကိုယ့်ဥာဏ်နဲ့ကိုလုပ်ရင်တော့ တီထွင်ကြံစပြီးလုပ်တတ်တာ။

  • အယူအစတစ်ခု
    ဟိုလူက အကြောက်အကန်ပြောနေရင်၊ အဲဒါ တစောက်ကန်း တယူသန်။
    ကိုယ်ဆိုရင်တော့ သဘောထားပြက်သားခိုင်မာတာ။



စာဖတ်ပါ (၁)  

Posted by ADMIN in

  • မည်သူမဆို
    ယနေ့ ညအိပ်ယာဝင်ချိန်သည်
    ယနေ့မနက် အိပ်ယာထချိန်ထက်
    နည်းနည်းဖြစ်စေ
    အသိဥာဏ်ပညာ ပိုရှိနေရမည်။
    သို့မဟုတ်ပါက
    လူသားတစ်ဦးအနေနှင့်
    အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည် ဟု
    လီယိုဗတ်စကာဂလီယာ က ပြောခဲ့ဖူးသည်။
    မှန်သည်။
    လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။
    မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။
    အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။
    ဒီအတွက် မည်သို့လုပ်မည်နည်း ................. ?????
    တစ်နည်းသာရှိသည်
    " စာဖတ်ပါ " ။

  • စာဖတ်ပါ။ နေ့စဉ်ဖတ်ပါ။ စာကောင်း ပေကောင်းများကို ရွေးဖတ်ပါ။ ကိုယ့်အလုပ်အတွက်၊ ကိုယ့်ဘ၀အတွက် အသုံးဝင်မည့် အရာကို ဦးစားပေး ရွေးဖတ်ပါ။ ည အိပ်ယာဝင်ခါနီးတိုင်း သည်နေ့ ငါ့မှာ ဘာအသိဥာဏ်ပညာတွေ တိုးလာလဲ ကိုယ့်ကိုယ်ကို စစ်ဆေးမေးမြန်းပါ။

  • စာဖတ်ပါ။ ဘယ်လို စာပေမျိုးကိုမဆို ဖတ်ပါ။ ဖြစ်နိုင်ပါက အသိဥာဏ်ကြွယ်ဝစေမည့် နာမည်ကျော် ပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်တွေ၊ မှတ်သားလောက်စရာ စကားတွေ၊ ဒဿနတွေ၊ ပုဂ္ဂိုလ် ကျော် ကြီးတွေရဲ့ အတ္ထုပ္ပတိတွေ၊ သမိုင်းတွေကို ရွေးဖတ်ပါ။ ပေါ့ပေါ့ပါးပါး စာပေများကိုလည်း မဖတ်ရဘူးမဟုတ်။ ဖတ်ပါ ။ ဘာစာမှသာ မဖတ်ဘဲတော့ မနေပါနဲ့။ ပေါ့ပေါ့ပါးပါး စာပေများဖတ်ခြင်းသည် လုံးဝ စာမဖတ်သည်နှင့်စာလျှင် အများကြီးပိုကောင်းပါသည်။



အတွေးမှတ်စုများ (၇)  

Posted by ADMIN in


  • လူသားမျိုးနွယ်က ' စစ် ' ကို အဆုံးသတ်ရင်သတ်။ ဒါမှမဟုတ်ပါက ' စစ် ' က လူသားမျိုးနွယ်ကို အဆုံးသတ်ပစ်လိုက်မှာပဲ။
    Mankind must put an end war or war will but an end to mankind.

  • သင့်ပါရမီစွမ်းရည် ဘယ်လောက်ရှိတာက အဓိကမဟုတ်ပါဘူး။ သင့်ပါရမီကို ဘယ်လို သင်အသုံးချမလဲဆိုတာပဲ အရေးကြီးတယ်။
    It is not the size of your talent; It is what you do with it.


  • မင်းလုပ်နိုင်သလောက်ပဲလုပ်ပါ။ မင်းလုပ်သလောက်နဲ့ လုံလောက်ပါတယ်။
    All you can do is all you can do, but all you can do is enough!


  • မင်းအခု စလုပ်လိုက်ပါ၊ မင်းဘယ်တော့မှ နောက်မကျပါဘူး။ အခုမလုပ်ရင်တော့ နောက်ကျသွားပြီ။
    If you start now you will never late. But if you don't start now, you will be late.


  • ရင်းနီးမှုမှ အားမနာမှုတို့၊ အထင်သေးမှုတို့ ဖြစ်ပေါ်လာသည်။
    Familiarity breed contempt.


  • ကလေးငယ်များကို စကားပြောတတ်အောင် သင်ပေးလို့ရသလိုပဲ။ သတ္တိရှိအောင်လည်း သင်ပေးလို့ ရပါတယ်။
    Courage may be tough, as a child is thought to speak.


  • ကြောက်စရာကောင်းတာ သေခြင်း မဟုတ်ပါဘူး၊ သေလုမျှောပါးဖြစ်နေတဲ့ အချိန်ပါ။
    It is not death, but dying which is terrible.


  • သေလိုက်ဖို့ကောင်းတဲ့ အလုပ်တစ်ခုကို မပြုလုပ်မိခင်မှာ သေသွားတာကောင်းတယ်။
    It is good to die before one has done, anything deserving death.


  • ကြိုက်သလောက်ဆူပါ၊ ဆဲပါ ကျွန်ုပ် မနာပါ။ ကျွန်ုပ်အတွက် အကျိုးများပါ၏။
    A bused me as often as you will it is often a beanie than any injury.


  • ရွှေ့ဆိုင်းခြင်းကား အချိန်သူခိုးဖြစ်၏။
    Procrastination is the thief of time.


  • လောကကြီးကို အတွေးအခေါ်များက စိုးမိုးထားသည်။
    Thoughts rule the world.


  • မနက်ဖြန်မှ၊ မနက်ဖြန်မှ၊ ဆိုတာ ဒီနေ့မဟုတ်ပါဘူး။ ဒါလူပျင်းတွေသာ ပြောတတ်တဲ့ စကားပါ။
    Tomorrow, tomorrow, not today. Hear the lazy people say.


  • ဘယ်သူဟာပညာရှိလဲ?့ တစ်ယောက်ယောက်ဆီမှာ အမြဲလေ့လာဆည်းပူးနေတဲ့သူဟာ ပညာရှိပါပဲ။
    Who is wise? He that learns from everyone.


  • ဘယ်သူဟာ အစွမ်းထက်သလဲ? တည့်မက်ခြင်းကို ထိန်းသိမ်းနိုင်သူဟာ အစွမ်းထက်သူပါပဲ။
    Who is powerful? He that governs his passion.


  • ဆိတ်ဆိတ်နေ ထောင်တန်။
    Silence is worth a thousand places of gold or silver.


  • အိမ်ဟူသည် သမီးငယ်အတွက် အကျဉ်းထောင်၊ မိခင်အတွက်တော့ အလုပ်ရုံ။
    Home is the girl's prison and the woman's workhouse.


  • အချစ်ဆိုတာ လူပေါ်ကြော့တွေအတွက် အလုပ်အကိုင်တစ်ခုဖြစ်သလို၊ စစ်ပွဲဆင်နွဲသူများအတွက် အပန်းဖြေမှုတစ်ခုဖြစ်တယ်။ ( ဒါပေမယ့် ) မင်းစိုးရာဇာများအတွက်တော့ ပျက်စီးရာပျက်စီးကြောင်း တစ်ခုပဲ။
    Love is the idler's occupation. The warrior's relaxation, and the sovereign's ruination.


  • အချစ်မီးတောက်မီးလျှံများ ငြိမ်းသွားပြီးနောက်တွင် မီးကြွင်းမီးစများသာကျန်ခဲ့မည်။ ရွှေ မကျန်ခဲ့ပါ။
    When the fire of love is extinguished one finds cinders but not gold.


  • အချစ် = ပြင်းထန်သော စိတ်ရောဂါတစ်ခု။
    Love. A grave mental disease.


  • ရှာဖွေရယူသောအချစ်သည်ကောင်း၏၊ သို့သော် တွေ့ရှိသောအချစ်က ပိုကောင်း၏။
    Love sought out is good, but love discovered is better.


  • ဗုဒ္ဓဟူးနေ့က မင်းကိုငါချစ်တယ်။ ကြာသပတေးနေ့ကျ မင်းကိုမချစ်တော့ဘူး။ အဲဒါအမှန်ပဲ။
    And if I loved you wednesday. I do not love you Thursday. So much is truth.


  • သစ်ဆုံသည် ရဲတင်းကို ပျက်စေ၏။ ဆာလောင်မှုသည် အချစ်ကို ပျက်စေ၏။
    The tree knit spoils the ace, hunger spoils love.



သားတစ်ယောက်တည်းရှိတဲ့အခါ ဖတ်ဖို့  

Posted by ADMIN in

သားရေ .........

သားမှာ အစဉ်မပြေတာတွေ အများကြီးရှိနေတာ အမေသိတယ်။ သားစိတ်တိုနေတာ၊ စိတ်ပျက်နေတာ၊ အမေတို့လုပ်သမျှ သားစိတ်နဲ့ မတွေ့ဖြစ်နေတာတွေလည်း အမေသိပါတယ်။ ဒါပေမယ့် အမေ သားကို လုံးလုံးလျားလျားချစ်တယ်။ သား ဘာတွေလုပ်လုပ်၊ ဘာတွေပြောပြော အမေ့အချစ်က တစ်ပြားသားမှ လျော့မသွားဘူး။ ပြောင်းလဲသွားမှာလဲ မဟုတ်ဘူး။ သားစကားပြောချင်တယ်ဆိုတဲ့ အချိန်တိုင်းမှာ အမေအမြဲရှိနေမယ်။ မပြောချင်ဘူးဆိုလဲရတယ်။ သားဘ၀မှာ သားဘာတွေပဲလုပ်နေလုပ်နေ၊ ဘယ်ဆီပဲရောက်နေရောက်နေ အမေကတော့ သားကို အမြဲချစ်နေမယ်။ သားရဲ့အမေအဖြစ်နဲ့ ဂုဏ်ယူနေမယ်ဆိုတာတစ်ခုပဲ သားမှတ်ထားပါ။ သားကိုအမြဲချစ်နေဖို့၊ သားအတွက်အမြဲရှိနေဖို့ဆိုတာ အမေ့ရဲ့ ဘယ်သောအခါမှ ပြောင်းလဲမှာမဟုတ်တဲ့ စိတ်ဆန္ဒပါပဲ.............။

သားကိုချစ်တဲ့

အမေ



အတွေးမှတ်စုများ (၆)  

Posted by ADMIN in


  • စိတ်ကိုငြိမ်ငြိမ်ထားပါ လူတိုင်းကို ထိန်းနိုင်ပါလိမ့်မယ်။


  • ကြောက်ရမှာ တွေးမကြောက်နဲ့။


  • ကိုယ့်ကိုယ်ကို ထိန်းနိုင်သူသာလျှင် စွမ်းအားအရှိဆုံး။


  • စိတ်ဓာတ်တည်ငြိမ်သူတို့ကား ဘယ်တော့မှ မပေါက်ကွဲကြ။
    ဘယ်တော့မှ အော်ကြီးဟစ်ကြယ် မလုပ်ကြ။ ဘယ်လို အခြေအနေမျိုးနဲ့ကြုံကြုံ ဣနြေ္ဒမပျက်ပဲ ကြံ့ကြံ့ခံနိုင် ကြတယ်။
    အက်ဒီဆင်ဟာ သူ့စက်ရုံတွေ မီးထဲ ပါသွားသောအခါ မတုန်မလှုပ် တည်ငြိမ်စွာဖြင့် လက်ပိုက် ကြည့်နေနိုင်ခဲ့တယ်။
    ပညာရှင်ကြီး အီမာလည်း သူ့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ စာကြည့်တိုက်ကြီး မီးလောင်သည်ကို အပြုံးမပျက် ကြည့်နေ နိုင်ခဲ့တယ်။


  • လူတစ်ယောက်သည် ဘယ်လောက်တော်တော်၊ ကိုယ်စိတ်(၂)ပါး တည်ငြိမ်မှုမရှိလျှင် ဘယ်တော့မှ ခေါင်းဆောင်ကောင်းမဖြစ်နိုင်။


  • ကိုယ်စိတ်နှစ်ပါး တည်ငြိမ်မှုကို ရလိုလျှင် ကိုယ့်စိတ်ကိုကိုယ် ပြုပြင်ပါ။ အားပေးပါ၊ အိပ်ယာဝင်အိပ်ယာထတိုင်း " ငါ့မှာ တန်ခိုးပါဝါရှိတယ်၊ ငါ့ကိုငါထိန်းနိုင်တယ်၊ ငါလုပ်ရင်ဖြစ်ကိုဖြစ်ရမယ်၊ ဖြစ်နိုင်တယ်၊ ဖြစ်တယ်..." လို့ ဘုရားဝတ်ပြုသလို နေ့တိုင်း မပျက်မကွက် အာရုံပြုပါ။ ရွတ်ဆိုပါ။ ကြွေးကြော်ပါ။


  • ဘယ်ကိစ္စကြောင့်နဲ့မှ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ မပျောက်ပျက် မဆုံးရှုံးစေနဲ့။


  • " စာဖတ်ခြင်း " ဟာ ပြည့်ဝတဲ့လူတစ်ယောက် ဖြစ်စေတယ်။
    " ဆွေးနွေးပြောဆိုခြင်း " က အဆင်သင့်ဖြစ်တဲ့လူတစ်ယောက်ဖြစ်စေတယ်။
    " စာရေးခြင်းက " က တိကျတဲ့ လူတစ်ယောက်ဖြစ်စေတယ်။


  • စစ်မှန်တဲ့ စကားပြောကောင်းခြင်းဆိုတာ လိုအပ်တာထက် တစ်ခွန်းတစ်ပါဒမှ ပိုမပြောတဲ့ ပြောသင့်ပြောထိုက်တာအားလုံးကို ပြောဆိုခြင်းပဲ။


  • ရန်သူတစ်ထောင် မသိစေချင်တဲ့ စကားကို ဘယ်တော့မှ မိတ်ဆွေတစ်ယောက်ဆီ ထုတ်မပြောနဲ့။


  • မိန်းမသားတွေအနေနဲ့ သူတို့တစ်ယောက်တည်းရှိနေချိန်မှာ အချိန်ကို ဘယ်လိုကုန်စေတယ်ဆိုတာသာ ယောက်ျားတွေသိကုန်ရင် သူတို့ကို ဘယ်နည်းနဲ့မှ လက်ထပ်ဖြစ်မှာမဟုတ်ဘူး။


  • အဆင်ပြေ ကောင်းမွန်တဲ့ အိမ်ထောင်ရေးဆိုတာ မျက်စိမမြင်တဲ့ ဇနီးနဲ့ နားလေးတဲ့ ခင်ပွန်းသည်တို့ ပေါင်းဖက်မှပဲ ဖြစ်နိုင်ပါလိမ့်မယ်။


  • ဇနီးမယားတွေဟာ သူတို့ကို အသနားခံချင်ကြတယ်။ ချီးမွမ်းခံချင်ကြတယ်၊ သဘောကျနှစ်ချိုက်တာ ခံချင်ကြတယ်ဆိုတာကို မမေ့နှင့်။


  • အိမ်ထောင်ပြုခြင်းသည် နိဗ္ပာန်နှင့် ငရဲကြားရှိ ဒုက္ခဘုံသို့ ရောက်သွားခြင်းသာဖြစ်သည်။


  • အချစ်ကို ရှောင်ရမယ်။ ချစ်ပြီးရင် လက်ထပ်မှာပဲ၊ တကယ်တော့ လက်ထပ်တာဟာ အင်မတန် အန္တရာယ်ကြီးတဲ့ လက်တွေ့စမ်းသပ်ချက်ပဲ။


  • စာကို ရည်ရွယ်ချက်နဲ့ဖတ်။


  • မိတ်ဆွေကို အကောင်းဆုံး ထိန်းနိုင်တဲ့ နည်းလမ်းကတော့ မိတ်ဆွေတွေဆီက ဘယ်တော့မှ အချေးအငှားမလုပ်ဖို့၊ ဘယ်တော့မှ အချေးအယူ မလုပ်ဖို့ဘဲ။



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

မာတိကာ

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com