2010 နှစ်ချုပ်  

Posted by ADMIN in


၂၀၁၀ နှစ်ကုန်ထိ Conference ၆ ခု၊ ဆောင်းပါး ၂ ခု တင်ခဲ့ပေမယ့် Tajikistan နိုင်ငံက Conference က ဘာ reply မှ မလုပ်ခဲ့ပါဘူး။ ကျန်တဲ့ Conference ၅ ခုမှာ ၄ ခုက Publication ရခဲ့ပေမယ့် တစ်ခုကတော့ အခြေနေ မသိရသေးပါဘူး။ ဆောင်းပါး ၂ စောင်မှာတော့ တစ်စောင်က ဂျာနယ်မှာ ပါသွားပြီဖြစ်ပေမယ့် တစ်စောင်ကိုတော့ စောင့်နေတုန်းပါပဲ။ လောလောဆယ် ၅ အုပ်တော့ လက်ထဲ ရောက်နေပါပြီ။ တင်ထားဆဲ နှစ်ခု ရလာရင်တော့ ၇ ခုပေါ့။ နောက်ထပ် ၃/၄ ခုလောက် ရရင်တော့ အမိနိုင်ငံကို ပြန်ပါတော့မယ်....။



Inspirational Bible Quotes  

Posted by ADMIN in


  1. အနည်းငယ်သော မျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာ ရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။ (ကောရိန္တုသြ၀ါဒစာဒုတိယစောင် ၉း၆)

    Remember this: Whoever sows sparingly will also reap sparingly, and whoever sows generously will also reap generously. (2 Corinthians 9:6(NIV))


  2. အကြင်သူသည် မိဘကို ကျိန်ဆဲ၏၊၊ ထိုသူ၏ မီးခွက်သည် ထူထပ်သော မှောင်မှိက်၌ သေလိမ့်မည်၊၊ (သုတ္တံကျမ်း ၂၀:၂၀)

    If a man curses his father or mother, his lamp will be snuffed out in pitch darkness. (Proverb 20:20 (NIV))


  3. ကောက်လိမ်သော စကားကို သုံးတတ်သောလူမိုက်ထက်၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သော ဆင်းရဲသူ သည် သာ၍ ကောင်း၏၊၊ စိတ်ဝိညာဉ်သည် ပညာအတတ်မရှိဘဲ မနေကောင်း၊၊ အလျင်အမြန်သွားသောသူသည် လည်း မှားယွင်းတတ်၏၊၊ (သုတ္တံကျမ်း ၁၉:၁-၂)

    Better a poor man whose walk is blameless than a fool whose lips are perverse.It is not good to have zeal without k...nowledge, nor to be hasty and miss the way. (Proverb 19:1-2 (NIV))



  4. အမျက်တော်သည် ခဏထွက်၏၊၊ ကျေးဇူးတော်မူကား တသက်လုံး တည်၏၊၊ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏၊၊ နံနက်ယံ၌ကား သီချင်းဆိုရသော အခွင့်ရှိ၏၊၊ (ဆာလံကျမ်း ၃၀:၅)

    For his anger lasts only a moment, but his favor lasts a lifetime; weeping may remain for a night, but rejoicing comes in the morning. (Psalms 30:5 (NIV))



  5. စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်း သော သူမူကား ပညာရှိ၏။ ဖြောင့်မတ်သောသူ၏ လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးသောသူ၏ နှလုံးမူကား အဘိုး မထိုက်။ ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် လူအများကို ကျွေးတတ်၏။ မိုက်သော သူတို့မူကား၊ ဥာဏ်မရှိ သောကြောင့် သေကြလိမ့်မည်။ (သုတ္တံကျမ်း ၁၀:၁၉-၂၁)

    Proverb 10:19-21



  6. သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်၊၊ (ဟေရှာယအနာဂတ္တိကျမ်း ၁း၁၈)

    Though your sins are like scarlet, they shall be as white as snow;though they are red as crimson, they shall be like wool. (Isaiah 1:18(NIV))



  7. သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာ ကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ပစ်လိုက်၍ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။ (ရှင်မဿဲခရစ်ဝင် ၅:၁၃)

    You are the salt of the earth. But if the salt loses its saltiness, how can it be made salty again? It is no longer good for anything, except to be... thrown out and trampled by men. (Matthew 5:13 (NIV))



  8. အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှမတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။ (ရောမသြ၀ါဒစာ ၁၃း၈)

    Let no debt remain outstanding, except the continuing debt to love one another, for he who loves his fellowman has fulfilled the law. (Romans 13:8(NIV))



  9. မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ (ကောရိ န္တု သြဝါဒစာပဌမစောင် ၁၃း၎)

    Love is patient, love is kind. It does not envy, it does not boast, it is not proud. (1 Corinthrians 13:4(NIV))



  10. ငါ့ကို ချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။ (သုတ္တံကျမ်း ၈း၁၇)

    I love those who love me, and those who seek me find me. (Proverb 8:17(NIV))



  11. ပညာရှိသောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသော သူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။ ဝါကြွားသောသူမည်သည်ကား၊ ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကို ပြုသောထာဝရဘုရား ဖြစ်ကြောင်းတည်းဟူသော၊ ငါ့သဘောကို သိနားလည် ခြင်း၌သာ ဝါကြွားစေ။ (ယေရမိအ...နာဂတ္တိကျမ်း ၉း၂၃-၂၄)

    Let not the wise man boast of his wisdom ... Jeremiah 9:23-24(NIV)



  12. နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်၊၊ တရက်အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်၊၊ ကိုယ်တိုင် ကိုယ်ကိုယ် မချီးမွမ်းဘဲ သူတပါးချီးမွမ်းပါလေစေ၊၊ ကိုယ်နှုတ်နှင့် ကိုယ်ကို မချီးမွမ်းဘဲ၊ ကိုယ်နှင့် မဆိုင်သော သူတပါး ချီးမွမ်း ပါလေစေ၊၊ သုတ္တံကျမ်း ၂၇း၁-၂

    Do not boast about tomorrow, for you do not know what a day may bring... forth. Let another praise you, and not your own mouth... (Proverb 27:1-2(NIV))



  13. သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ (ရှင်ပေတရုသြဝါဒစာပဌမစောင် ၅း၈)

    Be self-controlled and alert. Your enemy the devil prowls around like a roaring lion looking for someone to devour. (1 Peter 5:8(NIV))



  14. အချင်းချင်းမုသာ စကားကို မပြောမသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကို ချွတ်ပယ်၍၊ ဖန်ဆင်းတော်မူသော သူ၏ပုံသဏ္ဍန်နှင့် အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။ (ကောလောသဲသြ၀ါဒစာ ၃း၉-၁၀)

    Do not lie to each other, since you have taken off your old self wi...th its practices and have put on the new self... (Colossians 3:9-10(NIV))



  15. မတော်မလျော်သော ညစ်ညူး ပြက်ပြယ်ပြက်ယယ်သော စကားများကိုလည်း ပယ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။ (ဧဖက်သြ၀ါဒစာ ၅း၎)

    Nor should there be obscenity, foolish talk or coarse joking, which are out of place, but rather thanksgiving. (Ephesians 5:4(NIV))


  16. လူသည် မိမိနှုတ်၏ အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ပြစ်မှားတက်သော သူမူကား၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။ မိမိနှုတ်ကိုစောင့်သော သူသည် မိမိ၏အသက်ကို စောင့်၏။မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ရောက်တက်၏။ သုတ္တံကျမ်း ၁၃း၂-၃

    From the fruit of his lips a man enjoys good things, but the unfaithful have a cra...ving for violence.He who guards his lips guards his life... (Proverbs 13:2-3(NIV))


  17. သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကို တပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။ (ဟေဗြဲသြ၀ါဒစာ ၁၃း၅)

    Keep your lives free from the love of money and be content with what you have, because God has said, “Never will I... leave you; never will I forsake you.” (Hebrews 13:5(NIV))



  18. မွတ်သိပ်သောသူနှင့် ဆင်းရဲခံရသောသူကို သနားသောစိတ်နှင့် ချမ်းသာပေးလျှင်၊ မရှင်းလင်း သော အရာမှာသင်၏အလင်းသည်ပေါ်ထွန်း၍၊ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်၊၊ (ဟေရှာယအနာဂတ္တိကျမ်း ၅၈း၁၀)

    if you spend yourselves in behalf of the hungry and satisfy the needs of the oppressed,then your light will rise in the dark...ness, and your night will become like the noonday. (Isaiah 58:10(NIV))



  19. ဆင်းရဲသောသူ၏ အော်ဟစ် သံကို မကြားလို၍၊ နားကိုပိတ်သောသူသည် ကိုယ်တိုင်အော်ဟစ်၍ အဘယ်သူမျှမကြားရ။ (သုတ္တံကျမ်း ၂၁း ၁၃)

    If a man shuts his ears to the cry of the poor, he too will cry out and not be answered. (Proverb 21:13(NIV))



  20. ငွေကိုတပ်မက်သောသူသည် ငွေနှင့် အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကို တပ်မက်သော သူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာ သည်လည်း အနတ္တဖြစ်၏။ ဒေသနာကျမ်း ၅း၁၀

    Whoever loves money never has money enough; whoever loves wealth is never satisfied with his income. This too is meaningless. (Ecclesiastes 5:10(NIV))



  21. အသက်ကြီးရင့်သော ယောက်ျားတို့သည် သမ္မာသတိရှိသောသူ၊ တည်ကြည်သောသူ၊ ဣနြေ္ဒစောင့်သောသူ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၌ စိတ်သန်သောသူ ဖြစ်ရကြမည်အကြောင်း၊...... (တိတုသြဝါဒစာ ၂:၂)

    Teach the older men to be temperate, worthy of respect, self-controlled, and sound in faith, in love and in endurance.... (Titus 2:2 (NIV))



  22. ထိုနည်းတူ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံ ပြုမူရာမှာ ဓမ္မအမှုနှင့်ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကျူးတတ်သောသူ၊ ကောင်း သောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍၊... (တိတုသြ၀ါဒစာ ၂:၃)

    Likewise, teach the older women to be reverent in the way they live, not to be slanderers or addicted to much wine, but... to teach what is good. (Titus 2:3 (NIV))




အသိပညာနှင့် ယုံကြည်မှု (Knowledge and belief)  

Posted by ADMIN in

ဒဿနိကဗေဒ (Philosophy)

Philosophy ခေါ် ဒဿနိကဗေဒ ၏ မူလ အဓိပ္ပါယ် အရင်းအမြစ်သည် ဂရိနိုင်ငံမှ ဆင်းသက်လာသည်။ Philo ဆိုသည်မှာ Love (အချစ်၊ မေတ္တာတရား၊ သဘောကျစရာ) ဟု အဓိပ္ပါယ်ရပြီး Sophis ဆိုသည်မှာ Wisdom (ဉာဏ်ပညာ၊ အသိပညာ၊ ရှုမြင်တွေးခေါ်မှု) မှု အဓိပ္ပါယ်ရသည်။

ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းမှာ ဒဿနိကဗေဒ ပညာရပ်တစ်ခု ရှိနေရခြင်း၏ အကျိုးကျေးဇူးမှာ တစ်ခါတစ်ရံ
ကျွန်ုပ်တို့ တွေ့ကြုံရသော အတွေ့ကြုံတစ်ခု (သို့) အသုံးပြုမည့် အရာတစ်ခု၊ လုပ်ဆောင်မည့်အလုပ်တစ်ခု၊ ပြောဆိုမည့် စကားတစ်ခွန်းအတွက် ဒဿနိကဗေဒ ပညာရှင်တို့၏ အတွေးအခေါ်များဖြင့် ယုံကြည်မှု ပိုမိုခိုင်မာစေရန်ဖြစ်သည်။

အထူးသဖြင့် အငြင်းပွားဖွယ် ပြဿနာများစွာအတွက် အဖြေများရရှိဖို့ အထောက်အပံ့များစွာ ဖြစ်စေသည်။ ဒဿနိကဗေဒ ပညာရပ်တွင် အဓိပ္ပါယ်သက်မှတ်ချက်များ (meaning)၊ ဖြေရှင်းချက်များ (interpretation)၊ ထင်မြင်ယူဆချက်များ (evaluation)၊ ကျိုးကြောင်းဆီလျှော်စွာ စဉ်းစားချင့်ချိန်နိုင်မှု (logical consistency)၊ နှင့် ရှေ့နောက်ညီစွာဖြင့် စဉ်းစားချင့်ချိန်နိုင်မှု (rational consistency) တို့ ပါဝင်သည်။

အခြား ကဏ္ဍ များမှာ ဒဿနိကဗေဒတွင် ပါဝင်ပြီး သဘာဝ၏ ဖြစ်တည်မှု၊ သစ္စာတရား၊ အသိပညာတို့နှင့် ဆိုင်သောပညာရပ် (Metaphysics)၊ လူတစ်ဦးချင်း အသိပညာနှင့် သက်ဆိုင်သော ဘာသာရပ် (Epistemology)၊ ကိုယ်ကျင့်တရားနှင့် ပတ်သတ်သော ပြဿနာများကို ဖြေရှင်းခြင်းဆိုင်ရာ ဘာသာရပ် (Ethics)၊ လူမှုရေးနှင့် နိုင်ငံရေး ဆိုင်ရာ ဒဿနိကဗေဒ (Social and political philosophy)၊ ယုတ္တိဗေဒ (သို့) တက္ကဗေဒ (Logic)၊ သဘာဝကို ခံစားခြင်းဆိုင်ရာ ဘာသာရပ် (Aesthetics) တို့ ပါဝင်သည်။



ပင်ကိုယ် အာရုံခံ အသိပညာ (sentient) မှ ဖြစ်ပေါ်လာသော ခွဲခြားသိမြင်မှု (Perceiving) နှင့် စေ့စေ့စပ်စပ် လေ့လာစောင့်ထိန်းမှု (observing) တို့ကို ပြင်ပလောကနှင့် လိုက်လျောညီထွေ ဆက်ဆံ အသုံးချတတ်ဖို့ အလွန်အရေးကြီးသည်။ ပြင်ပ သဘာဝ၏ အစီစဉ်တကျ လုပ်ဆောင်မှု၏ ထူးခြားသော သွင်ပြင်လက္ခဏာများကို မှတ်ဥာဏ်၏ တည်ဆောက်မှုတွင် ယုံကြည်မှု အဖြစ် သိမ်းဆည်းထားသည်။


အသိပညာ (Knowledge)

အသိပညာ (Knowledge) သည် ယနေ့ခေတ်တွင် အရေးပါမှုအဆင့်အတန်း ပိုမိုမြင့်မားလာသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့အနေဖြင့် အတန်းပညာများစွာတက်မြောက် သိထားယုံဖြင့် မလုံလောက်တော့ပေ။ ပြောင်းလဲမှုအရှိန်မြန်ဆန်လွန်းသော ယနေ့ခေတ်ကာလ မျိုးတွင် အသိပညာ (Knowledge) တို့ကို မည်သည့်အသက်အရွယ် ရောက်နေပါစေ၊ အမြဲမပြတ်လေ့လာ ဖတ်ရှုနေမှသာ ခိုင်မာစွာ ရပ်တည်နိုင်ပေလိမ့်မည်။

အလုပ်လုပ်နေခြင်းဖြင့်လဲ မလုံလောက်ပါ။ မိမိတို့၏ လုပ်ကိုင်ပုံ နည်းလမ်းများအား လမ်းကြောင်းမှန်မမှန်၊ စနစ်ကျနမှု ရှိမရှိ များနှင့် အားနည်းချက်၊ အားသာချက်များကို ဝေဖန်နိုင်ဖို့ လိုအပ်သည်။ ပြင်ပလောကကို လေ့လာပြီး မိမိကိုယ်ကို အမြဲမပြတ် ဆင်ခြင် ချင့်ချိန်သတိရှိရမည်။ ထိုကဲ့သို့ ဆင်ခြင်ချင့်ချိန်နိုင်စွမ်း တိုးတက်လာစေဖို့ အတွက် Knowledge ဆိုသော အသိပညာ တို့ ကို စဉ်ဆက်မပြတ် လေ့လာဖတ်ရှုနေကြခြင်း ဖြစ်သည်။ အောင်မြင်ကြီးပွားခဲ့သော ပုဂ္ဂိုလ်များစွာတို့ ၏ အောင်မြင်မှု လျှို့ ဝှက်ချက်မှာ ပင်ကိုယ် ထူးချွန်ခြင်းထက် အားလပ်ချိန်မှန်သမျှကို အကျိုးရှိရှိ အသုံးချခဲ ခြင်းက အဓိကဖြစ်သည်။

ယနေ့ကမ္ဘာကြီးတွင် အများနှင့်တန်းတူ တွေးနိုင်၊ သိနိုင်၊ စဉ်းစားနိုင်၊ ဝေဖန်နိုင်ရန်နှင့် သုံးသပ်နိုင်ရန်အတွက် အသိပညာ (Knowledge) နှင့် ပြည့်စုံ ဖို့မှာ အလိုအပ်ဆုံးဖြစ်သည်။ ထိုအချက်ကို လူသားတို့ ကောင်းစွာ သဘောက်ပေါက် နားလည်သော်လည်း အသိပညာ (Knowledge) ၏ အဓိပ္ပါယ်ကို ကောင်းစွာ သဘောပေါက်မှု အလွန်အားနည်းသေးသည်။ အထူးသဖြင့် မြန်မာ စာဖြင့် ရေးသားထားသော အင်တာနက် စာမျက်နှာ တော်တော်များများတွင် အသိပညာ ဟူ Label ကို တွေ့ရတတ်ပြီး ထိုခေါင်းစဉ်အောက်တွင် ရေးသားထားသည်များမှာ အသိပညာ (Knowledge) မဟုတ်သည့် အခြား အကြောင်းအရာများသာ ဖြစ်နေသည်။ ဤသို့ဆိုလျှင် အသိပညာ (Knowledge) ဆိုသည်မှာ အဘယ်နည်း ????

အသိပညာ (Knowledge) ဆိုသည်မှာ အမြင့်မားဆုံးအဆင့်ဖြစ်သည်။ သတင်း၊ အချက်အလက် (Information) သည် အလည်အလက်အဆင့်ဖြစ်ပြီး အချက်အလက် (Data) မှာ အနိမ့်ဆုံးအဆင့်ဟူ၍ အကြမ်းဖျဉ်း မှတ်သားနိုင်သည်။

အချက်အလက် (Data) ဆိုသည်မှာ သာမန် စီးဆင်းမှုတစ်ခု (သို့) ဖြစ်ပေါ်ပြောင်းလဲလာမှုတစ်ခုမှ ရရှိသော အချက်အလက်များကို ခေါ်သည်။ သတင်း၊ အချက်အလက် (Information) ဆိုသည်မှာ အချက်အလက် (Data) များကို ခေါင်းစဉ်အလိုက် ခွဲခြားသတ်မှတ်ပြီး လူသားတို့နားလည် လက်ခံနိုင်သော ဖြစ်နိုင်ခြေရှိသည့် အချက်အလက်များကို ခေါ်သည်။ အသိပညာ (Knowledge) တွင် အတွေးအခေါ် (Concepts)၊ ကိုယ်တွေ့ (သို့) အတွေ့အကြုံ (experience)၊ ကန့်သက်ချက် တစ်စုံတစ်ရာအတွင်း လိုက်လျှောညီထွေမှုရှိစေရန် ဖန်တီး စီစဉ်ပေးနိုင်သည့် အသိဥာဏ် (insight that provide a framework for creating)၊ ဝေဖန် ပိုင်းခြားနိုင်မှု (evaluating) နှင့် အချက်အလက် (Information) တစ်ခုကို အသုံးချနိုင်မှုတို့ ပါဝင်သည်။


အသိပညာ (Knowledge) ကို မလေးနက်သော အသိပညာ (Shallow knowledge) နှင့် လေးနက်သော
အသိပညာ (Deep knowledge) ဟူ၍ အဆင့်အတန်း နှစ်မျိုး သက်မှတ်နိုင်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ် အသိပညာ (Procedural Knowledge) ၊ သဘာဝ အသိပညာ (Declarative Knowledge) ၊ မြင့်မားသော အသိပညာ (Meta Knowledge) ၊ ကိုယ်တိုင်လေ့လာ သင်ကြားခြင်းဆိုင်ရာ အသိပညာ (Heuristic Knowledge) ၊ ဆက်စပ်တွေးတော တည်ဆောက်ခြင်းဆိုင်ရာ အသိပညာ (Structural Knowledge) ၊ အသုံးပြုခြင်း ဆိုင်ရာ အသိပညာ (Procedural knowledge) ဟူ၍ ပိုင်းခြား သတ်မှတ်နိုင်သည်။

အသိပညာ (Knowledge) ဆိုသည်မှာ မှာအမှန်တကယ်ဖြစ်တည်လျှက်ရှိသော အစစ်အမှန်တရားကို သိရှိလာ ခြင်းဖြစ်သည်။ တနည်းဆိုသော် အမှန်တကယ်ဖြစ်ပေါ်နေသော ရှိခြင်းသဘော (Being) ကိုသိလာခြင်း ဖြစ်သည်။ ထို့ကြောင့် (Knowledge) ကိုယ်တိုင်သည်လည်း (Being) ကိုဆောင်ရွက်လျှက်ရှိသည်ဟု ဂရိအတွေးအခေါ်ပညာရှင် ပလေတို (Plato) က ခံယူတင်ပြခဲ့၏။

ပလေတို၏အဆိုအရ စစ်မှန်သောအသိပညာဟူသည်မှာ ဘယ်သောအခါမျှ မလွှဲမှားနိုင်သော အသိပညာ မျိုးဖြစ် ရမည်။ (Knowledge must be infallible) ထို့ပြင် အမှန်တကယ်ရှိနေသော အစစ်အမှန်တရား (Reality) ကို ဖေါ်ပြသော အသိပညာ မျိုးဖြစ်ရမည်။ (Knowledge must have reality as its Oject) ၎င်းလိုအပ်ချက် (သို့မဟုတ်) အရည်အချင်း နှစ်ရပ် ရှိမှသာလျှင် စစ်မှန်သောအသိပညာ (Knowledge)ဖြစ်သည်ဟု ပလေတိုက အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။

ထိုသို့ပင် William James က အမှန်တရား (Truth) ဆိုသည်မှာ ပထမဦးဆုံး တွေးတော့ရမည်၊ ထိုအတွေးသည် တခေဏ္ဏသော်လည်းကောင်း၊ တစ်ဘဝသော်လည်း ကောင်း ယခုချက်ချင်း မှန်ကန်သလို နောက်လည်း မှန်ကန်နိုင်သည်။ ဆိုလိုသည်မှာ အမှန်တရား၏ တည်မြဲမှုမှာ အချိန်အနေ၊ အချိန်အခါနှင့် လူတို့၏ သဘောထားပေါ်တွင်သာ မူတည်ပေသည်။

Kenneth E က အသိပညာ (Knowledge) ကို ပုံရိပ်တစ်ခုအဖြစ်လည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ ထိုပုံရိပ်ကို တိတိကျကျ ဝေခွဲ ပိုင်းခြားလို့ မရပါက ထိုပုံရိပ်သည် ယုံကြည်မှု (Belief) မှ အမှန်တရားသို့ ပြောင်းလဲလာသည်ဟုသာ သက်မှတ်နိုင်ပြီး အသိပညာ (Knowledge) ဖြစ်ရန်အတွက် စိတ်ကူး၊ အကြံအစည် (Idea) အဖြစ် နီးကပ်လာသည်ဟု ယူဆနိုင်သည်။

ခြုံငုံသုံးသပ်ကြည့်ပါက အသိပညာ (Knowledge) ဆိုသည်မှာ အကြောင်းအချက် တစ်ခု (Information) ဖြစ်သည်။ သို့သော် ထို အကြောင်းအချက်သည် မှန်ကန်မှုရှိသည်၊ ခွဲခြမ်းစိတ်ဖြာပြီးနောက် တိကျသေချာတဲ့ အဖြေ ရရှိပြီးသား အရာဟု မှတ်သားနိုင်သည်။

ကမ္ဘာဦးအစ လူသားတို့သည် အသိပညာ (Knowledge) ကို အသိ၊ ရှင်းရှင်းလင်းလင်းသိမြင်ပြီးသော အမှန်တရား၊ သင်ကြားမှု၊ သက်သေပြနိုင်တဲ့ အရည်အချင်းတစ်ခု လို့ သက်မှတ်ထားကြသည်။ ထို့ကြောင့် အသိပညာ (Knowledge) တစ်ခုကို တိတိကျကျ သေချာနာလည်ရန်အတွက် မိမိကိုယ်တိုင် တွေ့ကြုံနားလည်ဖို့ လိုအပ်သည်။


ယုံကြည်မှု (Belief)

ယုံကြည်မှု (Belief) ဆိုသည်မှာ နားလည်မှုလည်းဖြစ်နိုင်သည်၊ ပြည့်ြုပည့်စုံစုံ မှန်ကန်ဖို့ မလိုအပ်၊ သို့သော် အတိုင်းအတာ အစိတ်အပိုင်းတစ်ခုထိတော့ မှန်ကန်မှုရှိရပေမည်။ အချို့သော တည်ဆောက်မှုများကို အထောက်အပံ့ဖြစ်စေရမည်။ တစ်စုံတစ်ယောက်၏ အဆိုပြုချက်ကို ယုံကြည်သင့် မယုံကြည်သင့် အဆုံးအဖြတ်ပေးနိုင်ရမည်။ ဖြစ်ပေါ်လာသော ပြဿနာများကို ကျိုးကြောင်းဆီလျော်သော ဖြေရှင်းနိုင်ရမည်။ ယုတ္တိရှိစွာ တွေးတောနိုင်ရမည်။

ယုံကြည်မှု (Belief) ဆိုသည်မှာ တစ်ဦးချင်း အယူအဆ၊ တစ်ဦးချင်းအသိများ မှတပါး အများစု၏ ခံယူချက်များ၊ ယူဆချက်များ၊ အယူဝါဒများ ပါဝင်သည်။ အမှန်တရားဟူသော အစိတ်အပိုင်းထဲမှာမှ လူအားလုံးက အပြည့်အဝနှင့် လက်ခံနိုင်စေသော ကြောင်းပြချက်တစ်စုံတစ်ရာကြောင့် အားလုံးကသဘောတူ ထောက်ခံလိုက်လျှင် ထို အမှန်တရားသည် ယုံကြည်မှုအဆင့်သို့ ကူးပြောင်းသွားသည်။

လူ့အဖွဲ့အစည်းတွင် အမှန်တရား မှာ မရှိသလောက် ရှားပါးနေပြီဟု အတွေးအခေါ်ပညာရှင်များက ရှေးဦးပိုင်းကတည်းက လက်ခံထားခဲ့ကြသည်။ ဂရိအတွေးအခေါ်ပညာရှင် အာခီးမီးဒီး က နေ့ခင်းချိန်တွင် မီးအိမ်ထွန်း၍ အမှန်တရားကို ရှာဖွေခဲ့ဖူးသည်။ ယနေ့ခေတ် ဆိုလျှင် အမှန်တရား၏ ပျောက်ဆုံးမှုပမာဏမှာ များစွာကြီးမားလာပေသည်။ အမှန်တရားနည်းပါးလာသည်နှင့်အမျှ ယုံကြည်မှု များလည်း နည်းပါးလာပေသည်။

တစ်ယောက်တစ်မျိုးပြောနေသော အကြောင်းအရာများကို မည်သူမျှ မယုံကြည်ချင်ကြပေ။ ဤသို့ဆိုလျှင် အသိပညာရော နည်းပါးလာပြီလား ??? စဉ်းစားစရာဖြစ်လာသည်။


အသိပညာနှင့် ယုံကြည်မှု

အသိပညာနှင့် ယုံကြည်မှုကြားတွင် ကွာဟမှု မြောက်များစွာ ရှိသည်။ ထိုကွာဟမှုကို တိတိကျကျ တိုင်းတာဖို့ မဖြစ်နိုင်ပါပေ။ ရရှိလာသည့် အတိုင်းအတာသည်လည်း တိုင်းတာသည့် လူများ၏ ယုံကြည်မှုပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်သည်ဟု စင်္ကာပူနိုင်ငံ နန်ယမ်း တက္ကသိုလ် (Nanyang Technological University Singapore ) မှ လေ့လာသူ တစ်ဦးက ဆိုသည်။

Edmund L. Gettier က အသိပညာ (Knowledge) ဆိုသည်မှာ ယုံကြည်မှုကို ခွဲခြမ်းစိတ်ဖျာခြင်းဖြစ်သည်။ ယုံကြည်မှု (Belief) သည် အမှန်တရား (Truth) နှင့် နီးစပ်သည်။ လုံးဝ တူခြင်းတော့မဟုတ်။ ထို ယုံကြည်မှု (Belief) ကို တိတိကျကျ မှန်ကန်ကြောင်း သက်သေပြနိုင်လျှင်တော့ အသိပညာ (Knowledge) ဟု အဓိပ္ပါယ် သက်မှတ်နိုင်သည်။


အသိပညာ (Knowledge) သည် ယုံကြည်မှု (Belief) နှင့် အမှန်တရား (Truth) တို့၏ ထပ်တူကျရာ တူညီသည့် အစိတ်အပိုင်းမှာမှ ခွဲခြမ်းစိတ်ဖျာ သက်သေပြနိုင်သော တိကျသည့်အပိုင်းသာ ဖြစ်သည်။

အသိပညာ (Knowledge) ကို ကျွန်ုပ်တို့ သက်သေပြ၍ရနိုင်သည်။ အတွေ့ကြုံယူနိုင်သည်။ တစ်ခါတစ်ရံတွင် အသိပညာအား မြေကြီးလို့ သတ်မှတ်နိုင်သည်။ ယုံကြည်မှုကိုတော့ မြေကြီးအဖြစ် မသတ်မှတ်နိုင်ပေ။ အသိပညာနှင့် ယုံကြည်မှုတို့၏ အဓိက ခြားနားချက်ကို မေးပါက အသိပညာဆိုသည်မှာ သက်သေပြနိုင်သည့်အရာဖြစ်သည်။ ၎င်းတွင် ဖြေရှင်းနိုင်မှု စွမ်းအားများ ရှိသည်။ ယင်းဂုဏ်သတ္တိများနှင့် ပြည့်စုံလျှင် အသိပညာ (Knowledge) ဖြစ်ပြီး မပြည့်စုံလျှင် ယုံကြည်မှုသာ ဖြစ်ပေသည်။


အသိပညာ၊ ယုံကြည်မှု နှင့်
ဒဿနိကဗေဒ

ဒဿနိကဗေဒ ဘာသာရပ်၏ အနှစ်သာရဖြစ်သော S နှင့် P တို့ဖြင့် အသိပညာ (Knowledge) နှင့် ယုံကြည်မှု (Belief) တို့နှင့် ဒဿနိကဗေဒ (Philosophy) တို့၏ ဆက်စပ်မှုကို သက်သေပြနိုင်သည်။

ပထမ တစ်ဖက်တွင် S သည် ယုံကြည်မှု (Belief) တစ်ခုဖြစ်ပြီး P သည် အမှန်တရား (သို့) ခိုင်လုံသော အကြောင်းပြချက် ရှိသော မျှတမှု ဖြစ်သည်ဆိုလျှင် S မှ P ကို သိနိုင်သည်သည်။ (S knows that p iff S's belief that p is (i) true and (ii) justified.) ဆိုလိုသည်မှာ အမှန်တရား (Truth) တစ်ခု (သို့) ခိုင်လုံသော အကြောင်းပြချက်ရှိသည့် မျှတမှုတစ်ခုကို ယုံကြည်မှု (Belief) အဖြစ် သိ နိုင်သည်။ P သည်အမှန်တရား (Truth) ဖြစ်သည်။ ထိုမှတဆင့် S မှ P ကို ယုံကြည်သည်။ ထို့နောက် S မှ P ကို မျှတသော အကြောင်းပြချက်ဖြင့် ယုံကြည်သည်။ P သည် S အတွက် အသိပညာ ဖြစ်လာသည်။ ၎င်း မှာ အသိပညာ (Knowledge) ၊ ယုံကြည်မှု (Belief) နှင့် ဒဿနိကဗေဒ (Philosophy) ပင်ဖြစ်သည်။

ဒုတိယတစ်ဖက်တွင် မည်သူမဆို အခြား အသိပညာ (Knowledge) မည်မျှ ပြည့်စုံကြွယ်ဝသည်ဖြစ်စေ တစ်စုံတစ်ခု အပေါ် ယုံကြည်မှု (Belief) အလွန်အမင်း များပါက အခြားအသိပညာများက သုံးမရဖြစ်သွားပေသည်။ ဥပမာ၊ ဘာသာတရား အယူဝါဒ တစ်ခု (သို့) နိုင်ငံရေး အယူဝါဒ တစ်ခုတွင် ယုံကြည်မှု (Belief) များနေပါက ထို ပုဂ္ဂိုလ်သည် မည်မျှ ထူးချွန်ထက်မြတ်သူဖြစ်စေ၊ မည်မျှ အသိ/အတတ်ပညာ ပြည့်စုံသူဖြစ်စေ အစွန်းရောက်သွားနိုင်သည်။ ထိုအခြေအနေမျိုးတွင် ထို ပုဂ္ဂိုလ်မျိုးကို ယုံကြည်မှု မြင့်မားသူ အဖြစ်သာ သက်မှတ်နိုင်ပြီး အသိပညာ (Knowledge) လိုအပ်သေးသူအဖြစ် သုံးသပ်နိုင်သည်။ ဤသို့ဆိုလျှင် ယုံကြည်မှု (Belief) သည် အသိပညာ (Knowledge) ကို လျှော့ကျစေသည် (သို့) အနှောက်ယှက်ဖြစ်စေသည်ဟု လည်း မှတ်သားနိုင်ပေသည်။



Webliography

http://en.wikipedia.org/wiki/Philosophy

http://plato.stanford.edu/entries/knowledge-analysis/

http://hermetic.com/browe-archive/achad/misc/belief_vs_knowledge.htm

http://www.ils.unc.edu/~losee/b5/node9.html

http://www.articlesbase.com/college-and-university-articles/the-way-to-differentiate-between-knowledge-and-belief-213628.html

http://www.google.com/




၃၀၊ ၁၁၊ ၂၀၁၀  

Posted by ADMIN in

ဧရိယာ ၆၅၉၂၈၀၀ စတုရန်းမိုင်ရှိတဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံကြီးရှိ တစ်ပါးတည်းသော ထေရဝါဒ ဗုဒ္ဓဘာသာမြန်မာသံဃာတော် ရှင်ဝေဠုရိယ မှ ၂၉၊ ၁၁၊ ၂၀၁၀ ရက်နေ့ ညနေပိုင်းတွင် ကျနော်တို့ MIET တက္ကသိုလ်ရှိ ပညာတော်သင် မြန်မာကျောင်းသားများထံသို့ ကြွရောက်ပြီး တစ်ည ကျိန်းစက် ခဲ့ပါတယ်။

၃၀၊ ၁၁၊ ၂၀၁၀ ရက်နေ့ နံနက်စောပိုင်းမှစပြီး တရားပွဲများ ကျင်းပခဲ့ပါတယ်။ စေတနာရှင် ကျောင်းသားတွေ စုပေါင်းပြီး Laptop တစ်လုံး၊ သင်္ကန်းတစ်စုံ၊ အခြား လှူဖွယ်ပစ္စည်းများနဲ့ ဝတ္ထုငွေများကို လှူတန်းခဲ့ပြီး နေ့ဆွမ်းကို ကျနော် နှင့် Junior ညီလေး တစ်ယောက်တို့မှ တာဝန်ယူ ဆွမ်းကပ်ခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဆရာတော်သီတင်းသုံးရာ စိန့်ပီတာစပတ်မြို့သို့ ပြန်ကြွသွားခဲ့ပါတယ်။

အခုလိုနေရာ၊ အခုလိုအချိန်မျိုးမှာ သင်္ကန်းဝတ်ထားသော ပုဂ္ဂိုလ်တစ်ပါးကို အပြင်မှာ ဖူးမျှော်ခွင့်ရသည်မှာ ကျနော်တို့အတွက် အလွန်ကံကောင်းလှပါတယ်။ ဖူးခွင့်ရလို့ ကြည်နူးမဆုံးဖြစ်မိသလို ဆွမ်းဒကာဖြစ်ခွင့်ရလို့ ဝမ်းသာမဆုံး ဖြစ်ရပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့ဟာ တခြားသူတွေအတွက် ဘာမှ မထူးခြားပေမယ့် ကျနော်နဲ့ သူငယ်ချင်း ညီကိုအားလုံးအတွက်တော့ ဘုရားပေးတဲ့ ကံအကောင်းဆုံးနေ့တွေထဲက တစ်နေ့ပါပဲ။ စာဖတ်သူများလည်း သာဓုခေါ်နိုင်ဖို့နဲ့ မှတ်တရနေ့ကို ဒီနေရာမှာ မှတ်တမ်းတင်ရင်း......



What is Life? ( ဘဝဆိုတာ = ?? )  

Posted by ADMIN in

  1. Life is beginning
    ဘဝ = စတင်ခြင်း



  2. Life is choosing
    ဘဝ = ရွေးချယ်မှု



  3. Life is happiness
    ဘဝဆို = ကြည်နူးခြင်း



  4. Life is joy
    ဘဝ = ပျော်ရွှင်ခြင်း



  5. Life is love
    ဘဝ = အချစ်



  6. Life is unity
    ဘဝ = ညီညွတ်ခြင်း



  7. Life is care
    ဘဝ = စောင့်လျှောက်ခြင်း



  8. Life is faith
    ဘဝ = ယုံကြည်မှု



  9. Life is freedom
    ဘဝ = လွတ်လပ်မှု



  10. Life is creation
    ဘဝ = ဖန်တီးမှု



  11. Life is fantasy
    ဘဝ = စိတ်ကူးယဉ် ပျော်ရွှင်မှု



  12. Life is art
    ဘဝ = အနုပညာ



  13. Life is dream
    ဘဝ = အိပ်မက်



  14. Life is fairy tale
    ဘဝ = ဒဏ္ဍာရီ



  15. Life is battle
    ဘဝ = တိုက်ပွဲ



  16. Life is stage
    ဘဝ = ဇတ်ခုံ



  17. Life is trouble
    ဘဝ = ဒုက္ခ



  18. Life is storm
    ဘဝ = မုန်တိုင်း



  19. Life is music
    ဘဝ = သံဇဉ်



  20. Life is school
    ဘဝ = ကျောင်း



  21. Life is work
    ဘဝ = အလုပ်



  22. Life is karma
    ဘဝ = ကံ



  23. Life is knowledge
    ဘဝ = အသိ၊ အလိမ္မာ



  24. Life is delight
    ဘဝ = သာယာကြည်နူးမှု



  25. Life is rest
    ဘဝ = အပိုင်းအခြားတစ်ခု



  26. Life is match
    ဘဝ = ကစားပွဲ



  27. Life is splendour
    ဘဝ = ခန်းနားထည်ဝါမှု



  28. Life is nature
    ဘဝ = သဘာဝတရား



  29. Life is Beauty
    ဘဝ = အလှတရား



  30. Life is duty
    ဘဝ = တာဝန်ဝတ္တရား



  31. Life is elegance
    ဘဝ = ဟန်ဆောင်မှု



  32. Life is chance
    ဘဝ = အခွင့်အလမ်း



  33. Life is a mystery
    ဘဝ = နားမလည်နိုင်သောအရာ



  34. Life is life
    ဘဝ = ဘဝ



  35. Life is zero
    ဘဝ = သုည




ကြိုဆိုပါတယ် အန်တီဒေါ်အောင်ဆန်းစုကြည်  

Posted by ADMIN

ကြိုဆိုပါတယ် အန်တီဒေါ်အောင်ဆန်းစုကြည်...။

မိသားစုဝင်များနှင့်ထပ်တူထပ်မျှ ဝမ်းသာကြည်နူးမိပါ၏။

ယခုချိန်မှာ အဖက်ဖက်က တိုးတက်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို တစ်ကမ္ဘာလုံးက အသိမှတ်ပြုပြီးရင်း အသိမှတ်ပြုနေချိန်ဖြစ်ပါသည်။ ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်တိုးတက်ရေးအတွက်
ဒို့တာဝန်အရေး (၃)ပါး၊ မူဝါဒလမ်းစဉ် (၇) ရပ်၊ ဦးတည်ချက် (၁၂) ရပ် တို့ကို အကောင်ထည်ဖော်ခြင်း လုပ်ငန်းတွေမှာ ကျွန်တော်တို့ ပြည်သူအားလုံးနှင့်အတူ လက်တွဲပြီး တက်နိုင်သမျှ၊ တက်စွမ်းသမျှ ဆောင်ရွက်သွားလိမ့်မယ်လို့ မျှော်လင့်ပါ၏။

လွတ်ငြိမ်းချမ်းသာခွင့် သတင်းအပြည့်အစုံမှာ..
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2OcuRUn2-mdZxrSjy12hfaM-4nxokWNWRmlXPz8XPY24KwFryZ7GyjTMOcPkZGX0TDaHa570Ds9Bj8TlxAyV88b1N95L3xok4EImA00VwRJuAUGo_QFILK7RTRQ9dOYY7w2mVAaqVnB6O/s1600/aung+san+suu+kyi.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_TIZSi9hXTDT1vU81ojM7dMY-Zcq2PEDLinwFfKdetNHtkWQktUniQnah_Mo16d9nzsnJW_Olruwotex9oVeUCUvaZRNJtFaV1tP5JAN9kRBDpkoXczCvmTaUixYl_vhqLT60jVhD8E7L/s1600/aung+san+suu+kyi+2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJL5NziUVerT2ptUTdUhP6fOfe8V4rVen452bltsEdU-99Hi9hD5wr8-dVQvAuXFHZjenEgY2-hfqf99RZ0Jjwf-6MuZu8cjKPH2ssrgJo7BT84zyeawxfsvgJM52ULZrnbcWapoyTQnxw/s1600/aung+san+suu+kyi+3.jpg



၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့  

Posted by ADMIN in

  1. ယခင်အလံတုန်းက နေ့စဉ်နှင့်အမျှ မနက်ရော ညနေပါ အလေးပြုနိုင်ခဲ့သော်လည်း ယခု ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံသစ်အား အခြေအနေနှင့် အချိန်အခါကြောင့် ဤပိုစ့်ဖြင့် လေးစားစွာ အလေးပြုပါ၏။


  2. ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့။ ယနေ့သည် မြန်မာလူထုတစ်ရပ်လုံး စောင့်မျှော်နေသည့် ရွေးကောက်ပွဲကြီး ကျင်းပမည့်နေ့ဖြစ်သည်။ မြန်မာ့သမိုင်းတစ်ခုလုံးအတွက် မှတ်တိုင်ထူရမည့်နေ့လည်း ဖြစ်သည်။ မဲပေးခွင့်ရရှိသည့် မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူပါ၏။

    လွန်ခဲ့သော အနှစ် (၂၀) ကြာ ၁၉၉၀ ခုနှစ်က အခြေခံဥပဒေ မရှိသော ရွေးကောက်ပွဲပြီး အနှစ် (၂၀) ကြာမှကျင်းပ သော ရွေးကောက်ပွဲ ဖြစ်ခြင်းကြောင့် မြန်မာပြည်သူအားလုံး စိတ်လှုပ်ရှားစေသည်သည်မှာ အမှန်ဖြစ်သည်။ ပြည်တွင်း မီဒီယာများသာ မက ပြည်ပ မြန်မာမီဒီယာ ပေါင်းများစွာမှ ရွေးကောက်ပွဲကို မြန်မာပြည်သူအားလုံး စိတ်ဝင်စားစေရန် သက်ဆိုင်သည့် အကြောင်းအရာများကို နေ့စဉ်နှင့်အမျှလည်း တင်ဆက်ခဲ့ကြသည်။

    မြန်မာ ပြည်သူလူထု ၉၂ ရာခိုင်နှုံးကျော် ထောက်ခံထားသည့် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပြီးနောက်
    စနစ်တကျနှင့်ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ပါတီပေါင်း (၃၇) ပါတီပါဝင်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပြွဲုဖစ်ခြင်းကြောင့် လည်းကောင်း ရွေးချယ်ခံရမည့် ပါတီပေါင်းစုံမှ အမတ် (၁၁၆၃)ဦးလုံး မှာ မြန်မာပြည်သူတို့ ယုံကြည်အားကိုးခြင်းခံရကာ အမှန်တကယ် အရည်အချင်းပြည်ဝ သူများဖြစ်မည်မှာ မုချ မလွဲပင်ဖြစ်သည်။



    အနာဂါတ် မြန်မာနိုင်ငံတော်ကြီးအား ကမ္ဘာ့နိုင်ငံကြီးများနှင့် တန်းတူ ရင်ဘောင်တန်းနိုင်ရန်၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် "မြန်မာ" ဟူသည့် နာမည်ဖြင့် တကမ္ဘာလုံးက လေးစားအထင်ကြီးပြီး
    ထည်ထည်ဝါဝါ၊ သိက္ခာရှိရှိရပ်တည်နိုင်ရန် မှာ ယနေ့ခေတ် မြန်မာပြည်သူအားလုံးတွင် တာဝန်ရှိပေသည်။ မြန်မာပြည်သူအားလုံးဆိုခြင်းထက် မြန်မာလူငယ် အားလုံး ပေါ်တွင် ပို၍ တာဝန်ရှိပေသည်။

    မည်သူမည်ဝါ ရွေးချယ်ခံရသည်ဖြစ်စေ ကျွန်ုပ်တို့ မြန်မာပြည်သား အားလုံးမှ သမ္မတသစ် ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် မြန်မာပြည်သူတို့အတွက် မိမိတို့ ကျွမ်းကျင်သည့် နယ်ပယ်အသီးသီးမှ တက်နိုင်သမျှ တာဝန်ယူ ကြိုးစားပြီး နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးပြုကြပါစို့......။




အတွေးမှတ်စုများ (၂၃)  

Posted by ADMIN in



  1. ဘုရားသခင်.. ကျေးဇူးပြုပြီး ၂၄ နာရီ = ၁ ရက် နဲ့ loop ပတ်ထားတဲ့ program ကို ပြန်ပြင်ပေးပါ။ တစ်ရက်ကို ၂၄ နာရီနဲ့ ဘယ်လိုမှ လောက်အောင်သုံးဖို့ မဖြစ်နိုင်ပါဘူး။


  2. လက်ဆိုသည်မှာ တစ်ဖက်ချင်း သီးခြားဆိုလျှင် တစ်ဖက်က နောက်တစ်ဖက်ကို ဆေးကြောပေးဖို့သာ တတ်နိုင်သည်။ နှစ်ဖက်ပေါင်းမိသည့်အခါ မျက်နှာပါ သစ်လို့ရသည်။


  3. လူသည် မျှော်လင့်ချက်နဲ့ အသက်ရှင်နေသည့် သတ္တဝါ။ မျှော်လင့်ချက်ဆိုတာ လူသားအားလုံးအတွက် ကမ္ဘာလောကကြီးကပေးထားသည့် တန်ဖိုးအရှိဆုံးအရာ။


  4. ကျားနှင့် လွန်ဆွဲတမ်း ကစားချိန်မှာ ကိုယ့်ဘက်က ရှုံးစပြုပြီဆိုတာနဲ့ ကြိုးကို ချက်ချင်းလွှတ်လိုက်ပါ။ ကြိုးကအသစ်ဝယ်လို့ရသည်၊ ကြိုးကိုနှမျှောပြီးဆက်ဆွဲနေပါက ကျားပါးစပ်ထဲသို့ ရောက်သွားလိမ့်မည်။


  5. တစ်ခါတစ်ရံတွင် ဥာဏ်နီဥာဏ်နက်က ခွန်အားဗလထက် ပို၍ တန်ဖိုးရှိသည်။


  6. သစ်ပင်တောတောင်များကို အကြောင်းပြုပြီး အရောင်ပြောင်းတတ်သေးလျှင် တချို့သော ယောင်္ကျားကောင်းတို့သည်လည်း အကျင့်ယုတ်သည့် လူများနှင့်တွေ့ပါက စိတ်ရိုင်းဝင်သွားခြင်းများ ရှိလိမ့်မည်။


  7. ရန်သူမှန်လျှင် အသေးအမွှား ဟူ၍မရှိ။


  8. ရေနစ်သေဖို့ သေချာနေပါက အိုင်ကွက်ငယ်လေးကို မရွေးချယ်သင့်။


  9. အဝင်ဆိုးတဲ့ ဆေးမှန်လျှင် မြန်မြန်သာမျိုချလိုက်ပါ။


  10. သင့်အား အသေမချေမှုန်းနိုင်သောအရာသည် သင့်အတွက် ခွန်အားကို ပေးလိမ့်မည်။ ကောင်းကျိုး တစ်စုံတစ်ရာ သယ်ဆောင်မလာသော မကောင်းသောအရာဟူ၍မရှိ။


  11. လောကကြီးမှာ လွယ်ကူတဲ့အလုပ်ရယ်လို့မရှိပါ။ အားလုံး ခက်တာချည်း။ လူ့ဘဝကြီး ဆိုတာလည်း ဒီအတိုင်းပင်။ ကိုယ့်ကို တတ်တယ် တော်တယ် အထင်ခံရရုံသက်သက်အတွက် ကျွန်ုပ်တို့တွင် ရှိသော စွမ်းအားတွေ၊ အရည်အသွေးတွေအားလုံး သူများကို တိုက်ခိုက်ဖြိုဖျက်တဲ့ အလုပ်ထဲမှာ ပုံအောမည့်အစား၊ တစ်ယောက်ကို တစ်ယောက် အကောင်းဆုံး အနေအထားရောက်အောင် မြှင့်တင်တဲ့အလုပ်၊ အားပေးကူညီတဲ့အလုပ်မှာ သုံးကြရအောင်။


  12. အောင်မြင်ရေးအတွက် အဓိကအကျဆုံး အရည်အချင်းသည် ပြဿနာတိုင်းကို အရိုးရှင်းဆုံး ပုံစံနဲ့ ပေါ်လာအောင် ပြဿနာ၏ ကျောရိုးတွေကို ဆွဲထုတ်ပုံဖော်တတ်ဖို့ပင်။


  13. ကြေညက်အောင် ထွန်ယက်မထားတဲ့လယ်ကွက်တွင် ဘယ်တော့မှ သီးနှံကောင်းမထွက်ပါ။


  14. နေရာတကာမှာ အာကျယ်အာကျယ် မလုပ်ပါနှင့် ညောင်သံပေးလွန်းတဲ့ကြောင်၊ သားကောင် ရှာမရ ဖြစ်တတ်သည်။


  15. မိန်းမဆိုတာ မကောင်းတဲ့အလုပ်ကို အရင်က အချိန်အတိုင်းအတာ အသေးလေးတစ်ခု လုပ်ခဲ့ပြီး နောက်ထပ် လုံးဝမလုပ်တော့ရုံနဲ့ မိန်းမကောင်းပြန်မဖြစ်နိုင်။


  16. အနာဆိုးသာ ပြန်ကောင်းနိုင်သည်၊ နာမည်ဆိုးကတော့ ကိစ္စတုံး၏။


  17. အဝတ်အစား ခေတ်ရှေ့ပြေးဖို့က အရေးမကြီးဆုံး၊ အသိပညာ ခေတ်နောက်မကျဖို့က အရေးအကြီးဆုံး။


  18. ရွှေပုံပေါ်မှာ လူ့ဘဝအတွက် ဘာအဓိပ္ပါယ်မှမရှိဘူး။ လူဆိုတာ တွေးခေါ်ရတယ်၊ ဆင်ခြင်ရတယ် ပညာရပ်တစ်ခုခုမှာ အမြဲတမ်း သက်ဝင်နေရတယ်။ လူ့ဘဝကြီးအတွက်တစ်ခုခုကို ပေးဆပ်နေရတယ်။ အဲ့ဒါမှ လူဆိုတဲ့ အဓိပ္ပါယ်ကိုရောက်တာ။


  19. လောက၌ ထူးခြားတိုင်း အောင်မြင်သည်မဟုတ်၊ ထူးလိုသဖြင့် ရူးသွားကြသူတွေရှိသည်။


  20. ဘယ်လောက်အချိုးမကျသည့် အိုးဖြစ်ဖြစ် ဖုံးစရာ စလောင်းတစ်ခုတော့ ရှာတွေ့စမြဲပင်။


  21. အရိုးမှန်းသိလျှက်နဲ့ မျိုချသူသည် ကိုယ့်လည်ချောင်းကို အယုံကြည်လွန်းသူဖြစ်သည်။ လျှာမငြိမ်သည့်ဒဏ် လည်ပင်းက ခံရ၏။


  22. စာဖတ်ပါ။ စာကို နှစ်ရှည်လများ စနစ်တကျ ဖတ်ရှုလာသူသည် တက္ကသိုလ် ကောလိပ်မှာကဲ့သို့ ဘွဲ့လက်မှတ် တစ်စုံတစ်ရာ မရရှိသော်လည်း တက္ကသိုလ်၊ ကောလိပ်မှ ဘွဲ့ရလာသူထက်မက အသိဥာဏ်အမြင်နှင့် ဗဟုသုတတွေ ကြွယ်ဝကာ လူ့လောကနယ်ပယ်စုံ၌ ဦးဆောင်လှုပ်ရှားနိုင်သူတစ်ဦး ဖြစ်လာလိမ့်မည်။


  23. လောကကြီးတွင် လေ့လာဆည်းပူးစရာတွေ မကုန်နိုင်လောက်အောင် ရှိနေသည်။ မွေးစဉ်က ဘာပညာဗဟုသုတမှ မပါလာသော်လည်း သေသည်အထိ နာလပိန်းတုံးဘဝနှင့် နေသွားမည်ဆိုလျှင် အသုံးမကျဆုံး လူသားတစ်ဦး အလိုလိုဖြစ်သွားပေမည်။


  24. သင့်တော်မှန်ကန်သော စိတ်ထားနှင့် အပြုဘက်၊ အကောင်းဘက် ရှေးရှုသော အတွေးများရှိသည့်အခါ အောင်မြင်သောဘဝတစ်ခု တည်ဆောက်ရေးအတွက် ကျင့်ကြံဆောင်ရွက်စရာများကို သိလာ မြင်လာ လက်ခံလာနိုင်လိမ့်မည်။


  25. တရားအားထုတ်တဲ့ အကျင့်တစ်ခု ပုံမှန်လုပ်နိုင်အောင် ကြိုးစားကြည့်ပါ။ အကောင်း မြင်တတ်ခြင်း၊ သနားတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း၊ အရှိကို အရှိတိုင်း လက်ခံတတ်ခြင်း စသည့် အတတ်ပေါင်းများစွာ အလိုလိုတတ်မြောက်လာသလို ငြိမ်းချမ်းခြင်း၊ အေးမြခြင်းတွေကို မလွဲမသွေ ရရှိလာပါလိမ့်မည်။



Navigation System & DARPA  

Posted by ADMIN in

အလိုအလျှောက် ပဲထိန်းစနစ် (Automatic Navigation System) ဆိုသည်နှင့် လူအများတို့ မျက်စိထဲမှာ ချက်ချင်းမြင်စေသောအရာမှာ ကား (သို့) လေယာဉ် (သို့) သင်္ဘော တို့ကို အဝေးမှ ထိန်းချုပ်မောင်းနှင်ခြင်းပင်ဖြစ်သည်။ အချို့ သိပ္ပံနှင့် အလှမ်းမကွာသူများက ဂြိုဟ်တု များနှင့် ဒုံး များကို စပ်ဆက် တွေးတောကြသည်။ သိပ္ပံပညာတို့၏ ထုံးစံအတိုင်းပင် Automatic Navigation System ဆိုသည်မှာလဲ ကျယ်ပြန့်နက်နဲလှပေသည်။

ရွေ့လျှားနေသော ယာဉ်တစ်စီးအား အဝေးမှ ပဲ့ထိန်းနိုင်ခြင်းကို ပထမ ဆုံး မြေပြင်ပေါ်တွင် ကေဘယ် ကြိုးတန်းလန်း များဖြင့် စတင် အကောင်ထည်ဖော်ကာ စက်ရုပ်ငယ် (Robot) များဖြင့် စတင်ခဲ့သည်။ ထို့နောက် အတားအဆီး ကန့်သက်ချက်နည်းပါးသော လေထဲတွင် တွင်တွင်ကျယ်ကျယ် အကောင်ထည် ဖော်ခဲ့သည်။ AutoPilot (automated control system which watches over an airplane while in flight) နှင့် Satellite Navigation System ( ဂြိုဟ်တုစနစ် ) များသည် Navigation System ၏ အကြီးဆုံး အောင်မြင်ခဲ့မှုများဖြစ်ပေသည်။ Navigation System ဖြင့် ကမ္ဘာပေါ်ရှိ လူသားများကို အကျိုးပြုသည့် ဂြိုဟ်တု အမျိုးအစားပေါင်းများစွာနှင့် မောင်းသူမဲ့ လေယာဉ်များကို သိပ္ပံပညာရှင်တို့ တီထွင်နိုင်ခဲ့ပြီးဖြစ်သည်။ လေထုထဲ စမ်းသပ်တီထွင်မှုများ အောင်မြင်ခဲ့ပြီးနောက် မြေပြင်ပေါ်တွင်လည်း အသုံးပြုနိုင်ရန် မောင်းသူမဲ့ ကားများကို အသင့်အတင့် တီထွင်အောင်မြင်နေပြီဖြစ်သည်။


Robot ကားငယ်တစ်စီး

Robot ကားငယ် တစ်စီး (အတွင်းပိုင်း)



Unmanned on Ground

မြေပြင်ပေါ်သုံး မောင်းသူမဲ့ယာဉ် (Unmanned on Ground) သည် Navigation System ၏ အခက်အခဲဆုံးနှင့် အသုံးအဝင်ဆုံး ဖြစ်လာမည့် သုတေသန တစ်ခု ဖြစ်သည်။ အမေရိကန်နိုင်ငံ မီယ်လွန် တက္ကသိုလ် (Mellon University) ၏ National Robotics Engineering Center (NREC) မှ မောင်းသူမဲ့ စစ်သုံး ယာဉ် (unmanned ground combat vehicle (UGCV)) များကို နေ့စဉ်နှင့်အမျှ သုတေသန ပြုလုပ်လျှက်ရှိသည်။ မောင်းသူမဲ့ စစ်သုံး ကင်းလှည့်ယာဉ်များကို ၂၀၀၈ ခုနှစ် အေပရယ် လတွင် အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်နိုင်ခဲ့သည်။

အမေရိကန် စစ်တပ်သည် အချိန်ကာလ အစောပိုင်းကတည်းကပင် မြေပြင်ပေါ်တွင် သုံးနိုင်သော အဝေးထိန်း ယာဉ်ငယ်များနှင့် Robots နည်းပညာအချို့ကို ကင်းလှည့် စောင့်ကြပ်ခြင်းလုပ်ငန်းများနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဖြစ်သည်။ ကာကွယ်ရေးလုပ်ငန်းများ တွင် Navigation System အား ပိုမိုစိတ်ဝင်စားလာရခြင်းမှာ မိုင်းကွင်းများကို ဖြတ်ကျော်ရမည့် အခြေအနေများ၊ ရှေ့တန်းစစ်မျက်နှာတွင် ပိတ်မိနေသော မိမိတပ်မတော်သားများကို ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် လိုအပ်သည့်အခြေအနေများ၊ သဘာဝအန္တရယ် (သို့) လူလုပ်အန္တရာယ် ရှိသည့် လမ်းများကို မဖြစ်မနေ ဖျက်ကျော်ရမည့်အခြေအနေများတွင် မဖြစ်မနေ အသုံးပြုရန် လိုအပ်သောကြောင့်ဖြစ်သည်။ ထို့အပြင် ယနေ့ခေတ်တွင် ဆင်ဆာနည်းပညာ (Sensor Technology) ဖြင့် အတားအဆီးများကို အသုံးပြုလာကြပြီဖြစ်ရာ အလွန် အန္တရာယ်ကြီးမားသာ ထိုအတားအဆီးကိုများကို ဖြတ်ကျော်နိုင်ရန် အတွက် Navigation System သုံး Robot များကို အသုံးပြုရပေမည်။


မောင်းသူမဲ့ ကင်းလှည့်နှင့် ထောက်ပံ့ပို့ဆောင်ရေးယာဉ်


မောင်းသူမဲ့ ကင်းထောက်ယာဉ်


Big Dog ခေါ် သယ်ယူပို့ဆောင်ရေး Robot


Unmanned in Air

မောင်းသူမဲ့ ယာဉ်များကို မြေပြင်ပေါ်နှင့် ရေအောက်ထက် ကောင်းကင်ပေါ်တွင် ပိုမို အောင်မြင်အောင် စမ်းသပ်နိုင်သည်။ အဓိက အားသာချက်မှာ ရွေ့လျှားမှု လမ်းကြောင်းတစ်လျှောက် အတားအဆီး အနှောက်အယှက် နည်းပါးခြင်းနှင့် Signal အပေးအယူအတွက် ကြားခံ အတားအဆီး နည်းပါးသောကြောင့်ဖြစ်သည်။ နယူး မက္ကစီကို ပြည်နယ် (New Mexico State) ရှိ University's Physical Science Laboratory မှ ရေဒီယို စနစ်၊ အနီအောက်ရောင်ချည်သုံး ကင်မရာ များကို ထည့်သွင်း ထားသော မောင်းသူမဲ့လေယာဉ်များကို အီရက် စစ်ပွဲမတိုင်မီ သုတေသန ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် DARPA နည်းပညာများကို ထပ်ပေါင်း၍ အလေးချိန် တန် ၂၀ ကို အနည်းဆုံး ၇၄၀ ကီလိုမီတာထိ သယ်ယူနိုင်အောင် စီမံနိုင်ခဲ့သည်။


အသံထက်မြန်သော မောင်းသူမဲ့လေယာဉ် HTV-2 နှင့် HTV-3

အသံထက်မြန်သော မောင်းသူမဲ့လေယာဉ်များ အဆင့်ဆင့်ပြောင်းလဲလာပုံ


HTV-3X



Unmanned Aerial Vehicles (UAVs)

အစပိုင်းတွင် Auto Pilot စနစ်ကို အမေရိကန်နိုင်ငံ၌ အမေရိကန် ရေတပ်မှ ဦးစီးပြီး သုတေသန ပြုခဲ့သည်။ ထို့နောက် မိုင်းအန္တရာယ်များနှင့် အခြားထောင်ချောက် များအတွက် ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန် ကာကွယ်ရေး ဝန်ကြီးဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။

DARPA နှင့် အမေရိကန် လေတပ် တို့ ပူးပေါင်း၍ Falcom (အပေါ်နှုတ်သီးတွင်ပါသော စောင်းမာများဖြင့် အမဲကို ကိုက်ဖြတ်တတ်သော သိမ်းငှတ်တစ်မျိုး) အမည်ဖြင့် အသံထက်မြန်သော မောင်းသူမဲ့လေယာဉ်ကို ပထမဆုံး တီထွင်ခဲ့သည်။ ထို အသံထက်လျှင်မြန်သော လေယာဉ် (Hypersonic Technology Vehicle (HTV)) သည် ၁၂၀၀၀ ပေါင် ရှိပြီး မိုင် ၉၀၀၀ ကို ၂ နာရီခန့်ဖြင့် မောင်းနှင်နိုင်ခဲ့သည်။ ယခုအခါ ထို HTV ကို လေအား (သို့) နေရောင်ခြည်စွမ်းအင်သုံးပြီး မောင်းနှင်းထိန်းချုပ်ဖို့ ကြိုးစားလျှက်ရှိသည်။

အီရက် စစ်ပွဲတွင် အမေရိကန်တို့ အသုံးပြုခဲ့သော မောင်းသူမဲ့ ကင်းထောက်လေယာဉ်


နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်


Unmanned under Water

မောင်းသူမဲ့ ရေငုပ်သင်္ဘော များသည် စစ်ဘက်နှင့် ရေအောက် သုတေသန လုပ်ငန်းများအတွက်သာ အသုံးဝင်ပြီး ပျက်စီး ပျောက်ဆုံးမှုများ မကြာခဏ ကြုံတွေ့ရသောကြောင့် သိပ္ပံပညာရှင်တို့ သည် ကောင်းကင်ပေါ်နှင့် မြေပြင်ပေါ်လောက် စိတ်ဝင်စားမှု နည်းကြသည်။ ၂၀၀၅ ခုနှစ် ဂျူလိုင် တွင် အမေရိကန် ရေတပ်မှ သမုဒ္ဒရာ ရေပြင်အောက်ရှိ တိရစ္ဆာန်များ၏ သေဆုံးမှုကို လေ့လာရန်အတွက် မောင်းသူမဲ့ ရေငုပ်သင်္ဘော Uunmanned Underwater Vehicles (UUVs) များကို စတင်တီထွင်အသုံးပြုခဲ့သည်။ ထို့နောက် အားနည်းချက်များကို ပြင်ဆင်ပြီး ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် ပိုမိုကောင်းမွန်အောင် တီထွင် အသုံးပြုခဲ့သည်။ မောင်းသူမဲ့ ရေငုပ်သင်္ဘောများသည် အလေးချိန် အရွယ်အစား အမျိုးမျိုးရှိကြပြီး အသေးဆုံး ၂၅ ပေါင်မှ အကြီးဆုံး ပေါင် ၂၅၀၀၀ ထိ ရှိသည်။ ရေအောက်တွင် ဖြစ်သောကြောင့် ကမ္ဘာ့ဆွဲအား မြေပြင်ပေါ်လောက် ထည့်သွင်း စဉ်းစားရန်မလိုပေ၊ အကြီး အသေး ကို စိတ်ကြိုက် ပုံဖော်နိုင်သည်။ မနှစ်က နောက်ဆုံး ထုတ်လုပ်ခဲ့သော မောင်းသူမဲ့ ရေငုပ်သင်္ဘော (Long-Term Mine Reconnaissance System (LMRS)) သည် အချင်း ၂၁ လက်မရှိပြီး အရှည် ၃ မီတာ ကျော် ရှိသည်။


မောင်းသူမဲ့ ရေငုပ်သင်္ဘော UUV


DARPA

Navigation System ၏ နောက်ဆုံး အောင်မြင်မှုကို မေးပါက DARPA အကြောင်းကို ပြောရပါလိမ့်မည်။ DARPA ဆိုသည်မှာ (Defense Advanced Research Projects Agency) ဖြစ်ပြီး အမေရိကန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန၏ အရေးအပါဆုံး အေဂျင်စီ အဖွဲ့များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ အေဂျင်စီ ၏ ရည်ရွယ်ချက်မှာ အဆင့်မြင့်နည်းပညာများကို ထိန်းသိမ်းရန်နှင့် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေး လုပ်ငန်းများအတွက် အထောက်အကူပြုမည့် ရှာဖွေမှုများအတွက် သုတေသန ပြုလုပ်ရန်ဖြစ်သည်။ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာ သန်းပေါင်းများစွာ အကုန်ကျခံပြီး နည်းပညာပြပွဲများ၊ ပြိုင်ပွဲများကို အေဂျင်စီ က အလျှင်းသင့်သလို ကျင်းပပေးခဲ့သည်။ DARPA တွင် အခြေခံအကျဆုံးနှင့် အရေးအပါဆုံး နည်းပညာမှာ Autonomous Ground Vehicles ဖြစ်သည်။

အလိုလျှောက် မောင်းနှင်သော ယာဉ် ၏ နည်းပညာနောက်သို့ ကမ္ဘာ့နိုင်ငံတော်တော်များများ လိုက်ခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖြစ်သည်။ သမိုင်းမှတ်တမ်းများအရ အမေရိကန်နိုင်ငံက ၁၉၅၀ ကျော်ကတည်းက သုတေသန ပြုခဲ့သည်ဟု ဆိုသည်။ ဂျပန်နိုင်ငံသည် ၁၉၇၇ ခုနှစ်ကတည်းက စတင်သုတေသနလုပ်ခဲ့သည်။ ဂျာမနီနိုင်ငံမှ (Ernst Dickmanns နှင့် VaMP)၊ အီတလီနိုင်ငံမှ (the ARGO Project) ၊ ဥရောပ သမဂ္ဂမှ EUREKA Prometheus Project (PROgraMme for a European Traffic of Highest Efficiency and Unprecedented Safety,1987–1995) ၊ စသည့် project များကို စီမံကိန်းချ၍ သုတေသနများ အသီးသီး လုပ်ဆောင် ခဲ့ကြသည်။ အခြားနိုင်ငံပေါင်းများစွာကလည်း အသီးသီး သုတေသန လုပ်ခဲ့ကြသည်။

DARPA အေဂျင်စီ က ကမကထ ပြုလုပ်ပြီး မောင်သူမဲ့ ကား များအား ပြိုင်ပွဲများ ကို ၂၀၀၄ မတ်ခ်ျ လ ၁၃ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၀၅ ခုနှစ် အောက်တိုဘာ လ ၈ ရက်နေ့တွင် တစ်ကြိမ်နှင့် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ တွင် တစ်ကြိမ် ပြုလုပ်ကျင်းပပေးခဲ့သည်။ ပထမ ဆုကို ဒေါ်လာ ၂ သန်းထိ ချီးမြင့်ပေးခဲ့သည်။ ယခင်က ပေါင် ၁၈၀၀ ရှိသော ယာဉ်ကို ယခင်က တစ်နာရီလျှင် ၅ မိုင် မောင်နှင်နိုင်ခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် မိုင် ၆၀ ကို ၆ နာရီနှင့် မောင်းနှင်ပြသနိုင်ခဲ့သည်။

DARPA မှ ပြိုင်ပွဲဝင် ကားတစ်စီး


DARPA ၏ ပဲ့ထိန်းစနစ်တွင် အရေးပါဆုံး နည်းပညာမှာ Micro Inertial Navigation Technology (MINT) ဖြစ် ပြီး တည်နေရာခန့်မှန်းတွက်ချက်သည့် စနစ် နှင့် ပဲထိန်း စနစ်များကို အခြေခံသည်။ အဓိက အနှစ်သာရမှာ Tracking System (ထပ်ကြပ်မကွာ လိုက်သောစနစ်) ဖြစ်သည်။ စစ်ရေးနှင့် အခြား ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးအဝင်ဆုံး စနစ်ဖြစ်သည်။

ဤနည်းပညာသည် ရွှေ့လျှားမှုများကို အနုစိတ် တိတိကျကျ တွက်ချက်ပြီး စီမံခန့်ခွဲရသည်။ မြေပုံပေါ်တွင် လှုပ်ရှားနေသော ယာဉ်နောက်သို့ ထပ်ကြပ်မကွာလိုက်သည့် နည်းပညာနှင့် ပြင်ပရှိ မူရင်းတည်နေရာအမှန်ကို တိတိကျကျ မြေပုံပေါ်တွင် ဖော်ပြသော စနစ် နှစ်ခုကို ပေါင်းထားခြင်းဖြစ်သည်။ Autonomous Vehicle နည်းပညာအတွက် အသိဥာဏ်၊ မောင်သူကိုယ်စား ဝင်ရောက်ထိမ်းချုပ်မည့်စနစ်၊ တိကျသေချာသော စေခိုင်းမှု နှင့် လုံခြုံချောမွေ့မှု့၊ လိုအပ်ချက်အတိုင်း တိတိကျကျ မောင်းနှင်နိုင်မှု စသည့် စနစ် များကို တိတိကျကျ အချိတ်ဆက်မိအောင် စီမံရသည်။

DARPA အေဂျင်စီမှ ၂၀၀၇ ခုနှစ်က ပထမ ရရှိသော ကား ကို ဒေါ်လာ ၂ သန်း၊ ဒုတိယ ဒေါ်လာ ၁ သန်းနှင့် တတိယ ဒေါ်လာ ၅ သောင်း ချီးမြင့်ပေးခဲ့သည်။ ၂၀၀၇ ခုနှစ် တွင် ဆုရရှိခဲ့သောကား “Boss” ကို အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းဖြစ်သော Carnegie Mellon မှ ပညာရှင် လူငယ်များက တီထွင်ထုတ်လုပ်ခဲ့သည်။ ၎င်း၏ လျှပ်စစ်ထုတ်ကိရိယာ (generator) တွင် Blade ပြား ၁၀ ခု တပ်ဆင်ထား ပြီး Blade တစ်ခုတွင် Intel Core 2 Duo, running at 2.16GHz ရှိသော processor ၁ ခု စီ တပ်ဆင်ထားသည်။ လုံလောက်သော အအေးဓာတ်ရရှိစေရန် လေအေးပေးစနစ် (air conditioning system) ပါရှိပြီး Control လုပ်ရန်အတွက် Sensors လိုင်းပေါင်း 250,000 ကျော်အသုံးပြုထားသည်။ ပေါင် ၁၀၀၀ ကျော် အလေးချိန်ရှိပြီး ထိန်းချုပ်မှုနှင့်လွတ်သွားပါက အလိုလို ရပ်တန့်သွားစေရန် တီထွင်ထားသည်။ DARPA က ၂၀၁၅ ခုနှစ်တွင် လူလုံးဝ ထိန်းချုပ်ပေးရန်မလိုသော မောင်သူမဲ့ကားများ တီထွင်နိုင်မည်ဟု ကြွေးကြော်ထားသည်။



Boss





Tracking System

Tracking System သည် လေထဲတွင်ဖြစ်စေ၊ ကုန်ပေါ်တွင်ဖြစ်စေ၊ ရေထဲတွင် ဖြစ်စေ တည်နေရာ GPS ၏ အကူအညီကိုယူ၍ တည်နေရာကို တိတိကျကျ ပြသနိုင်ရန်နှင့် ထပ်ကြပ်မကွာ လိုက်လံထိန်းချုပ်နိုင်ရန် ပြုလုပ်ထားသော စနစ် ဖြစ်သည်။ ထပ်ကြပ်မကွာ လိုက်ခြင်း၊ အကွက် တစ်ကွက်မှ တစ်ကွက် (တစ်နေရာမှ တစ်နေရာခြင်း) စနစ်တကျ ရွေ့လျှားမှု၊ အလျှင်တဖြည်းဖြည်း မြင့်မားလာမှု နှင့် ပဲ့ထိန်းမှု ကို လုပ်ဆောင်ရာတွင် Tracking System က အလွန် အရေးပါလှသည်။ Tracking & Navigation (တည်နေရာရှာဖွေခြင်း၊ ထပ်ကြပ်မခွာလိုက်ခြင်း၊ ပဲထိန်းခြင့်း) အတွက် ကမ္ဘာ့နေရာပြစနစ် (GPS) ကို အသုံးပြုရမည်ဖြစ်သည်။ သို့သော် စစ်ဖြစ်လျှင် GPS အသုံးပြုခွင့်ကို ပိတ်ခံရမည်ဖြစ်သောကြောင့် GPS အစား နေရာပြစနစ် တစ်ခု အစားထိုးရန် စဉ်းစားဖို့လည်း လိုအပ်ပေသည်။


GPS Receiver များ

GPS Satellite အပြင်Antenna ၃ ခုဖြင့် တည်နေရာရယူခြင်း

Antenna များ စိုက်ထူရမည့် ပုံစံ (တြိဂံ အကွက် တစ်ခုရှိ ယာဉ် (သို့) Receiver တစ်ခု သည် တြိဂံထောင့်စွန်းရှိ Antenna ၃ ခု မှာ Signal ၃ ခု ကို ဖမ်းယူ၍ ထို အကွက်မှာ နောက်တစ်ကွက် ကို ကျော်သွားသည်နှင့် နောက် ၃ ခု က ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်)


Israel G-Nius UGS - Avantguard UGCV, Guardium LS UGV & Guardium UGV



အမေရိကန် သမ္မတ အိုဘားမှား အရူးထခဲ့သည် ဆိုသော Boston Dynamics Big Dog



Robotic UAV Prototype Animation




DARPA Falcon hypersonic X-plane




AUV Guide-Introduction




The DARPA Geand Challenge 2005




The DARPA Geand Challenge 2007




Webliography

http://www.darpa.mil/

http://www.autoblog.ru/robot-touareg

http://viterbi.usc.edu/news/news/2009/taking-the-dog.htm

http://www.google.com/

http://www.wikipedia.org/



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

မာတိကာ

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com