Rules For Being Human  

Posted by ADMIN in



  • You will receive a body. You may like it or hate it but it will be yours for the entire period this time around.



  • သင်ဟာ ခန္ဓာကိုယ် တစ်ခု ရမယ်။ အဲဒီ ခန္ဓာ ကို သင် ကြိုက်ချင်လည်း ကြိုက်မယ်၊ မုန်းချင်လည်း မုန်းမယ်၊ ဒါပေမယ့် ဒီဘ၀အတွက်တော့ ဒီခန္ဓာကိုယ်ဟာ သင့်ခန္ဓာကိုယ်ပဲ။




  • You well learn lessons. You are enrolled in a full time informal school call "life". Each day in this school you will have the opportunity to learn lesson. You may like the lessons or think them irrelevant or stupid.



  • ရောက်သွားတဲ့ ဘ၀မှာ သင်ခန်းစာတွေ အများကြီး ဆည်းပူးရလိမ့်မယ်။ ဘ၀ လို့ခေါ်တဲ့ သင်ရိုး သက်မှတ်ချက် မရှိတဲ့ အချိန်ပြည့် ကျောင်းကြီးမှာ စာရင်းသွင်းထားပြီ။ ဒီကျောင်းမှာ နေ့စဉ်ပဲ သင့်ဘ၀အတွက် သင်ခန်းစာတွေ ဆည်းပူးခွင့် ရလိမ့်မယ်။ ဒီသင်ခန်းစာတွေကို သင် သဘော ကျချင်လည်း ကျမယ်။ အရေးမပါဘူးလို့ ထင်ချင်လည်း ထင်မယ်။ အဓိပ္ပါယ် မရှိဘူးလို့ ထင်ချင်လည်း ထင်မယ်။




  • There are no mistakes, only lessons; growth is a process of trial and error expration. The failed experiments are as mach a part of the process as the experiments this ultimately works.



  • အမှားမရှိပါဘူး၊ သင်ခန်းစာတွေချည်းပါပဲ။ လုပ်ရင်း၊ မှားမှန်းသိရင်း၊ ပြင်ရင်းနဲ့ပဲ ဥာဏ်ပညာ ကြီးတဲ့သူ ဖြစ်လာတာပဲ။ မအောင်မြင်တဲ့ စမ်းသပ်မှုဟာ အောင်မြင်တဲ့ စမ်းသပ်မှုလိုပဲ အသိဥာဏ် ကြီးပွားမှုကို အထောက်အကူ ပြုပါတယ်။



  • A lesson is repeated until learned. A lesson will be resend to you in various forms until you have learned it. When you have learned it you can then go on to the next lesson.



  • သင်ခန်းစာ တစ်ခုကို မကျေညက်ရင် အဲဒီသင်ခန်းစာပဲ ထပ်တွေ့ရမယ်။ သင်ခန်းစာ မရမချင်း ဒီသင်ခန်းစာ ရမယ့် အခြေအနေကိုပဲ ပုံစံအမျိုးမျိုးနဲ့ ထပ်တွေ့ရမယ်။ သင်ခန်းစာ တစ်ခုကို သေသေချာချာ နားလည်သွားပြီ သဘောပေါက်သွားပြီ ဆိုလျှင်တော့ နောက် သင်ခန်းစာတစ်ခုကို တက်ရပြီ။




  • Learning lessons does not end. There is no part of life that does not contain it lessons. I you are alive there are lessons. If you are alive there are lessons to be learned.



  • ပညာသင်တာ အဆုံးမရှိပါဘူး။ ဘ၀မှာ သင်ခန်းစာ ယူစရာမရှိတဲ့ အချိန်အခါ၊ အသက်အရွယ် အပိုင်းအခြားဆိုတာ မရှိပါဘူး။ အသက် ရှင်နေသရွေ့ သင်ခန်းစာ ယူစရာတွေ ရှိနေသေးတာပဲ။

(ဦးဇောတိက)



အတွေးမှတ်စုများ (၃)  

Posted by ADMIN in



  • ယနေ့လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။

  • တစ်ဝက်တစ်ပျက်သာ ပြီးသောအလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။

  • အောင်မြင်မှုသည် ဘယ်သောအခါမှ အပြီးမသတ်ပါ။ ထို့အတူ ရှုံးနိမ့်မှုသည်လည်း အဆုံးအစွန်ထိ ပျက်စီးခြင်းဟူ၍မရှိပါ။

  • သင်္ချာတွင် အခက်ဆုံးပုစ္ဆာကို ရှောင်မသွားပါနှင့် ရင်ဆိုင်ပြီးတွက်လိုက်ပါ။ ကျန်သည့်ပုစ္ဆာများသည် အလွယ်လေးဖြစ်၍ အားလုံး အောင်မြင်ပြီး ဖြစ်ပါလိမ့်မည်။

  • သူတပါးကို အားပေးခြင်းသည် ခဲယဉ်းသော အလုပ်တစ်ခုမဟုတ်ပါ။

  • ကြီးမြတ်ခြင်းအဆင့်သို့ ရည်စူးမျှော်မှန်းသူ တစ်ဦးအတွက် ကြမ္မာဆိုး တစ်ကြိမ် ၀င်ရောက်လာရုံမျှဖြင့် အားလုံး ဆုံးရှုံးသွားပြီဟု မမှတ်ယူပါနှင့်၊ လုပ်စရာတွေ အမြောက်အများ ကျန်နေသေးသည်ကို အမှတ်ရပါ။

  • အောင်မြင်မှု ဆိုသည်မှာ လွယ်ကူသောအရာ မဟုတ်ပါ။ အောင်မြင်မှုသည် ဘယ်တော့မှ အချောင်မရပါ။ အချောင်ရသော အရာများကလည်း အောင်မြင်မှုမဟုတ်ပါ။

  • ဘ၀ ကပေးသော ဆုလာဘ်ကို သင်ရယူလိုလျှင် ကြိုးပမ်းရမည်။ ခဲယဉ်းစွာယူမှ ရပါမည်။

  • ရယ်မောခြင်းသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာစေနိုင်သော ဆေးစွမ်းကောင်းဖြစ်သည်။

  • " ဘ၀ " ဆိုတဲ့  စကားလုံးကို သဘောပေါက်သွားတဲ့အခါ ဘာမဆို ရင်ဆိုင်နိုင်ဖို့ သတ္တိတွေ မွေးဖွားလာမှာ သေချာတယ်။

  • မိုးရွာတုန်းရေခံ။ မိုးရွာတာက ကံ၊ ရေခံတာက ၀ီရိယ။

  • ကြွေးဟောင်းဆပ်မပြီးခင် ကြွေးသစ်ကို ထပ်မယူမိပါစေနှင့်။

  • ဘ၀ကို အဆန်းတကျယ် လုပ်ပြီး စာမဖွဲ့ချင်ဘူး ၊ ရှုပ်ထွေး ပွေလီလှတဲ့ လောကကြီးမှာ လဲရင်ပြန်ထ ဒါဘ၀ပဲ။

  • ကိုယ့်ကိုယ်ကို အောင်နိုင်သူဖြစ်မယ်လို့ ယုံကြည်ထားသူ တစ်ယောက်ဟာ အမှန်တကယ် အောင်နိုင်သူ ဖြစ်စေတယ်။

  • အိုမင်း ရင့်ရော်လာ သောကြောင့် ရယ်မာခြင်း ရပ်ဆိုင်းသွားခြင်းမဟုတ်၊ ရယ်မောခြင်း ရပ်ဆိုင်းသွားခြင်း ကြောင့်သာ အိုမင်းလာခြင်းဖြစ်သည်။

  • ကြီးမားသော အခွင့်အရေး များသည် ကြီးမားသော ပြဿနာကြီးများ အသွင် မကြာခဏ ရုပ်ဖျက်၍ လာလေ့ရှိကြသည်။

  • အများဆုံး ခွင့်လွှတ်သူသည် အများဆုံး ခွင့်လွှတ်ခြင်း ခံရသည်။

  • အမျက် ဒေါသအတွက် အကောင်းဆုံး အဖြေမှာ ဆိတ်ဆိတ်နေခြင်းပင် ဖြစ်သည်။

  • သင့်လျှို့ဝှတ်ချက်ကို သင့်အင်္ကျီပင် မသိစေနှင့်။

  • သုံးယောက်သိလျှင် အကုန်သိလေပြီ။

  • ဖိတ်သွားတဲ့နွားနို့အတွက် ငိုနေလို့မထူးဘူး။

  • ငယ်ငယ်ကတော့လောင်းကစား၊ ကြီးလာတော့ သူတောင်းစား။

  • မတောင်းသောသူကို အကြံမပေးပါနှင့်။

  • သတိ သည် လုံခြုံခြင်း၏ မိခင်ဖြစ်သည်။

  • ခွင့်လွှတ်ဖို့ရာကောင်း၏၊ မေ့ပစ်ဖို့ရာ အကောင်းဆုံး။



ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်  

Posted by ADMIN in



  • ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်။ လောင်းကစား အရက် မရှုပ်နဲ့ ရှိတာလေးပြုတ်သွားမယ်။



  • ငွေများများ ရှာချင်ရင် သူများ မတွေးတဲ့ အတွေးမျိုးကို အတက်ပညာနဲ့ ပေါင်းစပ်ပြီး မရပ်မနား အလုပ်လုပ်။



  • ငွေကို ကြိုးစားရှာပါ။ သို့သော် ကပ်စေးနဲ တွန့်တိုခြင်း၊ ပရမ်းပတာ သုံးဖြုန်းခြင်း၊ မက်မော တွယ်တာလွန်းခြင်း မဖြစ်သင့်။



  • ၀င်ငွေနှင့် ထွက်ငွေ မျှတအောင် မသုံးစွဲနိုင်လျှင် ပျော်ရွှင်မှုနှင့် ဝေးမည်ပင်။



  • ငွေကြေး ရှာဖွေရာတွင် ၀ီရိယလိုအပ်သည်။ ဥာဏ်လိုအပ်သည်။ သတိတရားလည်း ထားရှိရမည်။ ငွေကြေးအပေါ် မက်မောမှုလည်း ရှိရမည်။



  • ငွေကို မိတ်ဆွေလိုဆက်ဆံပါ။ ရန်သူမလုပ်ပါနှင့်။ ငွေပိုရှာနိုင်သော အရည်အသွေးကို မြှင့်တင်ပါ။ အခွင့်အလမ်းကို တွေ့အောင်ရှာပါ။ မိအောင်ဖမ်းပါ။ အချိန် နှင့် မိတ်ဆွေဖွဲ့ပါ။ သင့်စုဆောင်းငွေကို အကျိုးရှိစွာ ရင်းနှီး မြုပ်နှံပါ။ ကြီးပွား ချမ်းသာလိုစိတ်မွေးပါ။



  • ဆင်းရဲတွင်ထဲ ၀ုန်းခနဲတွန်းချနိုင်တာ ပျင်းရိခြင်းဆိုတဲ့ လက်တစ်ဖက်ပါပဲ။



  • သူဌေးဖြစ်ချင်လျှင် ဇွဲ၊ လုံ့လ၊ ၀ီရိယရှိပါ။



  • တကယ် ကြီးပွားချင်စိတ်ရှိရင် တကယ်ကြီးပွားမှာပါ။



  • လောကမှာ ချမ်းသာချင်စိတ်နဲ့ တကယ်ကြိုးစားရင် မချမ်းသာတဲ့သူဆိုတာ မရှိပါဘူး။



  • လုပ်စရာရှိတဲ့ အလုပ်ကို အချိန်မဆွဲပဲ ချက်ချင်းထလုပ်။ အလုပ်ထဲမှာ စိတ်ရောကိုပါ နှစ်ထားတဲအတွက် အလုပ်ရဲ့ အားနည်းချက်တွေကို သူတပါးထက်ပိုပြီး မြင်နိုင်ပါတယ်။ အောင်မြင်အောင် ဘယ်လို လုပ်ရမယ်ဆိုတာလဲ နည်းလမ်းတွေ ရလာတတ်တယ်။



  • အတိတ်၊ ကံ အကြောင်း မစဉ်းစားနဲ့။ အတိတ်၊ ကံ ဆိုတာ ကိုယ် လုပ်လို့မရဘူး။ ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက် တော့ဘူး။ လောလောဆယ် မင်းလုပ်ရမှာက လက်ရှိဘ၀ကို အကောင်းဆုံး ဖြစ်အောင်လုပ်၊ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို တဖြည်းဖြည်း တိုးတက်အောင် လုပ်နိုင်တယ် ဆိုရင် မင်းကြီးပွားမှာပဲ။



  • အလုပ်ထဲမှာ စိတ်နှစ်ကိုယ်နှစ် ပျော်ပျော်ပါးပါး လုပ်ကိုင်ပါ။



  • အောင်မြင် ကျော်ကြားသူတွေရဲ့ဘ၀မှာ အရေး အကြီးဆုံးတစ်ခုက အချိန်ပဲ။ လူတစ်ယောက်ဟာ အခြား တစ်ယောက်ထက် အချိန် နှစ်ဆလောက် ပိုပြီးလုပ်မယ်ဆိုရင် သူဟာ နှစ်ရက် ရှေ့ရောက်သွားမှာပဲ။



  • သင်သည် အလုပ် ကြိုးစားသူဖြစ်က တိုင်းပြည်ရှိ လူအားလုံး၏ ၅၀% ကို ကျော်လွှားပြီးသား ဖြစ်ပါလိမ့်မည်။ သင်သည် ရိုးသား ဖြောင့်မက်သူဖြစ်က နောက်ထပ် ၄၀% ကို ကျော်လွှားနိုင်သည်။



  • အပြုဘက်သို့ တွေးတက်သည့် စိတ်သည် ပညာရေး၊ စီးပွားရေး၊ အားကစားရေး စသည့် မည်သည့် အရေးမဆို အောင်မြင်မှုသို့ ဦးတည်စေသည့် အခြေခံဖြစ်သည်။



  • သဘာဝကို သဘာဝအတိုင်ထားပါ။



POVERTY  

Posted by ADMIN in

  • The rich man plans for tomorrow, the poor man for today.

  • Better die ten years early than live ten years poor.

  • Troubles rain from walls and doors for poor man.

  • Poverty is the heritage of poverty.

  • The defect of poverty is the destroyer of a host of virtues.

  • The desires of the poor spring up and perish.

  • Easier to get money than to keep it.

  • Poor people have no relations.



MONEY  

Posted by ADMIN in ,

  • He that has no money, has no friends.

  • A purse without money is but a piece of leather.

  • The offence given by not lending is to be preferred to the annoyance endured after lending.

  • A heavy purse makes a light heart.

  • Sweet is the voice of the man who has wealth.

  • To him who has no money, all things are lacking.

  • He who finds no money in his own purse is still less likely to find it in that of other.



အတွေးမှတ်စုများ (၂)  

Posted by ADMIN in


  • မနက်တိုင်းတွင် ဘ၀သစ်တစ်ခုကို စတင်ရန် အခွင့်အလမ်း သင့်တွင်ရှိသည်။


  • ဖြစ်မြောက် အောင်မြင်လိုသောဆန္ဒရှိသူအား ဘယ်အရာမှ တားဆီးခြင်း မပြုနိုင်။ အခက်အခဲ အတားအဆီးတိုင်းသည် သူ၏ ကိုယ်၊ စိတ်၊ ကြွက်သားများ စွမ်းဆောင်ရည် တိုးတက်အောင် လေးကျင့်ပေးသည့် အရာများသာဖြစ်သည်။


  • လူတကာနှင့် ယှဉ်ပြိုင်ရဲသော စိတ်ရှိရလိမ့်မည်။


  • စိတ်ဓာတ်မကျအောင် သတိပြု ထိန်းသိမ်းပါ။


  • လူတို့သည် အခွင့်အရေးကို မမြင်တက်ကြ၊ အကြောင်းမူ အခွင့်အရေးသည် " အလုပ် " အသွင်ဖြင့် အလုပ်သမား ၀တ်စုံကို ၀တ်၍ လာတတ်သောကြောင့်ဖြစ်သည်။


  • ဘ၀ဟူသည် သင့်ဖန်တီးမှု ၁၀% နှင့် သင့်ခံယူမှု ၉၀% တို့ ပေါင်းစပ်ထားသည်။


  • အမှန်တကယ် စစ်မှန်သော ချီးကျူးစကားသည် လူတစ်ယောက်အား မိမိလုပ်ရပ်အပေါ် ပို၍ ထက်သန် တက်ကြွစေမည့် အင်အား အကောင်းဆုံးသော တိုက်တွန်းမှုတစ်ရပ်ဖြစ်သည်။


  • လူအများရှေ့တွင် ချီးမွမ်းပါ။


  • နည်းနည်းကလေး ပိုလုပ်တတ်သော အလေ့အထကို မွေးမြူပါ။ တစ်ခုတည်းပဲ ရွေးလုပ်ပါ။


  • ကြောက်စိတ်သည် လူတို့ကို အစွမ်းသတ္တိ ကင်းမဲ့စေသည်။ ကြောက်စိတ်သည် အခက်အခဲမျိုးစုံ ဖန်တီးပေးတတ်သည်။


  • စိတ်ညစ်စရာ တွေနဲ့ ကြုံခဲ့ရင် ရင်ဖွင်ဖို့။ စိတ်ပျက် အားငယ်နေချိန်မှာ အားပေး နှစ်သိမ့်ဖို့။ ပျော်ရွှင် ကြည်နူး နေချိန်မှာ မျှဝေ ခံစားဖို့။ တကယ် လိုအပ်နေတာက " သူငယ်ချင်းကောင်း " ။


  • ဘ၀မှာ အငြိမ်းချမ်းဆုံး နေချင်ရင် ကျေးဇူးရှိတဲ့သူ အားလုံးကို မစော်ကားမိစေပါနဲ့။


  • လူ၌ သတိတရားမကင်းရ၊ အသိတရားလည်းမကင်းရ၊ သတ္တိလည်း ကင်း၍မရသလို ဇွဲကိုလည်း ဘ၀ခရီး၌ အမြဲခေါ်ယူနိုင်ပါမှ။


  • အခက်အခဲဆိုသည်မှာ မခံချင်စိတ်နှင့် ဇွဲရှိသူအဖို့ ယာယီ အခိုက်အတန့်သာ ဖြစ်သည်။


  • ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ပြီးသူ ဖြစ်လျှင်၊ သူဖြစ်လျှင် ကိုယ်လည်းဖြစ်ရမည်။


  • အလျှော့မပေးသမျှ ကာလပတ်လုံး အရှုံးဟူ၍မရှိ။ ရှုံးလျှင်လည်း ယာယီ အခိုက်အတန့်သာ ဖြစ်သည်။ ထာဝရအရှုံးမဟုတ်။ လူဟူသည်မှာ မရမနေ၊ မဖြစ်မနေ၊ မရောက်မနေ၊ မအောင်အလျှော့၊ မဆုတ်တမ်း တင်းခံနိုင်သော စွမ်းရည်ရှိသည်။


  • စီးပွားရေး အလုပ်၌ ဇွဲရှိရမည်၊ ဇွဲသည် စီးပွားရေးအတွက် ဂုဏ်ရည်ဖြစ်သည်။ ဇွဲမရှိပါက စီးပွားရေးမှာ ကျဆုံးဖွယ် လမ်းသာရှိလေသည်။


  • အချိန်ဆွဲခြင်း၊ ပျင်းရိလေးလံခြင်းက တက်ကြွစိတ်၏ ရန်သူများဖြစ်သည်။


  • လုပ်မှဖြစ်မည်။ ရှာမှရမည်။ စားမှဝမည်။ သွားမှရောက်မည်။ သင်မှတက်မည်။ မေးမှသိမည်။ သည်းခံစိတ်ထားမှ စိတ်ချမ်းသာမည်။


  • အပေါင်းသင်းထားမှ အကြောင်းအချင်းများ ဖြေရှင်းရလွယ်ကူမည်။ အကျိုးတူရာ ပေါင်းဖွဲဆက်ဆံတက်သော အလေ့အထ ရှိရမည်။


  • အသိညဏ်နှင့် ယှဉ်သော ပူးပေါင်း ဆောင်ရွက်မှုမျိုးမှာ အလွန် တိုးတက် ထွန်းကားခြင်း အခြေခံ တရားပင် ဖြစ်သည်။


  • လောက၌ အပေါင်းအသင်းတို့ထဲမှ ယူတတ်လျှင် ငွေ၊ အင်အား၊ အလုပ်အကိုင်၊ အတွေးအကြံ၊ ဗဟုသုတနှင့် အကျိုးအခွင့် များစွာ ရရှိနိုင်သည်။


  • လုပ်ရဲကိုင်ရဲမှုသည် သတ္တိဖြစ်သည်။



အတွေးမှတ်စုများ (၁)  

Posted by ADMIN in




  • လက်ဦးဆရာက မိဘ။ ဒုတိယ ဆရာက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ။ တတိယ ဆရာက စာအုပ်စာပေ။



  • အချိန်တစ်ခုမှာ အသိ/အတက် ပညာတစ်ခု၊ (ဒါမှမဟုတ်) စီးပွားဥစ္စာတစ်ခု၊ (ဒါမှမဟုတ်) တရားဘာဝနာတစ်ခု ကိုယ့်အတွက် ကျန်အောင်လုပ်။



  • အရေးကြီးတဲ့ လုပ်စရာတွေ အများကြီးရှိတယ်။ ကောင်းတဲ့ စာပေတွေ လေ့လာရမယ်။ ဘ၀နဲ့ပတ်သက်ပြီး လေးနက်တဲ့ ကိစ္စတွေ ဆွေးနွေး ရမယ်၊ စဉ်းစားရမယ်၊၊ အတက်ပညာ၊ အသိပညာ အမျိုးမျိုး လေ့လာရမယ်။ လေ့ကျင့်ရမယ်။



  • သတိလက်လွတ်တဲ့အခါ မှားသွားတယ်၊ ဒါကြောင့် မြတ်စွာဘုရားက သတိနဲ့နေဖို့ဒီလောက်ထိ ဦးစာပေးထားတာ။ လူတစ်ယောက်မှာ စိတ်နေသဘောထား၊ အကျင့်သီလ၊ သီလဥာဏ်၊ လုပ်ရည်ကိုင်ရည် အားလုံး အဆင့် မြင့်မားလာဖို့ အခြေခံ အကျဆုံးအချက်ဟာ သတိပဲ။




  • စိတ်ထား ရင့်ကျက် တည်ငြိမ်လေလေ အနေထိုင် အစားအသောက် ရိုးလေလေပဲ။



  • အရေးကြီးတာက ' စ ' မိဖို့ပဲ။ စ, မိပြီးရင် နဲနဲ နဲ့ မှန်မှန်လုပ်။



  • မိခင်၏ နှလုံးသားသည် ရင်သွေးငယ်၏ ကျောင်းခန်းဖြစ်သည်။



  • အရာရာတိုင်းက သူ့ကို အလေးပေး၊ တန်ဖိုး ထားတက်တဲ့သူကို မျက်နှာသာ ပေးတက်စမြဲပါ။ အဲဒီထဲမှာ "အချိန်" ဆိုတာလဲပါနေတယ်။



  • လောကမှာ ဘယ်သူတွေမေတ္တာပျက်ပျက် မိဘနှစ်ပါးက မေတ္တာမပျက်ဘူး။



  • တွေ့ကြုံ စုံကွဲဆိုတာ လောက သဘာဝပဲ ဒါကို အရေးကြီး ခွင့်ကျယ်လုပ်နေရင် ဘ၀ဟာ ပူလောင် သွား လိမ့်မယ်။



  • အချစ်ဆိုတာ ဒဏ်ရာနဲ့ မျက်ရည်တွေအများဆုံးပေးတဲ့ ဗုံးတစ်လုံးပဲ။



  • တစ်ယောက်နဲ့ တစ်ယောက် ပေါင်းသင်း ဆက်ဆံရေး ပိုမို ခိုင်မြဲစေတဲ့အရာမှာ နားလည်မှုပင်ဖြစ်သည်။



  • အရာရာကို နားလည်ရင် ပြဿနာဆိုတာ နည်းသွားမှာပါ။



  • မိမိကိုယ်ကို ယုံကြည်စိတ်ပြည့်ဝသူသည် သူတပါးကို မှီခိုအားထားလိုစိတ်မရှိ။



  • အမြင့်ဆုံးကိုမှန်းပြီဆိုလျှင် အရာရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြတ်သန်းရမယ်။ လွယ်လွယ်နဲ့တော့ မရောက်ဘူး။



  • ပညာသင်ရာမှာ အရှက်တရားဟာ ရန်သူပါ။



  • လူသည် သူ့ကိုယ်သူထင်မြင်ထားသည့်အတိုင်း တကယ်ဖြစ်သည်။



  • သင့်ဘ၀သည် သင်လက်ခံသည့်အရာကို ပေးလိမ့်မည်၊။ သင်သည် သူလိုငါလို အဖြစ်မျိုးကို လက်ခံပါသလား၊ ဘ၀က သင့်အား သူလိုငါလို ဖြစ်အောင်လုပ်ပေးမည်။ သင်သည် စိတ်မချမ်းသာမှု၊ မပျော်ရွင်မှုကို လက်ခံပါသလား ထိုအတိုင်းဖြစ်အောင် လုပ်ပေးလိမ့်မည်။



ခေါင်းဆောင်မှု ကျင့်စဉ်  

Posted by ADMIN in




  • သင်သည် လူတွေကြားတွင် မကြောက်မရွံ့ သွားနေသည်ဟု လူတွေက ထင်ပါစေ။


  • လူတိုင်းချီးကျူးခံချင်သည် ဆိုခြင်းကို သတိရပါ။


  • တစ်ကြိမ်တွင် စစ်ပွဲတစ်ပွဲသာဆင်နွဲပါ။


  • အစဉ်အလာ၊ ယဉ်ကျေးမှု၊ စည်းကမ်းနှင့် ပုဂ္ဂိုရေးသိက္ခာကို တစ်ခါတစ်ရံ ဘေးချိတ်ထားပါ။


  • အင်အားကို နောက်ဆုံးအားကိုရာအဖြစ်သာသုံးပါ။


  • အဖွဲ့အစည်း တစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ အကြီးအကဲများနှင့် ပြည့်ပြည့်၀၀ ဆွေးနွေးတိုင်ပင်ပြီးမှ ဆောင်ရွက်ပါ။


  • မှန်မှန်ကန်ကန် ရပ်သူနှင့်အတူရပ်ပါ။ သူအမှားလုပ်သောအခါ ထိုသူကို စွန့်လွတ်လိုက်ပါ။


  • တစ်ခါတစ်ရံ မသိယောင်ဆောင်နေခြင်းသည်၊ အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။


  • ဘ၀တူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိုမ်မျှ လက်လွှတ်ရလျှင် သူတို့၏ လေးစားကြည်ညိုမှုကို နောက်ထက်ဘယ်တော့မှ ရနိုင်တော့မည်မဟုတ်။


  • လူတစ်ယောက်အားနှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏ မိတ်ဆွေများသည် မိမိအဖွဲအစည်းအတွက် ထာဝရ ရန်သူများဖြစ်လာနိုင်သည်။


  • မလိုတမာစိတ်ကိုရှောင်ပါ။ မေတ္တာစေတနာကိုဆောင်ပါ။


  • မိမိ၏ အကောင်းဆုံး အပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။


  • ကိုယ့်သိသလောက်၊ တက်သလောက်နှင့် အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။ ပြီးဆုံးအောင် အထိလုပ်ပါ။


  • မတရား စွပ်စွဲချက်များကို တစ်ကြိမ် အရှုံးပေးလိုက်ရလျှင် နောက်ထပ် စွဲချက်များအတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်သည်။


  • မိမိ၏လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင်လျှော့လုပ်ပါ၊၊ အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြင်ပါ။ အမြင်သစ် အမြင်မှန်ကို အမြဲ ကြိုဆိုလက်ခံပါ။


  • ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။


  • အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။


  • ရှေတန်းသို့ထွက်ပါ။ အနိုင်နှင့်အရှုံးကို ခံနိုင်ရည်ရှိပါစေ။


  • ဘယ်တော့မှမကြိုးစားလျှင် ဘယ်တော့မှ မအောင်မြင်နိုင်။


  • အတော်ဆုံးခေါင်းဆောင်များသည် အမြဲတမ်း လေ့လာ ဆည်းပူးနေသည် ဟူသာ အချက်ကို မမေ့ပါနှင့်။


  • ဘာစကားမှ မပြောပဲနေသင့်သည့် ကာလများရှိသည်ကို သတိရပါ။


  • ယနေ့လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။


  • တစ်ဝက်တပျက်သာ ပြီးအောင်လုပ်သော အလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။


  • လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။



အချစ်သည် အပြစ်များကိုမမြင်ပါ  

Posted by ADMIN in




  • အချစ်ကြောင့် အသည်းကွဲတာ မဆန်းပါဘူး။ အချစ်ကြောင့် ဘ၀ ပျက်သွားရတာသာ ဆန်းတာပါ။



  • ငါ့ဦးနောက်က ငါ့ကိုအမိန့်ပေးနေတယ်၊ ငါ့နှလုံးသားရဲ့အလိုကို ငါ့ဦးနောက်က ခွင့်မပြုဘူး။ မိန်းမ တစ်ယောက်ကို လွယ်လွယ်နဲ့ ဖြစ်သလို မယူရဘူး၊ အိမ်ထောင်တစ်ခုကို တည်ဆောက် တော့မယ်ဆိုရင် ကျကျနန ပြင်ဆင်ပြီးမှ တည်ဆောက် သင့်တယ်တဲ့။



  • လောက၌ အချစ်ဆုံးအရာသည် ဒုက္ခအပေးဆုံး။ ချစ်စရာ တစ်ခုရှိလျှင် ဒုက္ခတစ်ခု၊ ချစ်စရာများလျှင် ဒုက္ခများ၏၊ ချစ်စရာ မရှိတော့လျှင် ဒုက္ခမရှိတော့။



  • အချစ်သည် ရှာလေရှာလေ ဒုက္ခ ပိုများလေဖြစ်သည်။



  • လောကတွင် ဥစ္စာရူးထက် အချစ်ရူး၊ တဏှာရူးသည် ပို၍ အကြည့်ရ အမြင်ရ ဆိုးသည်။ အချစ် စိတ်ကြောင့် ရူးသွပ်ပြီး မစား၊ မအိပ်နိုင်ခြင်းသည် ကိုယ့်ကိုယ်ကို ဒုက္ခ အပေးဆုံးဖြစ်သည်။



  • လူငယ်ဘ၀တွင် ပညာရေး၊ သို့မဟုတ် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ရရေးသာ နံပတ်တစ် ဖြစ်သည် ကြင်ယာ အရေးသည် နှစ်ဖြစ်သည်။



  • အချစ်ဟောင်း၏ မီးစ မီးကြွင်းတို့မှာ မကြာခင်မှာပင် မီးစွဲလေ့ရှိသည်။



  • အချစ်သည် (၇)စက္ကန့် တည်တံ့၏၊ ရသာရုံက (၇)မိနစ်ခံ၏၊ စိတ်မချမ်းသာမှုက ဘ၀တစ်လျှောက်လုံး ခိုင်မြဲ တက်၏။



  • မိမိကိုယ်ကို အချစ်နှင့်ထိတွေ့သူသည် မိမိကိုမိမိ ပူဆွေးသောကနှင့် ထိတွေ့မှု ရှိစေသူပင်ဖြစ်သည်။



  • မဆင်မခြင် အိမ်ထောင်ကျ နောင်မှ နောင်တ ရကြလေသည်။ နောက်မှရသော နောင်တသည် ပူပင်ရစမြဲပင်။



  • တွေ့မရှောင် အချောင်စိတ်ဖြင့် ချစ်ခြင်းသည် တစ်ကယ်တမ်းတွင် လုံးဝ ပျော်စရာ မကောင်းပဲ အဖျက် များသာ ခံစား ရတော့သည်။ နောင်မှ အခက်တွေ့အောင် ကြိုးစားမိခြင်း ဖြစ်သည်။



  • သင့်ကိုသင်ချစ်ပါ။ ထိုအခါ သင့်တွင် ပြိုင်ဖက်များရှိမည်မဟုတ်။



  • သစ်ကိုင်းကိုချစ်လျှင် သစ်ပင်ကိုလည်းချစ်ရမည်။



  • တူနှစ်ကို တဲအိုပျက်မှာ နေရနေရ၊ ထမင်းရည်ကိုပဲ သောက်ရသောက်ရ၊ ထမင်ကြမ်းခဲကိုပဲ စားရစားရ တစ်ဦးနှင့် တစ်ဦး ချစ်ရင်ပြီးရော၊ ချစ်ရန်သာ အရေးကြီးသည် ဆိုသော စကားလုံးများမှာ လုံးဝ အနှစ်သာရ မရှိသော အပေါ်ရံကြော အလွယ်တကူ လူတိုင်း ပြောဆိုသော စကားများသာ ဖြစ်သည်။



  • လောက၌ ချစ်သူပါင်းများစွာမှာ ဆင်းရဲခြင်း၊ မပြည့်စုံခြင်းကြောင့် မကွဲသင့်ပဲကွဲ၊ မခွဲချင်ပဲခွဲရသည်မှာ ရင်နာစရာ ကောင်းလှသည်။



သတ္တိ  

Posted by ADMIN in




  • ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ အနှစ်သာရမှာ အသိစိတ်၊ အသိတရားဖြစ်၏။



  • တစ်ရွာတည်းသားချင်း၊ တစ်ရပ်တည်းသားချင်း၊ တစ်ကျောင်းတည်း သားချင်း တစ်ဦးက နွားကျောင်းသား ဖြစ်၍ တစ်ဦးက ၀န်ကြီးချုပ် ဖြစ်ရခြင်းသည် သတ္တိဖြစ်သည်။



  • သတ္တိသည် လုပ်ရည်ကိုင်ရည်နှင့် လုပ်ရဲကိုင်ရဲမှု နှစ်ခုလုံး အကျုံးဝင်သည်။



  • ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ တွေးရဲတောရဲ ရှိရမည်။



  • သတ္တိကို မွေးမြူပြီးသော် သင့်အားရှေ့တန်း၌သာ တွေမြင်ရတော့မည်။



  • လူ့ဘ၀တွင် အမှောင်ကြီးများ ကျတက်ပါ၏၊ လူ့ဘ၀တွင် တိမ်များ ဖုံးနေတက်ပါ၏၊ သို့သော် ဘာမျှ စိတ်ဓာတ်မကျပါနှင့် တိမ်တိုက်တိုင်းတွင် ငွေနားကွပ်လေးတော့ ရှိစမြဲပါ။



  • ကျဆုံးချင်း ဆိုသည်မှာ အောင်မြင်မှု အတွက် ပထမ ခြေလှမ်းဖြစ်သည်။



  • သရော်လှောင်ပြောင်မှု ခံရတိုင်း သည်းခံစိတ်ပေါ်တွင် သတ္တိအပင်ကိုစိုက်ပါ။ မကြာမီ သီးပွင့်လာမည်မှာ ဧကန်ဖြစ်ပါ၏။



  • စိတ်ပျက်အားငယ်မှုနှင့် ကြုံတိုင်း သတ္တိကို မွေးမြူရ၏။ စိတ်အားငယ်မှုကို ဒီအတိုင်း ဆက်ထားပါက မိမိ စိတ်ဓာတ်သည် မြောင်းထဲ ရောက်သွားနိုင်ပါ၏။ စိတ်အားငယ်မှုကို သတ္တိက ချေဖျက်နိုင်သည်။



  • သင့်ပန်းတိုင်သို့ ချီတက်ရေး ကိစ္စကို ပျက်ဆီးစေနိုင်သော အရာကား သင့်ကိုသင် မယုံကြည်ခြင်း ဖြစ်ပါ၏။



  • ကျွန်ုပ်တို့တွင် ရှိသော သံသယစိတ် များသည် သစ္စာဖောက်များဖြစ်သည်။



  • သင်သည် ဘာဆိုဘာမှ မလုပ်ပဲနေလျှင် ဆုံးရှုံးမှုကို ရှောင်ရှားနိုင်ပါ၏။ တစ်ချိန်တည်းမှာပင် အောင်မြင်မှု ကိုလည်း ရှောင်ရှားပြီးသား ဖြစ်နေသည် ဆိုသောအချက်ကို မမေ့ပါနှင့်။



  • လူစွမ်းကောင်း အောင်မြင်သည့် အကြောင်းကိုသာ တွေးတော နေတတ်သည်၊ သာမန်လူတို့သည် သက်သာမှု အကြောင်းများကိုသာ တွေးနေတတ်၏။



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

မာတိကာ

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com