Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Мьянма (or) Myanmar (or) မြန်မာ  

Posted by Admin in ,




စိမ်းလန်းမြေ ပရဟိတ စာသင်ကျောင်း  

Posted by Admin in , ,


စိမ်းလန်းမြေ ပရဟိတ အခမဲ့စာသင်ကျောင်း တည်ဆောက်မည့် အစီအစဉ်၏ ပထမဆုံးသော ခြေလှမ်းအဖြစ် (၂၀၁၂-၂၀၁၃) ပညာသင်နှစ်အတွက် မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်းမြို့နယ်များမှ ဆင်းရဲနွမ်းပါးသော ဆယ်တန်း ကျောင်းသား/သူ စုစုပေါင်း အယောက် (၂၀)အား ရွေးချယ်ခေါ်ယူ၍ ဆယ်တန်းတစ်နှစ်လုံးစာ အတွက်
တာဝန်ယူပေး သွားမည် ဖြစ်ပါသည်။ ထိုသို့စီစဉ်ထားရာတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု၌ ဖိဖိစီးစီး၊ ထိထိရောက်ရောက် ရှိစေရေးအတွက် စိမ်းလန်းမြေ ပရဟိတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး၏ အကူအညီဖြင့် ကျောင်းသားဆောင်စီစဉ်ပြီး ကျောင်းအိပ်၊ ကျောင်းစား လေ့ကျင့် ပေးသွားမည် ဖြစ်ပါသည်။

ထို့အပြင် Section ချိန်တွင် နီးစပ်ရာ (၁၀)တန်းကျောင်းသား ကျောင်းသူများကို လက်ခံသင်ကြား ပေးသွားရန် ဆုံးဖြတ်ထားပါသည်။ ထိုကဲ့သို့ကျောင်းသားဆောင် စီစဉ်ရာတွင် မိထ္ထီလာစက်မှုဇုန်အနီးမှ စီးပွားရေးတက္ကသိုလ် ကျောင်းသားဆောင်ဝင်းတစ်ခုကို တစ်လလျှင် ကျပ်၅၀,၀၀၀ နှုန်းဖြင့် ငှားရမ်းထားရြှိပီးဖြစ်ပါသည်။ အဆိုပါ ကျောင်းသားဆောင်ဝင်းအတွင်းရှိ အဆောင်အချို့နှင့် ရေချိုးခန်း၊ အိမ်သာ စသည်တို့တွင် ပြုပြင်မွမ်းမံရန် လိုအပ် နေပါသဖြင့် ပြုပြင် နိုင်ရန် တစ်ဦးခြင်းသော်လည်းကောင်း၊ စေတနာရှင်များ စုပေါင်း ၍သော်လည်းကောင်း၊ ကုသိုလ်ပါဝင် နိုင်ကြပါရန် လေးစားစွာ အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ...။

ကနဦး ပါဝင်လှူဒါန်းနိုင်သော နေရာများ .....

မြေဖို့ရန်
မြေသယ်ကားတစ်စီး = ၁၅၀၀၀ ကျပ်
(ခန့်မှန်း မြေသယ်ကား ၅ စီး စာခန့် မြေဖို့ရန် လိုအပ်ပါသည်။)

အဆောက်အဦ ပြုပြင်ရန်
ထရံတစ်ချပ် (ဒေသပေါက်ဈေး) = ၇၅၀၀ ကျပ်
(ခန့်မှန်း ထရံ ၁၀ ချပ်ခန့် လိုအပ်ပါသည်။)

လူနေရန်
သစ်သားကုတင်တစ်လုံး = ၂၅၀၀၀ ကျပ်
(ကျောင်းသား ကျောင်းသူ ၂၀စာ ကုတင် ၂၀ လုံး လိုအပ်ပါသည်။)

စာသင်ရန်
စာသင်ခုံ အရှည်တစ်စုံ = ၃၀၀၀၀ ကျပ် (၆ စုံ လိုအပ်ပါသည်။)
စားပွဲခုံ ၁ လုံး နှင့် ထိုင်ခုံ ၄ လုံး = ၃၀၀၀၀ ကျပ်

လစဉ် ပါဝင်လှူဒါန်းနိုင်သော နေရာများ

ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီ အတွက် ပညာသင်နှစ်
တနှစ်လုံး အတွင်းမှာ တစ်လလျှင် ပညာသင်စရိတ် ပရဟိတ အလှူငွေ
၃၀၀၀၀ ကျပ်
( အလှူရှင်နေရာ ၂၀ နေရာ လိုအပ်ပါသည်။)

ကျောင်းသား/သူများ အစစအရာရာ ပြီးပြည့်စုံစွာနဲ့ ပညာရေး တစ်ခုတည်းမှာပဲ အာရုံစိုက်သင်ကြားနိုင်ကြဖို့ အတွက် လိုအပ်သမျှ စားစရိတ် စသဖြင့် လိုအပ်တဲ့ အရာမှန်သမျှ အတွက် ကုန်ကျခံသုံးစွဲရန်
တစ်လလျှင် အလှူငွေ ၃၀၀၀၀ ကျပ်
(အလှူရှင်နေရာ ၂၀ နေရာ လိုအပ်ပါသည်။)

စိမ်းလန်းမြေ ပရဟိတအဖွဲ့သို့ ဝင်ရောက်လိုပါက
ဆက်သွယ်လှူတန်းလိုပါက



၁ / ၂၀၁၁  

Posted by ADMIN in


ဒီကနေ့မှာ ကျွန်နော်တို့ National Research University (MIET) တက္ကသိုလ်ရဲ့ ၁၈ ကြိမ်မြောက် သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ Conference "Microelectronics and Informatics - 2011" ကို စတင်ကျင်းပခဲ့ပါတယ်။ ကဏ္ဍအလိုက် Section (၁၁) ခုခွဲပြီး (၃) ရက် ကျင်းပဖို့ စီစဉ်ထားပါတယ်။ MIET တက္ကသိုလ်ရှိ ရုရှား ကျောင်းသားနှင့် နိုင်ငံတကာ ကျောင်းသားများ အပြင် အခြား အနယ်နယ်အရပ်ရပ် ကျောင်းပေါင်းစုံမှ Microelectronics and Informatics ခေါင်းစဉ်အောက်တွင် ရှိသော စာတမ်းပိုင်ရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာ ကျောင်းသားတွေ လည်း အများကြီး တက်ရောက်ခွင့် ရခဲ့ပါတယ်။ ကျနော်တို့ Section №7 မှာပင် စုစုပေါင်း ကျောင်းသား (၄၂) ဦး ရှိခဲ့ပြီး မြန်မာကျောင်းသား ၁၆ ဦး ထိ ပါရှိခဲ့ပါတယ်။ Present လုပ်ရာတွင်လည်း ရုရှားကျောင်းသား (၆) ဦးသာ လုပ်ခဲ့ပြီး မြန်မာကျောင်းသား (၁၁) ဦး စင်ပေါ်တက်နိုင်ခဲ့ပါတယ်။ ကျနော့်အတွက်တော့ (၆) ခုမြောက် Conference ဖြစ်ပြီး (၇) ခုမြောက် Publication ရတဲ့ နေ့ပါ။



၁ / ၂၀၁၁  

Posted by ADMIN in ,

Russia Federation နိုင်ငံ Moscow မြို့ရှိ Moscow Engineering Physics Institute (MEPHI) တက္ကသိုလ်တွင် ၂၀၁၁ ခုနှစ် January မှာ ကျင်းပ ပြုလုပ်ခဲ့သော ၁၄ ကြိမ်မြောက် International Telecommunications Conference က ရတဲ့ Publication ဖြစ်ပါတယ်။ ကျနော့်ရဲ့ ၆ ခုမြောက် Publication ပါ။ နောက်ထပ် ၃ ခု ရပြီးရင် အမိနိုင်ငံပြန်လို့ရပါပြီ....။

MEPHI's Confrence Publish of 2011



၃၀၊ ၁၁၊ ၂၀၁၀  

Posted by ADMIN in

ဧရိယာ ၆၅၉၂၈၀၀ စတုရန်းမိုင်ရှိတဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံကြီးရှိ တစ်ပါးတည်းသော ထေရဝါဒ ဗုဒ္ဓဘာသာမြန်မာသံဃာတော် ရှင်ဝေဠုရိယ မှ ၂၉၊ ၁၁၊ ၂၀၁၀ ရက်နေ့ ညနေပိုင်းတွင် ကျနော်တို့ MIET တက္ကသိုလ်ရှိ ပညာတော်သင် မြန်မာကျောင်းသားများထံသို့ ကြွရောက်ပြီး တစ်ည ကျိန်းစက် ခဲ့ပါတယ်။

၃၀၊ ၁၁၊ ၂၀၁၀ ရက်နေ့ နံနက်စောပိုင်းမှစပြီး တရားပွဲများ ကျင်းပခဲ့ပါတယ်။ စေတနာရှင် ကျောင်းသားတွေ စုပေါင်းပြီး Laptop တစ်လုံး၊ သင်္ကန်းတစ်စုံ၊ အခြား လှူဖွယ်ပစ္စည်းများနဲ့ ဝတ္ထုငွေများကို လှူတန်းခဲ့ပြီး နေ့ဆွမ်းကို ကျနော် နှင့် Junior ညီလေး တစ်ယောက်တို့မှ တာဝန်ယူ ဆွမ်းကပ်ခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဆရာတော်သီတင်းသုံးရာ စိန့်ပီတာစပတ်မြို့သို့ ပြန်ကြွသွားခဲ့ပါတယ်။

အခုလိုနေရာ၊ အခုလိုအချိန်မျိုးမှာ သင်္ကန်းဝတ်ထားသော ပုဂ္ဂိုလ်တစ်ပါးကို အပြင်မှာ ဖူးမျှော်ခွင့်ရသည်မှာ ကျနော်တို့အတွက် အလွန်ကံကောင်းလှပါတယ်။ ဖူးခွင့်ရလို့ ကြည်နူးမဆုံးဖြစ်မိသလို ဆွမ်းဒကာဖြစ်ခွင့်ရလို့ ဝမ်းသာမဆုံး ဖြစ်ရပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့ဟာ တခြားသူတွေအတွက် ဘာမှ မထူးခြားပေမယ့် ကျနော်နဲ့ သူငယ်ချင်း ညီကိုအားလုံးအတွက်တော့ ဘုရားပေးတဲ့ ကံအကောင်းဆုံးနေ့တွေထဲက တစ်နေ့ပါပဲ။ စာဖတ်သူများလည်း သာဓုခေါ်နိုင်ဖို့နဲ့ မှတ်တရနေ့ကို ဒီနေရာမှာ မှတ်တမ်းတင်ရင်း......



၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့  

Posted by ADMIN in

  1. ယခင်အလံတုန်းက နေ့စဉ်နှင့်အမျှ မနက်ရော ညနေပါ အလေးပြုနိုင်ခဲ့သော်လည်း ယခု ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံသစ်အား အခြေအနေနှင့် အချိန်အခါကြောင့် ဤပိုစ့်ဖြင့် လေးစားစွာ အလေးပြုပါ၏။


  2. ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့။ ယနေ့သည် မြန်မာလူထုတစ်ရပ်လုံး စောင့်မျှော်နေသည့် ရွေးကောက်ပွဲကြီး ကျင်းပမည့်နေ့ဖြစ်သည်။ မြန်မာ့သမိုင်းတစ်ခုလုံးအတွက် မှတ်တိုင်ထူရမည့်နေ့လည်း ဖြစ်သည်။ မဲပေးခွင့်ရရှိသည့် မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူပါ၏။

    လွန်ခဲ့သော အနှစ် (၂၀) ကြာ ၁၉၉၀ ခုနှစ်က အခြေခံဥပဒေ မရှိသော ရွေးကောက်ပွဲပြီး အနှစ် (၂၀) ကြာမှကျင်းပ သော ရွေးကောက်ပွဲ ဖြစ်ခြင်းကြောင့် မြန်မာပြည်သူအားလုံး စိတ်လှုပ်ရှားစေသည်သည်မှာ အမှန်ဖြစ်သည်။ ပြည်တွင်း မီဒီယာများသာ မက ပြည်ပ မြန်မာမီဒီယာ ပေါင်းများစွာမှ ရွေးကောက်ပွဲကို မြန်မာပြည်သူအားလုံး စိတ်ဝင်စားစေရန် သက်ဆိုင်သည့် အကြောင်းအရာများကို နေ့စဉ်နှင့်အမျှလည်း တင်ဆက်ခဲ့ကြသည်။

    မြန်မာ ပြည်သူလူထု ၉၂ ရာခိုင်နှုံးကျော် ထောက်ခံထားသည့် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပြီးနောက်
    စနစ်တကျနှင့်ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ပါတီပေါင်း (၃၇) ပါတီပါဝင်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပြွဲုဖစ်ခြင်းကြောင့် လည်းကောင်း ရွေးချယ်ခံရမည့် ပါတီပေါင်းစုံမှ အမတ် (၁၁၆၃)ဦးလုံး မှာ မြန်မာပြည်သူတို့ ယုံကြည်အားကိုးခြင်းခံရကာ အမှန်တကယ် အရည်အချင်းပြည်ဝ သူများဖြစ်မည်မှာ မုချ မလွဲပင်ဖြစ်သည်။



    အနာဂါတ် မြန်မာနိုင်ငံတော်ကြီးအား ကမ္ဘာ့နိုင်ငံကြီးများနှင့် တန်းတူ ရင်ဘောင်တန်းနိုင်ရန်၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် "မြန်မာ" ဟူသည့် နာမည်ဖြင့် တကမ္ဘာလုံးက လေးစားအထင်ကြီးပြီး
    ထည်ထည်ဝါဝါ၊ သိက္ခာရှိရှိရပ်တည်နိုင်ရန် မှာ ယနေ့ခေတ် မြန်မာပြည်သူအားလုံးတွင် တာဝန်ရှိပေသည်။ မြန်မာပြည်သူအားလုံးဆိုခြင်းထက် မြန်မာလူငယ် အားလုံး ပေါ်တွင် ပို၍ တာဝန်ရှိပေသည်။

    မည်သူမည်ဝါ ရွေးချယ်ခံရသည်ဖြစ်စေ ကျွန်ုပ်တို့ မြန်မာပြည်သား အားလုံးမှ သမ္မတသစ် ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် မြန်မာပြည်သူတို့အတွက် မိမိတို့ ကျွမ်းကျင်သည့် နယ်ပယ်အသီးသီးမှ တက်နိုင်သမျှ တာဝန်ယူ ကြိုးစားပြီး နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးပြုကြပါစို့......။




Spain and World Cup 2010  

Posted by ADMIN in











Microelectronics and Computer Science - 2010  

Posted by ADMIN in


- MIET တက္ကသိုလ်၏ ၁၇ ကြိမ်မြောက် "Microelectronics and Computer Science - 2010" conference ကို ဒီနေ့မှာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပါတယ်။

- ကျနော်တို့ သွေးသောက် သူငယ်ချင်း (၇) ရောက်လုံး Conference တက်ရောက်ခဲ့ကြပြီး publication တစ်ခုစီ ထပ်ပြီး ရခဲ့ကြပါတယ်။

- ထူးထူးခြားခြား ဘာမှမရှိပေမယ့် ကျနော်တို့ အားလုံးအတွက်တော့ မှတ်တမ်းတင်သင့်တဲ့ နေ့လေးတစ်နေ့ပါ။



1/2010  

Posted by ADMIN in


28, january, 2010



ဒီနေ့ကတော့ မှတ်လောက်သားလောက်ပါပဲ။

Russia Federation နိုင် Moscow မြို့ MEPHI တက္ကသိုလ်တွင် ၂၀၁၀ ခုနှစ် january ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့သော ၁၃ ကြိမ်မြောက် International Telecommunications Conference သို့ သွားရောက်ခဲ့သော နေ့ဖြစ်ပါသည်။

ကျနော့်ဘဝ အတွက် ဒုတိယမြောက် conference တစ်ခု ဖြစ်သလို ပထမဆုံး အခြားကျောင်းမှ conference သို့ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။ Ph.D ကာလအတွက် ပထမဆုံး conference လည်းဖြစ်ပါတယ်။

အခက်အခဲ၊ အတားအစီးပေါင်းများစွာ (များစွာ) ကို ရင်ဆိုင်ခဲ့သလို MEPHI တက္ကသိုလ်မှ Senior အစ်ကိုကြီး တစ်ဦးအပါအဝင် အပက်စဉ်တူ သူငယ်ချင်းတွေဆီမှ အကူညီပေါင်းများစွာ ရယူခဲ့ရပါသည်။

တကယ့်ကို ခက်ခက်ခဲခဲနဲ့ ရခဲ့တဲ့ Public တစ်ခုပါ။ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ကူညီပေးသော သူငယ်ချင်းများကို ကျေးဇူးပါ၏….။



ဒီစာအုပ်လေးရဖို့ပါ


အဲဒီ စာအုပ်ထဲမှာ ကျနော်ရေးထားတဲ့ ဒီ တစ်မျက်နှာလေးပါပါတယ်


Publication ၃ ခု တော့ရပြီ နောက်ထပ် ၅ ခု ရပြီးရင် အမိနိုင်ငံပြန်လို့ရပါပြီ....။



И Версия  

Posted by ADMIN in ,

ကျနော်တို့၏ MIET (Moscow Institute of Electronic Technology) ကျောင်းတော်ကြီး၏ InVersia သတင်းဌာနမှ အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံး ထုတ်ဝေသော December 104 English သတင်းစာ တွင် MIET တက္ကသိုလ်မှမြန်မာကျောင်းသားများ အားလုံး၏ကိုယ်စား ကျနော်ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ် အား မြန်မာနိုင်ငံ အလံ ပုံနှင့်တကွ ဖော်ပြထားခြင်းဖြစ်ပါသည်။



သတင်းစာ အပြည့်အစုံ










မြန်မာနိုင်ငံ ပညာရေး နှင့် ပက်သက်၍  

Posted by ADMIN in ,



လူ့အဖွဲ့အစည်းတစ်ခု၏ အဆင့်အတန်းကို နိုင်ငံတကာမှာ ပညာအရည်အချင်းနှင့် တိုင်းတာကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက မြန်မာ့ပညာရေးသည် ကမ္ဘာ့နိုင်ငံများ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ကြရသည်။ မြန်မာနိုင်ငံသားတို့၏ ပညာအရည်အချင်းကိုလည်း လေးစားကြသည်။ ယနေ့ အချိန်ထိလည်း နိုင်ငံအတော်များများမှာ မြန်မာပညာရှင်အမြောက်အများ နေရာယူလျှက်ရှိသည်။ သို့သော် ယနေ့ခေတ် ကျောင်းသားလူငယ်များ၏ တက္ကသိုလ်အပေါ်ရှုမြင်ပုံနှင့် ပညာရေးနှင့် ပက်သက်သော ခံယူချက်မှာ အင်မတန် အံ့အားသင့်စရာကောင်းသည်။ ကျနော်တို့ အလယ်တန်းကျောင်းသားဘ၀၊ အထက်တန်းကျောင်းသားဘ၀ ကတည်းက တက္ကသိုလ် ဟူသော စကားကို အလွန် မက်မောသည်။ ခန်းနားသည်။ ကြီးကျယ်သည်။ တက္ကသိုလ်တက်ဖို့ အိပ်မက်ပေါင်းများစွာ မက်ခဲ့ရသည်။ တက္ကသိုလ်တက်လိုစိတ်မှာ လူငယ်တိုင်းစိတ်တွင် ပြင်းပြင်းထန်ထန် နေရာယူ စိုးမိုးထားသည်။ တက္ကသိုလ်ကို အထင်ကြီးသည်။ တက္ကသိုလ်မှ သင်ကြားပေးမည့်ပညာရေးကို လေးစားသည်။ တန်ဖိုးထားသည်။

ယခု ကျနော် ပြန်ရောက်ချိန် တွင် ကျောင်းသား လူငယ်များ၏ တက္ကသိုလ်အပေါ် ရှုမြင်ပုံမှာ ကျနော်တို့ တုန်းကနှင့် လုံးဝ လုံးဝ (လုံးဝ) ဆန့်ကျင်ဘက်ဖြစ်နေသည်။ ”တက္ကသိုလ်လား ဘာလုပ်ဖို့တက်မှာတုန်း၊ တက္ကသိုလ်တက်တော့ ဘာလုပ်လို့ရမှာတုန်း၊ ဘွဲ့မရတော့ရော ဘာဖြစ်တုန်း” ဟူသော စကားများကို နားနှင့် မဆံ့အောင်ကြားခဲ့ရသည်။ အရင်က အိမ်ဦးခန်းတွေမှာ ချိတ်ထားသော ဘွဲ့ဓာတ်ပုံများ ကုတင်ကြားသို့ ရောက်ကုန်ကြပြီ။ ဘွဲ့ဓာတ်ပုံချိတ်ထားသည်ကို တွေ့လို့လည်း အသိအမှတ်ပြုမှု မရှိကြတော့။

ကလေးတွေ စိတ်ထဲမှာ ထိုသို့သော တက္ကသိုလ်ကို အထင်မကြီးစိတ်၊ တက္ကသိုလ်မှပေးသောဘွဲ့ကို တန်ဖိုးမထားစိတ်များ ဖြစ်ရခြင်းမှာ နံပတ်(၁) လူကြီးမိဘ များအပေါ်မူတည်သည်။ (၂) ပက်ဝန်းကျင်အပေါ်မူတည်သည်။ ထိုအတွေးများ ၀င်လာသည်နှင့် လူကြီးများက တားမြစ်ရမည်၊ အမြင်မှန်ရအောင် ပြသရမည်။ သို့သော် စိတ်မကောင်းစရာ တစ်ခုမှာ လူကြီးများကိုယ်တိုင်က ထိုအတွေးများဝင်ကာ ကလေးများကို ရိုက်သွင်းနေကြသည်။

ပညာရေးကို အထင်မကြီးသည့်စိတ်များ၊ တက္ကသိုလ်ကို အထင်သေးသည့်စိတ်များ၊ တက္ကသိုလ်မှ ပေးသော ဘွဲ့များကို တန်ဖိုးမထားသောစိတ်များက နိုင်ငံတစ်နိုင်ငံရှိ လူငယ်များစိတ်ထဲ စိုးမိုးသွားခြင်းသည် ကာယကံရှင်နိုင်ငံ၏ ကံဆိုးခြင်း လမ်းစပင်ဖြစ်သည်။ နိုင်ငံကြီးတစ်ခုလုံး ကံဆိုးမိုးမှောင်ကြသွားလိမ့်မည်။ မည်သူ မည်ဝါ၏ အားနည်းချက်ဟူ၍ ကျနော် အသေအချာမသုံးသပ်မိသော်လည်း နိုင်ငံသားအားလုံးမှာ တာဝန်အပြည့် ရှိပေသည်။ အထူးသဖြင့် ပညာတက်လူငယ်များက အများကြီး ပြောပြသင့်သည်။ ပညာတတ်လူကြီးများကိုတော့ အားကိုးရန် ခက်ခဲသည်။ အဘယ့်ကြောင့်ဆိုသော် ဦးဖိုးကျားတို့ ခေတ်က စာမတက်လည်း ထမင်းစားလို့ ရတယ် ဟူသော စကားကို ပညာလုံးဝ မတတ်သော တောင်သူဦးကြီး၊ ဒေါ်ကြီးများက ပြောကြသော်လည်း ယနေ့အချိန်တွင် ပညာတတ်သော မြို့နေ လူကြီးများကပင် ထိုကဲ့သို့ ဆင်တူရိုးမှား စကားများကို အသုံးပြုနေသောကြောင့်ဖြစ်သည်။

နောက်ထပ် အများဆုံး တာဝန်ရှိသည်မှာ ဆရာ၊ ဆရာမ များပင် ဖြစ်သည်။ ဆရာ၊ ဆရာမ များဆိုရာတွင် မူလတည်းကြို ဆရာ၊ ဆရာမများမှ ပါမောက္ခချုပ်များ အထိ ပါဝင်သည်။ ဆရာ၊ ဆရာမ များမှ ကျောင်းသား၊ ကျောင်းသူများကို အမှန်တကယ် တတ်ကျွမ်းအောင် သင်ကြားပြသဖို့ လိုအပ်သည်။ မူလတည်းကတည်းက ကမ္ဘာကြီးကို ကြည့်တတ်စေရန် သင်ပေးရမည်။ ကမ္ဘာနှင့် ယှဉ်ယှဉ်ပြီး ပြောဆိုမှုများ ပြုလုပ်သင့်သည်။ အရေးအကြီးဆုံးမှာ မိမိတို့ကိုယ်တိုင် ပညာအရည်အချင်းတကယ် ပေါက်မြောက်ပြီး နိုင်ငံတော်နှင့် နိုင်ငံပညာရေးအတွက် ရပ်တည်ပြီး တန်ဖိုးမြှင့် ပေးလိုသူများ ဖြစ်ရမည်။ မိမိ အလုပ်အပေါ် ရိုသေလေးစားပြီး စိတ်ပါဝင်စားမှု ရှိရမည်။ ထိုအချက်များ ပြည့်စုံပါက ကျနော်တို့ မြန်မာနိုင်ငံ ပညာရေးကြီး ပြန်လည် ဦးမော့ လာပြီး လူကြီး၊လူငယ်အားလုံးကလည်း ယုံကြည်လေးစားခြင်းကို ခံရမည်ဖြစ်သည်။ ဆိုးရွားသည်မှာ ယခုခေတ်လူငယ်များက တက္ကသိုလ်ဝင်တန်းကို ကပ်ပြီး (သို့) မော်ရေးရှင်း ဖြင့် အောင်ကြသည်။ ဘယ်မှ မလိုက်နိုင်သောအခါ ရည်မှန်းချက်လည်း မရှိ၊ စိတ်ဝင်စားမှုလည်း မရှိသော်လည်း ပညာရေး တက္ကသိုလ်များ၊ ပညာရေး ကောလိပ်များသို့ တက်ရောက်ကြသည်။ ကျောင်းတွင် လိန်ဖယ်လိန်ဖယ်နှင့် စိတ်ကမပါ၊ စိတ်ဝင်စားမှုကလည်း မရှိသောကြောင့် ဖြစ်သလိုနှင့် ကျောင်းဆင်းကြ၏ (ကျောင်းသားတိုင်းကို မဆိုလိုပါ)။ ၎င်းတို့ စဉ်းစားသည်မှာလည်း အမှားမရှိပေ။ (၂)နှစ်တက်ပြီး ဆရာဖြစ်မည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ရပ်ကွက်ထဲမှာ ရွယ်တူများ ဝေလေလေဖြစ်နေချိန်တွင် အလုပ်တစ်ခု ကိုယ့်မှာ ရှိနေမည်။ မှန်ပါသည်။ ကာယကံရှင်အတွက် အင်မတန် ကောင်းသော ပလန် ဖြစ်ပါသည်။ သို့သော် နိုင်ငံ့ပညာရေး အတွက် ရင်လေးစရာကောင်းပေသည်။ အရည်အချင်းမရှိသောဆရာများ၊ ခံယူချက်မရှိသော ဆရာများက ကျောင်းသားများများကို ဘာတွေပြောပြပြီး ဘာတွေ သင်ပေးမည်နည်း??။ စိတ်ဝင်စားဖို့ ကောင်းလှသည်။

ကျနော် ကျေးရွာတစ်ရွာရှိ မူလတန်းကျောင်းသို့ သွားရောက်ခဲ့သည်။ ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး အပါအ၀င် ဆရာမ (၆) ဦးနှင့် နာနတ်သီးစားရင်း ဆရာများ ရုံးခန်းဟု ယူဆရသော အခန်းတွင် စကားပြောနေကြသည်။ စာသင်ခန်းတွင် ကလေးများအသံ ဆူညံ့နေသည် (စာအံ သံတော့မဟုတ်)။ ခဏနေတော့ ကျောင်းသားတစ်ဦး လာတိုင်သောကြောင့် ဆရာမတစ်ဦး ထန်းပလက်ပြား တစ်ချောင်းနှင့် လိုက်သွားသည်။ ကျနော်လည်း အချိန်မရသဖြင့် နည်းနည်းပါးပါးမေးမြန်းကာ ပြန်လာခဲ့သည်။

မန္တလေးတက္ကသိုလ်မှ ပီအိပ်ခ်ျဒီဘွဲ့ရရှိပြီး ဆရာတစ်ဦးနှင့် ဆွေးနွေးဖြစ်သည်။ ဆရာ၏ စိတ်ဓာတ်ကတော့ ကျနော့်စိတ်နှင့် ၈၀% တူသည်။ သို့သော် ဆရာ့ကို ကျနော် မြန်မာ့ ပညာရေးနှင့် ပက်သက်သည့် အားမရသော အချက်များကို ပြောပြသည်။ ကျနော်တို့ ဥရောပမှာ ဆရာတစ်ယောက်အနေဖြင့် တပည့်တစ်ယောက်ကို ပညာတစ်ခုကို တက်ကျွမ်းအောင် သင်ပေးခြင်းမရှိကြောင်း၊ ပညာတစ်ခုကို တက်ကျွမ်းစေရန် နည်းလမ်းများကိုသာ သင်ပေးကြောင်း၊ သွားရောက်ပြသလျှင် ကျောင်းသားမှားနေပါက အမှန်ကို ပြင်မပေးကြောင်း၊ မှားနေတယ် တစ်ကြိမ်ကြိုးစားကြည့်အုံး ဆိုပြီး ပြန်လွတ်လိုက်ကြောင်း၊ အားလုံး ကိုယ့်အားကိုယ်ကိုး လုပ်ရကြောင်း၊ ထို့ကြောင့် ကျောင်းသားများမှာ တကယ်ပညာ အပြည့်အ၀တတ်ကြောင်း၊ ခံယူချက်နှင့် ယုံကြည်ချက်များလည်း ပိုမိုတိုးပွားပြီး ပိုမို စာဖတ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပညာရေးကို ထိုကဲ့သို့ ဖြစ်စေချင်ကြောင်း ကျနော့် အတွေ့အကြုံနှင့် ယှဉ်၍ ပြောပြသည်။ သို့သော် ဆရာက ပြုံးပြီး ”အဲ့လိုသာလုပ်လို့ကတော့ ကျောင်းသား တစ်ယောက်မှတောင် ကျန်မှာ မဟုတ်ဘူး၊ တခြားမပြောနဲ့ အခုစူပါဗိုက် ဆာပေးနေတဲ့ မာစတာ တက်နေတဲ့ တပည့်နှစ်ယောက်တောင် ချော့သင်နေရတာ” ဟု ပြန်ဖြေခဲ့သည်။ ကျနော် တော်တော် စိတ်ပျက်သွားသည်။ မသိတဲ့ လူတွေကလည်း မသိလို့ လုပ်ကြသည်။ သိတဲ့လူတွေကလည်း အခြေအနေအရ ရေလိုက်ငါးလိုက်နေနေရသည်။ ကြာလျှင် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ရတော့မည်။ ကျနော်လည်း ရောက်တဲ့အရပ်မှာ မြန်မာ့ ပညာရေးက ကမ္ဘာမှာ တစ်ချိန်က မည်သို့နေရာယူခဲ့ကြောင်း၊ ယခုကဲ့သို့ ပညာခေတ် (Knowledge Age) ကြီးတွင် ပညာတက်မှ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ်ကြောင်း၊ ယနေ့ ကမ္ဘာတစ်ဝှမ်း ခေတ်စားနေသော သတင်းနှင့် ပြန်ကြားရေးနည်းပညာ (IT) ၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးနည်းပညာ (IWT)၊ အီလက်ထရောနစ် ပညာရေး (e-Education) တို့အပေါ် ကောင်းစွာ နားလည် သဘောပေါက်စေရန် ကြိုးစားသင့်ကြောင်း၊ လူအများအပြားကို အတိုက်အခံလုပ်၍ ပြောပြလျှက် ရှိပေသည်။ သို့သော် တစ်ရွာလုံးနှင့် တစ်ယောက်တည်း ဖြစ်သောကြောင့် ခရီးရောက်မှုမှာ အလွန် နှေးကွးလှသည်။ သို့သော် ကျနော် ဆက်လက် ကြိုးစားနေပါဦးမည်။



ဘဝ တစ်ဆစ်ချိုး  

Posted by ADMIN in

  1. အချိန်တွေလည်း တစ်ရွေ့ရွေ့ကုန်ဆုံးသွားရင်း၊ လတွေ နှစ်တွေလည်း ရာသီစက်ဝိုင်းအတိုင်း လှည့်ပက်ရင်း ကျနော်တို့ လည်း တစ်နေ့ တခြား အသက်တွေ ကြီးရင့်လာပြီဖြစ်သည်။



  2. "ဒါ ဘဝ တစ်ဆစ်ချိုးပဲ" စကားကို တက္ကသိုလ်ဝင်တန်းမှ စ၍ မိဘ၊ ဆရာများ၏ ပြောဆို ဆုံးမ သံများကို မကြာခဏ ကြားခဲ့ရပါသည်။ ဘဝ ဆိုတာ အဆစ် ဘယ်နှဆစ်ရှိမှန်း ကျနော် မသိပေမယ့် ယခု တွင်လည်း နောက် တစ်ဆစ် ထပ်ကျိုးသွားပြီလို့ ကိုယ့်ကိုယ်ကို ထင်မိပါသည်။



  3. ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာရှာ၊ တတိယအရွယ် တရားဘာဝနာ ရှာ ဟူသော စကားအတိုင်း လူမှန်းသိတတ်ခါစမှစ၍ ပညာရှာဖွေခဲ့ရာ ယခု မည်သည့် အရွယ် ရောက်မှန်းမသိသော်လည်း ပညာရှာတဲ့ အလုပ်က အတောမသက်နိုင်သေးပါ။



  4. နောက်ထပ် ဘဝ တစ်ဆစ်ချိုးအတွက် နောက် (၃) နှစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သို့ စက်တင်ဘာတွင် ပြန်လာ၍ ထပ်မံရောက်ရှိပြီး ပညာများကို ကြိုးစားသင်ယူ ပါရဂူဘွဲ့ ရယူဖို့ စီမံထားပြီးဖြစ်ပါသည်။



  5. တစ်ဆစ်နှင့် တစ်ဆစ်အကြားတွင် အလွတ် တစ်ခု ရှိသလိုပဲ ကျနော်လည်း နားခွင့်ရသော (၂)လ တွင် သုံးနှစ်ကြာ ခွဲခွာခဲ့ရသော မိဘရင်ခွင်ဆီသို့ ခေတ္တခဏ သွားရောက်ခိုလုံရင်း တက်မြောက်ထားသော ပညာများဖြင့် ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် စနည်းနာပါအုံးမည်။



  6. ရှမ်းပြည်နယ် တောင်းပိုင်းတွင် နေထိုင်မည်ဖြစ်သောကြောင့် (၂) လ အတွင်း ပို့စ် အသစ် တင်နိုင်လိမ့်မည် မထင်ပါ။


  7. နိုင်ငံအရပ်ရပ်မှ လမ်းကြုံလို့သော်လည်းကောင်၊ တကူးတကသော်လည်းကောင်၊ မတော်တဆ သော်လည်းကောင်၊ ရှာရင်းဖွေရင်း သ်ာလည်းကောင်း၊ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသော စာဖတ်မိတ်ဆွေများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နှုတ်ဆက်ခဲ့ပါကြောင်း.........။



3/2009  

Posted by ADMIN in

17, june, 2009

ဒီနေ့ဟာ လက်တစ်လောအားဖြင့် ယခုနှစ်အတွက် ကျေနပ်မှုအကောင်းဆုံး ရရှိခဲ့တဲ့ တတိယမြောက် နေ့ပါ။ အမှန်အတိုင်း ပြောရရတော့ ပထမနေ့ နဲ့ ဒုတိယနေ တွေ တုန်းကလောက် စိတ်မလှုပ်ရှားခဲ့ရ၊ ပြောစမှတ် တွင်ရလောက်အောင် ဝမ်းသာအားရ မရှိသလိုပါပဲ။ သို့သော် ဒီနေ့က ပိုပြီး သမိုင်းဝင်မှာတော့ သေချာပါတယ်။


- အနီရောင် M.A.C.S (Master of Automatic Control System) ဘွဲ့ကို Excellent (Great 5) အဆင့်ဖြင့် စင်ပေါ်သို့ ရှေ့ဆုံးက တက်ရောက် ရယူခဲ့ရသည့်နေ့။









2/2009  

Posted by ADMIN in

23, may, 2009


ဒီ
န့ဟာ လက်တစ်လောအားဖြင့် ယခုနှစ်အတွက် ကျေနပ်မှုအကောင်းဆုံးရရှိခဲ့တဲ့ ဒုတိယမြောက် နေ့ပါ။ ရည်မှန်းချက်၏ အရေးပါသည့် တစ်စိတ်တစ်ဒေသကို ဖမ်းဆုတ်မိလိုက်နိုင်ပြီ လို့ မိမိကိုယ်ကို သက်မှတ်ခွင့် ရသည့်နေ့ ဟုလည်း ပြောလို့ရပါတယ်။

- Defence လုပ်ရသည့်နေ့၊ မျှော်မှန်းထားသည့်အတိုင်း Defence ကို ဂရိတ် ဖိုက်ဖြင့် အောင်မြင်သောနေ့။

- မျှော်လင့်ထားသည့် красный диплом (red diploma) အနီရောင် ဘွဲ့လက်မှတ် ရရှိကြောင်း နှင့် PHD တက်ရောက်ခွင့် ရရှိကြောင်း၊ ထောက်ခံကြောင်း တရားဝင် ကြေငြာခံရ၊ သိရှိရ သည့်နေ့။





1/2009  

Posted by ADMIN in

23, April, 2009

ဒီနေ့ဟာ လက်တစ်လောအားဖြင့် ယခုနှစ်အတွက် ကျေနပ်မှုအကောင်းဆုံးရရှိခဲ့တဲ့ နေ့တစ်နေ့ပါ။
 
- ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ ၂ နှစ် နှင့် ၈ လ ပညာဆည်းပူးပြီးနောက် နောက်ဆုံးစာမေးပွဲရဲ့ နောက်ဆုံး ဘာသာရပ်(MATLAB) ဖြေဆိုအောင်မြင်သည့် နေ့။

- မျှော်လင့်ထားသည့်အတိုင်း ဘာသာရပ်အားလုံး အမှတ်ပြည့်ရရှိကြောင်း သိရသည့်နေ့။

- ယခု လုပ်နေသော Research ကို ပထမဆုံး Conference မှာ တက်ပြောကာ မှန်းထားသည်ထက် သာလွန်သောရလဒ်ကို ရရှိသောနေ့။



ဘ၀ နှင့် Neo Counter  

Posted by ADMIN in


၁။ အမှတ်တရ ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ အဲ့လိုပဲ အမှတ်တရ လေးတွေကို မှတ်မှတ်ရရ ဖြစ်အောင် လူအားလုံးက ကြိုးစား တတ်ကြတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။

၂။ ကျွန်တော် ဘလော့တွေကို စ ဖတ်တော့ Counter တွေကို တွေ့ပါတယ်။ ကျွန်တော် တော်တော် စိတ်ဝင်စား သွားပါတယ်။ ဥပမာ အားလုံးသိတဲ့ Neo Counter ဆိုရင် ဘယ်နိုင်ငံက ဘယ်နှစ်ယောက် ဒီကို လာထားတယ် ဆိုတာကို တိတိကျကျ မှတ်တမ်းတင်ထားပါတယ်။

၃။ အဲ့လိုပဲ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အရာတွေမှာ Neo Counter လေးတွေ ထည့်ထားလို့ ရရင် သိပ်ကောင်းမှာပဲ လို့ ကျွန်တော် တွေးမိတယ်။ ဥပမာ စာမေးပွဲဖြေခဲ့တဲ့ အကြိမ်ပေါင်း၊ အောင်မြင်ခဲ့တဲ့ အကြိမ်ပေါင်း၊ မှားယွင်းခဲ့တဲ့ အကြိမ်ပေါင်း၊ ဘီယာသောက်ခဲ့တဲ့ အကြိမ်ပေါင်း၊ ရန်ဖြစ်ခဲ့တဲ့အကြိမ်ပေါင်း၊ ဘယ်မြို့တွေ ရောက်ခဲ့တယ် ဆိုတာကို မြေပုံမှာ ဖော်ပြပြီးသား …. စတဲ့ အကြိမ်အရေအတွက်တွေအတွက် ဘက်စုံ Counter တစ်ခုတော့ လိုအပ်ပါတယ်။

၎။ အနောက်နိုင်ငံတွေမှာ ဟိုးရှေးခေတ်ကတည်းက နေ့စဉ်မှတ်တမ်း ရေးတဲ့အကျင့်ရှိခဲ့ကြတယ်။ အင်မတန် ကောင်းပါတယ်။ ယနေ့ခေတ် အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်အများစုလည်း နေ့စဉ်မှတ်တမ်း ရေးကြပါတယ်။ ဒါဟာ ဖန်ရှင် ပိုများတဲ့ ကောင်တာ တစ်ခုကို သုံးသလိုပါပဲ ကျွန်တော်ထင်ပါတယ်။

၅။ စာဖတ်ခြင်းသည် လူအားပြည့်ဝစေ၏၊ ဆွေးနွေး ပြောဆိုခြင်းသည် အသင့်ပြင်ဆင်ပြီးဖြစ်စေ၏၊ ရေးမှတ်ခြင်းက တိကျစေပေသည်။ ထို့ကြောင့် အကြင်သူသည် ရေးကူးမှတ်သားမှု နည်းသူဖြစ်အံ့ ထိုသူ၌ အလွန်ကြီးသော မှတ်ဥာဏ်လိုအပ်မည်။ ဆွေးနွေးဖြေဆိုမှုနည်းသူကား ဇ၀နဥာဏ်ရွှင်နေမှ တော်ပေမည်။ ထိုနည်းတူ စာဖတ်နည်းသူသည်လည်း တကယ်မသိပဲ သိချင်ယောင်ထင်ရရန်အတွက် အလွန်ပါးစသူ လျှင်သူတစ်ဦးဖြစ်ရန် လိုအပ်သည်။ ဟု စာအုပ်တစ်အုပ်မှာ လေ့လာဖူးပါတယ်။

၆။ ကျွန်ုပ်တို့ဟာ စာဖတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ ဆွေးနွေးခြင်းနှင့် ရေးမှတ်ခြင်းများပါ ရှိဖို့ လိုနေပါပြီ။ နေ့စဉ်မှတ်တမ်းရေးခြင်းအားဖြင့် တိကျသေချာမှုကို ဖြစ်စေပါတယ်။ ဘယ်နေ့ ဘယ်ချိန်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ တိတိကျကျပြောနိုင်၊ ဆိုနိုင် ပါတယ်။ ပုံမှန်အားဖြင့် ပြန်ပြောဖို့ မလိုပေမယ့် ပြဿနာ တစ်ခုခု ကြုံတွေ့ချိန်တွေမှာ၊ အခက်အခဲနဲ့ ရင်ဆိုင်ရချိန်တွေမှာ ကန္တာရထဲမှ အိုအေစစ် ကဲ့သို့ အင်မတန် အသုံးဝင်ပါတယ်။

၇။ “ကျွန်မသိတတ်စအရွယ်ကတည်းက နေ့စဉ်မှတ်တမ်းရေးပါတယ်။ ကျွန်မစိတ်ညစ်စရာတွေနဲ့ကြုံပြီး ဘာမှမလုပ်ချင်တဲ့ အချိန်တွေမှာ အရင်က ပျော်ခဲ့တာတွေကို ပြန်ဖတ်ပါတယ်၊ သမီးလေးရဲ့ ချစ်စရာအပြုအမူတွေ၊ ရုံးမှာ မကြီးမားတဲ့ လွဲမှားမှုတွေ၊ သူငယ်ချင်းတွေနဲ့ ပြောခဲ့တဲ့ ရယ်စရာတွေ ကို ပြန်ဖတ်လိုက်ရရင် အဲ့ဒီအချိန်ကို ပြန်ရောက်သွားသလိုပဲ အခုဖြစ်နေတဲ့ စိတ်ညစ်စရာက ချက်ချင်း ပျောက်သွားရော” ဟု နေ့စဉ်မှတ်တမ်း ရေးမှတ်တတ်သူ တစ်ယောက်ပြောတာကို ဖတ်ခဲ့ ဖူးပါတယ်။ ဟုတ်ပါတယ်။ သူပြောသလို ကျွန်တော် စမ်းကြည့်ပါတယ်။ တကယ်လဲ ဖြစ်ပါတယ်။

၈။ နောက်တစ်ခုက အရေးကြီးတဲ့ မဖြစ်သေးတာတွေကို နေ့အတိအကျ သိလျှင် ကြိုတင်ပြီး မှတ်သားထားလို့ ရပါတယ်။ ထိုသို့မှတ်သားခြင်းဖြင့် အချိန်ကို တန်ဖိုးရှိစွာ သုံးစွဲရာရောက်သလို ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးရာလည်း ရောက်ပါတယ်။

၉။ Google မှာ Calendar ပါလာတော့ အင်တာနက်သုံးနေတဲ့ ကျွန်တော်တို့ တွေ အများကြီး အထောက်အကူ ရတာပါပဲ။

၁၀။ ကျွန်တော် အရင်တုန်းက နေ့စဉ်မှတ်တမ်းမှာ အဆိုးအကောင်း အားလုံးရေးတယ်။ နောက်ပိုင်းမှာ မိတ်ဆွ အပေါင်းအသင်းများနဲ့ ပတ်သက်ပြီး အကောင်းတွေပဲ ရေးပါတော့တယ်။ ကျွန်တော့်အပေါ် တစ်ဦးတစ်ယောက်က ထိခိုက်အောင်လုပ်တာတွေကို မမှတ်ထားပဲ ထိုသူ၏ ကောင်းခဲ့သော အချက်များကိုသာ မှတ်ထားခြင်းအားဖြင့် ကိုယ့်စိတ်ထဲမှာ ပြန်ဖတ်တိုင်း ကျေနပ်ပျော်ရွှင်ရပါတယ်။ တစ်စုံတစ်ယောက်က ယခု မိမိအပေါ် မကောင်းလျှင်တောင် အရင်က ကောင်းထားခဲ့တာတွေကို ပြန်ကြည့်မိပြီး ခွင့်လွှတ်ချင်စိတ် ပေါ်လာတတ်ပါတယ်။ ဒီတော့ ခွင့်လွှတ်လိုက်တယ်။ အင်မတန် မြင့်မြတ်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်တာပါ လို့ ဆရာတော် ဦးဇောတိက က မိန့်ကြားဖူးပါတယ်။ ကျေနပ်စရာလည်း ကောင်းပါတယ်။

၁၁။ နောက်ထပ် တစ်ခုက ကျေးဇူးရှိသူ အားလုံးကို မှတ်ထားသင့်ပါတယ်။ လူ့အသိုင်းအ၀ိုင်းမှာ ရှိနေတဲ့ လူတစ်ယောက်အတွက် သူ့ကျေးဇူး၊ ကိုယ့်ကျေးဇူး တော့ရှိတာပါပဲ။ ကျွန်တော်တို့ မှတ်သားထားသင့်တာက ကိုယ့်ကျေးဇူး တစ်ခုမှ မပါပါဘူး။ သူ့ကျေးဇူးတွေချည်းပါ။ ကျွန်တော့်အပေါ်မှာ ကျေးဇူးရှိသူအားလုံးကို ချရေးထားပါတယ်။ ကျေးဇူးရှင်တွေ များလွန်းလို့ အိပ်ရင်တောင် ဘယ်ဖက်ကို ခြေလှည့်အိပ်ရမှန်းမသိပါဘူး။ ဒါပေမယ့် မိဘနှစ်ပါးနှင့်တကွ ကျေးဇူးရှိသူ အားလုံးကို တစ်နေ့နေ့ ကျွန်တော် ကျေးဇူးဆပ်ကိုဆပ်မှာပါ။ ဘ၀မှာ အအေးချမ်းဆုံး နေချင်လျှင် ကျေးဇူးရှိတဲ့ သူအားလုံးကို မစော်ကားမိစေနဲ့ လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။ အားလုံးကို ဆပ်နိုင်ဖို့အခွင့်အရေးရတာနဲ့ ချက်ချင်း ဆပ်မှာပါ။ ဆပ်နိုင်အောင်လဲ ကျွန်တော်ကြိုးစားမှာပါ။ လူတော်တော်များများမှာလည်း ဒီလိုစိတ်မျိုး ရှိမှာပါ။

၁၂။ တကယ်လို့သာ ကျွန်တော့်ဟာ ဘက်စုံ Neo Counter တစ်ခု ပိုင်ဆိုင်ခဲ့မယ်ဆိုရင် ဒီနေ့ဆိုရင် အသက်ဆိုတဲ့ နေရာမှာ (၂၂) မှ (၂၃) သို့ ပြောင်းသွား ပါပြီ။ အခုပဲ ကျွန်တော့်အသက် (၂၃) နှစ်တင်းတင်း ပြည့်သွားပါပြီ။ ဒါဆို (၂၄) ရောက်ပြီပေါ့။ ကျွန်တော့ရဲ့ (၂၃)နှစ်မြောက် မွေးနေ့ (၂၈.၇.၂၀၀၈) ဒီနေ့မှာ ပို့ (၅၀) မြောက် ရွှေရတု ပိုစ့် တစ်ခု အနေဖြင့် ရေးသား မှတ်တမ်းတင် ဖော်ပြလိုက်ရပါတယ်။

၁၃။ (၁)နှစ် ကြီးသွားပြန်ပြီ ဘာတွေ တိုးတတ် လာသလဲ? ဘယ်လောက် ရင့်ကျက် လာပြီလဲ? လူအများကို ကောင်းကျိုး ပြုတာတွေကို ဘယ်လောက် လုပ်ခဲ့လဲ? အဆိုး ဘယ်နှခုအတွက် ပြန်လည် ပေးဆပ်နိုင်ခဲ့သလဲ? အဆိုး ဘယ်နှခုရော ထပ်လုပ်ခဲ့ ပြန်ပြီလဲ? ဘာတွေ….? ဘာတွေ….? ဘာတွေ….? စတဲ့ များပြားလှတဲ့ မေးခွန်း တွေကိုတော့ ကျွန်တော့် ကိုယ်ကျွန်တော် ပြန်မေးထားပါတယ်……..။

၁၄။။ ကျွန်တော့်မွေးနေ့မှာ ကျွန်တော့် မိဘနှင့်တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးနှင့် ကျေးဇူးရှိသူ အားလုံးကို ရှိခိုးကန်တော့ပါတယ်။ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေ အပါင်းအသင်းများ အားလုံး၊ နှင့် ဘလော့ဂါညီအစ်ကို မောင်နှမများအားလုံး ကိုလည်း ကောင်းချီး ပေးပါတယ်။ သုခ အဖြာဖြာ နဲ့ ပြည့်စုံကြပါစေ။ ကျွန်တော် မှားခဲ့တာတွေရှိခဲ့မှာပါ၊ ဒီအတွက် အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ် လို့ ပြောချင်ပါတယ်။ ခွင့်လွတ်နားလည်ပေးကြပါ ခင်ဗျာ။ စာဖတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။



Blogger Gathering (Moscow)  

Posted by ADMIN in


ဗော်လဂါမြစ် စီးဆင်းမှု့နဲ့ အတူ ဖြတ်သန်းနေကြတဲ့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ ၂၀၀၈ ခုနှစ် ဇူလိုင်လ၁၆ ရက်နေ့ ၊ မော်စကိုမြို့ MSU ( Moscow State University ) ကျောင်း ကျောင်းသားဆောင်မှာ အမှတ်တရ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ် ။ အဲဒီ တွေ့ဆုံပွဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြံပေး ဆွေးနွေးခဲ့ကြ ပြီး ၊ ၂၀၀၈ ၊ ဧပြီလ ၄ ရက် ( သင်္ကြန်အကျနေ့ ) ကအကြမ်းဖျင်း ရည်ရွယ်ထားခဲ့တဲ့ ကျွန်တော်တို့ ရဲ့ အမှတ်တရ Website တစ်ခုလုပ်မယ့် ကိစ္စကို အတည်ပြုခဲ့ကြပါတယ် ။ Website မှာပါမယ့် ကဏ္ဍတွေမှာ တာဝန်ယူနိုင်ကြမယ့် အပိုင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ် ။

နောက်တစ်နေ့ ( ၁၇ ၊ ဇူလိုင် ၊ ၂၀၀၈ နေ့ ) ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရားခန်းမှာ ဓမ္မစင်္ကြာ တရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာပြည်သူ ပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) ၊ စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်း နှင့်ပြည့်စုံပြီး ဘေးရန်အပေါင်း က ကင်းဝေးပါစေ ကြောင်း ဆုမွန်ကောင်း တောင်းခဲ့ကြပါတယ် ။ နေ့လည်ခင်းမှာ တော့ အမှတ်တရ ခရီးအဖြစ် ( Коломенский Парк ) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက်လည်ပတ် ခဲ့ကြပါတယ် ။

ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ တွေ့ဆုံပွဲကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန်တော်တို့ရဲ့ Blogger ညီ ၊ အစ်ကို ၊ မောင် ၊ နှမ များအားလုံး သိရှိစေဖို့ ၀မ်းသာစရာ သတင်းကောင်း တစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါ တယ်ခင်ဗျာ ။ ကျွန်တော်တို့ ရဲ့ တွေ့ဆုံပွဲလို နိုင်ငံ အသီးသီးမှာရှိကြတဲ့ Blogger ညီ ၊ အစ်ကို ၊ မောင် ၊ နှမ များလည်း ပျော်ပျော် ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေ လို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စု က ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ ။ Blogger များအားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….



…. ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်နေစဉ် ….


……. ဆွေးနွေးပွဲနှင့် အမှတ်တရ ခရီး …….

မှတ်ချက် ။ ။ အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်မလာနိုင်ပဲ G-talk ၊ Phone များနဲ့ ဆွေးနွေးခဲ့ကြတဲ့ Blogger တစ်ချို့ ရှိခဲ့ပေမယ့် ဆွေးနွေးပွဲမှာပါဝင်သူ အားလုံးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ ။ စုစုပေါင်း (၃၄) ယောက်ပါခင်ဗျာ ။


ကိုရင်ညိန်းတင့်ထူးရွှေနတ်သျှင်နောင်Black Dreamမောင်ကောင်းအောင်လွမ်းလုင်မျှားပြာ ရွှေရောင်ကောင်းကင်လင်းထွန်း လွမ်းသုခရတ်မွန်နေချိုအေး ၀ဿန်ဦး ၊ မောင်နိုင်မီးပြတိုက် ဇွတ်ဆိုးလေး 4Everထိပေ့သျှင်ကိုစွမ်းကိုအောင်ညိမ်းညို ဖြိုးငယ် အောင်ဦး နန်းထိုက်ဝင်းမင်းဝေ တင်နွယ်မောင် သုခရိပ်မင်းကျန်စစ်အလွမ်းရောင်စောမဏ္ဍိုင် အညာသားလေး မောင်ငယ် မောင်သုညလွမ်းစေ (မြန်မာပြည်)

(ကိုရင်ညိမ်း http://www.koyinnyein.blogspot.com/ ၏
Blogger Gathering (Moscow) ကို ကူးယူဖော်ပြသည်)



ဘလော့ဂါ တစ်ယောက်ဖြစ်လာခြင်း  

Posted by ADMIN in

ဒဿနသမား တစ်ယောက်ပါ။ တွေးခေါ်ရတာ၊ စဉ်းစားရတာကို သဘောကျတယ်။ စာဖတ်ရတာကို ၀ါသနာပါတယ်။ အထူးသဖြင့် နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့အတွေးအခေါ်တွေ၊ မှတ်သားလောက်စရာစကားတွေ၊ ဒဿနတွေ၊ ပုဂ္ဂိုလ်ကျော်ကြီးတွေရဲ့ အတ္ထုပ္ပတိတွေ၊ သမိုင်းတွေကို ပိုကြိုက်တယ်။ စာဖတ်ပြီးစဉ်းစားတယ်။ အရမ်းကြိုက်ရင် ကူးထားတယ်။ တစ်ခါတစ်လေ စိတ်ကူးပေါက်ရင် ကိုယ်ပိုင် ဒဿနတွေရေးတယ်။ ကိုယ့်အတွေးတွေ၊ ကိုယ့်အမြင်တွေရေးလေ့ရှိပါတယ်။ ငယ်ငယ်တုန်းက အင်္ဂလိပ်စာ တိုးတက်ရေး မဂ္ဂဇင်းတွေမှာ ကျွန်တော့်ဒဿနတွေ ပါလာတတ်တယ်။ အခု နောက်ပိုင်းတော့ မရေးဖြစ်တော့ပါဘူး။ ဘလော့တွေကိုတော့ ဖတ်ဖြစ်ပါတယ်။ မြန်မာ ဘလော့တွေ စပေါ်လာကတည်းကပေါ့။ တော်တော်များများကို ဖတ်ဖြစ်ပါတယ်။ နောက်ပိုင်း ဖတ်ရင်းဖတ်ရင်းနဲ့ ရေးဖို့ကို စိတ်ဝင်စားလာတာပါ။ ဒါကတော့ ကျွန်တော့ ဘလော့ရဲ့ ထမဆုံးပိုစ့်ကို တင်လိုက်တာပါ။ ဆက်လက်ကြိုးစားသွား မှာပါ။



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com