Showing posts with label Philosophy. Show all posts
Showing posts with label Philosophy. Show all posts

Wisdom & Knowledge (အသိဉာဏ်ပညာ နှင့် အသိအလိမ္မာ)  

Posted by ADMIN in ,


  • Mind moves matter.

    စိတ်သည် အခြေအနေ အကြောင်းကိစ္စအားလုံး ပြီးမြောက်အောင်မြင်စေသည်။


  • Our life is what our thoughts make it.

    ကျွန်ုပ်တို့၏ ဘဝ သည် ကျွန်ုပ်တို့ ထင်မြင်ယူဆချက်များနှင့် တည်ဆောက်ထားသည်။


  • Wisdom is acquired by an inquiring mind.

    အသိဉာဏ်ပညာ ဆိုသည်မှာ အသစ်အသစ်များအတွက် စူးစမ်းလေ့လာခြင်းဖြစ်သည်။


  • A man who does not think for himself does not think at all.

    ကိုယ့်အတွက်ကိုယ်ပင် မစဉ်းစားတတ်သောသူတစ်ဦးအနေနှင့် တပါးသူအတွက် စဉ်းစားပေးလိမ့်မည်မဟုတ်။


  • The beginning of wisdom is to call things by their true names.

    အသိဉာဏ်ပညာ တစ်ခု၏ အစသည် အရာဝတ္ထုများ၏ အမည်နာမ များအား နာမည် အမှန်ကို ခေါ်ဆိုခြင်းပင် ဖြစ်သည်။


  • In the practical use of our intellect, forgetting is as important as remembering.

    ကျွန်ုပ်တို့၏ ဉာဏ်စွမ်း ကို လက်တွေ့ အသုံးချရာတွင် မေ့ပျောက်ခြင်းက သတိရခြင်း ကဲ့သို့ အရေးကြီး ကြောင်း သိလာမည်။


  • Genius means little more than the faculty of perceiving in an unhabitual way.

    ထူးချွန်သူတို့၏ စိတ်စွမ်းရည် ထူခြားချက်မှာ ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် သာလွန်ကောင်းမွန်သော အတွေးများကို တွေးခေါ်နိုင်ခြင်းဖြစ်သည်။


  • All genius is a conquering of chaos and mystery.

    ထူးချွန်သူများသည် ပရမ်းပတာဖြစ်ခြင်း နှင့် နားမလည်နိုင်သော အရာများကို အောင်မြင်ကြသူများဖြစ်သည်။


  • Knowledge is the antidote to fear.

    အသိအလိမ္မာသည် ကြောက်ရွံ့ခြင်း၏ ဖြေဆေးဖြစ်သည်


  • Ignorance is the womb of monsters.

    မသိနားမလည်ခြင်းသည် မကောင်းဆိုးဝါး တစ်ကောင်၏ ဝမ်းဗိုက်တွင်းမှ သန္ဓေသားနှင့်တူသည်။


  • Ignorance is not bliss, it is oblivion.

    မသိနားမလည်ခြင်းသည် ချမ်းမြေ့ပျော်ရွှင်မှုကင်းမဲ့ခြင်း နှင့် သတိလွတ်ခြင်းဖြစ်သည်။


  • Where there is a feast of words there is often a famine of wisdom.

    စကားလုံးများနှင့် ပြည့်လျှံဖောင်းပွနေသောသူသည် အသိဉာဏ်ပညာ ငတ်မွတ် ခေါင်းပါးသူသာဖြစ်သည်။


  • The truth and rapture of man are holy things, not lightly to be scorned. A carelessness of life and beauty mark the glutton, the idler, and the fool in their deadly path across history.

    လူသားတစ်ဦး၏ အမှန်တရားနှင့် ခင်ခင်မွတ်မွတ် နှစ်သက်အားရခြင်း သည် မြင့်မြတ်သော အရာဖြစ်သည်။ ဥပေက္ခာမပြုရန်မဟုတ်။ ဘဝနှင့် အလှအား ဥပေက္ခာပြုသူများအား သူတို့၏ သမိုင်းတစ်လျှောက်တွင် အစားကြူးသူ၊ ပျင်းရိသူ (သို့) လူနုံ တစ်ဦးအဖြစ် သတ်မှတ်ခံရပေမည်။


  • Greater understanding increases the capacity for tolerance.

    ကြီးကျယ်မြင့်မြတ်သည့် စိတ်ထားသည် သည်းခံနိုင်ပမာဏမှုကို မူလ ပမာဏထက် ပိုမိုတိုးပွားစေသည်။


  • Wisdom is the supreme part of happiness.

    အသိဉာဏ်ပညာ သည် ပျော်ရွှင်ကြည်နူးခြင်း၏ အမြင့်ဆုံး အထွတ်အထိပ်ဖြစ်သည်။


  • Have the courage to be wise.

    ချင့်ချိန်ဆင်ခြင် တတ်သော သတ္တိရှိပါ။


  • Kindness is more important than wisdom, and the recognition of this is the beginning of wisdom.

    ကြင်နာခြင်းသည် အသိဉာဏ်ပညာ ထက် ပိုမိုအရေးကြီးသည်။ ထိုအကြောင်းကို အသိမှတ်ပြုခြင်းသည် အသိဉာဏ်ပညာ တစ်ခု ၏ အစပင်ဖြစ်သည်။


  • Wisdom begins with wonder.

    အသိဉာဏ်ပညာသည် စဉ်းစားတွေးခေါ် လေ့လာစူးစမ်းခြင်းဖြင့် စတင်သည်။



Webliography

http://www.essentia.com/book/quotes/wisdom.htm


(ဤ post ဖြစ်မြောက်ရေးအတွက် မအားလပ်သည့်ကြားမှ ဝေါဟာရများကို ကူညီရှာဖွေပေးသော Simple Views အား ကျေးဇူးအထူးတင်ရှိပါ၏။)



အသိပညာနှင့် ယုံကြည်မှု (Knowledge and belief)  

Posted by ADMIN in

ဒဿနိကဗေဒ (Philosophy)

Philosophy ခေါ် ဒဿနိကဗေဒ ၏ မူလ အဓိပ္ပါယ် အရင်းအမြစ်သည် ဂရိနိုင်ငံမှ ဆင်းသက်လာသည်။ Philo ဆိုသည်မှာ Love (အချစ်၊ မေတ္တာတရား၊ သဘောကျစရာ) ဟု အဓိပ္ပါယ်ရပြီး Sophis ဆိုသည်မှာ Wisdom (ဉာဏ်ပညာ၊ အသိပညာ၊ ရှုမြင်တွေးခေါ်မှု) မှု အဓိပ္ပါယ်ရသည်။

ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းမှာ ဒဿနိကဗေဒ ပညာရပ်တစ်ခု ရှိနေရခြင်း၏ အကျိုးကျေးဇူးမှာ တစ်ခါတစ်ရံ
ကျွန်ုပ်တို့ တွေ့ကြုံရသော အတွေ့ကြုံတစ်ခု (သို့) အသုံးပြုမည့် အရာတစ်ခု၊ လုပ်ဆောင်မည့်အလုပ်တစ်ခု၊ ပြောဆိုမည့် စကားတစ်ခွန်းအတွက် ဒဿနိကဗေဒ ပညာရှင်တို့၏ အတွေးအခေါ်များဖြင့် ယုံကြည်မှု ပိုမိုခိုင်မာစေရန်ဖြစ်သည်။

အထူးသဖြင့် အငြင်းပွားဖွယ် ပြဿနာများစွာအတွက် အဖြေများရရှိဖို့ အထောက်အပံ့များစွာ ဖြစ်စေသည်။ ဒဿနိကဗေဒ ပညာရပ်တွင် အဓိပ္ပါယ်သက်မှတ်ချက်များ (meaning)၊ ဖြေရှင်းချက်များ (interpretation)၊ ထင်မြင်ယူဆချက်များ (evaluation)၊ ကျိုးကြောင်းဆီလျှော်စွာ စဉ်းစားချင့်ချိန်နိုင်မှု (logical consistency)၊ နှင့် ရှေ့နောက်ညီစွာဖြင့် စဉ်းစားချင့်ချိန်နိုင်မှု (rational consistency) တို့ ပါဝင်သည်။

အခြား ကဏ္ဍ များမှာ ဒဿနိကဗေဒတွင် ပါဝင်ပြီး သဘာဝ၏ ဖြစ်တည်မှု၊ သစ္စာတရား၊ အသိပညာတို့နှင့် ဆိုင်သောပညာရပ် (Metaphysics)၊ လူတစ်ဦးချင်း အသိပညာနှင့် သက်ဆိုင်သော ဘာသာရပ် (Epistemology)၊ ကိုယ်ကျင့်တရားနှင့် ပတ်သတ်သော ပြဿနာများကို ဖြေရှင်းခြင်းဆိုင်ရာ ဘာသာရပ် (Ethics)၊ လူမှုရေးနှင့် နိုင်ငံရေး ဆိုင်ရာ ဒဿနိကဗေဒ (Social and political philosophy)၊ ယုတ္တိဗေဒ (သို့) တက္ကဗေဒ (Logic)၊ သဘာဝကို ခံစားခြင်းဆိုင်ရာ ဘာသာရပ် (Aesthetics) တို့ ပါဝင်သည်။



ပင်ကိုယ် အာရုံခံ အသိပညာ (sentient) မှ ဖြစ်ပေါ်လာသော ခွဲခြားသိမြင်မှု (Perceiving) နှင့် စေ့စေ့စပ်စပ် လေ့လာစောင့်ထိန်းမှု (observing) တို့ကို ပြင်ပလောကနှင့် လိုက်လျောညီထွေ ဆက်ဆံ အသုံးချတတ်ဖို့ အလွန်အရေးကြီးသည်။ ပြင်ပ သဘာဝ၏ အစီစဉ်တကျ လုပ်ဆောင်မှု၏ ထူးခြားသော သွင်ပြင်လက္ခဏာများကို မှတ်ဥာဏ်၏ တည်ဆောက်မှုတွင် ယုံကြည်မှု အဖြစ် သိမ်းဆည်းထားသည်။


အသိပညာ (Knowledge)

အသိပညာ (Knowledge) သည် ယနေ့ခေတ်တွင် အရေးပါမှုအဆင့်အတန်း ပိုမိုမြင့်မားလာသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့အနေဖြင့် အတန်းပညာများစွာတက်မြောက် သိထားယုံဖြင့် မလုံလောက်တော့ပေ။ ပြောင်းလဲမှုအရှိန်မြန်ဆန်လွန်းသော ယနေ့ခေတ်ကာလ မျိုးတွင် အသိပညာ (Knowledge) တို့ကို မည်သည့်အသက်အရွယ် ရောက်နေပါစေ၊ အမြဲမပြတ်လေ့လာ ဖတ်ရှုနေမှသာ ခိုင်မာစွာ ရပ်တည်နိုင်ပေလိမ့်မည်။

အလုပ်လုပ်နေခြင်းဖြင့်လဲ မလုံလောက်ပါ။ မိမိတို့၏ လုပ်ကိုင်ပုံ နည်းလမ်းများအား လမ်းကြောင်းမှန်မမှန်၊ စနစ်ကျနမှု ရှိမရှိ များနှင့် အားနည်းချက်၊ အားသာချက်များကို ဝေဖန်နိုင်ဖို့ လိုအပ်သည်။ ပြင်ပလောကကို လေ့လာပြီး မိမိကိုယ်ကို အမြဲမပြတ် ဆင်ခြင် ချင့်ချိန်သတိရှိရမည်။ ထိုကဲ့သို့ ဆင်ခြင်ချင့်ချိန်နိုင်စွမ်း တိုးတက်လာစေဖို့ အတွက် Knowledge ဆိုသော အသိပညာ တို့ ကို စဉ်ဆက်မပြတ် လေ့လာဖတ်ရှုနေကြခြင်း ဖြစ်သည်။ အောင်မြင်ကြီးပွားခဲ့သော ပုဂ္ဂိုလ်များစွာတို့ ၏ အောင်မြင်မှု လျှို့ ဝှက်ချက်မှာ ပင်ကိုယ် ထူးချွန်ခြင်းထက် အားလပ်ချိန်မှန်သမျှကို အကျိုးရှိရှိ အသုံးချခဲ ခြင်းက အဓိကဖြစ်သည်။

ယနေ့ကမ္ဘာကြီးတွင် အများနှင့်တန်းတူ တွေးနိုင်၊ သိနိုင်၊ စဉ်းစားနိုင်၊ ဝေဖန်နိုင်ရန်နှင့် သုံးသပ်နိုင်ရန်အတွက် အသိပညာ (Knowledge) နှင့် ပြည့်စုံ ဖို့မှာ အလိုအပ်ဆုံးဖြစ်သည်။ ထိုအချက်ကို လူသားတို့ ကောင်းစွာ သဘောက်ပေါက် နားလည်သော်လည်း အသိပညာ (Knowledge) ၏ အဓိပ္ပါယ်ကို ကောင်းစွာ သဘောပေါက်မှု အလွန်အားနည်းသေးသည်။ အထူးသဖြင့် မြန်မာ စာဖြင့် ရေးသားထားသော အင်တာနက် စာမျက်နှာ တော်တော်များများတွင် အသိပညာ ဟူ Label ကို တွေ့ရတတ်ပြီး ထိုခေါင်းစဉ်အောက်တွင် ရေးသားထားသည်များမှာ အသိပညာ (Knowledge) မဟုတ်သည့် အခြား အကြောင်းအရာများသာ ဖြစ်နေသည်။ ဤသို့ဆိုလျှင် အသိပညာ (Knowledge) ဆိုသည်မှာ အဘယ်နည်း ????

အသိပညာ (Knowledge) ဆိုသည်မှာ အမြင့်မားဆုံးအဆင့်ဖြစ်သည်။ သတင်း၊ အချက်အလက် (Information) သည် အလည်အလက်အဆင့်ဖြစ်ပြီး အချက်အလက် (Data) မှာ အနိမ့်ဆုံးအဆင့်ဟူ၍ အကြမ်းဖျဉ်း မှတ်သားနိုင်သည်။

အချက်အလက် (Data) ဆိုသည်မှာ သာမန် စီးဆင်းမှုတစ်ခု (သို့) ဖြစ်ပေါ်ပြောင်းလဲလာမှုတစ်ခုမှ ရရှိသော အချက်အလက်များကို ခေါ်သည်။ သတင်း၊ အချက်အလက် (Information) ဆိုသည်မှာ အချက်အလက် (Data) များကို ခေါင်းစဉ်အလိုက် ခွဲခြားသတ်မှတ်ပြီး လူသားတို့နားလည် လက်ခံနိုင်သော ဖြစ်နိုင်ခြေရှိသည့် အချက်အလက်များကို ခေါ်သည်။ အသိပညာ (Knowledge) တွင် အတွေးအခေါ် (Concepts)၊ ကိုယ်တွေ့ (သို့) အတွေ့အကြုံ (experience)၊ ကန့်သက်ချက် တစ်စုံတစ်ရာအတွင်း လိုက်လျှောညီထွေမှုရှိစေရန် ဖန်တီး စီစဉ်ပေးနိုင်သည့် အသိဥာဏ် (insight that provide a framework for creating)၊ ဝေဖန် ပိုင်းခြားနိုင်မှု (evaluating) နှင့် အချက်အလက် (Information) တစ်ခုကို အသုံးချနိုင်မှုတို့ ပါဝင်သည်။


အသိပညာ (Knowledge) ကို မလေးနက်သော အသိပညာ (Shallow knowledge) နှင့် လေးနက်သော
အသိပညာ (Deep knowledge) ဟူ၍ အဆင့်အတန်း နှစ်မျိုး သက်မှတ်နိုင်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ် အသိပညာ (Procedural Knowledge) ၊ သဘာဝ အသိပညာ (Declarative Knowledge) ၊ မြင့်မားသော အသိပညာ (Meta Knowledge) ၊ ကိုယ်တိုင်လေ့လာ သင်ကြားခြင်းဆိုင်ရာ အသိပညာ (Heuristic Knowledge) ၊ ဆက်စပ်တွေးတော တည်ဆောက်ခြင်းဆိုင်ရာ အသိပညာ (Structural Knowledge) ၊ အသုံးပြုခြင်း ဆိုင်ရာ အသိပညာ (Procedural knowledge) ဟူ၍ ပိုင်းခြား သတ်မှတ်နိုင်သည်။

အသိပညာ (Knowledge) ဆိုသည်မှာ မှာအမှန်တကယ်ဖြစ်တည်လျှက်ရှိသော အစစ်အမှန်တရားကို သိရှိလာ ခြင်းဖြစ်သည်။ တနည်းဆိုသော် အမှန်တကယ်ဖြစ်ပေါ်နေသော ရှိခြင်းသဘော (Being) ကိုသိလာခြင်း ဖြစ်သည်။ ထို့ကြောင့် (Knowledge) ကိုယ်တိုင်သည်လည်း (Being) ကိုဆောင်ရွက်လျှက်ရှိသည်ဟု ဂရိအတွေးအခေါ်ပညာရှင် ပလေတို (Plato) က ခံယူတင်ပြခဲ့၏။

ပလေတို၏အဆိုအရ စစ်မှန်သောအသိပညာဟူသည်မှာ ဘယ်သောအခါမျှ မလွှဲမှားနိုင်သော အသိပညာ မျိုးဖြစ် ရမည်။ (Knowledge must be infallible) ထို့ပြင် အမှန်တကယ်ရှိနေသော အစစ်အမှန်တရား (Reality) ကို ဖေါ်ပြသော အသိပညာ မျိုးဖြစ်ရမည်။ (Knowledge must have reality as its Oject) ၎င်းလိုအပ်ချက် (သို့မဟုတ်) အရည်အချင်း နှစ်ရပ် ရှိမှသာလျှင် စစ်မှန်သောအသိပညာ (Knowledge)ဖြစ်သည်ဟု ပလေတိုက အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။

ထိုသို့ပင် William James က အမှန်တရား (Truth) ဆိုသည်မှာ ပထမဦးဆုံး တွေးတော့ရမည်၊ ထိုအတွေးသည် တခေဏ္ဏသော်လည်းကောင်း၊ တစ်ဘဝသော်လည်း ကောင်း ယခုချက်ချင်း မှန်ကန်သလို နောက်လည်း မှန်ကန်နိုင်သည်။ ဆိုလိုသည်မှာ အမှန်တရား၏ တည်မြဲမှုမှာ အချိန်အနေ၊ အချိန်အခါနှင့် လူတို့၏ သဘောထားပေါ်တွင်သာ မူတည်ပေသည်။

Kenneth E က အသိပညာ (Knowledge) ကို ပုံရိပ်တစ်ခုအဖြစ်လည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ ထိုပုံရိပ်ကို တိတိကျကျ ဝေခွဲ ပိုင်းခြားလို့ မရပါက ထိုပုံရိပ်သည် ယုံကြည်မှု (Belief) မှ အမှန်တရားသို့ ပြောင်းလဲလာသည်ဟုသာ သက်မှတ်နိုင်ပြီး အသိပညာ (Knowledge) ဖြစ်ရန်အတွက် စိတ်ကူး၊ အကြံအစည် (Idea) အဖြစ် နီးကပ်လာသည်ဟု ယူဆနိုင်သည်။

ခြုံငုံသုံးသပ်ကြည့်ပါက အသိပညာ (Knowledge) ဆိုသည်မှာ အကြောင်းအချက် တစ်ခု (Information) ဖြစ်သည်။ သို့သော် ထို အကြောင်းအချက်သည် မှန်ကန်မှုရှိသည်၊ ခွဲခြမ်းစိတ်ဖြာပြီးနောက် တိကျသေချာတဲ့ အဖြေ ရရှိပြီးသား အရာဟု မှတ်သားနိုင်သည်။

ကမ္ဘာဦးအစ လူသားတို့သည် အသိပညာ (Knowledge) ကို အသိ၊ ရှင်းရှင်းလင်းလင်းသိမြင်ပြီးသော အမှန်တရား၊ သင်ကြားမှု၊ သက်သေပြနိုင်တဲ့ အရည်အချင်းတစ်ခု လို့ သက်မှတ်ထားကြသည်။ ထို့ကြောင့် အသိပညာ (Knowledge) တစ်ခုကို တိတိကျကျ သေချာနာလည်ရန်အတွက် မိမိကိုယ်တိုင် တွေ့ကြုံနားလည်ဖို့ လိုအပ်သည်။


ယုံကြည်မှု (Belief)

ယုံကြည်မှု (Belief) ဆိုသည်မှာ နားလည်မှုလည်းဖြစ်နိုင်သည်၊ ပြည့်ြုပည့်စုံစုံ မှန်ကန်ဖို့ မလိုအပ်၊ သို့သော် အတိုင်းအတာ အစိတ်အပိုင်းတစ်ခုထိတော့ မှန်ကန်မှုရှိရပေမည်။ အချို့သော တည်ဆောက်မှုများကို အထောက်အပံ့ဖြစ်စေရမည်။ တစ်စုံတစ်ယောက်၏ အဆိုပြုချက်ကို ယုံကြည်သင့် မယုံကြည်သင့် အဆုံးအဖြတ်ပေးနိုင်ရမည်။ ဖြစ်ပေါ်လာသော ပြဿနာများကို ကျိုးကြောင်းဆီလျော်သော ဖြေရှင်းနိုင်ရမည်။ ယုတ္တိရှိစွာ တွေးတောနိုင်ရမည်။

ယုံကြည်မှု (Belief) ဆိုသည်မှာ တစ်ဦးချင်း အယူအဆ၊ တစ်ဦးချင်းအသိများ မှတပါး အများစု၏ ခံယူချက်များ၊ ယူဆချက်များ၊ အယူဝါဒများ ပါဝင်သည်။ အမှန်တရားဟူသော အစိတ်အပိုင်းထဲမှာမှ လူအားလုံးက အပြည့်အဝနှင့် လက်ခံနိုင်စေသော ကြောင်းပြချက်တစ်စုံတစ်ရာကြောင့် အားလုံးကသဘောတူ ထောက်ခံလိုက်လျှင် ထို အမှန်တရားသည် ယုံကြည်မှုအဆင့်သို့ ကူးပြောင်းသွားသည်။

လူ့အဖွဲ့အစည်းတွင် အမှန်တရား မှာ မရှိသလောက် ရှားပါးနေပြီဟု အတွေးအခေါ်ပညာရှင်များက ရှေးဦးပိုင်းကတည်းက လက်ခံထားခဲ့ကြသည်။ ဂရိအတွေးအခေါ်ပညာရှင် အာခီးမီးဒီး က နေ့ခင်းချိန်တွင် မီးအိမ်ထွန်း၍ အမှန်တရားကို ရှာဖွေခဲ့ဖူးသည်။ ယနေ့ခေတ် ဆိုလျှင် အမှန်တရား၏ ပျောက်ဆုံးမှုပမာဏမှာ များစွာကြီးမားလာပေသည်။ အမှန်တရားနည်းပါးလာသည်နှင့်အမျှ ယုံကြည်မှု များလည်း နည်းပါးလာပေသည်။

တစ်ယောက်တစ်မျိုးပြောနေသော အကြောင်းအရာများကို မည်သူမျှ မယုံကြည်ချင်ကြပေ။ ဤသို့ဆိုလျှင် အသိပညာရော နည်းပါးလာပြီလား ??? စဉ်းစားစရာဖြစ်လာသည်။


အသိပညာနှင့် ယုံကြည်မှု

အသိပညာနှင့် ယုံကြည်မှုကြားတွင် ကွာဟမှု မြောက်များစွာ ရှိသည်။ ထိုကွာဟမှုကို တိတိကျကျ တိုင်းတာဖို့ မဖြစ်နိုင်ပါပေ။ ရရှိလာသည့် အတိုင်းအတာသည်လည်း တိုင်းတာသည့် လူများ၏ ယုံကြည်မှုပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်သည်ဟု စင်္ကာပူနိုင်ငံ နန်ယမ်း တက္ကသိုလ် (Nanyang Technological University Singapore ) မှ လေ့လာသူ တစ်ဦးက ဆိုသည်။

Edmund L. Gettier က အသိပညာ (Knowledge) ဆိုသည်မှာ ယုံကြည်မှုကို ခွဲခြမ်းစိတ်ဖျာခြင်းဖြစ်သည်။ ယုံကြည်မှု (Belief) သည် အမှန်တရား (Truth) နှင့် နီးစပ်သည်။ လုံးဝ တူခြင်းတော့မဟုတ်။ ထို ယုံကြည်မှု (Belief) ကို တိတိကျကျ မှန်ကန်ကြောင်း သက်သေပြနိုင်လျှင်တော့ အသိပညာ (Knowledge) ဟု အဓိပ္ပါယ် သက်မှတ်နိုင်သည်။


အသိပညာ (Knowledge) သည် ယုံကြည်မှု (Belief) နှင့် အမှန်တရား (Truth) တို့၏ ထပ်တူကျရာ တူညီသည့် အစိတ်အပိုင်းမှာမှ ခွဲခြမ်းစိတ်ဖျာ သက်သေပြနိုင်သော တိကျသည့်အပိုင်းသာ ဖြစ်သည်။

အသိပညာ (Knowledge) ကို ကျွန်ုပ်တို့ သက်သေပြ၍ရနိုင်သည်။ အတွေ့ကြုံယူနိုင်သည်။ တစ်ခါတစ်ရံတွင် အသိပညာအား မြေကြီးလို့ သတ်မှတ်နိုင်သည်။ ယုံကြည်မှုကိုတော့ မြေကြီးအဖြစ် မသတ်မှတ်နိုင်ပေ။ အသိပညာနှင့် ယုံကြည်မှုတို့၏ အဓိက ခြားနားချက်ကို မေးပါက အသိပညာဆိုသည်မှာ သက်သေပြနိုင်သည့်အရာဖြစ်သည်။ ၎င်းတွင် ဖြေရှင်းနိုင်မှု စွမ်းအားများ ရှိသည်။ ယင်းဂုဏ်သတ္တိများနှင့် ပြည့်စုံလျှင် အသိပညာ (Knowledge) ဖြစ်ပြီး မပြည့်စုံလျှင် ယုံကြည်မှုသာ ဖြစ်ပေသည်။


အသိပညာ၊ ယုံကြည်မှု နှင့်
ဒဿနိကဗေဒ

ဒဿနိကဗေဒ ဘာသာရပ်၏ အနှစ်သာရဖြစ်သော S နှင့် P တို့ဖြင့် အသိပညာ (Knowledge) နှင့် ယုံကြည်မှု (Belief) တို့နှင့် ဒဿနိကဗေဒ (Philosophy) တို့၏ ဆက်စပ်မှုကို သက်သေပြနိုင်သည်။

ပထမ တစ်ဖက်တွင် S သည် ယုံကြည်မှု (Belief) တစ်ခုဖြစ်ပြီး P သည် အမှန်တရား (သို့) ခိုင်လုံသော အကြောင်းပြချက် ရှိသော မျှတမှု ဖြစ်သည်ဆိုလျှင် S မှ P ကို သိနိုင်သည်သည်။ (S knows that p iff S's belief that p is (i) true and (ii) justified.) ဆိုလိုသည်မှာ အမှန်တရား (Truth) တစ်ခု (သို့) ခိုင်လုံသော အကြောင်းပြချက်ရှိသည့် မျှတမှုတစ်ခုကို ယုံကြည်မှု (Belief) အဖြစ် သိ နိုင်သည်။ P သည်အမှန်တရား (Truth) ဖြစ်သည်။ ထိုမှတဆင့် S မှ P ကို ယုံကြည်သည်။ ထို့နောက် S မှ P ကို မျှတသော အကြောင်းပြချက်ဖြင့် ယုံကြည်သည်။ P သည် S အတွက် အသိပညာ ဖြစ်လာသည်။ ၎င်း မှာ အသိပညာ (Knowledge) ၊ ယုံကြည်မှု (Belief) နှင့် ဒဿနိကဗေဒ (Philosophy) ပင်ဖြစ်သည်။

ဒုတိယတစ်ဖက်တွင် မည်သူမဆို အခြား အသိပညာ (Knowledge) မည်မျှ ပြည့်စုံကြွယ်ဝသည်ဖြစ်စေ တစ်စုံတစ်ခု အပေါ် ယုံကြည်မှု (Belief) အလွန်အမင်း များပါက အခြားအသိပညာများက သုံးမရဖြစ်သွားပေသည်။ ဥပမာ၊ ဘာသာတရား အယူဝါဒ တစ်ခု (သို့) နိုင်ငံရေး အယူဝါဒ တစ်ခုတွင် ယုံကြည်မှု (Belief) များနေပါက ထို ပုဂ္ဂိုလ်သည် မည်မျှ ထူးချွန်ထက်မြတ်သူဖြစ်စေ၊ မည်မျှ အသိ/အတတ်ပညာ ပြည့်စုံသူဖြစ်စေ အစွန်းရောက်သွားနိုင်သည်။ ထိုအခြေအနေမျိုးတွင် ထို ပုဂ္ဂိုလ်မျိုးကို ယုံကြည်မှု မြင့်မားသူ အဖြစ်သာ သက်မှတ်နိုင်ပြီး အသိပညာ (Knowledge) လိုအပ်သေးသူအဖြစ် သုံးသပ်နိုင်သည်။ ဤသို့ဆိုလျှင် ယုံကြည်မှု (Belief) သည် အသိပညာ (Knowledge) ကို လျှော့ကျစေသည် (သို့) အနှောက်ယှက်ဖြစ်စေသည်ဟု လည်း မှတ်သားနိုင်ပေသည်။



Webliography

http://en.wikipedia.org/wiki/Philosophy

http://plato.stanford.edu/entries/knowledge-analysis/

http://hermetic.com/browe-archive/achad/misc/belief_vs_knowledge.htm

http://www.ils.unc.edu/~losee/b5/node9.html

http://www.articlesbase.com/college-and-university-articles/the-way-to-differentiate-between-knowledge-and-belief-213628.html

http://www.google.com/




ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com