၁ / ၂၀၁၁  

Posted by ADMIN in ,

Russia Federation နိုင်ငံ Moscow မြို့ရှိ Moscow Engineering Physics Institute (MEPHI) တက္ကသိုလ်တွင် ၂၀၁၁ ခုနှစ် January မှာ ကျင်းပ ပြုလုပ်ခဲ့သော ၁၄ ကြိမ်မြောက် International Telecommunications Conference က ရတဲ့ Publication ဖြစ်ပါတယ်။ ကျနော့်ရဲ့ ၆ ခုမြောက် Publication ပါ။ နောက်ထပ် ၃ ခု ရပြီးရင် အမိနိုင်ငံပြန်လို့ရပါပြီ....။

MEPHI's Confrence Publish of 2011



Wisdom & Knowledge (အသိဉာဏ်ပညာ နှင့် အသိအလိမ္မာ)  

Posted by ADMIN in ,


  • Mind moves matter.

    စိတ်သည် အခြေအနေ အကြောင်းကိစ္စအားလုံး ပြီးမြောက်အောင်မြင်စေသည်။


  • Our life is what our thoughts make it.

    ကျွန်ုပ်တို့၏ ဘဝ သည် ကျွန်ုပ်တို့ ထင်မြင်ယူဆချက်များနှင့် တည်ဆောက်ထားသည်။


  • Wisdom is acquired by an inquiring mind.

    အသိဉာဏ်ပညာ ဆိုသည်မှာ အသစ်အသစ်များအတွက် စူးစမ်းလေ့လာခြင်းဖြစ်သည်။


  • A man who does not think for himself does not think at all.

    ကိုယ့်အတွက်ကိုယ်ပင် မစဉ်းစားတတ်သောသူတစ်ဦးအနေနှင့် တပါးသူအတွက် စဉ်းစားပေးလိမ့်မည်မဟုတ်။


  • The beginning of wisdom is to call things by their true names.

    အသိဉာဏ်ပညာ တစ်ခု၏ အစသည် အရာဝတ္ထုများ၏ အမည်နာမ များအား နာမည် အမှန်ကို ခေါ်ဆိုခြင်းပင် ဖြစ်သည်။


  • In the practical use of our intellect, forgetting is as important as remembering.

    ကျွန်ုပ်တို့၏ ဉာဏ်စွမ်း ကို လက်တွေ့ အသုံးချရာတွင် မေ့ပျောက်ခြင်းက သတိရခြင်း ကဲ့သို့ အရေးကြီး ကြောင်း သိလာမည်။


  • Genius means little more than the faculty of perceiving in an unhabitual way.

    ထူးချွန်သူတို့၏ စိတ်စွမ်းရည် ထူခြားချက်မှာ ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် သာလွန်ကောင်းမွန်သော အတွေးများကို တွေးခေါ်နိုင်ခြင်းဖြစ်သည်။


  • All genius is a conquering of chaos and mystery.

    ထူးချွန်သူများသည် ပရမ်းပတာဖြစ်ခြင်း နှင့် နားမလည်နိုင်သော အရာများကို အောင်မြင်ကြသူများဖြစ်သည်။


  • Knowledge is the antidote to fear.

    အသိအလိမ္မာသည် ကြောက်ရွံ့ခြင်း၏ ဖြေဆေးဖြစ်သည်


  • Ignorance is the womb of monsters.

    မသိနားမလည်ခြင်းသည် မကောင်းဆိုးဝါး တစ်ကောင်၏ ဝမ်းဗိုက်တွင်းမှ သန္ဓေသားနှင့်တူသည်။


  • Ignorance is not bliss, it is oblivion.

    မသိနားမလည်ခြင်းသည် ချမ်းမြေ့ပျော်ရွှင်မှုကင်းမဲ့ခြင်း နှင့် သတိလွတ်ခြင်းဖြစ်သည်။


  • Where there is a feast of words there is often a famine of wisdom.

    စကားလုံးများနှင့် ပြည့်လျှံဖောင်းပွနေသောသူသည် အသိဉာဏ်ပညာ ငတ်မွတ် ခေါင်းပါးသူသာဖြစ်သည်။


  • The truth and rapture of man are holy things, not lightly to be scorned. A carelessness of life and beauty mark the glutton, the idler, and the fool in their deadly path across history.

    လူသားတစ်ဦး၏ အမှန်တရားနှင့် ခင်ခင်မွတ်မွတ် နှစ်သက်အားရခြင်း သည် မြင့်မြတ်သော အရာဖြစ်သည်။ ဥပေက္ခာမပြုရန်မဟုတ်။ ဘဝနှင့် အလှအား ဥပေက္ခာပြုသူများအား သူတို့၏ သမိုင်းတစ်လျှောက်တွင် အစားကြူးသူ၊ ပျင်းရိသူ (သို့) လူနုံ တစ်ဦးအဖြစ် သတ်မှတ်ခံရပေမည်။


  • Greater understanding increases the capacity for tolerance.

    ကြီးကျယ်မြင့်မြတ်သည့် စိတ်ထားသည် သည်းခံနိုင်ပမာဏမှုကို မူလ ပမာဏထက် ပိုမိုတိုးပွားစေသည်။


  • Wisdom is the supreme part of happiness.

    အသိဉာဏ်ပညာ သည် ပျော်ရွှင်ကြည်နူးခြင်း၏ အမြင့်ဆုံး အထွတ်အထိပ်ဖြစ်သည်။


  • Have the courage to be wise.

    ချင့်ချိန်ဆင်ခြင် တတ်သော သတ္တိရှိပါ။


  • Kindness is more important than wisdom, and the recognition of this is the beginning of wisdom.

    ကြင်နာခြင်းသည် အသိဉာဏ်ပညာ ထက် ပိုမိုအရေးကြီးသည်။ ထိုအကြောင်းကို အသိမှတ်ပြုခြင်းသည် အသိဉာဏ်ပညာ တစ်ခု ၏ အစပင်ဖြစ်သည်။


  • Wisdom begins with wonder.

    အသိဉာဏ်ပညာသည် စဉ်းစားတွေးခေါ် လေ့လာစူးစမ်းခြင်းဖြင့် စတင်သည်။



Webliography

http://www.essentia.com/book/quotes/wisdom.htm


(ဤ post ဖြစ်မြောက်ရေးအတွက် မအားလပ်သည့်ကြားမှ ဝေါဟာရများကို ကူညီရှာဖွေပေးသော Simple Views အား ကျေးဇူးအထူးတင်ရှိပါ၏။)



အကျိုးကျေးဇူးမရှိပဲ အချိန်မကုန်ကြစေနှင့်  

Posted by ADMIN in



"အိပ်မပျော်သောသူတစ်ဦးအတွက် ညတာ အလွန်ရှည်၏၊ အလွန်အိပ်ကောင်းနေသူတစ်ဦးအတွက် ညတာ အလွန် တို၏" ဟု ဗုဒ္ဒဘုရားရှင် ဆုံးမ ခဲ့ဖူးသည်။ ထိုသို့ပင် အလုပ်သိပ်များနေသူတစ်ဦးအတွက် အချိန်သည် မလုံလောက်သလိုပင် အလုပ်မရှိသူတစ်ဦးအတွက် အချိန်တွေ သိပ်ပြီး ပိုနေပေလိမ့်မည်ဖြစ်သည်။

ယနေ့ မြန်မာလူမျိုးတစ်ဦး၏ လူ့ဘဝသည် ပျမ်းမျှ ၇၅ နှစ် နှင့် ၈၀ ကြားတွင်သာ ရှိကြသည်။ ထိုအရွယ်တွင်မှာပဲ အသက် နှင့် ဘဝ နှစ်ခုလုံးကို လုံးဝ အဆုံးသတ်ကြရသည်။ ၇၅ နှစ်၊ ၈၀ နှစ် သည် ဘဝ အဆုံးဟု ဆိုသော်လည်း ဘဝ အစ မှာ ၂၅ နှစ် (သို့) ၃၀ နှစ် (သို့) ၃၅ နှစ်မှ စနိုင်ကြသည်။ ရေးတတ် ဖတ်တတ်ဖို့ သင်ကြားရင်း၊ ပျော်ပါးရင်း၊ အချိန်ဖြုန်းရင်နှင့် အချို့ဆိုလျှင် ၄၀ ကျော်ချိန်ထိ ဘဝ မစနိုင်သေးပေ။ ဘဝကို မစနိုင်သေးသည် ဆိုတာထက် ဘဝ ရဲ့ အနှစ်သာရ ကို ရှာဖွေဖို့ မေ့လျှော့နေကြသည်ဆိုလျှင် ပိုမှန်လိမ့်မည်။ ထိုအရွယ်များတွင် ဘဝ အတွက် အဓိပ္ပါယ်ရှိသော အလုပ်တစ်ခုကို စတင်လုပ်ဆောင်နိုင်ကြပြီး အသက် ၆၀ အရွယ်ရောက်သောအခါ အဆုံးသတ်သွားကြပြန်သည်။ အမှန်တကယ် အလုပ်လုပ်နိုင်သည့် အကောင်းဆုံး ချိန်က အလွန်နည်းလှသည်။

ကျွန်ုပ်တို့၏ ယခုလက်ရှိအသက်ကို ၆၀ ထဲမှ နှုတ်ကြည့်ပါက နောက်ထပ် အလုပ် အကောင်းဆုံး လုပ်ဆောင်နိုင်မည့် အချိန်အပိုင်းအခြားတစ်ခုကို ရရှိပေမည်။ ထိုကာလ အပိုင်းအခြားသည် ဘဝ တစ်လျှောက်လုံးအားဖြင့် အသင်ယူ၊ အလေ့လာရဆုံး အချိန်အပိုင်းအခြားတစ်ခုဖြစ်သလို၊ အကြိုးစား အရုန်းကန်ရဆုံး အပိုင်းအခြားလည်း ဖြစ်သည်။ ထို့အပြင် လူ တစ်ဦးနှင့်တစ်ဦးကို အခြေအနေ တစ်ခုမှ တစ်ခုသို့ လုံးဝ ကွဲပြား၊ ကွာဟ သွားအောင် ခွဲခြားပေးသည့် ကာလဖြစ်သည်။ ထို့ကြောင့် ဤမျှလောက်သော ဘဝ တစ်ခုလုံးအတွက် အရေးပါသည် လူလတ်ပိုင်းအရွယ် ကို စက္ကန့်နှင့်အမျှ အကျိုးရှိအောင် အသုံးချသင့်ပေသည်။

အချိန်တစ်ခုကို အသိပညာတစ်ခု သော်လည်းကောင်း၊ ဥစ္စာပစ္စည်းတစ်ခုသော်လည်းကောင်း၊ တရားဘာဝနာ တစ်ခုသော်လည်းကောင်း မရရှိလိုက်ပဲ မကုန်ဆုံးသင့်ပေ။ လုပ်ဆောင်မှုတိုင်းက ရည်ရွယ်ချက်ရှိနေရမည်။ အကျိုးမမဲ့စေရ။ လူငယ် တစ်ဦးနှင့် လူကြီးတစ်ဦးသည် ဦးနှောက်၏ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည် တူနေသော်လည်း လူကြီးတစ်ဦး၏ ဦးနောက်က လူငယ်တစ်ဦး၏ ဦးနောက်ထက် အလေးချိန်ပိုစီးနေရမည်။ ပိုမို တည်ငြိမ် ရင့်ကျက်နေရမည်။ မည်သူမဆို လူသားတစ်ဦးအနေနှင့် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့တွင် ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။ ထိုသို့မဟုတ်ပါက အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည်။ ထို့ကြောင့် တန်ဖိုးရှိသည့်အချိန်တွေကို တန်ဖိုးရှိရှိအသုံးချဖို့ ဗုဒ္ဓဘုရားရှင်က "အကျိုးကျေးဇူးမရှိပဲ အချိန်မကုန်ကြစေနှင့်” ဟု အမြဲမပျက်တိုက်တွန်းခဲ့သည်။

မှန်၏။ ဘဝသည် အလွန်တိုတောင်း၏။ အကျိုးမရှိပဲ အချိန်မကုန်စေဖို့ ကျွန်ုပ်တို့အားလုံး သတိပြုသင့်သည်။ မိမိအကျိုးစီးပွားသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်မှ လူသားတို့၏ အကျိုးစီးပွားကို သော်လည်းကောင်း၊ မိမိနိုင်ငံ နှင့် မိမိလူမျိုး၏ အကျိုးစီးပွားသော်လည်းကောင်း အချိန်ရှိသလောက် များများ အလုပ်လုပ်ဆောင်၍ မိမိ၏ခန္ဓာကိုယ် နှင့် မိမိအသိပညာ တို့အား ပြင်းပြင်းထန်ထန် အသုံးချပြီး အချိန်ကုန်စေဖို့ ကြိုးစားသင့်ပေသည်။



Wisdom  

Posted by ADMIN in


  1. Everything is based on mind, is led by mind, is fashioned by mind. If you speak and act with a polluted mind, suffering will follow you, as the wheels of the oxcart follow the footsteps of the ox. Everything is based on mind, is led by mind, is fashioned by mind. If you speak and act with a pure mind, happiness will follow you, as a shadow clings to a form. (Buddha)


  2. Knowing others is intelligence; knowing yourself is true wisdom. Mastering others is strength; mastering yourself is true power. (Sidonie Gabrielle)


  3. Wise men talk because they have something to say; fools, because they have to say something. (Plato)


  4. The perfection of wisdom, and the end of true philosophy is to proportion our wants to our possessions, our ambitions to our capacities, we will then be a happy and a virtuous people. (Mark Twain)


  5. When I was a boy of fourteen, my father was so ignorant I could hardly stand to have the old man around. But when I got to be twenty-one, I was astonished at how much the old man had learned in seven years. (Mark Twain)


  6. Wisdom is not a product of schooling but of the lifelong attempt to acquire it. (Albert Einstein)


  7. It's not that I'm so smart, it's just that I stay with problems longer. (Albert Einstein)


  8. Early to bed and early to rise, makes a man healthy, wealthy and wise. (Benjamin Franklin)


  9. The world is full of fools and faint hearts; and yet everyone has courage enough to bear the misfortunes, and wisdom enough to manage the affairs, of his neighbor. (Benjamin Franklin)


  10. We are made wise not by the recollection of our past, but by the responsibility for our future. (George Bernard Shaw)


  11. One's first step in wisdom is to question everything - and one's last is to come to terms with everything. (Georg C. Lichtenberg)


  12. Listen to the Exhortation of the Dawn!
    Look to this Day!
    For it is Life, the very Life of Life.
    In its brief course lie all the
    Verities and Realities of your Existence.
    The Bliss of Growth,
    The Glory of Action,
    The Splendor of Beauty;
    For Yesterday is but a Dream,
    And To-morrow is only a Vision;
    But To-day well lived makes
    Every Yesterday a Dream of Happiness,
    And every Tomorrow a Vision of Hope.
    Look well therefore to this Day!
    Such is the Salutation of the Dawn! (Kalidasa)



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

မာတိကာ

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com