Showing posts with label Who Moved My Cheese?. Show all posts
Showing posts with label Who Moved My Cheese?. Show all posts

Whose Cheese Can I Move?  

Posted by ADMIN in

အနှစ်သက်ဆုံး စာအုပ်များထဲက တစ်အုပ်မှာပါတဲ့ အားလုံး သိပြီးဖြစ်သော Dr. Spencer Johnson ရဲ့ Who Moved My Cheese ? စာအုပ်မှ ဒဿနများကို ဖေဖော်ဝါရီလာ (၄)ရက်နေ့ ရက်စွဲဖြင့် http://www.meepyatite.com/ 2008/02/who-moved-my-cheese.html တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုတစ်ဖန် နောက်ဆက်တွဲဟု ပြောလို့ရသော Whose Cheese Can I Move? ထဲမှ ဒဿန များကို ကောက်နှုတ် တင်ပြပါအုံးမည်။



  • ဒိန်ခဲကို ပိုင်ဆိုင်ရခြင်းသည် အမှန်တကယ်ပဲ ချမ်းသာမှုကို ဖြစ်စေသလား?။

  • ဒိန်ခဲက သင်တို့ထင်ထားသလောက် မက်မောစရာ မကောင်းဘူး။ ဒိန်ခဲရှာပုံတော်ဖွင့်ခြင်းဟာ သင်တို့ဘ၀ မှာ တစ်ခုတည်းသော အဓိပ္ပါယ်ရှိတဲ့ လှုပ်ရှားမှုဆိုရင်တော့ သင်တို့ဘ၀ကို အဲ့ဒီဒိန်ခဲကပဲ ဖျက်ဆီးပစ်လိမ့်မယ်။

  • သင့်ဒိန်ခဲမှာ ဘာတွေပြောင်းလဲလာမလဲဆိုပြီး တစ်နေ့တစ်ခါ နမ်းကြည့်နေတဲ့ နည်းနဲ့ သင့်အချိန်ကို အသုံးပြုလို့ကတော့ သင့်ဘ၀ဟာ ပုံမှန်အစီအစဉ်ကြီး တစ်ခုလို အပ်ကြောင်းထပ်ပြီး ငြီးငွေ့စရာ ကောင်းလှပေလိမ့်မည်။

  • သင် အကြောက်အလန့် မရှိပေမယ့်လည်း ဒိန်ခဲအသစ်ကို ရှာဖွေလို့ ရမယ်ဆိုတာ သေချာလို့လား?။

  • အမှန်တကယ်တော့ ကြောက်စိတ်ကို ကျော်လွှားလွန်မြောက်ပြီဆိုတာနဲ့ ပိုပြီးကြီးမားတဲ့ ကြောက်စိတ် တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။

  • နေရာသစ်၊ လမ်းကြောင်းသစ်ထဲကို တိုးဝင်လိုက်ပါ။ ထိုအခါတွင် လုံးဝမတူပဲ ခြားနားတဲ့ အဖြေနှစ်ခု သင့်ကို စောင့်ကြိုနေလိမ့်မယ်၊ တစ်ခုက ဒိန်ခဲအသစ်ကို တွေ့၊ ဒါမှမဟုတ် ခရုဆံကျွတ်ဘ၀နဲ့ ဇာတ်သိမ်း၊ ဒါပဲရှိတယ်။

  • ကမ္ဘာ့ဒိန်ခဲကို ရယူပိုင်ဆိုင်နိုင်တဲ့ နည်းလမ်းနှစ်သွယ်ရှိတယ်၊ ပထမနည်းလမ်းက သွေးနဲ့ ချွေးနဲ့ရင်းပြီး ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ လိုရာ ပန်းတိုင်ရောက်အောင် တအိအိလျှောက်လှမ်းရတဲ့နည်းနဲ့ နောက်တစ်ခုက တစ်စုံတစ်ယောက်ရဲ့ ဒိန်ခဲကို အပိုင်စီးလို့ရအောင် တီထွင်ကြံဆတဲ့ စီမံချက်တွေ အသုံးချပြီး ရအောင်ယူတဲ့နည်းပဲ။

  • ဘယ်သူ့ဒိန်ခဲကို ငါအပိုင်စီးလို့ရမလဲ။

  • ဒိန်ခဲ ရှာပုံတော်ဖွင့်တဲ့အခါ လူတစ်ဦးဟာ မကြာခဏ အနစ်နာခံရတတ်တယ်။ ဥပမာ ချစ်ခင်ရင်းနီးမှု ၊ ကြွယ်ဝ ချမ်းသာမှု ဒါမှမဟုတ် အခြားတစ်ခုခု။ လူတစ်ယောက်ဟာ တစ်ချိန်တည်းမှာ လှေနှစ်စီးကို တစ်ပြိင်တည်း စီးလို့မရသလို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ဒိန်ခဲ နှစ်မျိုး ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ ဘယ်လိုဒိန်ခဲမျိုးက အမှန်တကယ် လိုအပ်သလဲ။ လတ်ဆတ်တဲ့ ဒိန်ခဲကို ရှာဖွေဖို့ အောက်သိုးပြိး ပျက်စပြုနေတဲ့ ဒိန်ခဲကို စွန့်ပစ်ရမှာလား။

  • ဒိန်ခဲကို ရှာလို့ မတွေ့မီကတည်းက အရသာခံကြည့်လို့ ရနေမှတော့ စားလိုက်ရရင် ကိုယ်လုံးက ပူဖောင်းကြီးတစ်လုံးလို ဖောင်းကားလာလိမ့်မယ်။

  • ငါအမြဲတမ်း လိုချင်တောင့်တနေတာ ဒီဒိန်ခဲတွေ ဟုတ်ရဲ့လား?။

  • အသက်အရွယ်နဲ့ ဒိန်ခဲအသစ်က ပြောင်းပြန်ဆက်စပ်နေတယ်။ အသက်အရွယ် ထောက်လာလေ ဒိန်ခဲအသစ် ရှာတွေ့ဖို့ အခွင့်အလမ်းနည်းလေပဲ။ ဒိန်ခဲကို သူများအပိုင်စီးခံရဖို့ လည်း အလားအလာပိုများလေပဲ။

  • ပျော်ရွှင်စရာနဲ့ စိတ်ဆင်းရဲစရာ ဆိုတာ ဒင်္ဂါးတစ်ပြားရဲ့ မျက်နှာစာ နှစ်ဖက်ပဲ၊ ဒါတွေအားလုံးဟာ ခံယူချက်နဲ့ သဘောထားပေါ်မှာပဲ မူတည်နေတယ်။

  • အပြောင်းအလဲကိုပဲ မပြတ်ရှာဖွေနေတယ်ဆိုရင် သင်ဟာ သာမညောင်ည ဘ၀မျိုးနဲ့ နေထိုင်ရမှာဖြစ်ပြီး အသေးအဖွဲ ကိစ္စလေးတွေအတွက် ပူပန်နေရတဲ့ အနေအထားကို အမြဲ ကြုံတွေ့နေရမှာပဲ။

  • ဒိန်ခဲသစ်ဟာ သင်ကြိုက်တဲ့ အမျိုးအစားမျိုးဖြစ်မယ်လို့ ကံသေကံမ တွက်ထားလို့ မရဘူး။

  • သင့်ရဲ့ခံယူချက်တွေကို ဒိန်ခဲလို အပျက်သုဉ်းမခံနဲ့၊ ခံယူချက်က ဒိန်ခဲထက်ပိုပြီး အရေးကြီးတယ်၊ ဒိန်ခဲ ရရေးအတွက် သင့်ခံယူချက်တွေကို မေ့လျော့မသွားလေနဲ့။

  • ပြောင်းလဲမှုဖြစ်ပေါ်တယ်။ ဒါပေမယ့် သင့်ဒိန်ခဲကို ဘယ်သူလာပြီး ရွှေ့ယူနေသလဲ?။ အပြောင်းအလဲကို ကြိုမှန်းပါ။ သင့်ဒိန်ခဲကို လှမ်းကိုင်နေသူတွေကို သတိထား။

  • အပြောင်းအလဲကို စောင့်ကြည့်စစ်ဆေးပါ။ သင့်ဒိန်ခဲသာဟောင်းအိုသွားပါစေ၊ ဒိန်ခဲနဲ့အတူလိုက်ပြီး မအိုဟောင်းပါစေနဲ့။

  • ပြောင်းလဲမှုကို မြန်မြန်ဆန်ဆန် ကျင့်သားရပါစေ။ သင့်ဒိန်ခဲဟောင်းကို အဆောတလျင် မစွန့်လွှတ်ပါနဲ့။ ဒိန်ခဲအသစ်က သင့်အတွက်အရေးကြီးလို့လား?။ ဒါမှမဟုတ် သင်နှင့် သင့်တော်မှုတောင်ရှိရဲ့လား?။

  • ယုံကြည်ချက်တွေက ဒိန်ခဲထက် ပိုအရေးကြီးတယ်။ ဒိန်ခဲတစ်ဖဲ့အတွက် သင့်ဘ၀ အမြင်ကို မစွန့်လွှတ်ပါနဲ့။

  • ပြောင်းလဲမှုကို လက်ခံပါ။ ဒိန်ခဲဆိုတဲ့ အကြောင်းပြချက်ကို သင့်စိတ်ထဲကနေ ဖယ်ထုတ်လိုက်ပြီးတဲ့အခါ သင်ဟာ ၀င်္ကပါထဲမျာ ဆက်ပြီး မလည်နေတော့ဘူး။

  • အမြန်ဆုံးပြောင်းလဲဖို့ အသင့်ဖြစ်နေပါစေ။ ပြောင်းလဲမှုအသစ်ကို ပျော်ရွှင်ခံစားပါ။

  • အောင်မြင်သူတွေက မအောင်မြင်သူတွေရဲ့ ဒိန်ခဲကို ယူပြီးရင်း ယူနေသူတွေဖြစ်ပြီး။ မအောင်မြင်သူတွေကတော့ သူတို့ ဒိန်ခဲကို အမြဲတမ်း အရွှေ့ခံနေရသူတွေ ဖြစ်တယ်။

  • သင့်ဒိန်ခဲတွေ အရွှေ့မခံရအောင် ကာကွယ်စောင့်ရှောက်ပါ။ သင့်ဒိန်ခဲတွေကို ရွှေ့မယူဖို့ သူတို့ကို ပြောပါ။ ဒါပေမယ့် တစ်ယောက်ယောက်ရဲ့ ဒိန်ခဲကို ရွှေ့ယူလို့ရမယ့် အခွင့်အလမ်းအတွက် အသင့်ပြင်ထားပါ။

  • ကမ္ဘာ့ဒိန်ခဲထွက်နှုန်းဟာ အတိုင်းမဲ့ ဖြစ်ကောင်းဖြစ်မယ်။ အတိုင်းအဆရှိတဲ့ သင့်ဘ၀သက်တမ်းကို အတိုင်းအဆမရှိတဲ့ ဒိန်ခဲ ရှာဖွေရေးလုပ်ငန်းထဲမှာ မြှုပ်နှံထားတော့မှာလား။

  • အကြောင်းကိစ္စတွေကို တွေးတောကြံဆခြင်းသည် ဆင်းရဲပင်ပန်းပြီး အချည်းအနှီး ဖြစ်ကောင်းဖြစ်မည်။ သို့သော် လူတွေကို သာမညကြွက်တွေနဲ့ မတူအောင် ခွဲခြားပေးနိုင်တဲ့ အရည်အချင်း ဖြစ်တယ်။ ကြွက်တွေဆိုတာ ဘ၀ အဓိပါယ်နဲ့ ဘ၀တန်ဖိုးဆိုတာကို သိမြင်သဘောက်ပေါက်တဲ့ သတ္တ၀ါ တွေမှမဟုတ်တာ။

  • ဒီကမ္ဘာလောကကြီးမှာ ပြီးပြည့်စုံတဲ့ အရာဆိုလို့ ဘာမှမရှိဘူး၊ အဲ့လိုပဲ ပျက်ယွင်းမသွားတဲ့ ဒိန်ခဲဆိုတာလဲ မရှိဘူး။ ထာဝရ လတ်ဆတ်ကြိုင်သင်းနေတဲ့ ဒိန်ခဲမျိုးလိုချင်ရင်တော့ လူတစ်ပိုင်းကြွက်တစ်ပိုင်းပဲ ဖြစ်သွားလိမ့်မယ်။



Who Moved My Cheese ?  

Posted by ADMIN in

စာဖတ်ခြင်း အကြောင်းပြောပြီးတဲ့နောက်မှာ အကြိုက်ဆုံးစာအုပ်များထဲက တစ်အုပ်မှာပါတဲ့ ဒဿနလေးတွေကို ကောက်နှုတ် တင်ပြပါအုံးမည်။ အားလုံးသိပြီးသားဖြစ်မှာပါ Dr. Spencer Johnson ရဲ့ Who Moved My Cheese ?




  • ဒိန်ခဲကို ပိုင်ဆိုင်ရခြင်းသည် အဟောသုခံ ချမ်းသာစွ။

  • သင့်အတွက် ဒိန်ခဲက အရေးကြီးလေ၊ ဒိန်ခဲကို လက်မလွှတ်ဘဲ ကိုင်ထားချင်လေပဲ။

  • သင်ဟာ အပြောင်းအလဲမလုပ်လျှင်၊ သင့်ဘ၀ ဆုံးခန်းတိုင်သွားနိုင်တယ်။

  • မင်း မကြောက်တော့ဘူးဆိုရင် ဘာဆက်လုပ်မလဲ ? ။

  • ဒိန်ခဲကို ခဏခဏ နမ်းကြည့်ပါ၊ ဒါမှ မှိုတက်မတက်သိရမှာ။

  • လမ်းသစ်ကိုလိုက်ရင် သင့်ဒိန်ခဲ ရှာပုံတော်အတွက် အကူအညီရလိမ့်မယ်။

  • ကြောက်ရွံ့ခြင်းကိုကျော်လွှားပြီး သင်ရှေ့ဆက်သွားရင် လွတ်လပ်မှုအရသာကို သင်ခံစားရမယ်။

  • ကျွန်တော့စိတ်ထဲမှာ ဒိန်ခဲတွေကို မတွေ့ခင် တကယ်စားရတယ်ထင်လာတယ်၊ ဒါကြောင့် ဒိန်ခဲရှိတဲ့နေရာကို ရောက်တော့မယ်ထင်လာတယ်။

  • ဒိန်ခဲဟောင်းကို မြန်မြန်သံယောစဉ်ဖြတ်နိုင်လေ ဒိန်ခဲသစ်တွေဖို့ မြန်လေပဲ။

  • ဒိန်ခဲမရှိတော့တဲ့နေရာမှာ စောင့်ဆိုင်းနေရတာထက် ၀င်္ကပါထဲကို လျှောက်သွားနေရတာက ပိုပြီး အန္တရာယ် ကင်းတယ်။

  • အတွေးအခေါ်ဟောင်းများသည် ဒိန်ခဲအသစ်ရှိရာသို့ သင့်အား လမ်းညွှန်နိုင်မည်မဟုတ်။

  • ဒိန်ခဲအသစ်ကို ရှာတွေ့ပြီး စားသုံးနိုင်ပြီလို့ သင်မြင်လာတဲ့အချိန်ဟာ သင့်ဘ၀လမ်းကြောင်း တစ်ဆစ်ချိုး ပြောင်းလဲသွားချိန်ပဲ။

  • မသိမသာ အပြောင်းအလဲကလေးများကို စောစောစီးစီး သတိထားမိမယ်ဆိုရင် နောင်တွေ့ရမယ့် ဧရာမ အပြောင်းအလဲကြီးများကို ရင်ဆိုင်တဲ့နေရာမှာ အထောက်အကူ ဖြစ်စေတယ်။

  • အပြောင်းအလဲဆိုတာ ဖြစ်မြဲဓမ္မတာပဲ အဲဒီအပြောင်းအလဲက ဒိန်ခဲကို အမြဲတမ်း နေရာရွှေ့ထားတယ်။

  • အပြောင်းအလဲကို ကြိုတွေးထားပါ၊ ဒိန်ခဲနေရာ ရွှေ့ထားမယ့်အတွက် အသင့်ပြင်ထားပါ။

  • အပြောင်းအလဲကို သတိနဲ့စောင့်နေပါ၊ ဒိန်ခဲကို မကြာခဏနမ်းကြည့်ပါ။

  • အမြန်ဆုံး လိုက်လောညီထွေပြောင်းလဲပါ။ အပြောင်းအလဲကို ချစ်မြတ်နိုးပါ၊ စွန့်စားခန်းကို တန်ဖိုးထားပါ၊ ဒိန်ခဲအသစ်ကို အရသာရှိရှိ သုံးဆောင်ပါ။

  • နောက်တစ်ကြိမ် အမြန်ပြောင်းလဲဖို့ အသင့်ဖြစ်နေပါစေ။

--> Heaving Cheese Makes You Happy.

--> The More Important Your Cheese Is To You The More You Want To Hold On To It.

--> If You Do Not Change, You Can Become Extinct.

--> What Would You Do If You Weren't Afraid?

--> Smell The Cheese Often So You Know When It Is Getting Old.

--> Movement In A New Direction Helps You Find New Cheese.

--> When You Stop Being Afraid, You Feel Good!

--> Imagining Yourself Enjoying You New Cheese, The Sooner You Find New Cheese.

--> The Quicker You Let Go Of Old Cheese, The Sooner You Find New Cheese.

--> It Is Safer To Search In The Maze, Than Remain In A Cheese less Station.

--> Old Beliefs Do not Lead You To New Cheese.

--> When You See That You Can Find And Enjoy New Cheese, You Change Course.

--> Noticing Small Changes Early Helps You Adapt To The Bigger Changes That Are To Come.

--> Change Happens - They Keep Moving The Cheese.

--> Anticipate Change - Get Ready For The Cheese To Move.

--> Monitor Change - smell The Cheese Often So You Know When It Is Getting Old.

--> Adapt To Change Quickly - The Quicker You Let Go Of Old Cheese, The Sooner You Can Enjoy New Cheese.

--> Be Ready To Change Quickly And Enjoy It Again & Again - They Keep Moving The Cheese.


Full Story



Who Moved My Cheese


Who Moved My Cheese



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com