Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts
Posted by Admin in
UNSC ၏ ၂ ရက်တာခရီးစဉ်
ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့နှင့် မေလ ၁ ရက်နေ့တို့တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ ကိုယ်စားလှယ် ၄၀ ကျော် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည်။ အဆိုပါ ခရီးစဉ်ကို Peru သံအမတ်ကြီး Gustavo Adolfo Meza Cuadra Velasqez မှ ဦးဆောင်ခဲ့ပြီး လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့မှ သံအမတ်များလိုက်ပါခဲ့ကြသည်။ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၃၀ ရက် နေ့တွင်နေပြည်တော်သို့ရောက်ရှိခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ အပြင် နေပြည်တော်ရှိ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့်တွေ့ဆုံခဲ့ကြသည်။ ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးအချို့နှင့် အလုပ်သဘော ညစာစားသုံးခဲ့ကြသည်။ မေလ ၁ ရက် နေ့တွင် မောင်တော ဒေသများသို့ သွားရောက်ခဲ့ပြီး စစ်တွေမြို့တွင် အရပ်ဘက်အဖွဲ့ အစည်းအချို့နှင့် တွေ့ဆုံခဲ့ကြသည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့်မူ အချိန်မရဟု အကြောင်းပြကာ တွေ့ဆုံသွားခဲ့ခြင်းမရှိပေ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ကုလသမဂ္ဂလုံခြုံရေးကောင်စီဆိုသည်မှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ၊ အလှည့်ကျ အဖွဲ့ ဝင် ၁၀ နိုင်ငံ စုစုပေါင်း ၁၅ နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည်။ အမေ ရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်ခွင့် ရရှိပြီး အခြားကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံတို့မှ ၁၀ နိုင်ငံစီ အလှည့်ကျ ပါဝင်ခွင့်ရ သည်။ လက်ရှိ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့မှာ ဘိုလစ်ဗီးယား၊ အိုင်ဗရီကို့စ်၊ အီကွေ တိုရီရယ်ဂီနီ၊ အီသီယိုပီးယား၊ ကာဇက်စတန်၊ ကူဝိတ်၊ နယ်သာလန်၊ ပီရူး၊ ပိုလန်နှင့် ဆွီဒင်နိုင်ငံတို့ဖြစ်ကြသည်။ ဆုံးဖြတ်ချက်ချချိန်တွင် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံမှ ဗီတို အာဏာဖြင့် ပယ်ချခွင့်ရှိပြီး တစ်နိုင်ငံက ပယ်ချခဲ့လျှင်ပင် အဖွဲ့ဝင် ၁၄ နိုင်ငံ သဘောတူ သည့်တိုင်အောင် သဲထဲရေသွန်ဖြစ်စေသည့် မူဝါဒကိုကျင့်သုံးထားသည်။
ဘင်္ဂလားဒေ့ရှ်သို့ အရင်သွားရောက်ခဲ့
လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်မလာခင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဦးစွာသွားရောက်ခဲ့ကြသည်။ ဧပြီလ ၂၈ ရက်နေ့တွင် Cox’s Bazar မြို့ သို့ ရောက်ရှိခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့တွင် Kutupalong ဒုက္ခသည်စခန်းနှင့် တန်ဘရူး နယ်စပ်အနီးရှိ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းတွင် ယာယီနေထိုင်လျက်ရှိသူများထံသို့ သွား ရောက်တွေ့ဆုံခဲ့ကြသည်။ ဧပြီလ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံထဲက ထွက်ခွာလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ နေထိုင်သူ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို နေရပ်ပြန်ခေါ်ရေး မြန်မာကို ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်မှ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်များ ကို တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့မထွက်ခွာမီ ဒါကာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ဘင်္ဂါလီဒုက္ခသည်များ၏ ငိုကြွေးပြမှု၊ မြန်မာနိုင်ငံအပေါ် အပြစ်ပုံချ ပြောဆိုမှုတို့ကို တစ်ဖက်သတ်နားထောင်ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲဖြစ်ခြင်းကြောင့် ကိုယ်စားလှယ်များထံမှ မီဒီယာသို့ ပြောဆိုမှုများကလည်း တစ်ဖက်သတ်များသာ ဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသို့ ရောက်ရှိလာရင်တော့ မြန်မာဘက်က တာဝန်ရှိသူများအသံ၊ ဒေသခံရခိုင်တိုင်းရင်းသားများအသံ၊ ဟိန္ဒူဘာသာဝင်များအသံ နှင့် နယ်ခံမျက်မြင်များ၏ အသံကိုနားထောင်ပြီးပါက ကုလသမဂ္ဂ ကိုယ်စားလှယ်တို့ အနေဖြင့် နှစ်ဘက်မျှမျှတတ ပြန်လည်စဉ်းစား သုံးသပ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ မိသည်။
တာဝန်ရှိသူများရှင်းကြပြီ
UNSC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့်နေ့တွင်ပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်မှ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံကာ ပြောဆိုရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။  ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ကိုဖီအာနန်၏အကြံပြု ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည့် အပြင် ကုလသမဂ္ဂနှင့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည့်အကြောင်း၊ ကုလ သမဂ္ဂ လက်အောက်ခံ အေဂျင်စီများနှင့် ထိတွေ့ဆောင်ရွက်သွားမည့်အကြောင်း၊  ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး(UNHCR)တို့နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးသွားမည့် အကြောင်းများကိုပါ ပြောဆိုခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တာဝန်ရှိသူများမှလည်း UNSC ကိုယ်စားလှယ် အဖွဲ့ကို ဧပြီလ ၃၀ ရက်နေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များ၊ ဘင်္ဂါလီများအား ပြန်လည်လက်ခံနိုင်မည့် အခြေအနေများ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ အပါအဝင် အခြားကိစ္စ အများအပြားကို ပြောဆိုဆွေးနွေးနိုင်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့် ဓာတ်ပုံမှတ်တမ်းစာအုပ်များကိုပါ ပေးအပ် ခဲ့သည်ဟု  သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေမှလည်း လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ဦးကျော်တင့်ဆွေ၊ UEHRD အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့မှ ရှင်းလင်း ပြောကြားမှုများ ပြုလုပ်ခဲ့ပါသေးသည်။
ပြင်ပ ပကတိအရှိတရားမှန်ကို လက်တွေ့ပြသ
မေလ ၁ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များကို ရခိုင်ပြည်နယ် မောင်တော၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ လှဖိုးခေါင် ကြားစခန်းတို့ရှိ ပြန်လည်လက်ခံနေရာချထားရေး ဆောင်ရွက်ထားမှုများနှင့် ရွှေစား၊ သစ်ဆုံးနားခွဆုံ၊ အိုးထိန်း၊ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင်၊ ရွှေဇား၊ ပန်းတောပြင် စသည့်  ကျေးရွာများကို ပြသပေးခဲ့သည်။ ပန်းတောပြင်ရွာရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံရာတွင် ဘင်္ဂါလီများမှ ၎င်းတို့၏ကျေးရွာများကို မီးရှို့သူများသည် တပ်မတော်နှင့် ရခိုင်လူမျိုး များဖြစ်သည်ဟု ကြိုတင်ဇာတ်တိုက်ထားသည့်အတိုင်း "Military Military" ဆိုသောစကားကိုသာ ပြောဆိုခဲ့သည်ဟု ကြားသိရသည်။ ထို့အပြင် UNSC အဖွဲ့များ အပြန်တွင် ပန်းတောပြင်ရွာသားတစ်ဦးမှ စာတစ်စောင်ပေးခဲ့သည်ဟုသိရပြီး ယင်း စာထဲတွင်ပါဝင်သည့် အကြောင်းအရာများမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ပေးလိုက် သည့် စာပါအကြောင်းအရာများနှင့် အတူတူဖြစ်သည်ဟုလည်း ကြားသိရပါသည်။ ထို့နောက် UNSC သံတမန်အဖွဲ့ဝင်များသည် မောင်တောထွေအုပ်ရုံးတွင် ဟိန္ဒူ မိသားစု ဝင်များနှင့်တွေ့ဆုံခြင်း၊ ပန်းတောပြင် မွတ်စလင်ကျေးရွာများသို့ သွားရောက် လေ့လာခြင်းများပြုလုပ်ခဲ့သည့်ပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ရခိုင်ပြည်နယ် မှ လူမှုအဖွဲ့အစည်းအချို့နှင့် စစ်တွေ မြို့တွင် တွေ့ဆုံခဲ့ကြပါသည်။
ရှင်းလင်းခဲ့သမျှအချည်းနှီးဖြစ်ခဲ့
UNSC ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁ ရက်နေ့ မြန်မာနိုင်ငံမှ မပြန်ခင် နေပြည် တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယင်းသတင်း စာရှင်းလင်းပွဲမှ ပြောဆိုချက်များသည် ယခင်အတိုင်း ပြောင်းလဲမှုမရှိခဲ့ပေ။ ၎င်းတို့ အဖွဲ့အနေဖြင့် မြန်မာဘက်က ဆွေးနွေးခဲ့မှုများကို လုံးဝထည့်သွင်းစဉ်းစားခြင်း မရှိဘဲ မူလအတိုင်းသာ  ပြောဆိုအပြစ်တင် တိုက်တွန်းသွားသည်ကို တွေ့ရသည်။ အထူး သဖြင့် ဗြိတိန်နိုင်ငံမှ ကိုယ်စားလှယ်ဖြစ်သူ Karen Pierce သည် ပြဿနာဖြေရှင်း ရေးထက် အရေးယူရေးကိုသာ ဦးစား ပေးနေခြင်းအား စိတ်ပျက်ဖွယ်တွေ့ခဲ့ရသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တို့၏ သတင်းဖော်ပြချက်များအရ မြန်မာနိုင်ငံဘက်မှ ပြောဆိုဆွေးနွေးခဲ့မှုများသည် လွန်စွာ ပြည့်စုံမျှတပြီး ဆင်ခြင်သုံးသပ်ရမည့် အထောက်အကူများဟု ဆိုနိုင်သည်။ အလားတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒေသခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံ ပြည်သူများ၏ ပြောဆိုမှုများကလည်း လက်ခံစဉ်းစားရမည့် အချက်များသာဖြစ်ပေ သည်။ သို့သော် UNSC ကိုယ်စားလှယ်များက နှစ်ဘက်ညီညွတ်မျှတစွာ နားထောင် စဉ်းစားခဲ့ခြင်းမရှိဘဲ တစ်ဖက်သတ် စကားများကိုသာ နားထောင်ကာ တစ်ဖက်သတ် လွဲမှားစွာ ယုံကြည် လက်ခံထား ကြသည်ကို တွေ့ရသည်။
မြန်မာအစိုးရကိုပါ မထီမဲ့မြင်ပြုခဲ့
လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှ တာဝန်ရှိသူ ပြည်ထောင်စု ဝန်ကြီးများမှ ရှင်းပြနေချိန်တွင် ပြဿနာကို စိတ်ရှည်လက်ရှည် အာရုံစိုက်နားထောင် ရမည့်အစား မထီမဲ့မြင်အပြုအမူများပြုလုပ်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးကျော် တင့်ဆွေနဲ့ UEHRD အဖွဲ့ဝင်များပြောပြီးနောက် ဒေါက်တာဝင်းမြတ်အေး ပြောဆို ချိန်တွင် မက်တပ်ရပ်ကာ ထပြန်မည့်ပုံစံ ပြောဆိုခဲ့သည်။ နားမထောင်ချင်သည့်ပုံစံ၊ မလိုအပ်သည့်ပုံစံမျိုးပြသခဲ့ကြသည်။ ကုလသမဂ္ဂသံတမန်ဟူသည်မှာ သံအမတ်အဆင့် သာ ရှိပြီး Protocol အရ ပြည်ထောင်စုဝန်ကြီးအောက်တွင်ရှိနေသည်။ မြန်မာ နိုင်ငံ၏ ပြဿနာကို လာရောက်လေ့လာသူ သံအမတ်များက အဆင့်မြင့်ဝန်ကြီး တစ်ဦးပြောဆို ချိန် နားမထောင်လိုဘဲ ထပြန်မည်ပြုလုပ်ခြင်းက နိုင်ငံတော်နှင့် အစိုးရကို စော်ကား ခြင်းဖြစ်ပေသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြန်မာပြည်သူအားလုံးက လုံခြုံရေး ကောင်စီကိုယ်စားလှယ်အဖွဲ့အပေါ် ဒေါသထွက်ခဲ့ကြသည်။
ကုလသမဂ္ဂတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဒေါက်တာ ဒေါ်ရင်ရင် နွယ်မှ UNSC ကိုယ်စားလှယ်များက မြန်မာနိုင်ငံအကြီးအကဲများကို တင်းမာစွာ ဆက်ဆံခြင်းသည် နိုင်ငံတော်၏ဂုဏ်သိက္ခာကို စော်ကားရာရောက်ကြောင်း၊ ကုလ သမဂ္ဂမှတိုင်းပြည်တစ်ပြည်၏ နိုင်ငံရေးနှင့်ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လျှင် ထိုတိုင်းပြည်သည် ကောင်းလာနိုင်စရာမရှိသဖြင့် အလျှော့မပေးသင့်ကြောင်း၊ ကုလ သမဂ္ဂ၏ သဘောသဘာဝသည် အရှော့ပေးလေ ပိုပြီးလူပါးဝ အနိုင်ကျင့်လေဖြစ် ကြောင်း၊ သို့ဖြစ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့အား အင်ဒိုနီးရှား သမ္မတက UNHCR ကို နှင်ထုတ်သကဲ့သို့ နှင်ထုတ်သင့်ကြောင်း Facebook မှတစ်ဆင့်သတိပေးပြောဆိုခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံမှလည်း နှင်ထုတ်ခဲ့ဖူး ကြောင်းနှင့် ကုလသမဂ္ဂကြောင့် အင်ဒိုနီးရှားနိုင်ငံမှ အရှေ့တီမောဒေသပဲထွက်ခဲ့သည့် ဖြစ်စဉ်၊ ယူကိုဆလားဗီးယားနိုင်ငံမှ ကိုဆိုဗိုပြည်နယ် ပဲ့ထွက်ခဲ့သည့် ဖြစ်စဉ်များကို လည်း ဥပမာပေးပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုပြီး မကြာမီမှာပင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်မှာ Facebook ၏  သတိပေးခြင်းကို ခံခဲ့ရသည်။
ပြဿနာတစ်ခုကို ဝင်မပါခင် သမိုင်းနှင့်ဇစ်မြစ်သိဖို့အရင်လေ့လာသင့်
UNSC အဓိက ဦးတည်သည့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ပြဿနာသည်ပြည်တွင်းရေးပြဿနာတစ်ခုသာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံကသာကိုင်တွယ် ဖြေရှင်းရမည့် ကိစ္စဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ဝင်ရောက်စွက်ဖက်လိုလင့်ကစား ပြဿနာကို အသီးအပွင့်ကိုသာ မကြည့်ဘဲ အမြစ်ကိုပါ ကြည့်ဖို့လိုလိမ့်မည်ဖြစ်သည်။   မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂါလီများ ရောက်ရှိလာခြင်းမှာ ကိုလိုနီခေတ်က အင်္ဂလိပ်တို့ ခေါ်သွင်းလာသည့် လယ်ကူလီများမှ အစပြုခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့သည် အင်အားကြီးလာပြီး အကြမ်းဖက်မှုများ လုပ်ကိုင်လာခဲ့ကြသည်။
၁၉၈၈ ခုနှစ်တွင် လုံခြုံရေးအင်အားနည်းနေမှုကို အခွင့်ကောင်းယူကာ ဘင်္ဂါလီများက မောင်တောမြို့ကို သိမ်းပိုက် ရန်ကြိုးစားခဲ့ဖူးသည်။ ၁၉၉၈ ခုနှစ်တွင်လည်း (၎င်းတို့ အခေါ်) ရိုဟင်ဂျာ လွတ်မြောက်ရေးအဖွဲ့(RLO) မှ မောင်တောမြို့သို့ ဝင်ရောက်ခဲ့ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်း၊ ဗုဒ္ဓဘာသာဝင်များနေထိုင်သော ရပ်ကွက်များကို မီးရှို့ခြင်း၊ ရခိုင်တိုင်းရင်းသားများကို သတ်ဖြတ်ခြင်းတို့ကို ပြုလုပ် ခဲ့ကာ မောင်တောကို သိမ်းယူရန်ကြိုးစားခဲ့သေးသည်။ ၂၀၁၇ ဩဂုတ်လတွင်မူ ARSA သောင်းကြမ်းသူအဖွဲ့မှ ရဲကင်းစခန်း ၃၀ ကို တစ်နေ့တည်း တစ်ချိန်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ပြည်သူအများအပြား သေဆုံးဒဏ်ရာရခဲ့ရသည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ မြန်မာတိုင်းရင်းသား ၇၂ ဦးသေဆုံးခဲ့ရပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်ရှိဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်များ ထွက်ပြေးနေခြင်းမှာ လည်း ၂၀၁၇ ဩဂုတ်လတိုက်ခိုက်မှု၏ နောက်ဆက်တွဲဖြစ်သည်။ လက်ရှိဖြစ်နေသည့် ပြဿနာမှာ ထွက်ပြေးသည့်ပြဿနာနှင့် ထွက်ပြေးသူကိုလက်ခံရမည့် ပြဿနာသာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ နယ်မြေပိုင်ဆိုင်လိုခြင်း၊ အချုပ်အခြာ အာဏာထိခိုက်ခြင်းနှင့် အမျိုးသားလုံခြုံရေး ပြဿနာဖြစ်သည်။
မြန်မာနိုင်ငံအတွက် ကောင်းကျိုး၊ ဆိုးကျိုး
UNSC ကိုယ်စားလှယ်များ၏ မြန်မာနိုင်ငံခရီးစဉ်သည် ရလဒ်ကောင်းမထွက်သည့် ခရီးစဉ်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံတွင်းသို့ ပြဿနာဖြေရှင်းရန် လာရောက်လေ့လာ ခြင်းမဟုတ်ဘဲ ၎င်းတို့တရားသေ ဆုတ်ကိုင်ထားသည့် မူဝါဒကို လာရောက်ပြော ဆိုခြင်း၊ မြန်မာတာဝန်ရှိသူများကို တရားခံသဖွယ် စစ်ဆေးမေးမြန်းခြင်းသာ ဖြစ် သည်။ ဖြစ်စဉ်အကြောင်းအရာနှင့်ပတ်သက်ပြီး ၎င်းတို့တွင် Input ရှိပြီးသားဖြစ်ပြီး တစ်ဖက်သတ် Input များကို လက်ကိုင်ထားကာ တစ်ဖက်သတ် Output ကိုသာ တစိုက်မက်မက် ပြောဆိုခဲ့ကြသည်။ အသုံးချခံမီဒီယာများ၊ ငိုပြသူများနှင့် ၎င်းတို့ထံသို့ သတင်း စကားရောက်အောင် တင်ပြနိုင်သူများထံမှ သတင်းကိုသာ အတည်ယူကာ မြန်မာနိုင်ငံကို တရားခံအဖြစ်သာ ရှုမြင်နေကြသည်။ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သော်လည်း မြန်မာဘက်မှ ပြောဆိုသမျှကို နားမထောင်ဘဲ ၎င်းတို့ပြောချင် သည်များကိုသာ ပြောဆိုသွားကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံ တိုင်းရင်းသားတို့နှင့် တွေ့ဆုံခဲ့သော်လည်း ပြောသမျှစကားများကို အလေးအနက် ထားခြင်း မရှိခဲ့ကြချေ။ မြန်မာနိုင်ငံကိုကူညီရန်ဟု မကြာခဏပြောဆိုလေ့ရှိကြသော် လည်း မြန်မာ နိုင်ငံအပေါ် စေတနာအမှန်မရှိကြပေ။ ခရီးစဉ်ကိုလည်း ကူဝိတ်နိုင်ငံမှ ထောက်ပံ့ပေးသည့် အထူးလေယာဉ်ကြီးဖြင့် ပျော်ပွဲစားထွက်သကဲ့သို့ ပျော်ရွှင်စွာ ခရီးထွက်နေကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသို့လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ၊ မြန်မာဘက်မှ မည်သို့ပြောသည်ဖြစ်စေ ၎င်းတို့၏အမြင်၊ အတွေး၊ သဘော ထားနဲ့ ဆုံးဖြတ်ချက်များက ရှိပြီးသားဖြစ်ရာ UNSC အဖွဲ့ဝင်များ ခရီးစဉ်သည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးမရှိသည့် ခရီးစဉ်ဟုသာ သတ်မှတ်ရပေလိမ့်မည်။
သင်ခန်းစာများနှင့် ပြင်ဆင်စရာများ
UNSC ခရီးစဉ်သည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးမရခဲ့သော်လည်း သင်ခန်းစာ ယူစရာ များစွာ ရရှိခဲ့သည်။ ပထမအချက်အနေဖြင့် UNSC မှ မြန်မာနိုင်ငံအပေါ် ထား ရှိသည့် သဘောထားမှန်ကို ကွက်ကွက်ကွင်းကွင်းသိရှိခဲ့ရသလို ယင်းသဘောထားမှာ ခိုင်မာအမြစ်တွယ်နေပြီး ပြောင်းလဲဖို့ခက်သည်ကို မြန်မာဘက်က ကောင်းစွာသဘော ပေါက်ခဲ့ကြရသည်။
ဒုတိယအချက်မှာ မြန်မာအစိုးရ တာဝန်ရှိသူများ၏ အားနည်းချက်ဟု ဆိုနိုင်သည်။ ပြည်သူကရွေးချယ်တင်မြှောက်ထားသည့် အစိုးရလက်ထက် လူမှုရေးရာနှင့် နိုင်ငံ တကာရေးရာ ကျွမ်းကျင်သူများက သံတမန်များကို နားဝင်အောင် မရှင်းပြနိုင်ဘဲ ထပြန်အောင် လုပ်ခဲ့ခြင်းက ရုပ်ဆိုးအကျည်းတန်စေသည့် ဖြစ်စဉ်ဖြစ်သည်။ မြန်မာ နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် လူထုဆက်သွယ်ရေးနည်းနာ (Public Relation) အတတ်ပညာလိုအပ်နေပြီး သံတမန်များကို မည်သို့ ဆက်ဆံစည်းရုံးရမည်၊ မိမိနိုင်ငံ ဘက်မှ အခြေအနေမှန်များကို နားဝင်သွားစေရန် မည်သို့ဆွဲဆောင်မှုရှိရှိတင်ပြ မည်၊ ကျေနပ်လက်ခံသွားစေရန် မည်သို့လက်တွေ့ ဆောင်ရွက်လုပ်ကိုင်နေကြောင်း ပြသမည် ဆိုသော သံတမန်ဆန်ဆန် ဆက်ဆံပြောဆို စည်းရုံးသည့် နည်းပရိယာယ်များ၊ အရည် အချင်းများ ရှိဖို့လိုအပ်နေသေးကြောင်း တွေ့နိုင်သည်။ ဟိန္ဒူဘာသာဝင် ရုပ်အလောင်း များ တူးဖော်ရရှိခဲ့မှု၊ ရခိုင်တိုင်းရင်းသား ၅ ဦး၊ မြိုတိုင်းရင်းသား ၇ ဦးနှင့် ဒိုင်းနက် တိုင်းရင်းသား ၇ ဦးတို့ ရက်ရက်စက်စက် အသတ်ခံခဲ့ရမှုများကို ကုလသမဂ္ဂသံတမန် များ မသိရှိကြခြင်းမှာ အစိုးရ၏အားနည်းချက်ဖြစ်သည်။ ယင်းအားနည်းချက် ကြောင့် လည်း အိမ်ကွင်းမှာပင် ခံစစ်နှင့်ကစားနေရသည့် အဖြစ်မျိုးသို့ ရောက်ခဲ့ရခြင်းဖြစ် သည်။
တတိယအချက်မှာ မိမိတို့ဘက်မှ NGO များ၊ CSO များ အခိုင်အမာမရှိခြင်းဖြစ် သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်များသည် နေပြည်တော်နှင့် စစ်တွေတို့တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ယင်းတို့၏ အသံကို နား ထောင်ခဲ့ကြသည်။ သို့သော် တက်ရောက်ခဲ့ကြသည့် NGO, INGO နှင့် CSO အဖွဲ့ အချို့မှာ နိုင်ငံတကာအဖွဲ့အစည်းများက ကျောထောက်နောက်ခံပေးထားသူများ ဖြစ်နေရာ ဘင်္ဂါလီတို့ဘက်မှသာ ရပ်တည်ပြောကြားခဲ့သည်ကို တွေ့ရသည်။ သို့ ဖြစ်ရာ လောင်းရိပ်ကင်းပြီး အမှန်တရားအတွက် ရပ်တည်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်း အများအပြား မြန်မာ့လူ့ဘောင်တွင် လိုအပ်နေကြောင်း သင်ခန်းစာယူရမည်ဖြစ်သည်။
ပြဿနာ၏နိဂုံး
UNSC ခရီးစဉ်နှင့်ပတ်သက်၍ အဓိက စိုးရိမ်စရာမှာ ဒုက္ခသည်များ ပြန်ပို့ရေးကိစ္စ ထက် ကျော်လွန်သည့် ပြောဆိုစွက်ဖက်မှုများဖြစ်ပြီး  အရေးယူသည့်လမ်းကြောင်းပေါ် သို့ မရမကစွဲတင်နေသည့် အပြုအမူများပင်ဖြစ်သည်။ ၂ ရက်တာခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့သမျှနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သမျှအား ဆက်စပ်သုံးသပ် ကြည့်ပါက ၎င်းတို့အနေဖြင့် မူလစီစဉ်ထားသည့် အစီအစဉ်များကိုသာ အရှိန်အဟုန် ဖြင့် ဆက်လုပ်သွားလိမ့်မည်ဟု ကောက်ချက်ချနိုင်သည်။ အထူးသဖြင့် လာမည့် မုတ်သုန် ရာသီအတွင်း ရေလွှမ်းမိုးမှုများကြောင့် ဘင်္ဂါလီများ ကြုံတွေ့ရသည့်အခြေအနေများ၊ ရောဂါခံစားမှုများနှင့် သေကျေပျက်စီးမှုများအား အကြောင်းပြု၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အဆိုမူကြမ်းတစ်ရပ် ချမှတ်အရေးယူနိုင်ရေး ဖိအားပေးဆောင်ရွက်ခြင်းများ ပြုလုပ်လာနိုင်သည်။
အလားတူ ပြီးခဲ့သည့် မေလ ၅ ရက်၊ စနေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ စတင် ကျင်းပတဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC နိုင်ငံခြားရေးဝန်ကြီး များ ညီလာခံတွင် ဘင်္ဂါလီများနှင့်ပတ်သက်၍ မြန်မာအစိုးရအပေါ် ပြင်းထန်စွာအရေး ယူဖို့ ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က OIC နိုင်ငံတွေ အနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြဖို့ ပြော ကြားခဲ့ပြန်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ OIC နှင့် အနောက်နိုင်ငံများသည် ဒုက္ခသည်ပြန်ပို့ရေး ပြဿနာထက် ကျော်လွန်သော ဖိအားများကိုပေးလာကြပြီး  အနာဂတ်ကို မျှော်တွေး ကာ ကူညီရမည့်အစား အတိတ်ဖြစ်စဉ်များအတွက် စစ်ဆေးအရေးယူရန် ပိုမိုအလေး ပေးလာကြသည်။ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ၊ ဟိန္ဒူဘာသာ ဝင် ၅၂ ဦး အသတ်ခံရမှု၊ ရခိုင်/မြို/ဒိုင်းနက် စသည့် ဒေသခံတိုင်းရင်းသား ၁၉ ဦး အသတ်ခံရမှု၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် တပ်မတော်သား ၂ ဦး အသတ်ခံခဲ့ရမှုတို့ကို ပြည်ဖုံးကားချပြီး လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်သမားများ နှိမ်နှင်းရေး ဆောင် ရွက်မှုများအပေါ် စစ်ဆေးမေးမြန်းအမှုဆင်လာကြသည်။ အပြည်ပြည်ဆိုင်ရာရာဇဝတ် ခုံရုံး(ICC) နှင့်လည်းကောင်း၊ R2P နှင့်လည်းကောင်း ခြိမ်းခြောက်မှုများ ပြုလုပ်လာ ကြသည်။ ယင်းကဲ့သို့ မလိုအပ်ဘဲ တပ်မတော်အပေါ် ဖိအားအလွန် အကျွံပေးမှုများ သည် ယူဂိုဆလားဗီးယားစစ်ပွဲအတွင်း ယူဂိုဆလားဗီးယားတပ်မတော်ကို ဖိအားပေးမှု များနှင့် အလားသဏ္ဌာန်တူနေသည်။ ယင်းအချက်သည် နိုင်ငံမတည် မငြိမ်ဖြစ်ရုံမျှမက အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားနိုင်သလို စစ်မီးကြီး ဟုန်းဟုန်းတောက်ကာ ဆီးရီးယား နှင့် အာဖဂန်နစ္စတန်ကဲ့သို့ စစ်မြေပြင်လည်း ဖြစ်သွားနိုင်သည်။ တပ်မတော်အပေါ်ကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်သည်ဟု ဆိုသော်လည်း နိုင်ငံတော်နှင့်အစိုးရပါ သိက္ခာ ကျသည့်အပြင် အကျိုးဆက်ကို ပြည်သူ ၅၂ သန်းလုံးက ခံစားရမည်ဖြစ်သည်။ ကမ္ဘာတည်သရွှေ့ မြန်မာနိုင်ငံတည်တံ့စေရေး၊ မြန်မာ့မြေကို နိုင်ငံတကာ စစ်မြေပြင် မဖြစ်စေရေးနှင့် ရခိုင်ပြဿနာ၏ အဆုံးသတ်က မြန်မာနိုင်ငံ၏ နိဂုံးမဖြစ်ရန်မှာ ယနေ့ မြန်မာပြည်သူအားလုံး၏ တာဝန်ဖြစ်ပေသည်။ အစိုးရဘက်မှလည်း ကစားကွက် ပြောင်းပြီး ကစားဖို့လိုအပ်သလို ပြည်သူများဘက်မှလည်း အစွဲအမျိုးမျိုးဖြင့် အိမ်ကြက်ချင်း ခွပ်နေမှုကိုရပ်တန့်ကာ စည်းလုံးညီညွတ်စွာဖြင့် တုံ့ပြန်ရမည့်အချိန်ဖြစ် ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။
<Zawgyi>
 UNSC ၏ ၂ ရက်တာခရီးစဉ်
ပြဿနာ၏နိဂုံး
အတွေးမှတ်စု (၂၉)  
Posted by Admin in ,
ပထမ. . . သူတို့ 
သမ္မတကြီးကို မကောင်းရေးတယ်။ 
ကျုပ် . . ဘာမှ တုန့်ပြန်ရေးသားတာ မလုပ်ခဲ့ဘူး။ ကျုပ်က သမ္မတမှ. . . . မဟုတ်တာ။
 နောက်တော့. . . သူတို့ 
ကာချုပ်ကို မထိတထိရေးတယ်။ 
ကျုပ်. . . .ဘာမှ တုန့်ပြန်ရေးသားတာ မလုပ်ခဲ့ဘူး။ ကျုပ်က ကာချုပ်မှ . . . မဟုတ်တာ။ 
အဲဒီနောက်. . . . သူတို့ 
လွှတ်တော်ထဲက စစ်ဗိုလ်အမတ်တွေကို ရှုံ့ချရေးတယ်။ 
ကျုပ်. . . .ဘာမှ တုန့်ပြန်ရေးသားတာ မလုပ်ခဲ့ဘူး။ 
ကျုပ်က တပ်မတော်သား လွှတ်တော်အမတ်မှ . . . မဟုတ်တာ။ 
 နောက်တော့. . . . . 
ကျုပ်ကို... စွပ်စွဲရေးကြပြီ. . . .။ 
ကျုပ်အတွက်. . . . တုန့်ပြန်ရေးသားပေးမယ့်လူ....
တစ်ယောက်မှ မရှိတော့ပါလား။ ။ 
------------xxxxx-----------
  1.  သူတို့ရေးထားတာတွေက မှန်ချင်မှမှန်လိမ့်မည်။ တုန့်ပြန်ရေးသားဖြေရှင်းထားခြင်း မရှိသည့်အတွက် အမှားကြာလျှင် အမှန်ဖြစ်သွားမည်။
  2.  တဖက်သက် ဘက်လိုက် ရေးသား ပြောဆိုမှုများကို မတုန့်ပြန်ခြင်း (သို့) လစ်လျူရှုခြင်း (သို့) ကြားနေခြင်း သည်  တဖက်သက် ဘက်လိုက် ပြောဆိုရေးသားမှုကို အားပေး ခြင်းပင်ဖြစ်သည်။ 
  3.  ကိုယ်နှင့် မဆိုင်သေး.. ဟု ထင်ကာ ပါးစပ်ပိတ် မနေပါနှင့်။ ဖတ်ပါ။ ပြောပါ။ ထောက်ပြပါ၊ ဆွေးနွေးပါ။ ရေးသားပါ။ 
  4. ကိုယ်နဲ့မဆိုင် ဟု သဘောထားပါ.. ကိုယ့် အလှည့် ရောက်လျှင်လည်း မည်သူမှ ဆိုင်မည် မဟုတ်ပေ။..။
တပ်မတော် နှင့် အမျိုးသားနိုင်ငံရေး  
Posted by Admin in
အမျိုးသားနိုင်ငံရေး ဆိုသည်မှာ အမျိုးသားရေးနှင့် နိုင်ငံရေး ပေါင်းစပ်ထားခြင်းဟု ယေဘုယျအားဖြင့် နားလည်နိုင်သည်။ 
နိုင်ငံရေးဟူသော အဓိပ္ပါယ်အား အောက်စဖို့ဒ် (Oxford) အင်္ဂလိပ် အဘိဓါန်တွင် “နိုင်ငံရေးဆိုသည်မှာ အစိုးရ၏ သိပ္ပံနှင့် ၀ိဇ္ဇာအတတ်ပညာဖြစ် သည်။ နိုင်ငံတော်တစ်ရပ် သို့မဟုတ် တစိတ်တဒေသ၏ ပုံသဏ္ဍာန်၊ ဖွဲ့စည်းပုံ၊ စီမံအုပ်ချုပ်ရေးတို့နှင့် ပတ်သက်သော ဆောက်ရွက်ဖွယ်ရာများအပြင် အခြားနိုင်ငံတို့နှင့် ဆက်နွယ်သော လုပ်ထုံးလုပ်နည်းဆိုင်ရာ သိပ္ပံ အတတ်ပညာရပ် ဖြစ်သည်” ဟု ဂရိပညာရှင်များ၏ အဆိုအမိန့်ကို ကိုးကာ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
အရစ္စတိုတယ်ကမူ "လူသည် နိုင်ငံရေး သတ္တဝါဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ လူသားတို့၏ ဘ၀ကို အကောင်းဆုံး အနေ အထားတစ်ရပ်သို့ ရောက်ရှိစေနိုင်စွမ်းသော သိပ္ပံ သို့မဟုတ် ၀ိဇ္ဇာပညာရပ် ဖြစ်သည်" ဟု ဆိုခဲ့သည်။ ( အခြား အဓိပ္ပါယ်ဖွင့်ဆိုချက်များကို
http://www.mee-pya-tite.com/2012/03/blog-post.html တွင်ဖတ်ရှုနိုင်သည်။ )
နိုင်ငံရေးဟူသော ဝေါဟာရအပေါ် မြန်မာလူမျိုးတို့၏ အဓိပ္ပါယ်သတ်မှတ်မှုမှာ မြန်မာသမိုင်းနှင့် နိုင်ငံရေးဖြစ်စဉ်များအပေါ်တွင် များစွာမှီခိုလျှက်ရှိသည်။ မြန်မာနိုင်ငံရေးသမားအချို့က နိုင်ငံရေးဟူသော ဝေါဟာရအား "နိုင်ငံရေးဆိုသည်မှာ နိုင်ငံအတွင်းမှာမှီတင်းနေထိုင်ကြသော ပြည်သူလူထု၏ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ တရားမျှတရေး၊ စားရေး၊ ၀တ်ရေးနှင့် နေရေး စသည်တို့ဖြစ်သည်" ဟု ဆိုကြသည်။ အချို့က "နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားအားလုံးတို့ နေ့စဉ်နှင့် တွေ့ကြုံနေရသော အရေးကိစ္စပင် ဖြစ်သည်" ဟု သတ်မှတ်သည်။ အချို့က "နိုင်ငံရေးဆိုသည်မှာ ဘုရင်ဧကရာဇ် အမှုထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ မိမိ၏ ရသင့် ရထိုက်သော အခွင့်အရေး ကို ပြောဆိုခြင်း၊ တောင်းခံခြင်းနှင့် အရတိုင်ယူခြင်း ဖြစ်သည်" ဟု တွယ်တွယ်ကျယ်ကျယ်ပြောဆိုလျှက်ရှိကြသည်။ 
မည်သို့ဆိုစေ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သောအရေးဟု နားလည်နိုင်ပြီး တပ်မတော်သားဖြစ်စေ၊ ဆရာဝန်ဖြစ်စေ၊ လူချမ်းသာဖြစ်စေ၊ လူဆင်းရဲဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အားလုံးနှင့် သက်ဆိုင်သောအရေးဖြစ်သည်ဟု မှတ်သားနိုင်သည်။
တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကပင် "နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် တစ်နေ့ကျရင် နိုင်ငံရေးက ကိုယ်နဲ့ လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့.. ရှောင်နေလို့မရဘူး" ဟု ပြောခဲ့သည်။ ယနေ့
နိုင်ငံတော် သမ္မတတစ်ဦးဖြစ်သော ဦးသိန်းစိန်မှလည်း  နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် တပ်မတော်မှ ပါဝင်နိုင်ရေးအတွက် တပ်မတော်သားလွှတ်တော်အမတ်များ လွှတ်တော်တွင် ပါရှိနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ တပ်မတော် သားများလည်း နိုင်ငံရေးနှင့် သက်ဆိုင်သည်မှာ ငြင်းနိုင်စရာမရှိတော့ပေ။ ( ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ယနေ့ တပ်မတော်အကြောင်းအား http://www.mee-pya-tite.com/2012/04/blog-post_2131.html တွင်ဖတ်ရှုနိုင်သည်။ )
အမျိုးသားရေးဆိုရာတွင် လူမျိုးတစ်မျိုး၏ နယ်မြေပိုင်ဆိုင်မှု၊ ဘာသာစကား၊ သမိုင်းနောက်ခံ၊ ကိုးကွယ်သည့်ဘာသာ၊ စာပေ နှင့် ယဉ်ကျေးမှု စသည်တို့ပါဝင်ပါဝင်လျှက်ရှိရာ အဆိုပါ အမျိုးသားရေးကိစ္စများအား စပ်လျဉ်းသော စီးပွားရေး နှင့် လူမှုရေးကိစ္စအဝဝကို ကိုယ်ကျိုးအတ္တမပါပဲ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းအား အမျိုးသားနိုင်ငံရေးဟု မှတ်သားနိုင်သည်။ 
တပ်မတော်တွင် အဓိက လုပ်ငန်းကြီးသုံးရပ်ရှိပြီး (၁) စစ်တိုက်ရန်၊ (၂) စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်၊ (၃) စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရန် ဟူ၍ဖြစ်ရာ ပြည်သူ့အကျိုးပြုလုပ်ငန်းဆိုသည်မှာ အထက်တွင် ဖော်ပြထားသည့် အမျိုးသားရေးနှင့်သက်ဆိုင်သော စီးပွားရေး နှင့် လူမှုရေးကိစ္စအဝဝအား ကိုယ်ကျိုးအတ္တမပါပဲ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိပါက တပ်မတော်၏ တာဝန်မှာ အမျိုးသား နိုင်ငံရေးလုပ်ရန်သာ ဖြစ်သည်။
ပါတီနိုင်ငံရေး နှင့် အမျိုးသားနိုင်ငံရေး၏ ခြားနားချက်မှာ အာဏာရယူလိုမှု နှင့် မရယူလိုမှုပင်ဖြစ်သည်။ တစ်ပါတီ စနစ်ပင်ဖြစ်စေ၊ နှစ်ပါတီ စနစ်ပင်ဖြစ်စေ၊ ပါတီစုံစနစ်ပင်ဖြစ်စေ စနစ်အားလုံးသည် ပါတီအာဏာရရှိမှုမှာ ပထမ ဦးစားပေးဖြစ်ပြီး အာဏာရပါတီမှ နိုင်ငံတော်၏ ကိစ္စအရပ်ရပ်ကို တာဝန်ယူအကောင်ထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်သည်။ အမျိုးသားနိုင်ငံရေးတွင် အာဏာရယူလိုမှု မရှိချေ။
ယနေ့မြန်မာ့နိုင်ငံရေးစနစ်မှာ ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်ရာ ယခုအခါ တရားဝင် နိုင်ငံရေးပါတီပေါင်း ၅၀ ခန့် ရှိနေပြီဖြစ်သည်။ ပါတီစုံစနစ်၏ အားနည်းချက်မှာ နိုင်ငံရေးပါတီအချင်းချင်းအကြားတွင် အုပ်စုဖွဲ့ခြင်း၊ နိုင်ငံ့အကျိုးထက် ပါတီအကျိုးကို ဦးစားပေးလုပ်ဆောင်ကြခြင်း၊ ပါတီတွင်း နှစ်ခြမ်း၊ သုံးခြမ်းကွဲခြင်း၊ ပါတီတင်း အာဏာလွန်ဆွဲပွဲများဖြစ်ပေါ်ခြင်း တို့ပင်ဖြစ်သည်။ 
အမျိုးသားနိုင်ငံရေးတွင်လည်း အားနည်းချက်များစွာရှိသည်။ ခေါင်းစဉ်အမျိုးမျိုးဖြင့် အဖွဲ့အစည်းပေါင်းစုံဖွဲ့ကာ အမျိုးသားရေးကို ဗန်းပြပြီး ငွေကြေးကောက်ခံခြင်း၊ ရံပုံငွေရှာဖွေခြင်း၊ ရသမျှကို စာရင်းအတိအကျမပြပဲ မိမိတို့ ကိုယ်ကျိုးအတွက် သုံးစွဲခြင်း တို့ပင်ဖြစ်သည်။ အချို့ကမူ ငွေကြေးကောက်ခံခြင်း၊ ရံပုံငွေ ရှာဖွေခြင်း လုံးဝမရှိပဲ အမျိုးသားနိုင်ငံရေး လုပ်ဆောင်ကြသည်။ အမျိုးသားရေးဆိုင်ရာ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များကို ကွင်းဆင်းလေ့လာကာ လိုအပ်သည်များကို ရှာဖွေဖော်ထုတ်ကြသည်။ သို့သော် တွေ့ရှိသော လိုအပ်ချက်များအတွက် မိမိတစ်ဦးတည်းမှသော်လည်းကောင်း၊ မိမိအဖွဲ့အစည်းမှသော်လည်း စိုက်ထုတ်ကာ ဖြည့်စည်းထောက်ပံ့ခြင်းမရှိပဲ လိုအပ်သမျှ စာရေးကာ အစိုးရထံ စာပို့ခြင်း (သို့မဟုတ်) ကြေငြာချက် ထုတ်ခြင်း တို့ ကို အသီးသီးလုပ်ဆောင်ကြသည်။ ယင်းကို အလွန်လွယ်ကူပြီး လူတိုင်းလုပ်နိုင်သော အမျိုးသား နိုင်ငံရေး အလုပ်ဟု မှတ်သားနိုင်သည်။
လူတို့၏သဘာဝအရ တစ်ခုပေးဆပ်ပါက တစ်ခုပြန်လိုချင်ကြသည်။ လူအများစုမှာ မိမိအနေဖြင့် လက်တလော နိုင်ငံတော်အတွက် ဘာလုပ်ပေးနိုင်လဲ စဉ်းစားဖို့ထက် နိုင်ငံတော်မှ မိမိအတွက် ဘာလုပ်ပေးခဲ့ဖူးသလဲဆိုတာကို စဉ်းစားကြသည်။ အထူးသဖြင့် မြန်မာလူမျိုးတို့သည် အဖွဲ့အစည်းတွင်း တပည့်မွေးကြသည်။ ဆရာမွေးကြသည်။ ထို့နောက် တစ်ဖွဲ့မှ နှစ်ဖွဲ့ကွဲသည်၊ နှစ်ဖွဲ့မှ သုံးဖွဲ့ကွဲကြသည်။ မြန်မာ့သမိုင်းကိုပြန်ကြည့်ပါက အကွဲအပြဲပေါင်းများစွာကိုတွေ့မြင်နိုင်ပြီး တပ်မတော်မှ နိုင်ငံရေးအာဏာကို လွှဲပြောင်း တာဝန်ယူခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သည်။
 အမျိုးသားနိုင်ငံရေးဆောင်ရွက်ရာတွင် အရေးအကြီးဆုံးမှာ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အယူဝါဒစွဲများကို လုံးဝရှောင်ရှားရန်လိုအပ်သည်။ ရှောင်ရှားနိုင်မှသာလျှင် စစ်မှန်သော အမျိုးသားနိုင်ငံရေးကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ တပ်မတော်သည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိ၊ ငွေကြေးကောက်ခံခွင့်မရှိ၊ ရံပုံငွေရှာဖွေခွင့်မရှိသည့်အပြင် နိုင်ငံအဝှမ်းမှ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် စနစ်တကျ စည်းကမ်းပြည့်ဝ စွာဖွဲ့စည်းထားခြင်းကြောင့် ဒေသစွဲ လုံးဝ မရှိသလို နှစ်ဖွဲ့၊ သုံးဖွဲ့ကွဲစရာအကြောင်းလည်း မရှိပေ။ သို့ဖြစ်၍ ယနေ့ မြန်မာ့ တပ်မတော်သည် အမျိုးသားအကျိုးစီးပွားကို လုပ်ဆောင်ရန် အကောင်းဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည်။
တပ်မတော်သည် အမျိုးသားနိုင်ငံရေး လုပ်ဆောင်နေကြောင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ (၉) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင်  "တို့တပ်မတော်က အမျိုးသား နိုင်ငံရေးကို အလေးထားဆောင်ရွက် နေခြင်းဖြစ် လို့ ရဲဘော်တို့ အနေနဲ့ မိမိတို့ ရောက်ရှိရာ ဒေသ အသီးသီးမှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်" ဟု ပြောဆိုခဲ့သည်။ ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးကိုလည်း ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းတိုင်းတွင် အလေးအနက်ထား မှာကြားလျှက် ရှိသည်။ ( နိုင်ငံသားတိုင်း အခြေခံဥပဒေ ဖတ်ရှုရန်လိုအပ်ကြောင်းကို http://www.mee-pya-tite.com/2012/08/blog-post.html တွင် ဖတ်ရှုနိုင်သည်။ )
တပ်မတော်အရာရှိတိုင်းသည် နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ ရှိနေရမည်ဖြစ်ပြီး တပ်မတော်သားတိုင်းသည်လည်း အမျိုးသားနိုင်ငံရေး လုပ်ဆောင်ရမည်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံမူကြမ်း၏ စာမျက်နှာ (၁၄)၊ အခန်း(၁)၊ ပုဒ်မ ၆။ (စ) တွင် "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်" ဟု ဖော်ပြပါရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် "Enabling the Defence Services to be able to participate in the National political leadership role of the State" ဟု ရေးသားထားသည်။ 
နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ သမိုင်း၊ စာပေ နှင့် လူမှု စီးပွား ကာကွယ်စောင့်လျှောက်ခြင်း နှင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းသည် လွန်စွာမွန်မြတ်သော အလုပ်ဖြစ်သည်။ အင်တာနက်စာမျက်နှာ တစ်ခုခုတွင် အတ္တလုံးဝမပါ၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲမပါပဲ အမျိုးသားအရေးရှေ့ရှုပြီး တစ်စုံတစ်ခု မှတ်ချက်ရေးသားခြင်းပင်လျှင် မွန်မြတ်သော အမျိုးသားနိုင်ငံရေး လုပ်ဆောင်မှုတစ်ခုဟု သတ်မှတ်နိုင်သည်။
ဒုတိယ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ၏ ဒီဇင်ဘာလ (၇) ရက်နေ့ မိန့်ခွန်း ကောက်နှုတ်ချက်  
Posted by Admin in ,
တပ်မတော်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းနဲ့ အတူ ယှဉ်တွဲ ပေါ်ပေါက်လာ ခဲ့တဲ့ တပ်မတော် ဖြစ်တယ်။ ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) အဖြစ် တို့တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင် စတင်ဖွဲ့စည်း ခဲ့ကြပြီး နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး တွေကနေ လွတ်လပ်ရေး ရသည် အထိ ပြည်သူကို ဦးဆောင် လက်တွဲ တိုက်ပွဲဝင် ခဲ့တဲ့ တပ်မတော် ဖြစ်တယ်။
 ယနေ့ အချိန်အထိ အရေးကြုံတိုင်း ပြည်တွင်း ပြည်ပ အန္တရာယ် အသွယ်သွယ်ကို တိုက်ဖျက် ချေမှုန်းရင်း နိုင်ငံတော်နဲ့ ပြည်သူတွေ အတွက် မားမား မတ်မတ် ရပ်တည် ကာကွယ်ပေး ခဲ့တဲ့ အစဉ်အလာ ကောင်းတွေနဲ့ ပြည့်ဝ နေတဲ့ တပ်မတော် တစ်ရပ် ဖြစ်တယ်။
  ကိုယ်ကျင့် တရား ကောင်းတဲ့ ခေါင်းဆောင်ဟာ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နဲ့ ညွှန်ကြားချက် တွေကို လေးစား လိုက်နာတယ်။ ဘာသာရေး၊ လူမှုရေး၊ အဆုံးအမ တွေနဲ့အညီ နေထိုင်တယ်၊ မိမိကိုယ်ကို တန်ဖိုးထား သလို သူတစ်ပါး ကိုလည်း အလေးထားတယ်။ ဣနြေ္ဒ သိက္ခာ ရှိရှိ တည်ကြည်စွာ နေထိုင်ပြုမူ တတ်တယ်။ လိုချင် မက်မောတဲ့ လောဘနည်းပြီး ရောင့်ရဲမှု ရှိတယ်။ ဒီလို ကောင်းမွန်တဲ့ ကိုယ်ကျင့် တရားနှင့် အညီ လက်အောက်ငယ်သား တွေကိုလည်း မှန်ကန်စွာ လမ်းပြ ဦးဆောင်တယ်။ 
ခေါင်းဆောင်ငယ်တွေ ဖြစ်ကြတဲ့ ရဲဘော်တို့ဟာ လုပ်ချင်ကိုင်ချင် စိတ်နဲ့အတူ ဆန္ဒတွေကို ရှေ့တန်း တင် လွန်းရင် မမှားသင့် တာတွေ မှားတတ်တယ် ဆိုတာကို အထူး သတိပြု ဖို့ လိုတယ်။ ဆန္ဒကို ဦးစား မပေးဘဲ လုပ်သင့် မလုပ်သင့် မှန်ကန်စွာ ဝေဖန်ပိုင်းခြား ကြရမယ်။
 တပ်မတော်သား တွေဟာ ၂၄ နာရီ တာဝန် ထမ်းဆောင် ကြသူတွေ ဖြစ်သော်လည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ရသင့် ရထိုက်တဲ့ သက်သာ ချောင်ချိမှုတွေ၊ ခွင့် ခံစားမှုတွေ၊ ကိုယ်ပိုင် အနားယူ ချိန်တွေ၊ အားကစားနဲ့ ပျော်ရွင်ချိန်တွေ မျှတစွာ ရရှိခံစား နိုင်အောင် စီမံ ဆောင်ရွက် ပေးကြရမှာ ဖြစ်တယ်။
 နိုင်ငံတော် အပေါ် ကျရောက် လာမယ့် ပြည်တွင်းပြည်ပ အန္တရာယ် အသွယ် သွယ်ကို သူရ သတ္တိရှိရှိ တိုက်ခိုက် ချေမှုန်း လုပ်ကိုင် ဆောင်ရွက် တတ်အောင်၊ ခေါင်းဆောင်ကောင်း တစ်ဦး အနေနဲ့ သိအပ်၊ တတ်အပ်တဲ့ စစ်ပညာ၊ ၀ိဇ္ဇာနဲ့ သိပ္ပံ ဆိုင်ရာ အတက် ပညာတွေ တက်မြောက်အောင်၊ ရိုးသား တည်ကြည် ဖြောင့်မတ်သော အကျင့် စာရိတ္တကောင်း (Honour) များနဲ့ ပေးအပ်တဲ့ တာဝန်တွေ ကျေပွန်စွာ ထမ်းဆောင် တတ်အောင် လေ့ကျင့် သင်ကြား လမ်းပြပေးခဲ့ပြီး ဖြစ်တယ်။
 ဒီကနေ့ ကမ္ဘာပေါ်မှာ နည်းပညာတွေ အချိန်နဲ့ အမျှ ပြောင်းလဲ တိုးတက် နေတာ နဲ့အတူ စစ်ဘက်နည်း ပညာတွေ၊ စစ်လက်နက် ပစ္စည်းတွေ ဟာလည်း လိုက်ပါ ပြောင်းလဲ တိုးတက်နေပြီး စစ်နည်းဗျူဟာ တွေပါ ပြောင်းလဲလာတာ တွေ့ကြရမှာ ဖြစ်တယ်။ ဒီကနေ့ ခေတ်မှာ စဉ်ဆက် မပြတ် လေ့လာ သင်ယူမှု မပြုကြရင် ခေတ်နောက်ကျ ကျန်နေခဲ့မှာ ဖြစ်တယ်။ ယခင်က သတင်း နည်းပညာ တိုးတက်မှု မရှိသေး ချိန်မှာ တိုက်စွမ်းအားနဲ့ ပက်သက်ရင် စစ်ကစားမှု၊ ပစ်အား၊ အကာအကွယ်နဲ့ ခေါင်းဆောင်မှု ဆိုတဲ့ အချက် (၄) ချက်နဲ့ တိုင်းတာ သတ်မှတ် ခဲ့ကြပေမယ့် ယနေ့ခေတ်မှာ သတင်း အချက်အလက် ရရှိအသုံးပြု နိုင်မှု ဆိုတဲ့ အချက်ကိုပါ ထည့်သွင်း စဉ်းစား လာကြ ရတယ်။ ဒီလို ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲနေမှု တွေကို သိရှိနိုင်ဖို့ ရဲဘော်တို့ ဘ၀ တစ်လျှောက်လုံးမှာ လေ့လာ သင်ယူမှု တွေကို စဉ်ဆက်မပြတ် လုပ်ဆောင် နေကြရမှာ ဖြစ်ယ်။ သင်ယူမှုတွေ၊ လေ့လာမှု တွေက ရရှိတဲ့ ပညာရပ် တွေကို ကောင်းစွာ ကျွမ်းကျင်ဖို့ အမြဲ လေ့ကျင့် နေကြရမှာ ဖြစ်ပြီး သင်ယူ လေ့လာ လေ့ကျင့်မှုတွေ အတိုင်းလည်း လက်တွေ့ နယ်ပယ်မှာ လိုက်နာ လုပ်ဆောင် အသုံးချ ကြဖို့ မှာကြား လိုတယ်။
 နိုင်ငံတော် ကာကွယ်ရေး စွမ်းရည် မြင့်မားတိုးတက် လာစေဖို့ တပ်မတော်ကို ခေတ်မီတိုးတက် ပြောင်းလဲအောင် ဆောင်ရွက်ရာမှာ Standard Army အဖြစ် ရောက်ရှိအောင် မျှော်မှန်း ဆောင်ရွက်နေချိန် ဖြစ်လို့ ရဲဘော်တို့ အနေနဲ့ လည်း တို့တပ်မတော်ရဲ့ တိုးတက်ပြောင်းလဲ ဆောင်ရွက်နေမှု တွေနဲ့အညီ အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစား ဆောင်ရွက် နေကြဖို့မှာကြားလိုတယ်။
တို့တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန် ဖြစ်တယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ရန်၊ နိုင်ငံတော်ရဲ့ ရေထု၊ မြေထု၊ လေထုကို ကာကွယ်ရန်၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ရန်၊ တိုင်းရင်းသား များ၏ အသက် အိုးအိမ် စည်းစိမ်နှင့် အကျိုးစီးပွားကို ကာကွယ်ရန်နဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် သွားရမှာ ဖြစ်တယ်။
ဒီကနေ့ ၂၁ ရာစု ခေတ်ကြီးမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စတာတွေဟာ တစ်ခုစီ တစ်ခုစီ သီးခြား ရပ်တည် မနေတော့ဘဲ တစ်ခုနဲ့ တစ်ခုဟာ အလွန်မှကို ချိတ်ဆက်ယှက်နွှယ် နေကြတယ်။ ကမ္ဘာပေါ်မှာ နေရာဒေသ တစ်ခုရဲ့ စီးပွားရေး ပြောင်း လဲ ဖြစ်ပေါ်မှု တွေကြောင့် ကမ္ဘာ့ အခြားနေရာ တွေမှာ စီးပွားရေး သာမက နိုင်ငံရေး၊ စစ်ရေး အရပါ သက်ရောက်မှုတွေ ဖြစ်ပေါ်လေ့ ရှိတယ်။ အလားတူပဲ အခြား နိုင်ငံ အင်အားကြီး နိုင်ငံအချို့ရဲ့ နိုင်ငံရေး အယူအဆ၊ အခင်းအကျင်း ပြောင်းလဲမှုကြောင့် အခြားနိုင်ငံ တွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတွေ အပေါ် သက်ရောက်မှု တွေလဲ ဖြစ်လာ တတ်တယ်။ ဒါကြောင့် ရဲဘော်တို့ ခေါင်းဆောင် ငယ်တွေ အနေနဲ့ စစ်ရေးဆိုင်ရာ လေ့လာ အာရုံစိုက်မှု သာမက ဆက်နွယ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာ ရေးရာတွေမှာပါ ကျွမ်းဝင်သိရှိ နေအောင် ယခုကတည်းက လေ့လာ သွားကြ ဖို့ မှာကြား လိုတယ်။ ဒါမှသာ အမိ စစ်တက္ကသိုလ်ရဲ့ နောင်တစ်ခေတ်၏ အောင်စစ်သည် ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ နိုင်ငံတော်နဲ့ တပ်မတော် အတွက် အလေးထားရတဲ့ ခေါင်းဆောင်ကောင်းတွေ အဖြစ် ပေါ်ထွန်း လာမှာ ဖြစ်တယ်။
နိဂုံးချူပ် အနေနဲ့  မှာကြား လိုတာကတော့
-တပ်မတော်ရဲ့ အစဉ်အလာ (၁၂)ရပ်ကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက် သွားကြပါ။
-ကိုယ်ကျင့်တရား ကောင်းတဲ့၊ စည်းကမ်းကောင်းတဲ့၊ စွမ်းရည်ထက်မြက်တဲ့ ခေါင်းဆောင်တွေ ဖြစ်အောင် မိမိ ကိုယ်မိမိ တည်ဆောက်သွားကြပါ။
-ခေတ်နဲ့အညီ ရင်ဘောင်တန်း နိုင်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူမှု၊ လေ့ကျင့်မှုနဲ့ လိုက်နာလုပ် ဆောင်မှု များကို ဆက်လက်ဆောင်ရွက် သွားကြပါ။
-စိမ်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား နိုင်သည့် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုး ချစ်တပ်မတော် တည်ဆောက်ရေးတွင် အလေးထားပါဝင် ဆောင်ရွက် သွားကြပါ။
-အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ်ထားပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားကြပါ။
-အမိ စစ်တက္ကသိုလ်၏ ဂုဏ်ကို ဆောင်နိုင်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် နောင်တစ်ခေတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြပါလို့ မှာကြားရင်း နိဂုံးချုပ် လိုက်တယ်။
နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြရမည်  
Posted by Admin in
ရောမရောက်လျှင် ရောမလို ကျင့်ရသည်။
ဥပဒေကို မသိနားမလည်ဟု ဆိုကာမျှဖြင့် ဥပဒေက သင့်အား ခွင့်လွှတ်လိမ့်မည်မဟုတ်။
ဥပဒေဟူသည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ အခွင့်အရေးများနှင့် တာဝန်များကို သတ်မှတ်ပေးသည့် စည်းကမ်းနည်းဥပဒေစုပင်ဖြစ်သည်။ ယင်းတို့၏ တာဝန်နှင့် အခွင့်အရေးတို့ကို နိုင်ငံနှင့် ဆက်သွယ်သောအခါဖြစ်စေ၊ နိုင်ငံသားအချင်းချင်း ဆက်သွယ်သောအခါဖြစ်စေ အခွင့်အရေးနှင့် တာဝန်ကို ဖော်ပြထားခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည်မှာ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူလူထုအကြား ချုပ်ဆိုထားသည့် ပဋိဉာဉ်စာချုပ်ဖြစ်သည်။
ကျွန်တော့်တွင် ပြောစရာအကြောင်းများ ရှိနေပါသည်။ ထို့ကြောင့်လည်း သက်ဆိုင်သည့် အဆိုအမိန့်အချို့ကို ကောက်နုတ်တင်ပြရခြင်း ဖြစ်ပါသည်။ မြန်မာ့နွေဦးသည် မဝေးတော့သော အချိန်တစ်ခုတွင် ၂ နှစ်တာကာလ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ လက်ရှိအချိန်အထိ ၁ နှစ်ခွဲကျော်ကာလကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပါသည်။ သွားနေသည့် အရှိန်နှုန်းသည် မည်သို့ရှိသည်ကို တစ်ခါတစ်ရံ မှန်းဆရခက်ပါသည်။ အရှိန်မြန်လွန်းလျှင် ရပ်နေသကဲ့သို့ ခံစားရတတ်သည်ကို အားလုံးအသိ ဖြစ်ပါလိမ့်မည်။ မြန်မာတို့၏ ဒီမိုကရေစီရောင်နီဦးသည် မပီဝိုးတ၀ါးမှ မလင်းတလင်းသို့ ရောက်ရှိလာသည်ကတော့ မငြင်းနိုင်သည့်အချက် ဖြစ်ပါသည်။ သို့သော် အပြည့်အ၀ စိတ်ချရသည်တော့ မဟုတ်သေးချေ။ လင်းသထက်လင်းလာပြီး အလျှံတငြီးငြီး ထွန်းလင်းတောက်ပမည်လား၊ သို့တည်းမဟုတ် တိမ်တိုက်တိမ်စိုင်တို့ကြောင့် ခပ်မှိန်မှိန်သာ မြင်ရမည်လား၊ သို့တည်းမဟုတ် မိုးသားတိမ်လိပ်တို့ကြောင့် အမှောင်ထုကို အရှုံးပေးရမည်လား၊ သေသေချာချာ မသိနိုင်သေးသည့် အခြေအနေ ဖြစ်ပါသည်။ ရုပ်မြင်သံကြားမှာ မိုးလေ၀သသတင်း ကြေညာသလို "ကျန်းမာတော် မူကြပါစခင်ဗျာ... မြန်မာ့ဒီမိုကရေစီရေးအတွက် မနက်ဖြန်အထိ ခန့်မှန်းချက်ကတော့ နေသာပါ့မယ်" ဟု မည်သူကမျှ ကြေညာပြောဆိုနိုင်ခြင်း မရှိချေ။
စကားများ ဘေးချော်သွားပါသည်။ လိုရင်းကို ပြန်ဆက်ရပါလျှင် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းကာစ ယခုကဲ့သို့ အချိန်မျိုးတွင် ကျွန်တော်မကြားချင်ဆုံးသော၊ ကြားရလျှင် နားခါးသော စကားတစ်ခွန်း ရှိပါသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှ ထိတွေ့ပေါင်းသင်း ဆက်ဆံနေရသူများ၊ အွန်လိုင်းပေါ်မှ သိကျွမ်းခင်မင် ရင်းနှီးရသည့် မိတ်ဆွေများ၊ နီးစပ်ရာအပေါင်းအသင်းများ စသည်စသည်တို့၏ ပါးစပ်များမှ ထိုကဲ့သို့သော အဓိပ္ပါယ်သက်ရောက်သည့် စကားများကို ပြောဆိုကြသည့်အချိန်တိုင်း ကျွန်တော်ကိုဉာဏ် သက်ပြင်းချမိပါသည်။ ထို့အတူ များစွာလည်း ရင်လေးမိပါသည်။ အခြားမဟုတ်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာ ဖြစ်ပါသည်။ လူအမျိုးမျိုးမို့ သူတို့ပြောသော စကားများကလည်း အမျိုးမျိုး ဖြစ်ကြပါသည်။ သူတို့ပြောတတ်သည့် စကားများကို အောက်တွင်လေ့လာကြည့်ပါမည် -
ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ခါမှကို မဖတ်ဖူးဘူး။ တမင်ကို မဖတ်တာ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အရင်စစ်အစိုးရက သူတို့ရေးချင်သလို ရေးခဲ့တာပဲ၊ အချိန်ကုန်ခံပြီး ဖတ်မနေနိုင်ပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်။ (ကျွန်တော်က ဘာတွေပြင်မှာလဲဟု ပြန်မေးတတ်ပါသည်။ ထိုအခါ အင်း၊ အဲ သာ လုပ်နေတတ်ပါသည်။ ဘာပြောရမှန်း မသိကြပါ။)
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာတွေပဲ ရေးထား၊ ရေးထား အစိုးရက သူတို့လုပ်ချင်ရာ လုပ်တာပဲမလား။ ကျွန်တော်တို့အတွက် ဘာများအရေးပါလို့လဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် အချိန်မရသေးလို့ မဖတ်ဖြစ်သေးတာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို NLD က ပြင်မယ်လို့ပြောတယ်လေ။ အဲဒါ လုပ်ကို လုပ်သင့်တဲ့ အလုပ်ပဲ။ ကျွန်တော်ထောက်ခံတယ်။ (ကျွန်တော်က သူတို့တွေက ဘာတွေပြင်မယ်လို့ပြောသလဲဟု ပြန်မေးလျှင် သူတို့ပြန်ဖြေတတ်တာက တပ်ကိုယ်စားလှယ်တွေကို ဖြုတ်ပစ်မယ်ဟု ဖြေတတ်ကြပါသည်။ အခြားအချက်တွေကိုရောဟု မေးလျှင်တော့ ယောင်ဝါးဝါးများသာ ဖြစ်ကုန်ကြပါသည်။ NLD ပဲ ပြင်လို့ရတာလား၊ အခြားလူတွေရောဟု မေးလျှင်တော့ ဘုကြည့် ပြန်ကြည့်တတ်ကြပါသည်။)
အထက်ပါစကားများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ကျွန်တော်နှင့် ထိတွေ့ဆက်ဆံသူများက ပြောတတ်ကြသည့် စကားများထဲမှ အချို့ ဖြစ်ပါသည်။ အကုန်အစင် မဟုတ်သေးပါ။ လူတစ်ချို့ဆိုလျှင် အင်မတန်မှ ပြင်းပြင်းထန်ထန်ကို ပြောတတ်ကြပါသည်။ ကြမ်းတမ်းသော စကားလုံးများပင် သုံးတတ်ကြပါသည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်တော့်တစ်ဦးတည်း၏ အတွေ့အကြုံ၊ အတွေးအမြင်အရ ကောက်ချက်ချရပါလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာ ဖတ်ရှုလေ့လာဖူးသူဟူ၍ ကျွန်တော်တို့နိုင်ငံသားများ၏ ၁၀% ပင် မပြည့်ပါချေ။ သဘောကတော့ လူတစ်ရာတွင် ဆယ်ယောက်သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ရှုလေ့လာသည့်သဘော ဖြစ်ပါသည်။ ထိုပမာဏသည် အကောင်းမြင်စိတ် လွန်လွန်ကဲကဲဖြင့် ကောက်ချက်ချထားခြင်း ဖြစ်ပါသည်။ တကယ်တမ်းတွင် ဒီထက်အများကြီး လျော့နည်းနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာမှန်းမသိသည့် လူများ၊ ဒေသများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကိုပင် မမြင်ဖူးသည့် လူများ၊ ဒေသများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာတွေပါမှန်းပင် မသိသော လူများ၊ ဒေသများ ကျွန်တော်တို့နိုင်ငံတွင် များစွာရှိနေပါသေးသည်။ ထိုအချက်သည် ၀မ်းသာရမည့် အချက်မဟုတ်ပါ။ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာမှန်းမသိသည့် နိုင်ငံသားများဖြင့် တည်ဆောက်ပုံဖော်နေသော နိုင်ငံတစ်ခုသည် မည်ကဲ့သို့သော နိုင်ငံဖြစ်မလဲဆိုတာ စာဖတ်သူများ စဉ်းစားကြည့်စေလိုပါသည်။
စာဖတ်သူများကို ကျွန်တော်ကိုဉာဏ် မေးခွန်းတစ်ခုလောက် မေးခွင့်ပြုစေလိုပါသည်။ စတင်ရေးဆွဲကာ အတည်ပြု ပြဋ္ဌာန်းပြီးကတည်းက နောက်ထပ်ပြုပြင်ရန်၊ ဖြည့်စွက်ရန်၊ ပြင်ဆင်ရန်၊ နုတ်ပယ်ရန် မလိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မည်သည့်နိုင်ငံတွင် ရှိသည်ကို ဖြေကြားစေလိုပါသည်။ ကျွန်တော်၏ မဖြစ်စလောက် ဗဟုသုတဖြင့် ယနေ့အချိန်အထိ မကြားမိသေး၊ မတွေ့ရှိသေးသောကြောင့် ဖြစ်ပါသည်။ အချို့ကလည်း ကျွန်တော့်မေးခွန်းကို အငေါ်တူးကာ ပြန်ဖြေနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ ရပ်တည်နေတဲ့ နိုင်ငံတွေလည်း ရှိနေတာပဲဟု။ ဟုတ်ကဲ့၊ ကျွန်တော်မငြင်းလိုပါ၊ လက်ခံပါသည်၊ သို့သော်လည်း သူတို့တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသာ မရှိတာဖြစ်ပါသည်၊ အစိုးရက ဘာလုပ်ရမည်၊ ပြည်သူတွေက ဘာတွေကို လိုက်နာရမည် စသည့် ဥပဒေများတော့ ရှိပါသည်။ ထိုဥပဒေများသည်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ သဘောတွေဟု ကျွန်တော်က ယူဆချင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ တိုင်းပြည်ကို တည်ဆောက်သည်နှင့် ဖွဲ့စည်းပုံအခြေခံရေးဆွဲပြဋ္ဌာန်းပြီး တိုင်းပြည်ကို တည်ဆောက်သည်တို့တွင် မည်သည့်အချက်က ပိုကောင်းသနည်းဟူသည့် မေးခွန်းကို စာဖတ်သူတိုင်း မှန်ကန်စွာ ဖြေကြားနိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေက မကောင်းဘူးထင်လျှင် ကောင်းအောင်လုပ်ကြရပါမည်၊ လိုအပ်နေသေးသည်ဟုထင်လျှင် ပြင်ဆင်ရပါမည်၊ ဖြည့်စွက်ရပါမည်၊ ဒါတွေသည်ပင် ကျွန်တော်တို့၏ တာဝန်များ မဟုတ်ပါလော။ သူများရေးထားတာ ငါတို့အတွက် အဆင်မပြေဘူးဆိုလျှင် အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ စဉ်းစားရမည်၊ အဖြေရှာရမည်၊ ဆောင်ရွက်ရပေမည်၊ သို့သော် ဥပဒေဘောင်အတွင်းက ဖြစ်ရမည်၊ အများအတွက်လည်း အဆင်ပြေတာ ဖြစ်ရမည်။ အားလုံးအတွက် အဆင်ပြေပြီး ငါတစ်ယောက်တည်းအတွက် အဆင်မပြေတာ ဆိုလျှင်တော့ဖြင့် အားလုံး၏ အမှားမဟုတ်တာ သေချာပါသည်။ ဘာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေရှိတာ နိုင်ငံအတွက်၊ ပြည်သူတွေအတွက် ပိုကောင်းပါသည်။
မိမိတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မိမိတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ မိမိတို့ သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ နိုင်ငံသားတစ်ယောက်အနေဖြင့် လက်ရှိတည်ဆဲဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမည်၊ လိုက်နာရမည်မှာ နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်ပါသည်။ အခြားမိတ်ဆွေတစ်ဦး၏ အိမ်သို့ သွားလည်လျှင်ပင် ထိုအိမ်၏ စည်းကမ်းများကို၊ ဓလေ့ထုံးစံများကို လိုက်နာရပါလျှင် ကိုယ့်နိုင်ငံ၏ တည်ဆဲဥပဒေတစ်ရပ်ကို မလိုက်နာနိုင်စရာ အကြောင်းမရှိပါချေ။ ထိုသို့ မဖြစ်မနေ လိုက်နာလေးစားရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို နကန်းတစ်လုံးမျှ မသိနားမလည်ဟု ဆိုလျှင်တော့ ကိုယ်စီးနေတာ ဘာအကောင်မှန်းပင် မသိသကဲ့သို့ ဖြစ်နေပါလိမ့်မည်။ အထီးအမ ဆိုသည်က ဝေးလွန်းပါသေးသည်။
စာဖတ်သူမိတ်ဆွေများခင်ဗျား၊ ကျွန်တော်ကိုဉာဏ် ပြောလိုသည်မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မသိသူတွေ၊ မဖတ်ဖူးသူတွေ၊ စိတ်မ၀င်စားသူတွေ များပြားနေပါသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမျှ မဖတ်ဖူးသည့် လူတစ်ယောက်က နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို မည်သို့မည်ပုံ စဉ်းစားတွေးခေါ်ကာ ဆောင်ရွက်မည်နည်းဆိုသည်ကို စဉ်းစားစရာ ဖြစ်ပါသည်။ ဖွဲ့စည်းပုံမသိလို့ နိုင်ငံအကျိုး မသယ်ပိုးနိုင်ဘူးဟု ဆိုလိုနေခြင်း မဟုတ်ပါ။ သို့သော် မသိလျှင်တော့ နိုင်ငံသားတစ်ဦးအနေဖြင့် ရှက်စရာ ဖြစ်ပါသည်။ ထို့ပြင် သူများယောင်တိုင်း လိုက်ယောင်ရပါလိမ့်မည်။ သူများပြောသမျှ နားထောင်ရပါလိမ့်မည်။ မိမိတို့နိုင်ငံ၏ အနာဂတ်၊ နိုင်ငံသားများ၏ အနာဂတ်တွေ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးထဲမှာ ရှိနေသည်ဆိုသည်ကို လူတိုင်းလူတိုင်း နားလည်သဘောပေါက်ကြမှ ဖြစ်ပါလိမ့်မည်။
အသက်ရှင် ရပ်တည်မှုအတွက် အစားအစာကို စားကြရပါသည်။ ရေကို သောက်ကြရပါသည်။ ထို့အတူ နိုင်ငံသားတစ်ဦး ပီသစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြရပါမည်။ သို့မှသာ မိမိတို့ကို အုပ်ချုပ်နေသူများ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် အခြေခံဥပဒေနှင့် ညီမညီ သုံးသပ်နိုင်ကြပါလိမ့်မည်၊ ဆုံးဖြတ်နိုင်ကြပါလိမ့်မည်။ လွဲချော်နေလျှင် ထောက်ပြပေးနိုင်ပါလိမ့်မည်၊ တည့်မတ်ပေးနိုင်ပါလိမ့်မည်။ ထိုသို့ မဟုတ်ပါမူ သူများပြောသမျှကို ခေါင်းညိတ်ရုံသာ လိုက်ညိတ်နေရပါလိမ့်မည်။ လတ်တလော ဖြစ်ပွားနေသည့် ခုံရုံးပြဿနာနှင့် ပတ်သက်၍ အွန်လိုင်းပေါ်ရေးသားထားသည့် ကွန်းမန့်များတွင် ထိုအချက်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြင်ပင်မမြင်ဖူးပါဘဲ မိမိတို့ စိတ်ထဲထင်ရာ ရေးသားထားသည်များကို မြင်တွေ့ဖတ်ရှုရတိုင်း ရင်လေးမိပါသည်။
မိတ်ဆွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မနှေးအမြန် မဖြစ်မနေ ဖတ်ရှုပါလော့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
Constitution of the Republic of the Union of Myanmar (2008)
Credit : ကိုဉာဏ် (ပန်းလောင်မြေ)
Мьянма (or) Myanmar (or) မြန်မာ  
Posted by Admin in ,
ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် နှင့် ယနေ့ တပ်မတော် ၏ အခန်းကဏ္ဍ  
Posted by Admin in ,
Read PDF
အတွေးမှတ်စုများ (၂၈)  
Posted by Admin in , ,
  1. လူသည် နိုင်ငံရေး သတ္တဝါဖြစ်သည်။
    Human is political animal. (Aristotle)
  2. ကျွန်ုပ်တို့သည် ဒဿနိကများ နေရာတွင် နိုင်ငံရေးများ ဝင်ရောက်နေရာ ယူလာသည့် ကမ္ဘာကြီးထဲ၌ နေထိုင်နေကြသည်။
    We live in a world in which politics has replaced philosophy. (Martin L. Gross, A Call for Revolution, 1993)
  3. နိုင်ငံရေး ဆိုသည်မှာ သွေးမြေကျခြင်း မရှိသည့် စစ်ပွဲတစ်ပွဲဖြစ်ပြီး။ စစ်ပွဲ ဆိုသည်မှာ သွေးထွက်သံယို မှုများ ပြည့်နေသော နိုင်ငံရေး ဖြစ်သည်။
    Politics is war without bloodshed, while war is politics with bloodshed. (Mao Zedong)
  4. နိုင်ငံရေးဆိုသည်မှာ စစ်ပွဲများကဲ့သို့ စိတ်လှုပ်ရှားစရာ ကောင်းသလို အန္တရာယ်လဲ ကြီးပေသည်။ စစ်ပွဲတွင် တကြိမ်သာ အသတ်ခံရနိုင်သော်လည်း နိုင်ငံရေးတွင် အကြိမ်ကြိမ်အသတ်ခံရနိုင်သည်။
    Politics are almost as exciting as war, and quite as dangerous. In war you can only be killed once, but in politics many times. (Winston Churchill)
  5. ကျွန်ုပ်တို့ အစိုးရများကို အရာအားလုံးလုပ်ဖို့ မစောင့်သင့်ပေ။ ကမ္ဘာတဝှမ်းလုံး အင်တာနက်ခေတ် ရောက်နေချိန်၌ အစိုးရတိုင်းက သဘာဝအရကို နှေးကွေးလာနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ အဆင့်တိုင်း၊ ခြေလှမ်းတိုင်းအတွက် နိုင်ငံရေးထောက်ပံ့မှု့များဖြင့် တည်ဆောက် နေရသောကြောင့် ဖြစ်သည်။
    We cannot wait for governments to do it all. Globalization operates on Internet time. Governments tend to be slow moving by nature, because they have to build political support for every step. (Kofi Annan)
  6. တရားဝင်ပြောရေးဆိုပိုင်ခွင့်ရှိသူအား မည်သူမျှ မယုံကြပေ။ သို့သော် အမည်မဖော်လိုသော သတင်းအရင်းအမြစ်တစ်ခုဆိုလျှင်တော့ လူတိုင်းယုံတတ်ကြ၏။ (ရွန်နက်ဆင်း)
  7. နိုင်ငံရေးသမားများ အတွက် အပန်းဖြေရန် အချိန်မရှိပါ။ ၎င်းတို့သည် အမြဲတမ်း နိုင်ငံရေး ဘဝ၊ အာဏာ၊ ဂုဏ်အရှိန်အဝါ၊ ပျော်ရွှင်မှု့ များထက် ကျော်လွန်ပြီး တခုခုကို ရည်ရွယ်နေကြသည်။
    Politicians also have no leisure, because they are always aiming at something beyond political life itself, power and glory, or happiness. (Aristotle)
  8. နိုင်ငံရေးသမား ကို ကလေးအနှီးများကဲ့သို့ မကြာခဏ လဲပေးသင့်သည်။
    Politicians and diapers should be changed frequently and all for the same reason. (José Maria de Eça de Queiroz, translated from Portuguese)
  9. ကျွန်ုပ်တို့ အနေနဲ့ အကောင်းဆုံး၊ အတော်ဆုံး လူတစ်ယောက်ကို မဲပေးချင်ပါသည်။ သို့သော် ထိုကဲ့သို့သူမျိုးသည် မည်သည့်အခါမှ ဝင်ရောက် အရွေးခံသူ မဟုတ်ပေ။
    We'd all like to vote for the best man, but he's never a candidate. (Frank McKinney "Kin" Hubbard)
  10. နိုင်ငံရေးဆိုသည်မှာ နှစ်ဖက်စလုံးကို အကာကွယ်ပေးဖို့ အာမခံပေးရင်းဖြင့် လူဆင်းရဲတို့ ထံမှ မဲရယူခြင်းနှင့် လူချမ်းသာများထံမှ ကမ်းပိန်းအတွက် ထောက်ပံ့ကြေးရယူခြင်း ဆိုသည့် နူးညံ့သိမ်မွေ့သော အနုပညာ တစ်မျိုးဖြစ်သည်။
    Politics is the gentle art of getting votes from the poor and campaign funds from the rich, by promising to protect each from the other. (Oscar Ameringer)
  11. နိုင်ငံရေးသမားဆိုတာနေရာတိုင်းမှာ အတူတူပဲ။ သူတို့ဟာ မြစ်မရှိတဲ့နေရာမှာတံတားဆောက်ပေးဖို့ ကတိပြုတတ်ကြတယ်။
    Politicians are the same all over. They promise to build a bridge even where they is no river. (Nikita Khrushchev)
  12. ငါတို့ဟာ တိုင်းပြည်အတွက် ယုံကြည်ချက်များစွာ ရှိကြတယ်။ ခက်တာက ငါတို့ ယုံကြည်ချက်တွေကို ပုံအပ်ဖို့ လူကောင်းတွေ နည်းနေတာပဲ။
    We have plenty of Confidence in this country, but we are a little short of good men to place our Confidence in. (Will Rogers)
  13. နိုင်ငံရေးဆိုသည်မှာ အမှား၊ အမှန် ဆိုတာ ထက် လက်ဝဲ၊ လက်ယာ ဝါဒ များနဲ့ ပိုဆက်နွယ်နေသလိုပါပဲ။
    Politics, it seems to me, for years, or all too long, has been concerned with right or left instead of right or wrong. (Richard Armour)
  14. လူအချို့သည် ယင်းတို့ချမှတ်ထားသည့် စည်းကမ်းများအတွက် ပါတီကို ပြင်ကြ၏။ အချို့မှာ ပါတီအတွက် ယင်းတို့ ချမှတ်ထားသည့် စည်းကမ်းများကို ပြင်ကြ၏။
    Some men change their party for the sake of their principles; others their principles for the sake of their party. (Winston Churchill)
  15. လူတစ်ယောက်အား အရှိန်အဝါကြီးမားစေသည့် အရည်အသွေး (အရည်အချင်း) ဆိုသည်မှာ ထို အရှိန်အဝါ ရဖို့အတွက် ဦးဆောင်ခဲ့သည့်အရာမဟုတ်ပါ။ ထို အရှိန်အဝါအား မည်သို့ အကျိုးရှိရှိ၊ အမြော်အမြင်ရှိစွာဖြင့် သုံးစွဲခြင်းသာ ဖြစ်သည်။
    The qualities that get a man into power are not those that lead him, once established, to use power wisely. (Lyman Bryson)
  16. သင့်ရဲ့ မိသားစု ဆွေစဉ်မျိုးဆက် အကြောင်း နောက်ကြောင်းကောက်ဖို ပိုက်ဆံကုန်မခံပါနှင့်။ နိုင်ငံရေးသာ လုပ်လိုက်ပါ။ သင့်ပြိုင်ဖက်များက သင့်အတွက် လုပ်ပေးပါလိမ့်မယ်။
    Why pay money to have your family tree traced; go into politics and your opponents will do it for you. (Author Unknown)
  17. နိုင်ငံရေး အသိုင်းအဝိုင်းမှာ အမျိုးသမီး နိုင်ငံရေးသမားတွေ နည်းရတဲ့ အကြောင်းရင်းကတော့ သူတို့အတွက် မျက်နှာ နှစ်မျက်နှာကို မိတ်ကပ်လိမ်းဖို့ ဒုက္ခရောက်လို့ပဲ။
    The reason there are so few female politicians is that it is too much trouble to put makeup on two faces. (Maureen Murphy)
  18. နိုင်ငံရေးသမား တစ်ယောက်အား မြို့တော်အတွက် သော့ပေးလိုက်ခြင်းထက် သော့ခလောက် လဲ လိုက်ခြင်းက ပိုကောင်း၏။
    Instead of giving a politician the keys to the city, it might be better to change the locks. (Doug Larson)
  19. လူလတ်တန်းစား အများစု ပါဝင် ထိန်းချုပ်ထားသည့် နိုင်ငံရေးမှသာလျှင် ပြီးပြည့်စုံသည့် နိုင်ငံရေးအသိုင်းအဝိုင်း ဖြစ်လိမ့်မည်။
    The most perfect political community is one in which the middle class is in control, and outnumbers both of the other classes. (Aristotle)
  20. သာမန် နိုင်ငံရေးသမား တစ်ဦးသည် နောင်လာမည့် ရွေးကောက်ပွဲအတွက် စဉ်းစား၏။ အတွေ့အကြုံရှိသည့် ဝါရင့် နိုင်ငံရေးခေါင်းဆောင်တို့သည် နောင်မျိုးဆက်အတွက် စဉ်းစားသည်။
    A politician thinks of the next election; a statesman thinks of the next generation. (James Freeman Clarke, Sermon)
  21. ဒီမိုကရေစီဆိုသည်မှာ သင် သဘောမကျမှု၊ စိတ်တိုင်းမကျမှု အနည်းဆုံးသော သူကို မဲပေးခွင့်ရှိခြင်းဖြစ်သည်။
    Democracy is being allowed to vote for the candidate you dislike least. (Robert Byrne)
  22. သင့်တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးနိုင်လဲ မမေးပါနဲ့၊ သင့်တိုင်းပြည်အတွက် သင် ဘာလုပ်ပေးနိုင်လဲ အရင်ဖြေပါ။
    Ask not what your country can do for you. (John F Kennedy)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group
မြန်မာမီဒီယာ
ပြင်ပမီဒီယာ
နိုင်ငံရေး ပါတီများ
ဖျော်ဖြေရေး
ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။
Antenna System
Antenna System
WIFI
WIFI
Wireless System
Wireless System
433MHZ Antenna
433MHZ Antenna
GPS-tracker
GPS-tracker
History of movement
History of movement
Event Location
Event Location
MATLAB Simulation
MATLAB Simulation
Popular Posts
My photo
I am doing what I should do in order to do what I want to do.
My Ph.D Research
My Ph.D Research
Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။
Global Navigation Satellite System (GNSS)
Global Navigation Satellite System (GNSS)
NAVSTAR
NAVSTAR
GLONASS
GLONASS
Galileo
Galileo
My Master Research
Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။
Global Positioning System (GPS)
Global System for Mobile communications (GSM)
Global System for Mobile communications (GSM)
Microcontroller
Microcontroller
Dynamic theory
Dynamic theory
Philosophy
meepyatite.com