ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံခရီးစဉ်က ဘာသင်ခန်းစာတွေ ရလိုက်သလဲ ~ ကုလလုံၿခဳံေရးေကာင္စီရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္က ဘာသင္ခန္းစာေတြ ရလိုက္သလဲ  

Posted by Admin in





UNSC ၏ ၂ ရက်တာခရီးစဉ်

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့နှင့် မေလ ၁ ရက်နေ့တို့တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ ကိုယ်စားလှယ် ၄၀ ကျော် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည်။ အဆိုပါ ခရီးစဉ်ကို Peru သံအမတ်ကြီး Gustavo Adolfo Meza Cuadra Velasqez မှ ဦးဆောင်ခဲ့ပြီး လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့မှ သံအမတ်များလိုက်ပါခဲ့ကြသည်။ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၃၀ ရက် နေ့တွင်နေပြည်တော်သို့ရောက်ရှိခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ အပြင် နေပြည်တော်ရှိ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့်တွေ့ဆုံခဲ့ကြသည်။ ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးအချို့နှင့် အလုပ်သဘော ညစာစားသုံးခဲ့ကြသည်။ မေလ ၁ ရက် နေ့တွင် မောင်တော ဒေသများသို့ သွားရောက်ခဲ့ပြီး စစ်တွေမြို့တွင် အရပ်ဘက်အဖွဲ့ အစည်းအချို့နှင့် တွေ့ဆုံခဲ့ကြသည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့်မူ အချိန်မရဟု အကြောင်းပြကာ တွေ့ဆုံသွားခဲ့ခြင်းမရှိပေ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆိုသည်မှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ၊ အလှည့်ကျ အဖွဲ့ ဝင် ၁၀ နိုင်ငံ စုစုပေါင်း ၁၅ နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည်။ အမေ ရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်ခွင့် ရရှိပြီး အခြားကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံတို့မှ ၁၀ နိုင်ငံစီ အလှည့်ကျ ပါဝင်ခွင့်ရ သည်။ လက်ရှိ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့မှာ ဘိုလစ်ဗီးယား၊ အိုင်ဗရီကို့စ်၊ အီကွေ တိုရီရယ်ဂီနီ၊ အီသီယိုပီးယား၊ ကာဇက်စတန်၊ ကူဝိတ်၊ နယ်သာလန်၊ ပီရူး၊ ပိုလန်နှင့် ဆွီဒင်နိုင်ငံတို့ဖြစ်ကြသည်။ ဆုံးဖြတ်ချက်ချချိန်တွင် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံမှ ဗီတို အာဏာဖြင့် ပယ်ချခွင့်ရှိပြီး တစ်နိုင်ငံက ပယ်ချခဲ့လျှင်ပင် အဖွဲ့ဝင် ၁၄ နိုင်ငံ သဘောတူ သည့်တိုင်အောင် သဲထဲရေသွန်ဖြစ်စေသည့် မူဝါဒကိုကျင့်သုံးထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ အရင်သွားရောက်ခဲ့

လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်မလာခင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဦးစွာသွားရောက်ခဲ့ကြသည်။ ဧပြီလ ၂၈ ရက်နေ့တွင် Cox’s Bazar မြို့ သို့ ရောက်ရှိခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့တွင် Kutupalong ဒုက္ခသည်စခန်းနှင့် တန်ဘရူး နယ်စပ်အနီးရှိ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းတွင် ယာယီနေထိုင်လျက်ရှိသူများထံသို့ သွား ရောက်တွေ့ဆုံခဲ့ကြသည်။ ဧပြီလ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံထဲက ထွက်ခွာလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ နေထိုင်သူ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို နေရပ်ပြန်ခေါ်ရေး မြန်မာကို ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်မှ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်များ ကို တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့မထွက်ခွာမီ ဒါကာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ဘင်္ဂါလီဒုက္ခသည်များ၏ ငိုကြွေးပြမှု၊ မြန်မာနိုင်ငံအပေါ် အပြစ်ပုံချ ပြောဆိုမှုတို့ကို တစ်ဖက်သတ်နားထောင်ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲဖြစ်ခြင်းကြောင့် ကိုယ်စားလှယ်များထံမှ မီဒီယာသို့ ပြောဆိုမှုများကလည်း တစ်ဖက်သတ်များသာ ဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသို့ ရောက်ရှိလာရင်တော့ မြန်မာဘက်က တာဝန်ရှိသူများအသံ၊ ဒေသခံရခိုင်တိုင်းရင်းသားများအသံ၊ ဟိန္ဒူဘာသာဝင်များအသံ နှင့် နယ်ခံမျက်မြင်များ၏ အသံကိုနားထောင်ပြီးပါက ကုလသမဂ္ဂ ကိုယ်စားလှယ်တို့ အနေဖြင့် နှစ်ဘက်မျှမျှတတ ပြန်လည်စဉ်းစား သုံးသပ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ မိသည်။

တာဝန်ရှိသူများရှင်းကြပြီ

UNSC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့်နေ့တွင်ပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်မှ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံကာ ပြောဆိုရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။  ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ကိုဖီအာနန်၏အကြံပြု ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည့် အပြင် ကုလသမဂ္ဂနှင့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည့်အကြောင်း၊ ကုလ သမဂ္ဂ လက်အောက်ခံ အေဂျင်စီများနှင့် ထိတွေ့ဆောင်ရွက်သွားမည့်အကြောင်း၊  ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး(UNHCR)တို့နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးသွားမည့် အကြောင်းများကိုပါ ပြောဆိုခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တာဝန်ရှိသူများမှလည်း UNSC ကိုယ်စားလှယ် အဖွဲ့ကို ဧပြီလ ၃၀ ရက်နေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များ၊ ဘင်္ဂါလီများအား ပြန်လည်လက်ခံနိုင်မည့် အခြေအနေများ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ အပါအဝင် အခြားကိစ္စ အများအပြားကို ပြောဆိုဆွေးနွေးနိုင်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့် ဓာတ်ပုံမှတ်တမ်းစာအုပ်များကိုပါ ပေးအပ် ခဲ့သည်ဟု  သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေမှလည်း လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ဦးကျော်တင့်ဆွေ၊ UEHRD အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့မှ ရှင်းလင်း ပြောကြားမှုများ ပြုလုပ်ခဲ့ပါသေးသည်။

ပြင်ပ ပကတိအရှိတရားမှန်ကို လက်တွေ့ပြသ

မေလ ၁ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များကို ရခိုင်ပြည်နယ် မောင်တော၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ လှဖိုးခေါင် ကြားစခန်းတို့ရှိ ပြန်လည်လက်ခံနေရာချထားရေး ဆောင်ရွက်ထားမှုများနှင့် ရွှေစား၊ သစ်ဆုံးနားခွဆုံ၊ အိုးထိန်း၊ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင်၊ ရွှေဇား၊ ပန်းတောပြင် စသည့်  ကျေးရွာများကို ပြသပေးခဲ့သည်။ ပန်းတောပြင်ရွာရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံရာတွင် ဘင်္ဂါလီများမှ ၎င်းတို့၏ကျေးရွာများကို မီးရှို့သူများသည် တပ်မတော်နှင့် ရခိုင်လူမျိုး များဖြစ်သည်ဟု ကြိုတင်ဇာတ်တိုက်ထားသည့်အတိုင်း "Military Military" ဆိုသောစကားကိုသာ ပြောဆိုခဲ့သည်ဟု ကြားသိရသည်။ ထို့အပြင် UNSC အဖွဲ့များ အပြန်တွင် ပန်းတောပြင်ရွာသားတစ်ဦးမှ စာတစ်စောင်ပေးခဲ့သည်ဟုသိရပြီး ယင်း စာထဲတွင်ပါဝင်သည့် အကြောင်းအရာများမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ပေးလိုက် သည့် စာပါအကြောင်းအရာများနှင့် အတူတူဖြစ်သည်ဟုလည်း ကြားသိရပါသည်။ ထို့နောက် UNSC သံတမန်အဖွဲ့ဝင်များသည် မောင်တောထွေအုပ်ရုံးတွင် ဟိန္ဒူ မိသားစု ဝင်များနှင့်တွေ့ဆုံခြင်း၊ ပန်းတောပြင် မွတ်စလင်ကျေးရွာများသို့ သွားရောက် လေ့လာခြင်းများပြုလုပ်ခဲ့သည့်ပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ရခိုင်ပြည်နယ် မှ လူမှုအဖွဲ့အစည်းအချို့နှင့် စစ်တွေ မြို့တွင် တွေ့ဆုံခဲ့ကြပါသည်။

ရှင်းလင်းခဲ့သမျှအချည်းနှီးဖြစ်ခဲ့

UNSC ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁ ရက်နေ့ မြန်မာနိုင်ငံမှ မပြန်ခင် နေပြည် တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယင်းသတင်း စာရှင်းလင်းပွဲမှ ပြောဆိုချက်များသည် ယခင်အတိုင်း ပြောင်းလဲမှုမရှိခဲ့ပေ။ ၎င်းတို့ အဖွဲ့အနေဖြင့် မြန်မာဘက်က ဆွေးနွေးခဲ့မှုများကို လုံးဝထည့်သွင်းစဉ်းစားခြင်း မရှိဘဲ မူလအတိုင်းသာ  ပြောဆိုအပြစ်တင် တိုက်တွန်းသွားသည်ကို တွေ့ရသည်။ အထူး သဖြင့် ဗြိတိန်နိုင်ငံမှ ကိုယ်စားလှယ်ဖြစ်သူ Karen Pierce သည် ပြဿနာဖြေရှင်း ရေးထက် အရေးယူရေးကိုသာ ဦးစား ပေးနေခြင်းအား စိတ်ပျက်ဖွယ်တွေ့ခဲ့ရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တို့၏ သတင်းဖော်ပြချက်များအရ မြန်မာနိုင်ငံဘက်မှ ပြောဆိုဆွေးနွေးခဲ့မှုများသည် လွန်စွာ ပြည့်စုံမျှတပြီး ဆင်ခြင်သုံးသပ်ရမည့် အထောက်အကူများဟု ဆိုနိုင်သည်။ အလားတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒေသခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံ ပြည်သူများ၏ ပြောဆိုမှုများကလည်း လက်ခံစဉ်းစားရမည့် အချက်များသာဖြစ်ပေ သည်။ သို့သော် UNSC ကိုယ်စားလှယ်များက နှစ်ဘက်ညီညွတ်မျှတစွာ နားထောင် စဉ်းစားခဲ့ခြင်းမရှိဘဲ တစ်ဖက်သတ် စကားများကိုသာ နားထောင်ကာ တစ်ဖက်သတ် လွဲမှားစွာ ယုံကြည် လက်ခံထား ကြသည်ကို တွေ့ရသည်။

မြန်မာအစိုးရကိုပါ မထီမဲ့မြင်ပြုခဲ့

လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှ တာဝန်ရှိသူ ပြည်ထောင်စု ဝန်ကြီးများမှ ရှင်းပြနေချိန်တွင် ပြဿနာကို စိတ်ရှည်လက်ရှည် အာရုံစိုက်နားထောင် ရမည့်အစား မထီမဲ့မြင်အပြုအမူများပြုလုပ်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးကျော် တင့်ဆွေနဲ့ UEHRD အဖွဲ့ဝင်များပြောပြီးနောက် ဒေါက်တာဝင်းမြတ်အေး ပြောဆို ချိန်တွင် မက်တပ်ရပ်ကာ ထပြန်မည့်ပုံစံ ပြောဆိုခဲ့သည်။ နားမထောင်ချင်သည့်ပုံစံ၊ မလိုအပ်သည့်ပုံစံမျိုးပြသခဲ့ကြသည်။ ကုလသမဂ္ဂသံတမန်ဟူသည်မှာ သံအမတ်အဆင့် သာ ရှိပြီး Protocol အရ ပြည်ထောင်စုဝန်ကြီးအောက်တွင်ရှိနေသည်။ မြန်မာ နိုင်ငံ၏ ပြဿနာကို လာရောက်လေ့လာသူ သံအမတ်များက အဆင့်မြင့်ဝန်ကြီး တစ်ဦးပြောဆို ချိန် နားမထောင်လိုဘဲ ထပြန်မည်ပြုလုပ်ခြင်းက နိုင်ငံတော်နှင့် အစိုးရကို စော်ကား ခြင်းဖြစ်ပေသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြန်မာပြည်သူအားလုံးက လုံခြုံရေး ကောင်စီကိုယ်စားလှယ်အဖွဲ့အပေါ် ဒေါသထွက်ခဲ့ကြသည်။

ကုလသမဂ္ဂတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဒေါက်တာ ဒေါ်ရင်ရင် နွယ်မှ UNSC ကိုယ်စားလှယ်များက မြန်မာနိုင်ငံအကြီးအကဲများကို တင်းမာစွာ ဆက်ဆံခြင်းသည် နိုင်ငံတော်၏ဂုဏ်သိက္ခာကို စော်ကားရာရောက်ကြောင်း၊ ကုလ သမဂ္ဂမှတိုင်းပြည်တစ်ပြည်၏ နိုင်ငံရေးနှင့်ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လျှင် ထိုတိုင်းပြည်သည် ကောင်းလာနိုင်စရာမရှိသဖြင့် အလျှော့မပေးသင့်ကြောင်း၊ ကုလ သမဂ္ဂ၏ သဘောသဘာဝသည် အရှော့ပေးလေ ပိုပြီးလူပါးဝ အနိုင်ကျင့်လေဖြစ် ကြောင်း၊ သို့ဖြစ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့အား အင်ဒိုနီးရှား သမ္မတက UNHCR ကို နှင်ထုတ်သကဲ့သို့ နှင်ထုတ်သင့်ကြောင်း Facebook မှတစ်ဆင့်သတိပေးပြောဆိုခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံမှလည်း နှင်ထုတ်ခဲ့ဖူး ကြောင်းနှင့် ကုလသမဂ္ဂကြောင့် အင်ဒိုနီးရှားနိုင်ငံမှ အရှေ့တီမောဒေသပဲထွက်ခဲ့သည့် ဖြစ်စဉ်၊ ယူကိုဆလားဗီးယားနိုင်ငံမှ ကိုဆိုဗိုပြည်နယ် ပဲ့ထွက်ခဲ့သည့် ဖြစ်စဉ်များကို လည်း ဥပမာပေးပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုပြီး မကြာမီမှာပင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်မှာ Facebook ၏  သတိပေးခြင်းကို ခံခဲ့ရသည်။

ပြဿနာတစ်ခုကို ဝင်မပါခင် သမိုင်းနှင့်ဇစ်မြစ်သိဖို့အရင်လေ့လာသင့်

UNSC အဓိက ဦးတည်သည့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ပြဿနာသည်ပြည်တွင်းရေးပြဿနာတစ်ခုသာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံကသာကိုင်တွယ် ဖြေရှင်းရမည့် ကိစ္စဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ဝင်ရောက်စွက်ဖက်လိုလင့်ကစား ပြဿနာကို အသီးအပွင့်ကိုသာ မကြည့်ဘဲ အမြစ်ကိုပါ ကြည့်ဖို့လိုလိမ့်မည်ဖြစ်သည်။   မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂါလီများ ရောက်ရှိလာခြင်းမှာ ကိုလိုနီခေတ်က အင်္ဂလိပ်တို့ ခေါ်သွင်းလာသည့် လယ်ကူလီများမှ အစပြုခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့သည် အင်အားကြီးလာပြီး အကြမ်းဖက်မှုများ လုပ်ကိုင်လာခဲ့ကြသည်။

၁၉၈၈ ခုနှစ်တွင် လုံခြုံရေးအင်အားနည်းနေမှုကို အခွင့်ကောင်းယူကာ ဘင်္ဂါလီများက မောင်တောမြို့ကို သိမ်းပိုက် ရန်ကြိုးစားခဲ့ဖူးသည်။ ၁၉၉၈ ခုနှစ်တွင်လည်း (၎င်းတို့ အခေါ်) ရိုဟင်ဂျာ လွတ်မြောက်ရေးအဖွဲ့(RLO) မှ မောင်တောမြို့သို့ ဝင်ရောက်ခဲ့ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်း၊ ဗုဒ္ဓဘာသာဝင်များနေထိုင်သော ရပ်ကွက်များကို မီးရှို့ခြင်း၊ ရခိုင်တိုင်းရင်းသားများကို သတ်ဖြတ်ခြင်းတို့ကို ပြုလုပ် ခဲ့ကာ မောင်တောကို သိမ်းယူရန်ကြိုးစားခဲ့သေးသည်။ ၂၀၁၇ ဩဂုတ်လတွင်မူ ARSA သောင်းကြမ်းသူအဖွဲ့မှ ရဲကင်းစခန်း ၃၀ ကို တစ်နေ့တည်း တစ်ချိန်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ပြည်သူအများအပြား သေဆုံးဒဏ်ရာရခဲ့ရသည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ မြန်မာတိုင်းရင်းသား ၇၂ ဦးသေဆုံးခဲ့ရပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်ရှိဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်များ ထွက်ပြေးနေခြင်းမှာ လည်း ၂၀၁၇ ဩဂုတ်လတိုက်ခိုက်မှု၏ နောက်ဆက်တွဲဖြစ်သည်။ လက်ရှိဖြစ်နေသည့် ပြဿနာမှာ ထွက်ပြေးသည့်ပြဿနာနှင့် ထွက်ပြေးသူကိုလက်ခံရမည့် ပြဿနာသာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ နယ်မြေပိုင်ဆိုင်လိုခြင်း၊ အချုပ်အခြာ အာဏာထိခိုက်ခြင်းနှင့် အမျိုးသားလုံခြုံရေး ပြဿနာဖြစ်သည်။

မြန်မာနိုင်ငံအတွက် ကောင်းကျိုး၊ ဆိုးကျိုး

UNSC ကိုယ်စားလှယ်များ၏ မြန်မာနိုင်ငံခရီးစဉ်သည် ရလဒ်ကောင်းမထွက်သည့် ခရီးစဉ်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံတွင်းသို့ ပြဿနာဖြေရှင်းရန် လာရောက်လေ့လာ ခြင်းမဟုတ်ဘဲ ၎င်းတို့တရားသေ ဆုတ်ကိုင်ထားသည့် မူဝါဒကို လာရောက်ပြော ဆိုခြင်း၊ မြန်မာတာဝန်ရှိသူများကို တရားခံသဖွယ် စစ်ဆေးမေးမြန်းခြင်းသာ ဖြစ် သည်။ ဖြစ်စဉ်အကြောင်းအရာနှင့်ပတ်သက်ပြီး ၎င်းတို့တွင် Input ရှိပြီးသားဖြစ်ပြီး တစ်ဖက်သတ် Input များကို လက်ကိုင်ထားကာ တစ်ဖက်သတ် Output ကိုသာ တစိုက်မက်မက် ပြောဆိုခဲ့ကြသည်။ အသုံးချခံမီဒီယာများ၊ ငိုပြသူများနှင့် ၎င်းတို့ထံသို့ သတင်း စကားရောက်အောင် တင်ပြနိုင်သူများထံမှ သတင်းကိုသာ အတည်ယူကာ မြန်မာနိုင်ငံကို တရားခံအဖြစ်သာ ရှုမြင်နေကြသည်။ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သော်လည်း မြန်မာဘက်မှ ပြောဆိုသမျှကို နားမထောင်ဘဲ ၎င်းတို့ပြောချင် သည်များကိုသာ ပြောဆိုသွားကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံ တိုင်းရင်းသားတို့နှင့် တွေ့ဆုံခဲ့သော်လည်း ပြောသမျှစကားများကို အလေးအနက် ထားခြင်း မရှိခဲ့ကြချေ။ မြန်မာနိုင်ငံကိုကူညီရန်ဟု မကြာခဏပြောဆိုလေ့ရှိကြသော် လည်း မြန်မာ နိုင်ငံအပေါ် စေတနာအမှန်မရှိကြပေ။ ခရီးစဉ်ကိုလည်း ကူဝိတ်နိုင်ငံမှ ထောက်ပံ့ပေးသည့် အထူးလေယာဉ်ကြီးဖြင့် ပျော်ပွဲစားထွက်သကဲ့သို့ ပျော်ရွှင်စွာ ခရီးထွက်နေကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသို့လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ၊ မြန်မာဘက်မှ မည်သို့ပြောသည်ဖြစ်စေ ၎င်းတို့၏အမြင်၊ အတွေး၊ သဘော ထားနဲ့ ဆုံးဖြတ်ချက်များက ရှိပြီးသားဖြစ်ရာ UNSC အဖွဲ့ဝင်များ ခရီးစဉ်သည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးမရှိသည့် ခရီးစဉ်ဟုသာ သတ်မှတ်ရပေလိမ့်မည်။

သင်ခန်းစာများနှင့် ပြင်ဆင်စရာများ

UNSC ခရီးစဉ်သည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးမရခဲ့သော်လည်း သင်ခန်းစာ ယူစရာ များစွာ ရရှိခဲ့သည်။ ပထမအချက်အနေဖြင့် UNSC မှ မြန်မာနိုင်ငံအပေါ် ထား ရှိသည့် သဘောထားမှန်ကို ကွက်ကွက်ကွင်းကွင်းသိရှိခဲ့ရသလို ယင်းသဘောထားမှာ ခိုင်မာအမြစ်တွယ်နေပြီး ပြောင်းလဲဖို့ခက်သည်ကို မြန်မာဘက်က ကောင်းစွာသဘော ပေါက်ခဲ့ကြရသည်။

ဒုတိယအချက်မှာ မြန်မာအစိုးရ တာဝန်ရှိသူများ၏ အားနည်းချက်ဟု ဆိုနိုင်သည်။ ပြည်သူကရွေးချယ်တင်မြှောက်ထားသည့် အစိုးရလက်ထက် လူမှုရေးရာနှင့် နိုင်ငံ တကာရေးရာ ကျွမ်းကျင်သူများက သံတမန်များကို နားဝင်အောင် မရှင်းပြနိုင်ဘဲ ထပြန်အောင် လုပ်ခဲ့ခြင်းက ရုပ်ဆိုးအကျည်းတန်စေသည့် ဖြစ်စဉ်ဖြစ်သည်။ မြန်မာ နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် လူထုဆက်သွယ်ရေးနည်းနာ (Public Relation) အတတ်ပညာလိုအပ်နေပြီး သံတမန်များကို မည်သို့ ဆက်ဆံစည်းရုံးရမည်၊ မိမိနိုင်ငံ ဘက်မှ အခြေအနေမှန်များကို နားဝင်သွားစေရန် မည်သို့ဆွဲဆောင်မှုရှိရှိတင်ပြ မည်၊ ကျေနပ်လက်ခံသွားစေရန် မည်သို့လက်တွေ့ ဆောင်ရွက်လုပ်ကိုင်နေကြောင်း ပြသမည် ဆိုသော သံတမန်ဆန်ဆန် ဆက်ဆံပြောဆို စည်းရုံးသည့် နည်းပရိယာယ်များ၊ အရည် အချင်းများ ရှိဖို့လိုအပ်နေသေးကြောင်း တွေ့နိုင်သည်။ ဟိန္ဒူဘာသာဝင် ရုပ်အလောင်း များ တူးဖော်ရရှိခဲ့မှု၊ ရခိုင်တိုင်းရင်းသား ၅ ဦး၊ မြိုတိုင်းရင်းသား ၇ ဦးနှင့် ဒိုင်းနက် တိုင်းရင်းသား ၇ ဦးတို့ ရက်ရက်စက်စက် အသတ်ခံခဲ့ရမှုများကို ကုလသမဂ္ဂသံတမန် များ မသိရှိကြခြင်းမှာ အစိုးရ၏အားနည်းချက်ဖြစ်သည်။ ယင်းအားနည်းချက် ကြောင့် လည်း အိမ်ကွင်းမှာပင် ခံစစ်နှင့်ကစားနေရသည့် အဖြစ်မျိုးသို့ ရောက်ခဲ့ရခြင်းဖြစ် သည်။

တတိယအချက်မှာ မိမိတို့ဘက်မှ NGO များ၊ CSO များ အခိုင်အမာမရှိခြင်းဖြစ် သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်များသည် နေပြည်တော်နှင့် စစ်တွေတို့တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ယင်းတို့၏ အသံကို နား ထောင်ခဲ့ကြသည်။ သို့သော် တက်ရောက်ခဲ့ကြသည့် NGO, INGO နှင့် CSO အဖွဲ့ အချို့မှာ နိုင်ငံတကာအဖွဲ့အစည်းများက ကျောထောက်နောက်ခံပေးထားသူများ ဖြစ်နေရာ ဘင်္ဂါလီတို့ဘက်မှသာ ရပ်တည်ပြောကြားခဲ့သည်ကို တွေ့ရသည်။ သို့ ဖြစ်ရာ လောင်းရိပ်ကင်းပြီး အမှန်တရားအတွက် ရပ်တည်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်း အများအပြား မြန်မာ့လူ့ဘောင်တွင် လိုအပ်နေကြောင်း သင်ခန်းစာယူရမည်ဖြစ်သည်။

ပြဿနာ၏နိဂုံး

UNSC ခရီးစဉ်နှင့်ပတ်သက်၍ အဓိက စိုးရိမ်စရာမှာ ဒုက္ခသည်များ ပြန်ပို့ရေးကိစ္စ ထက် ကျော်လွန်သည့် ပြောဆိုစွက်ဖက်မှုများဖြစ်ပြီး  အရေးယူသည့်လမ်းကြောင်းပေါ် သို့ မရမကစွဲတင်နေသည့် အပြုအမူများပင်ဖြစ်သည်။ ၂ ရက်တာခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့သမျှနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သမျှအား ဆက်စပ်သုံးသပ် ကြည့်ပါက ၎င်းတို့အနေဖြင့် မူလစီစဉ်ထားသည့် အစီအစဉ်များကိုသာ အရှိန်အဟုန် ဖြင့် ဆက်လုပ်သွားလိမ့်မည်ဟု ကောက်ချက်ချနိုင်သည်။ အထူးသဖြင့် လာမည့် မုတ်သုန် ရာသီအတွင်း ရေလွှမ်းမိုးမှုများကြောင့် ဘင်္ဂါလီများ ကြုံတွေ့ရသည့်အခြေအနေများ၊ ရောဂါခံစားမှုများနှင့် သေကျေပျက်စီးမှုများအား အကြောင်းပြု၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အဆိုမူကြမ်းတစ်ရပ် ချမှတ်အရေးယူနိုင်ရေး ဖိအားပေးဆောင်ရွက်ခြင်းများ ပြုလုပ်လာနိုင်သည်။

အလားတူ ပြီးခဲ့သည့် မေလ ၅ ရက်၊ စနေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ စတင် ကျင်းပတဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC နိုင်ငံခြားရေးဝန်ကြီး များ ညီလာခံတွင် ဘင်္ဂါလီများနှင့်ပတ်သက်၍ မြန်မာအစိုးရအပေါ် ပြင်းထန်စွာအရေး ယူဖို့ ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က OIC နိုင်ငံတွေ အနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြဖို့ ပြော ကြားခဲ့ပြန်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ OIC နှင့် အနောက်နိုင်ငံများသည် ဒုက္ခသည်ပြန်ပို့ရေး ပြဿနာထက် ကျော်လွန်သော ဖိအားများကိုပေးလာကြပြီး  အနာဂတ်ကို မျှော်တွေး ကာ ကူညီရမည့်အစား အတိတ်ဖြစ်စဉ်များအတွက် စစ်ဆေးအရေးယူရန် ပိုမိုအလေး ပေးလာကြသည်။ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ၊ ဟိန္ဒူဘာသာ ဝင် ၅၂ ဦး အသတ်ခံရမှု၊ ရခိုင်/မြို/ဒိုင်းနက် စသည့် ဒေသခံတိုင်းရင်းသား ၁၉ ဦး အသတ်ခံရမှု၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် တပ်မတော်သား ၂ ဦး အသတ်ခံခဲ့ရမှုတို့ကို ပြည်ဖုံးကားချပြီး လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်သမားများ နှိမ်နှင်းရေး ဆောင် ရွက်မှုများအပေါ် စစ်ဆေးမေးမြန်းအမှုဆင်လာကြသည်။ အပြည်ပြည်ဆိုင်ရာရာဇဝတ် ခုံရုံး(ICC) နှင့်လည်းကောင်း၊ R2P နှင့်လည်းကောင်း ခြိမ်းခြောက်မှုများ ပြုလုပ်လာ ကြသည်။ ယင်းကဲ့သို့ မလိုအပ်ဘဲ တပ်မတော်အပေါ် ဖိအားအလွန် အကျွံပေးမှုများ သည် ယူဂိုဆလားဗီးယားစစ်ပွဲအတွင်း ယူဂိုဆလားဗီးယားတပ်မတော်ကို ဖိအားပေးမှု များနှင့် အလားသဏ္ဌာန်တူနေသည်။ ယင်းအချက်သည် နိုင်ငံမတည် မငြိမ်ဖြစ်ရုံမျှမက အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားနိုင်သလို စစ်မီးကြီး ဟုန်းဟုန်းတောက်ကာ ဆီးရီးယား နှင့် အာဖဂန်နစ္စတန်ကဲ့သို့ စစ်မြေပြင်လည်း ဖြစ်သွားနိုင်သည်။ တပ်မတော်အပေါ်ကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်သည်ဟု ဆိုသော်လည်း နိုင်ငံတော်နှင့်အစိုးရပါ သိက္ခာ ကျသည့်အပြင် အကျိုးဆက်ကို ပြည်သူ ၅၂ သန်းလုံးက ခံစားရမည်ဖြစ်သည်။ ကမ္ဘာတည်သရွှေ့ မြန်မာနိုင်ငံတည်တံ့စေရေး၊ မြန်မာ့မြေကို နိုင်ငံတကာ စစ်မြေပြင် မဖြစ်စေရေးနှင့် ရခိုင်ပြဿနာ၏ အဆုံးသတ်က မြန်မာနိုင်ငံ၏ နိဂုံးမဖြစ်ရန်မှာ ယနေ့ မြန်မာပြည်သူအားလုံး၏ တာဝန်ဖြစ်ပေသည်။ အစိုးရဘက်မှလည်း ကစားကွက် ပြောင်းပြီး ကစားဖို့လိုအပ်သလို ပြည်သူများဘက်မှလည်း အစွဲအမျိုးမျိုးဖြင့် အိမ်ကြက်ချင်း ခွပ်နေမှုကိုရပ်တန့်ကာ စည်းလုံးညီညွတ်စွာဖြင့် တုံ့ပြန်ရမည့်အချိန်ဖြစ် ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။


<Zawgyi>

 UNSC ၏ ၂ ရက္တာခရီးစဥ္

ၿပီးခဲ့သည့္ ဧၿပီလ ၃၀ ရက္ေန႔ႏွင့္ ေမလ ၁ ရက္ေန႔တို႔တြင္ ကုလသမဂၢလုံၿခဳံေရး ေကာင္စီမွ ကိုယ္စားလွယ္ ၄၀ ေက်ာ္ ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့ၾကသည္။ အဆိုပါ ခရီးစဥ္ကို Peru သံအမတ္ႀကီး Gustavo Adolfo Meza Cuadra Velasqez မွ ဦးေဆာင္ခဲ့ၿပီး လုံၿခဳံေရးေကာင္စီ၏ အၿမဲတမ္းအဖြဲ႕ဝင္ ၅ ႏိုင္ငံႏွင့္ အလွည့္က်အဖြဲ႕ဝင္ ၁၀ ႏိုင္ငံတို႔မွ သံအမတ္မ်ားလိုက္ပါခဲ့ၾကသည္။ ကိုယ္စားလွယ္အဖြဲ႕သည္ ဧၿပီ ၃၀ ရက္ ေန႔တြင္ေနျပည္ေတာ္သို႔ေရာက္ရွိခဲ့ၾကၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္း စုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တို႔ အျပင္ ေနျပည္ေတာ္ရွိ အရပ္ဘက္အဖြဲ႕အစည္းအခ်ိဳ႕ႏွင့္ေတြ႕ဆုံခဲ့ၾကသည္။ ညပိုင္းတြင္ ျပည္ေထာင္စုဝန္ႀကီးအခ်ိဳ႕ႏွင့္ အလုပ္သေဘာ ညစာစားသုံးခဲ့ၾကသည္။ ေမလ ၁ ရက္ ေန႔တြင္ ေမာင္ေတာ ေဒသမ်ားသို႔ သြားေရာက္ခဲ့ၿပီး စစ္ေတြၿမိဳ႕တြင္ အရပ္ဘက္အဖြဲ႕ အစည္းအခ်ိဳ႕ႏွင့္ ေတြ႕ဆုံခဲ့ၾကသည္။ ထို႔ေနာက္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ကာ ျပန္လည္ ထြက္ခြာသြားခဲ့ၾကသည္။ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္မူ အခ်ိန္မရဟု အေၾကာင္းျပကာ ေတြ႕ဆုံသြားခဲ့ျခင္းမရွိေပ။


ကုလသမဂၢလုံၿခဳံေရးေကာင္စီ 

ကုလသမဂၢလုံၿခဳံေရးေကာင္စီဆိုသည္မွာ အၿမဲတမ္းအဖြဲ႕ဝင္ ၅ ႏိုင္ငံ၊ အလွည့္က် အဖြဲ႕ ဝင္ ၁၀ ႏိုင္ငံ စုစုေပါင္း ၁၅ ႏိုင္ငံတို႔ျဖင့္ ဖြဲ႕စည္းထားေသာ အဖြဲ႕တစ္ခုျဖစ္သည္။ အေမ ရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွ အၿမဲတမ္းအဖြဲ႕ဝင္အျဖစ္ ပါဝင္ခြင့္ ရရွိၿပီး အျခားကုလသမဂၢအဖြဲ႕ဝင္ ၁၉၃ ႏိုင္ငံတို႔မွ ၁၀ ႏိုင္ငံစီ အလွည့္က် ပါဝင္ခြင့္ရ သည္။ လက္ရွိ အလွည့္က်အဖြဲ႕ဝင္ ၁၀ ႏိုင္ငံတို႔မွာ ဘိုလစ္ဗီးယား၊ အိုင္ဗရီကို႔စ္၊ အီေကြ တိုရီရယ္ဂီနီ၊ အီသီယိုပီးယား၊ ကာဇက္စတန္၊ ကူဝိတ္၊ နယ္သာလန္၊ ပီ႐ူး၊ ပိုလန္ႏွင့္ ဆြီဒင္ႏိုင္ငံတို႔ျဖစ္ၾကသည္။ ဆုံးျဖတ္ခ်က္ခ်ခ်ိန္တြင္ အၿမဲတမ္းအဖြဲ႕ဝင္ ၅ ႏိုင္ငံမွ ဗီတို အာဏာျဖင့္ ပယ္ခ်ခြင့္ရွိၿပီး တစ္ႏိုင္ငံက ပယ္ခ်ခဲ့လွ်င္ပင္ အဖြဲ႕ဝင္ ၁၄ ႏိုင္ငံ သေဘာတူ သည့္တိုင္ေအာင္ သဲထဲေရသြန္ျဖစ္ေစသည့္ မူဝါဒကိုက်င့္သုံးထားသည္။ 


ဘဂၤလားေဒ့ရွ္သို႔ အရင္သြားေရာက္ခဲ့

လုံၿခဳံေရးေကာင္စီကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာႏိုင္ငံသို႔ ေရာက္မလာခင္ ဘဂၤလား ေဒ့ရွ္ႏိုင္ငံသို႔ ဦးစြာသြားေရာက္ခဲ့ၾကသည္။ ဧၿပီလ ၂၈ ရက္ေန႔တြင္ Cox’s Bazar ၿမိဳ႕ သို႔ ေရာက္ရွိခဲ့ၿပီး ဧၿပီလ ၂၉ ရက္ေန႔တြင္ Kutupalong ဒုကၡသည္စခန္းႏွင့္ တန္ဘ႐ူး နယ္စပ္အနီးရွိ ႏွစ္ႏိုင္ငံနယ္နိမိတ္မ်ဥ္းတြင္ ယာယီေနထိုင္လ်က္ရွိသူမ်ားထံသို႔ သြား ေရာက္ေတြ႕ဆုံခဲ့ၾကသည္။ ဧၿပီလ ၃၀ ရက္ေန႔တြင္ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina ႏွင့္ ေတြ႕ဆုံခဲ့ၿပီး ျမန္မာ ႏိုင္ငံထဲက ထြက္ခြာလာၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲမွာ ေနထိုင္သူ သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြကို ေနရပ္ျပန္ေခၚေရး ျမန္မာကို ဖိအားေပးရန္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္မွ ကုလသမဂၢလုံၿခဳံေရးေကာင္စီ သံတမန္မ်ား ကို ေတာင္းဆိုခဲ့သည္။


ကုလသမဂၢလုံၿခဳံေရးေကာင္စီ ကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာႏိုင္ငံသို႔မထြက္ခြာမီ ဒါကာၿမိဳ႕ အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္  သတင္းစာရွင္းလင္းပြဲတစ္ခု ျပဳလုပ္ခဲ့သည္။ ဘဂၤါလီဒုကၡသည္မ်ား၏ ငိုေႂကြးျပမႈ၊ ျမန္မာႏိုင္ငံအေပၚ အျပစ္ပုံခ် ေျပာဆိုမႈတို႔ကို တစ္ဖက္သတ္နားေထာင္ၿပီးေနာက္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲျဖစ္ျခင္းေၾကာင့္ ကိုယ္စားလွယ္မ်ားထံမွ မီဒီယာသို႔ ေျပာဆိုမႈမ်ားကလည္း တစ္ဖက္သတ္မ်ားသာ ျဖစ္ခဲ့သည္။ မည္သို႔ပင္ျဖစ္ေစ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာရင္ေတာ့ ျမန္မာဘက္က တာဝန္ရွိသူမ်ားအသံ၊ ေဒသခံရခိုင္တိုင္းရင္းသားမ်ားအသံ၊ ဟိႏၵဴဘာသာဝင္မ်ားအသံ ႏွင့္ နယ္ခံမ်က္ျမင္မ်ား၏ အသံကိုနားေထာင္ၿပီးပါက ကုလသမဂၢ ကိုယ္စားလွယ္တို႔ အေနျဖင့္ ႏွစ္ဘက္မွ်မွ်တတ ျပန္လည္စဥ္းစား သုံးသပ္လာလိမ့္မည္ဟု ေမွ်ာ္လင့္ခဲ့ မိသည္။

တာဝန္ရွိသူမ်ားရွင္းၾကၿပီ

UNSC ကိုယ္စားလွယ္အဖြဲ႕ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာသည့္ေန႔တြင္ပင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ဆန္း စုၾကည္မွ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ လက္ခံေတြ႕ဆုံကာ ေျပာဆိုရွင္းလင္းမႈမ်ား ျပဳလုပ္ခဲ့သည္။  ရခိုင္ျပည္နယ္အတြင္းျဖစ္ေပၚတိုးတက္မႈမ်ား၊ ကိုဖီအာနန္၏အႀကံျပဳ ခ်က္မ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈမ်ားကို ရွင္းလင္းေျပာၾကားခဲ့သည့္ အျပင္ ကုလသမဂၢႏွင့္မိတ္ဖက္အျဖစ္ ပူးေပါင္းေဆာင္႐ြက္သြားမည့္အေၾကာင္း၊ ကုလ သမဂၢ လက္ေအာက္ခံ ေအဂ်င္စီမ်ားႏွင့္ ထိေတြ႕ေဆာင္႐ြက္သြားမည့္အေၾကာင္း၊  ကုလ သမဂၢဖြံ႕ၿဖိဳးမႈအစီအစဥ္ (UNDP) ႏွင့္ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး ႐ုံး(UNHCR)တို႔ႏွင့္ နားလည္မႈစာခြၽန္လႊာတစ္ရပ္ လက္မွတ္ေရးထိုးသြားမည့္ အေၾကာင္းမ်ားကိုပါ ေျပာဆိုခဲ့သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္တာဝန္ရွိသူမ်ားမွလည္း UNSC ကိုယ္စားလွယ္ အဖြဲ႕ကို ဧၿပီလ ၃၀ ရက္ေန႔မြန္းလြဲပိုင္းတြင္ လက္ခံေတြ႕ဆုံခဲ့ၿပီး လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္ မ်ား၊ ဘဂၤါလီမ်ားအား ျပန္လည္လက္ခံႏိုင္မည့္ အေျခအေနမ်ား၊ ကုလသမဂၢ အဖြဲ႕ အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး ဆိုင္ရာကိစၥရပ္မ်ား အပါအဝင္ အျခားကိစၥ အမ်ားအျပားကို ေျပာဆိုေဆြးေႏြးႏိုင္ခဲ့သည့္အျပင္ ရခိုင္ျပည္နယ္အေရး ႏွင့္ပတ္သက္ေသာ စာ႐ြက္စာတမ္းမ်ားႏွင့္ ဓာတ္ပုံမွတ္တမ္းစာအုပ္မ်ားကိုပါ ေပးအပ္ ခဲ့သည္ဟု  သိရသည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြမွလည္း လုံၿခဳံေရးေကာင္စီ ကိုယ္စားလွယ္အဖြဲ႕ကို ညစာစားပြဲျဖင့္ တည္ခင္းဧည့္ခံခဲ့ကာ ဦးေက်ာ္တင့္ေဆြ၊ UEHRD အဖြဲ႕ဝင္မ်ားႏွင့္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးတို႔မွ ရွင္းလင္း ေျပာၾကားမႈမ်ား ျပဳလုပ္ခဲ့ပါေသးသည္။

ျပင္ပ ပကတိအရွိတရားမွန္ကို လက္ေတြ႕ျပသ

ေမလ ၁ ရက္ေန႔တြင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားကို ရခိုင္ျပည္နယ္ ေမာင္ေတာ၊ ေတာင္ၿပိဳလက္ဝဲ ျပန္လည္လက္ခံေရးစခန္း၊ လွဖိုးေခါင္ ၾကားစခန္းတို႔ရွိ ျပန္လည္လက္ခံေနရာခ်ထားေရး ေဆာင္႐ြက္ထားမႈမ်ားႏွင့္ ေ႐ႊစား၊ သစ္ဆုံးနားခြဆုံ၊ အိုးထိန္း၊ ေတာင္ၿပိဳလက္ဝဲ၊ ငခူရ၊ လွဖိုးေခါင္၊ ေ႐ႊဇား၊ ပန္းေတာျပင္ စသည့္  ေက်း႐ြာမ်ားကို ျပသေပးခဲ့သည္။ ပန္းေတာျပင္႐ြာရွိ ဘဂၤါလီမ်ားႏွင့္ ေတြ႕ဆုံရာတြင္ ဘဂၤါလီမ်ားမွ ၎တို႔၏ေက်း႐ြာမ်ားကို မီးရႈိ႕သူမ်ားသည္ တပ္မေတာ္ႏွင့္ ရခိုင္လူမ်ိဳး မ်ားျဖစ္သည္ဟု ႀကိဳတင္ဇာတ္တိုက္ထားသည့္အတိုင္း "Military Military" ဆိုေသာစကားကိုသာ ေျပာဆိုခဲ့သည္ဟု ၾကားသိရသည္။ ထို႔အျပင္ UNSC အဖြဲ႕မ်ား အျပန္တြင္ ပန္းေတာျပင္႐ြာသားတစ္ဦးမွ စာတစ္ေစာင္ေပးခဲ့သည္ဟုသိရၿပီး ယင္း စာထဲတြင္ပါဝင္သည့္ အေၾကာင္းအရာမ်ားမွာ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းမွ ေပးလိုက္ သည့္ စာပါအေၾကာင္းအရာမ်ားႏွင့္ အတူတူျဖစ္သည္ဟုလည္း ၾကားသိရပါသည္။ ထို႔ေနာက္ UNSC သံတမန္အဖြဲ႕ဝင္မ်ားသည္ ေမာင္ေတာေထြအုပ္႐ုံးတြင္ ဟိႏၵဴ မိသားစု ဝင္မ်ားႏွင့္ေတြ႕ဆုံျခင္း၊ ပန္းေတာျပင္ မြတ္စလင္ေက်း႐ြာမ်ားသို႔ သြားေရာက္ ေလ့လာျခင္းမ်ားျပဳလုပ္ခဲ့သည့္ျပင္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕အပါအဝင္ ရခိုင္ျပည္နယ္ မွ လူမႈအဖြဲ႕အစည္းအခ်ိဳ႕ႏွင့္ စစ္ေတြ ၿမိဳ႕တြင္ ေတြ႕ဆုံခဲ့ၾကပါသည္။


ရွင္းလင္းခဲ့သမွ်အခ်ည္းႏွီးျဖစ္ခဲ့

UNSC ကိုယ္စားလွယ္အဖြဲ႕သည္ ေမလ ၁ ရက္ေန႔ ျမန္မာႏိုင္ငံမွ မျပန္ခင္ ေနျပည္ ေတာ္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ၿပီး ယင္းသတင္း စာရွင္းလင္းပြဲမွ ေျပာဆိုခ်က္မ်ားသည္ ယခင္အတိုင္း ေျပာင္းလဲမႈမရွိခဲ့ေပ။ ၎တို႔ အဖြဲ႕အေနျဖင့္ ျမန္မာဘက္က ေဆြးေႏြးခဲ့မႈမ်ားကို လုံးဝထည့္သြင္းစဥ္းစားျခင္း မရွိဘဲ မူလအတိုင္းသာ  ေျပာဆိုအျပစ္တင္ တိုက္တြန္းသြားသည္ကို ေတြ႕ရသည္။ အထူး သျဖင့္ ၿဗိတိန္ႏိုင္ငံမွ ကိုယ္စားလွယ္ျဖစ္သူ Karen Pierce သည္ ျပႆနာေျဖရွင္း ေရးထက္ အေရးယူေရးကိုသာ ဦးစား ေပးေနျခင္းအား စိတ္ပ်က္ဖြယ္ေတြ႕ခဲ့ရသည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး၏ ထုတ္ျပန္ခ်က္ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး တို႔၏ သတင္းေဖာ္ျပခ်က္မ်ားအရ ျမန္မာႏိုင္ငံဘက္မွ ေျပာဆိုေဆြးေႏြးခဲ့မႈမ်ားသည္ လြန္စြာ ျပည့္စုံမွ်တၿပီး ဆင္ျခင္သုံးသပ္ရမည့္ အေထာက္အကူမ်ားဟု ဆိုႏိုင္သည္။ အလားတူ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေဒသခံ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ေဒသခံ ျပည္သူမ်ား၏ ေျပာဆိုမႈမ်ားကလည္း လက္ခံစဥ္းစားရမည့္ အခ်က္မ်ားသာျဖစ္ေပ သည္။ သို႔ေသာ္ UNSC ကိုယ္စားလွယ္မ်ားက ႏွစ္ဘက္ညီၫြတ္မွ်တစြာ နားေထာင္ စဥ္းစားခဲ့ျခင္းမရွိဘဲ တစ္ဖက္သတ္ စကားမ်ားကိုသာ နားေထာင္ကာ တစ္ဖက္သတ္ လြဲမွားစြာ ယုံၾကည္ လက္ခံထား ၾကသည္ကို ေတြ႕ရသည္။

ျမန္မာအစိုးရကိုပါ မထီမဲ့ျမင္ျပဳခဲ့

လုံၿခဳံေရးေကာင္စီကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာႏိုင္ငံမွ တာဝန္ရွိသူ ျပည္ေထာင္စု ဝန္ႀကီးမ်ားမွ ရွင္းျပေနခ်ိန္တြင္ ျပႆနာကို စိတ္ရွည္လက္ရွည္ အာ႐ုံစိုက္နားေထာင္ ရမည့္အစား မထီမဲ့ျမင္အျပဳအမူမ်ားျပဳလုပ္ခဲ့ၾကသည္။ ျပည္ေထာင္စုဝန္ႀကီးဦးေက်ာ္ တင့္ေဆြနဲ႔ UEHRD အဖြဲ႕ဝင္မ်ားေျပာၿပီးေနာက္ ေဒါက္တာဝင္းျမတ္ေအး ေျပာဆို ခ်ိန္တြင္ မက္တပ္ရပ္ကာ ထျပန္မည့္ပုံစံ ေျပာဆိုခဲ့သည္။ နားမေထာင္ခ်င္သည့္ပုံစံ၊ မလိုအပ္သည့္ပုံစံမ်ိဳးျပသခဲ့ၾကသည္။ ကုလသမဂၢသံတမန္ဟူသည္မွာ သံအမတ္အဆင့္ သာ ရွိၿပီး Protocol အရ ျပည္ေထာင္စုဝန္ႀကီးေအာက္တြင္ရွိေနသည္။ ျမန္မာ ႏိုင္ငံ၏ ျပႆနာကို လာေရာက္ေလ့လာသူ သံအမတ္မ်ားက အဆင့္ျမင့္ဝန္ႀကီး တစ္ဦးေျပာဆို ခ်ိန္ နားမေထာင္လိုဘဲ ထျပန္မည္ျပဳလုပ္ျခင္းက ႏိုင္ငံေတာ္ႏွင့္ အစိုးရကို ေစာ္ကား ျခင္းျဖစ္ေပသည္။ အဆိုပါ ကိစၥႏွင့္ပတ္သက္ၿပီး ျမန္မာျပည္သူအားလုံးက လုံၿခဳံေရး ေကာင္စီကိုယ္စားလွယ္အဖြဲ႕အေပၚ ေဒါသထြက္ခဲ့ၾကသည္။


ကုလသမဂၢတြင္ ႏွစ္ေပါင္းမ်ားစြာ တာဝန္ထမ္းေဆာင္ခဲ့ဖူးသည့္ ေဒါက္တာ ေဒၚရင္ရင္ ႏြယ္မွ UNSC ကိုယ္စားလွယ္မ်ားက ျမန္မာႏိုင္ငံအႀကီးအကဲမ်ားကို တင္းမာစြာ ဆက္ဆံျခင္းသည္ ႏိုင္ငံေတာ္၏ဂုဏ္သိကၡာကို ေစာ္ကားရာေရာက္ေၾကာင္း၊ ကုလ သမဂၢမွတိုင္းျပည္တစ္ျပည္၏ ႏိုင္ငံေရးႏွင့္ျပည္တြင္းေရးကို ဝင္ေရာက္ စြက္ဖက္လွ်င္ ထိုတိုင္းျပည္သည္ ေကာင္းလာႏိုင္စရာမရွိသျဖင့္ အေလွ်ာ့မေပးသင့္ေၾကာင္း၊ ကုလ သမဂၢ၏ သေဘာသဘာဝသည္ အေရွာ့ေပးေလ ပိုၿပီးလူပါးဝ အႏိုင္က်င့္ေလျဖစ္ ေၾကာင္း၊ သို႔ျဖစ္၍ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ကိုယ္စားလွယ္အဖြဲ႕အား အင္ဒိုနီးရွား သမၼတက UNHCR ကို ႏွင္ထုတ္သကဲ့သို႔ ႏွင္ထုတ္သင့္ေၾကာင္း Facebook မွတစ္ဆင့္သတိေပးေျပာဆိုခဲ့သည္။ ထို႔အျပင္ တ႐ုတ္ႏိုင္ငံမွလည္း ႏွင္ထုတ္ခဲ့ဖူး ေၾကာင္းႏွင့္ ကုလသမဂၢေၾကာင့္ အင္ဒိုနီးရွားႏိုင္ငံမွ အေရွ႕တီေမာေဒသပဲထြက္ခဲ့သည့္ ျဖစ္စဥ္၊ ယူကိုဆလားဗီးယားႏိုင္ငံမွ ကိုဆိုဗိုျပည္နယ္ ပဲ့ထြက္ခဲ့သည့္ ျဖစ္စဥ္မ်ားကို လည္း ဥပမာေပးေျပာဆိုခဲ့သည္။ ထိုသို႔ေျပာဆိုၿပီး မၾကာမီမွာပင္ ေဒါက္တာ ေဒၚရင္ရင္ႏြယ္မွာ Facebook ၏  သတိေပးျခင္းကို ခံခဲ့ရသည္။

ျပႆနာတစ္ခုကို ဝင္မပါခင္ သမိုင္းႏွင့္ဇစ္ျမစ္သိဖို႔အရင္ေလ့လာသင့္

UNSC အဓိက ဦးတည္သည့္ ျမန္မာႏိုင္ငံအေနာက္ပိုင္း ရခိုင္ျပည္နယ္မွ ဘဂၤါလီ ျပႆနာသည္ျပည္တြင္းေရးျပႆနာတစ္ခုသာျဖစ္ၿပီး သက္ဆိုင္ရာႏိုင္ငံကသာကိုင္တြယ္ ေျဖရွင္းရမည့္ ကိစၥျဖစ္သည္။ ကုလသမဂၢအေနျဖင့္ ဝင္ေရာက္စြက္ဖက္လိုလင့္ကစား ျပႆနာကို အသီးအပြင့္ကိုသာ မၾကည့္ဘဲ အျမစ္ကိုပါ ၾကည့္ဖို႔လိုလိမ့္မည္ျဖစ္သည္။   ျမန္မာႏိုင္ငံအတြင္းသို႔ ဘဂၤါလီမ်ား ေရာက္ရွိလာျခင္းမွာ ကိုလိုနီေခတ္က အဂၤလိပ္တို႔ ေခၚသြင္းလာသည့္ လယ္ကူလီမ်ားမွ အစျပဳခဲ့သည္။ ေနာက္ပိုင္းတြင္ ၎တို႔သည္ အင္အားႀကီးလာၿပီး အၾကမ္းဖက္မႈမ်ား လုပ္ကိုင္လာခဲ့ၾကသည္။

၁၉၈၈ ခုႏွစ္တြင္ လုံၿခဳံေရးအင္အားနည္းေနမႈကို အခြင့္ေကာင္းယူကာ ဘဂၤါလီမ်ားက ေမာင္ေတာၿမိဳ႕ကို သိမ္းပိုက္ ရန္ႀကိဳးစားခဲ့ဖူးသည္။ ၁၉၉၈ ခုႏွစ္တြင္လည္း (၎တို႔ အေခၚ) ႐ိုဟင္ဂ်ာ လြတ္ေျမာက္ေရးအဖြဲ႕(RLO) မွ ေမာင္ေတာၿမိဳ႕သို႔ ဝင္ေရာက္ခဲ့ကာ ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္းမ်ားကို ဖ်က္ဆီးျခင္း၊ ဗုဒၶဘာသာဝင္မ်ားေနထိုင္ေသာ ရပ္ကြက္မ်ားကို မီးရႈိ႕ျခင္း၊ ရခိုင္တိုင္းရင္းသားမ်ားကို သတ္ျဖတ္ျခင္းတို႔ကို ျပဳလုပ္ ခဲ့ကာ ေမာင္ေတာကို သိမ္းယူရန္ႀကိဳးစားခဲ့ေသးသည္။ ၂၀၁၇ ဩဂုတ္လတြင္မူ ARSA ေသာင္းၾကမ္းသူအဖြဲ႕မွ ရဲကင္းစခန္း ၃၀ ကို တစ္ေန႔တည္း တစ္ခ်ိန္တည္း ဝင္ေရာက္ တိုက္ခိုက္ခဲ့ရာ အျပစ္မဲ့ ျပည္သူအမ်ားအျပား ေသဆုံးဒဏ္ရာရခဲ့ရသည္။ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္အထိ ျမန္မာတိုင္းရင္းသား ၇၂ ဦးေသဆုံးခဲ့ရၿပီး ၁၃ ဦး ဒဏ္ရာရရွိခဲ့သည္။ လက္ရွိဘဂၤလားေဒ့ရွ္သို႔ ဒုကၡသည္မ်ား ထြက္ေျပးေနျခင္းမွာ လည္း ၂၀၁၇ ဩဂုတ္လတိုက္ခိုက္မႈ၏ ေနာက္ဆက္တြဲျဖစ္သည္။ လက္ရွိျဖစ္ေနသည့္ ျပႆနာမွာ ထြက္ေျပးသည့္ျပႆနာႏွင့္ ထြက္ေျပးသူကိုလက္ခံရမည့္ ျပႆနာသာ မဟုတ္ဘဲ ရည္႐ြယ္ခ်က္ရွိရွိ အၾကမ္းဖက္တိုက္ခိုက္ျခင္း၊ နယ္ေျမပိုင္ဆိုင္လိုျခင္း၊ အခ်ဳပ္အျခာ အာဏာထိခိုက္ျခင္းႏွင့္ အမ်ိဳးသားလုံၿခဳံေရး ျပႆနာျဖစ္သည္။

ျမန္မာႏိုင္ငံအတြက္ ေကာင္းက်ိဳး၊ ဆိုးက်ိဳး

UNSC ကိုယ္စားလွယ္မ်ား၏ ျမန္မာႏိုင္ငံခရီးစဥ္သည္ ရလဒ္ေကာင္းမထြက္သည့္ ခရီးစဥ္ဟု ဆိုႏိုင္သည္။ ျမန္မာႏိုင္ငံတြင္းသို႔ ျပႆနာေျဖရွင္းရန္ လာေရာက္ေလ့လာ ျခင္းမဟုတ္ဘဲ ၎တို႔တရားေသ ဆုတ္ကိုင္ထားသည့္ မူဝါဒကို လာေရာက္ေျပာ ဆိုျခင္း၊ ျမန္မာတာဝန္ရွိသူမ်ားကို တရားခံသဖြယ္ စစ္ေဆးေမးျမန္းျခင္းသာ ျဖစ္ သည္။ ျဖစ္စဥ္အေၾကာင္းအရာႏွင့္ပတ္သက္ၿပီး ၎တို႔တြင္ Input ရွိၿပီးသားျဖစ္ၿပီး တစ္ဖက္သတ္ Input မ်ားကို လက္ကိုင္ထားကာ တစ္ဖက္သတ္ Output ကိုသာ တစိုက္မက္မက္ ေျပာဆိုခဲ့ၾကသည္။ အသုံးခ်ခံမီဒီယာမ်ား၊ ငိုျပသူမ်ားႏွင့္ ၎တို႔ထံသို႔ သတင္း စကားေရာက္ေအာင္ တင္ျပႏိုင္သူမ်ားထံမွ သတင္းကိုသာ အတည္ယူကာ ျမန္မာႏိုင္ငံကို တရားခံအျဖစ္သာ ရႈျမင္ေနၾကသည္။ ျမန္မာႏိုင္ငံမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ေသာ္လည္း ျမန္မာဘက္မွ ေျပာဆိုသမွ်ကို နားမေထာင္ဘဲ ၎တို႔ေျပာခ်င္ သည္မ်ားကိုသာ ေျပာဆိုသြားၾကသည္။ အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ ေဒသခံ တိုင္းရင္းသားတို႔ႏွင့္ ေတြ႕ဆုံခဲ့ေသာ္လည္း ေျပာသမွ်စကားမ်ားကို အေလးအနက္ ထားျခင္း မရွိခဲ့ၾကေခ်။ ျမန္မာႏိုင္ငံကိုကူညီရန္ဟု မၾကာခဏေျပာဆိုေလ့ရွိၾကေသာ္ လည္း ျမန္မာ ႏိုင္ငံအေပၚ ေစတနာအမွန္မရွိၾကေပ။ ခရီးစဥ္ကိုလည္း ကူဝိတ္ႏိုင္ငံမွ ေထာက္ပံ့ေပးသည့္ အထူးေလယာဥ္ႀကီးျဖင့္ ေပ်ာ္ပြဲစားထြက္သကဲ့သို႔ ေပ်ာ္႐ႊင္စြာ ခရီးထြက္ေနၾကသည္ကို ေတြ႕ရသည္။ ျမန္မာႏိုင္ငံသို႔လာသည္ျဖစ္ေစ၊ မလာသည္ ျဖစ္ေစ၊ ျမန္မာဘက္မွ မည္သို႔ေျပာသည္ျဖစ္ေစ ၎တို႔၏အျမင္၊ အေတြး၊ သေဘာ ထားနဲ႔ ဆုံးျဖတ္ခ်က္မ်ားက ရွိၿပီးသားျဖစ္ရာ UNSC အဖြဲ႕ဝင္မ်ား ခရီးစဥ္သည္ ျမန္မာႏိုင္ငံအတြက္ ေကာင္းက်ိဳးမရွိသည့္ ခရီးစဥ္ဟုသာ သတ္မွတ္ရေပလိမ့္မည္။


သင္ခန္းစာမ်ားႏွင့္ ျပင္ဆင္စရာမ်ား

UNSC ခရီးစဥ္သည္ ျမန္မာႏိုင္ငံအတြက္ ေကာင္းက်ိဳးမရခဲ့ေသာ္လည္း သင္ခန္းစာ ယူစရာ မ်ားစြာ ရရွိခဲ့သည္။ ပထမအခ်က္အေနျဖင့္ UNSC မွ ျမန္မာႏိုင္ငံအေပၚ ထား ရွိသည့္ သေဘာထားမွန္ကို ကြက္ကြက္ကြင္းကြင္းသိရွိခဲ့ရသလို ယင္းသေဘာထားမွာ ခိုင္မာအျမစ္တြယ္ေနၿပီး ေျပာင္းလဲဖို႔ခက္သည္ကို ျမန္မာဘက္က ေကာင္းစြာသေဘာ ေပါက္ခဲ့ၾကရသည္။


ဒုတိယအခ်က္မွာ ျမန္မာအစိုးရ တာဝန္ရွိသူမ်ား၏ အားနည္းခ်က္ဟု ဆိုႏိုင္သည္။ ျပည္သူကေ႐ြးခ်ယ္တင္ေျမႇာက္ထားသည့္ အစိုးရလက္ထက္ လူမႈေရးရာႏွင့္ ႏိုင္ငံ တကာေရးရာ ကြၽမ္းက်င္သူမ်ားက သံတမန္မ်ားကို နားဝင္ေအာင္ မရွင္းျပႏိုင္ဘဲ ထျပန္ေအာင္ လုပ္ခဲ့ျခင္းက ႐ုပ္ဆိုးအက်ည္းတန္ေစသည့္ ျဖစ္စဥ္ျဖစ္သည္။ ျမန္မာ ႏိုင္ငံမွ တာဝန္ရွိသူမ်ားအေနျဖင့္ လူထုဆက္သြယ္ေရးနည္းနာ (Public Relation) အတတ္ပညာလိုအပ္ေနၿပီး သံတမန္မ်ားကို မည္သို႔ ဆက္ဆံစည္း႐ုံးရမည္၊ မိမိႏိုင္ငံ ဘက္မွ အေျခအေနမွန္မ်ားကို နားဝင္သြားေစရန္ မည္သို႔ဆြဲေဆာင္မႈရွိရွိတင္ျပ မည္၊ ေက်နပ္လက္ခံသြားေစရန္ မည္သို႔လက္ေတြ႕ ေဆာင္႐ြက္လုပ္ကိုင္ေနေၾကာင္း ျပသမည္ ဆိုေသာ သံတမန္ဆန္ဆန္ ဆက္ဆံေျပာဆို စည္း႐ုံးသည့္ နည္းပရိယာယ္မ်ား၊ အရည္ အခ်င္းမ်ား ရွိဖို႔လိုအပ္ေနေသးေၾကာင္း ေတြ႕ႏိုင္သည္။ ဟိႏၵဴဘာသာဝင္ ႐ုပ္အေလာင္း မ်ား တူးေဖာ္ရရွိခဲ့မႈ၊ ရခိုင္တိုင္းရင္းသား ၅ ဦး၊ ၿမိဳတိုင္းရင္းသား ၇ ဦးႏွင့္ ဒိုင္းနက္ တိုင္းရင္းသား ၇ ဦးတို႔ ရက္ရက္စက္စက္ အသတ္ခံခဲ့ရမႈမ်ားကို ကုလသမဂၢသံတမန္ မ်ား မသိရွိၾကျခင္းမွာ အစိုးရ၏အားနည္းခ်က္ျဖစ္သည္။ ယင္းအားနည္းခ်က္ ေၾကာင့္ လည္း အိမ္ကြင္းမွာပင္ ခံစစ္ႏွင့္ကစားေနရသည့္ အျဖစ္မ်ိဳးသို႔ ေရာက္ခဲ့ရျခင္းျဖစ္ သည္။

တတိယအခ်က္မွာ မိမိတို႔ဘက္မွ NGO မ်ား၊ CSO မ်ား အခိုင္အမာမရွိျခင္းျဖစ္ သည္။ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ကိုယ္စားလွယ္မ်ားသည္ ေနျပည္ေတာ္ႏွင့္ စစ္ေတြတို႔တြင္ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ေတြ႕ဆုံခဲ့ၿပီး ယင္းတို႔၏ အသံကို နား ေထာင္ခဲ့ၾကသည္။ သို႔ေသာ္ တက္ေရာက္ခဲ့ၾကသည့္ NGO, INGO ႏွင့္ CSO အဖြဲ႕ အခ်ိဳ႕မွာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက ေက်ာေထာက္ေနာက္ခံေပးထားသူမ်ား ျဖစ္ေနရာ ဘဂၤါလီတို႔ဘက္မွသာ ရပ္တည္ေျပာၾကားခဲ့သည္ကို ေတြ႕ရသည္။ သို႔ ျဖစ္ရာ ေလာင္းရိပ္ကင္းၿပီး အမွန္တရားအတြက္ ရပ္တည္သည့္ အရပ္ဘက္ လူမႈအဖြဲ႕အစည္း အမ်ားအျပား ျမန္မာ့လူ႔ေဘာင္တြင္ လိုအပ္ေနေၾကာင္း သင္ခန္းစာယူရမည္ျဖစ္သည္။

ျပႆနာ၏နိဂုံး

UNSC ခရီးစဥ္ႏွင့္ပတ္သက္၍ အဓိက စိုးရိမ္စရာမွာ ဒုကၡသည္မ်ား ျပန္ပို႔ေရးကိစၥ ထက္ ေက်ာ္လြန္သည့္ ေျပာဆိုစြက္ဖက္မႈမ်ားျဖစ္ၿပီး  အေရးယူသည့္လမ္းေၾကာင္းေပၚ သို႔ မရမကစြဲတင္ေနသည့္ အျပဳအမူမ်ားပင္ျဖစ္သည္။ ၂ ရက္တာခရီးစဥ္အတြင္း ျဖစ္ပ်က္ခဲ့သမွ်ႏွင့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့သမွ်အား ဆက္စပ္သုံးသပ္ ၾကည့္ပါက ၎တို႔အေနျဖင့္ မူလစီစဥ္ထားသည့္ အစီအစဥ္မ်ားကိုသာ အရွိန္အဟုန္ ျဖင့္ ဆက္လုပ္သြားလိမ့္မည္ဟု ေကာက္ခ်က္ခ်ႏိုင္သည္။ အထူးသျဖင့္ လာမည့္ မုတ္သုန္ ရာသီအတြင္း ေရလႊမ္းမိုးမႈမ်ားေၾကာင့္ ဘဂၤါလီမ်ား ႀကဳံေတြ႕ရသည့္အေျခအေနမ်ား၊ ေရာဂါခံစားမႈမ်ားႏွင့္ ေသေက်ပ်က္စီးမႈမ်ားအား အေၾကာင္းျပဳ၍ ကုလသမဂၢလုံၿခဳံေရး ေကာင္စီတြင္ ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္အေရးႏွင့္ပတ္သက္၍ အဆိုမူၾကမ္းတစ္ရပ္ ခ်မွတ္အေရးယူႏိုင္ေရး ဖိအားေပးေဆာင္႐ြက္ျခင္းမ်ား ျပဳလုပ္လာႏိုင္သည္။


အလားတူ ၿပီးခဲ့သည့္ ေမလ ၅ ရက္၊ စေနေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕မွာ စတင္ က်င္းပတဲ့ အစၥလာမ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ OIC ႏိုင္ငံျခားေရးဝန္ႀကီး မ်ား ညီလာခံတြင္ ဘဂၤါလီမ်ားႏွင့္ပတ္သက္၍ ျမန္မာအစိုးရအေပၚ ျပင္းထန္စြာအေရး ယူဖို႔ ေဆြးေႏြးခဲ့ၾကၿပီး ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina က OIC ႏိုင္ငံေတြ အေနနဲ႔ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးအတြက္ ျမန္မာအစိုးရကို ဖိအားေပးၾကဖို႔ ေျပာ ၾကားခဲ့ျပန္သည္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီ၊ OIC ႏွင့္ အေနာက္ႏိုင္ငံမ်ားသည္ ဒုကၡသည္ျပန္ပို႔ေရး ျပႆနာထက္ ေက်ာ္လြန္ေသာ ဖိအားမ်ားကိုေပးလာၾကၿပီး  အနာဂတ္ကို ေမွ်ာ္ေတြး ကာ ကူညီရမည့္အစား အတိတ္ျဖစ္စဥ္မ်ားအတြက္ စစ္ေဆးအေရးယူရန္ ပိုမိုအေလး ေပးလာၾကသည္။ အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ား၊ ဟိႏၵဴဘာသာ ဝင္ ၅၂ ဦး အသတ္ခံရမႈ၊ ရခိုင္/ၿမိဳ/ဒိုင္းနက္ စသည့္ ေဒသခံတိုင္းရင္းသား ၁၉ ဦး အသတ္ခံရမႈ၊ ရဲတပ္ဖြဲ႕ဝင္ ၁၁ ဦးႏွင့္ တပ္မေတာ္သား ၂ ဦး အသတ္ခံခဲ့ရမႈတို႔ကို ျပည္ဖုံးကားခ်ၿပီး လုံၿခဳံေရးတပ္ဖြဲ႕မ်ား၏ အၾကမ္းဖက္သမားမ်ား ႏွိမ္ႏွင္းေရး ေဆာင္ ႐ြက္မႈမ်ားအေပၚ စစ္ေဆးေမးျမန္းအမႈဆင္လာၾကသည္။ အျပည္ျပည္ဆိုင္ရာရာဇဝတ္ ခုံ႐ုံး(ICC) ႏွင့္လည္းေကာင္း၊ R2P ႏွင့္လည္းေကာင္း ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္လာ ၾကသည္။ ယင္းကဲ့သို႔ မလိုအပ္ဘဲ တပ္မေတာ္အေပၚ ဖိအားအလြန္ အကြၽံေပးမႈမ်ား သည္ ယူဂိုဆလားဗီးယားစစ္ပြဲအတြင္း ယူဂိုဆလားဗီးယားတပ္မေတာ္ကို ဖိအားေပးမႈ မ်ားႏွင့္ အလားသဏၭာန္တူေနသည္။ ယင္းအခ်က္သည္ ႏိုင္ငံမတည္ မၿငိမ္ျဖစ္႐ုံမွ်မက အစိတ္စိတ္အႁမႊာႁမႊာၿပိဳကြဲသြားႏိုင္သလို စစ္မီးႀကီး ဟုန္းဟုန္းေတာက္ကာ ဆီးရီးယား ႏွင့္ အာဖဂန္နစၥတန္ကဲ့သို႔ စစ္ေျမျပင္လည္း ျဖစ္သြားႏိုင္သည္။ တပ္မေတာ္အေပၚကို ပစ္မွတ္ထား ဦးတည္တိုက္ခိုက္သည္ဟု ဆိုေသာ္လည္း ႏိုင္ငံေတာ္ႏွင့္အစိုးရပါ သိကၡာ က်သည့္အျပင္ အက်ိဳးဆက္ကို ျပည္သူ ၅၂ သန္းလုံးက ခံစားရမည္ျဖစ္သည္။ ကမာၻတည္သေ႐ႊ႕ ျမန္မာႏိုင္ငံတည္တံ့ေစေရး၊ ျမန္မာ့ေျမကို ႏိုင္ငံတကာ စစ္ေျမျပင္ မျဖစ္ေစေရးႏွင့္ ရခိုင္ျပႆနာ၏ အဆုံးသတ္က ျမန္မာႏိုင္ငံ၏ နိဂုံးမျဖစ္ရန္မွာ ယေန႔ ျမန္မာျပည္သူအားလုံး၏ တာဝန္ျဖစ္ေပသည္။ အစိုးရဘက္မွလည္း ကစားကြက္ ေျပာင္းၿပီး ကစားဖို႔လိုအပ္သလို ျပည္သူမ်ားဘက္မွလည္း အစြဲအမ်ိဳးမ်ိဳးျဖင့္ အိမ္ၾကက္ခ်င္း ခြပ္ေနမႈကိုရပ္တန္႔ကာ စည္းလုံးညီၫြတ္စြာျဖင့္ တုံ႔ျပန္ရမည့္အခ်ိန္ျဖစ္ ပါေၾကာင္း အႀကံျပဳတိုက္တြန္းလိုက္ရပါသည္။





ဗုဒၶံ သရဏံ ဂစၦာမိ

ဓမၼံ သရဏံ ဂစၦာမိ

သံဃံ သရဏံ ဂစၦာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

ျမန္မာမီဒီယာ

ျပင္ပမီဒီယာ

နိုင္ငံေရး ပါတီမ်ား

ေဖ်ာ္ေျဖေရး


ယခု ေတြးေခၚတတ္သူ()ဦး ဖတ္ရွဳေနပါသည္။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ က်ေနာ္ လုပ္ေနေသာ Research ႏွင္႔ ပါတ္သက္ ေသာ စာအုပ္ မ်ားကို project တူေသာ ပုဂၢိဳလ္ မ်ားႏွင္႔ Satellite Navigation & Traffic Control Systems ကို စိတ္၀င္စားသူမ်ား အတြက္ အလြယ္ တကူ download ခ်နိုင္ရန္ စုစည္း ေပးထား ပါသည္........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက္စဥ္က က်ေနာ္ လုပ္ခဲ႔ေသာ Research ႏွင္႔ ပါတ္သက္ ေသာ စာအုပ္ မ်ားကို project တူေသာ ပုဂၢိဳလ္ မ်ားႏွင္႔ Automatic Control System ကို စိတ္၀င္စား သူမ်ား အတြက္ အလြယ္ တကူ download ခ်နိုင္ရန္ စုစည္း ေပးထား ပါသည္........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com