Showing posts with label သိပ္ပံ နှင့် နည်းပညာ. Show all posts
Showing posts with label သိပ္ပံ နှင့် နည်းပညာ. Show all posts

ရိုဘော့ကောက်ကြောင်းနှင့် မြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်  

Posted by Admin in


စက်ရုပ်လို့သိထားကြတဲ့ (Robot)ဆိုတဲ့စကားလုံးကို ၁၉၂၀ပြည့်နှစ်က ချက်ကိုစလိုဗက်ကီးယားစာရေးဆရာ Karel Capekက သူ့ရဲ့ပြဇာတ် "Rossum's UniversalRobots"မှာ စတင်အသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်။ Robotဟာ robota ဆိုတဲ့စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး ချက်ဘာသာစကားအရ အလုပ်ကိုတကုပ်ကုပ်လုပ်နေရတဲ့ အလုပ်သမား၊ စလိုဗက်ခ်ဘာသာ စကားအရ အလုပ်လို့ဆိုလိုကြောင်း သိရပါတယ်။

မှတ်တမ်းများအရ ရှေးဦးစက်ရုပ်ကို ၁၇၇၀ခုနှစ်မှာ ဆွစ်လူမျိုး နာရီလုပ်သူ နိုင်ရာရီ ဂျက်ကွက်ရက်က တည်ဆောက်ခဲ့တယ် လို့ဆိုပါတယ်။ အဲဒီစက်ရုပ်ဟာ စာရေးတဲ့စက်ရုပ်ဖြစ်ပြီး စာလုံးလေး ဆယ်ကျော်ရေး သားနိုင်ပါတယ်တဲ့။ ဒါပေ မယ့် ရှေးဦးစက်ရုပ်တွေထဲက ကျွန်တော်သဘောအကျဆုံးစက်ရုပ်ကတော့ ဂျပန်ပညာရှင် တစ်ဦးတီထွင် ခဲ့တဲ့ လူတူစက်ရုပ်ဖြစ်ပါတယ်။
ဂျန်အက်ဒီဆင်လို့ ခေတ်လူများကခေါ်ဝေါ်ကြတဲ့ ဂျပန်လက်မှုပညာရှင် ဟီဆာရှီဂျီ တာနာကာ တီထွင်ခဲ့တဲ့ လူတူစက်ရုပ်ပါ။ အဲဒီစက်ရုပ်ဟာ လက်ဖက်ရည်ခွက်တွေကို စားပွဲဝိုင်းတွေဆီ လိုက် ပို့ပေးနိုင်သ လို မြှား ကျည်တောက် ထဲက မြှားကိုလည်း ထုတ်ယူပစ်ခတ်နိုင်တယ်၊ ဂျပန်အက္ခရာတွေကိုလည်း ရေးသားနိုင်တယ်လို့ သိရပါတယ်။

ကျွန်တော် တို့မြန်မာနိုင်ငံမှာလည်း စက်မှုလုပ်ငန်းသုံးပြည်တွင်းဖြစ်လူတူစက်ရုပ်ကို လွန်ခဲ့တဲ့နှစ်များစွာအတွင်း အင်ဂျင်နီယာ တစ်ဦးက အောင်အောင်မြင်မြင်တီထွင်နိုင်ခဲ့ဖူးပါတယ်။ အဲဒီမြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်ကတော့ ဦးကြည်ဆိုသူဖြစ်ပါတယ်။
မြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်ဦးကြည်
ဆရာဦးကြည်ကို ၁၉၃၄ခုနှစ်၊ဇွန်လ၊၁ရက်နေ့၊ထားဝယ်မြို့မှာ ဖွားမြင်ခဲ့ပြီး ငယ်စဉ်က ထားဝယ်မြို့ အထက် တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ ဆယ်တန်းအောင်မြင်ပြီးတဲ့နောက်မှာ ဆရာဟာ အင်းစိန် စက်မှုလက်မှု သိပ္ပံမှာ မြို့ပြ အင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးခဲ့ပါတယ်။ ဒါပေမယ့်ဆရာဟာ စက်မှုအင်ဂျင်နီယာဘာသာရက်ကို ပိုစိတ်ဝင် စားခဲ့တယ် လို့ဆိုပါတယ်။ ၁၉၅၄ခုနှစ်မှာ ဆရာဟာ အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ A.G.T.I(civil)ဒီပလိုမာဘွဲ့ရရှိပြီး အဲဒီကျောင်းမှာပဲ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

နောက်ပိုင်း ဆရာဟာ ကလောစက်မှုလက်မှုသိပ္ပံမှာ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန် ကို နှစ်ရှည်သင်တန်းတက်ရောက်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။ နိုင်ငံရပ်ခြားမှာ ပညာသင်ယူရင်းနဲ့ ဆရာဟာ စက်ရုပ်တီထွင်ဖို့အကြံရခဲ့တာလို့ ဆိုပါတယ်။

ဆရာဟာ နိုင်ငံခြား ကပြန်လာပြီးတဲ့နောက် အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ တာဝန်ထမ်းဆောင်ရင်း စက်ရုပ်တီထွင်ဖို့ စလုပ်ပါတယ်။ ဆရာဟာ တပည့်တွေကို စာသင်ကြားပေးရင်းနဲ့ သက်ဆိုင်ရာစာအုပ်စာတမ်းများကို ရှာဖွေလေ့လာ ဖတ်ရှုရင်း တပည့်တွေ အကူအညီနဲ့ အသုံးပြုမယ့် စက်ကိရိယာတွေ ရှာဖွေစုဆောင်းပါတယ်။ အဆင်သင့်ဖြစ် သွားတဲ့အချိန် ၁၉၈၆ ခုနှစ်ကျောင်းဆင်းချိန်မှာ ဆရာဟာ ၀ါသနာပါတဲ့ကျောင်းသားတွေကို စုစည်းပြီး စက်ရုပ်ကို စတင်တီထွင် တပ်ဆင်ကြပါတယ်။ စက်ရုပ်အတွက်ကုန်ကျစရိတ်အားလုံးကို ထိုစဉ်က စက်မှု၊စိုက်ပျိုးနှင့် အသက်မွေးပညာဦးစီးဌာနက စိုက်ထုတ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ခြောက်လအကြာမှာ ဆရာတို့အဖွဲ့ဟာ စက်ရုပ်တစ်ရုပ်ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ကြပါတယ်။


အဲဒီစက်ရုပ်ကို မော်တော်ကားဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုဖို့ ရည်ရွယ်တီထွင်ခဲ့တာပါ။

အဲဒီစက် ရုပ်ဟာ ကောင်းမွန်စွာထိုင်နိုင်၊ထနိုင်၊လမ်းလျှောက်နိုင်ပြီး ဆေးမှုတ်တဲ့နေရာမှာလည်း တိကျသေချာ တယ်လို့ဆိုပါတယ်။ ၁၉၈၆ခုနှစ် ပြည်ထောင်စုပြပွဲမှာ ပြသခဲ့တဲ့အခါ လူကြိုက်အများဆုံးတီထွင်မှုဖြစ်ခဲ့ပါတယ်။ ဆရာဟာ အဲဒီစက်ရုပ်မထွင်ခင်ကတည်းက အလိုအလျောက် ဖွင့်ပိတ် တံခါး၊ နိုင်ငံခြားမှာ ယခုတိုင် သုံးနေကြဆဲ ကော်ဖီရောင်း စက်ကဲ့သို့သော လက်ဖက်ရည်ရောင်းစက်၊ Remote controlမော်တော်ကားတို့ကိုလည်း တီထွင်ခဲ့ပြီးဖြစ်ပါ တယ်။ Remote controlဆိုတာ မြန်မာမပြောနဲ့ ကမ္ဘာမှာတောင် သိပ်မတွင်ကျယ်သေးတဲ့အချိန်မှာ တီထွင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာလူးအကောင်းနဲ့အပုပ်ရွေးတဲ့စက်၊ ဘီစကွတ် အမျိုးအစား အဆိုး အကောင်းရွေးတဲ့ စက်တွေလည်း တီထွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာဆရာဟာ စက်ရုပ်ကို လူတို့ရဲ့ အမိန့်ပေး စကား နာခံနိုင်စေရန် နဲ့ စကားပြန်လည်တုံ့ပြန်ပြောဆိုနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စရိတ်စကကြီးမားခြင်း၊ အားပေး ကူညီမှုနည်း ပါးခြင်းတို့ကြောင့် လက်လျှော့ ခဲ့ရတယ်လို့ဆိုပါတယ်။ ဆရာရဲ့ပြိုင်ပွဲဝင်စက်ရုပ်ပင်လျှင် ပြိုင်ပွဲမှာပြသဖို့ပဲ ခွင့်ပြုခဲ့တာ လို့ဆိုပါ တယ်။

ဆရာဟာ ဆက်လက်ပြီး နိုင်ငံ့ တာဝန်များကို ရာထူးအဆင့်ဆင့် ထမ်းဆောင် ခဲ့ပြီး အောင်ဆန်း စက်မှုလက်မှု သိပ္ပံနှင့် အထွေထွေပြုပြင်ရေးကျောင်းအုပ်ကြီး အဖြစ်မှ ၁၉၉၄ခုနှစ်မှာ အနားယူခဲ့ပါတယ်။ ဆရာရဲ့ ဘ၀ တစ်လျှောက် မှာ နိုင်ငံခြား တိုင်းပြည်များမှ ကုမ္ပဏီတွေက အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ကြပေမယ့် ဆရာဟာ လုံးဝထွက် မသွားဘဲ နိုင်ငံအတွက် ပြည်တွင်းမှာပဲ တပည့်တွေကို ပညာသင်ကြားမွေးထုတ်ပေးခဲ့သူဖြစ်ပါတယ်။ အဲဒီအချိန် တုန်းက စက်ရုပ် တီထွင်ဖို့ဆိုတာ တော်တော်ကိုခက်ခဲတဲ့အလုပ်မှန်း လူတိုင်းသိနိုင်ပေမယ့် ဆရာဦးကြည် ကတော့ အောင်မြင်အောင် လုပ်ဆောင်ပြသွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ IC(integrated circuit)တွေကိုတောင် ပေါပေါများများ သိပ်သုံးနိုင်မယ်မထင်ပါဘူး။

Pololu 3pi Robot အကြောင်း ဗွီဒီယို ကြည့်ရှုလိုပါက
http://www.youtube.com/watch?v=s4h_PqIFJEQ&list=UUyy5vidqThtn7XqV-1phoyA&index=4&feature=plcp




Pololu 3pi Robot  

Posted by Admin in ,



Pololu 3pi Robot User's Guide



8161S



8271S


Introducing the Pololu 3pi Robot

3pi demo from the Maker Shed

Pololu 3pi line follower

Pololu 3pi Line Maze Solving Robot

Pololu 3pi Robot

Pololu 3pi-Linefollower

3pi training

Pololu 3pi robot Line Follow


Micro line following robot (Li-Po battery)



သိပ္ပံ နှင့် နည်းပညာ ဆိုင်ရာ Idea အချို့  

Posted by ADMIN in ,



Idea №.1.


ယနေ့ ကမ္ဘာကြီးရဲ့ သိပ္ပံပညာသည် စက္ကန့်နဲ့အမျှ တိုးတက်လျှက်ရှိရာ တိုးတက်လာသည်နှင့် အမျှ အသုံးအဆာင် ပစ္စည်းအမျိုးမျိုး၊ ယာဉ်အမျိုးမျိုးတို့အတွက် စွမ်းအင်များစွာ လိုအပ်လာသည်။ ကမ္ဘာကြီးတွင် ရှိရှိသမျှ သယံဇာတ ပေါင်းစုံကို ပုံစံအမျိုးမျိုးပြောင်းလဲပြီး လိုအပ်သော စွမ်းအင်ရအောင် သိပ္ပံပညာရှင်တို့ နေ့စဉ်နဲ့အမျှ ကြိုးစားခဲ့ကြသည်မှာ ယနေ့ထိဖြစ်သည်။ စွမ်းအင် ပေါင်းများစွာထဲတွင်မှ အလိုအပ်ဆုံးနှင့် အရေးအကြီးဆုံး စွမ်းအင်မှာ လျှပ်စစ်စွမ်းအင် (Electrical Energy) ဖြစ်ပြီး လှုပ်ရှားသွားလာနေသော ယာဉ်များမှလွဲ၍ ကျန်သည့် နေရာအားလုံးတွင် လျှပ်စစ်စွမ်းကိုသာ အဓိက သုံးစွဲကြရသည်။ လျှပ်စစ်စွမ်းအားသုံးသော ယာဉ်များကိုလည်း တဖြည်းဖြည်း အစားထိုး တီထွင်လျှက် ရှိနေကြပြီဖြစ်သည်။ အချို့ကားများ၊ သင်္ဘောများနှင့် လေယာဉ်ပျံများအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့သွယ်တန်းဖို့ မဖြစ်နိုင်သေးသဖြင့် လောင်စာကိုသာ အားကိုးနေရခြင်းဖြစ်သည်။ ကျန်သည့် နယ်ပယ်အသီးသီးအတွက် လျှပ်စစ်စွမ်းအင် တစ်ခုရှိရုံနှင့် ပြည့်စုံလုံလောက်သည်။

လျှပ်စစ်ဓတ်အား (Electricity) သည် လူတို့အတွက် မရှိမဖြစ် အရေးပါလာသည်နှင့် အမျှ လျှပ်စစ်စွမ်းအားကို နည်းမျိုးစုံနှင့် ထုတ်ယူဖို့ သိပ္ပံပညာရှင်တို့ ကြိုးစားလာကြသည်။ ရေအား (Hydropower)၊ လေအား (Wind Power)၊ လောင်စာ (Fuel)၊ အပူနှင့် နေရောင်ခြည် စွမ်းအင် (Solar Energy)၊ ဓာတ်ငွေ့ (Gas)၊ စွန့်ပစ်ပစ္စည်း နှင့် မစင် (Core-Generating)၊ နူကလီးယား (Nuclear Power) စသည့် စွမ်းအင်များမှ လျှပ်စစ်စွမ်းအင်ကို နည်းပညာအမျိုးမျိုးဖြင့် စမ်းသပ် ထုတ်လုပ် အောင်မြင်ခဲ့ကြပြီးဖြစ်သည်။ သို့သော် လုံလောက်မှု မရှိသေးသဖြင့်ယနေ့ချိန်ထိ နည်းပညာအသစ်အသစ်များကို ထပ်မံရှာဖွေနေရသလို လက်ရှိ အသုံးပြုနေသော အရင်း အမြစ် (Sources of Energy) များ ကုန်ဆုံးသွားမည်ကိုလည်း စိုးရိမ်နေကြရသည်။

ထိုအထဲမှာမှ မကုန်ဆုံးနိုင်တဲ့ အရင်းမြစ်ရှိပြီး သိပ္ပံပညာရှင်တို့ လျှပ်စစ်ဓာတ်အားထုတ်ဖို့ စမ်းသပ်လို့ မအောင်မြင်သေးသော စွမ်းအင်တစ်ခုရှိသည်။ ၎င်းမှာ ကမ္ဘာ့ဆွဲအား (Gravitational Force) ပင်ဖြစ်သည်။ Gravitational Constant = 6.674×10−11 N m2 kg−2 ပြီး ကမ္ဘာပေါ်ရှိ အရာဝတ္တုအားလုံးပေါ်တွင် Gravitational Constant သက်ရောက်လျှက် ရှိသည်ကို စာဖတ်သူများအားလုံး သိရှိပြီး ဖြစ်ပါလိမ့်မယ်။ အာကာသတွင်းရှိ ဂြိုဟ်တုများ (Satellites) မှ လွဲပြီး ကျန်သည့် အရာအားလုံးမှာ ကမ္ဘာ့ဆွဲအားထဲ၌သာ ရှိကြတယ်။ သို့ဖြစ်ပါ၍ ကမ္ဘာ့ဆွဲအားမှ လျှပ်စစ်ထုတ်ပေးနိုင်သည့် ကိရိယာ၊ (သို့မဟုတ်) နည်းပညာတစ်ခု ထုတ်နိုင်ပါက ကမ္ဘာကြီးအတွက် များစွာ အထောက်အကူဖြစ်မှာ သေချာပေသည်။ မည်သည့်အခါမှ မကုန်ဆုံးနိုင်သလို လှုပ်ရှားသွားလာနေသော ယာဉ်တွေအားလုံးလဲ လှုပ်ရှားနေရင်းဖြင့် စွမ်းအင်ကို သုံးပြီး ဆက်လက်ရွေ့လျှားနိုင်ကြလိမ့်မည်ဖြစ်သည်။ အခြားသော လျှပ်စစ်ထုတ်သည့် နည်းပညာအားလုံး၏ အားနည်ချက်များကိုလည်း ဖြေရှင်းနိုင်သလို သဘာဝ ပက်ဝန်းကျင်ညစ်ညမ်းမှု၊ လောင်စာစက်ရုံများ နှင့် အခြားလျှပ်စစ်စက်ရုံများ (Generating Station, Power Plant, or Powerhouse) များ ၏ ပေါက်ကွဲမှုများကို လည်း ကာကွယ်ပြီးသားဖြစ်လိမ့်မည်။


Idea №.2.



မနှစ်ကမှ စမ်းသပ် အောင်မြင်ခဲ့သည့် စနစ်တစ်ခုကို ပြောပြပါမည်။ ၄င်းမှာ ကြိုးမဲ့ လျှပ်စစ် ပို့သည့်စနစ် (Wireless Electricity) ဖြစ်သည်။ အခန်းထဲတွင် ယင်း စနစ်ကို သုံးပြီး လျှပ်စစ် အသုံးအဆောင် ပစ္စည်းတွေကို အသုံးပြုနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပြီး၊ အောင်မြင်ခဲ့ပြီးဖြစ်သည်။ ကြိုးတန်းလန်းများ၊ ရှုတ်ရှုတ်ရှက်ရှက်များ၊ ဓာတ်ခဲ (အစို၊ အခြောက်) များနှင့် သုံးစရာမလိုတော့ပေ။ သို့သော် ထိုစနစ်ကို အခန်းတွင်း၌သာ သက်သေပြနိုင်၊ တီထွင်နိုင်သေးရာ အခန်းပြင်မှာ လုပ်နိုင်အောင် တီထွင် သက်သေပြနိုင်ပါက ကမ္ဘာကြီးအတွက် များစွာ အထောက်ကူဖြစ်ပေလိမ့်မည်။ မြို့တစ်မြို့ကနေ တစ်မြို့ သို့ ကြိုးမဲ့စနစ်နဲ့ လျှပ်စစ်ပို့ခြင်း၊ အဆောက်အအုံး တစ်ခုမှ နောက်တစ်ခုသို့ ကြိုးမဲ့စနစ်ဖြင့် လျှပ်စစ်ပို့နိုင်မည်။ ဤသို့ဆိုလျှင် သွားလာဖို့ မည်မျှ ခက်ခဲသည့် ဒေသပင်ဖြစ်စေ၊ မည်မျှ ဝေးကွာသည့်ဒေသပင်ဖြစ်စေ လွယ်လွယ်ကူကူဖြင့် Antenna ထောင်ပြီး လျှပ်စစ်သုံးနိုင်လိမ့်မည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်နေရာများစွာရှိသည့် နိုင်ငံတို့အတွက် ဓတ်တိုင်များ၊ ဓတ်ကြိုးများ မလိုပဲ နယ်စွန်နယ်ဖျား ဒေသများထိ လျှပ်စစ်ဓတ် ဖြန့်ဝေနိုင်မည်။ ရာသီဥတုနှင့် သဘာဝ ဘေးအန္ဒရာယ်များ၊ ဓာတ်လိုက်ခြင်းများ (Electric Shock)၊ ဝါယာ ရှော့ (Wire Shock) ဖြစ်ခြင်းကြောင့် လျှပ်စစ်ဓာတ်အား ပျက်တောက်ခြင်းများနှင့် အခြား အားနည်းချက်ပေါင်းများစွာကိုလည်း ကာကွယ်ပြီးသား ဖြစ်လိမ့်မည်။





Idea №.3.


မြေအောက် ရထားများ နှင့် မြေပေါ် ရထားများ (Railways and Metros) တွင် နေ့စဉ်ကြုံတွေ့နေသည့် လူသားတို့ အသက်အန္တရာယ်နှင့် ပတ်သက်သော ပြဿနာမှာ ရထားကြိတ်ခံခြင်း ပင်ဖြစ်သည်။ လူသားများ၏ အသက်အန္တရာယ်နှင့် ပါတ်သက်နေသော်လည်း ယင်းပြဿနာကို ဒီနေ့အထိ ကောင်းကောင်း မဖြေရှင်းနိုင်သေးပေ။ မြေပေါ် ရှိရထားလမ်းများတွင် လူနှင့် တိရစ္ဆာတို အသွားအလာရှိသောနေရာများတွင် ခြံစည်းရိုး ကားထားနိုင်သော်လည်း၊ ရထားဘူတာများ (မြေပေါ်ရော၊ မြေအောက်ပါ) တွင်တော့ ရထားလမ်းဘေး ၁ ပေ ခွဲ အကွာတွင် စည်းတားပြီး ရထားမရပ်ခင်ထိ စည်းထဲမဝင်ဖို့ သတိပေးထားခြင်းကိုသာ လုပ်နိုင်ကြသေးသည်။ ၊ ရထားလမ်းများကို ၅ ပေထိ နိမ့်ပြီး ဖောက်ထားခြင်း၊ Camera များနှင့် ရထားရဲ များက သေချာ စောင့်ကြည့်ပြီး ပြင်းပြင်ထန်ထန် အရေးယူမှုများကို လုပ်ကြရသည်။ သို့သော် အကောင်းဆုံးဖြေရှင်းနည်းကို မရနိုင်သေးသလို၊ ရထားကြိတ်ခံရသူတွေ၊ တံခါးညက်ပါ သူတွေက ရှိမြဲ ရှိနေစဲ ဖြစ်သည်။

လူနှင့် ရထား မတော်တဆ ဖြစ်ပွားမှုနှုံးသည် ရထားလမ်း တစ်လျှောက် မှာထက် ဘူတာများတွင်က ၉၀ ရာခိုင်နှုံးပိုများသည်။ မြေပေါ်ရော၊ မြေအောက်ပါ ဘူတာများတွင် ထိုပြဿနာကို ဖြေရှင်းဖို့ နည်းပညာတစ်ခု တစ်ခုတော့ရှိသည်။

ဘူတာရှိ ရထားလမ်းဘေးမှ တားထားသော စည်းအတွင်း၊ ရထားနှင့် ၂၀ စင်တီမီတာ အကွာအကွာအဝေး တစ်လျှောက်တွင် မှန် နံရံတစ်ခု တည်ဆောက်မည်။ ထို ရထား၏ တံခါးများ ဖွဲ့စည်းတည်ဆောက်ပုံအတိုင်း ရထားပေါ်က တံခါးများနှင့် အရွယ်အစားတူ တံခါး များကို ဆက်တိုက် အပြည့် တပ်ဆင်ထားမည်။ ခရီးသည်အားလုံးမှာ ထို မှန်တံခါး နံရံ၏ အတွင်း၌သာ ရထားကို စောင့်ကြရမည်။

ဘူတာတွင်းသို့ ရထားဝင်သည်ပြီးနောက် ရထားရပ်သွားသည်နှင့် ရထားပေါ်မှ တံခါးများ ပွင့်သွားမည်။ တချိန်ထဲမှာပင် ရထားပေါ်က တံခါးများ နှင့် ကပ်လပ်လျှက်ရှိနေသော မှန်တခါး နံရံပေါ်မှ တံခါးများ Sensor စနစ်ဖြင့် Automatic ပွင့်သွားမည်။ ထိုအချိန်တွင် ခရီးသည်များ အတက်အဆင်း လုပ်ကြမည်။ ရထားပေါ်ရှိ တခါးများ ပြန်ပိတ်ချိန်တွင် sensor စနစ်ဖြင့်ပဲ မှန်တံခါးနံရံပေါ်ရှိ ပွင့်နေသော တံခါးအားလုံး Automatic ပြန်ပိတ်သွားကြမည်။ ထို့နောက် ရထားလည်း ခရီးစဉ်အတိုင်း ဆက်လက် ထွက်သွားလိမ့်မည်။

ဤနည်းပညာအတွက် အဓိက လိုအပ်သည်မှာ ယနေ့ခေတ် အဆောက်အဦ အများစု၏ အဝင်ပေါက်များတွင် အသုံးပြုနေသော Sensor System နှင့် Automatic Control System သာဖြစ်သည်။ လောလောဆယ် ဂျပန်နိုင်ငံ ဘူတာ အချို့တွင် စမ်းသပ်တည်ဆောက်ထားပြီး တကမ္ဘာလုံးတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ပါက ဘူတာများ၌ လူတို့ သတိကြီးစွာ ထားစရာမလိုတော့သလို ခလေးများနှင့် သက်ကြီး ရွယ်အိုများအတွက်လည်း စိတ်ချနိုင်သည်။ အသက်အန္တာရာယ်များစွာကို ကာကွယ်ပြီးဖြစ်ပြီး စိုးရိမ်မှု ကင်းစွာနှင့် လွတ်လွတ်လပ်လပ် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ကြလိမ့်မည်ဖြစ်ပေသည်။






Idea №.4.



၂၀၀၇ စက်တင်ဘာလ တွင် အမေရိကန် သမ္မတ ဂျော့ရှ်ဘု က NAVSTAR GPS စနစ်ကို ၎င်းတို့ ကြိုက်တဲ့အချိန်မှာ ပိတ်ပစ်လမ့်မည်ဟု ကြေညာခဲ့သည်။ ထို အကြောင်းကို ကြိုသိနေသော နိုင်ငံများက NAVSTAR ကဲ့သို့သော GPS စနစ်များကို မိမိတို့နိုင်ငံပိုင် တည်ဆောက်ဖို့ စီမံကိန်း ချခဲ့၊ စတင်တည်ဆောက်ခဲ့ကြသည်။ ရုရှားမှ GLONASS ၊ ဥရောပ သမဂ္ဂမှ Galileo ၊ အိန္ဒိယမှ IRNSS ၊ တရုတ်မှ BEIDOU ၊ ဂျပန်မှ QZSS ဟူ၍ အကောင်ထည်ဖော်ခဲ့ကြသည်။ Satellite System, Navigation System, GNSS Technology & GPS Technology အကြောင်း မြန်မာလို ဖတ်လိုပါက http://www.mee-pya-tite.com/2010/05/satellite-system-navigation-system-gnss.html တွင် စုစည်းရေးသားထားပါသည်။ ကျနော်တို့နိုင်ငံအနေဖြင့် ဂြိုဟ်တု တစ်လုံးတောင် မလွှတ်နိုင်သေးသောကြောင့် GPS Satellite အနည်းဆုံး ၃ လုံး၊ အများဆုံး ၃၀ လုံးကို အသုံးပြုရသည့် နေရာပြ စနစ်ကို တည်ဆောက်နိုင်ဖို့ လက်တလော မဖြစ်နိုင်သေးပေ။ သို့သော် ဂြိုဟ်တုပေါင်းများစွာက မြန်မာနိုင်ငံပေါ်မှ ဖြတ်သန်းသွားရာ Channel အားလုံး ကို ဖမ်းမိနိုင်သော Receiver တစ်ခု တီထွင်နိုင်ပါက ပြည့်စုံပြီဖြစ်သည်။ မြေပြင် Antenna များ တည်ဆောက်ပြီး နေရာပြစနစ်အားလုံးမှ ဂြိုဟ်တုအားလုံးဆီမှ Signal များကို ဖမ်းယူနိုင်သော Receiver ဖြင့် Channel တစ်ခုချင်း ဖမ်းပြီး (တစ်ခု မရ တစ်ခု ဖမ်းပြီး) တည်နေရာကို ရှာဖွေနိုင်မည်။ NAVSTAR က ပိတ်လိုက်လျှင် GLONASS ကို ဖမ်းမည်။ GLONASS ထပ်ပိတ်လျှင် အခြား နိုင်ငံမှ စနစ် ကို ဖမ်းမည်။ ဤသို့ဖြင့် တစ်လိုင်းချင်း ဖမ်းပြီး အသုံးပြုနိုင်မည်ဖြစ်သည်။ အားလုံး ပိတ်သွားရင်တော့ ကျနော် MACS ဘွဲ့အတွက် လုပ်ခဲ့သော Research အတိုင်း Antenna Navigation System ကို ပြောင်းလဲ အသုံးပြုနိုင်ပေမည်။ ထို့ကြောင့် အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ Channel အားလုံးကို ဖမ်းနိုင်သော (Antenna Navigation System ကိုပါဖမ်းနိုင်သော) Receiver တစ်လုံး စမ်းသပ်ထုတ်လုပ်ရန်သာဖြစ်သည်။ အောင်မြင်သွားပါက မြန်မာနိုင်ငံအနေဖြင့် ငွေကုန်ကြေးကျများစွာကို ဖြတ်ကျော်နိုင်ပြီး ပူပင်ကင်းစွာ မည်သည့်နိုင်ငံကိုမျှ ဂရုမစိုက်ပဲ စနစ်ကောင်းတစ်ခုကို သုံးစွဲနိုင်မည်ဖြစ်သည်။




Idea №.5.


Google Map တွင် Right Click ထောက်ပြီး Direction နှစ်ခုကို စာဖတ်သူတို့ ရွေးဖူးကြလိမ့်မည်။ ထိုသို့ရွေးပါက မြေပုံပေါ်တွင် ရွေးချယ်လိုက်သော နေရာနှစ်ခုကို ကားဖြင်၊ ရထားဖြင့်၊ ခြေလျှင်ဖြင့် ဆက်သွယ်သွားလာနိုင်သော လမ်းကြောင်းများကို ပြသပေးသည်။ နောက်ထပ် စနစ်တစ်ခုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများရှိ မြို့ကြီးအချို့တွင်သာ အသုံးပြုနိုင်သေးသော Traffic Control System ဖြစ်သည်။ ဤစနစ်က မည်သည့်နေရာများတွင် ကားအများဆုံးကြပ်တတ်သည်၊ မည်သည့်မီးပွိင့်များက အမြဲပိတ်ဆို့တတ်သည် ကို အခြေခံပြီး Program ရေးထားခြင်းဖြစ်သည်။ ထိုစနစ်ကို အသုံးပြုပြီး မည်သည့်လမ်းကို ရွေးချယ်သွားပါက ယာဉ်ကြောပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ကြောင်း သိရှိနိုင်ပေသည်။ ယခု ကျနော် ပြောမည့် Idea မှာ ထိုစနစ် နှစ်ခု ပေါင်းစပ်အခြေခံပြီး တည်ဆောက်ထားသည်။

Receiver တစ်ခုတီထွင် ပြုလုပ်ရမည်။ ၎င်းတွင် မြေပုံနှင့် မြို့များကို အသေးစိတ်ဖော်ပြထားပြီး ယခု မိမိရောက်ရှိနေသော တည်နေရာကိုပါ ဖော်ပြထားရမည်။ ထိုမြေပုံပေါ်သို့ မိမိသွားလိုသော နေရာကို ထောက်လိုက်သည်နှင့် သွားနိုင်သည့် ရှိရှိသမျှ လမ်းကြောင်းအားလုံး ပေါ်လာရမည်။ ထို့နောက် မည်သည့်လမ်းမှ သွားလျှင် မည်မျှ အချိန်ကြာနိုင်မည်ကို ပြသရမည်။ ထို့နောက် Traffic များနှင့် အမြဲတမ်း ယာဉ်ကြောပိတ်ဆို့တတ်သော လမ်းများနှင့် ကြာချိန်များကို Program အတိုင်းတွက်ချက်ပြီး နောက်ဆုံး အရွေးချယ်သင့်ဆုံး၊ အချိန်အတိုဆုံးဖြင့် သွားနိုင်သော လမ်းကြောင်းကို ချက်ချင်း တွက်ထုတ်ပေးရမည့် စနစ်ဖြစ်သည်။

ထိုမျှမပြီးသေး။ အကယ်၍ မိမိသွားလိုသောနေရာက တည်တံ့နေသော အရာမဟုတ်ပဲ ရွေ့လျှားနိုင်သော အရာဖြစ်ပါက တစ်မျိုးတစ်ဖုံ ပြောင်းလဲ တွက်ချက်နိုင်ရမည်။ ဥပမာ - ကျနော်နှင့် ယခု စာဖတ်သူတို့ အချိန်တိုအတွင်း တွေ့ဆုံဖို့ လိုအပ်သည်ဆိုပါဆို့ ကျနော် ရောက်နေသောတည်နေရာနှင့် စာဖတ်သူရောက်နေသော တည်နေရာကို မြေပုံပေါ်တွင် ရွေးချယ်ကြမည်။ ထို့နောက် နှစ်ယောက်လုံးက တစ်ဦးဆီသို့ တစ်ဦး ဦးတည်လာရင်း အချိန်အနည်းဆုံးနှင့် နှစ်ဦးတွေ့ဆုံနိုင်သော တည်နေရာများကို လမ်းကြောင်းများပေါ်တွင် မြေပုံဖြင့် ပြသပေးမည်။ ထို့နောက် အရွေးချယ်သင့်ဆုံး လမ်းနှင့် သွားရမည့် စုံမှတ်ကို တွက်ထုတ်ပေးရမည့် စနစ်ဖြစ်သည်။

နောက်တစ်မျိုးမှာ စာဖတ်သူက ယခုရောက်ရှိနေသာနေရာမှ အခြားတစ်နေရာသို့အသွားတွင် ကျနော်က စာဖတ်သူနှင့် အရေးတကြီး တို့ဖို့လိုအပ်လာချိန်၊ စာဖတ်သူအနေဖြင့်လည်း သွားနေသည့် ခရီးစဉ်ကို ဖြတ်လို့ မဖြစ်ချိန်များတွင် စာဖတ်သူသူ သွားနေရာ လမ်းကြောင်း၌ ကျနော်နှင့် အချိန်တိုအတွင်း နှစ်ဦးလုံးရွေ့လျှားရင်း တွေ့နိုင်သော တည်နေရာတစ်ခုကို ဖြေထုတ် တွက်ချက်ပေးမည့် Program ဖြစ်သည်။

ဤစနစ် အောင်မြင်သွားပါက အချိန်ကြန့်ကြာမှုများစွာကို ကျော်လွားနိုင်ပြီး အရေးကြီးသော အခွင့်အရေးများကို ရယူနိုင်ခြင်း၊ ကယ်ဆယ်ရေးကိစ္စများကို အချိန်မှီ ဆောင်ရွက်နိုင်ခြင်း၊ ကာကွယ်ရေး ကိစ္စများကို အချိန်အနည်းငယ်အတွင်း ထိန်းသိမ်းနိုင်ခြင်းနှင့် အခြားသော ရွေ့လျှားနေသော အရာဝတ္ထုတိုင်း၊ ယာဉ်တိုင်းအတွက် အထောက်အကူ များစွာဖြစ်စေနိုင်ပေသည်။




(ကျနော် Supervisor နှင့် ဆွေးနွေးရင်း၊ Internet ပေါ်မှာ Googling လုပ်ရင်း ရရှိလာတဲ့ Idea တစ်ချို့ဖြစ်သည်။ စာဖတ်သူများ နားလည်မလည်တော့ ကျနော် မသိပါ။ အတက်နိုင်ဆုံးတော့ နားလည်စေမည့် စကားလုံးများဖြင့် ရေးသားထားပါသည်။ အမှားအယွင်းများ ရှိလျှင် သည်းခံပေးရန်နှင့် ပြင်ဆင်ပေးမည့်သူများကိုလည်း ကြိုဆိုပါ၏။ Idea №5 မှာ နောက် လာမည့် Conference အတွက် ကျနော်လုပ်နေသော Research ဖြစ်သည်။ လောလောဆယ် Model အတွက် Matlab နှင့် C# နှစ်ခုသုံးထား ရာ Dynamic နဲ့ ပက်သက်ပြီး ကောင်းကောင်းရေးနိုင်သူများထံမှ အကူညီ လိုနေပါသည်။ ကူညီပေးပါက ထိုက်တန်စွာ ကျေးဇူးဆပ်ပါမည်။ ကျေးဇူးတင်ပါသည်။)



အလင်းကဲ့သို့ လျှင်မြန်မှု၊ LHC နှင့် ကမ္ဘာကြီး အဆုံးသပ်ခြင်း  

Posted by ADMIN in


အလင်း၏ အလျှင် သည် တစ်စက္ကန့် တွင် ၂၉၉၇၉၂၄၅၈ မီတာ ရှိပြီး အလျှင်တကာ့ အလျှင်ထဲ တွင် အမြန်ဆုံးဖြစ် ဟူ၍လည်း ကျနော်တို့အားလုံး သိရှိခဲ့ပြီးဖြစ်သည်။

အလားတူ အရာဝတ္ထုတိုင်းကို သေးငယ်သော particals များဖြင့်တည်ဆောက်ထားသည်။ ထိုသေးငယ်သော အမှုန်ထဲတွင် atom လေးများ ပါဝင်ကြောင်း၊ ထို atoms ထဲတွင် nucleus ပါဝင်ပြီးထို nucleus အား electron မှာ သူနှင့် သက်ဆိုင်သော ပက်လမ်းအတိုင်း လှည့်ပတ်နေကြောင်းကို အလယ်တန်း ကျောင်းသားဘဝကတည်းက ရူပဗေဒ ဘာသာရပ်တွင် ကျနော်တို့ သင်ကြားခဲ့ပြီးဖြစ်သည်။

အကယ်၍ ထို proton လေး များ၏ အလျှင်သည် နေ၏ အလျှင်နှင့် တန်းတူ ရွေ့လျှားနေသည်ဆိုပါဆို့……။ ကျွန်ုပ်တို့ကမ္ဘာကြီး တစ်ခုလုံး မည်သို့ ဖြစ်သွားမည်နည်း ??။ ကမ္ဘာကြီးတစ်ခုလုံး အဆုံးသပ်သွားပါလိမ့်မည်။ ဗွီဒီယို ဖိုင်ကိုကြည့်ပါ။








၎င်းကိစ္စနှင့် ပက်သက်ပြီး ဥရောပ အဏုမြူသုတေသန အဖွဲ (French Conseil Européen pour la Recherche Nucléaire) က Large Hadron Collider (LHC) ဟုခေါ်သော စမ်းသပ်မှုတစ်ခု ကို ပြုလုပ်ခဲ့သည်။ French Conseil Européen pour la Recherche Nucléaire (CERN) သည် Switzerland နိုင်ငံ Geneva မြို့ တွင် တည်ရှိပြီး နိုင်ငံအသီးသီးမှ အင်ဂျင်နီယာနှင့် ဝန်ထမ်းပေါင်း ၁၁၁ ယောက် အမှုထမ်းလျှက်ရှိသည်။ LHC သည် လွန်ခဲ့သော နှစ်ပေါင်း ၇၀ မှ ယခုအချိန်ထိ ကမ္ဘာပေါ်တွင် particle accelerators နှင့် ပက်သက်ပြီး အပြည့်စုံ အကောင်းမွန်ဆုံးး ရလဒ် နှင့် နာက်ဆုံးရလဒ် ဖြစ်သည်။

Proton များ၏ရွေ့လျှားမှုကို စမ်းသပ်ရန်အတွက် မြေအောက်တွင် အရှည် ၂၇ ကီလိုမီတာ၊ အဝန်း ၅၀ မီတာ မှ ၁၇၅ မီတာ ကျယ်ဝန်း သော ဥမင် လှိုဏ်ခေါင်းရှည်ကြီးကို Switzerland နိုင်ငံနှင့် France နိုင်ငံ အောက်တွင် ဆက်သွယ် တည်ဆောက် ပြီး စမ်းသပ်ရန် စီစဉ်ခဲ့ကြသည်။ ပထမဆုံး accelerator ထဲသုံး အလွန်သေးငယ်သော မှုန်သေးသေးလေး များကို ထည့်ပြီး negative charge များကို ဖယ်ရှားကာ positive charge (proton) များကို ကျန်ရှိစေရမည်။ ထိုအမှုန်လေးများသည် ထိုသို့ရွေ့လျှားနိုင်ရန်အတွက် Collider ဘေးတစ်လျှောက်တွင် လျှပ်စစ်ဆွဲအားနှင့် သံလိုက်ဆွဲအားများ ထားရှိမည်ဖြစ်သည်။ Collider အတွင်း အပူချိန်မှာ ၂၇၁ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ အမှုန်များသည် ဆန့်ကျင်ဖက် လမ်းကြောင်းအတိုင်း မြင့်မားသော လေဟာနယ်ထဲတွင် အစ ပထမတွင် အလင်း အလျှင်၏ ၉၉.၆ ရာခိုင်နှုန်း မှ တဖြည်းဖြည်းပိုမြန်လာပြီး ၉၉.၉ ရာခိုင်နှုန်း ထိ လျှင်မြန်စွာ ရွေ့လျှားသွားလာတော့သည်။

ထို သုသေသနကို ၂၀၀၈ ခုနှစ် စက်တင်ဘာ လ တွင် proton မှုန်လေးများဖြင့် ပထမဆုံးအကြိမ် စမ်းသပ်ခဲ့သည်။ စက်တင်ဘာ ၁၉ တွင် လိုအပ်သည်များကို ဖြည့်စွက် ပြင်ဆင်ခဲ့ပြီး ၂၀၀၉ နိုဝင်ဘာလ ၂၀ ရက်နေ့တွင်တွင် အောင်မြင်စွာ သုတေသန ပြုနိုင်ခဲ့သည်။ ၂၀၁၃ တွင် နောက်တစ်ကြိမ် ထပ်မံ သုတေသနပြုရန် စီစဉ်ထားပြီး လေ့လာသူအချို့က ၂၀၁၂ ကမ္ဘာပျက်မည့် သတင်းသည် ဤကိစ္စကြောင့်ဖြစ်သည်ဟု ပြောဆိုမှုများရှိနေသည်။






3D Photos



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com