Posted
by Admin
in
နိုင်ငံရေး,
ခေါင်းဆောင်မှု

တပ်မတော်ဟာ လွတ်လပ်ရေး
ကြိုးပမ်းမှု သမိုင်းကြောင်းနဲ့ အတူ ယှဉ်တွဲ ပေါ်ပေါက်လာ ခဲ့တဲ့ တပ်မတော်
ဖြစ်တယ်။ ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) အဖြစ် တို့တပ်မတော်ရဲ့ ဖခင်
ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင် စတင်ဖွဲ့စည်း ခဲ့ကြပြီး နယ်ချဲ့
ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး တွေကနေ လွတ်လပ်ရေး ရသည် အထိ ပြည်သူကို
ဦးဆောင် လက်တွဲ တိုက်ပွဲဝင် ခဲ့တဲ့ တပ်မတော် ဖြစ်တယ်။
ယနေ့ အချိန်အထိ
အရေးကြုံတိုင်း ပြည်တွင်း ပြည်ပ အန္တရာယ် အသွယ်သွယ်ကို တိုက်ဖျက်
ချေမှုန်းရင်း နိုင်ငံတော်နဲ့ ပြည်သူတွေ အတွက် မားမား မတ်မတ် ရပ်တည်
ကာကွယ်ပေး ခဲ့တဲ့ အစဉ်အလာ ကောင်းတွေနဲ့ ပြည့်ဝ နေတဲ့ တပ်မတော် တစ်ရပ်
ဖြစ်တယ်။
ကိုယ်ကျင့် တရား
ကောင်းတဲ့ ခေါင်းဆောင်ဟာ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နဲ့ ညွှန်ကြားချက်
တွေကို လေးစား လိုက်နာတယ်။ ဘာသာရေး၊ လူမှုရေး၊ အဆုံးအမ တွေနဲ့အညီ
နေထိုင်တယ်၊ မိမိကိုယ်ကို တန်ဖိုးထား သလို သူတစ်ပါး ကိုလည်း အလေးထားတယ်။
ဣနြေ္ဒ သိက္ခာ ရှိရှိ တည်ကြည်စွာ နေထိုင်ပြုမူ တတ်တယ်။ လိုချင် မက်မောတဲ့
လောဘနည်းပြီး ရောင့်ရဲမှု ရှိတယ်။ ဒီလို ကောင်းမွန်တဲ့ ကိုယ်ကျင့် တရားနှင့်
အညီ လက်အောက်ငယ်သား တွေကိုလည်း မှန်ကန်စွာ လမ်းပြ ဦးဆောင်တယ်။
ခေါင်းဆောင်ငယ်တွေ
ဖြစ်ကြတဲ့ ရဲဘော်တို့ဟာ လုပ်ချင်ကိုင်ချင် စိတ်နဲ့အတူ ဆန္ဒတွေကို ရှေ့တန်း
တင် လွန်းရင် မမှားသင့် တာတွေ မှားတတ်တယ် ဆိုတာကို အထူး သတိပြု ဖို့
လိုတယ်။ ဆန္ဒကို ဦးစား မပေးဘဲ လုပ်သင့် မလုပ်သင့် မှန်ကန်စွာ
ဝေဖန်ပိုင်းခြား ကြရမယ်။
တပ်မတော်သား တွေဟာ ၂၄ နာရီ တာဝန် ထမ်းဆောင်
ကြသူတွေ ဖြစ်သော်လည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ရသင့် ရထိုက်တဲ့
သက်သာ ချောင်ချိမှုတွေ၊ ခွင့် ခံစားမှုတွေ၊ ကိုယ်ပိုင် အနားယူ ချိန်တွေ၊
အားကစားနဲ့ ပျော်ရွင်ချိန်တွေ မျှတစွာ ရရှိခံစား နိုင်အောင် စီမံ ဆောင်ရွက်
ပေးကြရမှာ ဖြစ်တယ်။
နိုင်ငံတော် အပေါ် ကျရောက် လာမယ့် ပြည်တွင်းပြည်ပ အန္တရာယ်
အသွယ် သွယ်ကို သူရ သတ္တိရှိရှိ တိုက်ခိုက် ချေမှုန်း လုပ်ကိုင် ဆောင်ရွက်
တတ်အောင်၊ ခေါင်းဆောင်ကောင်း တစ်ဦး အနေနဲ့ သိအပ်၊ တတ်အပ်တဲ့ စစ်ပညာ၊
ဝိဇ္ဇာနဲ့ သိပ္ပံ ဆိုင်ရာ အတက် ပညာတွေ တက်မြောက်အောင်၊ ရိုးသား တည်ကြည်
ဖြောင့်မတ်သော အကျင့် စာရိတ္တကောင်း (Honour) များနဲ့ ပေးအပ်တဲ့ တာဝန်တွေ
ကျေပွန်စွာ ထမ်းဆောင် တတ်အောင် လေ့ကျင့် သင်ကြား လမ်းပြပေးခဲ့ပြီး ဖြစ်တယ်။
ဒီကနေ့
ကမ္ဘာပေါ်မှာ နည်းပညာတွေ အချိန်နဲ့ အမျှ ပြောင်းလဲ တိုးတက် နေတာ နဲ့အတူ
စစ်ဘက်နည်း ပညာတွေ၊ စစ်လက်နက် ပစ္စည်းတွေ ဟာလည်း လိုက်ပါ ပြောင်းလဲ
တိုးတက်နေပြီး စစ်နည်းဗျူဟာ တွေပါ ပြောင်းလဲလာတာ တွေ့ကြရမှာ ဖြစ်တယ်။
ဒီကနေ့ ခေတ်မှာ စဉ်ဆက် မပြတ် လေ့လာ သင်ယူမှု မပြုကြရင် ခေတ်နောက်ကျ
ကျန်နေခဲ့မှာ ဖြစ်တယ်။ ယခင်က သတင်း နည်းပညာ တိုးတက်မှု မရှိသေး ချိန်မှာ
တိုက်စွမ်းအားနဲ့ ပက်သက်ရင် စစ်ကစားမှု၊ ပစ်အား၊ အကာအကွယ်နဲ့ ခေါင်းဆောင်မှု
ဆိုတဲ့ အချက် (၄) ချက်နဲ့ တိုင်းတာ သတ်မှတ် ခဲ့ကြပေမယ့် ယနေ့ခေတ်မှာ သတင်း
အချက်အလက် ရရှိအသုံးပြု နိုင်မှု ဆိုတဲ့ အချက်ကိုပါ ထည့်သွင်း စဉ်းစား လာကြ
ရတယ်။ ဒီလို ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲနေမှု တွေကို သိရှိနိုင်ဖို့
ရဲဘော်တို့ ဘ၀ တစ်လျှောက်လုံးမှာ လေ့လာ သင်ယူမှု တွေကို စဉ်ဆက်မပြတ်
လုပ်ဆောင် နေကြရမှာ ဖြစ်ယ်။ သင်ယူမှုတွေ၊ လေ့လာမှု တွေက ရရှိတဲ့ ပညာရပ်
တွေကို ကောင်းစွာ ကျွမ်းကျင်ဖို့ အမြဲ လေ့ကျင့် နေကြရမှာ ဖြစ်ပြီး သင်ယူ
လေ့လာ လေ့ကျင့်မှုတွေ အတိုင်းလည်း လက်တွေ့ နယ်ပယ်မှာ လိုက်နာ လုပ်ဆောင်
အသုံးချ ကြဖို့ မှာကြား လိုတယ်။
နိုင်ငံတော် ကာကွယ်ရေး စွမ်းရည် မြင့်မားတိုးတက် လာစေဖို့ တပ်မတော်ကို
ခေတ်မီတိုးတက် ပြောင်းလဲအောင် ဆောင်ရွက်ရာမှာ Standard Army အဖြစ်
ရောက်ရှိအောင် မျှော်မှန်း ဆောင်ရွက်နေချိန် ဖြစ်လို့ ရဲဘော်တို့ အနေနဲ့
လည်း တို့တပ်မတော်ရဲ့ တိုးတက်ပြောင်းလဲ ဆောင်ရွက်နေမှု တွေနဲ့အညီ
အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစား ဆောင်ရွက် နေကြဖို့မှာကြားလိုတယ်။
တို့တပ်မတော်ရဲ့
အဓိက တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန် ဖြစ်တယ်။ နိုင်ငံတော်ရဲ့
အချုပ်အခြာ အာဏာကို ကာကွယ်ရန်၊ နိုင်ငံတော်ရဲ့ ရေထု၊ မြေထု၊ လေထုကို
ကာကွယ်ရန်၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ရန်၊ တိုင်းရင်းသား များ၏ အသက်
အိုးအိမ် စည်းစိမ်နှင့် အကျိုးစီးပွားကို ကာကွယ်ရန်နဲ့ ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် သွားရမှာ
ဖြစ်တယ်။
ဒီကနေ့
၂၁ ရာစု ခေတ်ကြီးမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး
စတာတွေဟာ တစ်ခုစီ တစ်ခုစီ သီးခြား ရပ်တည် မနေတော့ဘဲ တစ်ခုနဲ့ တစ်ခုဟာ
အလွန်မှကို ချိတ်ဆက်ယှက်နွှယ် နေကြတယ်။ ကမ္ဘာပေါ်မှာ နေရာဒေသ တစ်ခုရဲ့
စီးပွားရေး ပြောင်း လဲ ဖြစ်ပေါ်မှု တွေကြောင့် ကမ္ဘာ့ အခြားနေရာ တွေမှာ
စီးပွားရေး သာမက နိုင်ငံရေး၊ စစ်ရေး အရပါ သက်ရောက်မှုတွေ ဖြစ်ပေါ်လေ့ ရှိတယ်။
အလားတူပဲ အခြား နိုင်ငံ အင်အားကြီး နိုင်ငံအချို့ရဲ့ နိုင်ငံရေး အယူအဆ၊
အခင်းအကျင်း ပြောင်းလဲမှုကြောင့် အခြားနိုင်ငံ တွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊
စီးပွားရေးတွေ အပေါ် သက်ရောက်မှု တွေလဲ ဖြစ်လာ တတ်တယ်။ ဒါကြောင့် ရဲဘော်တို့
ခေါင်းဆောင် ငယ်တွေ အနေနဲ့ စစ်ရေးဆိုင်ရာ လေ့လာ အာရုံစိုက်မှု သာမက
ဆက်နွယ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာ
ရေးရာတွေမှာပါ ကျွမ်းဝင်သိရှိ နေအောင် ယခုကတည်းက လေ့လာ သွားကြ ဖို့ မှာကြား
လိုတယ်။ ဒါမှသာ အမိ စစ်တက္ကသိုလ်ရဲ့ နောင်တစ်ခေတ်၏ အောင်စစ်သည် ဆိုတဲ့
ဆောင်ပုဒ်နဲ့ အညီ နိုင်ငံတော်နဲ့ တပ်မတော် အတွက် အလေးထားရတဲ့
ခေါင်းဆောင်ကောင်းတွေ အဖြစ် ပေါ်ထွန်း လာမှာ ဖြစ်တယ်။
နိဂုံးချူပ် အနေနဲ့ မှာကြား လိုတာကတော့
-တပ်မတော်ရဲ့ အစဉ်အလာ (၁၂)ရပ်ကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက် သွားကြပါ။
-ကိုယ်ကျင့်တရား ကောင်းတဲ့၊ စည်းကမ်းကောင်းတဲ့၊ စွမ်းရည်ထက်မြက်တဲ့ ခေါင်းဆောင်တွေ ဖြစ်အောင် မိမိ ကိုယ်မိမိ တည်ဆောက်သွားကြပါ။
-ခေတ်နဲ့အညီ
ရင်ဘောင်တန်း နိုင်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူမှု၊ လေ့ကျင့်မှုနဲ့
လိုက်နာလုပ် ဆောင်မှု များကို ဆက်လက်ဆောင်ရွက် သွားကြပါ။
-စိမ်ခေါ်မှုများကို
ရင်ဆိုင်ကျော်လွှား နိုင်သည့် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော
ခေတ်မီ မျိုး ချစ်တပ်မတော် တည်ဆောက်ရေးတွင် အလေးထားပါဝင် ဆောင်ရွက်
သွားကြပါ။
-အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို
ဦးထိပ်ထားပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူ့ အကျိုးပြု
လုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားကြပါ။
-အမိ စစ်တက္ကသိုလ်၏
ဂုဏ်ကို ဆောင်နိုင်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် နောင်တစ်ခေတ်၏
ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြပါလို့
မှာကြားရင်း နိဂုံးချုပ် လိုက်တယ်။
Posted
by Admin
in
ခေါင်းဆောင်မှု

၁။ သိလိုစိတ် ပြင်းပြမှု (Curiosity)
ခေါင်းဆောင် တစ်ယောက်အနေနဲ့ မိမိလုပ်ငန်း အဖွဲ့အစည်းအတွက် အကျိုးရှိစေနိုင်မဲ့ အရာမှန်သမျှကို သိလိုစိတ် ပြင်းပြမှု ရှိတာကို ပြရမယ်။ သူ့ရဲ့ လုပ်ငန်း အ၀န်းအ၀ိုင်း အတွင်းမှာရှိနေတဲ့ ဟုတ်ပါ့၊မှန်ပါ့ ပြောနေတဲ့ အုပ်စုရဲ့ အပြင်ဘက်က လူတွေ ပြောတာကို နားထောင်ရမယ်။ ကမ္ဘာကြီးက ကြီးမားပြီး ရှုပ်ထွေးတဲ့ နေ၇ာတစ်ခု ဖြစ်နေတဲ့အတွက် အကျိုး ရှိစေမယ့် စာအုပ် စာတမ်းတွေကို သိလိုစိတ် ပြင်းပြတဲ့စိတ်နဲ့ ဖတ်ရမယ်။ နိုင်ငံတကာရဲ့အညွှန်းစာသားအရ Good leaders are good listeners လို့ ခေါ်ကြတယ်။
အကယ်၍ ခေါင်းဆောင်တစ်ဦး အနေနဲ့ သူနေထိုင်နေရတဲ့ အေးချမ်းတဲ့ နေရာရဲ့ပြင်ပကို မတူညီတဲ့ အတွေးတွေ နားထောင်နိုင်ဖို့ လျှောက်လှမ်း သွားလာပြီး ထဲထဲဝင်ဝင် မရှိရင် လန်းလန်းဆန်းဆန်း မရှိဘဲ ကြီးထွားနေရတာနဲ့ တူနေမှာ ဖြစ်တယ်လို့ ဆိုတယ်။ အဲဒီ ခေါင်းဆောင်က လူအများရဲ့ ယုံကြည်မှု မရခဲ့ရင် သူလုပ်ဆောင်မှုတွေ မှန်တယ် ဆိုတာကို သူကိုယ်တိုင် သိနိုင်မှာ မဟုတ်တော့ဘူးလို့ ဆိုတယ်။ လူတွေ ပြောတာကို နားထောင်နိုင်ဖို့ အရည်အချင်း မရှိတာက စိတ်ကြီးဝင်မှု ပုံစံတစ်ခု ဖြစ်တယ်။ ဒါက အရာရာ သူသိတယ် ဆိုတဲ့ အတ္တစိတ် (Ego)ကနေ စိတ်ကြီးဝင်မှု (Arrogance)ဖြစ်ပြီး ဘာကိုမှ ဂရုမစိုက်တော့တာမျိုး ဖြစ်သွားတယ်။ အဲဒီလိုဖြစ်တဲ့ ခေါင်းဆောင်တွေရဲ့ နောက်ဆုံး ရောက်ရှိမဲ့ နေရာက ဆုံးရှုံးမှု (failure)ပဲ ဖြစ်တယ်လို့ ဆိုတယ်။
A leader has to show CURIOSITY. He has to listen to people outside of the "Yes, sir" crowd in his inner circle. He has to read voraciously, because the world is a big, complicated place. George W. Bush brags about never reading a newspaper. "I just scan the headlines," he says. Am I hearing this right? He's the President of the United States and he never reads a newspaper? Thomas Jefferson once said, "Were it left to me to decide whether we should have a government without newspapers, or newspapers without a government, I should not hesitate for a moment to prefer the latter." Bush disagrees. As long as he gets his daily hour in the gym, with Fox News piped through the sound system, he's ready to go.
If a leader never steps outside his comfort zone to hear different ideas, he grows stale.
If he doesn't put his beliefs to the test, how does he know he's right? The inability to listen is a form of arrogance. It means either you think you already know it all, or you just don't care. Before the 2006 election, George Bush made a big point of saying he didn't listen to the polls. Yeah, that's what they all say when the polls stink. But maybe he should have listened, because 70 percent of the people were saying he was on the wrong track. It took a "thumping" on election day to wake him up, but even then you got the feeling he wasn't listening so much as he was calculating how to do a better job of convincing everyone he was right.
၂။ ဆန်းသစ်မှု (Creativity)
ခေါင်းဆောင်က မိမိဒုံရင်း နေရာကနေထွက်ပြီး မတူညီဘဲ ကွဲပြားမှုတစ်ခုခု ဘာတွေ ရှိနေတယ်ဆိုတာကို ကြိုးစားရှာဖွေလိုစိတ် ရှိရမှာဖြစ်တယ်။ မိမိနေရာ ပြင်ပကိုထွက်ပြီး တွေးတောမှုတွေ ရှိရမယ်။ ခေါင်းဆောင်မှု ဆိုတာက ပြောင်းလဲမှုကို စီမံခန့်ခွဲတာဖြစ်လို့ သင်က ကုမ္ပဏီ တစ်ခုခုကို ဦးဆောင်နေရတာ ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေရတာ ဖြစ်စေ ပြောင်းလဲမှုတွေ အားလုံးကို စီမံခန့်ခွဲနိုင်ရမယ်။ အရာရာက ပြောင်းလဲနေတာ ဖြစ်လို့ ဆန်းသစ်တဲ့ ရှာဖွေမှုတွေရှိရမယ်။ ရှိနေတဲ့ အခြေအနေ ကနေ ပြောင်းလဲမှု.နဲ.လိုက်လျောညီထွေဖြစ်အောင် (သို.) တိုးတက်အောင်လုပ်ရမယ်။
A leader has to be CREATIVE, go out on a limb, be willing to try something different. You know, think outside the box. George Bush prides himself on never changing, even as the world around him is spinning out of control. God forbid someone should accuse him of flip-flopping. There's a disturbingly messianic fervor to his certainty. Senator Joe Biden recalled a conversation he had with Bush a few months after our troops marched into Baghdad. Joe was in the Oval Office outlining his concerns to the President—the explosive mix of Shiite and Sunni, the disbanded Iraqi army, the problems securing the oil fields. "The President was serene," Joe recalled. "He told me he was sure that we were on the right course and that all would be well. 'Mr. President,' I finally said, 'how can you be so sure when you don't yet know all the facts?'" Bush then reached over and put a steadying hand on Joe's shoulder. "My instincts," he said. "My instincts." Joe was flabbergasted. He told Bush, "Mr. President, your instincts aren't good enough." Joe Biden sure didn't think the matter was settled. And, as we all know now, it wasn't.
Leadership is all about managing change—whether you're leading a company or leading a country. Things change, and you get creative. You adapt. Maybe Bush was absent the day they covered that at Harvard Business School.
၃။ ဆက်သွယ်ဆောင်ရွက်မှု (Communication)
ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဆက်သွယ် ဆောင်ရွက်မှု.တွေ အမြဲ ပြုလုပ်နေဖို. လိုအပ်တယ် ။ ပါးစပ်ကနေ ပြောနေရုံ သက်သက် မဟုတ်ဘဲ တကယ့် အမှန်တရားကို ရင်ဆိုင်ပြီး အမှန်ပြောဆိုတာကို ဆိုလိုတာဖြစ်တယ်။ ဆက်သွယ် ဆောင်ရွက်မှုကို အမှန်ပြောဆိုတာနဲ့ အစပြုရမယ်။ နာကြည်း ဖွယ်ရာဖြစ်ခဲ့မယ်ဆိုရင်တောင်မှ အမှန်ကို ပြောဆိုရမှာ ဖြစ်တယ်။ ဒါကြောင့် ခေါင်းဆောင်တွေက ဆက်သွယ် ဆောင်ရွက်မှု ကောင်းတွေ (Leaders are good communicators) လို့လည်း ဆိုကြတာ ဖြစ်တယ်။
A leader has to COMMUNICATE. I'm not talking about running off at the mouth or spouting sound bites. I'm talking about facing reality and telling the truth. Nobody in the current administration seems to know how to talk straight anymore. Instead, they spend most of their time trying to convince us that things are not really as bad as they seem. I don't know if it's denial or dishonesty, but it can start to drive you crazy after a while. Communication has to start with telling the truth, even when it's painful. The war in Iraq has been, among other things, a grand failure of communication. Bush is like the boy who didn't cry wolf when the wolf was at the door. After years of being told that all is well, even as the casualties and chaos mount, we've stopped listening to him.
၎။ အကျင့်စာရိတ္တကောင်းမွန်သူ (Character)
ခေါင်းဆောင် တစ်ယောက်က အကျင့်စာရိတ္တ ကောင်းသူ ဖြစ်ရမယ်။ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားပြီး မှန်တာကို လုပ်ရဲရမယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တကို စမ်းသပ်ချင်ရင် သူ့ကို အာဏာပေးကြည့် လိုက်ပါလို့ အီဗရာဟင်လင်ကွန်းက ဆိုခဲ့တယ်။
A leader has to be a person of CHARACTER. That
means knowing the difference between right and wrong and having the guts
to do the right thing. Abraham Lincoln once said, "If you want to test a
man's character, give him power." George Bush has a lot of power. What
does it say about his character? Bush has shown a willingness to take
bold action on the world stage because he has the power, but he shows
little regard for the grievous consequences. He has sent our troops (not
to mention hundreds of thousands of innocent Iraqi citizens) to their
deaths—for what? To build our oil reserves? To avenge his daddy because
Saddam Hussein once tried to have him killed? To show his daddy he's
tougher? The motivations behind the war in Iraq are questionable, and
the execution of the war has been a disaster. A man of character does
not ask a single soldier to die for a failed policy.
၅။ သတ္တိရှိမှု (Courage)
ခေါင်းဆောင်မှာ သတ္တိရှိရမယ်၊ ကြောက်ရွံ့ နေသူတွေ အကြားမှာ ထောင်ထောင်ထောင်ထောင် သွားပြတာက သတ္တိရှိတာ မဟုတ်ဘူး။ ကြမ်းကြမ်း တမ်းတမ်း ပြောတာကလည်း သတ္တိရှိတာ မဟုတ်ဘူး။ သတ္တိရှိတယ် ဆိုတာက တွေ.ဆုံ ညှိုနှိုင်း စကားဝိုင်းမှာထိုင်ပြီး ကတိက၀တ် ထားရှိစကား ပြောဆိုနိုင်မှု ဖြစ်တယ်လို့ဆိုတယ်။
A leader must have COURAGE. I'm talking about balls. (That even goes for female leaders.) Swagger isn't courage. Tough talk isn't courage. George Bush comes from a blue-blooded Connecticut family, but he likes to talk like a cowboy. You know, My gun is bigger than your gun. Courage in the twenty-first century doesn't mean posturing and bravado. Courage is a commitment to sit down at the negotiating table and talk.
If you're a politician, courage means taking a position even when you know it will cost you votes. Bush can't even make a public appearance unless the audience has been handpicked and sanitized. He did a series of so-called town hall meetings last year, in auditoriums packed with his most devoted fans. The questions were all softballs.
၆။ လုပ်ချင် ကိုင်ချင် စိတ် ပြင်းပြမှု. (Conviction)
ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို. မိမိ ယုံကြည်ချက်အတိုင်း လုပ်ကိုင်လိုစိတ် စိတ်ဓါတ် ခွန်အား ရှိရပါမယ် ။ ပြင်းပြ ထက်သန်တဲ့ စိတ်ဝင်စားမှု. လည်း ရှိဖို.လိုပါတယ် ။ လိုအပ်ရင် မိမိ အနားယူရမယ့် အချိန်မှာတောင် အလုပ်လုပ်နိုင်ရပါမယ် ။
To be a leader you've got to have CONVICTION—a fire in your belly. You've got to have passion. You've got to really want to get something done. How do you measure fire in the belly? Bush has set the all-time record for number of vacation days taken by a U.S. President—four hundred and counting. He'd rather clear brush on his ranch than immerse himself in the business of governing. He even told an interviewer that the high point of his presidency so far was catching a seven-and-a-half-pound perch in his hand-stocked lake.
It's no better on Capitol Hill. Congress was in session only ninety-seven days in 2006. That's eleven days less than the record set in 1948, when President Harry Truman coined the term do-nothing Congress. Most people would expect to be fired if they worked so little and had nothing to show for it. But Congress managed to find the time to vote itself a raise. Now, that's not leadership.
၇။ လူအများ၏ ချစ်ခင်လေးစားနိုင်မှု (Charisma)
လူအများရဲ့ ချစ်ခင်လေးစားနိုင်စေမှုက လူတွေကို သင့်နောက်ကနေ လိုက်အောင် ပြုလုပ်နိုင်တဲ့ အရည်အသွေး ဖြစ်တယ်။ လူတွေကို စိတ်အားထက်သန်မှု ရှိစေတဲ့ အရည်အချင်း ဖြစ်တယ်။ လူတွေက သူ့ကို ယုံကြည်တဲ့အတွက် သူ့နောက်ကနေ လိုက်ကြတာ ဖြစ်တယ်။
A leader should have CHARISMA. I'm not talking about being flashy. Charisma is the quality that makes people want to follow you. It's the ability to inspire. People follow a leader because they trust him. That's my definition of charisma. Maybe George Bush is a great guy to hang out with at a barbecue or a ball game. But put him at a global summit where the future of our planet is at stake, and he doesn't look very presidential. Those frat-boy pranks and the kidding around he enjoys so much don't go over that well with world leaders. Just ask German Chancellor Angela Merkel, who received an unwelcome shoulder massage from our President at a G-8 Summit. When he came up behind her and started squeezing, I thought she was going to go right through the roof.
၈။ ကျွမ်းကျင်လိမ္မာမှု (Competent)
ခေါင်းဆောင် တစ်ယောက်မှာ ကျွမ်းကျင် လိမ္မာမှုရှိရမယ်။ မိမိလုပ်နေတဲ့လုပ်ငန်းတွေနဲ့ ဆက်စပ်တာတွေ အားလုံးကို သိနေရမယ်။ ပိုအရေးကြီးတာက သင်ကိုယ်တိုင်ရဲ့ ၀န်းကျင်မှာရှိနေတဲ့ သူတွေကလည်း သူတို့ ဘာတွေ လုပ်နေတာလည်းဆိုတာ သိနေတဲ့ လူတွေ ဖြစ်ဖို့လိုတယ်။ ခေါင်းဆောင်က ပြသာနာ ဖြေရှင်းနိုင်သူတစ်ဦး ဖြစ်ဖို့ လိုတယ်။
A leader has to be COMPETENT. That seems obvious, doesn't it? You've got to know what you're doing. More important than that, you've got to surround yourself with people who know what they're doing. Bush brags about being our first MBA President. Does that make him competent? Well, let's see. Thanks to our first MBA President, we've got the largest deficit in history, Social Security is on life support, and we've run up a half-a-trillion-dollar price tag (so far) in Iraq. And that's just for starters. A leader has to be a problem solver, and the biggest problems we face as a nation seem to be on the back burner.
၉။ လက်တွေ့ကျကျ တွေးတောတတ်မှု (Common Sense)
အကယ်၍ သင့်မှာ လက်တွေ့ကျကျ တွေးတောတတ်မှု မရှိရင် ခေါင်းဆောင်တစ်ယောက် မဖြစ်နိုင်ဘူးလို့ဆိုတယ်။ ခေါင်းဆောင်က ခိုင်မာတဲ့ စိတ်ဓာတ် ရှိရမယ်။ ကြီးမားတဲ့ အပြုံးပိုင်ရှင် တစ်ယောက် ဖြစ်ရမယ်။ ဆုတ်စရာရှိရင် ညင်ညင်သာသာ ဆုတ်တတ်ရမယ်။ လုပ်စရာရှိရင် မြန်မြန်ထက်ထက် လုပ်တတ်ရမယ်။ အကယ်၍ သင်က လူသားဆန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ သင့်ရဲ့ ကြောင်းကျိုး ခိုင်လုံစေမှုနဲ့ လက်တွေ့ကျကျ တွေးတတ်မှု လိုအပ်တယ်။
You can't be a leader if you don't have COMMON SENSE. I call this Charlie Beacham's rule. When I was a young guy just starting out in the car business, one of my first jobs was as Ford's zone manager in Wilkes-Barre, Pennsylvania. My boss was a guy named Charlie Beacham, who was the East Coast regional manager. Charlie was a big Southerner, with a warm drawl, a huge smile, and a core of steel. Charlie used to tell me, "Remember, Lee, the only thing you've got going for you as a human being is your ability to reason and your common sense. If you don't know a dip of horseshit from a dip of vanilla ice cream, you'll never make it." George Bush doesn't have common sense. He just has a lot of sound bites. You know—Mr.they'll-welcome-us-as-liberators-no-child-left-behind-heck-of-a-job Brownie-mission-accomplished Bush.
၁၀။ အကျဉ်းအကျပ်ထဲကနေ ဖောက်ထွက်နိုင်မှု (Crisis)
မည်သူမှ ခေါင်းဆောင်အနေနဲ. မွေးဖွားလာတာ မဟုတ်ပါဘူး ။ ခေါင်းဆောင်ဆိုတာ ဖန်တီး ဖြစ်ပေါ်လာတာပါ ။ ခေါင်းဆောင်ဆိုတာ အကျဉ်းအကျပ် ကာလအတွင်းမှာ ပုံသွင်း ခံရသူနဲ့ လမ်းထွင်နိုင်သူ ဖြစ်တယ်။ ခုံပေါ်မှာ ခြေထောက်တင်ပြီး စာတွေ့တွေ ပြောရတာက လွယ်ကူပေမဲ့ လက်တွေ့မှာ ဖြစ်လာတဲ့ အခက်အခဲတွေ ၊ အကျဉ်းအကျပ် ဖြစ်မှုတွေကနေ အောင်မြင်အောင် လမ်းထွင်နိုင်သူ ဖြစ်မှသာ ခေါင်းဆောင် တစ်ယောက် ဖြစ်လာနိုင်တယ်။ ကံတရား ထက် တကယ့် ဖြစ်ရပ်တွေ ပေါ် အခြေခံပြီး အခက် အခဲ ဒုက္ခတွေ.တိုင်း ပြည်သူတွေနဲ. ထပ်တူခံစား ၊ ပြည်သူတွေအတွက် စိတ်ချ လုံခြုံမှု.ကို ပေးစွမ်းနိုင်သူဖြစ်ရမယ် ။
The Biggest C is Crisis Leaders are made,
not born. Leadership is forged in times of crisis. It's easy to sit
there with your feet up on the desk and talk theory. Or send someone
else's kids off to war when you've never seen a battlefield yourself.
It's another thing to lead when your world comes tumbling down. On
September 11, 2001, we needed a strong leader more than any other time
in our history. We needed a steady hand to guide us out of the ashes.
Where was George Bush? He was reading a story about a pet goat to kids
in Florida when he heard about the attacks. He kept sitting there for
twenty minutes with a baffled look on his face. It's all on tape. You
can see it for yourself. Then, instead of taking the quickest route back
to Washington and immediately going on the air to reassure the panicked
people of this country, he decided it wasn't safe to return to the
White House. He basically went into hiding for the day, and he told Vice
President Dick Cheney to stay put in his bunker. We were all frozen in
front of our TVs, scared out of our wits, waiting for our leaders to
tell us that we were going to be okay, and there was nobody home. It took
Bush a couple of days to get his bearings and devise the right photo op
at Ground Zero. That was George Bush's moment of truth, and he was
paralyzed. And what did he do when he'd regained his composure? He led
us down the road to Iraq, a road his own father had considered
disastrous when he was President. But Bush didn't listen to Daddy. He
listened to a higher father. He prides himself on being faith based, not
reality based. If that doesn't scare the crap out of you,I don't know
what will.
(ဆီလျှော်အောင် ဘာသာပြန်ဆိုသည်)
Posted
by Admin
in
နိုင်ငံရေး,
အတွေးမှတ်စုများ,
ခေါင်းဆောင်မှု

- လူသည် နိုင်ငံရေး သတ္တဝါဖြစ်သည်။
Human is political animal. (Aristotle)
- ကျွန်ုပ်တို့သည် ဒဿနိကများ နေရာတွင် နိုင်ငံရေးများ ဝင်ရောက်နေရာ ယူလာသည့် ကမ္ဘာကြီးထဲ၌ နေထိုင်နေကြသည်။
We live in a world in which politics has replaced philosophy. (Martin L. Gross, A Call for Revolution, 1993)
- နိုင်ငံရေး ဆိုသည်မှာ သွေးမြေကျခြင်း မရှိသည့် စစ်ပွဲတစ်ပွဲဖြစ်ပြီး။ စစ်ပွဲ ဆိုသည်မှာ သွေးထွက်သံယို မှုများ ပြည့်နေသော နိုင်ငံရေး ဖြစ်သည်။
Politics is war without bloodshed, while war is politics with bloodshed. (Mao Zedong)
- နိုင်ငံရေးဆိုသည်မှာ စစ်ပွဲများကဲ့သို့ စိတ်လှုပ်ရှားစရာ ကောင်းသလို အန္တရာယ်လဲ ကြီးပေသည်။ စစ်ပွဲတွင် တကြိမ်သာ အသတ်ခံရနိုင်သော်လည်း နိုင်ငံရေးတွင် အကြိမ်ကြိမ်အသတ်ခံရနိုင်သည်။
Politics are almost as exciting as war, and quite as dangerous. In war you can only be killed once, but in politics many times. (Winston Churchill)
- ကျွန်ုပ်တို့ အစိုးရများကို အရာအားလုံးလုပ်ဖို့ မစောင့်သင့်ပေ။ ကမ္ဘာတဝှမ်းလုံး အင်တာနက်ခေတ် ရောက်နေချိန်၌ အစိုးရတိုင်းက သဘာဝအရကို နှေးကွေးလာနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ အဆင့်တိုင်း၊ ခြေလှမ်းတိုင်းအတွက် နိုင်ငံရေးထောက်ပံ့မှု့များဖြင့် တည်ဆောက် နေရသောကြောင့် ဖြစ်သည်။
We cannot wait for governments to do it all. Globalization operates on Internet time. Governments tend to be slow moving by nature, because they have to build political support for every step. (Kofi Annan)
- တရားဝင်ပြောရေးဆိုပိုင်ခွင့်ရှိသူအား မည်သူမျှ မယုံကြပေ။ သို့သော် အမည်မဖော်လိုသော သတင်းအရင်းအမြစ်တစ်ခုဆိုလျှင်တော့ လူတိုင်းယုံတတ်ကြ၏။ (ရွန်နက်ဆင်း)
- နိုင်ငံရေးသမားများ အတွက် အပန်းဖြေရန် အချိန်မရှိပါ။ ၎င်းတို့သည် အမြဲတမ်း နိုင်ငံရေး ဘဝ၊ အာဏာ၊ ဂုဏ်အရှိန်အဝါ၊ ပျော်ရွှင်မှု့ များထက် ကျော်လွန်ပြီး တခုခုကို ရည်ရွယ်နေကြသည်။
Politicians also have no leisure, because they are always aiming at something beyond political life itself, power and glory, or happiness. (Aristotle)
- နိုင်ငံရေးသမား ကို ကလေးအနှီးများကဲ့သို့ မကြာခဏ လဲပေးသင့်သည်။
Politicians and diapers should be changed frequently and all for the same reason. (José Maria de Eça de Queiroz, translated from Portuguese)
- ကျွန်ုပ်တို့ အနေနဲ့ အကောင်းဆုံး၊ အတော်ဆုံး လူတစ်ယောက်ကို မဲပေးချင်ပါသည်။ သို့သော် ထိုကဲ့သို့သူမျိုးသည် မည်သည့်အခါမှ ဝင်ရောက် အရွေးခံသူ မဟုတ်ပေ။
We'd all like to vote for the best man, but he's never a candidate. (Frank McKinney "Kin" Hubbard)
- နိုင်ငံရေးဆိုသည်မှာ နှစ်ဖက်စလုံးကို အကာကွယ်ပေးဖို့ အာမခံပေးရင်းဖြင့် လူဆင်းရဲတို့ ထံမှ မဲရယူခြင်းနှင့် လူချမ်းသာများထံမှ ကမ်းပိန်းအတွက် ထောက်ပံ့ကြေးရယူခြင်း ဆိုသည့် နူးညံ့သိမ်မွေ့သော အနုပညာ တစ်မျိုးဖြစ်သည်။
Politics is the gentle art of getting votes from the poor and campaign funds from the rich, by promising to protect each from the other. (Oscar Ameringer)
- နိုင်ငံရေးသမားဆိုတာနေရာတိုင်းမှာ အတူတူပဲ။ သူတို့ဟာ မြစ်မရှိတဲ့နေရာမှာတံတားဆောက်ပေးဖို့ ကတိပြုတတ်ကြတယ်။
Politicians are the same all over. They promise to build a bridge even where they is no river. (Nikita Khrushchev)
- ငါတို့ဟာ တိုင်းပြည်အတွက် ယုံကြည်ချက်များစွာ ရှိကြတယ်။ ခက်တာက ငါတို့ ယုံကြည်ချက်တွေကို ပုံအပ်ဖို့ လူကောင်းတွေ နည်းနေတာပဲ။
We have plenty of Confidence in this country, but we are a little short of good men to place our Confidence in. (Will Rogers)
- နိုင်ငံရေးဆိုသည်မှာ အမှား၊ အမှန် ဆိုတာ ထက် လက်ဝဲ၊ လက်ယာ ဝါဒ များနဲ့ ပိုဆက်နွယ်နေသလိုပါပဲ။
Politics, it seems to me, for years, or all too long, has been concerned with right or left instead of right or wrong. (Richard Armour)
- လူအချို့သည် ယင်းတို့ချမှတ်ထားသည့် စည်းကမ်းများအတွက် ပါတီကို ပြင်ကြ၏။ အချို့မှာ ပါတီအတွက် ယင်းတို့ ချမှတ်ထားသည့် စည်းကမ်းများကို ပြင်ကြ၏။
Some men change their party for the sake of their principles; others their principles for the sake of their party. (Winston Churchill)
- လူတစ်ယောက်အား အရှိန်အဝါကြီးမားစေသည့် အရည်အသွေး (အရည်အချင်း) ဆိုသည်မှာ ထို အရှိန်အဝါ ရဖို့အတွက် ဦးဆောင်ခဲ့သည့်အရာမဟုတ်ပါ။ ထို အရှိန်အဝါအား မည်သို့ အကျိုးရှိရှိ၊ အမြော်အမြင်ရှိစွာဖြင့် သုံးစွဲခြင်းသာ ဖြစ်သည်။
The qualities that get a man into power are not those that lead him, once established, to use power wisely. (Lyman Bryson)
- သင့်ရဲ့ မိသားစု ဆွေစဉ်မျိုးဆက် အကြောင်း နောက်ကြောင်းကောက်ဖို ပိုက်ဆံကုန်မခံပါနှင့်။ နိုင်ငံရေးသာ လုပ်လိုက်ပါ။ သင့်ပြိုင်ဖက်များက သင့်အတွက် လုပ်ပေးပါလိမ့်မယ်။
Why pay money to have your family tree traced; go into politics and your opponents will do it for you. (Author Unknown)
- နိုင်ငံရေး အသိုင်းအဝိုင်းမှာ အမျိုးသမီး နိုင်ငံရေးသမားတွေ နည်းရတဲ့ အကြောင်းရင်းကတော့ သူတို့အတွက် မျက်နှာ နှစ်မျက်နှာကို မိတ်ကပ်လိမ်းဖို့ ဒုက္ခရောက်လို့ပဲ။
The reason there are so few female politicians is that it is too much trouble to put makeup on two faces. (Maureen Murphy)
- နိုင်ငံရေးသမား တစ်ယောက်အား မြို့တော်အတွက် သော့ပေးလိုက်ခြင်းထက် သော့ခလောက် လဲ လိုက်ခြင်းက ပိုကောင်း၏။
Instead of giving a politician the keys to the city, it might be better to change the locks. (Doug Larson)
- လူလတ်တန်းစား အများစု ပါဝင် ထိန်းချုပ်ထားသည့် နိုင်ငံရေးမှသာလျှင် ပြီးပြည့်စုံသည့် နိုင်ငံရေးအသိုင်းအဝိုင်း ဖြစ်လိမ့်မည်။
The most perfect political community is one in which the middle class is in control, and outnumbers both of the other classes. (Aristotle)
- သာမန် နိုင်ငံရေးသမား တစ်ဦးသည် နောင်လာမည့် ရွေးကောက်ပွဲအတွက် စဉ်းစား၏။ အတွေ့အကြုံရှိသည့် ဝါရင့် နိုင်ငံရေးခေါင်းဆောင်တို့သည် နောင်မျိုးဆက်အတွက် စဉ်းစားသည်။
A politician thinks of the next election; a statesman thinks of the next generation. (James Freeman Clarke, Sermon)
- ဒီမိုကရေစီဆိုသည်မှာ သင် သဘောမကျမှု၊ စိတ်တိုင်းမကျမှု အနည်းဆုံးသော သူကို မဲပေးခွင့်ရှိခြင်းဖြစ်သည်။
Democracy is being allowed to vote for the candidate you dislike least. (Robert Byrne)
- သင့်တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးနိုင်လဲ မမေးပါနဲ့၊ သင့်တိုင်းပြည်အတွက် သင် ဘာလုပ်ပေးနိုင်လဲ အရင်ဖြေပါ။
Ask not what your country can do for you. (John F Kennedy)
Posted
by Admin
in
ဘာသာရေး,
ခေါင်းဆောင်မှု
Posted
by Admin
in
ခေါင်းဆောင်မှု

"ယနေ့မှစပြီး တပ်မတော်ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် ကြမယ့် ရဲဘော်တို့ဟာ နောင်တစ်ချိန်မှာ နိုင်ငံတော်တာဝန်နှင့် တပ်မတ်ာတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်တယ်။
ရဲဘော်တို့ဟာ စစ်ရေးအမြင်တစ်ခုတည်းရှိနေရုံဖြင့် မလုံလောက်တော့ဘူး။ စစ်ရေးဆိုတာ နိုင်ငံရေးနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေသကဲ့သို့ နိုင်ငံရေး ဆိုတာကလဲ စီးပွားရေးနှင့် အပြန်အလှန် မှီတည်လျှက် ရှိနေတယ်။
ယနေ့ဆင်နွှဲနေသော ခေတ်သစ်စစ်ပွဲများဟာ လက်နက်ကိုင်တိုက်ခိုက်တဲ့ စစ်ရေးသက်သက်မဟုတ်တော့ဘဲ Multi Dimensional Warfare ဆိုတဲ့ ဘက်စုံစစ်ပွဲအသွင်ဖြင့် ဆင်နွှဲနေသကဲ့သို့ စစ်ရေးမဟုတ်သော စိမ့်ဝင်မှုများဖြင့်လည်း စိမ့်ဝင်တိုက်ခိုက်နေတာကို တွေ့မြင်လာရတယ်။
ဒါ့ကြောင့် ရဲဘော်တို့ဟာ စစ်ရေးအမြင်သာမက နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင် နှင့် နိုင်ငံတကာရေးရာ အမြင်များဖြင့်ပါ ပြည့်စုံနေအောင် အမြဲကြိုးစား ဆောင်ရွက်ဖို့လိုအပ်တယ်။
အဲဒီလို ပြည့်စုံနေမှလည်း နောင်တစ်ခေတ်၏ အောင်စစ်သည်ဆိုသည့် စစ်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်မှ အားထားရသော လက်ရုံးရည်၊ နှလုံးရည် နှင့် ပြည့်စုံသည့် ခေါင်းဆောင်များ ဖြစ်လာမှာ ဖြစ်တယ်။"
«တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ၀၉-၁၂-၂၀၁၁ ရက်နေ့ မိန့်ခွန်းမှ ကောက်နှုတ်ချက်»
Posted
by ADMIN
in
ခေါင်းဆောင်မှု
Posted
by ADMIN
in
ခေါင်းဆောင်မှု

ဖြစ်နိုင်တာတွေနဲ့ စတင်ပါ။
ခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်း ဆိုတာ အောင်ပွဲပဲ။
အချိန် မည်မျှကြာအောင် ကြိုးစားခဲ့ခြင်းသည် အဓိကမဟုတ်။ အောင်မြင်မှုကို ဖမ်းဆုပ်နိုင်မှု သည်သာ အဓိက ဖြစ်သည်။ အချိန် ကြာကြာတိုက်ရင် ဓားတုံးတယ်။ ဓားထက်တုန်းမှာ အချိန်မဆွဲပါနဲ့။
ဆုပေး၊ ဒဏ်ပေး စနစ် ဆိုတာ နေရာ ဌာနတိုင်း၊ အဖွဲ့အစည်း တိုင်းမှာ ရှိသင့်တဲ့ စနစ်တစ်ခု။
လက်အောက် ငယ်သားတွေကို လူမမာ တစ်ယောက်ကဲ့သို့ သဘောထားပြီး ကြည့်ရှုပေးပါ။ သင်ချောက်ထဲ ဆင်းလျှင် လိုက်ဆင်း ကြပါလိမ့်မယ်။ သင့်အတွက် အသက်စွန့်ဖို့ အသင့် ရှိနေ ကြပါလိမ့်မယ်။
သေသေချာချာ အကွက်ချ ပြင်ဆင်လေ အောင်ပွဲရဖို့ ပိုမိုနီးစပ်လေပဲ။ ပြင်ဆင်မှု အားနည်းရင် အောင်မြင်မှု ဆိုတာ မသေချာဘူး။ ဘာမှ ပြင်ဆင်တွက်ဆမှု မရှိဘူးဆိုရင် တော့ စဉ်းစား သာကြည့်တော့။ ဒီတစ်ခုကိုကြည့်ပြီး အောင်မြင်မလား၊ ရှုံးနိမ့်မလား အတိအကျ ပြောနိုင်တယ်။
ပက်ဝန်းကျင်ကို လေ့လာပါ။ မိမိ ကိုယ်ကို သဘောပေါက်ပါ။ ဒါဆိုရင် အောင်မြင်မှုနဲ့ မလွဲပါဘူး။
အောင်မြင်မှုကို ကြိုပြီး သိနေတဲ့ သူဟာ အောင်ပွဲရဖို့ ၁၀၀% သေချာတယ်။ စစ်မရောက်ခင် မြား ကုန်နေရင် တော့ အောင်ပွဲနဲ့ဝေးဖို့ ကျိန်းသေပဲ။
ရှေ့ရေးကိုတွေးပါ၊ ဥာဏ်ကို လွှာသုံးပါ အခက်အခဲ ဟူသမျှကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
နေရာတကာ လိုက်ကာကွယ်နေရင် နေရာတိုင်းက ပျော့ကွက်ဖြစ်နေလိမ့်မယ်။
နာမည်လိုချင်စိတ်ကိုရှောင်ပါ၊ အကဲ့ရဲ့ခံရမှာကို မကြောက်နဲ့။
ခေါင်းဆောင်ကောင်း တွေဟာ မိမိမှာရှိတဲ့ အားသာချက်၊ အားနည်းချက်တွေကို အမြဲ တွက်ဆနေတယ်။ အားသာချက်တွေကို စဉ်းစားပြီး စီမံချက်ကို အသက်ဝင်အောင် လုပ်တယ်။ အားနည်းချက်ကို စဉ်းစားပြီး ဆင်ခြင်နိုင်ဖို့ ကြိုးစားတယ်။
ရောက်ရာအရပ်မှာ မိတ်ဆွေဖွဲ့ပါ။ သဘာဝနဲ့ ကိုက်ညီအောင် နေထိုင်ပြောဆိုပါ။ သဘာဝနဲ့ ဆန့်ကျင်နေသော အရာများကို အထူးဂရုပြုပါ။
အချိန်ဆွဲတတ်ခြင်းက အဆိုးဆုံးပြဿနာ။
ထွက်ပေါက်မရှိတော့တဲ့ လူတွေဟာ ဖြစ်သလို ခံချတတ်တယ်၊ ရွေးစရာလမ်း ပိတ်နေသူတွေဟာ ကြောက်စိတ်ပျောက်ပြီး မိုက်ရူးရဲ ဖြစ်သွားတတ်တယ်။
လူတိုင်းဟာ အမှားနဲ့ မကင်းပါဘူး။ အမှားနည်းအောင်၊ အမှားများများ မလုပ်မိအောင်ပဲနေပါ အောင်မြင်ပြီးသား ဖြစ်ပါလိမ့်မယ်။
အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲပါ။ အရာရာတိုင်းကို မူသေ ဘယ်တော့မှ တွက်မထားပါနဲ့။
ဖြစ်ပေါ်လာမယ့် အခြေအနေ အားလုံးကို အဆိုးဆုံးထိ တွက်ပြီး ကြိုတင်ပြင်ဆင်ထားပါ။ အဆိုးဆုံး အတွက် အစဉ်သင့် မဖြစ်လျှင် ဖရိုဖရဲနဲ့ ဇာတ်သိမ်းရလိမ့်မည်။
တစ်စုံတစ်ယောက်က ကိုယ့်ကို အချိန်မရွေး ကန်ချနိုင်တယ်။ အခြေခိုင်အောင် လုပ်ထားပါ။
မြှောက်ပင့်မှုမှာ မသာယာမိစေရန် သတိထားပါ။ ဖွဲတစ်ဆုပ် မ နိုင်သူဟာ ခွန်အားကြီးသူမဟုတ်။ နေတွေ လတွေမြင်သူဟာ အမြင်စူးရှသူမဟုတ်၊ မိုးခြိမ်းသံကို ကြားသူဟာ နားပါးသူမဟုတ်။
ကိုယ်ချင်းစာ ညှာတာတတ်ပါ။ စည်းကမ်း ကိုတော့ တင်းတင်းကိုင်ပါ။
ကိုယ်တိုင် စည်းကမ်းလိုက်နာပါ။ ဖောက်ဖျက်သူကိုလည်း ထိုက်သင့်တဲ့ အပြစ်ပေးပါ။
အောင်မြင်မှုကို အရှည်တည်တန့်ဖို့ အဓိကလိုအပ်တာတွေက
1. ခံယူချက်၊
2. ဥာဏ်ပညာ၊
3. အမြော်အမြင်ကြီးမှု၊
4. စိတ်ထားကောင်းမွန်မှု၊
5. ကြင်နာတတ်မှု၊
6. သတ္တိ ဗျတ္တိ နဲ့
7. ပြက်သားမှု ။
Posted
by ADMIN
in
ခေါင်းဆောင်မှု
Leadership is the art of getting someone else to do something you want done because he wants to do it.
I must follow the people. Am I not their leader?
Good leaders must first become good servants.
The key to successful leadership today is influence, not authority.
The leadership instinct you are born with is the backbone. You develop the funny bone and the wishbone that go with it.
Delegating work works, provided the one delegating works, too.
Only one man in a thousand is a leader of men -- the other 999 follow women.
I cannot give you the formula for success, but I can give you the formula for failure: which is: Try to please everybody.
I not only use all the brains that I have, but all that I can borrow.
The very essence of leadership is that you have to have vision. You can't blow an uncertain trumpet.
The best executive is the one who has sense enough to pick good men to do what he wants done, and self-restraint to keep from meddling with them while they do it.
You do not lead by hitting people over the head - that's assault, not leadership.
I am a man of fixed and unbending principles, the first of which is to be flexible at all times.
The only safe ship in a storm is leadership.
Whoever is providing leadership needs to be as fresh and thoughtful and reflective as possible to make the very best fight.
If I have seen farther than others, it is because I was standing on the shoulder of giants.
I start with the premise that the function of leadership is to produce more leaders, not more followers.
If you're not confused, you're not paying attention.
The art of leadership is saying no, not yes. It is very easy to say yes.
Some leaders are born women.
Leadership and learning are indispensable to each other.
The final test of a leader is that he leaves behind him in other men, the conviction and the will to carry on.
The difference between the impossible and possible lies in a person's determination.
Leaders don't wait. They shape their own frontiers. The bigger thechallenge, the greater the opportunity.
Leadership is not a one-day thing. It is a constant commitmentto excellence, a habit . . . a daily practice.
Challenge yourself all the days of your life.
Nothing will ever be attempted if all possible objections mustfirst be overcome.
Posted
by ADMIN
in
ခေါင်းဆောင်မှု