စာပေလေ့လာဆည်းပူးခြင်း  

Posted by ADMIN in


၁။ စာဖတ်ခြင်းသည် နှစ်သက်မှုကို ပေး၏၊ ဂုဏ်သရေ တင့်စေ၏၊ စွမ်းရည်လည်း ထက်မြက်စေ၏။

နှစ်သက်မှုကို စာ၌တစ်ကိုတည်း ငြိမ်းအေး မွေ့လျှော်ခြင်းဖြင့် ရနိုင်၏။ စကားလိမ္မာ ပြောဆိုရာ၌ စာသည် ဂုဏ်သရေတင့်သော အဆင်တန်ဆာ ဖြစ်လာ၏။ စာကပေးသော စွမ်းရည်ကား လုပ်ငန်း ဆောင်တာတို့ ဆုံးဖြတ်သည့်အခါ အရေးပါလာ၏။ အကြောင်းမူ တစ်ခုခြင်းသော အကြောင်းအရပ်တို့ကို ဆောင်ရွက်ရာ၌ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်သူတို့ သိနားလည်တတ်၊ ခန့်ခွဲတတ်ကြသည် မှန်သော်လည်း အထွေထွေ နှီးနှောတိုင်ပင်မှု၊ အရေးကြီး ကိစ္စကြီးငယ်တို့အတွက် စီမံကြံဆမှု ပြုရမည့်အခါတို့တွင် စာပေနှံ့စပ်သူတို့ ထံမှသာ အကောင်းဆုံး အကြံဥာဏ်များ ထွက်လာ တတ်သောကြောင့်တည်း။

Studies serve for delight, for ornament, and for ability. Their chief use for delight is in their private ness and retiring; for armament, is in discourse; and for ability, is in the judgment and disposition of business; for experiment can excuse, and perhaps judge of particulars, one by one; but the general counsels, and the plots and marshalling of affairs, come best from those that are learned.

၂။ သို့သော် စာဖတ်ခြင်း၌ အချိန်များစွာ သုံးစွဲခြင်းသည် ပျင်းရိမှုသာဖြစ်သည်။ စာကို အဆင် တန်ဆာအဖြစ် သုံးစွဲလွန်းခြင်း သည်လည်း ၀င့်ဝါမှုတစ်ခုဖြစ်၍ အရာရာကို စာပါ အဆိုအမိန့်တို့နှင့် တိုင်းတာ ဆုံးဖြတ်ခြင်းမှာ စာသမားတို့၏ ရယ်ရွှင်ဖွယ် အချက်တစ်ရပ်ဟု ဆိုရပေမည်။

စာအုပ်စာပေသည် လူ၏ မူလ အသိဥာဏ်ကို ပြည့်ဝအောင် ဖြည့်တင်းပေးသည်။ သို့သော် စာပါ အဆိုအမိန့်ဟူသည် အတွေ့အကြုံအားဖြင့်သာ အနှစ်သာရ ပြည့်ဝလာရသည်။ အကြောင်းမူ လူ၌ ပင်ကိုသဘာဝ စွမ်းရည်များသည် အလေ့ကျပေါက်ပင်များနှင့် တူပေရာ ၎င်းကို စာတွေ့အသိဖြင့် တိညှိပေးရန် လိုအပ်တတ်သည်။ အလားတူ စာအုပ် စာပေများ သည်လည်း လမ်းညွန်ချက်တွေ အလွန်အကျွံ ပေးလှသည်ဖြစ်ရာ အတွေ့အကြုံဖြင့် ညှိနှိုင်း ထိန်းကွပ်မှု ပြုရန်လိုအပ်ပြန်၏။

လူတတ်လူနပ်တို့က ပညာရှာမှု လေ့လာဆည်းပူးမှု ဟူသည်ကို မထေမဲ့မြင်ပြုကြ၏ အသိအမြင် ရိုးသူတို့ကမူ စာပေပညာကို လေ့လာအံ့ချီးကြ၏ ပညာရှိသူတို့ကသာ ယင်းအား အသုံးချတတ်ပေသည်။ အကြောင်းမူ စာအုပ်စာပေတို့ အနေနှင့် ယင်းတို့အား မည်သို့ အသုံးချနိုင်ကြောင်း သင်ပြခြင်း မရှိသောကြောင့် ဖြစ်၏။ ထိုအသိဥာဏ်ကား ယင်းတို့၏ အပြင်ဘက် ယင်းတို့အထက်မှာရှိပြီး ရှုမှတ်ဆင်ခြင်မှုဖြင့်သာ ရရှိနိုင်သည့် အရာဖြစ်ပေသည်။

To spend too much time in studies, is sloth; to use them too much for ornament, is affectation; to make judgment wholly by their rules, is the humor of a scholar; they perfect nature, and are perfected by experience for natural abilities are like natural plants, that need pruning by study; and studies themselves do give forth directions too much at large, except they be bounded in by experience. Crafty men contemn studies, simple men admire them, and wise men use them, for they teach not their own use; but that is a wisdom without them, and above them, won by observation.

၃။ စာဖတ်သည် ဆိုရာ၌ ငြင်းခုံဝေဖန်ရန်၊ တစ်ဖက်လူ မှားကြောင်း သက်သေသက္ကာယ ပြရန် သက်သက် အတွက် မဖတ်နှင့်။ ပြောသမျှယုံကြည်ရန်၊ သူဆိုတိုင်း လက်ခံရန်ဖတ်ခြင်းမျိုးလည်း မဖြစ်စေနှင့်။ အလားတူ ပြောစရာဆိုစရာ ရရုံအတွက်မျှလည်း မဖတ်နှင့်။ အကျိုးအကြောင်း စဉ်းစားဆင်ခြင်ရန် ညှိနှိုင်းချင့်ချိန်ရန် အတွက်သာ ဖတ်ခြင်းဖြစ်ပါစေ။

အချို့စာအုပ်များသည် မြည်းစမ်းရန် အတွက်သာဖြစ်သည်။ အချို့သည် မြိုချရန်ဖြစ်ပြီး၊ အနည်းငယ် မျှသည်သာ ညက်ညက်ဝါးကာ အစာကြေအောင် ချေရန်ဖြစ်သည်။ ဆိုလိုသည်ကား အချို့စာအုပ်များသည် တစ်စိတ်တစ်ပိုင်း မျှသာဖတ်ရန်ဖြစ်သည်။ အချို့ကိုမူ ဖတ်တော့ဖတ်မည်၊ သို့သော် အသေးစိတ် လိုက်ရန်မဟုတ်၊ အချို့စာအုပ် အနည်းငယ်မျှကိုသာ အလုံးစုံ ကုန်စင်အောင် အာရုံစူးစိုက်မှု အပြည့်ဖြင့် ကြိုးစား အားထုတ် ဖတ်ရှုရမည်ဖြစ်သည်။

တစ်ဖန် အချို့စာအုပ်များကို တစ်ဆင့်ခံအားဖြင့်ဖတ်နိုင်၏။ သူတစ်ပါး ကောက်နုတ်ချက် ထုတ်ထားသည်များကို ဖတ်ခြင်းမျိုးဖြစ်၏။ သို့သော် ဤသည်က အရေးမကြီးလှသော အကြောင်းအရပ်မျိုး၊ အထူးဂရုပြုဖွယ် မလိုသည့် စာအုပ် စာတမ်းမျိုး အတွက်သာသင့်၏။ အကြောင်းမူ အနှစ်ချုပ် ထုတ်ထားသော စာအုပ်ဟူသည် ပေါင်းခံရေများကဲ့သို့ ပေါ့ရွှတ်ရွှတ် ဖြစ်နေတတ်သောကြောင့်တည်း။

စာဖတ်ခြင်းသည် လူအားပြည့်ဝစေ၏၊ ဆွေးနွေး ပြောဆိုခြင်းသည် အသင့်ပြင်ဆင်ပြီးဖြစ်စေ၏၊ ရေးမှတ်ခြင်းက တိကျစေပေသည်။ ထို့ကြောင့် အကြင်သူသည် ရေးကူးမှတ်သားမှု နည်းသူဖြစ်အံ့ ထိုသူ၌ အလွန်ကြီးသော မှတ်ဥာဏ်လိုအပ်မည်။ ဆွေးနွေးဖြေဆိုမှုနည်းသူကား ဇ၀နဥာဏ်ရွှင်နေမှ တော်ပေမည်။ ထိုနည်းတူ စာဖတ်နည်းသူသည်လည်း တကယ်မသိပဲ သိချင်ယောင်ထင်ရရန်အတွက် အလွန်ပါးစသူ လျှင်သူတစ်ဦးဖြစ်ရန် လိုအပ်သည်။

Read not to contradict and confute, nor to believe and take for granted, nor to find talk and discourse, but to weigh and consider. Some books are to be tasted, others to be swallowed, and some few to be chewed and digested; that is, some books are to be read only in parts; other to be read, but not curiously; and some few to be read wholly, and with diligence and attention. Some books also may be read by deputy, and extracts made of them by others; but that would be only in the less important arguments, and the meaner sort of books; else distilled books are, like common distilled waters, flashy things. Reading market a full man, conference a ready man, and writing an exact man; and, therefore, if a man write little, he had need have a great memory; if he confer little, he had need have a present wit; and if he read little, he had need have much cunning, to seem to know that he doth not.

၎။ စာအမျိုးမျိုးတို့အနက် သမိုင်းကျမ်းတို့သည် ဖတ်သူအား အမြင်ကျယ်စေသည်။ ကဗျာစာဆိုတို့ကမူ ကွန့်မြူးသော ဥာဏ်ဖြင့် ထူးကဲရှုမြင်တတ်စေသည်။ သင်္ချာကား လျင်မြန်သောဥာဏ်ကို ပေးသည်။ သဘာဝသိပ္ပံသည် ဗဟုသုတကို နက်ရှိုင်းကြွယ်ဝစေပြီး ဒဿနက တည်ကြည် လေးနက်စေသည်။ ယုတ္တိဗေဒနှင့် ၀စနာလင်္ကာရ(အာဝဇ္ဇန်း) ပညာများကမူ သူတပါးနှင့် ရင်ဆိုင်ယှဉ်ပြိုင် ပြောဆိုနိုင်ပေသည်။

ဖတ်သောစာတို့သည် ဖတ်သူ၏ စရိုက် လက္ခဏာများ အဖြစ်သို့ ကူးပြောင်းကြမြဲဖြစ်၏။

ဤမျှမကသေး အသိပညာကိစ္စနှင့် ပတ်သက်လျှင် သင့်တင့်လျှောက်ပတ်သော လေ့လာ ဆည်းပူးမှုများအားဖြင့် ရှင်းလင်းဖယ်ရှား၍ မရသော အနှေင့်အယှက် အဟန့်အတားဟူသည်လည်း မရှိပေ။ ခန္ဓာကိုယ်၌ဖြစ်သော ရောဂါတို့ကို သင့်တင့်လျှောက်ပတ်သော လေ့ကျင့်ခန်းများအားဖြင့် ကုစားနိုင်သကဲ့သို့တည်း။ ပမာဆိုသော် တစ်သားလုံးလှိမ့် ကစားနည်းသည် ကျောက်ကပ်နှင့် ကျောက်တည်ခြင်းတို့အတွက် ကောင်း၏။ လေးပစ်ခြင်းသည် အဆုတ်နှင့် ရင်ဘက်တို့အတွက် ကောင်း၏။ လမ်းဖြည်းဖြည်း လျှောက်ခြင်းသည် အစာအိမ်အတွက် ကောင်း၏ စသဖြင့်။

ထိုနည်းတူစွာ၊ အကယ်၍ တစ်စုံတစ်ယောက်သည် အကြောင်းအရာ တစ်ခုတွင် စူးစိုက်မရ အာရုံပျံ့လွင့်တက်သည် ဖြစ်ငြားအံ့၊ သူ့အား သင်္ချာကို လေ့လာစေခြင်းဖြင့် ကုစားနိုင်ပါ၏ အကြောင်းမူ စိတ်အနည်းငယ် ပျံ့လွင့်သွားသည်နှင့်တစ်ပြိုင်နက် အစမှ ပြန်ကောက်ရမည် ဖြစ်သောကြောင့်တည်း။ အကယ်၍ သူသည် ဤအရာနှင့် ထိုအရာ မခွဲခြားတတ် ၊ ကွဲပြားပုံကို မမြင်တတ်သည် ဖြစ်ငြားအံ့။ သူ့အား အလည်ခေတ် ဥရောပဒဿန ဆရာတို့၏ ကျမ်းများကို လေ့လာဖတ်ရှုစေရာ၏။ အဆိုပါဆရာများသည် "စမုန်နက်စေ့ကို ထက်ခြမ်းခွဲသူများ" ဟူ၍ပင် အခေါ်ခံရလောက်သည့် ခွဲခြမ်းစိတ်ဖြာသမားများဖြစ်သည်။ အလားတူပင် အကယ်၍ ၎င်းသူသည် အကြောင်းကိစ္စတွေ ခေါင်းထဲမှာ မနိုင်မနင်း ပြောချင်သည့်အရာကတစ်ခု ဥဒါဟရုဏ် ဆောင်သည်ကတစ်ခြား ဆိုသည်မျိုး ဖြစ်စေသော် သူ့အား ရှေ့နေကျော်တို့၏ လျှောက်လဲချက်များကို လေ့လာစေရာ၏။

ဤသို့လျှင် ဦးနောက်အသိဥာဏ်ဆိုင်ရာ ချို့တဲ့ အားနည်းချက် မှန်သမျှအတွက် သီးသန့်ကုထုံးကိုယ်စီ ရရှိနိုင်ပေသည်။

Histories make men wise; poets, witty; the mathematics, subtitle; natural philosophy, deep; moral, grave, logic and rhetoric, able to contented; About studia in mores; nay, there is no stand or impediment in the wit, but may be wrought out by fit studies, like as diseases of the body may have appropriate exercises bowling is good for the stone and reins, shooting for the lunge and breast, gentle walking for the stomach, riding for the head and the like; so, if a man's wit be wandering, let him study the mathematics, for in demonstrations, if his wit be called away never so little, he must begin again; if his wills be not apt to dustingwish or find difference, let him study the schoolmen; for they are 'cymini sectors'; if he be not apt to beat over matters, and to call upon one thing to pore and illustrate another, let him study the lawyers cases so every defect of the mind may have a special receipt.




  • အသိပညာရှိဖို့ ဦးနောက်ကို ကျွေးရမယ့်အစာဟာ " စာဖတ်ခြင်း " ပါပဲ။
  • အတွေးအခေါ် ရင့်ကျက်တည်ငြိမ်အောင် စာအုပ်ကောင်းတွေ များများဖတ်ရမယ်။

  • စာများများ ဖတ်ရမယ်။ ဖတ်ပြီးသမျှ ပြန်စဉ်းစားပြီး တွေးရမယ်။ စဉ်းစားရသမျှ IDEA တွေကို လက်တွေ့ အကောင်အထည် ဖော်ဖို့ ကြိုးစားရမယ်။

  • စာအုပ်များသည် စိတ်၏ အဟာရဖြစ်သည်။

  • စာဖတ်ဖို့ အချိန်မရှိဘူးလို့ ညည်းညူပြောဆိုတက်သူဟာ တိုးတက်ရှင်သန်ခြင်းတံခါးကို အမြဲပိတ်ထားချင်တဲ့သူနဲ့ တူတယ်။



အတွေးမှတ်စုများ (၄)  

Posted by ADMIN in



  • ဒီလောကထဲမှာ လူတစ်ယောက်အနေနဲ့ တူဖြစ်ရင်တူ။ တူမဖြစ်ရင် ပေဖြစ်ရမှာပဲ။

  • ပြောသင့်တာနဲ့ လုပ်သင့်တာကို ချင့်ချိန် ခွဲခြားတက်တဲ့သူဟာ အောင်မြင်သူပဲ။

  • ငွေကို အရေးထားသူကို ငွေနဲ့ဆက်ဆံ။ မေတ္တာကို တန်ဖိုးထားတဲ့သူကို စေတနာနဲ့ဆက်ဆံ။

  • သည်းမခံနိုင်တဲ့အထိ သည်းခံတဲ့အခါ သည်းခံခြင်းရဲ့ အကျိုးကျေးဇူးကို ခံစားရပါလိမ့််မယ်။

  • မနက်ဖြန်အတွက် တွေးပြီး မပူပါနဲ့။ ယနေ့ အကောင်းဆုံးလုပ်ပါ။ ကံကြမ္မာက ကိုယ့်ဘက်က ရပ်တည် လာပါလိမ့်မယ်။

  • အချိန်ကို တန်ဖိုးထားပါ။ ဘ၀ဆိုတာ အချိန်တွေနဲ့ ဖန်တီး တည်ဆောက်ထားတဲ့အရာ။

  • အခက်အခဲတွေသာမရှိရင် လူ့ဘ၀ဟာ ပျင်းဆရာပါ အခက်အခဲတွေ ကျော်နိုင်မှ ပျော်ဖို့ကောင်းတာ။

  • စိတ်ချမ်းသာချင်ရင် ဘယ်အရာမဆို အကောင်းမြင်တဲ့ စိတ်နဲ့ ကြည့်ပါ။

  • ယှဉ်ပြိုင်ပြီဆိုလျှင် နိုင်ရင်နိုင်၊ မနိုင်ရင် ရှုံးမှာပဲ။ နိုင်တုန်းမှာ ခေါင်းမော့ချင်မော့ပါ၊ ရှုံးရင်တော့ ခေါင်းငုံ့ မပစ်လိုက်ပါနဲ့။

  • အသက်ရှင်နေသမျှ မျှော်လင့်ချက်ရှိတယ်။ မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ။

  • သူတပါးကို ကူညီတက်သူဟာ ကိုယ်အခက်အခဲ ကြုံတဲ့အခါ ကူညီမယ့်သူ အဆင်သင့်ပါ။


  • ဘာပဲလုပ်လုပ် စူးစူးစိုက်စိုက်နဲ့ ဇွဲလုံ့လ ရှိရင် အောင်မြင်ဖို့ရာ သေချာတယ်။

  • စဉ်းစားဆင်ခြင်မှုမရှိလျှင် သတိမရှိနိုင်ပါဘူး။ သတိ မရှိတဲ့သူဟာ အမှားများတတ်တယ်။

  • ပြင်းပြသော အလိုဆန္ဒမရှိပဲ မည်သည့်အရာမှ ကြီးကြီးကျယ်ကျယ် မအောင်မြင်နိုင်။

  • အခွင့်အရေးဆိုတာ လိုချင်တိုင်း ရတာမျိုးမဟုတ်၊ ရသင့်ရထိုက်အောင် ကြိုးပမ်းအားထုတ်နိုင်မှ ရတာ။

  • အခက်အခဲကို ကြောက်ရင် အမြင့်ဆုံးမရောက်၊ အခက်အခဲကို မကြောက်မှ အမြင့်ဆုံးရောက်မည်။

  • အောင်မြင်စေကြောင်း နည်းလမ်းကောင်းတစ်ခုမှာ အချိန်ကို လေးစား တန်ဖိုးထားခြင်းပဲ။

  • ထိုက်တန်တဲ့ အကျိုးခံစားမှုမျိုးလိုချင်ရင် အပင်ပန်းခံ ကြိုးစားပါ။ အရင်းအနှီး များလေလေ အကျိုးအမြတ် များလေလေပဲ။

  • ဘ၀ ဆိုတာ ဘာမှ မဟုတ် အလုပ်လုပ်ခြင်းသာ။


  • ရိုးသာ၊ နိုးကြား၊ ကြိုးစားမှုသည် အောင်မြင်မှု၏ သော့ချက်ဖြစ်သည်။

  • အခွင့်အရေးဆိုတာ မကြာခဏ ရတတ်တာမျိုးမဟုတ်ဘူး။ ရတုန်းယူထားလိုက်။ မလွတ်စေနဲ့။

  • ကေသရာဇာ ခြင်္သေ့မင်းတို့မည်သည် အစာငတ်သော်လည်း မြက်မစား။

  • သတိတရားလက်ကိုင်ထားပြီး အမှားနည်းအောင် ကြိုးစားပါ။



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com