I HAVE NOTHING  

Posted by ADMIN in

  • I have no parents.
    I make the heavens and earth my parents.

  • I have no home.
    I make awareness my home.

  • I have no life or death.
    I make the tides of breathing my life & death.

  • I have no divine power.
    I make honesty my divine power.

  • I have no fiend.
    I made my mind my friend.

  • I have no enemy.
    I make carelessness my enemy.

  • I have no armor.
    I make benevolences my armor.

  • I have no castle.
    I make immovable mind my castle.

  • I have no sword.
    I make absence of self my sword.



အတွေးမှတ်စုများ (၁၀)  

Posted by ADMIN in


  • ကျွန်ုပ်တို့ တစ်ယောက်ချင်းစီကို ကျွန်ုပ်တို့ ကြိုက်သလို သုံးဖို့ဆိုပြီး အချိန်တွေ အပြည့်အ၀ ပေးထားတယ်။ အဲဒီ အချိန်တွေကို ကျွန်ုပ်တို့ ကြိုက်သလို သုံးနိုင်တယ်။ ဒါပေမယ့် နောက် တစ်နေ့ ကိုတော့ ဘယ်တော့မှ ပြန်ရမှာ မဟုတ်ဘူး။


  • စတင်ပါ။ စတင်ခြင်းသည် အလုပ် တစ်ဝက် ပြီးခြင်းဖြစ်သည်။ ကျန်တစ်ဝက်ကို ထားလိုက်ပါဦး.......။
    နောက်တစ်ကြိမ်စတင်ပါ။ ထိုအခါ သင့်အလုပ် တစ်ခုလုံး ပြီးစီးသွားပါလိမ့်မည်။


  • အရူးတစ်ယောက်သာ ခြေနှစ်ဖက် စလုံးဆင်းပြီး ရေအတိမ်အနက်ကို စမ်းသပ်သည်။


  • ခြေထောက်ကို မထိန်းနိုင်သဖြင့် ငှက်တို့ ပိုက်ကွန်၌မိကြ၏။ လျှာကိုမထိန်းနိုင်သဖြင့် လူတို့ စိတ်ဆင်းရဲမှုတို့၌ ငြိကြ၏။


  • ပေါင်းသင်း ဆက်ဆံရေးတွင် စကားသည် အလွန် အရေးကြီးပေ၏။ ပညာရှိတို့သည် စကားမပြောမီ စဉ်းစားကြ၏၊ လူမိုက်တို့သည် ပြောပြီးမှ မိမိဘာပြောလိုက်သည်ကို ပြန်စဉ်းစားတတ်ကြ၏။


  • လူ့ဘ၀ အောင်မြင်ခြင်းတရား ၁၀ ပါးတွင် ပေါင်းသင်းဆက်ဆံရေးမှာ အဓိက အချက်တစ်ချက် အနေဖြင့် ပါဝင်သည်။


  • အပေါင်းအသင်း မိတ်ဆွေများနှင့် ဆက်ဆံရာတွင် ရောလွန်းပါက မိတ်ပျက်တတ်၏။ ပုံမှန် ခင်မင်လေးစားစွာ ဆက်ဆံခြင်းသာ အကောင်းဆုံးဖြစ်သည်။


  • ပျော်ရွင်မှု တံခါးတစ်ပေါက် ပိတ်သွားသောအခါ အခြားတစ်ပေါက်က ပွင့်လာတယ်။ ဒါပေမယ့် ကျွန်ုပ်တို့က ပိတ်သွားတဲ့တံခါးကို ကြာရှည်ကြာမြင့်စွာ ကြည့်နေတက်လွန်းတော့ ပွင့်လာတဲ့ တခြားတစ်ပေါက်ကို မမြင်မိတော့ဘူး။


  • ဟာသမရှိလျှင် သင် အသက်ရှင်သန် မနေနိုင်။


  • သင့်အနေဖြင့် သင့်ကိုယ်သင်ပြန်ပြီး ရယ်မောနိုင်စွမ်းရှိရမည်။ မဟုတ်လျှင် သင် နာကျည်းခံစားရလိမ့်မည်။


  • ဘယ်သူပဲမျှားမျှား အဆီး အတားမရှိတဲ့ ကန်တွေရှိသလို၊ "ငါးမမျှားရ" ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ကန်တွေလည်း ဒုနဲ့ဒေးပါပဲ။ ကန်ထဲကငါးကတော့ အစာတွေ့ရင် ဟပ်မှာပဲ။ ငါးမမျှားရ ဆိုတဲ့ကန်ထဲမှာ ငါးမဟပ်ဘူးလို့ မရှိပါဘူး။ မျှားတဲ့သူကို မမျှားရဲအောင်၊ မမျှားရအောင် ဆိုင်းဘုတ် တပ်ထားတဲ့ သဘောပါပဲ။ ငါးမျှားရတာ လွယ်တာနဲ့၊ ခက်တာပဲ ကွာတယ်။


  • မနေ့က ဆိုတာအိပ်မက်၊ မနက်ဖြန်ဆိုတာ စိတ်ကူး၊ ဒီနေ့သာ ဘ၀ဖြစ်တယ်။ ဒီနေ့မှာ အကောင်းဆုံး လုပ်ပါ။


  • သူတစ်ပါးကိုဖြစ်စေ၊ လူအများကိုဖြစ်စေ မိမိ၏ အချိန်၊ လုပ်အား၊ စိတ်ပါဝင်စားမှု၊ စိတ်အားထက်သန်မှု၊ ကြင်နာမှုတို့နဲ့ ဖြူဖြူစင်စင် ကူညီလိုက်ပါ။ ပေးဆပ်လိုက်ရပြီ၊ ကုန်ကျသွားပြီ လို့ ထင်ရတာထက် အဆပေါင်း များစွာပိုများသော တုန့်ပြန်မှု အကျိုးရလဒ်မျိုး ပြန်လည်ခံစားရပါလိမ့်မည်။


  • ကောင်းတဲ့ စစ်ပွဲ ဘယ်တုန်းကမှ မရှိခဲ့သလို၊ မကောင်းတဲ့ ငြိမ်းချမ်းရေး ဆိုတာလည်း မရှိပါဘူး။


  • ကျေးဇူးရှိတဲ့ လူတွေကို ကိုယ်က ပြန်ပေး နိုင်တာလောက် ၀မ်းသာ စရာကောင်းတာ လောကမှာ မရှိနိုင်ဘူး။


  • တကယ်တော့ သိရုံသိတဲ့ အသိဥာဏ်ဟာ မိမိအတွက် အသုံးမကျလှဘူး။ သိတဲ့အတိုင်း ဘယ်လိုပင် ခက်ခဲခက်ခဲ၊ အဆင်းရဲ အပင်ပန်းခံပြီး အဲဒီပညာကို မိမိဘ၀မှာ လက်တွေ့ကျင့်သုံးနိုင်မှ အကျိုးရှိနိုင်မယ်။


  • နေ့စဉ်နှင့်အမျှ ပညာတစ်ခုခု ရပါစေ။
    အသားတင် အမြတ်ရှာပါ။ ပညာရရင်ရ။ ပညာမရရင် ဥစ္စာရ၊ ဥစ္စမရရင် ကုသိုလ်ရရမယ်။
    ပညာရှိသူကို ရှာပေါင်းပါ။ လူတော်လူကောင်းကို ရှာဆက်ဆံပါ။


  • သား......မင်း တကယ်ကြိုးစားရဲ့လား.....
    ဟုတ်ကဲ့အမေ...။
    တကယ် သေသေချာချာကြိုးစားတာအမှန်နော်...။
    ဟုတ်ပါတယ်...။
    ဒါဆို မပူနဲ့သား..... သား တကယ်ကြိုးစား နေတာမှန်ရင် မအောင်မြင်စရာမရှိဘူး။ အောင်မြင်လိမ့်မယ်။ မကြိုးစားတော့ဘူးဆိုမှသာ ရှုံးနိမ့်သွားတာ။



အရာသုံးမျိုး  

Posted by ADMIN in




ဘယ်တော့မှ ပြန်မရနိုင်သော အရာသုံးမျိုး

********************************************


  • Photobucket Photobucket ကုန်ဆုံးသွားသောအချိန်များ။


  • Photobucket Photobucket ပြောပြီးသားစကားများ။

  • Photobucket Photobucket အခွင့်အရေးကောင်းများ။

__________________________________________________________________________________



တန်ဖိုးအကြီးဆုံးအရာ သုံးခု

*****************************


  • Photobucket Photobucket အချစ်။

  • Photobucket Photobucket မိမိကို မိမိ ယုံကြည်မှု။

  • Photobucket Photobucket မိတ်ဆွေ။

__________________________________________________________________________________


ဘယ်တော့မှ မသေချာသောအရာသုံးမျိုး

*******************************************


  • Photobucket Photobucket အိပ်မက်။

  • Photobucket Photobucket စိတ်ကူး၊ ရည်ရွယ်ချက်။

  • Photobucket Photobucket ကံကြမ္မာ။

__________________________________________________________________________________



အကောင်းဆုံးကို ဖန်တီးနိုင်သောအရာ(၃)မျိုး

************************************************


  • Photobucket Photobucket အလုပ်ကြိုးစားခြင်း။

  • Photobucket Photobucket စိတ်ရင်းအမှန်ဖြင့် လုပ်ဆောင်ခြင်း၊ ရိုးသားခြင်း။

  • Photobucket Photobucket စိတ်ရောကိုယ်ပါ နစ်မြုတ်ထားခြင်း။


__________________________________________________________________________________



ပျက်ဆီးစေသောအရာ(၃)မျိုး

*******************************

  • Photobucket Photobucket အရက်သေစာ။

  • Photobucket Photobucket မာနကြီးခြင်း၊ မိမိကိုယ်မိမိ အထင်ကြီးခြင်းနှင့် ၀င့်ကြွားခြင်း။

  • Photobucket Photobucket ဒေါသကြီးခြင်း။




__________________________________________________________________________________


တစ်ကြိမ်ဆုံးရှုံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ (၃)မျိုး

***********************************************************************

  • Photobucket Photobucket ရိုသေလေးစားမှု။

  • Photobucket Photobucket ယုံကြည်စိတ်ချမှု။

  • Photobucket Photobucket ခင်မင်ရင်းနှီးမှု။



သစ္စာဓိဋ္ဌာန်  

Posted by ADMIN in

ယခုအခါတွင် အဓိဋ္ဌာန်တရားစခန်းများကို ယောဂီနှင့် လူအများ ၀င်လာကြသည်မှာ အထူး အားရ ကျေနပ်ဖွယ် ကောင်းလှသည်။ အတုယူဖွယ် ကောင်းလှသည်။ ဗုဒ္ဓသာသနာသမိုင်းမှ မှတ်သားဖွယ်ရာ သစ္စာဓိဋ္ဌာန် များကို မြင်းမူ ဆရာတော် ဘုရားကြီး ဟောကြားခဲ့သော တရားများမှ အနည်းငယ်ကို ကောက်နှုပ် ဖော်ပြလိုက်ရပါသည်။

  • စန္ဒကုမာရဇာတ်တွင် မင်းသားကိုသတ်ရန် အမိန့်ချရာ၊ သစ္စာတရားနှင့် အဓိဋ္ဌာန်ကြောင့် သေဘေးမှလွတ်၍ တိုင်းပြည်၌ မင်းဖြစ်ခဲ့ရသည်။

  • သုဝဏ္ဏသာမ မြားဆိပ်ထိရာ သစ္စာဓိဋ္ဌာန်ကြောင့်၊ မိဘရော သားရော ချမ်းသာရခဲ့သည်။ မျက်စိများပါ အလင်းရခဲ့ကြသည်။

  • ဟရိတစရသေ့ မိဖုရားနှင့် မှားမိ၊ သစ္စာဓိဋ္ဌာန်ကြောင့် သေဘေးမှ ချမ်းသာရခဲ့သည်။

  • မုဒုလက္ခဏရသေ့ မိဖုရားနှင့်မှားမိရာ သစ္စာဓိဋ္ဌာန်ကြောင့် သေဘေးမှ လွတ်ခဲ့ရသည်။

  • သမ္ဘူလမိဖုရား သစ္စာဓိဋ္ဌာန်ကြောင့် နူနာရောဂါပျောက်ကင်း၍ ထီးနန်းပါ ရခဲ့သည်။

  • ကိုမာဃ၀တ္တုတွင် ထောင်ထိပ်တွင် နေထိုင်သောဗျိုင်း ရေငတ်ရာ သစ္စာဓိဋ္ဌာန်ကြောင့် ရေများတက်လာ၍ ရေသောက်ခဲ့ရသည်။

  • ဒီဃာယနဇာတ်တွင် ကလေးကို မြွေထိရာ သုံးဦးသားတို့၏ သစ္စာဓိဋ္ဌာန်ကြောင့် ကလေးအသက် ချမ်းသာရခဲ့သည်။

  • ပေါလဇနက္က၊ ထောင်ချခြင်း ခံရရာ သစ္စာဓိဋ္ဌာန်ကြောင့် ထောင်ဘေးမှလွတ်၍ မင်းဖြစ်ခဲ့ရသည်။

  • ငါးရန့်မင်းဇာတ်၌ မိုးကြီးခေါင်ရာ ငါးတွေအားလုံးဒုက္ခရောက်စဉ် ငါးရန့်မင်း၏ သစ္စာဓိဋ္ဌာန်ကြောင့် မိုးကြီးရွာကာ အားလုံးချမ်းသာရခဲ့သည်။

  • အလောင်းတောင်ငုံးမင်းဇာတ်တွင် တောမီးကြီးလောင်ရာ ငုံးမင်းကို မိဘများကပင် ပြစ်ပြေးခဲ့ကြသည်။ ငုံးမင်း၏ သစ္စာဓိဋ္ဌာန်ကြောင့် မီးများငြိမ်း၍ အသက်ချမ်းသာရခဲ့ရသည်။



တရားထိုင်ပုံ နည်းအကျဉ်း  

Posted by ADMIN in

  • တရားထိုင်လျှင်၊ ယောဂီရှင်၊ အစဉ်ပွားဖို့ရာ။
  • နှာသီးဖျားတွင်၊ စိတ်အစဉ်၊ ထွက်ဝင်သတိထား။
  • အာနာပါနံ၊ မဂ်ဖိုလ်ဥာဏ်၊ အခြေခံကြောင်းတစ်ရား။
  • ပရိကမ္မာ၊ ဘာဝနာ၊ မှန်စွာဤသို့ပွား။
  • ပေါ်သိ ပေါ်သိ၊ နိဗ္ဗာန်ထိ၊ ဒိဋ္ဌိအားလုံးကွာ။
  • ပေါ်တာဟူသမျှ၊ ရုပ်မှတ်ကြ၊ သိက နာမ်ခေါ်တာ။
  • ရုပ်နာမ်နှစ်ပါး၊ ဥာဏ်ပိုင်းခြား၊ များများရှုပေးပါ။
  • ပေါ်တာ အစားစား၊သတိထား၊ ဓာတ်တရားရုပ်နာမ်ပါ။
  • အာနာပါနအတိသုတ်၊ မိန့်ဖော်ထုတ်၊ အလုပ်ဝိပဿနာ။
  • ဥပရိပဏ္ဏာသ၊ ထုတ်ဖော်ပြ၊ ဗုဒ္ဓဘဂ၀ါ။
  • မဟာသတိပဋ္ဌာန်၊ အခြေခံ၊ ကျမ်းဂန်ပြခဲ့တာ။
  • သဘောဟုတ်မှ၊ လောကုတ္တရ၊ မှတ်ကြနိဗ္ဗူတာ။
  • သဘောမမှီ၊ ဘုံလောကီ၊ ဆုံလည်နွားပမာ။
  • ဆရာနည်းယူ၊ မြို့မင်းမူ၊ ရေးသူထေရ်ဆရာ။
  • တစ်သုံးခြောက်ငါး သက်သေထား၊ မှတ်သားခုကောဇော။
  • တော်သလင်းကျော်၊ ငါးရက်နော်၊ ပြီးသော်နိဋ္ဌိတာ။



အတွေးမှတ်စုများ (၉)  

Posted by ADMIN in

  • Once in Persia reined a king. Who upon his signet ring? Graved a maxim true and wise, which, if held before the eyes. Gave him counsel at a glance. Fit for every change and chance; solemn worlds, and these are they; "Even this shall pass away".

  • I would rather be a poor man in a garret with plenty of books than a king who did not love reading.

  • There is a close correlation between getting up in the morning and getting up in the world.

  • A man should live with his superiors as he does with his fire; not too near, lest he burn; not too far off, lest he freeze.

  • Don't concern yourself with matters that are not your business.

  • Visit not without invitation.
    Speak not unless question.

  • Speech is silver.
    Silent is gold.

  • Honesty is the best policy.

  • It is said for that for money you can have everything, but you cannot.
    You can buy food, but not appetite;
    Medicine, but not health;
    Knowledge, but not wisdom;
    Glitter, but not beauty;
    Fun, but not joy;
    Acquaintances, but not friends;
    Servant, but not faithfulness;
    Leisure, but not peace.
    You can have the husk of everything for many, but not the kernel.



welcome
HAPPY MYANMAR NEW YEAR
(17.4.2008)




အတွေးမှတ်စုများ (၈)  

Posted by ADMIN in


  • လူတစ်ယောက်နဲ့ ရန်ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သူနဲ့ တန်းတူဖြစ်အောင် အဆင့်နိမ့်လိုက်ခြင်း ဖြစ်သည်။


  • ကိုယ့်စိတ်ကို သူများက ၀မ်းနည်းအောင်၊ ၀မ်းသာအောင် လုပ်လို့ရနေပြီဆိုရင်၊ ကိုယ်က သူ့လက်ခုတ်ထဲကရေ ဖြစ်သွားပြီ။


  • သူတစ်ပါးမှာ အမှားတစ်ခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေရသလို သဘောထားပါ။


  • ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့်ကျေးဇူးရှင်လို့ သဘောထားပါ။


  • ကိုယ်က သူများကို အပြစ်တင် ရှုံ့ချနေတာဟာ သူဘယ်လိုလူလဲ ဆိုတာ မပေါ်လွင်ဘူး။ ကိုယ်ဘယ်လိုလူလဲ ဆိုတာ တော့ သေသေချာချာ ပေါ်လွင်သွားပြီ။


  • သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာရှာကြည့်ပါ။ ရှိနေတတ်ပါတယ်။ သူတစ်ပါးမှာ ကောင်းတာမြင်ရင်လည်း အဲဒီလို ကောင်းတာကော ငါ့မှာ မရှိဘူးလား။ ရှိရင်ကောင်းပါတယ်။ မရှိသေးရင် ရှိအောင်လုပ်ရမည်။


  • ကိုယ်စိတ်ကို ကိုယ်သိတာဟာ လူ ကလွဲလို့ တခြား ဘယ်သတ္တ၀ါမှ မလုပ်နိုင်ပါဘူး။ ဒါဟာ လူသားရဲ့ ထူးခြားတဲ့ အရည်အချင်းပါ။ ဒီအလုပ်ကို မလုပ်သေးသ၍ လူ မပီသသေးသူ၊ အဆင့်မြင့်လူသား မဖြစ်သေးသူ ဖြစ်နေမှာပါ။


  • သတိနဲ့ နေတာများလေလေ -> လူကြီးဆန်လေလေ၊ ရင့်ကျက်လေလေပါပဲ။


  • ပစ္စုပ္ပန်ဟာ တန်ဖိုးအရှိဆုံးပါ။ အနာဂါတ်ကို မျှော်ပြီး ပစ္စုပ္ပန်ကို မဖြုန်းသင့်ပါ။


  • ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူ၊ ကိုယ့်အလုပ်ကိုကိုယ် အတက်နိုင်ဆုံး ကောင်းအောင် လုပ်တဲ့သူဟာ သူ့ဟာသူ စိတ်ကျေနပ်မှု ရနေတယ်။ စိတ်ချမ်းသာနေတယ်။ ပျော်နေတယ်။ သူများချီးမွမ်းတာ အပေါ်မှာ မှီခိုမှု မရှိဘူး။ လွတ်လပ်နေတယ်။


  • ပျော်ပျော်နေပါ။ ပေါ့ပေါ့တန်တန်မနေပါနဲ့။


  • လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံ ခွင့်မလွတ် နိုင်တဲ့သူတွေဟာ အဖေါ်မဲ့တတ်တယ်။ သူများအကြောင်း မကောင်း ပြောတတ်သူ တွေမှာလည်း အဖေါ်မဲ့ တတ်တယ်။


  • ခွင့်လွတ်ခြင်း ဆိုသည်မှာ ပျော့ညံ့ခြင်းမဟုတ်၊ သတ္တိရှိခြင်းသာ။


  • သူများကိုနိုင်ချင်တာ ကလေးဆန်တဲ့စိတ်၊ သူများကို အပြစ်ရှာချင်တာ မရင့်ကျက်တဲ့စိတ်။


  • သင်ဘယ်လို လူလဲဆိုတာ သိချင်လျှင် သင့် ပတ်ဝန်းကျင်က လူတွေကို အကဲခတ်ပါ။ သင်နှင့် သင့်ပတ် ၀န်းကျင်က လူတွေရဲ့ ဆက်ဆံရေးဟာ သင့်ကိုသင် ဘယ်လိုလူလဲဆိုတာ ဖေါ်ပြနေပါတယ်။


  • သူများကို ဘယ်လိုလူစား လို့ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစား လို့ပြောတာနဲ့ တူပါတယ်။


  • တစ်ကိုယ်တည်း နေခြင်းဟာ လေးနက်တဲ့ အသိဥာဏ်ကို ဖြစ်ပေါ်စေတယ်။


  • တစ်ကိုယ်တည်း စိတ်ချမ်းသာစွာ နေထိုင်နိုင်ခြင်း၊ အများနှင့် အဆင်ပြေပြေ နေနိုင်ခြင်း သည် မြင့်မားသော စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဖြစ်သည်။

(ဆရာတော် ဦးဇောတိက)




ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

မာတိကာ

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com