အတွေးမှတ်စုများ (၂၈)  

Posted by Admin in , ,


  1. လူသည် နိုင်ငံရေး သတ္တဝါဖြစ်သည်။
    Human is political animal. (Aristotle)


  2. ကျွန်ုပ်တို့သည် ဒဿနိကများ နေရာတွင် နိုင်ငံရေးများ ဝင်ရောက်နေရာ ယူလာသည့် ကမ္ဘာကြီးထဲ၌ နေထိုင်နေကြသည်။
    We live in a world in which politics has replaced philosophy. (Martin L. Gross, A Call for Revolution, 1993)


  3. နိုင်ငံရေး ဆိုသည်မှာ သွေးမြေကျခြင်း မရှိသည့် စစ်ပွဲတစ်ပွဲဖြစ်ပြီး။ စစ်ပွဲ ဆိုသည်မှာ သွေးထွက်သံယို မှုများ ပြည့်နေသော နိုင်ငံရေး ဖြစ်သည်။
    Politics is war without bloodshed, while war is politics with bloodshed. (Mao Zedong)


  4. နိုင်ငံရေးဆိုသည်မှာ စစ်ပွဲများကဲ့သို့ စိတ်လှုပ်ရှားစရာ ကောင်းသလို အန္တရာယ်လဲ ကြီးပေသည်။ စစ်ပွဲတွင် တကြိမ်သာ အသတ်ခံရနိုင်သော်လည်း နိုင်ငံရေးတွင် အကြိမ်ကြိမ်အသတ်ခံရနိုင်သည်။
    Politics are almost as exciting as war, and quite as dangerous. In war you can only be killed once, but in politics many times. (Winston Churchill)


  5. ကျွန်ုပ်တို့ အစိုးရများကို အရာအားလုံးလုပ်ဖို့ မစောင့်သင့်ပေ။ ကမ္ဘာတဝှမ်းလုံး အင်တာနက်ခေတ် ရောက်နေချိန်၌ အစိုးရတိုင်းက သဘာဝအရကို နှေးကွေးလာနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ အဆင့်တိုင်း၊ ခြေလှမ်းတိုင်းအတွက် နိုင်ငံရေးထောက်ပံ့မှု့များဖြင့် တည်ဆောက် နေရသောကြောင့် ဖြစ်သည်။
    We cannot wait for governments to do it all. Globalization operates on Internet time. Governments tend to be slow moving by nature, because they have to build political support for every step. (Kofi Annan)


  6. တရားဝင်ပြောရေးဆိုပိုင်ခွင့်ရှိသူအား မည်သူမျှ မယုံကြပေ။ သို့သော် အမည်မဖော်လိုသော သတင်းအရင်းအမြစ်တစ်ခုဆိုလျှင်တော့ လူတိုင်းယုံတတ်ကြ၏။ (ရွန်နက်ဆင်း)


  7. နိုင်ငံရေးသမားများ အတွက် အပန်းဖြေရန် အချိန်မရှိပါ။ ၎င်းတို့သည် အမြဲတမ်း နိုင်ငံရေး ဘဝ၊ အာဏာ၊ ဂုဏ်အရှိန်အဝါ၊ ပျော်ရွှင်မှု့ များထက် ကျော်လွန်ပြီး တခုခုကို ရည်ရွယ်နေကြသည်။
    Politicians also have no leisure, because they are always aiming at something beyond political life itself, power and glory, or happiness. (Aristotle)


  8. နိုင်ငံရေးသမား ကို ကလေးအနှီးများကဲ့သို့ မကြာခဏ လဲပေးသင့်သည်။
    Politicians and diapers should be changed frequently and all for the same reason. (José Maria de Eça de Queiroz, translated from Portuguese)


  9. ကျွန်ုပ်တို့ အနေနဲ့ အကောင်းဆုံး၊ အတော်ဆုံး လူတစ်ယောက်ကို မဲပေးချင်ပါသည်။ သို့သော် ထိုကဲ့သို့သူမျိုးသည် မည်သည့်အခါမှ ဝင်ရောက် အရွေးခံသူ မဟုတ်ပေ။
    We'd all like to vote for the best man, but he's never a candidate. (Frank McKinney "Kin" Hubbard)


  10. နိုင်ငံရေးဆိုသည်မှာ နှစ်ဖက်စလုံးကို အကာကွယ်ပေးဖို့ အာမခံပေးရင်းဖြင့် လူဆင်းရဲတို့ ထံမှ မဲရယူခြင်းနှင့် လူချမ်းသာများထံမှ ကမ်းပိန်းအတွက် ထောက်ပံ့ကြေးရယူခြင်း ဆိုသည့် နူးညံ့သိမ်မွေ့သော အနုပညာ တစ်မျိုးဖြစ်သည်။
    Politics is the gentle art of getting votes from the poor and campaign funds from the rich, by promising to protect each from the other. (Oscar Ameringer)


  11. နိုင်ငံရေးသမားဆိုတာနေရာတိုင်းမှာ အတူတူပဲ။ သူတို့ဟာ မြစ်မရှိတဲ့နေရာမှာတံတားဆောက်ပေးဖို့ ကတိပြုတတ်ကြတယ်။
    Politicians are the same all over. They promise to build a bridge even where they is no river. (Nikita Khrushchev)


  12. ငါတို့ဟာ တိုင်းပြည်အတွက် ယုံကြည်ချက်များစွာ ရှိကြတယ်။ ခက်တာက ငါတို့ ယုံကြည်ချက်တွေကို ပုံအပ်ဖို့ လူကောင်းတွေ နည်းနေတာပဲ။
    We have plenty of Confidence in this country, but we are a little short of good men to place our Confidence in. (Will Rogers)


  13. နိုင်ငံရေးဆိုသည်မှာ အမှား၊ အမှန် ဆိုတာ ထက် လက်ဝဲ၊ လက်ယာ ဝါဒ များနဲ့ ပိုဆက်နွယ်နေသလိုပါပဲ။
    Politics, it seems to me, for years, or all too long, has been concerned with right or left instead of right or wrong. (Richard Armour)


  14. လူအချို့သည် ယင်းတို့ချမှတ်ထားသည့် စည်းကမ်းများအတွက် ပါတီကို ပြင်ကြ၏။ အချို့မှာ ပါတီအတွက် ယင်းတို့ ချမှတ်ထားသည့် စည်းကမ်းများကို ပြင်ကြ၏။
    Some men change their party for the sake of their principles; others their principles for the sake of their party. (Winston Churchill)


  15. လူတစ်ယောက်အား အရှိန်အဝါကြီးမားစေသည့် အရည်အသွေး (အရည်အချင်း) ဆိုသည်မှာ ထို အရှိန်အဝါ ရဖို့အတွက် ဦးဆောင်ခဲ့သည့်အရာမဟုတ်ပါ။ ထို အရှိန်အဝါအား မည်သို့ အကျိုးရှိရှိ၊ အမြော်အမြင်ရှိစွာဖြင့် သုံးစွဲခြင်းသာ ဖြစ်သည်။
    The qualities that get a man into power are not those that lead him, once established, to use power wisely. (Lyman Bryson)


  16. သင့်ရဲ့ မိသားစု ဆွေစဉ်မျိုးဆက် အကြောင်း နောက်ကြောင်းကောက်ဖို ပိုက်ဆံကုန်မခံပါနှင့်။ နိုင်ငံရေးသာ လုပ်လိုက်ပါ။ သင့်ပြိုင်ဖက်များက သင့်အတွက် လုပ်ပေးပါလိမ့်မယ်။
    Why pay money to have your family tree traced; go into politics and your opponents will do it for you. (Author Unknown)


  17. နိုင်ငံရေး အသိုင်းအဝိုင်းမှာ အမျိုးသမီး နိုင်ငံရေးသမားတွေ နည်းရတဲ့ အကြောင်းရင်းကတော့ သူတို့အတွက် မျက်နှာ နှစ်မျက်နှာကို မိတ်ကပ်လိမ်းဖို့ ဒုက္ခရောက်လို့ပဲ။
    The reason there are so few female politicians is that it is too much trouble to put makeup on two faces. (Maureen Murphy)


  18. နိုင်ငံရေးသမား တစ်ယောက်အား မြို့တော်အတွက် သော့ပေးလိုက်ခြင်းထက် သော့ခလောက် လဲ လိုက်ခြင်းက ပိုကောင်း၏။
    Instead of giving a politician the keys to the city, it might be better to change the locks. (Doug Larson)


  19. လူလတ်တန်းစား အများစု ပါဝင် ထိန်းချုပ်ထားသည့် နိုင်ငံရေးမှသာလျှင် ပြီးပြည့်စုံသည့် နိုင်ငံရေးအသိုင်းအဝိုင်း ဖြစ်လိမ့်မည်။
    The most perfect political community is one in which the middle class is in control, and outnumbers both of the other classes. (Aristotle)


  20. သာမန် နိုင်ငံရေးသမား တစ်ဦးသည် နောင်လာမည့် ရွေးကောက်ပွဲအတွက် စဉ်းစား၏။ အတွေ့အကြုံရှိသည့် ဝါရင့် နိုင်ငံရေးခေါင်းဆောင်တို့သည် နောင်မျိုးဆက်အတွက် စဉ်းစားသည်။
    A politician thinks of the next election; a statesman thinks of the next generation. (James Freeman Clarke, Sermon)


  21. ဒီမိုကရေစီဆိုသည်မှာ သင် သဘောမကျမှု၊ စိတ်တိုင်းမကျမှု အနည်းဆုံးသော သူကို မဲပေးခွင့်ရှိခြင်းဖြစ်သည်။
    Democracy is being allowed to vote for the candidate you dislike least. (Robert Byrne)


  22. သင့်တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးနိုင်လဲ မမေးပါနဲ့၊ သင့်တိုင်းပြည်အတွက် သင် ဘာလုပ်ပေးနိုင်လဲ အရင်ဖြေပါ။
    Ask not what your country can do for you. (John F Kennedy)



Автореферат  

Posted by Admin in

ပါရဂူ ကျောင်းသားဘဝ (၂) နှစ်ခွဲအတွင်း လုပ်ခဲ့သမျှ ရလဒ် အကျဉ်းချုပ်...

Автореферат




အတွေးမှတ်စုများ (၂၇)  

Posted by Admin in ,



  1. စာအုပ်ကို မီးရှို့ခြင်းထက် ပိုဆိုးတဲ့ အပြစ်က စာမဖတ်ခြင်းပဲ။
    There are worse crimes than burning books. One of them is not reading them.― Joseph Brodsky



  2. ယဉ်ကျေးမှု့တခုကို ဖျက်ဆီးချင်ရင် စာအုပ်တွေကို မီးရှို့ဖို့မလိုဘူး။ လူတွေကို စာမဖတ်ချင်အောင်ပဲ လုပ်လိုက်။
    You don't have to burn books to destroy a culture. Just get people to stop reading them. ― Ray Bradbury



  3. ဘယ်လောက်အလုပ်များပါစေ စာဖတ်ဖို့ အချိန်ပေးပါ။ ဒါမှမဟုတ်ရင်တော့ ဗဟုသုတ ဆင်းရဲမှုကြောင့် သင် ကျဆုံးသွားလိမ့်မည်။
    No matter how busy you may think you are, you must find time for reading, or surrender yourself to self-chosen ignorance.”― Confucius




  4. ဒီနေ့စာဖတ်သမား၊ မနက်ဖြန်ခေါင်းဆောင်။
    Today a reader, tomorrow a leader. ― Margaret Fuller



  5. နောက်ဆုံးစာမျက်နှာကို လှန်လိုက်လို့ စာအုပ်ကောင်းတအုပ်ကို ဖတ်ပြီးသွားပြီလို့ သိလိုက်ချိန်မှာ သူငယ်ချင်းတစ်ယောာက် ဆုံးရှုံးသွား သလိုမျိုး သင် ခံစားမိလိမ့်မယ်။
    You know you've read a good book when you turn the last page and feel a little as if you have lost a friend.― Paul Sweeney



  6. ကလေးတစ်ယောက်လို ကိုယ့်ပျော်ရွှင်မှု့အတွက် (သို့) အောင်မြင်ကျော်ကြားလိုမှု့အတွက် (သို့) အမိန့်ပေး ညွှန်ကြားဖို့အတွက် စာ မဖတ်ပါနှင့်။ အသက်ရှင်နေထိုင်ဖို့အတွက် စာဖတ်ပါ။
    Do not read, as children do, to amuse yourself, or like the ambitious, for the purpose of instruction. No, read in order to live.― Gustave Flaubert



  7. ကျွန်ုပ်တို့ အထီးကျန်မဖြစ်နေဘူးဆိုတာ သိဖို့ ကျွန်ုပ်တို့ စာတွေဖတ်နေကြတယ်..။
    We read to know that we are not alone. ― C.S. Lewis



  8. လူအချို့က ရုပ်မြင်သံကြားကလာတဲ့ ပညာရပ်တွေကိုသာ ကြည့်နေတတ်ကြတယ်။ ကျွန်ုပ် ကတော့ တခြားအခန်းကိုသွားပြီး စာတစ်အုပ် ဖတ်လိမ့်မယ်။
    I find television very educating. Every time somebody turns on the set, I go into the other room and read a book. ― Groucho Marx



  9. စာများများ ဖတ်လျှင် များများ ပိုသိလာမည်။ များများလေ့လာဖို့အတွက် နေရာများများ သွားဖြစ်လာမည်။
    The more that you read, the more things you will know. The more that you learn, the more places you'll go. ― Dr. Seuss, I Can Read With My Eyes Shut!



  10. မင်းဟာ ငါ့အတွက် လက်ဖက်ရည် ကြီးကြီးတခွက် (သို့မဟုတ်) မဆုံးနိုင်ရှည်လျားတဲ့ စာအုပ်တအုပ် တော့ ဘယ်တော့ ရှာပေးနိုင်မှာ မဟုတ်ဘူး။
    You can never get a cup of tea large enough or a book long enough to suit me. ― C.S. Lewis



  11. "ဂန္တဝင်စာပေ" ဆိုသည်မှာ လူတွေရဲ့ချီးမွမ်းခြင်းအကြောင်းတွေ လို့ သတ်မှတ်ကာ သာခံရပြီး မဖတ်ကြသည့် စာအုပ်မျိုးကို ခေါ်သည်။
    'Classic' - a book which people praise and don't read.― Mark Twain



  12. စာရေးသူကိုယ်တိုင် ငိုပြီး မရေးလျှင် စာဖတ်သူလဲ ငိုမှာ မဟုတ်ပါ ။ စာရေးသူကိုယ်တိုင် မအံ့သြရင် စာဖတ်သူအတွက်လည်း အံ့သြောစရာ မဟုတ်နိုင်။
    No tears in the writer, no tears in the reader. No surprise in the writer, no surprise in the reader. ― Robert Frost



  13. စာအုပ်များသည် လေယဉ်ပျံ (သို့) မီးရထား (သို့) လမ်း နှင့်တူသည်။ သူတို့သည် ရွှေ့လျှားနေကြသည်၊ ခရီးသွားနေကြသည်။ သို့သော် အိမ်ထဲတွင် အားလုံးရှိသည်။
    Books are the plane, and the train, and the road. They are the destination, and the journey. They are home. ― Anna Quindlen, How Reading Changed My Life



  14. စာကြည့်တိုက်ကောင်းတခုဆိုတာ ဘယ်တော့မှ သပ်ရပ်မနေသလို ဖုံလည်း ထူမနေဘူး။ အဘယ့်ကြောင့်ဆိုသော် စင်ပေါ်က စာအုပ်တွေကို ယူပြီး ညဥ့်နက်ထိ စာဖတ်တဲ့သူ တယောက်ယောက် အမြဲရှိနေတတ်လို့ပဲ။
    A good library will never be too neat, or too dusty, because somebody will always be in it, taking books off the shelves and staying up late reading them. ― Lemony Snicket, Horseradish: Bitter Truths You Can't Avoid



  15. စာဖတ်ဖို့အချိန် မရှိဘူး၊ စာရေးဖို့ အချိန်မရှိဘူးလို့ သင့်ကိုယ်သင့် ထင်နေသမျှ သင်ဟာ သာမန်လူသာတစ်ယောက်သာ ဖြစ်နေအုံးမှာပဲ။
    If you don't have time to read, you don't have the time (or the tools) to write. Simple as that. ― Stephen King



ခေါင်းဆောင်တို့၏ ကျင့်စဉ်  

Posted by Admin in ,









နိုင်ငံရေး၊ နိုင်ငံတကာရေးရာ နှင့် ယနေ့ တပ်မတော်  

Posted by Admin in


"ယနေ့မှစပြီး တပ်မတော်ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် ကြမယ့် ရဲဘော်တို့ဟာ နောင်တစ်ချိန်မှာ နိုင်ငံတော်တာဝန်နှင့် တပ်မတ်ာတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်တယ်။

ရဲဘော်တို့ဟာ စစ်ရေးအမြင်တစ်ခုတည်းရှိနေရုံဖြင့် မလုံလောက်တော့ဘူး။ စစ်ရေးဆိုတာ နိုင်ငံရေးနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေသကဲ့သို့ နိုင်ငံရေး ဆိုတာကလဲ စီးပွားရေးနှင့် အပြန်အလှန် မှီတည်လျှက် ရှိနေတယ်။

ယနေ့ဆင်နွှဲနေသော ခေတ်သစ်စစ်ပွဲများဟာ လက်နက်ကိုင်တိုက်ခိုက်တဲ့ စစ်ရေးသက်သက်မဟုတ်တော့ဘဲ Multi Dimensional Warfare ဆိုတဲ့ ဘက်စုံစစ်ပွဲအသွင်ဖြင့် ဆင်နွှဲနေသကဲ့သို့ စစ်ရေးမဟုတ်သော စိမ့်ဝင်မှုများဖြင့်လည်း စိမ့်ဝင်တိုက်ခိုက်နေတာကို တွေ့မြင်လာရတယ်။

ဒါ့ကြောင့် ရဲဘော်တို့ဟာ စစ်ရေးအမြင်သာမက နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင် နှင့် နိုင်ငံတကာရေးရာ အမြင်များဖြင့်ပါ ပြည့်စုံနေအောင် အမြဲကြိုးစား ဆောင်ရွက်ဖို့လိုအပ်တယ်။

အဲဒီလို ပြည့်စုံနေမှလည်း နောင်တစ်ခေတ်၏ အောင်စစ်သည်ဆိုသည့် စစ်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်မှ အားထားရသော လက်ရုံးရည်၊ နှလုံးရည် နှင့် ပြည့်စုံသည့် ခေါင်းဆောင်များ ဖြစ်လာမှာ ဖြစ်တယ်။"

«တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ၀၉-၁၂-၂၀၁၁ ရက်နေ့ မိန့်ခွန်းမှ ကောက်နှုတ်ချက်»



ဘဝတွင် ရှင်သန်ရပ်တည်နိုင်ရေး သင်ခန်းစာ (၅) ခု  

Posted by Admin in


  1. သင်ခန်းစာ (၁)

    ကျွန်တော်လမ်းတစ်ခုအတိုင်း ဆင်းလာတယ်
    အဲဒီလမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်အပေါက်တစ်ပေါက် ရှိနေတယ်
    ကျွန်တော်ပြုတ်ကျသွားတယ်
    ကျွန်တော်ကျရှုံးသွားတယ်
    ကျွန်တော့်ကို ကူညီမယ့်သူမရှိဘူး
    ဒါကျွန်တော့အမှားမဟုတ်ဘူး
    ပြန်ထွက်နိုင်ဖို့တော့ အချိန်အတော်ကြာလိမ့်မယ်....။


    Chapter 1

    I walk down the street. There is a man hole in the street.
    I FALL IN ......!!! I am lost ....! I am helpless. It isn't my fault!!! It takes forever to get out.


  2. သင်ခန်းစာ (၂)

    ကျွန်တော် အရင်လမ်းအတိုင်း ဆင်းလာတယ်
    လမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်အပေါက်တစ်ပေါက် ရှိနေတယ်
    ကျွန်တော်မမြင်ချင်ယောင်ဆောင်လိုက်တယ်
    ကျွန်တော်ပြုတ်ကျပြန်ပြီ
    မယုံနိုင်လောက်အောင်ပဲ.. အရင်နေရာမှာ အရင်အတိုင်းပဲ ပြုတ်ကျတယ်
    ဒါပေမယ် ဒါကျွန်တော့အမှားမဟုတ်ဘူး
    ပြန်ထွက်နိုင်ဖို့တော့ အချိန်အတော်ကြာလိမ့်ဦးမယ်....။


    Chapter 2

    I walk down the same street. There is a man hole in the street. I pretend I don't see it.
    I FALL IN AGAIN ......!!! I can't believe I am in the same place. But, it isn't my fault. It still takes forever to get out.


  3. သင်ခန်းစာ (၃)

    ကျွန်တော် အရင်လမ်းအတိုင်းပဲ ဆင်းလာတယ်
    လမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်အပေါက်တစ်ပေါက် ရှိနေတယ်
    အဲဒါကို ကျွန်တော်မြင်လိုက်တယ်
    ကျွန်တော်ပြုတ်ကျတယ်
    ဒါက ကျွန်တော့အတွက် အလေ့အထဖြစ်နေပြီ
    ကျွန်တော့်မျက်လုံးတွေဖွင့်လိုက်တယ်
    ကျွန်တော်ဘယ်ရောက်နေလဲဆိုတာ ကျွန်တော်သိတယ်
    ဒါကျွန်တော့အမှားပဲ
    ကျွန်တော် ချက်ချင်း ပြန်ထွက်ခဲ့တယ်...။


    Chapter 3

    I walk down the same street. There is a man hole in the street. I see it is there.
    I FALL IN ...... It's a habit !!! My eyes are open. I know where I am .....! It is my fault. I get out immediately.


  4. သင်ခန်းစာ (၄)

    ကျွန်တော် ဒီလမ်းအတိုင်းပဲ ဆင်းလာတယ်
    လမ်းပေါ်မှာ လူကျနိင်တဲ့အပေါက်တစ်ပေါက် ရှိနေတယ်
    ကျွန်တော်ဘေးကနေ ပတ်သွားလိုက်တယ်....။


    Chapter 4

    I walk down the same street. There is a man hole in the street. I walk around it.


  5. သင်ခန်းစာ (၅)

    ကျွန်တော် တခြားလမ်းကို ပြောင်းပြီးလျှောက်နေပါပြီ။


    Chapter 5

    I walk down a different street.





ငါးရာ့ငါးဆယ်နိပါတ်တော်များ  

Posted by Admin in


1ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၁) - ဦးလှခင်
3.0 MB
2ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၂) - ဦးလှခင်3.1 MB
3ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၃) - ဦးလှခင်2.8 MB
4ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၄) - ဦးလှခင်3.5 MB
5ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၅) - ဦးလှခင်3.0 MB
6ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၆) - ဦးလှခင်3.4 MB
7ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၇) - ဦးလှခင်3.1 MB
8ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၈) - ဦးလှခင်2.8 MB
9ငါးရာ့ငါးဆယ်နိပါတ်တော်များ အမှတ် (၉) - ဦးလှခင်3.3 MB



Pololu 3pi Robot (Myanmar Version)  

Posted by Admin in



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com