Facebook မှာ ပိုမိုထိရောက်အောင် ဘယ်လိုကြော်ငြာရမလဲ ~ Facebook မွာ ပိုမိုထိေရာက္ေအာင္ ဘယ္လိုေၾကာ္ျငာရမလဲ  

Posted by Admin in


မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းတွေ ပေါများလာပြီးနောက်ပိုင်းမှာ ပြည်တွင်းလူမူကွန်ယက် (Social Media) အသုံးပြုမှုနှုန်းက အံ့ဘနန်း မြင့်တက်လာနေပါတယ်။ အနောက်ကမ္ဘာမှာ လူမှုကွန်ယက်အသုံးပြုမှု အတန်ငယ် ကျဆင်းနေပေမယ့် မြန်မာပြည်တွင်းမှာကတော့ အရှိန်အဟုန်နဲ့ကို တိုးတက်နေတာပါ။

ဒီလိုအသုံးပြုမှုမြင့်တက်လာတဲ့အခါ ကျွဲကူးရေပါ ဒစ်ဂျစ်တယ်ကြော်ငြာလုပ်ငန်းတွေလည်း လိုက်ပါဖွံ့ဖြိုးလာပါတယ်။ Facebook မှာ မမြင်ချင်မှ အဆုံးမြင်နေရတာက Sponsored လို့ ဖော်ပြထားတဲ့ Postတွေ တွေဖြစ်လာပါတယ်။ ဒီပို့စ်တွေဟာ Facebook ကို အခကြေးငွေပေးပြီး Boost လုပ်ထားတဲ့ Post တွေပါ။ ယျေဘုယျအားဖြင့် ဒီ Post တွေအတွက် ပေးချေတဲ့ အခကြေးငွေတွေကနေတဆင့် Facebook က ဝင်ငွေ အကျိုးအမြတ်အများအပြားရပါတယ်။

Facebook က အခမဲ့ ဝန်ဆောင်မှုဖြစ်ပေမယ့် ဒီလိုကြော်ငြာလုပ်ငန်းတွေကနေတဆင့် ပြန်လည်အကျိုးအမြတ်ရှာဖွေတာဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၂ ပုံ အသုံးပြုနေကြတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းဖြစ်တာကြောင့် ပြန်လည်ရရှိတဲ့ အကျိုးအမြတ်က သေးသေးကွေးကွေးတော့ မဟုတ်လှပါဘူး။ ၂ဝ၁၇ ဒုတိယလေးလပတ်တစ်ခုတည်းမှာတင် အမေရိကန် ဒေါ်လာ ၉ ဒသမ ၃ ဘီလျံကျော်ပါတယ်။ အဲဒီပမာဏထဲမှာ မြန်မာပြည်က စီးဝင်သွားတဲ့ ငွေတွေလည်း ပါဝင်ပါတယ်။

တစ်ဖက်မှာ Facebook က ဝင်ငွေလမ်းဖျောင့်နေသလို ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအတွက်လည်း Facebook ကနေ မိမိတို့လုပ်ငန်းတွေကို လူသိများအောင် ကြိုးပမ်းတာဟာ ထိရောက်မှုရှိတဲ့ ကြော်ငြာ ပလက်ဖောင်း တစ်ခုဖြစ်လာနေပါတယ်။ လေ့လာချက်တွေအရလည်း ပြည်တွင်းမှာသာမက ပြည်ပမှာပါ လူမှုကွန်ယက် ပလက်ဖောင်းပေါ်ကနေ ကြော်ငြာတာဟာ သတင်းနဲ့ ပုံနှိပ်မီဒီယာတွေအပေါ်ကနေ ကြော်ငြာတာထက်ကို ပိုပြီးထိရောက်မှုရှိတာကို တွေ့ရပါတယ်။

ဒီလို အသုံးဝင်လှတဲ့ Facebook ကို အသုံးချပြီး မိမိတို့ရဲ့ အမှတ်တံဆိပ်တွေကို လူသိများအောင် ဘယ်လိုကြော်ငြာကြမလဲ။ လူတိုင်းက ကြော်ငြာအေဂျင်စီတွေအသုံးပြုချင်မှ အသုံးပြုနိုင်မှာပါ။ ဥပမာ အွန်လိုင်းရှော့ပင်လေးတွေ တနိုင်တပိုင် SME’s လေးတွေအနေနဲ့ အေဂျင်စီငှားရမ်းပြီး ကြော်ငြာဖို့ ခက်ခဲမှာအမှန်ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ မိမိကိုယ်တိုင် မိမိတို့ရဲ့ အမှတ်တံဆိပ်တွေကို လူသိများအောင်လုပ်လို့ရပါတယ်။ ဒါကြောင့် ဒီလိုလုပ်ဆောင်ရာမှာ သိထားသင့်တဲ့အချက်တစ်ချို့ကို ဖော်ပြပေးရမယ်ဆိုရင်။

၁။ Hashtag နဲ့ တင်တဲ့ post တွေဟာ Facebook ပေါ်မှာ engagement နည်းစေပါတယ်။ ဒါဟာအတော်များများ အထင်လွဲမှားနေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ # နဲ့ တင်ရင် လူသိပိုများမယ်လို့ လူအတော်များများက ယူဆကြပါတယ်။ အဲအချက်ကို သတိထားသင့်ပါတယ်။

၂။ ညမိုးချုပ်ချိန်မှာ တင်တဲ့ post တွေဟာ ပိုအောင်မြင်နိုင်ပါတယ်။ အကြောင်းကတော့ အဲဒီအချိန်အတွင်းမှာ post တင်တဲ့သူနည်းပြီး Facebook သုံးတဲ့သူ အရေအတွက်က များလို့ဖြစ်ပါတယ်။

၃။ ကိုယ့်ရဲ့ Page မှာ Pages to watch ကိုယ်နဲ့ အလားတူ Page တွေရဲ့ engagement တွေ activities တွေကို စောင့်ကြည့်နိုင်ပါတယ်။ ဒါဟာပြိုင်ဘက်တွေကို ယှဉ်ပြိုင်ဖို့နဲ့ marketing strategies အတွက် အရမ်းအသုံးဝင်ပါတယ်။

၄။ Audience Insight ကိုသုံးပါ။ အဲ့ကနေတဆင့် ကိုယ်ရဲ့ Budget ၊ ROI ၊ Interest နဲ့ Target segment ရှိမယ့် Demographic ကို တိတိကျကျသိနိုင်ပါတယ်။

၅။ Youtube Video Link တွေ မတင်ပါနဲ့။ Youtube က Video link ကို Facebook မှာ ထည့်ခြင်းဟာ အမှားကြီးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် ဖြစ်နိုင်ရင် Post တွေမှာ Original Photo/video ကို သုံးပါ။ ကိုယ့်ဘာသာကိုယ် ရိုက်ထားတဲ့ ပုံနဲ့ သူများဆီကယူ သုံးတဲ့ပုံတွေရဲ့ Reach တွေ၊ Engagement တွေ ကွာပါတယ်။ Digital Platform တွေ ရဲ့ AI နည်းပညာကို လျော့မတွက်ပါနဲ့။ ကိုယ် ဖန်တီးထားတဲ့ ပုံလား? သူများဆီက ယူသုံးသလား? ဆိုတာကို သိရှိကြတာများပါတယ်။ ဒါကြောင့် ကိုယ်တိုင်ဖန်တီးပြီးတင်ပါ။

၆။ Content အရှည်ကြီးမဟုတ်ပဲ သာမန် Post တင်မယ်ဆိုရင် စာလုံးအရေအတွက် ၁၅၀ ဝန်းကျင်ပဲရှိတဲ့ Post တွေဟာ ရှည်ရှည်ဝေးဝေးရေးထားတဲ့ Post တွေထက် engagement ပိုကောင်းပါတယ်။ ဖြစ်နိုင်ရင် တိုတိုရှင်းရှင်း ထိထိမိမိသာရေးပါ။

၇။ ပုံမှန် Facebook ကြော်ငြာတစ်ခုရဲ့ Click-through rate (CTA) ဟာ ပုံမှန်အားဖြင့် ဝ.၉% သာရှိတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ CTA button ထည့်လိုက်မယ်ဆိုရင်တော့ အဲ့ဒီပမာဏထက် သုံးဆကျော်တက်လာပါတယ်။

၈။ A/B Testing လုပ်ပါ။ မတူညီတဲ့ ads တွေက မတူညီတဲ့ response တွေရပါတယ်။ ငွေအများကြီးသုံးပြီ မကြော်ငြာခင်၊ ဘယ်ကြော်ငြာပိုထိရောက်လည်းဆိုတာ AB Tasty တို့ Apptimize တို့လို A/B Testing Tool တွေကို သုံးပြီး A/B Test အရင် လုပ်သင့်ပါတယ်။

၉။ Facebook မှာ ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ ကြော်ငြာ Content ဖန်တီးမယ်ဆိုရင်တော့ စာလုံးရေ ၁၀၀၀ နဲ့ ၃၀၀၀ အကြားဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ်ဖန်တီး မယ့် Content တွေ မှာ Search Engine Optimization (SEO) ဖြစ်ဖို့ အရေးကြီးပါတယ်။ SEO ဆိုတာ ကိုယ်ရဲ့ Content ဟာ Google ၊ Facebook ၊ Youtube နဲ့ Amazon အပြင် အခြား Platform ပေါ်ထိ သက်ရောက်မှု ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့် Content ဟာ Facebook ပေါ်မှာပဲ ဆိုရင်တောင် SEO ကောင်းဖို့ လိုတာပါ။

၁၀။ စာလုံးပေါင်း သတ်ပုံ ဂရုစိုက်ပါ။ အထူးသဖြင့် လူသိများတဲ့ ကုန်အမှတ်တံဆိပ် Brand တွေ ပေါက်ပြီးသား စကားလုံးတွေကို မှန်ကန်စွာ ရေးသားပါ။ ဥပမာ Facebook ကို အင်္ဂလိပ်လို ရေးထားတဲ့ post မှာ “F” ကို အသေးနဲ့ ရေးပြီး Boost ကြည့်ပါ။ မပြင် မချင်း boost လုပ်ခွင့် မပေးသလို မ Boost ပြန်ရင်လည်း (organic) ranking score ကို ထိခိုက်တာမို့ ဖန်းတီးထားတဲ့ content တစ်ခုလုံးကိုဖြစ်စေ၊ Page/Website တစ်ခုလုံးကိုဖြစ်စေ နစ်နာစေမှာဖြစ်ပါတယ်။

၁၁။ အင်တာနက်နဲ့ လူမှုကွန်ယက်တွေမှာ လူတွေရဲ့ ရှာဖွေမှု အကြိမ်အရေအတွက် ဟာ အရမ်းတိုးတက်နေပါတယ်။ ဒါကြောင့် ကိုယ်ရေးမယ့် content တွေ မှာ အများစုရှာဖွေနေတဲ့ အင်္ဂလိပ်လို Keywords/Phrase တွေ ပါရင် ကိုယ့် Content ဟာ ပိုပေါက်ပါတယ်။ ဒါကြောင့် မရေးခင်က ကိုယ်ရေးမယ့် Content ဟာ ဘယ်လို Keyword တွေ နဲ့ ဆက်စပ်သလဲ ဆိုတာ စဉ်းစားပြီးမှ ရေးပါ။ မြန်မာလိုရေးတဲ့ Content မှာတောင် ကိုယ့်စာနဲ့ ဆက်စပ်တဲ့ အင်္ဂလိပ် Keyword လေးငါး လုံး ညှပ်ထည့် ပေးသင့်ပါတယ်။

ဒီအချက်တွေကို ဂရုစိုက်ပြီး Content တွေဖန်တီး Post တွေ တင်ပြီး မိမိရဲ့ လုပ်ငန်းတွေကို လူသိပိုများလာအောင် ဆောင်ရွက်နိုင်ပါတယ်။ ဒစ်ဂျစ်တယ်အေဂျင်စီတွေ မငှားနိုင်ရင်တောင်မှ ဒီအချက်တွေကို လိုက်နာရုံနဲ့ ပိုကောင်းမွန်တဲ့ ကြော်ငြာနည်းလမ်းတွေဖြစ်လာမှာပါ။

တကယ်တမ်း ကိုယ့်အမှတ်တံဆိပ်လူသိများဖို့ဆိုရင် မိမိ Page က Content တွေကို Click များအောင်၊ Engagement များအောင်၊ Organic reach များအောင် လုပ်ဖို့ “အစဉ်တစိုက်” ကြိုးစားနေဖို့က အဓိကဖြစ်ပါတယ်။  ဒီအချက်ကို အလေးထားနိုင်နေသရွေ့ မိမိလုပ်ငန်းအတွက် အကောင်းဆုံး ရလဒ်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။  

<Zawgyi>
 


ျမန္မာႏုိင္ငံမွာ မိုဘုိင္းဖုန္းေတြ ေပါမ်ားလာျပီးေနာက္ပိုင္းမွာ ျပည္တြင္းလူမူကြန္ယက္ (Social Media) အသံုးျပဳမႈႏႈန္းက အံ့ဘနန္း ျမင့္တက္လာေနပါတယ္။ အေနာက္ကမၻာမွာ လူမႈကြန္ယက္အသံုးျပဳမႈ အတန္ငယ္ က်ဆင္းေနေပမယ့္ ျမန္မာျပည္တြင္းမွာကေတာ့ အရွိန္အဟုန္နဲ႔ကို တိုးတက္ေနတာပါ။

ဒီလိုအသံုးျပဳမႈျမင့္တက္လာတဲ့အခါ ကၽြဲကူးေရပါ ဒစ္ဂ်စ္တယ္ေၾကာ္ျငာလုပ္ငန္းေတြလည္း လုိက္ပါဖြံ႕ျဖိဳးလာပါတယ္။ Facebook မွာ မျမင္ခ်င္မွ အဆံုးျမင္ေနရတာက Sponsored လို႔ ေဖာ္ျပထားတဲ့ Postေတြ ေတြျဖစ္လာပါတယ္။ ဒီပို႔စ္ေတြဟာ Facebook ကို အခေၾကးေငြေပးျပီး Boost လုပ္ထားတဲ့ Post ေတြပါ။ ေယ်ဘုယ်အားျဖင့္ ဒီ Post ေတြအတြက္ ေပးေခ်တဲ့ အခေၾကးေငြေတြကေနတဆင့္ Facebook က ဝင္ေငြ အက်ိဳးအျမတ္အမ်ားအျပားရပါတယ္။

Facebook က အခမဲ့ ဝန္ေဆာင္မႈျဖစ္ေပမယ့္ ဒီလိုေၾကာ္ျငာလုပ္ငန္းေတြကေနတဆင့္ ျပန္လည္အက်ိဳးအျမတ္ရွာေဖြတာျဖစ္ပါတယ္။ ဒါေပမယ့္ ကမၻာ့လူဦးေရရဲ႕ ၃ ပံု ၂ ပံု အသံုးျပဳေနၾကတဲ့ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းျဖစ္တာေၾကာင့္ ျပန္လည္ရရွိတဲ့ အက်ိဳးအျမတ္က ေသးေသးေကြးေကြးေတာ့ မဟုတ္လွပါဘူး။ ၂ဝ၁၇ ဒုတိယေလးလပတ္တစ္ခုတည္းမွာတင္ အေမရိကန္ ေဒၚလာ ၉ ဒသမ ၃ ဘီလ်ံေက်ာ္ပါတယ္။ အဲဒီပမာဏထဲမွာ ျမန္မာျပည္က စီးဝင္သြားတဲ့ ေငြေတြလည္း ပါဝင္ပါတယ္။

တစ္ဖက္မွာ Facebook က ဝင္ေငြလမ္းေဖ်ာင့္ေနသလို ျပည္တြင္းစီးပြားေရးလုပ္ငန္းေတြအတြက္လည္း Facebook ကေန မိမိတို႔လုပ္ငန္းေတြကို လူသိမ်ားေအာင္ ၾကိဳးပမ္းတာဟာ ထိေရာက္မႈရွိတဲ့ ေၾကာ္ျငာ ပလက္ေဖာင္း တစ္ခုျဖစ္လာေနပါတယ္။ ေလ့လာခ်က္ေတြအရလည္း ျပည္တြင္းမွာသာမက ျပည္ပမွာပါ လူမႈကြန္ယက္ ပလက္ေဖာင္းေပၚကေန ေၾကာ္ျငာတာဟာ သတင္းနဲ႔ ပံုႏွိပ္မီဒီယာေတြအေပၚကေန ေၾကာ္ျငာတာထက္က္ို ပိုျပီးထိေရာက္မႈရွိတာကို ေတြ႕ရပါတယ္။

ဒီလို အသံုးဝင္လွတဲ့ Facebook ကို အသံုးခ်ျပီး မိမိတို႔ရဲ႕ အမွတ္္တံဆိပ္ေတြကို လူသိမ်ားေအာင္ ဘယ္လိုေၾကာ္ျငာၾကမလဲ။ လူတုိင္းက ေၾကာ္ျငာေအဂ်င္စီေတြအသံုးျပဳခ်င္မွ အသံုးျပဳႏုိင္မွာပါ။ ဥပမာ အြန္လုိင္းေရွာ့ပင္ေလးေတြ တႏိုင္တပုိင္ SME’s ေလးေတြအေနနဲ႔ ေအဂ်င္စီငွားရမ္းျပီး ေၾကာ္ျငာဖို႔ ခက္ခဲမွာအမွန္ပါပဲ။ ဒီလိုအေျခအေနမ်ိဳးမွာ မိမိကိုယ္တုိင္ မိမိတို႔ရဲ႕ အမွတ္္တံဆိပ္ေတြကို လူသိမ်ားေအာင္လုပ္လို႔ရပါတယ္။ ဒါေၾကာင့္ ဒီလိုလုပ္ေဆာင္ရာမွာ သိထားသင့္တဲ့အခ်က္တစ္ခ်ိဳ႕ကို ေဖာ္ျပေပးရမယ္ဆိုရင္။

၁။ Hashtag နဲ႔ တင္တဲ႔ post ေတြဟာ Facebook ေပၚမွာ engagement နည္းေစပါတယ္။ ဒါဟာအေတာ္မ်ားမ်ား အထင္လြဲမွားေနတဲ့အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ # နဲ႔ တင္ရင္ လူသိပိုမ်ားမယ္လို႔ လူအေတာ္မ်ားမ်ားက ယူဆၾကပါတယ္။ အဲအခ်က္ကို သတိထားသင့္ပါတယ္။

၂။ ညမိုးခ်ဳပ္ခ်ိန္မွာ တင္တဲ့ post ေတြဟာ ပိုုေအာင္ျမင္နိုုင္ပါတယ္။ အေႀကာင္းကေတာ့ အဲဒီအခ်ိန္အတြင္းမွာ post တင္တဲ့သူနည္းျပီး Facebook သံုုးတဲ့သူ အေရအတြက္က မ်ားလို႔ျဖစ္ပါတယ္။

၃။ ကိုယ့္ရဲ႕ Page မွာ Pages to watch ကိုုယ္နဲ႔ အလားတူ Page ေတြရဲ႕ engagement ေတြ activities ေတြကိုု ေစာင့္ႀကည္႔ႏိုင္ပါတယ္။ ဒါဟာျပိဳင္ဘက္ေတြကို ယွဥ္ျပိဳင္ဖို႔နဲ႔ marketing strategies အတြက္ အရမ္းအသံုုးဝင္ပါတယ္။

၄။ Audience Insight ကိုုသံုုးပါ။ အဲ့ကေနတဆင့္ ကိုုယ္ရဲ႕ Budget ၊ ROI ၊ Interest နဲ႔ Target segment ရွိမယ့္ Demographic ကိုု တိတိက်က်သိႏိုင္ပါတယ္။

၅။ Youtube Video Link ေတြ မတင္ပါနဲ႔။ Youtube က Video link ကိုု Facebook မွာ ထည့္ျခင္းဟာ အမွားႀကီးျဖစ္ႏိုင္ပါတယ္။ ျဖစ္ႏုိင္ရင္ ျဖစ္ႏုိင္ရင္ Post ေတြမွာ Original Photo/video ကို သုံးပါ။ ကိုယ့္ဘာသာကိုယ္ ရိုက္ထားတဲ့ ပုံနဲ႕ သူမ်ားဆီကယူ သံုးတဲ့ပံုေတြရဲ႕ Reach ေတြ၊ Engagement ေတြ ကြာပါတယ္။ Digital Platform ေတြ ရဲ႕ AI နည္းပညာကို ေလ်ာ့မတြက္ပါနဲ႕။ ကိုယ္ ဖန္တီးထားတဲ့ ပုံလား? သူမ်ားဆီက ယူသုံးသလား? ဆိုတာကို သိရွိၾကတာမ်ားပါတယ္။ ဒါေၾကာင့္ ကိုယ္တုိင္ဖန္တီးျပီးတင္ပါ။

၆။ Content အရွည္ၾကီးမဟုတ္ပဲ သာမန္ Post တင္မယ္ဆိုရင္ စာလံုုးအေရအတြက္ ၁၅၀ ဝန္းက်င္ပဲရွိတဲ့ Post ေတြဟာ ရွည္ရွည္ေဝးေဝးေရးထားတဲ့ Post ေတြထက္ engagement ပိုုေကာင္းပါတယ္။ ျဖစ္နုုိင္ရင္ တိုတိုရွင္းရွင္း ထိထိမိမိသာေရးပါ။

၇။ ပံုမွန္ Facebook ေၾကာ္ျငာတစ္ခုရဲ႕ Click-through rate (CTA) ဟာ ပံုမွန္အားျဖင့္ ၀.၉% သာရွိတယ္လို႔ ေလ့လာခ်က္ေတြက ဆိုပါတယ္။ CTA button ထည့္လိုုက္မယ္ဆိုရင္ေတာ့ အဲ့ဒီပမာဏထက္ သံုုးဆေက်ာ္တက္လာပါတယ္။

၈။ A/B Testing လုပ္ပါ။ မတူညီတဲ့ ads ေတြက မတူညီတဲ့ response ေတြရပါတယ္။ ေငြအမ်ားႀကီးသံုုးျပီ မေႀကာ္ျငာခင္၊ ဘယ္ေႀကာ္ျငာပိုုထိေရာက္လည္းဆိုုတာ AB Tasty တို႔ Apptimize တို႔လို A/B Testing Tool ေတြကို သံုးျပီး A/B Test အရင္ လုုပ္သင့္ပါတယ္။

၉။ Facebook မွာ ဖြဲ႕ဖြဲ႕ႏြဲ႕ႏြဲ႕နဲ႔ ေၾကာ္ျငာ Content ဖန္တီးမယ္ဆိုရင္ေတာ့ စာလံုုးေရ ၁၀၀၀ နဲ႔ ၃၀၀၀ အႀကားဟာ အေကာင္းဆံုး ျဖစ္ပါတယ္။ ကိုယ္ဖန္တီး မယ့္ Content ေတြ မွာ Search Engine Optimization (SEO) ျဖစ္ဖို႕ အေရးၾကီးပါတယ္။ SEO ဆိုတာ ကိုယ္ရဲ႕ Content ဟာ Google ၊ Facebook ၊ Youtube နဲ႕ Amazon အျပင္ အျခား Platform ေပၚထိ သက္ေရာက္မႈ ရွိမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ Content ဟာ Facebook ေပၚမွာပဲ ဆိုရင္ေတာင္ SEO ေကာင္းဖို႕ လိုတာပါ။

၁၀။ စာလံုးေပါင္း သတ္ပံု ဂရုစုိက္ပါ။ အထူးသျဖင့္ လူသိမ်ားတဲ့ ကုန္အမွတ္တံဆိပ္ Brand ေတြ ေပါက္ၿပီးသား စကားလုံးေတြကို မွန္ကန္စြာ ေရးသားပါ။ ဥပမာ Facebook ကိုု အဂၤလိပ္လို ေရးထားတဲ့ post မွာ “F” ကိုု အေသးနဲ႕ ေရးၿပီး Boost ၾကည့္ပါ။ မျပင္ မခ်င္း boost လုပ္ခြင့္ မေပးသလို မ Boost ျပန္ရင္လည္း (organic) ranking score ကို ထိခိုက္တာမို႕ ဖန္းတီးထားတဲ့ content တစ္ခုလုံးကိုျဖစ္ေစ၊ Page/Website တစ္ခုလုံးကိုျဖစ္ေစ နစ္နာေစမွာျဖစ္ပါတယ္။

၁၁။ အင္တာနက္နဲ႔ လူမႈကြန္ယက္ေတြမွာ လူေတြရဲ႕ ရွာေဖြမႈ အၾကိမ္အေရအတြက္ ဟာ အရမ္းတိုးတက္ေနပါတယ္။ ဒါေၾကာင့္ ကိုယ္ေရးမယ့္ content ေတြ မွာ အမ်ားစုရွာေဖြေနတဲ႕ အဂၤလိပ္လို Keywords/Phrase ေတြ ပါရင္ ကိုယ့္ Content ဟာ ပိုေပါက္ပါတယ္။ ဒါေၾကာင့္ မေရးခင္က ကိုယ္ေရးမယ့္ Content ဟာ ဘယ္လို Keyword ေတြ နဲ႕ ဆက္စပ္သလဲ ဆိုတာ စဥ္းစားျပီးမွ ေရးပါ။ ျမန္မာလိုေရးတဲ့ Content မွာေတာင္ ကိုယ့္စာနဲ႔ ဆက္စပ္တဲ့ အဂၤလိပ္ Keyword ေလးငါး လုံး ညွပ္ထည့္ ေပးသင့္ပါတယ္။

ဒီအခ်က္ေတြကို ဂရုစုိက္ျပီး Content ေတြဖန္တီး Post ေတြ တင္ျပီး မိမိရဲ႕ လုပ္ငန္းေတြကို လူသိပိုမ်ားလာေအာင္ ေဆာင္ရြက္ႏုိင္ပါတယ္။ ဒစ္ဂ်စ္တယ္ေအဂ်င္စီေတြ မငွားႏုိင္ရင္ေတာင္မွ ဒီအခ်က္ေတြကို လိုက္နာရံုနဲ႔ ပိုေကာင္းမြန္တဲ့ ေၾကာ္ျငာနည္းလမ္းေတြျဖစ္လာမွာပါ။

တကယ္တမ္း ကိုယ့္အမွတ္တံဆိပ္လူသိမ်ားဖို႔ဆိုရင္ မိမိ Page က Content ေတြကို Click မ်ားေအာင္၊ Engagement မ်ားေအာင္၊ Organic reach မ်ားေအာင္ လုပ္ဖို႕ “အစဥ္တစိုက္” ႀကိဳးစားေနဖို႔က အဓိကျဖစ္ပါတယ္။  ဒီအခ်က္ကို အေလးထားႏုိင္ေနသေရြ႕ မိမိလုပ္ငန္းအတြက္ အေကာင္းဆံုး ရလဒ္ေတြကို ဖန္တီးႏုိင္မွာျဖစ္ပါတယ္။ 
 

Mobile Guide
Vol.4/No.58




ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံခရီးစဉ်က ဘာသင်ခန်းစာတွေ ရလိုက်သလဲ ~ ကုလလုံၿခဳံေရးေကာင္စီရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္က ဘာသင္ခန္းစာေတြ ရလိုက္သလဲ  

Posted by Admin in





UNSC ၏ ၂ ရက်တာခရီးစဉ်

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့နှင့် မေလ ၁ ရက်နေ့တို့တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ ကိုယ်စားလှယ် ၄၀ ကျော် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည်။ အဆိုပါ ခရီးစဉ်ကို Peru သံအမတ်ကြီး Gustavo Adolfo Meza Cuadra Velasqez မှ ဦးဆောင်ခဲ့ပြီး လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့မှ သံအမတ်များလိုက်ပါခဲ့ကြသည်။ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၃၀ ရက် နေ့တွင်နေပြည်တော်သို့ရောက်ရှိခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ အပြင် နေပြည်တော်ရှိ အရပ်ဘက်အဖွဲ့အစည်းအချို့နှင့်တွေ့ဆုံခဲ့ကြသည်။ ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးအချို့နှင့် အလုပ်သဘော ညစာစားသုံးခဲ့ကြသည်။ မေလ ၁ ရက် နေ့တွင် မောင်တော ဒေသများသို့ သွားရောက်ခဲ့ပြီး စစ်တွေမြို့တွင် အရပ်ဘက်အဖွဲ့ အစည်းအချို့နှင့် တွေ့ဆုံခဲ့ကြသည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့်မူ အချိန်မရဟု အကြောင်းပြကာ တွေ့ဆုံသွားခဲ့ခြင်းမရှိပေ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆိုသည်မှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ၊ အလှည့်ကျ အဖွဲ့ ဝင် ၁၀ နိုင်ငံ စုစုပေါင်း ၁၅ နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည်။ အမေ ရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့မှ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်ခွင့် ရရှိပြီး အခြားကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံတို့မှ ၁၀ နိုင်ငံစီ အလှည့်ကျ ပါဝင်ခွင့်ရ သည်။ လက်ရှိ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့မှာ ဘိုလစ်ဗီးယား၊ အိုင်ဗရီကို့စ်၊ အီကွေ တိုရီရယ်ဂီနီ၊ အီသီယိုပီးယား၊ ကာဇက်စတန်၊ ကူဝိတ်၊ နယ်သာလန်၊ ပီရူး၊ ပိုလန်နှင့် ဆွီဒင်နိုင်ငံတို့ဖြစ်ကြသည်။ ဆုံးဖြတ်ချက်ချချိန်တွင် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံမှ ဗီတို အာဏာဖြင့် ပယ်ချခွင့်ရှိပြီး တစ်နိုင်ငံက ပယ်ချခဲ့လျှင်ပင် အဖွဲ့ဝင် ၁၄ နိုင်ငံ သဘောတူ သည့်တိုင်အောင် သဲထဲရေသွန်ဖြစ်စေသည့် မူဝါဒကိုကျင့်သုံးထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ အရင်သွားရောက်ခဲ့

လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်မလာခင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဦးစွာသွားရောက်ခဲ့ကြသည်။ ဧပြီလ ၂၈ ရက်နေ့တွင် Cox’s Bazar မြို့ သို့ ရောက်ရှိခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့တွင် Kutupalong ဒုက္ခသည်စခန်းနှင့် တန်ဘရူး နယ်စပ်အနီးရှိ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းတွင် ယာယီနေထိုင်လျက်ရှိသူများထံသို့ သွား ရောက်တွေ့ဆုံခဲ့ကြသည်။ ဧပြီလ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံထဲက ထွက်ခွာလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ နေထိုင်သူ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို နေရပ်ပြန်ခေါ်ရေး မြန်မာကို ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်မှ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်များ ကို တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့မထွက်ခွာမီ ဒါကာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ဘင်္ဂါလီဒုက္ခသည်များ၏ ငိုကြွေးပြမှု၊ မြန်မာနိုင်ငံအပေါ် အပြစ်ပုံချ ပြောဆိုမှုတို့ကို တစ်ဖက်သတ်နားထောင်ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲဖြစ်ခြင်းကြောင့် ကိုယ်စားလှယ်များထံမှ မီဒီယာသို့ ပြောဆိုမှုများကလည်း တစ်ဖက်သတ်များသာ ဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသို့ ရောက်ရှိလာရင်တော့ မြန်မာဘက်က တာဝန်ရှိသူများအသံ၊ ဒေသခံရခိုင်တိုင်းရင်းသားများအသံ၊ ဟိန္ဒူဘာသာဝင်များအသံ နှင့် နယ်ခံမျက်မြင်များ၏ အသံကိုနားထောင်ပြီးပါက ကုလသမဂ္ဂ ကိုယ်စားလှယ်တို့ အနေဖြင့် နှစ်ဘက်မျှမျှတတ ပြန်လည်စဉ်းစား သုံးသပ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ မိသည်။

တာဝန်ရှိသူများရှင်းကြပြီ

UNSC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့်နေ့တွင်ပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်မှ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံကာ ပြောဆိုရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။  ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ကိုဖီအာနန်၏အကြံပြု ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည့် အပြင် ကုလသမဂ္ဂနှင့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည့်အကြောင်း၊ ကုလ သမဂ္ဂ လက်အောက်ခံ အေဂျင်စီများနှင့် ထိတွေ့ဆောင်ရွက်သွားမည့်အကြောင်း၊  ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး(UNHCR)တို့နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးသွားမည့် အကြောင်းများကိုပါ ပြောဆိုခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တာဝန်ရှိသူများမှလည်း UNSC ကိုယ်စားလှယ် အဖွဲ့ကို ဧပြီလ ၃၀ ရက်နေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များ၊ ဘင်္ဂါလီများအား ပြန်လည်လက်ခံနိုင်မည့် အခြေအနေများ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ အပါအဝင် အခြားကိစ္စ အများအပြားကို ပြောဆိုဆွေးနွေးနိုင်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့် ဓာတ်ပုံမှတ်တမ်းစာအုပ်များကိုပါ ပေးအပ် ခဲ့သည်ဟု  သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေမှလည်း လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ဦးကျော်တင့်ဆွေ၊ UEHRD အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့မှ ရှင်းလင်း ပြောကြားမှုများ ပြုလုပ်ခဲ့ပါသေးသည်။

ပြင်ပ ပကတိအရှိတရားမှန်ကို လက်တွေ့ပြသ

မေလ ၁ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များကို ရခိုင်ပြည်နယ် မောင်တော၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ လှဖိုးခေါင် ကြားစခန်းတို့ရှိ ပြန်လည်လက်ခံနေရာချထားရေး ဆောင်ရွက်ထားမှုများနှင့် ရွှေစား၊ သစ်ဆုံးနားခွဆုံ၊ အိုးထိန်း၊ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင်၊ ရွှေဇား၊ ပန်းတောပြင် စသည့်  ကျေးရွာများကို ပြသပေးခဲ့သည်။ ပန်းတောပြင်ရွာရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံရာတွင် ဘင်္ဂါလီများမှ ၎င်းတို့၏ကျေးရွာများကို မီးရှို့သူများသည် တပ်မတော်နှင့် ရခိုင်လူမျိုး များဖြစ်သည်ဟု ကြိုတင်ဇာတ်တိုက်ထားသည့်အတိုင်း "Military Military" ဆိုသောစကားကိုသာ ပြောဆိုခဲ့သည်ဟု ကြားသိရသည်။ ထို့အပြင် UNSC အဖွဲ့များ အပြန်တွင် ပန်းတောပြင်ရွာသားတစ်ဦးမှ စာတစ်စောင်ပေးခဲ့သည်ဟုသိရပြီး ယင်း စာထဲတွင်ပါဝင်သည့် အကြောင်းအရာများမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ပေးလိုက် သည့် စာပါအကြောင်းအရာများနှင့် အတူတူဖြစ်သည်ဟုလည်း ကြားသိရပါသည်။ ထို့နောက် UNSC သံတမန်အဖွဲ့ဝင်များသည် မောင်တောထွေအုပ်ရုံးတွင် ဟိန္ဒူ မိသားစု ဝင်များနှင့်တွေ့ဆုံခြင်း၊ ပန်းတောပြင် မွတ်စလင်ကျေးရွာများသို့ သွားရောက် လေ့လာခြင်းများပြုလုပ်ခဲ့သည့်ပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ရခိုင်ပြည်နယ် မှ လူမှုအဖွဲ့အစည်းအချို့နှင့် စစ်တွေ မြို့တွင် တွေ့ဆုံခဲ့ကြပါသည်။

ရှင်းလင်းခဲ့သမျှအချည်းနှီးဖြစ်ခဲ့

UNSC ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁ ရက်နေ့ မြန်မာနိုင်ငံမှ မပြန်ခင် နေပြည် တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယင်းသတင်း စာရှင်းလင်းပွဲမှ ပြောဆိုချက်များသည် ယခင်အတိုင်း ပြောင်းလဲမှုမရှိခဲ့ပေ။ ၎င်းတို့ အဖွဲ့အနေဖြင့် မြန်မာဘက်က ဆွေးနွေးခဲ့မှုများကို လုံးဝထည့်သွင်းစဉ်းစားခြင်း မရှိဘဲ မူလအတိုင်းသာ  ပြောဆိုအပြစ်တင် တိုက်တွန်းသွားသည်ကို တွေ့ရသည်။ အထူး သဖြင့် ဗြိတိန်နိုင်ငံမှ ကိုယ်စားလှယ်ဖြစ်သူ Karen Pierce သည် ပြဿနာဖြေရှင်း ရေးထက် အရေးယူရေးကိုသာ ဦးစား ပေးနေခြင်းအား စိတ်ပျက်ဖွယ်တွေ့ခဲ့ရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တို့၏ သတင်းဖော်ပြချက်များအရ မြန်မာနိုင်ငံဘက်မှ ပြောဆိုဆွေးနွေးခဲ့မှုများသည် လွန်စွာ ပြည့်စုံမျှတပြီး ဆင်ခြင်သုံးသပ်ရမည့် အထောက်အကူများဟု ဆိုနိုင်သည်။ အလားတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒေသခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံ ပြည်သူများ၏ ပြောဆိုမှုများကလည်း လက်ခံစဉ်းစားရမည့် အချက်များသာဖြစ်ပေ သည်။ သို့သော် UNSC ကိုယ်စားလှယ်များက နှစ်ဘက်ညီညွတ်မျှတစွာ နားထောင် စဉ်းစားခဲ့ခြင်းမရှိဘဲ တစ်ဖက်သတ် စကားများကိုသာ နားထောင်ကာ တစ်ဖက်သတ် လွဲမှားစွာ ယုံကြည် လက်ခံထား ကြသည်ကို တွေ့ရသည်။

မြန်မာအစိုးရကိုပါ မထီမဲ့မြင်ပြုခဲ့

လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံမှ တာဝန်ရှိသူ ပြည်ထောင်စု ဝန်ကြီးများမှ ရှင်းပြနေချိန်တွင် ပြဿနာကို စိတ်ရှည်လက်ရှည် အာရုံစိုက်နားထောင် ရမည့်အစား မထီမဲ့မြင်အပြုအမူများပြုလုပ်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးကျော် တင့်ဆွေနဲ့ UEHRD အဖွဲ့ဝင်များပြောပြီးနောက် ဒေါက်တာဝင်းမြတ်အေး ပြောဆို ချိန်တွင် မက်တပ်ရပ်ကာ ထပြန်မည့်ပုံစံ ပြောဆိုခဲ့သည်။ နားမထောင်ချင်သည့်ပုံစံ၊ မလိုအပ်သည့်ပုံစံမျိုးပြသခဲ့ကြသည်။ ကုလသမဂ္ဂသံတမန်ဟူသည်မှာ သံအမတ်အဆင့် သာ ရှိပြီး Protocol အရ ပြည်ထောင်စုဝန်ကြီးအောက်တွင်ရှိနေသည်။ မြန်မာ နိုင်ငံ၏ ပြဿနာကို လာရောက်လေ့လာသူ သံအမတ်များက အဆင့်မြင့်ဝန်ကြီး တစ်ဦးပြောဆို ချိန် နားမထောင်လိုဘဲ ထပြန်မည်ပြုလုပ်ခြင်းက နိုင်ငံတော်နှင့် အစိုးရကို စော်ကား ခြင်းဖြစ်ပေသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြန်မာပြည်သူအားလုံးက လုံခြုံရေး ကောင်စီကိုယ်စားလှယ်အဖွဲ့အပေါ် ဒေါသထွက်ခဲ့ကြသည်။

ကုလသမဂ္ဂတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဒေါက်တာ ဒေါ်ရင်ရင် နွယ်မှ UNSC ကိုယ်စားလှယ်များက မြန်မာနိုင်ငံအကြီးအကဲများကို တင်းမာစွာ ဆက်ဆံခြင်းသည် နိုင်ငံတော်၏ဂုဏ်သိက္ခာကို စော်ကားရာရောက်ကြောင်း၊ ကုလ သမဂ္ဂမှတိုင်းပြည်တစ်ပြည်၏ နိုင်ငံရေးနှင့်ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လျှင် ထိုတိုင်းပြည်သည် ကောင်းလာနိုင်စရာမရှိသဖြင့် အလျှော့မပေးသင့်ကြောင်း၊ ကုလ သမဂ္ဂ၏ သဘောသဘာဝသည် အရှော့ပေးလေ ပိုပြီးလူပါးဝ အနိုင်ကျင့်လေဖြစ် ကြောင်း၊ သို့ဖြစ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့အား အင်ဒိုနီးရှား သမ္မတက UNHCR ကို နှင်ထုတ်သကဲ့သို့ နှင်ထုတ်သင့်ကြောင်း Facebook မှတစ်ဆင့်သတိပေးပြောဆိုခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံမှလည်း နှင်ထုတ်ခဲ့ဖူး ကြောင်းနှင့် ကုလသမဂ္ဂကြောင့် အင်ဒိုနီးရှားနိုင်ငံမှ အရှေ့တီမောဒေသပဲထွက်ခဲ့သည့် ဖြစ်စဉ်၊ ယူကိုဆလားဗီးယားနိုင်ငံမှ ကိုဆိုဗိုပြည်နယ် ပဲ့ထွက်ခဲ့သည့် ဖြစ်စဉ်များကို လည်း ဥပမာပေးပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုပြီး မကြာမီမှာပင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်မှာ Facebook ၏  သတိပေးခြင်းကို ခံခဲ့ရသည်။

ပြဿနာတစ်ခုကို ဝင်မပါခင် သမိုင်းနှင့်ဇစ်မြစ်သိဖို့အရင်လေ့လာသင့်

UNSC အဓိက ဦးတည်သည့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ ပြဿနာသည်ပြည်တွင်းရေးပြဿနာတစ်ခုသာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံကသာကိုင်တွယ် ဖြေရှင်းရမည့် ကိစ္စဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ဝင်ရောက်စွက်ဖက်လိုလင့်ကစား ပြဿနာကို အသီးအပွင့်ကိုသာ မကြည့်ဘဲ အမြစ်ကိုပါ ကြည့်ဖို့လိုလိမ့်မည်ဖြစ်သည်။   မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂါလီများ ရောက်ရှိလာခြင်းမှာ ကိုလိုနီခေတ်က အင်္ဂလိပ်တို့ ခေါ်သွင်းလာသည့် လယ်ကူလီများမှ အစပြုခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့သည် အင်အားကြီးလာပြီး အကြမ်းဖက်မှုများ လုပ်ကိုင်လာခဲ့ကြသည်။

၁၉၈၈ ခုနှစ်တွင် လုံခြုံရေးအင်အားနည်းနေမှုကို အခွင့်ကောင်းယူကာ ဘင်္ဂါလီများက မောင်တောမြို့ကို သိမ်းပိုက် ရန်ကြိုးစားခဲ့ဖူးသည်။ ၁၉၉၈ ခုနှစ်တွင်လည်း (၎င်းတို့ အခေါ်) ရိုဟင်ဂျာ လွတ်မြောက်ရေးအဖွဲ့(RLO) မှ မောင်တောမြို့သို့ ဝင်ရောက်ခဲ့ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်း၊ ဗုဒ္ဓဘာသာဝင်များနေထိုင်သော ရပ်ကွက်များကို မီးရှို့ခြင်း၊ ရခိုင်တိုင်းရင်းသားများကို သတ်ဖြတ်ခြင်းတို့ကို ပြုလုပ် ခဲ့ကာ မောင်တောကို သိမ်းယူရန်ကြိုးစားခဲ့သေးသည်။ ၂၀၁၇ ဩဂုတ်လတွင်မူ ARSA သောင်းကြမ်းသူအဖွဲ့မှ ရဲကင်းစခန်း ၃၀ ကို တစ်နေ့တည်း တစ်ချိန်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ပြည်သူအများအပြား သေဆုံးဒဏ်ရာရခဲ့ရသည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ မြန်မာတိုင်းရင်းသား ၇၂ ဦးသေဆုံးခဲ့ရပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်ရှိဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်များ ထွက်ပြေးနေခြင်းမှာ လည်း ၂၀၁၇ ဩဂုတ်လတိုက်ခိုက်မှု၏ နောက်ဆက်တွဲဖြစ်သည်။ လက်ရှိဖြစ်နေသည့် ပြဿနာမှာ ထွက်ပြေးသည့်ပြဿနာနှင့် ထွက်ပြေးသူကိုလက်ခံရမည့် ပြဿနာသာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ နယ်မြေပိုင်ဆိုင်လိုခြင်း၊ အချုပ်အခြာ အာဏာထိခိုက်ခြင်းနှင့် အမျိုးသားလုံခြုံရေး ပြဿနာဖြစ်သည်။

မြန်မာနိုင်ငံအတွက် ကောင်းကျိုး၊ ဆိုးကျိုး

UNSC ကိုယ်စားလှယ်များ၏ မြန်မာနိုင်ငံခရီးစဉ်သည် ရလဒ်ကောင်းမထွက်သည့် ခရီးစဉ်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံတွင်းသို့ ပြဿနာဖြေရှင်းရန် လာရောက်လေ့လာ ခြင်းမဟုတ်ဘဲ ၎င်းတို့တရားသေ ဆုတ်ကိုင်ထားသည့် မူဝါဒကို လာရောက်ပြော ဆိုခြင်း၊ မြန်မာတာဝန်ရှိသူများကို တရားခံသဖွယ် စစ်ဆေးမေးမြန်းခြင်းသာ ဖြစ် သည်။ ဖြစ်စဉ်အကြောင်းအရာနှင့်ပတ်သက်ပြီး ၎င်းတို့တွင် Input ရှိပြီးသားဖြစ်ပြီး တစ်ဖက်သတ် Input များကို လက်ကိုင်ထားကာ တစ်ဖက်သတ် Output ကိုသာ တစိုက်မက်မက် ပြောဆိုခဲ့ကြသည်။ အသုံးချခံမီဒီယာများ၊ ငိုပြသူများနှင့် ၎င်းတို့ထံသို့ သတင်း စကားရောက်အောင် တင်ပြနိုင်သူများထံမှ သတင်းကိုသာ အတည်ယူကာ မြန်မာနိုင်ငံကို တရားခံအဖြစ်သာ ရှုမြင်နေကြသည်။ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သော်လည်း မြန်မာဘက်မှ ပြောဆိုသမျှကို နားမထောင်ဘဲ ၎င်းတို့ပြောချင် သည်များကိုသာ ပြောဆိုသွားကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံ တိုင်းရင်းသားတို့နှင့် တွေ့ဆုံခဲ့သော်လည်း ပြောသမျှစကားများကို အလေးအနက် ထားခြင်း မရှိခဲ့ကြချေ။ မြန်မာနိုင်ငံကိုကူညီရန်ဟု မကြာခဏပြောဆိုလေ့ရှိကြသော် လည်း မြန်မာ နိုင်ငံအပေါ် စေတနာအမှန်မရှိကြပေ။ ခရီးစဉ်ကိုလည်း ကူဝိတ်နိုင်ငံမှ ထောက်ပံ့ပေးသည့် အထူးလေယာဉ်ကြီးဖြင့် ပျော်ပွဲစားထွက်သကဲ့သို့ ပျော်ရွှင်စွာ ခရီးထွက်နေကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသို့လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ၊ မြန်မာဘက်မှ မည်သို့ပြောသည်ဖြစ်စေ ၎င်းတို့၏အမြင်၊ အတွေး၊ သဘော ထားနဲ့ ဆုံးဖြတ်ချက်များက ရှိပြီးသားဖြစ်ရာ UNSC အဖွဲ့ဝင်များ ခရီးစဉ်သည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးမရှိသည့် ခရီးစဉ်ဟုသာ သတ်မှတ်ရပေလိမ့်မည်။

သင်ခန်းစာများနှင့် ပြင်ဆင်စရာများ

UNSC ခရီးစဉ်သည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးမရခဲ့သော်လည်း သင်ခန်းစာ ယူစရာ များစွာ ရရှိခဲ့သည်။ ပထမအချက်အနေဖြင့် UNSC မှ မြန်မာနိုင်ငံအပေါ် ထား ရှိသည့် သဘောထားမှန်ကို ကွက်ကွက်ကွင်းကွင်းသိရှိခဲ့ရသလို ယင်းသဘောထားမှာ ခိုင်မာအမြစ်တွယ်နေပြီး ပြောင်းလဲဖို့ခက်သည်ကို မြန်မာဘက်က ကောင်းစွာသဘော ပေါက်ခဲ့ကြရသည်။

ဒုတိယအချက်မှာ မြန်မာအစိုးရ တာဝန်ရှိသူများ၏ အားနည်းချက်ဟု ဆိုနိုင်သည်။ ပြည်သူကရွေးချယ်တင်မြှောက်ထားသည့် အစိုးရလက်ထက် လူမှုရေးရာနှင့် နိုင်ငံ တကာရေးရာ ကျွမ်းကျင်သူများက သံတမန်များကို နားဝင်အောင် မရှင်းပြနိုင်ဘဲ ထပြန်အောင် လုပ်ခဲ့ခြင်းက ရုပ်ဆိုးအကျည်းတန်စေသည့် ဖြစ်စဉ်ဖြစ်သည်။ မြန်မာ နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် လူထုဆက်သွယ်ရေးနည်းနာ (Public Relation) အတတ်ပညာလိုအပ်နေပြီး သံတမန်များကို မည်သို့ ဆက်ဆံစည်းရုံးရမည်၊ မိမိနိုင်ငံ ဘက်မှ အခြေအနေမှန်များကို နားဝင်သွားစေရန် မည်သို့ဆွဲဆောင်မှုရှိရှိတင်ပြ မည်၊ ကျေနပ်လက်ခံသွားစေရန် မည်သို့လက်တွေ့ ဆောင်ရွက်လုပ်ကိုင်နေကြောင်း ပြသမည် ဆိုသော သံတမန်ဆန်ဆန် ဆက်ဆံပြောဆို စည်းရုံးသည့် နည်းပရိယာယ်များ၊ အရည် အချင်းများ ရှိဖို့လိုအပ်နေသေးကြောင်း တွေ့နိုင်သည်။ ဟိန္ဒူဘာသာဝင် ရုပ်အလောင်း များ တူးဖော်ရရှိခဲ့မှု၊ ရခိုင်တိုင်းရင်းသား ၅ ဦး၊ မြိုတိုင်းရင်းသား ၇ ဦးနှင့် ဒိုင်းနက် တိုင်းရင်းသား ၇ ဦးတို့ ရက်ရက်စက်စက် အသတ်ခံခဲ့ရမှုများကို ကုလသမဂ္ဂသံတမန် များ မသိရှိကြခြင်းမှာ အစိုးရ၏အားနည်းချက်ဖြစ်သည်။ ယင်းအားနည်းချက် ကြောင့် လည်း အိမ်ကွင်းမှာပင် ခံစစ်နှင့်ကစားနေရသည့် အဖြစ်မျိုးသို့ ရောက်ခဲ့ရခြင်းဖြစ် သည်။

တတိယအချက်မှာ မိမိတို့ဘက်မှ NGO များ၊ CSO များ အခိုင်အမာမရှိခြင်းဖြစ် သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်များသည် နေပြည်တော်နှင့် စစ်တွေတို့တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ယင်းတို့၏ အသံကို နား ထောင်ခဲ့ကြသည်။ သို့သော် တက်ရောက်ခဲ့ကြသည့် NGO, INGO နှင့် CSO အဖွဲ့ အချို့မှာ နိုင်ငံတကာအဖွဲ့အစည်းများက ကျောထောက်နောက်ခံပေးထားသူများ ဖြစ်နေရာ ဘင်္ဂါလီတို့ဘက်မှသာ ရပ်တည်ပြောကြားခဲ့သည်ကို တွေ့ရသည်။ သို့ ဖြစ်ရာ လောင်းရိပ်ကင်းပြီး အမှန်တရားအတွက် ရပ်တည်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်း အများအပြား မြန်မာ့လူ့ဘောင်တွင် လိုအပ်နေကြောင်း သင်ခန်းစာယူရမည်ဖြစ်သည်။

ပြဿနာ၏နိဂုံး

UNSC ခရီးစဉ်နှင့်ပတ်သက်၍ အဓိက စိုးရိမ်စရာမှာ ဒုက္ခသည်များ ပြန်ပို့ရေးကိစ္စ ထက် ကျော်လွန်သည့် ပြောဆိုစွက်ဖက်မှုများဖြစ်ပြီး  အရေးယူသည့်လမ်းကြောင်းပေါ် သို့ မရမကစွဲတင်နေသည့် အပြုအမူများပင်ဖြစ်သည်။ ၂ ရက်တာခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့သမျှနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သမျှအား ဆက်စပ်သုံးသပ် ကြည့်ပါက ၎င်းတို့အနေဖြင့် မူလစီစဉ်ထားသည့် အစီအစဉ်များကိုသာ အရှိန်အဟုန် ဖြင့် ဆက်လုပ်သွားလိမ့်မည်ဟု ကောက်ချက်ချနိုင်သည်။ အထူးသဖြင့် လာမည့် မုတ်သုန် ရာသီအတွင်း ရေလွှမ်းမိုးမှုများကြောင့် ဘင်္ဂါလီများ ကြုံတွေ့ရသည့်အခြေအနေများ၊ ရောဂါခံစားမှုများနှင့် သေကျေပျက်စီးမှုများအား အကြောင်းပြု၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အဆိုမူကြမ်းတစ်ရပ် ချမှတ်အရေးယူနိုင်ရေး ဖိအားပေးဆောင်ရွက်ခြင်းများ ပြုလုပ်လာနိုင်သည်။

အလားတူ ပြီးခဲ့သည့် မေလ ၅ ရက်၊ စနေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ စတင် ကျင်းပတဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC နိုင်ငံခြားရေးဝန်ကြီး များ ညီလာခံတွင် ဘင်္ဂါလီများနှင့်ပတ်သက်၍ မြန်မာအစိုးရအပေါ် ပြင်းထန်စွာအရေး ယူဖို့ ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က OIC နိုင်ငံတွေ အနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြဖို့ ပြော ကြားခဲ့ပြန်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ OIC နှင့် အနောက်နိုင်ငံများသည် ဒုက္ခသည်ပြန်ပို့ရေး ပြဿနာထက် ကျော်လွန်သော ဖိအားများကိုပေးလာကြပြီး  အနာဂတ်ကို မျှော်တွေး ကာ ကူညီရမည့်အစား အတိတ်ဖြစ်စဉ်များအတွက် စစ်ဆေးအရေးယူရန် ပိုမိုအလေး ပေးလာကြသည်။ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ၊ ဟိန္ဒူဘာသာ ဝင် ၅၂ ဦး အသတ်ခံရမှု၊ ရခိုင်/မြို/ဒိုင်းနက် စသည့် ဒေသခံတိုင်းရင်းသား ၁၉ ဦး အသတ်ခံရမှု၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် တပ်မတော်သား ၂ ဦး အသတ်ခံခဲ့ရမှုတို့ကို ပြည်ဖုံးကားချပြီး လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်သမားများ နှိမ်နှင်းရေး ဆောင် ရွက်မှုများအပေါ် စစ်ဆေးမေးမြန်းအမှုဆင်လာကြသည်။ အပြည်ပြည်ဆိုင်ရာရာဇဝတ် ခုံရုံး(ICC) နှင့်လည်းကောင်း၊ R2P နှင့်လည်းကောင်း ခြိမ်းခြောက်မှုများ ပြုလုပ်လာ ကြသည်။ ယင်းကဲ့သို့ မလိုအပ်ဘဲ တပ်မတော်အပေါ် ဖိအားအလွန် အကျွံပေးမှုများ သည် ယူဂိုဆလားဗီးယားစစ်ပွဲအတွင်း ယူဂိုဆလားဗီးယားတပ်မတော်ကို ဖိအားပေးမှု များနှင့် အလားသဏ္ဌာန်တူနေသည်။ ယင်းအချက်သည် နိုင်ငံမတည် မငြိမ်ဖြစ်ရုံမျှမက အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားနိုင်သလို စစ်မီးကြီး ဟုန်းဟုန်းတောက်ကာ ဆီးရီးယား နှင့် အာဖဂန်နစ္စတန်ကဲ့သို့ စစ်မြေပြင်လည်း ဖြစ်သွားနိုင်သည်။ တပ်မတော်အပေါ်ကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်သည်ဟု ဆိုသော်လည်း နိုင်ငံတော်နှင့်အစိုးရပါ သိက္ခာ ကျသည့်အပြင် အကျိုးဆက်ကို ပြည်သူ ၅၂ သန်းလုံးက ခံစားရမည်ဖြစ်သည်။ ကမ္ဘာတည်သရွှေ့ မြန်မာနိုင်ငံတည်တံ့စေရေး၊ မြန်မာ့မြေကို နိုင်ငံတကာ စစ်မြေပြင် မဖြစ်စေရေးနှင့် ရခိုင်ပြဿနာ၏ အဆုံးသတ်က မြန်မာနိုင်ငံ၏ နိဂုံးမဖြစ်ရန်မှာ ယနေ့ မြန်မာပြည်သူအားလုံး၏ တာဝန်ဖြစ်ပေသည်။ အစိုးရဘက်မှလည်း ကစားကွက် ပြောင်းပြီး ကစားဖို့လိုအပ်သလို ပြည်သူများဘက်မှလည်း အစွဲအမျိုးမျိုးဖြင့် အိမ်ကြက်ချင်း ခွပ်နေမှုကိုရပ်တန့်ကာ စည်းလုံးညီညွတ်စွာဖြင့် တုံ့ပြန်ရမည့်အချိန်ဖြစ် ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။


<Zawgyi>

 UNSC ၏ ၂ ရက္တာခရီးစဥ္

ၿပီးခဲ့သည့္ ဧၿပီလ ၃၀ ရက္ေန႔ႏွင့္ ေမလ ၁ ရက္ေန႔တို႔တြင္ ကုလသမဂၢလုံၿခဳံေရး ေကာင္စီမွ ကိုယ္စားလွယ္ ၄၀ ေက်ာ္ ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့ၾကသည္။ အဆိုပါ ခရီးစဥ္ကို Peru သံအမတ္ႀကီး Gustavo Adolfo Meza Cuadra Velasqez မွ ဦးေဆာင္ခဲ့ၿပီး လုံၿခဳံေရးေကာင္စီ၏ အၿမဲတမ္းအဖြဲ႕ဝင္ ၅ ႏိုင္ငံႏွင့္ အလွည့္က်အဖြဲ႕ဝင္ ၁၀ ႏိုင္ငံတို႔မွ သံအမတ္မ်ားလိုက္ပါခဲ့ၾကသည္။ ကိုယ္စားလွယ္အဖြဲ႕သည္ ဧၿပီ ၃၀ ရက္ ေန႔တြင္ေနျပည္ေတာ္သို႔ေရာက္ရွိခဲ့ၾကၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္း စုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တို႔ အျပင္ ေနျပည္ေတာ္ရွိ အရပ္ဘက္အဖြဲ႕အစည္းအခ်ိဳ႕ႏွင့္ေတြ႕ဆုံခဲ့ၾကသည္။ ညပိုင္းတြင္ ျပည္ေထာင္စုဝန္ႀကီးအခ်ိဳ႕ႏွင့္ အလုပ္သေဘာ ညစာစားသုံးခဲ့ၾကသည္။ ေမလ ၁ ရက္ ေန႔တြင္ ေမာင္ေတာ ေဒသမ်ားသို႔ သြားေရာက္ခဲ့ၿပီး စစ္ေတြၿမိဳ႕တြင္ အရပ္ဘက္အဖြဲ႕ အစည္းအခ်ိဳ႕ႏွင့္ ေတြ႕ဆုံခဲ့ၾကသည္။ ထို႔ေနာက္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ကာ ျပန္လည္ ထြက္ခြာသြားခဲ့ၾကသည္။ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္မူ အခ်ိန္မရဟု အေၾကာင္းျပကာ ေတြ႕ဆုံသြားခဲ့ျခင္းမရွိေပ။


ကုလသမဂၢလုံၿခဳံေရးေကာင္စီ 

ကုလသမဂၢလုံၿခဳံေရးေကာင္စီဆိုသည္မွာ အၿမဲတမ္းအဖြဲ႕ဝင္ ၅ ႏိုင္ငံ၊ အလွည့္က် အဖြဲ႕ ဝင္ ၁၀ ႏိုင္ငံ စုစုေပါင္း ၁၅ ႏိုင္ငံတို႔ျဖင့္ ဖြဲ႕စည္းထားေသာ အဖြဲ႕တစ္ခုျဖစ္သည္။ အေမ ရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွ အၿမဲတမ္းအဖြဲ႕ဝင္အျဖစ္ ပါဝင္ခြင့္ ရရွိၿပီး အျခားကုလသမဂၢအဖြဲ႕ဝင္ ၁၉၃ ႏိုင္ငံတို႔မွ ၁၀ ႏိုင္ငံစီ အလွည့္က် ပါဝင္ခြင့္ရ သည္။ လက္ရွိ အလွည့္က်အဖြဲ႕ဝင္ ၁၀ ႏိုင္ငံတို႔မွာ ဘိုလစ္ဗီးယား၊ အိုင္ဗရီကို႔စ္၊ အီေကြ တိုရီရယ္ဂီနီ၊ အီသီယိုပီးယား၊ ကာဇက္စတန္၊ ကူဝိတ္၊ နယ္သာလန္၊ ပီ႐ူး၊ ပိုလန္ႏွင့္ ဆြီဒင္ႏိုင္ငံတို႔ျဖစ္ၾကသည္။ ဆုံးျဖတ္ခ်က္ခ်ခ်ိန္တြင္ အၿမဲတမ္းအဖြဲ႕ဝင္ ၅ ႏိုင္ငံမွ ဗီတို အာဏာျဖင့္ ပယ္ခ်ခြင့္ရွိၿပီး တစ္ႏိုင္ငံက ပယ္ခ်ခဲ့လွ်င္ပင္ အဖြဲ႕ဝင္ ၁၄ ႏိုင္ငံ သေဘာတူ သည့္တိုင္ေအာင္ သဲထဲေရသြန္ျဖစ္ေစသည့္ မူဝါဒကိုက်င့္သုံးထားသည္။ 


ဘဂၤလားေဒ့ရွ္သို႔ အရင္သြားေရာက္ခဲ့

လုံၿခဳံေရးေကာင္စီကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာႏိုင္ငံသို႔ ေရာက္မလာခင္ ဘဂၤလား ေဒ့ရွ္ႏိုင္ငံသို႔ ဦးစြာသြားေရာက္ခဲ့ၾကသည္။ ဧၿပီလ ၂၈ ရက္ေန႔တြင္ Cox’s Bazar ၿမိဳ႕ သို႔ ေရာက္ရွိခဲ့ၿပီး ဧၿပီလ ၂၉ ရက္ေန႔တြင္ Kutupalong ဒုကၡသည္စခန္းႏွင့္ တန္ဘ႐ူး နယ္စပ္အနီးရွိ ႏွစ္ႏိုင္ငံနယ္နိမိတ္မ်ဥ္းတြင္ ယာယီေနထိုင္လ်က္ရွိသူမ်ားထံသို႔ သြား ေရာက္ေတြ႕ဆုံခဲ့ၾကသည္။ ဧၿပီလ ၃၀ ရက္ေန႔တြင္ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina ႏွင့္ ေတြ႕ဆုံခဲ့ၿပီး ျမန္မာ ႏိုင္ငံထဲက ထြက္ခြာလာၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲမွာ ေနထိုင္သူ သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြကို ေနရပ္ျပန္ေခၚေရး ျမန္မာကို ဖိအားေပးရန္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္မွ ကုလသမဂၢလုံၿခဳံေရးေကာင္စီ သံတမန္မ်ား ကို ေတာင္းဆိုခဲ့သည္။


ကုလသမဂၢလုံၿခဳံေရးေကာင္စီ ကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာႏိုင္ငံသို႔မထြက္ခြာမီ ဒါကာၿမိဳ႕ အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္  သတင္းစာရွင္းလင္းပြဲတစ္ခု ျပဳလုပ္ခဲ့သည္။ ဘဂၤါလီဒုကၡသည္မ်ား၏ ငိုေႂကြးျပမႈ၊ ျမန္မာႏိုင္ငံအေပၚ အျပစ္ပုံခ် ေျပာဆိုမႈတို႔ကို တစ္ဖက္သတ္နားေထာင္ၿပီးေနာက္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲျဖစ္ျခင္းေၾကာင့္ ကိုယ္စားလွယ္မ်ားထံမွ မီဒီယာသို႔ ေျပာဆိုမႈမ်ားကလည္း တစ္ဖက္သတ္မ်ားသာ ျဖစ္ခဲ့သည္။ မည္သို႔ပင္ျဖစ္ေစ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာရင္ေတာ့ ျမန္မာဘက္က တာဝန္ရွိသူမ်ားအသံ၊ ေဒသခံရခိုင္တိုင္းရင္းသားမ်ားအသံ၊ ဟိႏၵဴဘာသာဝင္မ်ားအသံ ႏွင့္ နယ္ခံမ်က္ျမင္မ်ား၏ အသံကိုနားေထာင္ၿပီးပါက ကုလသမဂၢ ကိုယ္စားလွယ္တို႔ အေနျဖင့္ ႏွစ္ဘက္မွ်မွ်တတ ျပန္လည္စဥ္းစား သုံးသပ္လာလိမ့္မည္ဟု ေမွ်ာ္လင့္ခဲ့ မိသည္။

တာဝန္ရွိသူမ်ားရွင္းၾကၿပီ

UNSC ကိုယ္စားလွယ္အဖြဲ႕ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာသည့္ေန႔တြင္ပင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ဆန္း စုၾကည္မွ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ လက္ခံေတြ႕ဆုံကာ ေျပာဆိုရွင္းလင္းမႈမ်ား ျပဳလုပ္ခဲ့သည္။  ရခိုင္ျပည္နယ္အတြင္းျဖစ္ေပၚတိုးတက္မႈမ်ား၊ ကိုဖီအာနန္၏အႀကံျပဳ ခ်က္မ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈမ်ားကို ရွင္းလင္းေျပာၾကားခဲ့သည့္ အျပင္ ကုလသမဂၢႏွင့္မိတ္ဖက္အျဖစ္ ပူးေပါင္းေဆာင္႐ြက္သြားမည့္အေၾကာင္း၊ ကုလ သမဂၢ လက္ေအာက္ခံ ေအဂ်င္စီမ်ားႏွင့္ ထိေတြ႕ေဆာင္႐ြက္သြားမည့္အေၾကာင္း၊  ကုလ သမဂၢဖြံ႕ၿဖိဳးမႈအစီအစဥ္ (UNDP) ႏွင့္ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး ႐ုံး(UNHCR)တို႔ႏွင့္ နားလည္မႈစာခြၽန္လႊာတစ္ရပ္ လက္မွတ္ေရးထိုးသြားမည့္ အေၾကာင္းမ်ားကိုပါ ေျပာဆိုခဲ့သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္တာဝန္ရွိသူမ်ားမွလည္း UNSC ကိုယ္စားလွယ္ အဖြဲ႕ကို ဧၿပီလ ၃၀ ရက္ေန႔မြန္းလြဲပိုင္းတြင္ လက္ခံေတြ႕ဆုံခဲ့ၿပီး လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္ မ်ား၊ ဘဂၤါလီမ်ားအား ျပန္လည္လက္ခံႏိုင္မည့္ အေျခအေနမ်ား၊ ကုလသမဂၢ အဖြဲ႕ အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး ဆိုင္ရာကိစၥရပ္မ်ား အပါအဝင္ အျခားကိစၥ အမ်ားအျပားကို ေျပာဆိုေဆြးေႏြးႏိုင္ခဲ့သည့္အျပင္ ရခိုင္ျပည္နယ္အေရး ႏွင့္ပတ္သက္ေသာ စာ႐ြက္စာတမ္းမ်ားႏွင့္ ဓာတ္ပုံမွတ္တမ္းစာအုပ္မ်ားကိုပါ ေပးအပ္ ခဲ့သည္ဟု  သိရသည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြမွလည္း လုံၿခဳံေရးေကာင္စီ ကိုယ္စားလွယ္အဖြဲ႕ကို ညစာစားပြဲျဖင့္ တည္ခင္းဧည့္ခံခဲ့ကာ ဦးေက်ာ္တင့္ေဆြ၊ UEHRD အဖြဲ႕ဝင္မ်ားႏွင့္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးတို႔မွ ရွင္းလင္း ေျပာၾကားမႈမ်ား ျပဳလုပ္ခဲ့ပါေသးသည္။

ျပင္ပ ပကတိအရွိတရားမွန္ကို လက္ေတြ႕ျပသ

ေမလ ၁ ရက္ေန႔တြင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္မ်ားကို ရခိုင္ျပည္နယ္ ေမာင္ေတာ၊ ေတာင္ၿပိဳလက္ဝဲ ျပန္လည္လက္ခံေရးစခန္း၊ လွဖိုးေခါင္ ၾကားစခန္းတို႔ရွိ ျပန္လည္လက္ခံေနရာခ်ထားေရး ေဆာင္႐ြက္ထားမႈမ်ားႏွင့္ ေ႐ႊစား၊ သစ္ဆုံးနားခြဆုံ၊ အိုးထိန္း၊ ေတာင္ၿပိဳလက္ဝဲ၊ ငခူရ၊ လွဖိုးေခါင္၊ ေ႐ႊဇား၊ ပန္းေတာျပင္ စသည့္  ေက်း႐ြာမ်ားကို ျပသေပးခဲ့သည္။ ပန္းေတာျပင္႐ြာရွိ ဘဂၤါလီမ်ားႏွင့္ ေတြ႕ဆုံရာတြင္ ဘဂၤါလီမ်ားမွ ၎တို႔၏ေက်း႐ြာမ်ားကို မီးရႈိ႕သူမ်ားသည္ တပ္မေတာ္ႏွင့္ ရခိုင္လူမ်ိဳး မ်ားျဖစ္သည္ဟု ႀကိဳတင္ဇာတ္တိုက္ထားသည့္အတိုင္း "Military Military" ဆိုေသာစကားကိုသာ ေျပာဆိုခဲ့သည္ဟု ၾကားသိရသည္။ ထို႔အျပင္ UNSC အဖြဲ႕မ်ား အျပန္တြင္ ပန္းေတာျပင္႐ြာသားတစ္ဦးမွ စာတစ္ေစာင္ေပးခဲ့သည္ဟုသိရၿပီး ယင္း စာထဲတြင္ပါဝင္သည့္ အေၾကာင္းအရာမ်ားမွာ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းမွ ေပးလိုက္ သည့္ စာပါအေၾကာင္းအရာမ်ားႏွင့္ အတူတူျဖစ္သည္ဟုလည္း ၾကားသိရပါသည္။ ထို႔ေနာက္ UNSC သံတမန္အဖြဲ႕ဝင္မ်ားသည္ ေမာင္ေတာေထြအုပ္႐ုံးတြင္ ဟိႏၵဴ မိသားစု ဝင္မ်ားႏွင့္ေတြ႕ဆုံျခင္း၊ ပန္းေတာျပင္ မြတ္စလင္ေက်း႐ြာမ်ားသို႔ သြားေရာက္ ေလ့လာျခင္းမ်ားျပဳလုပ္ခဲ့သည့္ျပင္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕အပါအဝင္ ရခိုင္ျပည္နယ္ မွ လူမႈအဖြဲ႕အစည္းအခ်ိဳ႕ႏွင့္ စစ္ေတြ ၿမိဳ႕တြင္ ေတြ႕ဆုံခဲ့ၾကပါသည္။


ရွင္းလင္းခဲ့သမွ်အခ်ည္းႏွီးျဖစ္ခဲ့

UNSC ကိုယ္စားလွယ္အဖြဲ႕သည္ ေမလ ၁ ရက္ေန႔ ျမန္မာႏိုင္ငံမွ မျပန္ခင္ ေနျပည္ ေတာ္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ၿပီး ယင္းသတင္း စာရွင္းလင္းပြဲမွ ေျပာဆိုခ်က္မ်ားသည္ ယခင္အတိုင္း ေျပာင္းလဲမႈမရွိခဲ့ေပ။ ၎တို႔ အဖြဲ႕အေနျဖင့္ ျမန္မာဘက္က ေဆြးေႏြးခဲ့မႈမ်ားကို လုံးဝထည့္သြင္းစဥ္းစားျခင္း မရွိဘဲ မူလအတိုင္းသာ  ေျပာဆိုအျပစ္တင္ တိုက္တြန္းသြားသည္ကို ေတြ႕ရသည္။ အထူး သျဖင့္ ၿဗိတိန္ႏိုင္ငံမွ ကိုယ္စားလွယ္ျဖစ္သူ Karen Pierce သည္ ျပႆနာေျဖရွင္း ေရးထက္ အေရးယူေရးကိုသာ ဦးစား ေပးေနျခင္းအား စိတ္ပ်က္ဖြယ္ေတြ႕ခဲ့ရသည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး၏ ထုတ္ျပန္ခ်က္ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး တို႔၏ သတင္းေဖာ္ျပခ်က္မ်ားအရ ျမန္မာႏိုင္ငံဘက္မွ ေျပာဆိုေဆြးေႏြးခဲ့မႈမ်ားသည္ လြန္စြာ ျပည့္စုံမွ်တၿပီး ဆင္ျခင္သုံးသပ္ရမည့္ အေထာက္အကူမ်ားဟု ဆိုႏိုင္သည္။ အလားတူ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေဒသခံ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ေဒသခံ ျပည္သူမ်ား၏ ေျပာဆိုမႈမ်ားကလည္း လက္ခံစဥ္းစားရမည့္ အခ်က္မ်ားသာျဖစ္ေပ သည္။ သို႔ေသာ္ UNSC ကိုယ္စားလွယ္မ်ားက ႏွစ္ဘက္ညီၫြတ္မွ်တစြာ နားေထာင္ စဥ္းစားခဲ့ျခင္းမရွိဘဲ တစ္ဖက္သတ္ စကားမ်ားကိုသာ နားေထာင္ကာ တစ္ဖက္သတ္ လြဲမွားစြာ ယုံၾကည္ လက္ခံထား ၾကသည္ကို ေတြ႕ရသည္။

ျမန္မာအစိုးရကိုပါ မထီမဲ့ျမင္ျပဳခဲ့

လုံၿခဳံေရးေကာင္စီကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာႏိုင္ငံမွ တာဝန္ရွိသူ ျပည္ေထာင္စု ဝန္ႀကီးမ်ားမွ ရွင္းျပေနခ်ိန္တြင္ ျပႆနာကို စိတ္ရွည္လက္ရွည္ အာ႐ုံစိုက္နားေထာင္ ရမည့္အစား မထီမဲ့ျမင္အျပဳအမူမ်ားျပဳလုပ္ခဲ့ၾကသည္။ ျပည္ေထာင္စုဝန္ႀကီးဦးေက်ာ္ တင့္ေဆြနဲ႔ UEHRD အဖြဲ႕ဝင္မ်ားေျပာၿပီးေနာက္ ေဒါက္တာဝင္းျမတ္ေအး ေျပာဆို ခ်ိန္တြင္ မက္တပ္ရပ္ကာ ထျပန္မည့္ပုံစံ ေျပာဆိုခဲ့သည္။ နားမေထာင္ခ်င္သည့္ပုံစံ၊ မလိုအပ္သည့္ပုံစံမ်ိဳးျပသခဲ့ၾကသည္။ ကုလသမဂၢသံတမန္ဟူသည္မွာ သံအမတ္အဆင့္ သာ ရွိၿပီး Protocol အရ ျပည္ေထာင္စုဝန္ႀကီးေအာက္တြင္ရွိေနသည္။ ျမန္မာ ႏိုင္ငံ၏ ျပႆနာကို လာေရာက္ေလ့လာသူ သံအမတ္မ်ားက အဆင့္ျမင့္ဝန္ႀကီး တစ္ဦးေျပာဆို ခ်ိန္ နားမေထာင္လိုဘဲ ထျပန္မည္ျပဳလုပ္ျခင္းက ႏိုင္ငံေတာ္ႏွင့္ အစိုးရကို ေစာ္ကား ျခင္းျဖစ္ေပသည္။ အဆိုပါ ကိစၥႏွင့္ပတ္သက္ၿပီး ျမန္မာျပည္သူအားလုံးက လုံၿခဳံေရး ေကာင္စီကိုယ္စားလွယ္အဖြဲ႕အေပၚ ေဒါသထြက္ခဲ့ၾကသည္။


ကုလသမဂၢတြင္ ႏွစ္ေပါင္းမ်ားစြာ တာဝန္ထမ္းေဆာင္ခဲ့ဖူးသည့္ ေဒါက္တာ ေဒၚရင္ရင္ ႏြယ္မွ UNSC ကိုယ္စားလွယ္မ်ားက ျမန္မာႏိုင္ငံအႀကီးအကဲမ်ားကို တင္းမာစြာ ဆက္ဆံျခင္းသည္ ႏိုင္ငံေတာ္၏ဂုဏ္သိကၡာကို ေစာ္ကားရာေရာက္ေၾကာင္း၊ ကုလ သမဂၢမွတိုင္းျပည္တစ္ျပည္၏ ႏိုင္ငံေရးႏွင့္ျပည္တြင္းေရးကို ဝင္ေရာက္ စြက္ဖက္လွ်င္ ထိုတိုင္းျပည္သည္ ေကာင္းလာႏိုင္စရာမရွိသျဖင့္ အေလွ်ာ့မေပးသင့္ေၾကာင္း၊ ကုလ သမဂၢ၏ သေဘာသဘာဝသည္ အေရွာ့ေပးေလ ပိုၿပီးလူပါးဝ အႏိုင္က်င့္ေလျဖစ္ ေၾကာင္း၊ သို႔ျဖစ္၍ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ကိုယ္စားလွယ္အဖြဲ႕အား အင္ဒိုနီးရွား သမၼတက UNHCR ကို ႏွင္ထုတ္သကဲ့သို႔ ႏွင္ထုတ္သင့္ေၾကာင္း Facebook မွတစ္ဆင့္သတိေပးေျပာဆိုခဲ့သည္။ ထို႔အျပင္ တ႐ုတ္ႏိုင္ငံမွလည္း ႏွင္ထုတ္ခဲ့ဖူး ေၾကာင္းႏွင့္ ကုလသမဂၢေၾကာင့္ အင္ဒိုနီးရွားႏိုင္ငံမွ အေရွ႕တီေမာေဒသပဲထြက္ခဲ့သည့္ ျဖစ္စဥ္၊ ယူကိုဆလားဗီးယားႏိုင္ငံမွ ကိုဆိုဗိုျပည္နယ္ ပဲ့ထြက္ခဲ့သည့္ ျဖစ္စဥ္မ်ားကို လည္း ဥပမာေပးေျပာဆိုခဲ့သည္။ ထိုသို႔ေျပာဆိုၿပီး မၾကာမီမွာပင္ ေဒါက္တာ ေဒၚရင္ရင္ႏြယ္မွာ Facebook ၏  သတိေပးျခင္းကို ခံခဲ့ရသည္။

ျပႆနာတစ္ခုကို ဝင္မပါခင္ သမိုင္းႏွင့္ဇစ္ျမစ္သိဖို႔အရင္ေလ့လာသင့္

UNSC အဓိက ဦးတည္သည့္ ျမန္မာႏိုင္ငံအေနာက္ပိုင္း ရခိုင္ျပည္နယ္မွ ဘဂၤါလီ ျပႆနာသည္ျပည္တြင္းေရးျပႆနာတစ္ခုသာျဖစ္ၿပီး သက္ဆိုင္ရာႏိုင္ငံကသာကိုင္တြယ္ ေျဖရွင္းရမည့္ ကိစၥျဖစ္သည္။ ကုလသမဂၢအေနျဖင့္ ဝင္ေရာက္စြက္ဖက္လိုလင့္ကစား ျပႆနာကို အသီးအပြင့္ကိုသာ မၾကည့္ဘဲ အျမစ္ကိုပါ ၾကည့္ဖို႔လိုလိမ့္မည္ျဖစ္သည္။   ျမန္မာႏိုင္ငံအတြင္းသို႔ ဘဂၤါလီမ်ား ေရာက္ရွိလာျခင္းမွာ ကိုလိုနီေခတ္က အဂၤလိပ္တို႔ ေခၚသြင္းလာသည့္ လယ္ကူလီမ်ားမွ အစျပဳခဲ့သည္။ ေနာက္ပိုင္းတြင္ ၎တို႔သည္ အင္အားႀကီးလာၿပီး အၾကမ္းဖက္မႈမ်ား လုပ္ကိုင္လာခဲ့ၾကသည္။

၁၉၈၈ ခုႏွစ္တြင္ လုံၿခဳံေရးအင္အားနည္းေနမႈကို အခြင့္ေကာင္းယူကာ ဘဂၤါလီမ်ားက ေမာင္ေတာၿမိဳ႕ကို သိမ္းပိုက္ ရန္ႀကိဳးစားခဲ့ဖူးသည္။ ၁၉၉၈ ခုႏွစ္တြင္လည္း (၎တို႔ အေခၚ) ႐ိုဟင္ဂ်ာ လြတ္ေျမာက္ေရးအဖြဲ႕(RLO) မွ ေမာင္ေတာၿမိဳ႕သို႔ ဝင္ေရာက္ခဲ့ကာ ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္းမ်ားကို ဖ်က္ဆီးျခင္း၊ ဗုဒၶဘာသာဝင္မ်ားေနထိုင္ေသာ ရပ္ကြက္မ်ားကို မီးရႈိ႕ျခင္း၊ ရခိုင္တိုင္းရင္းသားမ်ားကို သတ္ျဖတ္ျခင္းတို႔ကို ျပဳလုပ္ ခဲ့ကာ ေမာင္ေတာကို သိမ္းယူရန္ႀကိဳးစားခဲ့ေသးသည္။ ၂၀၁၇ ဩဂုတ္လတြင္မူ ARSA ေသာင္းၾကမ္းသူအဖြဲ႕မွ ရဲကင္းစခန္း ၃၀ ကို တစ္ေန႔တည္း တစ္ခ်ိန္တည္း ဝင္ေရာက္ တိုက္ခိုက္ခဲ့ရာ အျပစ္မဲ့ ျပည္သူအမ်ားအျပား ေသဆုံးဒဏ္ရာရခဲ့ရသည္။ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္အထိ ျမန္မာတိုင္းရင္းသား ၇၂ ဦးေသဆုံးခဲ့ရၿပီး ၁၃ ဦး ဒဏ္ရာရရွိခဲ့သည္။ လက္ရွိဘဂၤလားေဒ့ရွ္သို႔ ဒုကၡသည္မ်ား ထြက္ေျပးေနျခင္းမွာ လည္း ၂၀၁၇ ဩဂုတ္လတိုက္ခိုက္မႈ၏ ေနာက္ဆက္တြဲျဖစ္သည္။ လက္ရွိျဖစ္ေနသည့္ ျပႆနာမွာ ထြက္ေျပးသည့္ျပႆနာႏွင့္ ထြက္ေျပးသူကိုလက္ခံရမည့္ ျပႆနာသာ မဟုတ္ဘဲ ရည္႐ြယ္ခ်က္ရွိရွိ အၾကမ္းဖက္တိုက္ခိုက္ျခင္း၊ နယ္ေျမပိုင္ဆိုင္လိုျခင္း၊ အခ်ဳပ္အျခာ အာဏာထိခိုက္ျခင္းႏွင့္ အမ်ိဳးသားလုံၿခဳံေရး ျပႆနာျဖစ္သည္။

ျမန္မာႏိုင္ငံအတြက္ ေကာင္းက်ိဳး၊ ဆိုးက်ိဳး

UNSC ကိုယ္စားလွယ္မ်ား၏ ျမန္မာႏိုင္ငံခရီးစဥ္သည္ ရလဒ္ေကာင္းမထြက္သည့္ ခရီးစဥ္ဟု ဆိုႏိုင္သည္။ ျမန္မာႏိုင္ငံတြင္းသို႔ ျပႆနာေျဖရွင္းရန္ လာေရာက္ေလ့လာ ျခင္းမဟုတ္ဘဲ ၎တို႔တရားေသ ဆုတ္ကိုင္ထားသည့္ မူဝါဒကို လာေရာက္ေျပာ ဆိုျခင္း၊ ျမန္မာတာဝန္ရွိသူမ်ားကို တရားခံသဖြယ္ စစ္ေဆးေမးျမန္းျခင္းသာ ျဖစ္ သည္။ ျဖစ္စဥ္အေၾကာင္းအရာႏွင့္ပတ္သက္ၿပီး ၎တို႔တြင္ Input ရွိၿပီးသားျဖစ္ၿပီး တစ္ဖက္သတ္ Input မ်ားကို လက္ကိုင္ထားကာ တစ္ဖက္သတ္ Output ကိုသာ တစိုက္မက္မက္ ေျပာဆိုခဲ့ၾကသည္။ အသုံးခ်ခံမီဒီယာမ်ား၊ ငိုျပသူမ်ားႏွင့္ ၎တို႔ထံသို႔ သတင္း စကားေရာက္ေအာင္ တင္ျပႏိုင္သူမ်ားထံမွ သတင္းကိုသာ အတည္ယူကာ ျမန္မာႏိုင္ငံကို တရားခံအျဖစ္သာ ရႈျမင္ေနၾကသည္။ ျမန္မာႏိုင္ငံမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ေသာ္လည္း ျမန္မာဘက္မွ ေျပာဆိုသမွ်ကို နားမေထာင္ဘဲ ၎တို႔ေျပာခ်င္ သည္မ်ားကိုသာ ေျပာဆိုသြားၾကသည္။ အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ ေဒသခံ တိုင္းရင္းသားတို႔ႏွင့္ ေတြ႕ဆုံခဲ့ေသာ္လည္း ေျပာသမွ်စကားမ်ားကို အေလးအနက္ ထားျခင္း မရွိခဲ့ၾကေခ်။ ျမန္မာႏိုင္ငံကိုကူညီရန္ဟု မၾကာခဏေျပာဆိုေလ့ရွိၾကေသာ္ လည္း ျမန္မာ ႏိုင္ငံအေပၚ ေစတနာအမွန္မရွိၾကေပ။ ခရီးစဥ္ကိုလည္း ကူဝိတ္ႏိုင္ငံမွ ေထာက္ပံ့ေပးသည့္ အထူးေလယာဥ္ႀကီးျဖင့္ ေပ်ာ္ပြဲစားထြက္သကဲ့သို႔ ေပ်ာ္႐ႊင္စြာ ခရီးထြက္ေနၾကသည္ကို ေတြ႕ရသည္။ ျမန္မာႏိုင္ငံသို႔လာသည္ျဖစ္ေစ၊ မလာသည္ ျဖစ္ေစ၊ ျမန္မာဘက္မွ မည္သို႔ေျပာသည္ျဖစ္ေစ ၎တို႔၏အျမင္၊ အေတြး၊ သေဘာ ထားနဲ႔ ဆုံးျဖတ္ခ်က္မ်ားက ရွိၿပီးသားျဖစ္ရာ UNSC အဖြဲ႕ဝင္မ်ား ခရီးစဥ္သည္ ျမန္မာႏိုင္ငံအတြက္ ေကာင္းက်ိဳးမရွိသည့္ ခရီးစဥ္ဟုသာ သတ္မွတ္ရေပလိမ့္မည္။


သင္ခန္းစာမ်ားႏွင့္ ျပင္ဆင္စရာမ်ား

UNSC ခရီးစဥ္သည္ ျမန္မာႏိုင္ငံအတြက္ ေကာင္းက်ိဳးမရခဲ့ေသာ္လည္း သင္ခန္းစာ ယူစရာ မ်ားစြာ ရရွိခဲ့သည္။ ပထမအခ်က္အေနျဖင့္ UNSC မွ ျမန္မာႏိုင္ငံအေပၚ ထား ရွိသည့္ သေဘာထားမွန္ကို ကြက္ကြက္ကြင္းကြင္းသိရွိခဲ့ရသလို ယင္းသေဘာထားမွာ ခိုင္မာအျမစ္တြယ္ေနၿပီး ေျပာင္းလဲဖို႔ခက္သည္ကို ျမန္မာဘက္က ေကာင္းစြာသေဘာ ေပါက္ခဲ့ၾကရသည္။


ဒုတိယအခ်က္မွာ ျမန္မာအစိုးရ တာဝန္ရွိသူမ်ား၏ အားနည္းခ်က္ဟု ဆိုႏိုင္သည္။ ျပည္သူကေ႐ြးခ်ယ္တင္ေျမႇာက္ထားသည့္ အစိုးရလက္ထက္ လူမႈေရးရာႏွင့္ ႏိုင္ငံ တကာေရးရာ ကြၽမ္းက်င္သူမ်ားက သံတမန္မ်ားကို နားဝင္ေအာင္ မရွင္းျပႏိုင္ဘဲ ထျပန္ေအာင္ လုပ္ခဲ့ျခင္းက ႐ုပ္ဆိုးအက်ည္းတန္ေစသည့္ ျဖစ္စဥ္ျဖစ္သည္။ ျမန္မာ ႏိုင္ငံမွ တာဝန္ရွိသူမ်ားအေနျဖင့္ လူထုဆက္သြယ္ေရးနည္းနာ (Public Relation) အတတ္ပညာလိုအပ္ေနၿပီး သံတမန္မ်ားကို မည္သို႔ ဆက္ဆံစည္း႐ုံးရမည္၊ မိမိႏိုင္ငံ ဘက္မွ အေျခအေနမွန္မ်ားကို နားဝင္သြားေစရန္ မည္သို႔ဆြဲေဆာင္မႈရွိရွိတင္ျပ မည္၊ ေက်နပ္လက္ခံသြားေစရန္ မည္သို႔လက္ေတြ႕ ေဆာင္႐ြက္လုပ္ကိုင္ေနေၾကာင္း ျပသမည္ ဆိုေသာ သံတမန္ဆန္ဆန္ ဆက္ဆံေျပာဆို စည္း႐ုံးသည့္ နည္းပရိယာယ္မ်ား၊ အရည္ အခ်င္းမ်ား ရွိဖို႔လိုအပ္ေနေသးေၾကာင္း ေတြ႕ႏိုင္သည္။ ဟိႏၵဴဘာသာဝင္ ႐ုပ္အေလာင္း မ်ား တူးေဖာ္ရရွိခဲ့မႈ၊ ရခိုင္တိုင္းရင္းသား ၅ ဦး၊ ၿမိဳတိုင္းရင္းသား ၇ ဦးႏွင့္ ဒိုင္းနက္ တိုင္းရင္းသား ၇ ဦးတို႔ ရက္ရက္စက္စက္ အသတ္ခံခဲ့ရမႈမ်ားကို ကုလသမဂၢသံတမန္ မ်ား မသိရွိၾကျခင္းမွာ အစိုးရ၏အားနည္းခ်က္ျဖစ္သည္။ ယင္းအားနည္းခ်က္ ေၾကာင့္ လည္း အိမ္ကြင္းမွာပင္ ခံစစ္ႏွင့္ကစားေနရသည့္ အျဖစ္မ်ိဳးသို႔ ေရာက္ခဲ့ရျခင္းျဖစ္ သည္။

တတိယအခ်က္မွာ မိမိတို႔ဘက္မွ NGO မ်ား၊ CSO မ်ား အခိုင္အမာမရွိျခင္းျဖစ္ သည္။ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ကိုယ္စားလွယ္မ်ားသည္ ေနျပည္ေတာ္ႏွင့္ စစ္ေတြတို႔တြင္ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ေတြ႕ဆုံခဲ့ၿပီး ယင္းတို႔၏ အသံကို နား ေထာင္ခဲ့ၾကသည္။ သို႔ေသာ္ တက္ေရာက္ခဲ့ၾကသည့္ NGO, INGO ႏွင့္ CSO အဖြဲ႕ အခ်ိဳ႕မွာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက ေက်ာေထာက္ေနာက္ခံေပးထားသူမ်ား ျဖစ္ေနရာ ဘဂၤါလီတို႔ဘက္မွသာ ရပ္တည္ေျပာၾကားခဲ့သည္ကို ေတြ႕ရသည္။ သို႔ ျဖစ္ရာ ေလာင္းရိပ္ကင္းၿပီး အမွန္တရားအတြက္ ရပ္တည္သည့္ အရပ္ဘက္ လူမႈအဖြဲ႕အစည္း အမ်ားအျပား ျမန္မာ့လူ႔ေဘာင္တြင္ လိုအပ္ေနေၾကာင္း သင္ခန္းစာယူရမည္ျဖစ္သည္။

ျပႆနာ၏နိဂုံး

UNSC ခရီးစဥ္ႏွင့္ပတ္သက္၍ အဓိက စိုးရိမ္စရာမွာ ဒုကၡသည္မ်ား ျပန္ပို႔ေရးကိစၥ ထက္ ေက်ာ္လြန္သည့္ ေျပာဆိုစြက္ဖက္မႈမ်ားျဖစ္ၿပီး  အေရးယူသည့္လမ္းေၾကာင္းေပၚ သို႔ မရမကစြဲတင္ေနသည့္ အျပဳအမူမ်ားပင္ျဖစ္သည္။ ၂ ရက္တာခရီးစဥ္အတြင္း ျဖစ္ပ်က္ခဲ့သမွ်ႏွင့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့သမွ်အား ဆက္စပ္သုံးသပ္ ၾကည့္ပါက ၎တို႔အေနျဖင့္ မူလစီစဥ္ထားသည့္ အစီအစဥ္မ်ားကိုသာ အရွိန္အဟုန္ ျဖင့္ ဆက္လုပ္သြားလိမ့္မည္ဟု ေကာက္ခ်က္ခ်ႏိုင္သည္။ အထူးသျဖင့္ လာမည့္ မုတ္သုန္ ရာသီအတြင္း ေရလႊမ္းမိုးမႈမ်ားေၾကာင့္ ဘဂၤါလီမ်ား ႀကဳံေတြ႕ရသည့္အေျခအေနမ်ား၊ ေရာဂါခံစားမႈမ်ားႏွင့္ ေသေက်ပ်က္စီးမႈမ်ားအား အေၾကာင္းျပဳ၍ ကုလသမဂၢလုံၿခဳံေရး ေကာင္စီတြင္ ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္အေရးႏွင့္ပတ္သက္၍ အဆိုမူၾကမ္းတစ္ရပ္ ခ်မွတ္အေရးယူႏိုင္ေရး ဖိအားေပးေဆာင္႐ြက္ျခင္းမ်ား ျပဳလုပ္လာႏိုင္သည္။


အလားတူ ၿပီးခဲ့သည့္ ေမလ ၅ ရက္၊ စေနေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕မွာ စတင္ က်င္းပတဲ့ အစၥလာမ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ OIC ႏိုင္ငံျခားေရးဝန္ႀကီး မ်ား ညီလာခံတြင္ ဘဂၤါလီမ်ားႏွင့္ပတ္သက္၍ ျမန္မာအစိုးရအေပၚ ျပင္းထန္စြာအေရး ယူဖို႔ ေဆြးေႏြးခဲ့ၾကၿပီး ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina က OIC ႏိုင္ငံေတြ အေနနဲ႔ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးအတြက္ ျမန္မာအစိုးရကို ဖိအားေပးၾကဖို႔ ေျပာ ၾကားခဲ့ျပန္သည္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီ၊ OIC ႏွင့္ အေနာက္ႏိုင္ငံမ်ားသည္ ဒုကၡသည္ျပန္ပို႔ေရး ျပႆနာထက္ ေက်ာ္လြန္ေသာ ဖိအားမ်ားကိုေပးလာၾကၿပီး  အနာဂတ္ကို ေမွ်ာ္ေတြး ကာ ကူညီရမည့္အစား အတိတ္ျဖစ္စဥ္မ်ားအတြက္ စစ္ေဆးအေရးယူရန္ ပိုမိုအေလး ေပးလာၾကသည္။ အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ား၊ ဟိႏၵဴဘာသာ ဝင္ ၅၂ ဦး အသတ္ခံရမႈ၊ ရခိုင္/ၿမိဳ/ဒိုင္းနက္ စသည့္ ေဒသခံတိုင္းရင္းသား ၁၉ ဦး အသတ္ခံရမႈ၊ ရဲတပ္ဖြဲ႕ဝင္ ၁၁ ဦးႏွင့္ တပ္မေတာ္သား ၂ ဦး အသတ္ခံခဲ့ရမႈတို႔ကို ျပည္ဖုံးကားခ်ၿပီး လုံၿခဳံေရးတပ္ဖြဲ႕မ်ား၏ အၾကမ္းဖက္သမားမ်ား ႏွိမ္ႏွင္းေရး ေဆာင္ ႐ြက္မႈမ်ားအေပၚ စစ္ေဆးေမးျမန္းအမႈဆင္လာၾကသည္။ အျပည္ျပည္ဆိုင္ရာရာဇဝတ္ ခုံ႐ုံး(ICC) ႏွင့္လည္းေကာင္း၊ R2P ႏွင့္လည္းေကာင္း ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္လာ ၾကသည္။ ယင္းကဲ့သို႔ မလိုအပ္ဘဲ တပ္မေတာ္အေပၚ ဖိအားအလြန္ အကြၽံေပးမႈမ်ား သည္ ယူဂိုဆလားဗီးယားစစ္ပြဲအတြင္း ယူဂိုဆလားဗီးယားတပ္မေတာ္ကို ဖိအားေပးမႈ မ်ားႏွင့္ အလားသဏၭာန္တူေနသည္။ ယင္းအခ်က္သည္ ႏိုင္ငံမတည္ မၿငိမ္ျဖစ္႐ုံမွ်မက အစိတ္စိတ္အႁမႊာႁမႊာၿပိဳကြဲသြားႏိုင္သလို စစ္မီးႀကီး ဟုန္းဟုန္းေတာက္ကာ ဆီးရီးယား ႏွင့္ အာဖဂန္နစၥတန္ကဲ့သို႔ စစ္ေျမျပင္လည္း ျဖစ္သြားႏိုင္သည္။ တပ္မေတာ္အေပၚကို ပစ္မွတ္ထား ဦးတည္တိုက္ခိုက္သည္ဟု ဆိုေသာ္လည္း ႏိုင္ငံေတာ္ႏွင့္အစိုးရပါ သိကၡာ က်သည့္အျပင္ အက်ိဳးဆက္ကို ျပည္သူ ၅၂ သန္းလုံးက ခံစားရမည္ျဖစ္သည္။ ကမာၻတည္သေ႐ႊ႕ ျမန္မာႏိုင္ငံတည္တံ့ေစေရး၊ ျမန္မာ့ေျမကို ႏိုင္ငံတကာ စစ္ေျမျပင္ မျဖစ္ေစေရးႏွင့္ ရခိုင္ျပႆနာ၏ အဆုံးသတ္က ျမန္မာႏိုင္ငံ၏ နိဂုံးမျဖစ္ရန္မွာ ယေန႔ ျမန္မာျပည္သူအားလုံး၏ တာဝန္ျဖစ္ေပသည္။ အစိုးရဘက္မွလည္း ကစားကြက္ ေျပာင္းၿပီး ကစားဖို႔လိုအပ္သလို ျပည္သူမ်ားဘက္မွလည္း အစြဲအမ်ိဳးမ်ိဳးျဖင့္ အိမ္ၾကက္ခ်င္း ခြပ္ေနမႈကိုရပ္တန္႔ကာ စည္းလုံးညီၫြတ္စြာျဖင့္ တုံ႔ျပန္ရမည့္အခ်ိန္ျဖစ္ ပါေၾကာင္း အႀကံျပဳတိုက္တြန္းလိုက္ရပါသည္။





Facebook ကို စွန့်ခွာသင့်ပြီလား ~ Facebook ကို စြန္႕ခြာသင့္ၿပီလား  

Posted by Admin in



Tesla နဲ့ Mozilla လို နာမည်ကျော် နည်းပညာလုပ်ငန်းကြီးတွေက Cambridge Analytica အရှုပ်တော်ပုံနဲ့ ပတ်သတ်ပြီး Facebook ကို သပိတ်မှောက်လိုက်ကြပါတယ်။ Tesla ရဲ့ အကြီးအကဲ Elon Musk ဟာဆိုရင် သူတို့ရဲ့ ကားကုမ္ပဏီ Tesla နဲ့ အာကာသသယ်ယူပို့ဆောင်ရေးလုပ်ငန်း SpaceX တို့ရဲ့ Facebook page တွေကို ဖျက်ချလိုက်တဲ့အထိပါပဲ။ ဒါကြောင့် Facebook ဟာ သန်းဆယ်နဲ့ချီ Like လုပ်ထားတဲ့ Page တစ်ချို့ကို ဆုံးရှုံးသွားပါတယ်။

Mozilla ကတော့ သူ့ Browser ပေါ်ကနေ အသုံးပြုမယ်ဆိုရင် Facebook ရဲ့ ကြော်ငြာတွေကို ဖော်ပြပေးသွားမှာမဟုတ်ပဲ ပိတ်ပင်ထားမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဂျာမနီအခြေစိုက် Commerzbank နဲ့ အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်သူ Sonos တို့ကလည်း Facebook မှာ ကြော်ငြာမထည့်သွင်းတော့ဘူးလို့ ဆိုထားကြပါတယ်။

ဒါ့အပြင် WhatsApp ရဲ့ ပူးတွဲတည်ထောင်သူ Brian Acton ကလည်း #deletefacebook ဆိုတဲ့ Campaign ကို စတင်လိုက်ပြီးတော့ ဒါဟာ Facebook ကို စွန့်ခွာရမယ့်အချိန်လို့ ဆိုလိုက်ပြန်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်က Youtube ကို ကြော်ငြာလုပ်ငန်း ၂၅၀ လောက်က သပိတ်မှောက်တဲ့ အခြေအနေနဲ့ ယှဉ်ရင် ဒါဟာအဆိုးရွားဆုံး အခြေအနေတော့မဟုတ်သေးပါဘူး။ ဒါပေမယ့် ဈေးကွက်ထဲမှာ ရှယ်ယာဈေးတွေထိုးကျသွားတာကြောင့် တစ်ပတ်ပတ်အတွင်းမှာ ဒေါ်လာ ၇၅ ဘီလီယံလောက် ဆုံးရှုံးသွားတာကတော့ Facebook ကို အထိနာစေပါတယ်။

Cambridge Analytica ရဲ့ အချက်အလက်အလွဲသုံးစားလုပ်မှုပြဿနာအပြင် စီးပွားရေးနယ်ပယ်က ယိမ်းယိုင်မှု အခြေအနေတွေကြောင့်လည်း နိုင်ငံတကာ Facebook သုံးစွဲသူတွေကတော့ Facebook အပေါ် ယုံကြည်မှုကျဆင်းလာပြီးတော့ ဆက်သုံးသင့်မသုံးသင့် ဝိဝါဒကွဲစရာအခြေအနေဖြစ်လာပါတယ်။

ဒါပေမယ့် ဒီအရှုပ်တော်ပုံ ပြဿနာတွေမဖြစ်ပွားခင် လွန်ခဲ့တဲ့ ၂၀၁၇ အောက်တိုဘာလောက်ကတည်းက စာရေးဆရာ စကော့တ် ဂယ်လိုဝေးက သူ့ရဲ့ The Four ဆိုတဲ့စာအုပ်မှာ Facebook ရဲ့ ဒီလို အချက်အလက်အလွဲသုံးစားမှုတွေရှိနေတယ်ဆိုတာကို ကြိုတင်သတိပေးခဲ့ဖူးပါတယ်။

“လူမှုကွန်ယက် ကုမ္ပဏီတစ်ခုသည် သင့်ကလေးငယ်၏ ထောင်ပေါင်းများစွာသော ဓာတ်ပုံများကို ဆန်းစစ် စစ်ဆေးသည်၊ သင့်ဖုန်းကို Activate လုပ်၍ ချောင်းမြောင်းခိုးယူနားဆင်နိုင်သည့် ဝတ္ထုပစ္စည်းတစ်ခုသဖွယ်အသုံးချသည်၊ ယင်းနောက် အဆိုပါ အချက်အလက်များကို Fortune 500 စာရင်းဝင်ကုမ္ပဏီများထံ ရောင်းချလိုက်လေသည်။ …. ကျွနု်ပ်တို့သည် မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခပ်လွယ်လွယ်ပင် သတိမမူပဲ ပစ်ထားမိနေကြသေ်ာလည်း ၎င်းကုမ္ပဏီများကမူ ၎င်းတို့အကျိုးအမြတ်အတွက် ယင်းအချက်အလက်များကို ရယူအသုံးချနေကြသည်။” ဆိုပြီး လွန်ခဲ့တဲ့ ၆ လကျော်ကတည်းက ဂယ်လိုဝေးက ပြင်းပြင်းထန်ထန်ထုတ်ဖော်ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ဝေဖန်မှုတွေ မှန်ကန်တယ်ဆိုတာကိုတော့ လူတွေက ခုချိန်မှ သတိထားမိလာကြတာပါ။

အထူးသဖြင့် Cambridge Analytica ရဲ့အချက်အလက် အလွဲသုံးစားမှု အရှုပ်တော်ပုံ ပါ်ပေါက်လာတဲ့အချိန်မှာမှဖြစ်ပါတယ်။ Cambridge Analytica ဟာ ၂၀၁၆ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲအပါအဝင် ဖောက်သည်တစ်ချို့ရဲ့ ကိုယ်ကျိုးအတွက် အသုံးချဖို့ Facebook သုံးစွဲသူ သန်း ၅၀ ရဲ့ အချက်အလက်တွေကို အလွဲသုံးစားပြုလုပ်ခဲ့တာပါ။

ဒီလိုလုပ်ဖို့အတွက် Facebook ရဲ့ သဘောတူညီချက်နဲ့ Facebook ပေါ်ကနေတဆင့် ‘personality test’ app တွေကို အသုံးချခဲ့ပါတယ်။ ‘personality test’ app တွေဆိုတာက မိမိဘယ် Celebrity နဲ့တူသလဲတို့၊ ဘယ်အသက်အရွယ်မှာ သေမလဲတို့၊ ဘယ်နာမည်ကျော်ပုဂ္ဂိုလ်နဲ့ ဆွေးမျိုးတော်စပ်လဲတို့လိုမျိုး Profile ကို အခြေခံပြီး အပျော်သဘောဝင်ရောက်စမ်းသပ်နိုင်တဲ့ Facebook app တွေဖြစ်ပါတယ်။ ဒီနည်းလမ်းကနေတဆင့် ဘယ်သူတွေ ဘာတွေကို လေ့လာပြီး ဘာတွေကို နှစ်သက်တယ်ဆိုတာကို သူတို့က ခိုးယူမှတ်သားသွားတာဖြစ်ပါတယ်။

ဒီလုပ်ဆောင်မှုကို ၂၀၁၅ ခုနှစ်ကတည်းက စတင်နေတာဖြစ်ပြီးတော့ ကမ္ဘာတစ်လွှားက ရွေးကောက်ပွဲအတော်များများနဲ့ ကြော်ငြာလုပ်ငန်းတွေမှာ ပြန်လည်အသုံးချဖို့ ရောင်းစားခဲ့တယ်လို့ ဆိုပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီကနေ ဘယ်လောက်အတိုင်းအတာ ပမာဏအထိ အချက်အလက်တွေ ပေါက်ကြားသွားတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်သေးပါဘူး။

တကယ်တမ်းအားဖြင့် ဒီလိုဖြစ်ပျက်သွားရတာဟာ Facebook ရဲ့ အချက်အလက်အသေးစိတ် မှတ်တမ်းတင်မှုကြောင့်ဖြစ်ပါတယ်။ Facebook ဟာ အသုံးပြုသူတစ်ယောက်ရဲ့ အမည်ရင်း၊ မွေးသက္ကရာဇ်စတဲ့ အသေးစိတ်အချက်အလက်တွေအပါအဝင် အချက်အလက်အမျိုးအစား ၇၁ မျိုးအထိ သတ်မှတ်ပြီး ခွဲခြားမှတ်တမ်းတင်ထားလေ့ရှိပါတယ်။ အဲဒီအမျိုးအစားခွဲခြား မှတ်တမ်းတင်မှုမှာ Chat history တွေ၊ သွားခဲ့တဲ့ Check-in ဝင်ခဲ့တဲ့ နေရာတွေ၊ ဝါသနာ၊ အလေ့အကျင့်၊ ကိုးကွယ်ယုံကြည်မှုနဲ့ နိုင်ငံရေးအမြင်စတာတွေပါဝင်ပါတယ်။ ကာလရှည်ကြာလွန်းသွားလို့ မရှိတော့ဘူးလို့ မမှတ်ယူပါနဲ့။ Facebook ဟာ အသေးအမွှားအသေးစိတ်အချက်အလက်လေးတွေကအစ မှတ်တမ်းတင်ထားတာပါ။ ဖျက်ချလိုက်တဲ့ Chat record တွေနဲ့ Search history တွေက အစပါဝင်ပါတယ်။ ဘယ်လို Device တွေ သုံးတယ်၊ ဘယ်လို Operation System တွေ သုံးတယ်၊ ဘယ် Browser တွေ အများဆုံး အသုံးပြုတယ်ဆိုတာမျိုးနဲ့ ခရီးသွားရင် ဘာတွေလုပ်တတ်တယ်ဆိုတာမျိုးတွေကိုလည်း သူတို့သိရှိနေပါတယ်။

ဒါ့အပြင် ဘယ်လို Page တွေကို Like လုပ်ထားတယ်၊ ဘယ်လို Status တွေ တင်လေ့ရှိတယ်၊ သူငယ်ချင်း များတယ် နည်းတယ်၊ ဘယ်လိုလူမျိုးကို သူငယ်ချင်းအဖြစ် ထားလေ့ရှိတယ်၊ အလုပ်အကိုင်အခြေအနေဘယ်လိုရှိတယ်နဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ဘယ်အခြေအနေရှိတယ်ဆိုတာတွေကို မှတ်တမ်းတင်ထားတာကြောင့် သူတို့နဲ့ ကိုက်ညီမယ့် ကြော်ငြာတွေကို ကိုက်ညှိပေးပို့နိုင်နေတာဖြစ်ပါတယ်။

ဒီလို အသေးစိတ် မှတ်တမ်းတင်တတ်တဲ့ Facebook ဆီကနေ အချက်အလက်တွေ ပေါက်ကြားသွားတာဖြစ်တာကြောင့် ဒီအရှုပ်တော်ပုံမှာ လူတစ်ဦးချင်းစီကနေ ဘယ်လောက် အချက်အလက်တွေပေါက်ကြားသွားသလဲဆိုတာကို ဝိုင်းပြီးစိုးရိမ်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့် အသုံးပြုသူတွေကို အတန်အသင့် စိတ်အေးစေတာက Facebook ပေါ်မှာ ရှိတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဥပဒေကြောင်းအရ ကာကွယ်ပေးထားတာပဲဖြစ်ပါတယ်။ Facebook အနေနဲ့ လက်လွတ်စပယ် အချက်အလက်တွေကို မျှဝေလို့မရပါဘူး။ အခု ပြဿနာမှာဆိုရင်လည်း Cambridge Analytica ဘက်က အလွဲသုံးစားမှုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တရားစွဲဆိုခွင့်ရှိနေပြီးတော့ တရားစွဲဆိုမှုတစ်ချို့လည်း စတင်နေပြီဖြစ်ပါတယ်။

Facebook ကတော့ ဒီဖြစ်ရပ်အတွက် မာ့ခ်ဇူကာဘတ်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ တောင်းပန်စာတစ်စောင်ထုြတ်ပန်ခဲ့ပြီးတော့ ဗြိတိန်က သတင်းစာကြီးတွေဖြစ်တဲ့ The Observer၊ The Mail on Sunday၊ Sunday Times၊ Sunday Telegraph၊ Sunday Mirror နဲ့ Sunday Express တို့မှာ အဲ့ဒီစာကို စာမျက်နှာပြည့်ကြော်ငြာထည့်သွင်းဖော်ပြပြီး တောင်းပန်ခဲ့ပါတယ်။

နည်းပညာလောကမှာ ဒီလိုပြဿနာမျိုးတွေက ခုမှဖြစ်ပေါ်လာတာမဟုတ်ပဲနဲ့ LinkedIn နဲ့ လူမှုရေးဖောက်ပြန်သူတွေအသုံးပြုတဲ့ Ashley Madison တို့လို လူမှုကွန်ယက်ဝက်ဘ်ဆိုက်မျိုးတွေလည်း အချက်အလက်ပေါက်ကြားမှုမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ Facebook နဲ့ Cambridge Analytica အရှုပ်တော်ပုံမှာတော့ Facebook ကိုယ်တိုင်က အချက်အလက်တွေကို ရယူခွင့်ပြုသလိုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသုံးပြုသူတွေ တွေးနေကြသလိုမျိုး တကယ်ကို Facebook ရဲ့ အဆုံးသတ်အချိန်ကို ရောက်ပြီလား? Facebook ကို စွန့်ခွာရမယ့်အချိန်ရောက်ပြီလား? ဆိုတာကတော့ ဖြေဖို့ ခက်နေဆဲဖြစ်ပါတယ်။

Tesla နဲ့ Mozilla တို့ကိုယ်တိုင် Facebook ကို သပိတ်မှောက်လိုက်ကြပေမယ့် ဒါဟာ ယာယီသာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် WhatsApp ရဲ့ ပူးတွဲတည်ထောင်သူ Brian Acton က Facebook ကို စွန့်ခွာရမယ့်အချိန်လို့ ဆိုနေပေမယ့် Facebook ကပိုင်ဆိုင်တဲ့ Instagram ကိုတော့ ဆက်သုံးမှာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။

ကမ္ဘာ့လူဦးရေ ၃ ပုံ ၂ ပုံလောက် အသုံးပြုနေတဲ့ Facebook ကို စွန့်ခွာဖို့ဆိုတာ စီးပွားရေးလုပ်ငန်းတွေအတွက်ရော သာမန်အသုံးပြုသူတွေအတွက်ပါ ပြောသလောက်တော့ မလွယ်လှတာမြင်ရပါတယ်။ Facebook ဟာ အသုံးပြုသူတွေအတွက် တခြား Social Media တွေထက် ပိုပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးပေးထားသလို ပိုကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းကိုလည်း ချိတ်ဆက်ပေးထားပါတယ်။ ဒီအခြေအနေဟာ ကြော်ငြာရှင်တွေအတွက်လည်း လက်လွှတ်ဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။

ဂယ်လိုဝေးရဲ့ စာထဲမှာတော့ မီဒီယာတွေ၊ အစိုးရတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုယ်တိုင်က Facebook ကို အလိုလိုက်အကြိုက်ဆောင်မြှောက်ပင့်ခဲ့ကြသလို အကန့်အသတ်မဲ့ အရင်းအနှီးတွေနဲ့ စိတ်တိုင်းကျ ချယ်လှယ်ခွင့်တွေလည်း ပေးမိခဲ့တာကြောင့် ဒီအခြေအနေကို ရောက်လာတာဖြစ်ပြီး ခုတော့ သူတို့ကို ဇာတ်ကြိုးသတ်ဖို့ ခက်နေပြီလို့ ဆိုပါတယ်။

ဂယ်လိုဝေးပြောခဲ့သလိုပဲ စီးပွားရေးလုပ်ငန်းတွေသာမကပဲ လူတွေကိုယ်တိုင်လည်း Facebook ကို တကယ့်ဘဝရဲ့ တခြားမျက်နှာစာလို အသုံးချနေကြတာကြောင့် စွန့်ခွာဖို့ ခက်နေလိမ့်ဦးမှာဖြစ်ပါတယ်။
 

<Zawgyi>

Tesla နဲ႔ Mozilla လို နာမည္ေက်ာ္ နည္းပညာလုပ္ငန္းၾကီးေတြက Cambridge Analytica အရႈပ္ေတာ္ပံုနဲ႔ ပတ္သတ္ျပီး Facebook ကို သပိတ္ေမွာက္လိုက္ၾကပါတယ္။ Tesla ရဲ႕ အၾကီးအကဲ Elon Musk ဟာဆိုရင္ သူတို႕ရဲ႕ ကားကုမၸဏီ Tesla နဲ႔ အာကာသသယ္ယူပို႔ေဆာင္ေရးလုပ္ငန္း SpaceX တို႔ရဲ႕ Facebook page ေတြကို ဖ်က္ခ်လိုက္တဲ့အထိပါပဲ။ ဒါေၾကာင့္ Facebook ဟာ သန္းဆယ္နဲ႔ခ်ီ Like လုပ္ထားတဲ့ Page တစ္ခ်ိဳ႕ကို ဆံုးရံႈးသြားပါတယ္။

Mozilla ကေတာ့ သူ႕ Browser ေပၚကေန အသံုးျပဳမယ္ဆိုရင္ Facebook ရဲ႕ ေၾကာ္ျငာေတြကို ေဖာ္ျပေပးသြားမွာမဟုတ္ပဲ ပိတ္ပင္ထားမယ္လို႔ ဆိုထားပါတယ္။ ဒါ့အျပင္ ဂ်ာမနီအေျခစိုက္ Commerzbank နဲ႔ အီလက္ထရြန္နစ္ပစၥည္းထုတ္လုပ္သူ Sonos တို႔ကလည္း Facebook မွာ ေၾကာ္ျငာမထည့္သြင္းေတာ့ဘူးလို႔ ဆိုထားၾကပါတယ္။

ဒါ့အျပင္ WhatsApp ရဲ႕ ပူးတြဲတည္ေထာင္သူ Brian Acton ကလည္း #deletefacebook ဆိုတဲ့ Campaign ကို စတင္လုိက္ျပီးေတာ့ ဒါဟာ Facebook ကို စြန္႔ခြာရမယ့္အခ်ိန္လို႔ ဆိုလုိက္ျပန္ပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ ႏွစ္က Youtube ကို ေၾကာ္ျငာလုပ္ငန္း ၂၅၀ ေလာက္က သပိတ္ေမွာက္တဲ့ အေျခအေနနဲ႔ ယွဥ္ရင္ ဒါဟာအဆိုးရြားဆံုး အေျခအေနေတာ့မဟုတ္ေသးပါဘူး။ ဒါေပမယ့္ ေစ်းကြက္ထဲမွာ ရွယ္ယာေစ်းေတြထိုးက်သြားတာေၾကာင့္ တစ္ပတ္ပတ္အတြင္းမွာ ေဒၚလာ ၇၅ ဘီလီယံေလာက္ ဆံုးရံႈးသြားတာကေတာ့ Facebook ကို အထိနာေစပါတယ္။

Cambridge Analytica ရဲ႕ အခ်က္အလက္အလြဲသံုးစားလုပ္မႈျပႆနာအျပင္ စီးပြားေရးနယ္ပယ္က ယိမ္းယိုင္မႈ အေျခအေနေတြေၾကာင့္လည္း ႏိုင္ငံတကာ Facebook သံုးစြဲသူေတြကေတာ့ Facebook အေပၚ ယံုၾကည္မႈက်ဆင္းလာျပီးေတာ့ ဆက္သံုးသင့္မသံုးသင့္ ဝိဝါဒကြဲစရာအေျခအေနျဖစ္လာပါတယ္။

ဒါေပမယ့္ ဒီအရႈပ္ေတာ္ပံု ျပႆနာေတြမျဖစ္ပြားခင္ လြန္ခဲ့တဲ့ ၂၀၁၇ ေအာက္တိုဘာေလာက္ကတည္းက စာေရးဆရာ စေကာ့တ္ ဂယ္လိုေဝးက သူ႕ရဲ႕ The Four ဆုိတဲ့စာအုပ္မွာ Facebook ရဲ႕ ဒီလို အခ်က္အလက္အလြဲသံုးစားမႈေတြရွိေနတယ္ဆိုတာကို ၾကိဳတင္သတိေပးခဲ့ဖူးပါတယ္။

“လူမႈကြန္ယက္ ကုမၸဏီတစ္ခုသည္ သင့္ကေလးငယ္၏ ေထာင္ေပါင္းမ်ားစြာေသာ ဓာတ္ပံုမ်ားကို ဆန္းစစ္ စစ္ေဆးသည္၊ သင့္ဖုန္းကို Activate လုပ္၍ ေခ်ာင္းေျမာင္းခိုးယူနားဆင္ႏုိင္သည့္ ဝတၳဳပစၥည္းတစ္ခုသဖြယ္အသံုးခ်သည္၊ ယင္းေနာက္ အဆိုပါ အခ်က္အလက္မ်ားကို Fortune 500 စာရင္းဝင္ကုမၸဏီမ်ားထံ ေရာင္းခ်လုိက္ေလသည္။ …. ကၽြႏု္ပ္တို႔သည္ မိမိတို႔၏ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ားကို ခပ္လြယ္လြယ္ပင္ သတိမမူပဲ ပစ္ထားမိေနၾကေသ္ာလည္း ၎ကုမၸဏီမ်ားကမူ ၎တို႔အက်ိဳးအျမတ္အတြက္ ယင္းအခ်က္အလက္မ်ားကို ရယူအသံုးခ်ေနၾကသည္။” ဆိုျပီး လြန္ခဲ့တဲ့ ၆ လေက်ာ္ကတည္းက ဂယ္လိုေဝးက ျပင္းျပင္းထန္ထန္ထုတ္ေဖာ္ေဝဖန္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ သူ႕ေဝဖန္မႈေတြ မွန္ကန္တယ္ဆိုတာကိုေတာ့ လူေတြက ခုခ်ိန္မွ သတိထားမိလာၾကတာပါ။

အထူးသျဖင့္ Cambridge Analytica ရဲ႕အခ်က္အလက္ အလြဲသုံုးစားမႈ အ႐ႈပ္ေတာ္ပုံ ပၚေပါက္လာတဲ့အခ်ိန္မွာမွျဖစ္ပါတယ္။ Cambridge Analytica ဟာ ၂၀၁၆ အေမရိကန္ျပည္ေထာင္စု ေရြးေကာက္ပြဲအပါအဝင္ ေဖာက္သည္တစ္ခ်ိဳ႕ရဲ႕ ကုိယ္က်ိဳးအတြက္ အသံုးခ်ဖို႔ Facebook သုံးစြဲသူ သန္း ၅၀ ရဲ႕ အခ်က္အလက္ေတြကို အလြဲသုံးစားျပဳလုပ္ခဲ့တာပါ။

ဒီလိုလုပ္ဖို႔အတြက္ Facebook ရဲ႕ သေဘာတူညီခ်က္နဲ႔ Facebook ေပၚကေနတဆင့္ ‘personality test’ app ေတြကို အသံုးခ်ခဲ့ပါတယ္။ ‘personality test’ app ေတြဆိုတာက မိမိဘယ္ Celebrity နဲ႔တူသလဲတို႔၊ ဘယ္အသက္အရြယ္မွာ ေသမလဲတို႔၊ ဘယ္နာမည္ေက်ာ္ပုဂၢိဳလ္နဲ႔ ေဆြးမ်ိဳးေတာ္စပ္လဲတို႔လိုမ်ိဳး Profile ကို အေျခခံျပီး အေပ်ာ္သေဘာဝင္ေရာက္စမ္းသပ္ႏုိင္တဲ့ Facebook app ေတြျဖစ္ပါတယ္။ ဒီနည္းလမ္းကေနတဆင့္ ဘယ္သူေတြ ဘာေတြကို ေလ့လာျပီး ဘာေတြကို ႏွစ္သက္တယ္ဆိုတာကို သူတုိ႔က ခုိးယူမွတ္သားသြားတာျဖစ္ပါတယ္။

ဒီလုပ္ေဆာင္မႈကို ၂၀၁၅ ခုႏွစ္ကတည္းက စတင္ေနတာျဖစ္ျပီးေတာ့ ကမၻာတစ္လႊားက ေရြးေကာက္ပြဲအေတာ္မ်ားမ်ားနဲ႔ ေၾကာ္ျငာလုပ္ငန္းေတြမွာ ျပန္လည္အသံုးခ်ဖို႔ ေရာင္းစားခဲ့တယ္လို႔ ဆိုပါတယ္။ လူတစ္ဦးတစ္ေယာက္ခ်င္းစီကေန ဘယ္ေလာက္အတုိင္းအတာ ပမာဏအထိ အခ်က္အလက္ေတြ ေပါက္ၾကားသြားတယ္ဆိုတာ ဘယ္သူမွ အတိအက် မသိႏုိင္ေသးပါဘူး။

တကယ္တမ္းအားျဖင့္ ဒီလိုျဖစ္ပ်က္သြားရတာဟာ Facebook ရဲ႕ အခ်က္အလက္အေသးစိတ္ မွတ္တမ္းတင္မႈေၾကာင့္ျဖစ္ပါတယ္။ Facebook ဟာ အသံုးျပဳသူတစ္ေယာက္ရဲ႕ အမည္ရင္း၊ ေမြးသကၠရာဇ္စတဲ့ အေသးစိတ္အခ်က္အလက္ေတြအပါအဝင္ အခ်က္အလက္အမ်ိဳးအစား ၇၁ မ်ိဳးအထိ သတ္မွတ္ျပီး ခြဲျခားမွတ္တမ္းတင္ထားေလ့ရွိပါတယ္။ အဲဒီအမ်ိဳးအစားခြဲျခား မွတ္တမ္းတင္မႈမွာ Chat history ေတြ၊ သြားခဲ့တဲ့ Check-in ဝင္ခဲ့တဲ့ ေနရာေတြ၊ ဝါသနာ၊ အေလ့အက်င့္၊ ကိုးကြယ္ယံုၾကည္မႈနဲ႔ ႏုိင္ငံေရးအျမင္စတာေတြပါဝင္ပါတယ္။ ကာလရွည္ၾကာလြန္းသြားလို႔ မရွိေတာ့ဘူးလို႔ မမွတ္ယူပါနဲ႔။ Facebook ဟာ အေသးအမႊားအေသးစိတ္အခ်က္အလက္ေလးေတြကအစ မွတ္တမ္းတင္ထားတာပါ။ ဖ်က္ခ်လုိက္တဲ့ Chat record ေတြနဲ႔ Search history ေတြက အစပါဝင္ပါတယ္။ ဘယ္လို Device ေတြ သံုးတယ္၊ ဘယ္လို Operation System ေတြ သံုးတယ္၊ ဘယ္ Browser ေတြ အမ်ားဆံုး အသံုးျပဳတယ္ဆိုတာမ်ိဳးနဲ႔ ခရီးသြားရင္ ဘာေတြလုပ္တတ္တယ္ဆိုတာမ်ိဳးေတြကိုလည္း သူတို႔သိရွိေနပါတယ္။

ဒါ့အျပင္ ဘယ္လို Page ေတြကို Like လုပ္ထားတယ္၊ ဘယ္လို Status ေတြ တင္ေလ့ရွိတယ္၊ သူငယ္ခ်င္း မ်ားတယ္ နည္းတယ္၊ ဘယ္လိုလူမ်ိဳးကို သူငယ္ခ်င္းအျဖစ္ ထားေလ့ရွိတယ္၊ အလုပ္အကိုင္အေျခအေနဘယ္လိုရွိတယ္နဲ႔ ေပါင္းသင္းဆက္ဆံေရးမွာ ဘယ္အေျခအေနရွိတယ္ဆိုတာေတြကို မွတ္တမ္းတင္ထားတာေၾကာင့္ သူတို႔နဲ႔ ကိုက္ညီမယ့္ ေၾကာ္ျငာေတြကို ကိုက္ညွိေပးပို႔ႏုိင္ေနတာျဖစ္ပါတယ္။

ဒီလို အေသးစိတ္ မွတ္တမ္းတင္တတ္တဲ့ Facebook ဆီကေန အခ်က္အလက္ေတြ ေပါက္ၾကားသြားတာျဖစ္တာေၾကာင့္ ဒီအရႈပ္ေတာ္ပံုမွာ လူတစ္ဦးခ်င္းစီကေန ဘယ္ေလာက္ အခ်က္အလက္ေတြေပါက္ၾကားသြားသလဲဆိုတာကို ဝိုင္းျပီးစိုးရိမ္ေနၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ အသံုးျပဳသူေတြကို အတန္အသင့္ စိတ္ေအးေစတာက Facebook ေပၚမွာ ရွိတဲ့ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြကို ဥပေဒေၾကာင္းအရ ကာကြယ္ေပးထားတာပဲျဖစ္ပါတယ္။ Facebook အေနနဲ႔ လက္လြတ္စပယ္ အခ်က္အလက္ေတြကို မွ်ေဝလို႔မရပါဘူး။ အခု ျပႆနာမွာဆိုရင္လည္း Cambridge Analytica ဘက္က အလြဲသံုးစားမႈလုပ္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ တရားစြဲဆိုခြင့္ရွိေနျပီးေတာ့ တရားစြဲဆိုမႈတစ္ခ်ိဳ႕လည္း စတင္ေနျပီျဖစ္ပါတယ္။

Facebook ကေတာ့ ဒီျဖစ္ရပ္အတြက္ မာ့ခ္ဇူကာဘတ္ကိုယ္တုိင္ လက္မွတ္ထိုးထားတဲ့ ေတာင္းပန္စာတစ္ေစာင္ထုတျ္ပန္ခဲ့ျပီးေတာ့ ျဗိတိန္က သတင္းစာၾကီးေတြျဖစ္တဲ့ The Observer၊ The Mail on Sunday၊ Sunday Times၊ Sunday Telegraph၊ Sunday Mirror နဲ႔ Sunday Express တို႔မွာ အဲ့ဒီစာကို စာမ်က္ႏွာျပည့္ေၾကာ္ျငာထည့္သြင္းေဖာ္ျပျပီး ေတာင္းပန္ခဲ့ပါတယ္။

နည္းပညာေလာကမွာ ဒီလိုျပႆနာမ်ိဳးေတြက ခုမွျဖစ္ေပၚလာတာမဟုတ္ပဲနဲ႔ LinkedIn နဲ႔ လူမႈေရးေဖာက္ျပန္သူေတြအသံုးျပဳတဲ့ Ashley Madison တို႔လို လူမႈကြန္ယက္ဝက္ဘ္ဆိုက္မ်ိဳးေတြလည္း အခ်က္အလက္ေပါက္ၾကားမႈမ်ိဳးေတြ ျဖစ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ထူးျခားတာကေတာ့ Facebook နဲ႔ Cambridge Analytica အရႈပ္ေတာ္ပံုမွာေတာ့ Facebook ကုိယ္တုိင္က အခ်က္အလက္ေတြကို ရယူခြင့္ျပဳသလိုျဖစ္ခဲ့တာပဲျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသံုးျပဳသူေတြ ေတြးေနၾကသလုိမ်ိဳး တကယ္ကို Facebook ရဲ႕ အဆံုးသတ္အခ်ိန္ကို ေရာက္ျပီလား? Facebook ကို စြန္႔ခြာရမယ့္အခ်ိန္ေရာက္ျပီလား? ဆိုတာကေတာ့ ေျဖဖုိ႔ ခက္ေနဆဲျဖစ္ပါတယ္။

Tesla နဲ႔ Mozilla တို႔ကိုယ္တုိင္ Facebook ကို သပိတ္ေမွာက္လိုက္ၾကေပမယ့္ ဒါဟာ ယာယီသာျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဒါ့အျပင္ WhatsApp ရဲ႕ ပူးတြဲတည္ေထာင္သူ Brian Acton က Facebook ကို စြန္႔ခြာရမယ့္အခ်ိန္လို႔ ဆိုေနေပမယ့္ Facebook ကပိုင္ဆုိင္တဲ့ Instagram ကိုေတာ့ ဆက္သံုးမွာျဖစ္တယ္လို႔ ဆိုျပန္ပါတယ္။

ကမၻာ့လူဦးေရ ၃ ပံု ၂ ပံုေလာက္ အသံုးျပဳေနတဲ့ Facebook ကို စြန္႔ခြာဖို႔ဆိုတာ စီးပြားေရးလုပ္ငန္းေတြအတြက္ေရာ သာမန္အသံုးျပဳသူေတြအတြက္ပါ ေျပာသေလာက္ေတာ့ မလြယ္လွတာျမင္ရပါတယ္။ Facebook ဟာ အသံုးျပဳသူေတြအတြက္ တျခား Social Media ေတြထက္ ပိုျပည့္စံုတဲဲ့ လုပ္ေဆာင္ခ်က္ေတြကို ဖန္တီးေပးထားသလို ပိုက်ယ္ျပန္႔တဲ့ လူ႕အဖြဲ႕အစည္းကိုလည္း ခ်ိတ္ဆက္ေပးထားပါတယ္။ ဒီအေျခအေနဟာ ေၾကာ္ျငာရွင္ေတြအတြက္လည္း လက္လႊတ္ဖို႔ ခက္ခဲတဲ့ အေျခအေနျဖစ္ပါတယ္။

ဂယ္လိုေဝးရဲ႕ စာထဲမွာေတာ့ မီဒီယာေတြ၊ အစိုးရေတြနဲ႔ ရင္းႏွီးျမွဳပ္ႏွံသူေတြကိုယ္တုိင္က Facebook ကို အလုိလုိက္အၾကိဳက္ေဆာင္ေျမွာက္ပင့္ခဲ့ၾကသလို အကန္႔အသတ္မဲ့ အရင္းအႏွီးေတြနဲ႔ စိတ္တုိင္းက် ခ်ယ္လွယ္ခြင့္ေတြလည္း ေပးမိခဲ့တာေၾကာင့္ ဒီအေျခအေနကို ေရာက္လာတာျဖစ္ျပီး ခုေတာ့ သူတို႔ကို ဇာတ္ၾကိဳးသတ္ဖို႔ ခက္ေနျပီလို႔ ဆိုပါတယ္။

ဂယ္လိုေဝးေျပာခဲ့သလိုပဲ စီးပြားေရးလုပ္ငန္းေတြသာမကပဲ လူေတြကိုယ္တုိင္လည္း Facebook ကို တကယ့္ဘဝရဲ႕ တျခားမ်က္ႏွာစာလို အသံုးခ်ေနၾကတာေၾကာင့္ စြန္႔ခြာဖို႔ ခက္ေနလိမ့္ဦးမွာျဖစ္ပါတယ္။

Mobile Guide
Vol.4/No.49



“Facebook” နှင့် “ကုလား” သင်ခန်းစာ ~ “Facebook” ႏွင္႔ “ကုလား” သင္ခန္းစာ  

Posted by Admin in



ယခုကာလတွင် လူမှုကွန်ယက် ဝက်ဘ်ဆိုက် Facebook တွင် သောသောညံနေသည့် ကိစ္စရပ်မှာ “ကုလား” ဆိုသည့် စကားလုံးကို Hate Speech ဟု Facebook Team က ယူဆသတ်မှတ်လိုက်ခြင်းအကြောင်းပင်ဖြစ်သည်။ ယင်းနှင့်အတူ ကုလား ဆိုသည့် အသုံးအနှုန်းသည် အမုန်းစကား ဟုတ်မဟုတ်ဆိုသည့် အမြင်မတူစွာ အငြင်းပွားမှုများကိုလည်း မြင်တွေ့နေရသည်။

အဆိုပါ “ကုလား” ဝေါဟာရနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်း၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ များ နှင့် NGO တချို့၏ အကြံပြုချက်များအရ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Facebook က ဆိုခဲ့သည်။ မည်သည့်အဖွဲ့အစည်းများဟု အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိပေ။

တကယ်တမ်းအားဖြင့် ကြည့်မည်ဆိုလျှင် မြန်မာဝေါဟာရများတွင် ကုလားဆိုသည့် ဝေါဟာရအသုံးအနှုန်း တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၇၀၀ ခန့်ရှိနေပြီဖြစ်ပြီး စတင်သုံးစွဲစဉ်ကတည်းက နှိမ်ချပြောဆိုဆက်ဆံရန် အသုံးပြုခြင်းဖြစ်ဖွယ်ရှိကြောင်း အထောက်အထားများများစားစား မရှိပေ။

မြန်မာဝေါဟာရများတွင်လည်း ကုလားဟူသည့်အသုံးအနှုန်းအပြင် ပဲကုလားဟင်း ၊ ဆေးကုလားမ ၊ သရက်သီး ကုလားတည် ၊ ကုလားအော်သီး ၊ သစ်ကုလားအုပ် ၊ ငှက်ကုလားအုပ် ၊ ကုလားတက်၊ ကုလားထိုင် ၊ ကုလားတန်မြစ် စသည်ဖြင့် အခြားအသုံးအနှုန်းများ အမည်နာမများလည်း ရှိသေးသည်။ ကုန်းဘောင်ခေတ် မြန်မာ ပညာရှိ စာပေပညာရှင်ကြီး တစ်ဦးအမည်မှာလည်း ဦးကုလားဖြစ်လေသည်။ ယနေ့ခေတ်ကာလများတွင် ကုလားဆိုသည့် စကားလုံးသည် အိန္ဒိယဘက်မှ မြန်မာပြည်သို့ ရွှေ့ပြောင်းအခြေချလာသည့် လူမျိုးနွယ်စုတစ်ခုကို ယျေဘုယျအားဖြင့် ရည်ရွယ်ပြောဆိုခြင်းဖြစ်သော်လည်း နှိမ်ချဆက်ဆံသည့် Hate Speech တစ်ခု ဟုတ်မဟုတ်ဆိုသည်မှာ အသုံးပြုသူ၏ စေတနာ ၊ ရည်ရွယ်ရင်းတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်မည်ဟု ယူဆမိသည်။

သတင်းများနှင့် Facebook အသုံးပြုသူများ၏ ဖော်ပြချက်များအရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Facebook Team ၏ အရေးယူမှုများကြောင့် “ကုလား” စကားလုံးအား သုံးနှုန်းခဲ့သည့် အင်တာနက်သုံးစွဲသူများ၏ Account များ Like နှင့် Comment လုပ်၍မရခြင်း၊ Post များ ဖြုတ်ချခံရခြင်းနှင့် Account ယာယီအပိတ်ပင်ခံရခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် ပြည်တွင်း Facebook အသုံးပြုသူများက တုန့်ပြန်ပုံမှာ “ကုလား” ဆိုသည့် ဝေါဟာရနှင့် ယင်းနှင့်ဆက်နွယ်နေသည့် စကားလုံးများကို လူမှုကွန်ယက်တွင် အတိတလင်းရေးတင်ကြခြင်းပင်ဖြစ်သည်။ မည်သည့် အဖွဲ့အစည်းကမှ တာဝန်ခံ၍ ဖြေရှင်းပေးကြခြင်းမရှိပေ။ တာဝန်ခံမည့်အဖွဲ့အစည်းနှင့် မူဝါဒလည်း မရှိပေ။

Google ၊ Facebook နှင့် နိုင်ငံကာအစိုးရများဘက်မှ လူမှုကွန်ရက်မှတဆင့် အမုန်းစကား ဖြန့်ဝေခြင်း၊ အကြမ်းဖက် ခြိမ်းခြောက်မှှုများပြုလုပ်ခြင်းနှင့် ရည်ရွယ်ချက်ရှိသော သတင်းအချက်အလက် အမှားများ ဖြန့်ချိခြင်းများကို ထိထိရောက်ရောက် ကိုင်တွယ်နှိမ်နှင်းရန် တွန်းအားပေးခံနေရချိန်တွင် ယင်းကဲ့သို့ တိုင်ကြားခံရခြင်းဖြစ်သောကြောင့် Facebook Team က လျှင်လျှင်မြန်မြန် တုန့်ပြန်ခဲ့ခြင်းဖြစ်ဟန်တူသည်။ ထို့ကြောင့် တစ်ဖက်မှ ပြန်ကြည့်မည်ဆိုလျှင် အမုန်းစကားနှင့် သတင်းမှား ဖြန့်ဝေမှု တားဆီးရန်ကြံစည်နေသည့် လုပ်ငန်းစဉ်ကို မှားယွင်းသည့် အစွဲမကင်းသည့် သတင်းအချက်အလက်များဖြင့် ထိခိုက်လာနေသည့်သဘောပင်ဖြစ်သည်။

အသုံးပြုသူများ၏ တုန့်ပြန်ချက်များကြောင့် နောက်ပိုင်းတွင် အဆိုပါ ဆုံးဖြတ်ချက် မှားယွင်းကြောင်း သိရှိခဲ့ရသည့်အတွက် အဆိုပါပိတ်ပင်တားဆီးမှုကို ပြန်လည်ပြင်ဆင်နိုင်ရန် အမြန်ဆုံးကြိုးစားခဲ့ရပြီး နောက်တစ်ကြိမ်ဤကဲ့သို့ ထပ်မံမဖြစ်ပွားရန် ဂရုစိုက်သွားမည်ဖြစ်ကြောင်းလည်း Facebook မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်ကဆိုထားကြောင်း Mashable အွန်လိုင်းသတင်းဌာနက ဖော်ပြထားသည်ကိုလည်း ဖတ်ရှုလိုက်ရသည်။

ကမ္ဘာတဝန်းတွင် Facebook အသုံးပြုသူ သန်း ၂၀၀၀ ကျော်ရှိနေပြီး ဘာသာစကား ၇၀ မျိုး ခန့်ဖြင့် အသုံးပြုနေကြသောကြောင့် ဤမျှများပြားပြားသောပမာဏကို ကိုင်တွယ်နေရခြင်းသည် မမျှော်လင့်ထားသည့် အမှားအယွင်းများစွာကို ဖြစ်ပေါ်လာစေသည်။ အထူးသဖြင့် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ လိင်အမြတ်ထုတ်မှုနှင့် အချက်အလက်မှားများ ဖြန့်ဝေမှုများ တိုးပွားလာနေသောကြောင့် ထိထိရောက်ရောက်ကိုင်တွယ်ရန် နိုင်ငံတကာအစိုးရများ၏ ဖိအားပေးခြင်းကိုလည်း ခံနေရပြန်သည်။ အထိအခိုက် အတိမ်အစောင်းမခံလှသည့် မြန်မာ့အရေးများကြောင့် မြန်မာနိုင်ငံတွင်ပင် အခြားအငြင်းပွားဖွယ် ကိစ္စရပ်များ ထပ်မံပေါ်ပေါ်ပေါက်လာဖွယ် ရှိနေသေးသည်။

ယင်းအခြေအနေများကြောင့် လူမှုကွန်ယက် အသုံးပြုသူ သန်း ၃၀ ဝန်းကျင်ရှိနေသည့် မြန်မာပြည်တွင် အမုန်းစကားများနှင့် သတင်းအချက်အလက်မှားများကို တားဆီးရန် အစိုးရနှင့် ပညာရှင်အသင်းများက ဦးဆောင်ဖန်တီးရမည့် မူဝါဒများ၊ Cyberethics များ နှင့် The Internet Society (ISOC) ကဲ့သို့သော အဖွဲ့အစည်းများ လိုအပ်နေပြီဟု အချက်ပေးနေသည့် သဘောပင်ဖြစ်သည်။ အကြောင်းအရင်းမှာ လူမျိုးရေး၊ ဘာသာရေးအခြေခံသည့် ပဋိပက္ခများ၊ နယ်မြေဒေသ မအေးချမ်းမှုများ၊ နိုင်ငံရေးရပ်တည်ချက်မတူညီမှုများအပေါ် အခြေခံ၍ ပုဂ္ဂိုလ်ရေးထိပါးသည်အထိ ပြောဆိုပြုမူနေမှုများကို နေ့စဉ်ရက်ဆက် မြင်တွေ့နေရသောကြောင့်လည်းဖြစ်သည်။

“ကုလား” ဟူသောစကားစုကို ပိတ်ပင်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်း၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများ နှင့် NGO တချို့၏ အကြံပြုချက်များအရ ဆောင်ရွက်ခဲ့သည်ဟု Facebook က ဆိုခဲ့သည်။ သို့သော် မြန်မာ့သဘော မြန်မာ့မနောနှင့် မြန်မာ့ဓလေ့ ထုံးတမ်းအယူ အသုံးအနှုန်းများကို နားမလည်သူများဖြစ်သောကြောင့် ဤသို့ တိုင်ကြားသည်ဟု မှတ်ယူမိသည်။ ထို့အပြင် အမှားအယွင်းတစ်ခုဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ရာတွင်လည်း အသုံးပြုသူများ၏ Campaign သဖွယ် တုန့်ပြန်မှုကသာ အဓိကကျခဲ့ပြီး ပညာရှင်များ၊ ပညာရှင်အသင်းများနှင့် ဝန်ကြီးဌာနများ၊ ဘာသာရပ် အဖွဲ့အစည်းများမှ တုန့်ပြန်ရန် နည်းလမ်းရှာမတွေ့ဟု ဆိုကာ တုန့်ပြန်မှုမပြုလုပ်သည်ကိုသာ မြင်တွေ့ခဲ့ရလေသည်။

ယခုပြဿနာတွင် ပြည်တွင်း အင်တာနက်အသုံးပြုမှုနှင့် စံနှုန်းထားရှိမှုအပိုင်းတွင် တာဝန်ခံနိုင်မည့် အဖွဲ့အစည်း၊ မူဝါဒမရှိခြင်းကြောင့် ဖြစ်ပေါ်လာရကြောင်း ထင်ရှားစွာမြင်နေရသည်။ ပညာပေးခြင်းလုပ်ငန်းများ၊ ဖြစ်ပေါ်လာနိုင်ချေရှိသည့် ပြဿနာများကို တားဆီးရန်နှင့် နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းပေးရန်တို့အတွက် အဖွဲ့အစည်းနှင့် စည်းမျဉ်းမူဝါဒများ ထားရှိနိုင်ခြင်းမရှိပါက ယခုကဲ့သို့သော ပြဿနာမျိုးများ ဆက်လက်မြင်တွေ့နေရဦးမည်ဖြစ်ပြီး မြန်မာ့လူမှုကွန်ယက်လောကသည်လည်း အငြင်းပွားမှုများ၊ အမုန်းတရားများနှင့်သာ ပြည့်နှက်နေလိမ့်မည်ဖြစ်လေသည်။


<Zawgyi>
ယခုကာလတြင္ လူမႈကြန္ယက္ ဝက္ဘ္ဆိုက္ Facebook တြင္ ေသာေသာညံေနသည့္ ကိစၥရပ္မွာ “ကုလား” ဆိုသည့္ စကားလံုးကို Hate Speech ဟု Facebook Team က ယူဆသတ္မွတ္လိုက္ျခင္းအေၾကာင္းပင္ျဖစ္သည္။ ယင္းႏွင့္အတူ ကုလား ဆုိသည့္ အသံုးအႏႈန္းသည္ အမုန္းစကား ဟုတ္မဟုတ္ဆိုသည့္ အျမင္မတူစြာ အျငင္းပြားမႈမ်ားကိုလည္း ျမင္ေတြ႕ေနရသည္။

အဆိုပါ “ကုလား” ေဝါဟာရႏွင့္ပတ္သက္၍ ျမန္မာနိုင္ငံအတြင္းရွိ လူမႈအသိုင္းအဝိုင္း၊ လုံျခဳံေရးဆိုင္ရာ ကၽြမ္းက်င္သူ မ်ား ႏွင့္ NGO တခ်ိဳ႕၏ အႀကံျပဳခ်က္မ်ားအရ ကန္႔သတ္ပိတ္ပင္မႈမ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု Facebook က ဆိုခဲ့သည္။ မည္သည့္အဖြဲ႕အစည္းမ်ားဟု အတိအက် ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေပ။

တကယ္တမ္းအားျဖင့္ ၾကည့္မည္ဆိုလွ်င္ ျမန္မာေဝါဟာရမ်ားတြင္ ကုလားဆိုသည့္ ေဝါဟာရအသံုးအႏႈန္း တည္ရွိလာခဲ့သည္မွာ ႏွစ္ေပါင္း ၇၀၀ ခန္႔ရွိေနျပီျဖစ္ျပီး စတင္သံုးစြဲစဥ္ကတည္းက ႏွိမ္ခ်ေျပာဆိုဆက္ဆံရန္ အသံုးျပဳျခင္းျဖစ္ဖြယ္ရွိေၾကာင္း အေထာက္အထားမ်ားမ်ားစားစား မရွိေပ။

ျမန္မာေဝါဟာရမ်ားတြင္လည္း ကုလားဟူသည့္အသံုးအႏႈန္းအျပင္ ပဲကုလားဟင္း ၊ ေဆးကုလားမ ၊ သရက္သီး ကုလားတည္ ၊ ကုလားေအာ္သီး ၊ သစ္ကုလားအုပ္ ၊ ငွက္ကုလားအုပ္ ၊ ကုလားတက္၊ ကုလားထိုင္ ၊ ကုလားတန္ျမစ္ စသည္ျဖင့္ အျခားအသံုးအႏႈန္းမ်ား အမည္နာမမ်ားလည္း ရွိေသးသည္။ ကုန္းေဘာင္ေခတ္ ျမန္မာ ပညာရွိ စာေပပညာရွင္ၾကီး တစ္ဦးအမည္မွာလည္း ဦးကုလားျဖစ္ေလသည္။ ယေန႔ေခတ္ကာလမ်ားတြင္ ကုလားဆိုသည့္ စကားလံုးသည္ အိႏၵိယဘက္မွ ျမန္မာျပည္သို႔ ေရႊ႕ေျပာင္းအေျခခ်လာသည့္ လူမ်ိဳးႏြယ္စုတစ္ခုကို ေယ်ဘုယ်အားျဖင့္ ရည္ရြယ္ေျပာဆုိျခင္းျဖစ္ေသာ္လည္း ႏွိမ္ခ်ဆက္ဆံသည့္ Hate Speech တစ္ခု ဟုတ္မဟုတ္ဆိုသည္မွာ အသံုးျပဳသူ၏ ေစတနာ ၊ ရည္ရြယ္ရင္းတို႔ႏွင့္သာ တုိက္ရုိက္သက္ဆုိင္မည္ဟု ယူဆမိသည္။

သတင္းမ်ားႏွင့္ Facebook အသံုးျပဳသူမ်ား၏ ေဖာ္ျပခ်က္မ်ားအရ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း Facebook Team ၏ အေရးယူမႈမ်ားေၾကာင့္ “ကုလား” စကားလုံးအား သုံးႏႈန္းခဲ့သည့္ အင္တာနက္သုံးစြဲသူမ်ား၏ Account မ်ား Like ႏွင့္ Comment လုပ္၍မရျခင္း၊ Post မ်ား ျဖဳတ္ခ်ခံရျခင္းႏွင့္ Account ယာယီအပိတ္ပင္ခံရျခင္းမ်ား ျဖစ္ေပၚခဲ့သည္။ ယင္းျဖစ္ရပ္အေပၚ ျပည္တြင္း Facebook အသံုးျပဳသူမ်ားက တုန္႔ျပန္ပံုမွာ “ကုလား” ဆိုသည့္ ေဝါဟာရႏွင့္ ယင္းႏွင့္ဆက္ႏြယ္ေနသည့္ စကားလံုးမ်ားကို လူမႈကြန္ယက္တြင္ အတိတလင္းေရးတင္ၾကျခင္းပင္ျဖစ္သည္။ မည္သည့္ အဖြဲ႔အစည္းကမွ တာဝန္ခံ၍ ေျဖရွင္းေပးၾကျခင္းမရွိေပ။ တာဝန္ခံမည့္အဖြဲ႕အစည္းႏွင့္ မူဝါဒလည္း မရွိေပ။

Google ၊ Facebook ႏွင့္ ႏိုင္ငံကာအစုိးရမ်ားဘက္မွ လူမႈကြန္ရက္မွတဆင့္ အမုန္းစကား ျဖန႔္ေဝျခင္း၊ အၾကမ္းဖက္ ၿခိမ္းေျခာက္မွႈမ်ားျပဳလုပ္ျခင္းႏွင့္ ရည္ရြယ္ခ်က္ရွိေသာ သတင္းအခ်က္အလက္ အမွားမ်ား ျဖန႔္ခ်ိျခင္းမ်ားကို ထိထိေရာက္ေရာက္ ကိုိင္တြယ္ႏွိမ္ႏွင္းရန္ တြန္းအားေပးခံေနရခ်ိန္တြင္ ယင္းကဲ့သုိ႔ တိုင္ၾကားခံရျခင္းျဖစ္ေသာေၾကာင့္ Facebook Team က လွ်င္လွ်င္ျမန္ျမန္ တုန္႔ျပန္ခဲ့ျခင္းျဖစ္ဟန္တူသည္။ ထို႔ေၾကာင့္ တစ္ဖက္မွ ျပန္ၾကည့္မည္ဆိုလွ်င္ အမုန္းစကားႏွင့္ သတင္းမွား ျဖန႔္ေဝမႈ တားဆီးရန္ၾကံစည္ေနသည့္ လုပ္ငန္းစဥ္ကို မွားယြင္းသည့္ အစြဲမကင္းသည့္ သတင္းအခ်က္အလက္မ်ားျဖင့္ ထိခုိက္လာေနသည့္သေဘာပင္ျဖစ္သည္။

အသံုးျပဳသူမ်ား၏ တုန္႔ျပန္ခ်က္မ်ားေၾကာင့္ ေနာက္ပိုင္းတြင္ အဆိုပါ ဆံုးျဖတ္ခ်က္ မွားယြင္းေၾကာင္း သိရွိခဲ့ရသည့္အတြက္ အဆိုပါပိတ္ပင္တားဆီးမႈကို ျပန္လည္ျပင္ဆင္ႏိုင္ရန္ အျမန္ဆံုးႀကိဳးစားခဲ့ရျပီး ေနာက္တစ္ၾကိမ္ဤကဲ့သုိ႔ ထပ္မံမျဖစ္ပြားရန္ ဂရုစိုက္သြားမည္ျဖစ္ေၾကာင္းလည္း Facebook မွ ေျပာခြင့္ရပုဂၢိဳလ္တစ္ေယာက္ကဆိုထားေၾကာင္း Mashable အြန္လိုင္းသတင္းဌာနက ေဖာ္ျပထားသည္ကိုလည္း ဖတ္ရႈလိုက္ရသည္။

ကမာၻတဝန္းတြင္ Facebook အသံုးျပဳသူ သန္း ၂၀၀၀ ေက်ာ္ရွိေနျပီး ဘာသာစကား ၇၀ မ်ိဳး ခန္႔ျဖင့္ အသံုးျပဳေနၾကေသာေၾကာင့္ ဤမွ်မ်ားျပားျပားေသာပမာဏကို ကိုင္တြယ္ေနရျခင္းသည္ မေမွ်ာ္လင့္ထားသည့္ အမွားအယြင္းမ်ားစြာကို ျဖစ္ေပၚလာေစသည္။ အထူးသျဖင့္ အၾကမ္းဖက္မႈ၊ ခြဲျခားဆက္ဆံမႈ၊ လိင္အျမတ္ထုတ္မႈႏွင့္ အခ်က္အလက္မွားမ်ား ျဖန္႔ေဝမႈမ်ား တိုးပြားလာေနေသာေၾကာင့္ ထိထိေရာက္ေရာက္ကိုင္တြယ္ရန္ ႏုိင္ငံတကာအစိုးရမ်ား၏ ဖိအားေပးျခင္းကိုလည္း ခံေနရျပန္သည္။ အထိအခိုက္ အတိမ္အေစာင္းမခံလွသည့္ ျမန္မာ့အေရးမ်ားေၾကာင့္ ျမန္မာႏုိင္ငံတြင္ပင္ အျခားအျငင္းပြားဖြယ္ ကိစၥရပ္မ်ား ထပ္မံေပၚေပၚေပါက္လာဖြယ္ ရွိေနေသးသည္။

ယင္းအေျခအေနမ်ားေၾကာင့္ လူမႈကြန္ယက္ အသံုးျပဳသူ သန္း ၃၀ ဝန္းက်င္ရွိေနသည့္ ျမန္မာျပည္တြင္ အမုန္းစကားမ်ားႏွင့္ သတင္းအခ်က္အလက္မွားမ်ားကို တားဆီးရန္ အစိုးရႏွင့္ ပညာရွင္အသင္းမ်ားက ဦးေဆာင္ဖန္တီးရမည့္ မူဝါဒမ်ား၊ Cyberethics မ်ား ႏွင့္ The Internet Society (ISOC) ကဲ့သို႔ေသာ အဖြဲ႕အစည္းမ်ား လိုအပ္ေနျပီဟု အခ်က္ေပးေနသည့္ သေဘာပင္ျဖစ္သည္။ အေၾကာင္းအရင္းမွာ လူမ်ဳိးေရး၊ ဘာသာေရးအေျခခံသည့္ ပဋိပကၡမ်ား၊ နယ္ေျမေဒသ မေအးခ်မ္းမႈမ်ား၊ ႏိုင္ငံေရးရပ္တည္ခ်က္မတူညီမႈမ်ားအေပၚ အေျခခံ၍ ပုဂၢိဳလ္ေရးထိပါးသည္အထိ ေျပာဆိုျပဳမူေနမႈမ်ားကို ေန႔စဥ္ရက္ဆက္ ျမင္ေတြ႕ေနရေသာေၾကာင့္လည္းျဖစ္သည္။

“ကုလား” ဟူေသာစကားစုကို ပိတ္ပင္ရာတြင္္ ျမန္မာနိုင္ငံအတြင္းရွိ လူမႈအသိုင္းအဝိုင္း၊ လုံျခဳံေရးဆိုင္ရာ ကၽြမ္းက်င္သူမ်ား ႏွင့္ NGO တခ်ိဳ႕၏ အႀကံျပဳခ်က္မ်ားအရ ေဆာင္ရြက္ခဲ့သည္ဟု Facebook က ဆိုခဲ့သည္။ သို႔ေသာ္ ျမန္မာ့သေဘာ ျမန္မာ့မေနာႏွင့္ ျမန္မာ့ဓေလ့ ထံုးတမ္းအယူ အသံုးအႏႈန္းမ်ားကို နားမလည္သူမ်ားျဖစ္ေသာေၾကာင့္ ဤသို႔ တုိင္ၾကားသည္ဟု မွတ္ယူမိသည္။ ထို႔အျပင္ အမွားအယြင္းတစ္ခုျဖစ္ေၾကာင္း ျပန္လည္တုန္႔ျပန္ရာတြင္လည္း အသံုးျပဳသူမ်ား၏ Campaign သဖြယ္ တုန္႔ျပန္မႈကသာ အဓိကက်ခဲ့ျပီး ပညာရွင္မ်ား၊ ပညာရွင္အသင္းမ်ားႏွင့္ ဝန္ၾကီးဌာနမ်ား၊ ဘာသာရပ္ အဖြဲ႕အစည္းမ်ားမွ တုန္႔ျပန္ရန္ နည္းလမ္းရွာမေတြ႕ဟု ဆိုကာ တုန္႔ျပန္မႈမျပဳလုပ္သည္ကိုသာ ျမင္ေတြ႕ခဲ့ရေလသည္။

ယခုျပႆနာတြင္ ျပည္တြင္း အင္တာနက္အသံုးျပဳမႈႏွင့္ စံႏႈန္းထားရွိမႈအပိုင္းတြင္ တာဝန္ခံႏုိင္မည့္ အဖြဲ႕အစည္း၊ မူဝါဒမရွိျခင္းေၾကာင့္ ျဖစ္ေပၚလာရေၾကာင္း ထင္ရွားစြာျမင္ေနရသည္။ ပညာေပးျခင္းလုပ္ငန္းမ်ား၊ ျဖစ္ေပၚလာႏိုင္ေခ်ရွိသည့္ ျပႆနာမ်ားကို တားဆီးရန္ႏွင့္ ေနာက္ဆက္တြဲျပႆနာမ်ားကို ေျဖရွင္းေပးရန္တို႔အတြက္ အဖြဲ႕အစည္းႏွင့္ စည္းမ်ဥ္းမူဝါဒမ်ား ထားရွိႏုိင္ျခင္းမရွိပါက ယခုကဲ့သုိ႔ေသာ ျပႆနာမ်ိဳးမ်ား ဆက္လက္ျမင္ေတြ႕ေနရဦးမည္ျဖစ္ျပီး ျမန္မာ့လူမႈကြန္ယက္ေလာကသည္လည္း အျငင္းပြားမႈမ်ား၊ အမုန္းတရားမ်ားႏွင့္သာ ျပည့္ႏွက္ေနလိမ့္မည္ျဖစ္ေလသည္။

 The Voice Daily, 1st June 2017




"မြန်မာ" အမည်နာမ ဆင်းသက်လာပုံ ("ျမန္မာ" အမည္နာမ ဆင္းသက္လာပံု)  

Posted by Admin in



Ph.D Degree Requirements  

Posted by Admin in




  1.  A letter of Submission ( jpg )
  2.  Thesis
  3.  Personal form ( jpg )
  4.  Remarks of the Departments on thesis  ( pdf ) ( Signature )
  5.  Авфторефрат диссертации  ( pdf )  ( How to Upload )
  6.  Implementing Results of Thesis in National Research University of Electronic Technology (MIET) ( pdf ) ( Scan )
  7.  Agreement from Opponents ( pdf )
  8.  Rrecords of Candidates' Progress in their Assigned Program of Study ( jpg )
  9.  A Copy of the Master's Degree ( jpg )
  10.  List of Publications ( pdf )
  11.  List of Addresses to Send Автореферат( pdf )
  12.  Thesis Defence ( pdf )
  13.  Reviews from Official Opponents ( First , Second ) ( Signatures 1 , 2 )
  14.  Review from Leading Organization ( pdf ) ( Scan )
  15.  Next 5+ Reviews ( Signatures 1 , 2 , 3 , 4 , 5 , 6 )
  16.  Remark on Thesis ( pdf )
  17.  Minutes of the Meeting of Dissertation Council ( pdf )
  18.  Addresses for Envelope ( pdf )
  19.  Statements to Opponents ( First , Second )
  20.  Letter - 1 ( pdf )
  21.  Letter - 2 ( pdf )
  22.  Letter - 3 ( pdf )
  23.  Responses to Reviews ( pdf )
  24.  Presentation ( pdf )
  25. =========================================================
    DEFENCE
    =========================================================
  26.  Remark of Dissertation Council ( pdf ) ( Signature )
  27.  Minute of the Meeting of Dissertation Council with VPO ( pdf ) ( Scan )
  28.  Review from Supervisor ( pdf ) ( Signature )
  29.  Dissertation Council ( pdf ) ( Scan )
  30.  Higher Attestation Commission of Ministry of Education and Science of the Russian Federation ( pdf )  ( Scan )
  31.  ФНГУ ЦИТиС ( pdf ) ( Scan )
  32.  Information Card of Thesis ЦИТиС ( jpg )
  33.  Registration to Academic Card ( pdf )
  34.  Index Card for Thesis ( pdf )
  35.  Transcript of Meeting of the Dissertation Council ( pdf )  ( Signature )
  36.  List of Documents Shown Above ( pdf ) ( Scan 1 , 2 , 3 )
  37.  Burn to DVD  (Video & Documentation)
  38.  Check
  39.  Reply from ( Ministry of Education and Science & Dissertation Council  & ( ФНГУ - ЦИТиС )




Controlling the Parameters of Moving Objects by On-Board Information Processing System  

Posted by Admin in



အေတြးမွတ္စု (၂၉)  

Posted by Admin in ,


ပထမ. . . သူတို႔ 
သမၼတႀကီးကို မေကာင္းေရးတယ္။ 
က်ဳပ္ . . ဘာမွ တုန္႔ျပန္ေရးသားတာ မလုပ္ခဲ့ဘူး။ က်ဳပ္က သမၼတမွ. . . . မဟုတ္တာ။

 ေနာက္ေတာ့. . . သူတို႔ 
ကာခ်ဳပ္ကို မထိတထိေရးတယ္။ 
က်ဳပ္. . . .ဘာမွ တုန္႔ျပန္ေရးသားတာ မလုပ္ခဲ့ဘူး။ က်ဳပ္က ကာခ်ဳပ္မွ . . . မဟုတ္တာ။ 

အဲဒီေနာက္. . . . သူတို႔ 
လႊတ္ေတာ္ထဲက စစ္ဗိုလ္အမတ္ေတြကို ရႈံ႕ခ်ေရးတယ္။ 
က်ဳပ္. . . .ဘာမွ တုန္႔ျပန္ေရးသားတာ မလုပ္ခဲ့ဘူး။ 
က်ဳပ္က တပ္မေတာ္သား လႊတ္ေတာ္အမတ္မွ . . . မဟုတ္တာ။ 

 ေနာက္ေတာ့. . . . . 
က်ဳပ္ကို... စြပ္စြဲေရးၾကၿပီ. . . .။ 
က်ဳပ္အတြက္. . . . တုန္႔ျပန္ေရးသားေပးမယ့္လူ....
တစ္ေယာက္မွ မရွိေတာ့ပါလား။ ။ 

------------xxxxx-----------

  1.  သူတို႔ေရးထားတာေတြက မွန္ခ်င္မွမွန္လိမ့္မည္။ တုန္႔ျပန္ေရးသားေျဖရွင္းထားျခင္း မရွိသည့္အတြက္ အမွားၾကာလွ်င္ အမွန္ျဖစ္သြားမည္။

  2.  တဖက္သက္ ဘက္လိုက္ ေရးသား ေျပာဆိုမႈမ်ားကို မတုန္႔ျပန္ျခင္း (သို႔) လစ္လ်ဴရႈျခင္း (သို႔) ၾကားေနျခင္း သည္  တဖက္သက္ ဘက္လိုက္ ေျပာဆိုေရးသားမႈကို အားေပး ျခင္းပင္ျဖစ္သည္။ 

  3.  ကိုယ္ႏွင့္ မဆိုင္ေသး.. ဟု ထင္ကာ ပါးစပ္ပိတ္ မေနပါနွင့္။ ဖတ္ပါ။ ေျပာပါ။ ေထာက္ျပပါ၊ ေဆြးေႏြးပါ။ ေရးသားပါ။ 

  4. ကိုယ္နဲ႔မဆိုင္ ဟု သေဘာထားပါ.. ကိုယ့္ အလွည့္ ေရာက္လ်ွင္လည္း မည္သူမွ ဆိုင္မည္ မဟုတ္ေပ။..။



ဗုဒၶံ သရဏံ ဂစၦာမိ

ဓမၼံ သရဏံ ဂစၦာမိ

သံဃံ သရဏံ ဂစၦာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

ျမန္မာမီဒီယာ

ျပင္ပမီဒီယာ

နိုင္ငံေရး ပါတီမ်ား

ေဖ်ာ္ေျဖေရး


ယခု ေတြးေခၚတတ္သူ()ဦး ဖတ္ရွဳေနပါသည္။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ က်ေနာ္ လုပ္ေနေသာ Research ႏွင္႔ ပါတ္သက္ ေသာ စာအုပ္ မ်ားကို project တူေသာ ပုဂၢိဳလ္ မ်ားႏွင္႔ Satellite Navigation & Traffic Control Systems ကို စိတ္၀င္စားသူမ်ား အတြက္ အလြယ္ တကူ download ခ်နိုင္ရန္ စုစည္း ေပးထား ပါသည္........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက္စဥ္က က်ေနာ္ လုပ္ခဲ႔ေသာ Research ႏွင္႔ ပါတ္သက္ ေသာ စာအုပ္ မ်ားကို project တူေသာ ပုဂၢိဳလ္ မ်ားႏွင္႔ Automatic Control System ကို စိတ္၀င္စား သူမ်ား အတြက္ အလြယ္ တကူ download ခ်နိုင္ရန္ စုစည္း ေပးထား ပါသည္........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com