ခေါင်းဆောင်မှု ကျင့်စဉ် (၂)  

Posted by ADMIN in


  • ဖြစ်နိုင်တာတွေနဲ့ စတင်ပါ။


  • ခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်း ဆိုတာ အောင်ပွဲပဲ။


  • အချိန် မည်မျှကြာအောင် ကြိုးစားခဲ့ခြင်းသည် အဓိကမဟုတ်။ အောင်မြင်မှုကို ဖမ်းဆုပ်နိုင်မှု သည်သာ အဓိက ဖြစ်သည်။ အချိန် ကြာကြာတိုက်ရင် ဓားတုံးတယ်။ ဓားထက်တုန်းမှာ အချိန်မဆွဲပါနဲ့။


  • ဆုပေး၊ ဒဏ်ပေး စနစ် ဆိုတာ နေရာ ဌာနတိုင်း၊ အဖွဲ့အစည်း တိုင်းမှာ ရှိသင့်တဲ့ စနစ်တစ်ခု။


  • လက်အောက် ငယ်သားတွေကို လူမမာ တစ်ယောက်ကဲ့သို့ သဘောထားပြီး ကြည့်ရှုပေးပါ။ သင်ချောက်ထဲ ဆင်းလျှင် လိုက်ဆင်း ကြပါလိမ့်မယ်။ သင့်အတွက် အသက်စွန့်ဖို့ အသင့် ရှိနေ ကြပါလိမ့်မယ်။


  • သေသေချာချာ အကွက်ချ ပြင်ဆင်လေ အောင်ပွဲရဖို့ ပိုမိုနီးစပ်လေပဲ။ ပြင်ဆင်မှု အားနည်းရင် အောင်မြင်မှု ဆိုတာ မသေချာဘူး။ ဘာမှ ပြင်ဆင်တွက်ဆမှု မရှိဘူးဆိုရင် တော့ စဉ်းစား သာကြည့်တော့။ ဒီတစ်ခုကိုကြည့်ပြီး အောင်မြင်မလား၊ ရှုံးနိမ့်မလား အတိအကျ ပြောနိုင်တယ်။


  • ပက်ဝန်းကျင်ကို လေ့လာပါ။ မိမိ ကိုယ်ကို သဘောပေါက်ပါ။ ဒါဆိုရင် အောင်မြင်မှုနဲ့ မလွဲပါဘူး။


  • အောင်မြင်မှုကို ကြိုပြီး သိနေတဲ့ သူဟာ အောင်ပွဲရဖို့ ၁၀၀% သေချာတယ်။ စစ်မရောက်ခင် မြား ကုန်နေရင် တော့ အောင်ပွဲနဲ့ဝေးဖို့ ကျိန်းသေပဲ။


  • ရှေ့ရေးကိုတွေးပါ၊ ဥာဏ်ကို လွှာသုံးပါ အခက်အခဲ ဟူသမျှကို ဖြေရှင်းနိုင်ပါလိမ့်မယ်။


  • နေရာတကာ လိုက်ကာကွယ်နေရင် နေရာတိုင်းက ပျော့ကွက်ဖြစ်နေလိမ့်မယ်။


  • နာမည်လိုချင်စိတ်ကိုရှောင်ပါ၊ အကဲ့ရဲ့ခံရမှာကို မကြောက်နဲ့။


  • ခေါင်းဆောင်ကောင်း တွေဟာ မိမိမှာရှိတဲ့ အားသာချက်၊ အားနည်းချက်တွေကို အမြဲ တွက်ဆနေတယ်။ အားသာချက်တွေကို စဉ်းစားပြီး စီမံချက်ကို အသက်ဝင်အောင် လုပ်တယ်။ အားနည်းချက်ကို စဉ်းစားပြီး ဆင်ခြင်နိုင်ဖို့ ကြိုးစားတယ်။


  • ရောက်ရာအရပ်မှာ မိတ်ဆွေဖွဲ့ပါ။ သဘာဝနဲ့ ကိုက်ညီအောင် နေထိုင်ပြောဆိုပါ။ သဘာဝနဲ့ ဆန့်ကျင်နေသော အရာများကို အထူးဂရုပြုပါ။


  • အချိန်ဆွဲတတ်ခြင်းက အဆိုးဆုံးပြဿနာ။


  • ထွက်ပေါက်မရှိတော့တဲ့ လူတွေဟာ ဖြစ်သလို ခံချတတ်တယ်၊ ရွေးစရာလမ်း ပိတ်နေသူတွေဟာ ကြောက်စိတ်ပျောက်ပြီး မိုက်ရူးရဲ ဖြစ်သွားတတ်တယ်။


  • လူတိုင်းဟာ အမှားနဲ့ မကင်းပါဘူး။ အမှားနည်းအောင်၊ အမှားများများ မလုပ်မိအောင်ပဲနေပါ အောင်မြင်ပြီးသား ဖြစ်ပါလိမ့်မယ်။


  • အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲပါ။ အရာရာတိုင်းကို မူသေ ဘယ်တော့မှ တွက်မထားပါနဲ့။


  • ဖြစ်ပေါ်လာမယ့် အခြေအနေ အားလုံးကို အဆိုးဆုံးထိ တွက်ပြီး ကြိုတင်ပြင်ဆင်ထားပါ။ အဆိုးဆုံး အတွက် အစဉ်သင့် မဖြစ်လျှင် ဖရိုဖရဲနဲ့ ဇာတ်သိမ်းရလိမ့်မည်။


  • တစ်စုံတစ်ယောက်က ကိုယ့်ကို အချိန်မရွေး ကန်ချနိုင်တယ်။ အခြေခိုင်အောင် လုပ်ထားပါ။


  • မြှောက်ပင့်မှုမှာ မသာယာမိစေရန် သတိထားပါ။ ဖွဲတစ်ဆုပ် မ နိုင်သူဟာ ခွန်အားကြီးသူမဟုတ်။ နေတွေ လတွေမြင်သူဟာ အမြင်စူးရှသူမဟုတ်၊ မိုးခြိမ်းသံကို ကြားသူဟာ နားပါးသူမဟုတ်။


  • ကိုယ်ချင်းစာ ညှာတာတတ်ပါ။ စည်းကမ်း ကိုတော့ တင်းတင်းကိုင်ပါ။


  • ကိုယ်တိုင် စည်းကမ်းလိုက်နာပါ။ ဖောက်ဖျက်သူကိုလည်း ထိုက်သင့်တဲ့ အပြစ်ပေးပါ။


  • အောင်မြင်မှုကို အရှည်တည်တန့်ဖို့ အဓိကလိုအပ်တာတွေက
    1. ခံယူချက်၊
    2. ဥာဏ်ပညာ၊
    3. အမြော်အမြင်ကြီးမှု၊
    4. စိတ်ထားကောင်းမွန်မှု၊
    5. ကြင်နာတတ်မှု၊
    6. သတ္တိ ဗျတ္တိ နဲ့
    7. ပြက်သားမှု ။



Satellite System Modelling in MATLAB  

Posted by ADMIN in






အလင်းကဲ့သို့ လျှင်မြန်မှု၊ LHC နှင့် ကမ္ဘာကြီး အဆုံးသပ်ခြင်း  

Posted by ADMIN in


အလင်း၏ အလျှင် သည် တစ်စက္ကန့် တွင် ၂၉၉၇၉၂၄၅၈ မီတာ ရှိပြီး အလျှင်တကာ့ အလျှင်ထဲ တွင် အမြန်ဆုံးဖြစ် ဟူ၍လည်း ကျနော်တို့အားလုံး သိရှိခဲ့ပြီးဖြစ်သည်။

အလားတူ အရာဝတ္ထုတိုင်းကို သေးငယ်သော particals များဖြင့်တည်ဆောက်ထားသည်။ ထိုသေးငယ်သော အမှုန်ထဲတွင် atom လေးများ ပါဝင်ကြောင်း၊ ထို atoms ထဲတွင် nucleus ပါဝင်ပြီးထို nucleus အား electron မှာ သူနှင့် သက်ဆိုင်သော ပက်လမ်းအတိုင်း လှည့်ပတ်နေကြောင်းကို အလယ်တန်း ကျောင်းသားဘဝကတည်းက ရူပဗေဒ ဘာသာရပ်တွင် ကျနော်တို့ သင်ကြားခဲ့ပြီးဖြစ်သည်။

အကယ်၍ ထို proton လေး များ၏ အလျှင်သည် နေ၏ အလျှင်နှင့် တန်းတူ ရွေ့လျှားနေသည်ဆိုပါဆို့……။ ကျွန်ုပ်တို့ကမ္ဘာကြီး တစ်ခုလုံး မည်သို့ ဖြစ်သွားမည်နည်း ??။ ကမ္ဘာကြီးတစ်ခုလုံး အဆုံးသပ်သွားပါလိမ့်မည်။ ဗွီဒီယို ဖိုင်ကိုကြည့်ပါ။








၎င်းကိစ္စနှင့် ပက်သက်ပြီး ဥရောပ အဏုမြူသုတေသန အဖွဲ (French Conseil Européen pour la Recherche Nucléaire) က Large Hadron Collider (LHC) ဟုခေါ်သော စမ်းသပ်မှုတစ်ခု ကို ပြုလုပ်ခဲ့သည်။ French Conseil Européen pour la Recherche Nucléaire (CERN) သည် Switzerland နိုင်ငံ Geneva မြို့ တွင် တည်ရှိပြီး နိုင်ငံအသီးသီးမှ အင်ဂျင်နီယာနှင့် ဝန်ထမ်းပေါင်း ၁၁၁ ယောက် အမှုထမ်းလျှက်ရှိသည်။ LHC သည် လွန်ခဲ့သော နှစ်ပေါင်း ၇၀ မှ ယခုအချိန်ထိ ကမ္ဘာပေါ်တွင် particle accelerators နှင့် ပက်သက်ပြီး အပြည့်စုံ အကောင်းမွန်ဆုံးး ရလဒ် နှင့် နာက်ဆုံးရလဒ် ဖြစ်သည်။

Proton များ၏ရွေ့လျှားမှုကို စမ်းသပ်ရန်အတွက် မြေအောက်တွင် အရှည် ၂၇ ကီလိုမီတာ၊ အဝန်း ၅၀ မီတာ မှ ၁၇၅ မီတာ ကျယ်ဝန်း သော ဥမင် လှိုဏ်ခေါင်းရှည်ကြီးကို Switzerland နိုင်ငံနှင့် France နိုင်ငံ အောက်တွင် ဆက်သွယ် တည်ဆောက် ပြီး စမ်းသပ်ရန် စီစဉ်ခဲ့ကြသည်။ ပထမဆုံး accelerator ထဲသုံး အလွန်သေးငယ်သော မှုန်သေးသေးလေး များကို ထည့်ပြီး negative charge များကို ဖယ်ရှားကာ positive charge (proton) များကို ကျန်ရှိစေရမည်။ ထိုအမှုန်လေးများသည် ထိုသို့ရွေ့လျှားနိုင်ရန်အတွက် Collider ဘေးတစ်လျှောက်တွင် လျှပ်စစ်ဆွဲအားနှင့် သံလိုက်ဆွဲအားများ ထားရှိမည်ဖြစ်သည်။ Collider အတွင်း အပူချိန်မှာ ၂၇၁ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ အမှုန်များသည် ဆန့်ကျင်ဖက် လမ်းကြောင်းအတိုင်း မြင့်မားသော လေဟာနယ်ထဲတွင် အစ ပထမတွင် အလင်း အလျှင်၏ ၉၉.၆ ရာခိုင်နှုန်း မှ တဖြည်းဖြည်းပိုမြန်လာပြီး ၉၉.၉ ရာခိုင်နှုန်း ထိ လျှင်မြန်စွာ ရွေ့လျှားသွားလာတော့သည်။

ထို သုသေသနကို ၂၀၀၈ ခုနှစ် စက်တင်ဘာ လ တွင် proton မှုန်လေးများဖြင့် ပထမဆုံးအကြိမ် စမ်းသပ်ခဲ့သည်။ စက်တင်ဘာ ၁၉ တွင် လိုအပ်သည်များကို ဖြည့်စွက် ပြင်ဆင်ခဲ့ပြီး ၂၀၀၉ နိုဝင်ဘာလ ၂၀ ရက်နေ့တွင်တွင် အောင်မြင်စွာ သုတေသန ပြုနိုင်ခဲ့သည်။ ၂၀၁၃ တွင် နောက်တစ်ကြိမ် ထပ်မံ သုတေသနပြုရန် စီစဉ်ထားပြီး လေ့လာသူအချို့က ၂၀၁၂ ကမ္ဘာပျက်မည့် သတင်းသည် ဤကိစ္စကြောင့်ဖြစ်သည်ဟု ပြောဆိုမှုများရှိနေသည်။






3D Photos



Inspirational Buddha Quotes  

Posted by ADMIN in

Greatest knowledge is God



“Greatest knowledge is God” (ပညာအရှိဆုံးပုဂ္ဂိုလ်သည် ဘုရား ဖြစ်သည်)။ ဤစာကြောင်းကို The Greatest ဟူသော post တွက် ကျနော် တစ်ကြိမ်ဖော်ပြခဲ့ဖူးသည်။ မှန်သည်။ ကျွန်ုပ်တို့ ထေရဝါရ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် အမြတ်ဆုံးသော၊ ပညာအရှိဆုံးသော၊ မည်သူမျှ တုနှိုင်း၍ မရနိုင်သော ပုဂ္ဂိုလ်မှာ ဘုရားရှင် သာ ဖြစ်ပေသည်။

ထေရဝါရ ဗုဒ္ဓဘာသာ တွင် အခြား ဘာသာဝင်များ၏ ထောက်ပြမှုကို ခံရလောက်အောင် အချို့အချို့ သော လောကနိယာမနှင့် ဆန့်ကျင်နေသာ အချက်များ၊ အလွန်အကျူးဖွဲ့ဆိုထားသည်များ အများအပြားရှိသည်။ သံဃာတော်ကြီးများ အချင်းချင်းပင်လျှင် သဘောထာများ ကွဲလွဲလောက်အောင် အယူအဆများစွာ ရှိနေသည်ကို စာဖတ်သူတို့အနေဖြင့်လည်း သတိထားမိပြီး ဖြစ်ပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်က သာသနဝန်ထမ်း မဟုတ်သလို၊ သံဃာလည်းမဟုတ်သည့်အတွက် ထိုပုဂ္ဂိုလ်များကဲ့သို့ အတွင်းကျကျ မသိပါ။ မဝေဖန်လိုပါ။ အားလုံးကိုလည်း ပြည့်ပြည့်ဝဝ လက်ခံထားခြင်းမရှိပါ။ အမှန်တကယ် ကျနော် ယုံကြည်သက်ဝင် ကြည်ညိုသည်မှာ ဗုဒ္ဓဘုရား ရှင်သာ ဖြစ်ပါသည်။


ဗုဒ္ဓဘုရားရှင်အနေဖြင့် မည်သို့မည်ပုံ အစွမ်းရှိခဲ့သည်၊ အစွမ်းပြခဲ့သည်၊ မည်သည့် ဘဝ များတွင် မည်သို့ မည်ပုံ မကောင်းမှုတွေ လုပ်ခဲ့သဖြင့် ဘဝပေါင်းမည်မျှ မည်သို့ပေးဆပ်ခဲ့ရသည်တို့ကို ဗုဒ္ဓဘာသာဝင်အားလုံး ဖတ်ဖူးကြမည်ဖြစ်သည်။ ဖြစ်နိုင်လား၊ မဖြစ်နိုင်လား၊ ယုံကြည်လား မယုံကြည်လား ဆိုသည်မှာ မိမိ ဆန္ဒသဘောအတိုင်းသာ ဖြစ်သည်။ သို့သော် သေချာတာ တစ်ခုမှာ ဗုဒ္ဓသည် သာမန် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါ။ ယခု ဤ post ကို ဖတ်နေသော စာဖတ်သူသည် မည်သည့် ဘာသာဝင်မဆို ဖြစ်နိုင်ပါသည်။ ဗုဒ္ဓအကြောင်းကို ဗုဒ္ဓဘာသာဝင် တစ်ဦး (သို့) သံဃာ တစ်ပါးကို မေးမြန်းပါက မူလ ထက် ပိုသာသော စကားလုံးများကို ရရှိနိုင်သည်။ “လူအကြောင်း ပေါင်းကြည့်မှ သိ” ဟူသော စကားကဲ့သို့ပင် ပညာရည် မနိမ့်သူတစ်ယောက်သည် အခြား တစ်စုံတစ်ယောက်အကြောင်း သိလိုပါက ထိုသူနှင့် စကားပြောကြည့်၊ ထိုသူပြောသော စကားကို နားထောင်ကြည့်ယုံဖြင့် ထိုပုဂ္ဂိုလ်အကြောင်း အပြည့်အဝ သိကြသည်။ ယခုလောလောဆည် ဗုဒ္ဓနှင့် စကားပြောဆို၍ မရနိုင်သော်လည်း ဗုဒ္ဓမြွတ်ကြားခဲ့သော စကားများကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။ ဖတ်ပြီးပါက စာဖတ်သူ၏ စိတ်ထဲတွင် တစ်ခု (သို့) တစ်ခုထက်ပိုသော အရာအချို့ ကျန်ခဲ့မည်လိမ့်မည်ဟု ယုံကြည်ပါသည်။ အခြား ပုံပြင်များကို လက်မခံဘူး ဆိုရင်တောင် အထက်တွင် ကျနော်ဖော်ပြခဲ့သော ပညာအရှိဆုံးပုဂ္ဂိုလ်သည် ဘုရား ဖြစ်သည် ဟူသောစကား ကို စာဖတ်သူ အနေဖြင့် အပြည့်အဝ လက်ခံနိုင်ပါလိမ့်မည်။


Words of the buddha











  1. A dog is not considered a good dog because he is a good barker. A man is not considered a good man because he is a good talker.



  2. A family is a place where minds come in contact with one another. If these minds love one another the home will be as beautiful as a flower garden. But if these minds get out of harmony with one another it is like a storm that plays havoc with the garden.



  3. A good friend who points out mistakes and imperfections and rebukes evil is to be respected as if he reveals a secret of hidden treasure.



  4. A wise man, recognizing that the world is but an illusion, does not act as if it is real, so he escapes the suffering.



  5. A jug fills drop by drop.



  6. All that we are is the result of what we have thought. If a man speaks or acts with an evil thought, pain follows him. If a man speaks or acts with a pure thought, happiness follows him, like a shadow that never leaves him.



  7. All things appear and disappear because of the concurrence of causes and conditions. Nothing ever exists entirely alone; everything is in relation to everything else.



  8. All wrong-doing arises because of mind. If mind is transformed can wrong-doing remain?



  9. Ambition is like love, impatient both of delays and rivals.



  10. An idea that is developed and put into action is more important than an idea that exists only as an idea.



  11. An insincere and evil friend is more to be feared than a wild beast; a wild beast may wound your body, but an evil friend will wound your mind.



  12. Believe nothing, no matter where you read it, or who said it, no matter if I have said it, unless it agrees with your own reason and your own common sense.



  13. Better than a thousand hollow words, is one word that brings peace.



  14. Chaos is inherent in all compounded things. Strive on with diligence.



  15. Do not believe in anything simply because you have heard it. Do not believe in anything simply because it is spoken and rumored by many. Do not believe in anything simply because it is found written in your religious books. Do not believe in anything merely on the authority of your teachers and elders. Do not believe in traditions because they have been handed down for many generations. But after observation and analysis, when you find that anything agrees with reason and is conducive to the good and benefit of one and all, then accept it and live up to it.



  16. Do not dwell in the past, do not dream of the future, concentrate the mind on the present moment.



  17. Do not overrate what you have received, nor envy others. He who envies others does not obtain peace of mind.



  18. Do not speak harshly to any one; those who are spoken to will answer thee in the same way. Angry speech is painful: blows for blows will touch thee.



  19. Endurance is one of the most difficult disciplines, but it is to the one who endures that the final victory comes.



  20. Ennui has made more gamblers than avarice, more drunkards than thirst, and perhaps as many suicides as despair.



  21. Even death is not to be feared by one who has lived wisely.



  22. Every human being is the author of his own health or disease.



  23. Friendship is the only cure for hatred, the only guarantee of peace.



  24. Good men and bad men differ radically. Bad men never appreciate kindness shown them, but wise men appreciate and are grateful. Wise men try to express their appreciation and gratitude by some return of kindness, not only to their benefactor, but to everyone else.



  25. Hatred does not cease by hatred, but only by love; this is the eternal rule.



  26. Have compassion for all beings, rich and poor alike; each has their suffering. Some suffer too much, others too little.



  27. He is able who thinks he is able.



  28. He who experiences the unity of life sees his own Self in all beings, and all beings in his own Self, and looks on everything with an impartial eye.



  29. He who loves 50 people has 50 woes; he who loves no one has no woes.



  30. Health is the greatest gift, contentment the greatest wealth, faithfulness the best relationship.



1/2010  

Posted by ADMIN in


28, january, 2010



ဒီနေ့ကတော့ မှတ်လောက်သားလောက်ပါပဲ။

Russia Federation နိုင် Moscow မြို့ MEPHI တက္ကသိုလ်တွင် ၂၀၁၀ ခုနှစ် january ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့သော ၁၃ ကြိမ်မြောက် International Telecommunications Conference သို့ သွားရောက်ခဲ့သော နေ့ဖြစ်ပါသည်။

ကျနော့်ဘဝ အတွက် ဒုတိယမြောက် conference တစ်ခု ဖြစ်သလို ပထမဆုံး အခြားကျောင်းမှ conference သို့ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။ Ph.D ကာလအတွက် ပထမဆုံး conference လည်းဖြစ်ပါတယ်။

အခက်အခဲ၊ အတားအစီးပေါင်းများစွာ (များစွာ) ကို ရင်ဆိုင်ခဲ့သလို MEPHI တက္ကသိုလ်မှ Senior အစ်ကိုကြီး တစ်ဦးအပါအဝင် အပက်စဉ်တူ သူငယ်ချင်းတွေဆီမှ အကူညီပေါင်းများစွာ ရယူခဲ့ရပါသည်။

တကယ့်ကို ခက်ခက်ခဲခဲနဲ့ ရခဲ့တဲ့ Public တစ်ခုပါ။ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ကူညီပေးသော သူငယ်ချင်းများကို ကျေးဇူးပါ၏….။



ဒီစာအုပ်လေးရဖို့ပါ


အဲဒီ စာအုပ်ထဲမှာ ကျနော်ရေးထားတဲ့ ဒီ တစ်မျက်နှာလေးပါပါတယ်


Publication ၃ ခု တော့ရပြီ နောက်ထပ် ၅ ခု ရပြီးရင် အမိနိုင်ငံပြန်လို့ရပါပြီ....။



Presentation for MEPHI Conference  

Posted by ADMIN in


Russia Federation နိုင် Moscow မြို့ MEPHI တက္ကသိုလ်တွင် ၂၀၁၀ ခုနှစ် January ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့သော ၁၃ ကြိမ်မြောက် International Telecommunications Conference အတွက် ပြင်ဆင်ထားသော Presentation ပါ။














































































И Версия  

Posted by ADMIN in ,

ကျနော်တို့၏ MIET (Moscow Institute of Electronic Technology) ကျောင်းတော်ကြီး၏ InVersia သတင်းဌာနမှ အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံး ထုတ်ဝေသော December 104 English သတင်းစာ တွင် MIET တက္ကသိုလ်မှမြန်မာကျောင်းသားများ အားလုံး၏ကိုယ်စား ကျနော်ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ် အား မြန်မာနိုင်ငံ အလံ ပုံနှင့်တကွ ဖော်ပြထားခြင်းဖြစ်ပါသည်။



သတင်းစာ အပြည့်အစုံ










အရေးပါဆုံး ဂြိုဟ်တုစနစ်များနှင့် ကျွန်ုပ်တို့၏ကမ္ဘာကြီး  

Posted by ADMIN in



၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် အမေရိကန် သမတ္တ ဘုရှ် က အိမ်ဖြူတော်တွင် GPS နှင့်ပက်သက်သော သဘောတူညီမှု တစ်ခု ကို အတည်ပြုခဲ့သည်။ ယခုလက်ရှိ တစ်ကမ္ဘာလုံး အသုံးပြုနေသော ကမ္ဘာ့နေရာပြစနစ် GPS (Global Position System) အား အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တစ်ခုတည်းသာ အသုံးပြုနိုင်သော channel ကို ချန်လှပ်ပြီး ကျန် တစ်ကမ္ဘာလုံး အသုံးပြုနေသည့် channel ကို ၎င်းတို့ အနေဖြင့် လုံးခြုံရေးအတွက် သံသယ ရှိသည်ဟု ယူဆချိန်တွင် အချိန်မရွေး ပိတ်ပစ်မည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ထိုသဘောတူညီမှုကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်ခဲ့ကြရသည်။ အထူးသဖြင့် နိုင်ငံအသီးသီးရှိ ကာကွယ်ရေးလုပ်ငန်းများ၊ စူးစမ်းလေ့လာရေးလုပ်ငန်းများ၊ သမိုင်းပြုစုသည့်လုပ်ငန်းများ၊ ခရီးသွားလာမှု လုပ်ငန်းများနှင့် အခြားအခြားသော GPS ကို မရှိမဖြစ် အသုံးပြုနေရသော လုပ်ငန်းများအတွက် တာဝန်ရှိသူများက ပိုမိုစိုးရိမ်ခဲ့ကြသည်။ အဓိကအားဖြင့် နိုင်ငံတိုင်းအတွက် အရေးကြီးသည့် ကာကွယ်ရေးလုပ်ငန်းများ နှောင့်နှေးသွားခြင်း၊ နေရာရှာဖွေမှု အခက်အခဲများ ကြုံတွေ့ကာ ကြန့်ကြာစေခြင်းနှင့် မလိုအပ်ပဲ အချိန်၊ ခွန်အား၊ ငွေနှင့် လူအရင်းအမြစ်များ ကုန်ဆုံးခြင်းများ ဖြစ်လာပေမည်။


ဂြိုဟ်တုစနစ်များနှင့် ကျွန်ုပ်တို့ကမ္ဘာ


ဤအခြေအနေကို ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများကလည်း ကြိုတင်မျှော်တွေးပြီးသား ဖြစ်သည်။ မူလကတည်းက အာကာသစနစ်များတွင် ထိပ်ဆုံးရောက်နေသော ရုရှားဖက်ဒရေးရှင်း နိုင်ငံသည် GPS နှင့် အပြိုင် Glonass (Global Navigation satellite system) ကို တည်ထောင်ခဲ့ပြီးဖြစ်သည်။ ဥရောပသမဂ္ဂ ကလည်း သမဂ္ဂဝင်နိုင်ငံများ စုပေါင်း၍ Galileo ၊ အိန္ဒိယနိုင်ငံက IRNNS ၊ တရုတ်ပြည်သူ့သမတ္တနိုင်ငံမှ Beidou နှင့် ဂျပန်နိုင်ငံ မှ QZSS စသည့် နိုင်ငံများအလိုက် ဂြိုဟ်တုစနစ်တို့ကို စီမံကိန်းများ ချမှတ်၍ အကောင်အထည် ဖေါ်ခဲ့ကြသည်။ သို့သော် လောလောဆယ်မှာ NAVSTAR မှ GPS နှင့် GLONASS နှစ်ခု သာ အသုံးပြုနိုင်သေးကာ ကျန် စနစ်များမှာ အသုံးပြုနိုင်ရန် အချိန်အတော်ကြာအောင် စောင့်ရပေဦးမည်။


ကမ္ဘာကြီးနှင့် ဂြိုဟ်တုများ


GLONASS စနှစ်မှာလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကန့်သက်ချက် များသောကြောင့် GPS ကိုသာ အားကိုးအားထား ပြုနေကြရသည်။ ယနေ့ကမ္ဘာတွင် ဂြိုဟ်တုစနစ်ပေါင်းများစွာ ရှိသည့်အနက် GPS ဂြိုဟ်တုစနစ်တစ်ခုတည်းသာ ဤသို့ပြဿနာ ကြုံရခြင်းဖြစ်သည်။ အခြားသော မိုးလေဝသဂြိုဟ်တု (weather satellite)၊ ဆက်သွယ်ရေးဂြိုဟ်တု (telstar communication satellite)၊ အာကာသ စူးစမ်းရှာဖွေရေးဂြိုဟ်တု (discovery satellite) စသည့် ဂြိုဟ်တု စနစ်များနှင့် ကမ္ဘာ့နေရာပြစနစ် (GPS) တွင် သုံးသော ဂြိုဟ်တုများက မည်သို့ကွာခြားသောကြောင့်နည်း? GPS စနစ်တစ်ခုတည်းကို NASA (National Aeronautics and Space Administration) မှ မကိုင်ပဲ Pentagon နှင့် အမေရိကန်သမတ္တက အဘယ်ကြောင့် ချုပ်ကိုင်ရသနည်း? GPS စနစ်က မည်မျှ အရေးပါသောကြောင့်နည်း? ယခုနှစ်ပိုင်းတွင်း အဘယ်ကြောင့် ရေပန်းစားလာရသနည်း? မည်သည့်ခုနှစ်ကတည်းက ပေါ်ပေါက်လာခဲ့သနည်း? ယဉ်တိုင်း၊ နောက်ဆုံးပေါ် အီလက်ထရောနစ် ပစ္စည်းတိုင်းတွင် အဘယ်ကြောင့်နေရာယူလာရသနည်း? အခြားနိုင်ငံများမှ GPS ကိုပြိုင်ဆိုင်မည့် ဂြိုဟ်တုစနစ်များမှာ အဘယ်နည်း? စသည့် မေးခွန်းပေါင်းများစွာ ရှိလာပေသည်။

မှန်သည်။ GPS စနစ်သည် ယနေ့ တိုးတက်လာသော ကမ္ဘာတွက် အရေးအပါဆုံး ဂြိုဟ်တုစနစ်ဖြစ်သည်။ နေရာတိုင်း အခန်းတိုင်းတွင် အသုံးဝင်သည်။ ကောင်းပြီ GPS ဂြိုဟ်တုစနစ်များအကြောင်း လေ့လာကြပါစို့။

ဂြိုဟ်တုများ


NAVSTAR GPS

NAVSTAR ၏ တံဆိပ်

NAVSTAR GPS ဆိုသည်မှာ NAVigation Satellites providing Time And Range & Global Positioning System (ဂြိုဟ်တုများ ပဲ့ထိန်းမောင်းနှင်သွားလာရန် အတွက် အချိန်နှင့် အကွာအဝေး စီစဉ်ချမှတ်ပေးခြင်းစနှစ် နှင့် ကမ္ဘာ့နေရာပြစနစ်) ဖြစ်သည်။ Positioning service နှစ်ခုရှိပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းသာ အသုံးပြုနိုင်သော Precise Positioning Service/PPS နှင့် တစ်ကမ္ဘာလုံး အသုံးပြုနိုင်သည့် Standard Positioning Service/SPS ဟူ၍ဖြစ်သည်။ Precise Positioning Service မှာ တိကျသေချာမှု ၉၅% ရှိပြီး ပြင်ပရှိတည်နေရာအမှန်နှင့် GPS မှ ဖော်ပြသော တည်နေရာ၏ အမြင့်ဆုံးကွာဟမှုမှာ ရေပြင်ညီ (horizontal) ၁၆ မီတာနှင့် ဒေါင်လိုက် (vertical) ၂၃ မီတာ ဖြစ်သည်။ Standard Positioning Service မှာ ရေပြင်ညီ (horizontal) ၁၀၀ မီတာနှင့် (vertical) ၁၅၆ မီတာ ဖြစ်သည်။


GPS ဂြိုဟ်တု


GPS ဂြိုဟ်တု ၂၄ လုံးနှင့် ပတ်လမ်း ၆ ခု

NAVSTAR GPS စနစ် ပေါ်ပေါက်လာပုံမှာ - ၁၉၆၀ အစောပိုင်းတွင် ပင်တဂွန် Pentagon စစ်ဌာနချုပ် (အမေရိကန် ကာကွန်ရေးဝန်ကြီး ဌာနချုပ်) မှ အစီစဉ်ရေးဆွဲခဲ့သော အမေရိကန် ရေတပ် (US Navy) ၏ US Navy's TIMATION Program နှင့် အမေရိကန် လေတပ် (US Air Force) ၏ 621B Project တို့နှစ်ခု မှ စတင်ခဲ့သည်။

၁၉၇၃ ခုနှစ်တွင် GPS စနစ်ဟု ပြောင်းလဲခဲ့ပြီး အမေရိကန် တပ်မတော်တစ်ခုသာ အသုံးပြုနိုင်သည့် Channel ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ ပထမဆုံးဂြိုဟ်တုကို ၁၉၇၄ ခုနှစ် ဂျူလိုင် (၁၄)ရက်နေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ဂြိုဟ်တု အရေအတွက်ကိုလည်း စတင် တည်ထောင်ချိန်က ၄ လုံး သာ သုံးခဲ့ရာမှ တဖြည်းဖြည်း အရေအတွက် တိုးမြှင့်နိုင်ခဲ့သည်။ ထို့နောက် နေတိုးအဖွဲ့ (NATO) ခေါ် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ဝင်နိုင်ငံများ (North Atlantic Treaty Organization)နှင့် အခြား မဟာမိတ်နိုင်ငံအချို့ကို အသုံးပြုခွင့်ပေးခဲ့သည်။ ၁၉၉၀ နှစ်လည်ပိုင်းတွင် တွင် ဂြိုဟ်တု ၂၄ လုံး စလုံး လွှတ်တင်ပြီးစီးပြီး နောက်ဆုံး ရလဒ်ကို ၁၉၉၅ အေပရယ် (၂၇)ရက်နေ့ တွင် တစ်ကမ္ဘာလုံး စတင်အသုံးပြုနိုင်ခဲ့သည်။ ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလတွင် အရန်နှင့် ကွပ်ကဲမှုအတွက် ဂြိုဟ်တု (၆)လုံးအပါအဝင် စုစုပေါင်း ဂြိုဟ်တု အလုံး(၃၀) လွှတ်တင်ပြီးဖြစ်သည်။

အလုပ်လုပ်ဆောင်ပုံမှာ - NAVSTAR GPS စနစ်တွင် ဂြိုဟ်တု (၂၄)လုံး အသုံးပြုပြီး ပက်လမ်း (၆) ခု သက်မှတ်ကာ ပက်လမ်းတစ်ခုတွင် ဂြိုဟ်တု (၄) လုံး ကို အကွာအဝေးညီစွာဖြင့် ကမ္ဘာကို လှည့်ပက်စေသည်။ အီကွေတာ မှ ၅၅ ဒီဂရီ တိမ်းစောင်းလှည့်ပက်စေကာ ကမ္ဘာကို တစ်ပက်ပြည့်ရန် ၁၁ နာရီ ၅၈ မိနစ် ကြာမြင့်သည်။ ဂြိဟ်တု တစ်လုံးစီ၏ ကမ္ဘာမှ အကွာအဝေးမှာ ၂၀၂၀၀ ကီလိုမီတာ (၁၀၉၀၀ မိုင်) ဖြစ်သည်။ ပက်လမ်း၏ အချင်းဝတ်မှာ ၂၆၆၀၀ ကီလိုမီတာ (၁၆၅၀ မိုင်) ဖြစ်ည်။ (ကမ္ဘာ၏ အချင်းဝတ် = ၆၃၇၈.၁ ကီလိုမီတာ၊ ၃၉၆၁.၃ မိုင် ) တည်နေရာရှာဖွေမှုအတွက် ဒဗလူဂျီအက်စ် ၈၄ စနစ် (WGS 84 system) ကို အသုံးပြုသည်။ မြေပြင်ရှိ အဓိက ထိန်းချုပ်ရေးစခန်း (Master Control Station) ကို ကော်လိုရာဒို (Colorado Springs) တွင် ထားရှိပြီး စခန်းငယ်များကို ကော်လိုရာဒို (Colorado Springs)၊ ဟာဝိုင်အီကျွန်း (Hawii)၊ အတ္တလန်တိတ် သမုဒ္ဒရာတွင်းတွင် Ascension၊ အိန္ဒိယ သမုဒ္ဒရာတွင်းတွင် Dieo Garcia နှင့် ပစိဖိတ် သမုဒ္ဒရာတွင်းတွင် Kwajalein ဟူ၍ ထားရှိသည်။ ဂြိုဟ်တုများထံသို့ ပြန်လည် ထိန်းချုပ်မှု ပြုလုပ်ရန်အတွက် မြေပြင် အန်တင်နာများကိုလည်း Ascension၊ Dieo Garcia နှင့် Kwajalein တို့တွင် တည်ဆောက်ထားသည်။


မြေပြင်စခန်းတည်ရှိရာ နေရာများ


ဂြိုဟ်တု ၃ လုံး၏ အကွာအဝေး ၃ ခုမှ တည်နေရာ ရှာဖွေပုံ


တည်နေရာရှာဖွေမှု - တည်နေရာကို ရှာဖွေသက်မှတ် ပုံမှာ ပထမဆုံး ကမ္ဘာပေါ်ရှိ GPS receiver တစ်ခုဆီ သို့ Signal ရရှိသော ဂြိုဟ်တုများမှ အကွာအဝေးများကို တိုင်းတာသက်မှတ်မည်။ ထို့နောက် ရရှိသော အကွာအဝေး ကီလိုမီတာအတိုင်း အချင်းဝတ်ယူကာ စက်ဝိုင်းများကို ဝိုင်းစေပါမည်။ အကယ်၍ ဂြိုဟ်တု ၅ လုံးမှ Signal ရရှိနိုင်လျှင် စက်ဝိုင်းငါးခု ပေါ်ပေါက်လာမည်ဖြစ်ပြီး ၎င်းစက်ဝိုင်း(၅)ခု၏ ဆုံမှတ်သည် သိချင်သော receiver ၏ ယခု ရှိနေသော တည်နေရာပင်ဖြစ်သည်။ နေရာရှာဖွေမှုကို အသေးစိတ် ထပ်မံသိရှိလိုပါက http://www.meepyatite.com/2009/01/global-positioning-system.html တွင် ဖတ်ရှုနိုင်ပါသည်။ GPS စနစ်တွင် ကမ္ဘာပေါ်ရှိ အမှတ် (၁)မှတ်လျှင် ဂြိုဟ်တု အနည်းဆုံး (၅)လုံးမှ အများဆုံး (၁၀)လုံးထိ Signal ကောင်းကောင်းရရှိနိုင်ရန် စီစဉ်ထားသည်။ (ကျနော် မြန်မာနိုင်ငံတွင် အသုံးပြုစဉ်က အနည်းဆုံး ၇ လုံးနှင့် အများဆုံး ၁၂ လုံးထိ ရခဲ့သည်။)


GPS ဂြိုဟ်တု လမ်းကြောင်းများ


GPS ဂြိုဟ်တုအား သယ်ဆောင်သော ဒုံးပျံယဉ်


ဒုံးပျံယဉ်၏ အတွင်းပိုင်း


GPS signal သံသရာ


GPS ဂြိုဟ်တုများသည် L1 နှင့် L2 ဟူသော် signal နှစ်ခု ကို သယ်ဆောင်ထုတ်လွှတ်ပြီး ၎င်း signal ကို A\C binary code နှင့် P code တို့ဖြင့် data message အဖြစ် GPS receiver မှ ပြောင်းလဲရသည်။ NAVSTAR စနစ်တွင် incoming signals ဖမ်းယူမှုအတွက် Code division multiple access (CDMA) စနစ်ကို အသုံးပြုသည်။








GLONASS ( ГЛОНАСС )


GLONASS အမှတ်တံဆိပ်

GLONASS (Global'naya Navigatsionnaya Sputnikovaya Sistema) ဆိုသည်မှာ GLObal NAvigation Satellite System ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ အစိုးရ တပ်မတော်အတွက် အသုံးပြုရန် တည်ဆောက်ထားသော စနစ်ဖြစ်သည်။ GPS စနစ်ကဲ့သို့ပင် တည်နေရာရှာဖွေ သောစနစ်ဖြစ်သည်။ သို့သော် တစ်ကမ္ဘာလုံး အသုံးမပြုနိုင်အောင် ကန့်သက်ထားသည်။

GLONASS စနစ်ကို ၁၉၇၆ ခု နှစ်တွင် စတင်စမ်းသပ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အောင်မြင်ပြီးစီးခဲ့သည်။ သို့သော် ထိုနှစ်များအတွင်း ရုရှားနိုင်ငံ၏စီးပွားရေး အကြီးအကျယ် ကျဆင်းနေသောကြောင့် စမ်းသပ်မှုကို ရပ်တန့်ခဲ့ရသည်။ ကာလကြာရှည်စွာ ပစ်ထားသောကြောင့် ဂြိုဟ်တုစနစ်များ ယိုယွင်းပျက်စီးခဲ့ရပြီး ၂၀၀၁ ခုနှစ်တွင် အာကာသ၌ ဂြိုဟ်တု (၈) လုံးသာ ကျန်တော့သည်။ ထိုနှစ်မှာပင် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်း၍ GLONASS ကို ပြန်လည် အသက်သွင်းခဲ့သည်။


GLONASS စနစ်


GLONASS ဂြိုဟ်တု

ဤစနစ်တွင် ဂြိုဟ်တု ၂၁ လုံးကို အသုံးပြုထားပြီး ပက်လမ်း ၃ ခုသာ ထားရှိကာ ပက်လမ်းတစ်ခုလျှင် ဂြိုဟ်တု (၇)လုံးစီ လှည့်ပက်စေပါသည်။ GLONASS ဂြိုဟ်တု တစ်လုံးစီသည် ကမ္ဘာမှ ၁၉၁၀၀ ကီလိုမီတာ (၁၁၈၆၈ မိုင်) ကွာဝေးသည်။ ဂြိုဟ်တု တစ်လုံးလျှင် ကမ္ဘာကို တစ်ပက်ပြည့်ရန် ၁၁ နာရီ ၁၅ မိနစ်ကြာမြင့်သည်။ ပက်လမ်းများကို အီကွေတာ မှ ၆၅ ဒီဂရီ တိမ်းစောင်းလျှက် ထားရှိသည်။ ဂြိုဟ်တု တစ်လုံးစီ၏ အလေးချိန်မှာ ၁၃၀၀ ကီလိုဂရမ် ခန့်လေးပြီး အရွယ်အစားမှာ အချင်းဝတ် ၁.၁၇၅ မီတာရှိသည်။ GLONASS ဂြိုဟ်တုများသည် signal နှစ်မျိုးကို သယ်ဆောင်ပြီး တစ်မျိုးမှာ Standard Precision (SP) signal ဖြစ်ပြီး နောက်တစ်မျိုးမှာ High Precision (HP) signal ဖြစ်သည်။ ကမ္ဘာမြေမှ ဖမ်းယူမှုအတွက် NAVSTAR ကဲ့သို့ CDMA လိုင်းကို အသုံးမပြုပဲ Frequency Division Multiple Access (FDMA) နည်းပညာကို အသုံးပြုသည်။


ပတ်လမ်း ၃ ခုနှင့် GLONASS ဂြိုဟ်တုများ


GLONASS ဂြိုဟ်တုအား သယ်ဆောင်သည့် ဒုံးပျံယဉ်


GLONASS ဂြိုဟ်တုအား သယ်ဆောင်သည့် ဒုံးပျံယဉ်


တည်နေရာရှာဖွေပုံမှာ NAVSTAR GPS စနစ်နှင့် အတူတူဖြစ်ပြီး ရှာဖွေမှု စနစ်တွင် Earth Parameter System 1990 (PZ-90) စနစ်ကို အသုံးပြုသည်။

GPS နှင့် GLONASS အတွက် GPS+GLONASS receiver များမှာ

  1. Ashtech’s GG24 receiver is the world’s first fully integrated GPS+GLONASS receiver.
  2. LAIPAC System’s: TF 50 GPS + GLONASS receiver.
  3. GPS/GLONASS Receiver(ARGO-16)
  4. Javad Navigation Systems
  5. Leica
  6. NovAtel
  7. Trimble
  8. Topcon’s GMS-2 တို့ဖြစ်သည်။


Galileo

GALILEO

Galileo System

European Global Satellite Navigation System ဖြစ်ပြီး ဥရောပ နိုင်ငံများတွင် ဂြိုဟ်တုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် NAVSTAR စနစ်ကို မမှီခိုပဲ ကိုယ်ပိုင်တစ်ခု လုပ်နိုင်ရန် ရည်ရွယ်သည်။ အီတလီ အာကာသနှင့် သိပ္ပံပညာရှင် ဂယ်လီလီယို (Galileo Galilei) ကို အစွဲပြု၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၉၉ ခုနှစ် တွင် ဂျာမဏီ၊ ပြင်သစ်၊ အီတလီ နှင့် ယူနိုက်တက်ကင်းဒွန်း နိုင်ငံရှိ အင်ဂျင်နီယာများက စတင်စဉ်းစားခဲ့ကြပြီး ပထမအဆင့် သဘောတူညီမှုကို ၂၀၀၃ ခုနှစ် မေလ ၂၆ တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၀၃ခုနှစ် စက်တင်ဘာတွင် တရုတ်ပြည်သူ့သမတ္တနိုင်ငံမှ ဂြိုဟ်တုပဲ့ထိန်းစနစ်များ တိုးတက်ရေးအတွက် ဥရောပသမဂ္ဂနှင့် ဆက်သွယ်ခဲ့ရာမှ စတင်စဉ်းစားခဲ့သည်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၃၀ တွင် ဥရောပသမဂ္ဂမှာ ပို့ဆောင်ရေးဝန်ကြီး ၂၇ ဦးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၃ တွင် စတင်အသုံးပြုနိုင်ရန် စီမံကိန်းချခဲ့ကြသည်။


Galileo ဂြိုဟ်တု

ဤစနစ်ကို Public-Private-Partnership (PPP) ဟူ၍ သက်မှတ်ထားပြီး စနစ်ကြီး တစ်ခုလုံးအတွက် ကုန်ကျစရိတ်များကို ဂျာမဏီနိုင်ငံမှာ (၂၀.၉%)၊ ပြင်သစ်နိုင်ငံမှ (၁၇%)၊ ဗြိတိန်နိုင်ငံမှ (၁၆%)၊နှင့် အီတလီနိုင်ငံမှ (၁၅.၂%) ကျခံရန် သဘောတူခဲ့ကြသည်။ အဓိက မြေပြင်စခန်းနှစ်ခုကို ဂျာမနီနိုင်ငံ (Germany) မူးနစ်ခ်ျ မြို့ (Munich) နှင့် အီတလီနိုင်ငံ (Italy) ရိုမီ (Rome) မြို့၏အရှေ့ဖက် ၁၃၀ ကီလိုမီတာဝေးသော ဖူစီနို (Fucino)တွင် ထားရှိမည်ဖြစ်သည်။ အသုံးပြုသူများအတွက် နှစ်မျိုးနှစ်စားဖြင့် ဝန်ဆောင်မှုပေးရန် စီစဉ်ထားပြီး အခမဲ့ အခြေခံဝန်ဆောင်မှု (A free, basic service) နှင့် အာမခံအတွက် အရစ်ကျငွေပေးသွင်းရသည့် ဝန်ဆောင်မှု (A premium chargeable service with additional features) ဟူ၍ ဖြစ်သည်။ ၂၀၀၀ပြည့်နှစ်က ဥရောပသမဂ္ဂနိုင်ငံများ သဘောတူညီမှု ရယူခဲ့ကြပြီး ၂၀၀၁ခုနှစ်တွင် မြေပြင်အဆောက်အုံများ၊ ဂြိုဟ်တုနှင့် ဆက်သွယ်ရေးဆိုင်ရာ အဆောက်အုံးများကို တည်ဆောက်ရန် စတင်ခဲ့သည်။


ပတ်လမ်း ၃ ခုနှင့် ဂြိုဟ်တု အလုံး ၃၀

စုစုပေါင်းဂြိုဟ်တုအရေအတွက် ၂၇ လုံး အသုံးပြုမည်ဖြစ်သည်။ ကမ္ဘာကို ပက်လမ်း ၃ ခုဖြင့်ပက်မည်ဖြစ်ပြီး ပက်လမ်းတစ်ခုလျှင် ဂြိုဟ်တု ၁၀ လုံးစီ အကွာအဝေး တူညီစွာ လှည့်ပ်မည်ဖြစ်သည်။ ကမ္ဘာတစ်ပက်ပြည့်ရန် ၁၄ နာရီ ၂၂ မိနစ် ကြာမည်ဖြစ်သည်။ ကမ္ဘာမှာ အကွာအဝေး ၂၃၆၁၆ ကီလိုမီတာ ထိ လွှတ်တင်မည်ဖြစ်ပြီး အီကွေတာမှ ၅၆ ဒီဂရီ တိမ်းစောင်း၍ လှည့်ပက်မည်ဖြစ်သည်။ CDMA ဆက်သွယ်ရေးစနစ်ကို အသုံးပြုမည်။

GPS နှင့် Galileo အတွက် GPS+ Galileo receiver များမှာ

  1. Whistler GPS100 Galileo Global Positioning System (GPS-100, GPS 100)SKU: GPS100
    Brand: Whistler
  2. GSTB_V2 Galileo Experimental Test Receiver (GETR) Available since 2004
  3. Galileo TUR (Test User Receiver) Under Development (GPS + Galileo)

နှိုင်းယှဉ်ချက်



IRNSS

Indian Regional Navigational Satellite System (အိန္ဒိယနိုင်ငံ ဂြိုဟ်တုပဲ့ထိန်းမောင်းနှင်သည့်စနစ်) ဖြစ်သည်။ အန္ဒိယနိုင်ငံ၏ ကိုယ်ပိုင်လုံခြုံရေးအတွက်ရည်ရွယ်ပြီး ဂြိုဟ်တု (၇) လုံး လွှတ်တင်ပြီးဖြစ်သည်။ ၂၀၀၆ ခုနှစ် မေ လ တွင် အိန္ဒိယအစိုးရ၏ ခွင့်ပြုချက် ရရှိခဲ့ပြီး ၂၀၁၂ တွင် အသုံးပြုနိုင်ရန် မျှော်လင့်ထားသည်။ အိန္ဒိယရူပီးပေါင်း ၁၆ ဘီလီယံ အသုံးပြုရန်ရည်ရွယ်ထားသည်။


IRNSS ဂြိုဟ်တု


IRNSS စနစ်နှင့် အိန္ဒိယနိုင်ငံ


Beidou

Beidou ဆိုသည်မှာ တရုတ်ပြည်သူ့သမတ္တနိုင်ငံ ဂြိုဟ်တုများ မောင်းနှင်ပဲ့ထိန်းပေးသော စနစ် (Chiness Regional Satellite Navigation System) ဖြစ်သည်။ စီမံကိန်းအရ ဂြိုဟ်တုပေါင်း (၃၅) လုံး ပါဝင်၍၊ ယခုချိန်ထိ ဂြိုဟ်တု (၃) လုံး လွှတ်တင်ခဲ့ပြီးဖြစ်သည်။ Signal ဖမ်းယူမှုအတွက် CDMA လိုင်းကို အသုံးပြုမည်ဖြစ်သည်။


Beidou ဂြိုဟ်တု


Beidou ဂြိုဟ်တု နှင့် ကမ္ဘာမြေ


Beidou ဂြိုဟ်တု နှင့် တရုတ်နိုင်ငံ


Beidou ဂြိုဟ်တု နှင့် ၎င်း၏ ဒုံးပျံယဉ်



Beidou System


DORIS

Doppler Orbitography and Radio-positioning Integrated by Satellite ဖြစ်သည်။ ပြင်သစ်နိုင်ငံ မှ တည်ထောင်ထားပြီး ဂြိုဟ်ပက် လမ်းကြောင်းများကို လေ့လာစူးစမ်းရန်နှင့် ကမ္ဘာမြေပြင်ကို နေရာတိတိကျကျ ဖော်ပြနိုင်ဖို့ ကြိုးစားရန် စီမံထားသော စနစ်တစ်ခု ဖြစ်သည်။


DORIS System


QZSS

The Quasi-Zenith Satellite System ဖြစ်သည်။ GPS စနစ်မှ အချိန်များကို ဂျပန်စံတော်ချိန် သို့ ပြောင်းလဲနိုင်ရေးအတွက် ဂြိုဟ်တု (၃) လုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော စနစ်ဖြစ်သည်။ ၂၀၀၈ ခုနှစ်က ပထမဆုံး ဂြိုဟ်တု ကို လွှတ်တင်နိုင်ခဲ့ပြီးဖြစ်သည်။ စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် အားလုံးပြီးဖို့ မျှော်လင့်ထားသည်။ ဂျပန်နိုင်ငံအတွင်း၌သာ အသုံးပြုနိုင်မည်ဖြစ်သည်။



QZSS ဂြိုဟ်တု


QZSS System


QZSS ဂြိုဟ်တု ၃ လုံးနှင့် ပတ်လမ်း



ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com