See You At The Top  

Posted by ADMIN in




  • ထိပ်ဆုံးမှာ တွေ့ကြမယ်........။ 

  • ပြင်းထန်သော ဆန္ဒဖြင့် တိကျသော ရည်မှန်းချက်ထားရှိပါ။

  • ပန်းတိုင်သို့ မည်သည့်အချိန်တွင် ရောက်ရှိရမည်ဟု သက်မှတ်ပါ။

  • ရည်မှန်းချက် ဘာလဲဆိုတာကို စာဖြင့်ရေးချထားပါ။

  • မည်သို့ သွားရမည်ဟူသော လုပ်ငန်းစီမံချက် ချမှတ်ရမည်။

  • ပန်းတိုင်သို့ ရောက်ရေးကို နေ့စဉ်တွေးပါ။

  • မိမိ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိပါ။

  • ရေးဆွဲထားသည့် စီမံချက်အတိုင်း မနေမနားကြိုးစားဆောင်ရွက်ပါ။

  • အခြားသူတို့၏  အားလျှော့စေတတ်သော အကြံပေးချက်များကို လက်မခံပဲ နားပိတ်ထားပါ။

  • မိမိအစီအစဉ်အတိုင်း ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်ရန် အားပေးအားမြှောက်ပြုမည့် မိတ်ဆွေများနှင့် ပူးပေါင်းပါ။

  • အနှစ်မရှိသော အလုပ်များ ဖြင့် အချိန်ဖြုန်း ပျော်မွေ့နေသော ပတ်ဝန်းကျင်မှ ရှောင်ထွက်ပါ။

  • မိမိ၏ အားနည်းချက်၊ အားသာချက်များကို သိပါ။ သိအောင်လုပ်ပါ။

  • ထကြွ လုံ့လ ၀ီရီယ ရှိပါ။

  • အခွင့်အရေးရတုန်းမှာ ယူထားပါ။ မလွတ်ပါစေနှင့်။ မိုးရွာတုန်းရေခံ။  မိုးရွာတာက ကံ။ ရေခံတာက ၀ီရီယ။

  • ဝေဖန်မှုကို ခံယူပြီး အကျိုးရှိအောင် ပြုပြင်ပါ။ မခံချင်စိတ်အပေါ်တွင် နာကျင်မှုနဲ့ မျိုးစေ့ချ စိုက်ပျိုးပြီး အသီးအပွင့်များကို ခူးယူ စားသုံးပါ။

  • ပြောသင့်တာနှင့် လုပ်သင့်တာကို ချင့်ချိန်ခွဲခြားတတ်သူဖြစ်ပါစေ။

  • ငြင်းခုန်ခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။

  • ငွေစုပါ။ ငွေမည်မျှ ရှာဖွေနိုင်သည်မှာ အဓိကမဟုတ်၊ မည်မျှ စုဆောင်းနိုင်သည်မှာ အဓိက ဖြစ်သည်။

  • ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုကို တည်ဆောက်ပါ။

  • စိတ်ဓာတ်မကျအောင် သတိပြုထိန်းသိမ်းပါ။

  • မိမိကိုယ်ကို ယုံကြည်မှုရှိပါ။

  • ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ တွေးရဲတောရဲ ရှိပါ။

  • ဂုဏ်သိက္ခာကို သန့်ရှင်းဖြူစင်အောင် ထိန်းသိမ်းပါ။

  • သိမ်ဖျင်းတဲ့ တန်ဖိုးမဲ့တဲ့ စကားမျိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်နဲ့။

  • သင်၏ သီးသန့်ဘ၀ကို တသီးတသန့် ဖြစ်ပါစေ။

  • သင့်လျှို့ဝှက်ချက်ကို သင့်အင်္ကျီပင် မသိပါစေနှင့်။

  • အတွေ့အကြုံတိုင်းအပေါ်တွင် သင်ခန်းစာယူပါ။

  • ကျောက်ခဲတစ်လုံးကိုပဲ နှစ်ခါ ခလုတ်မတိုက်မိပါစေနှင့်။

  • သတိရှိပါ။ သတိသည် လုံခြုံခြင်း၏ မိခင်ဖြစ်သည်။

  • ယနေ့လုပ်နိုင်တာတွေကို မနက်ဖန်လုပ်ဖို့ ချန်မထားပါနှင့်။

  • အချိန်၏ တန်ဖိုးကို နားလည်ပါ။

  • မိတ်ဆွေကောင်းများကို ထိန်းသိမ်းပါ။ မိတ်ဆွေများနှင့် အချေးအငှား၊ အချေးအယူ မလုပ်ပါနှင့်။

  • လောင်းကစား၊ မိန်းမနှင့် အရက်ကို ဝေးဝေးကရှောင်ပါ။

  • သင့်ဘ၀ကို လုပ်ငန်း၊ အဖွဲအစည်းတစ်ခုခု (သို့) လူတစ်ဦးတစ်ယောက်ထံသို့ အူလှိုက် အသည်းလှိုက် ပုံမအပ်သင့်ပဲ ပုံမအပ်ပါနှင့်။

  • ခင်မင်မှုကို တန်ဖိုးထားပါ။ ချစ်ပါ။ ဒါပေမယ့် ခွဲခွာရမည်ကိုလည်း မကြောက်ပါနှင့်။

  • သြဇာလွှမ်းမိုးမှု ကွန်ယက်ကို ဖြန့်ကျက်ပါ။

  • တာဝန်ယူစိတ်ရှိပါ။ တာဝန်ကျေပွန်အောင် ပြင်းထန်သောဆန္ဒကို မွေးမြူပါ။

  • မိမိ၏ လုပ်ရပ်သည်ရည်မှန်းချက်ကိုထိခိုက်နေပြီဟု ယုံကြည်လျှင် လျှော့လုပ်ပါ။ ရည်မှန်းချက်ကို အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြုပြင်ပါ။ အမြင်သစ်အမြင်မှန်ကို အမြဲကြိုဆိုလက်ခံပါ။

  • သင်သည်နေကို မျက်နှာမူလိုက်ပါ အရိပ်များသည် အနောက်ဘက်တွင် ရောက်ရှိသွားပါလိမ့်မည်။

  • စာပေ လေ့လာဆည်းပူးပါ။

  • ရတနာသုံးပါးကို မမေ့ပါနှင့်။ 

  • See You At The Top!!



9 comments

ဒီနည်းတွေ အတိုင်းကျင့်ရင်တော့ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်း ကျမှာ သေချာပါတယ်

အင်း ဘ၀တက်လမ်း လမ်းညွန်စာအုပ်တွေထဲမှာတောင် ဒီလောက် မပြည့်စုံလောက်ဘူးထင်တယ်
ကောင်းတယ်ဗျာ အားပေးပါတယ်

ကောင်းလိုက်တဲ့ Post ကလေး။
ဝေမျှတဲ့ အတွက် ကျေးဇူးပါ။

SMNTL

ကောင်းလိုက်တဲ့ပိုစ့်ပဲဗျာ။ လိုက်နာစရာတွေ တစ်ပုံချည်းပါပဲကလား။ ဝေမျှတာ ကျေးဇူးအထူး။

ဒီအချက်တွေကိုသာ အမှန်တစ်ကယ်လိုက်နာနိုင်ရင် သေချာပေါက် လိုရာပန်းတိုင်ကိုရောက်နိုင်ပါတယ်ဗျာ။ အခုလို ဝေမျှပေးတာ အထူးကိုကျေးဇူးတင်ပါတယ်ဗျ။

ခင်မင်လျက်...
တက်လူငယ်...

ဂရုပြုလိုက်နာသင့်တာလေးတွေကို သတိပေးရေးပြထားလို့ ကျေးဇူးတင်ပါတယ်၊ တန်ဖိုးမဖြတ်နိုင်တဲ့ ပိုစ့်လေးတခုပါဘဲဗျာ။

မီးပြတိုက်--
လာဖတ်ပါတယ်---

အောင်မြင်ဖို့ထိပ်ဆုံးကိုရည်ရွယ်သူတွေဟာ--
အချိန်မှာလည်းမတည်ဘူး---
နေရာ မှာလည်းမတည်ဘူး----
အခြေအနေ ပေါ်မှာလည်းမတည်ဘူး---
လူပေါ်မှာ--ပဲ တည်တယ်--
ပျော်ရွှင်ပါစေ---

Very good post. Thanks for sharing this.

Very nice Post. I like it a lot. Be successful :)

Post a Comment

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com