ဓမ္မဒဿန
Posted by ADMIN in ဘာသာရေး
- အတွေးအခေါ်ပညာရှိတဲ့ ပုဂ္ဂိုလ်ဟာ သူများမှားတာကို သင်ခန်းစာယူတတ်၏။အတွေးအခေါ်ပညာနည်းတဲ့ ပုဂ္ဂိုလ်ကကျတော့ ကိုယ်တိုင်မှားမှ သင်ခန်းစာယူတတ်၏။အတွေးအခေါ်ပညာမရှိတဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ်ကိုယ်တိုင်မှားတာတောင် သင်ခန်းစာမယူတတ်ပေ။
- ပညာရှိထံ နည်းခံသင်မှ ပညာရ၏။ထကြွလုံ့လ ရှိမှ ဥစ္စာရ၏။သစ္စာတည်မှ ကျော်စော ရ၏။ပေးကမ်းတတ်မှ ကုသိုလ်ရ၏။
- မိဘနှစ်ဖြာ ရှိနေပါလည်း၊ ကျေးဇူးမသိ မဆပ်ဘိက၊ တစ်သက်လုံးလုံး လူဖြစ်ရှုံး၏။
- ပါရမီဆိုတာ မြင့်မြတ် သူတွေရဲ့ အလုပ်လို့ အဓိပ္ပာယ်ရ၏။ တနည်းအားဖြင့် ပါရမီ ဆိုတာ “မြင့်မြတ်သူ ဖြစ်ကြောင်း အလုပ်” လို့ အဓိပ္ပာယ်ရ၏။ လူတစ်ယောက်ကို မြင့်မြတ်သူ ဖြစ်စေနိုင်တဲ့ အလုပ်၊ မြင့်မြတ်သူ အဖြစ် ပို့ဆောင် ဖန်တီးပေးနိုင်တဲ့ အလုပ်ဟာ ပါရမီရဲ့ အဓိပ္ပာယ်ပါပဲ။
- မိုက်သူသည် မိမိလုပ်ငန်း မအောင်မြင်လျှင် တစ်ခြားသူများအပေါ် အဖြစ်ဖို့၏။ထို့ထက် လိမ္မာသူသည် မိမိကိုယ်မိမိ အပြစ်ဖို့၏။အလိမ္မာဆုံးပုဂ္ဂိုလ်ကတော့ ဘယ်သူ့ကိုမှ အပြစ်မဖို့။
- မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။ကောင်းတယ်ဆိုတာလည်း ကိုယ်ပဲခံရတာ။
- စိတ်လေးနေခဲ့သော်…. သင့်စိတ်၏အကြံ မီးဒဏ်သင့် ခံနေရရှာပြီ။စိတ်ပြေးနေခဲ့သော်…… သင့်စိတ်ထဲ မီးစွဲနေချေပြီ။စိတ်ဆွေးနေခဲ့သော်… သင့်စိတ်တစ်စဉ်လုံး မီးဟုန်းဟုန်း တောက်ထချေနေခြေပြီ။
- အလုပ်ရှုပ်ရင် အလုပ်ပြောင်း ကံ ကောင်းအောင်။အာရုံ ရှုပ်ရင် အာရုံပြောင်း ဈာန်ကောင်းအောင်။စိတ် ရှုပ်ရင် စိတ်ပြောင်း ဥာဏ်ကောင်းအောင်။
- သေးသိမ်ညံ့ဖျင်းတဲ့ အမှုကို နည်းနည်းလေးမှ မလုပ်လေနှင့်။
- သင်၏ ကောင်းမှန်သော ကြံစည်မှု၊ ပြောဆိုမှု မှန်စေခြင်း ဖြင့်သာ အတူနေများ ဂုဏ်မြင့်ဖွား၍ အင်အား တတ်စေရာ၏။
- အကုသိုလ်တရားမှ အကျိုး ပေးသောအခါ ဒေါသ မဖြစ်လိုက် ပါနှင့်၊ ၀မ်းသာ လိုက်ပါ။ “အကုသိုလ် အကြေး ကျေပြီ” ဟူ၍ နှလုံးသွင်းလိုက်ပါ။
- စိတ်သည် ဆုံးမရန် အလွန်ခက်၏၊ အလွန်လျှင်မြန်၏၊ ရောက်ချင်ရာသို့ ရောက်တတ်၏။ထိုစိတ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်လျှင် ကောင်း၏။ယဉ်ကျေးသော စိတ်သည် ချမ်းသာကိုဆောင်နိုင်၏။
- သတိ ဆိုတာ စိတ်ရဲ့နေအိမ်ပါပဲ။ သတိ မရှိတဲ့ စိတ်ဟာ စိတ်မရှိတဲ့ လူလိုပဲ ကြုံရာ၊ ခြေဦးတည့်ရာ လျှောက် သွားနေတတ်တယ်။ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု မရှိဘူး။ ဂုဏ်သိက္ခာ မရှိဘူး။
- “ဥစ္စာ” ထဲမှာ အနှစ်ရှာ တွေ့တာ “ဒါန”ပဲ။“ခန္ဒာ” ထဲမှာ အနှစ်ရှာ တွေ့တာ “သီလ” ပဲ။“၀ိဥာဉ်” ထဲမှာ အနှစ်ရှာ တွေ့တာ “ဘာဝနာ”ပဲ။
- အကြင် စကားဖြင့် မိမိကိုယ်ကို မပူပန်စေရာ၊ သူတစ်ပါး တို့ကိုလည်း မပူပန်စေရာ။ စင်စစ် ထိုစကားကို ဆိုရာ၏။ ထိုစကား သည်သာ ကောင်းစွာဆိုအပ်သော စကားမည်၏။
- မြတ်သော အကျင့်သီလမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်နေရ တာထက် မြတ်သော အကျင့်သီလရှိပြီး တစ်ရက်မျှ အသက်ရှင်နေရတာက သာ၍မြတ်၏။
- ရန်ကိုရန်ခြင်း မတုန့်ညှင်းရာ။ မေတ္တာဖြင့်သာ အောင်မြင်ရာ၏။သည်းခံခြင်းထက် လွန်သောတရားမရှိ၊ သည်းခံခြင်းသည် မြတ်သောအကျင့်တရားဖြစ်၏။
- လောကဓံအား သည်းခံနိုင်ခြင်း (ခန္တီတရား) သည် အမိနှင့် တူ၏။ လောကဓံအား လစ်လျှူရှုနိုင်ခြင်း (ဥပက္ခာတရား) သည် အဖ နှင့် တူ၏။
- အချိန်ကို အကျိုးရှိအောင် အသုံးချရန် နည်းလမ်းလေးသွယ်….(က) အခါအားလျော်စွာ တရားနာခြင်း၊(ခ) အခါအားလျော်စွာ တရားဆွေးနွေးခြင်း၊(ဂ) အခါအားလျော်စွာ မိမိ သိရှိထားပြီးသော တရား သဘောတွေကို ကောင်းစွာ သုံးသပ်ခြင်း၊ ပြန်လည် ဆင်ခြင် စဉ်းစားခြင်း။(ဃ) အခါအားလျော်စွာ ရှေ့နောက် ဆက်စပ် သတိကပ်၍ ခန္ခာ၏ “အဖြစ်-အပျက်” ကို ရှုမှတ်ပွားများခြင်း။
- အရင်ကောင်းလို့ အခုကောင်းသည်။ အခုကောင်း…. နောင်ကောင်းပါလိမ့်မည်။
- လူမိုက်တစ်သောင်း ချီးမွမ်းရှောင်းလည်း၊ လူကောင်းတစ်ယောက် ပြစ်တင်ကြောက်လော့။
- အိပ်ယာမှ ခဏခဏနိုးနေသူတို့အတွက် “ည” သည် ရှည်လျားလှစွာ၏။ခရီးပန်းလာသော သူတို့အတွက် “ခရီး” သည် ရှည်လျားလှစွာ၏။သူတော်ကောင်းတရားကို မသိကြသော သူတို့အတွက် “သံသရာခရီး” သည်ရှည်လျားလှစွာ၏။
- ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍၊ ပုန်းလျှိုးနေခို မသေလိုလည်း၊ ဤကိုယ်မုချ မနေရဘူး။
- သေခြင်းတရားဟာ မှည့်နေတဲ့ အသီးလိုဘဲ အချိန်မရွေး ကြွေကျနိုင်တယ်။
- အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဒမ္မ၊ သံဃ။မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ီရိယ။ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ။နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ။အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ။အမြဲလက်ကိုင်ထားရန်ကား ခန္တီ၊ မေတ္တာ၊ သစ္စာ။
- တကယ့်သူတောင်ကောင်းဆိုတာ ရယူခြင်းထက် ပေးဆပ်ရတာကို နှစ်သက်တယ်။
- တရားအားထုတ် ကုသိုလ်လုပ် အဟုတ်မပျင်းနှင့်။
- ငါတို့ဖြစ်ရ ဤ လောက၀ယ်၊ ဘ၀သမိုင်း မရိုင်းစေရန်၊ စိတ်မာန်မချ မာနမပါ၊ တို့ စွမ်းရာဖြင့် တို့သာသနာ၊ တို့ ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့။