Apr
အတွေးမှတ်စုများ (၁၉)
Posted by ADMIN in အတွေးမှတ်စုများ
- နာမည်ကောင်း၊
လူ့ကျင့်သိက္ခာ၊
ငွေ။
- သင့်ဂုဏ်သတင်းကို လေးစားရင် အရည်အချင်း၊ အဆင့်အတန်းရှိသူတွေနဲ့ ပေါင်းသင်းပါ။ ဘာကြောင့်ဆိုတော့ လူသိမ်၊ လူညံ့၊ လူဖျင်း တွေကြားမှာ နေမယ့်အစား တစ်ယောက်တည်းနေတာက ပိုကောင်း၏။
- သင့်နာမည်၊ သင့်ဂုဏ်သိက္ခာကို အမြဲတမ်းထိန်းပါ။ အလုပ်ကို အစွမ်းကုန် ကြိုးစားပါ။ လူတွေကို အကောင်းဆုံးဆက်ဆံပါ။ ကတိတည်ပါ။ လုပ်သမျှ အောင်မြင်ပါလိမ့်မည်။
- လူချမ်းသာခြင်းသည် ကောင်း၏။ စိတ်ချမ်းသာခြင်းသည် ပိုကောင်း၏။ အတွေးအမြင်ချမ်းသာခြင်းသည် အကောင်းဆုံးဖြစ်၏။
- အတတ်နှင့် ပညာ ဟာ တန်ဖိုးချင်း အလွန်ကွာခြား၏။ အတတ်သည် သညာ.. သင်၍ တတ်မြောက်မှု.. အသက်မွေးမှုနှင့် အဓိက သက်ဆိုင်သည်။ ပညာသည် ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်းမြင်သိမှုနှင့်၊ ဆန်းသစ်တီထွင်မှု၊ အမှားနှင့်အမှန်ကို ကျိုးကြောင်းမြော်မြင် နှိုင်းချိန်နိုင်မှု။
- ဥာဏ်ပညာ အမြော်အမြင် မရှိပဲ ကြိုးစားတဲ့ ၀ီရိယဆိုသည်မှာ မြှားမပါတဲ့ လေးကဲ့သို့ပင်။ အကျိုးမဲ့ ပင်ပန်းရုံမျှသာဖြစ်သည်။
- အနာဂတ်ကို ကြိုတင်မြော်မြင်ကာ စီစဉ်နိုင်ခြင်းသည် လူအများစုထက် သာစေမယ့် လူတော် တစ်ယောက်၏ အရည်အချင်းကောင်းတစ်ခုပင်။
- ဘ၀ဆိုတာ ကိုယ့်ကို အလိုလိုက်တဲ့ မိခင်မဟုတ်ဘူး။ ညှာမယ်တော့ မထင်နဲ့။ တက်အောင်မသင်နိုင်လို့ သူကရိုက်လိုက်ပြီဆိုလို့ကတော့ မလွယ်ဘူးသာမှတ်။
- လက်ဝှေ့သမားကောင်း တစ်ဦးသည် မိမိက ထိုးနိုင်ရုံမျှသာမဟုတ်၊ အထိုးခံနိုင်ရည်လည်း ရှိရမည်။
- လူ့ဘ၀သည် တာဝေးအပြေးပြိုင်ပွဲတစ်ခုနှင့် တူ၏။ အချို့လူများက ရှေ့မှပြေးနေကြပြီး အချို့က ရှေ့မှလူများကိုမှီရန်နှင့် ကျော်တက်နိုင်ရန် ပြေးလျှက်ရှိကြသည်။ သို့သော် လူအများမှာမူ နောက်တွင် တော်တော်များများ ပြတ်ကာ ကျန်ရစ်ခဲ့ကြသည်။
- ဘ၀ ဆိုတာ တိုက်ပွဲပဲ။ အမြဲတမ်း တိုက်ခိုက်နေရတယ်။ ဒါကြောင့် မတော်တဲ့လူ မထက်တဲ့လူတွေ ခံရတာ။ တော်တဲ့လူ၊ ထက်တဲ့လူတွေကိုပဲ ပေါင်းသင်းပါ။
- သင့်တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးနိုင်မလဲ မမေးပါနဲ့။ သင့်တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင်မလဲဆိုတာကိုပဲ ဖြေပါ။
- စီးပွာရေးလုပ်ငန်းတိုင်းမှာ အဓိက ထောက်သုံးထောက်ရှိသည်။ (၁) Expert မိမိလုပ်ငန်းနှင့် ပက်သက်သမျှ ကျွမ်းကျင်နေရမည်။ (၂) investment ငွေရင်းနှီးမြှုပ်နှံနိုင်ရမည်။ (၃) Adventure စွန့်စားရဲတဲ့ သတ္တိရှိရမည်။
- စီးပွားရေးလုပ်ငန်းတိုင်းမှာ ပိုက်ဆံရဲ့ အရေးပါမှုကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ ပိုက်ဆံကို အလေးထားတတ်ရမယ်။ နောက်ဆုံးကျရင်တော့ ဒီအချက်ဟာ စီးပွားရေးသမားတွေအတွက် အမှန်ဆုံးပါပဲ။
- ငွေကြောင့် သိက္ခာကျသည်။ ငွေကြောင့် အရှက်ရသည်။ ငွေကြောင့် အနေကြပ်၍ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရ၏။ ငွေကြောင့် အရွယ် အိုစာမှု မြန်ရ၏။ တကယ့် အရေး တကယ့်ကိစ္စနှင့် ကြုံတွေ့လာလျှင် ငွေကမှ ကယ်တင်နိုင်သည်။ ငွေ၏တန်ဖိုးကို ဆင်းရဲနေသူများနှင့် ဆင်းရဲဖူးသူများ ပို၍သိကြ၏။
- ငွေသည် ဆဌမအာရုံနှင့် တူသည်။ ငွေမရှိပါက ကျန်သည့်အာရုံငါးပါးကိုလည်း နှစ်သက် ခံစားနိုင်တော့မည် မဟုတ်ပေ။
- ငတ်လို့ လုပ်တာမဖြစ်စေနှင့်၊ တတ်လို့ လုပ်တာသာဖြစ်ပါစေ။
- ရှေ့တန်းအရောက်ဆုံးနည်းနဲ့ ကိုယ့်ကိုယ်ကို အထက်ရောက်အောင် လုပ်ချင်သပဆိုရင် ခေါက်ရိုးကျိုးနေတဲ့ စဉ်းစားပုံတွေကို ပြောင်းလိုက်ပါ။ ပြီးတော့ ပုံစံခွက်သမားတွေနဲ့လဲ လမ်းခွဲလိုက်ပါ။
- ကျွန်ုပ်လိုသေးသည်။ ကျွန်ုပ်လုပ်သမျှ အကောင်းဆုံးဖြစ်အောင် ဆက်ကြိုးစားရအုံးမည်။
- ခုနစ်ကြိမ်လဲလျှင် ရှစ်ကြိမ်ထမည်။