Will money really make everything right?
Posted by ADMIN in Money
- ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
- ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
- ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
- ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို ဝယ်လို့မရဘူး။
- ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို ဝယ်လို့မရဘူး။
- ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။
- ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို ဝယ်လို့မရဘူး။
- ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကို ဝယ်လို့မရဘူး။
- ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty) ကို ဝယ်လို့မရဘူး။
- ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန် (Time) ကို ဝယ်လို့မရဘူး။
- ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
- ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း ဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကို ဝယ်လို့မရဘူး။
- ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကို ဝယ်လို့မရဘူး။
- အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကို ဝယ်လို့မရဘူး။
- အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။
- ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။
- ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး သိက္ခာဆည်လို့မရဘူး။
- ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊ လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင် ပြန်ကာလို့မရဘူး။
- ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။
- လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို သုံးချင်သူ။
(2) အသိပညာ နှင့် အတက်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။
Webliography
http://www.andhranews.com/ftopic647.html
http://mindyourdecisions.com/blog/2009/04/26/what-money-cannot-buy/
http://www.paklinks.com/gs/all-views/246353-can-money-buy-everything.html