Methods of Assignment Problem
Posted by ADMIN in My Research And Development
ယနေ့ ကမ္ဘာတွင် ရင်ဆိုင်နေရသော Assignment ပြဿနာကို ဖြေရှင်းနေသည့် နည်းလမ်း (၄) ခုရှိသည်။ ၎င်းတို့မှာ
- Complete Enumeration Method:
Complete Enumeration Method ဆိုသည်မှာ assignment ပြဿနာ အသေးလေးများအတွက် အသုံးပြုသော နည်းလမ်းဖြစ်သည်။ အချက်အလက်များအားလုံးကို တိတိကျကျ ပြည့်ပြည့်စုံစုံ တစ်ခုချင်းစီပြီး ခွဲသော စနစ်ဖြစ်သည်။ ဥပမာ အလုပ်လိုချင်သူများကို သူတို့၏ ကျွမ်းကျင်မှုအလိုက် တစ်ခုချင်း လေ့လာပြီး သင့်လျှော်အလုပ်များသို့ ခိုင်းစေ ခြင်းဖြစ်သည်။ သို့သော် ဤနည်းလမ်းသည် တွက်ချက်ခြင်းမှ ထွက်လာသော ရလဒ်နှင့် ပြင်ပတွင်ရှိသော ရလဒ်တို့၏ ကွာဟမှုများ မကြာခဏ ကြုံတွေ့ရတတ်သည်။ - Simplex Method:
Simplex Method ဆိုသည်မှာ ကွန်ပျူတာ သင်္ချာ၏ အခက်ခဲဆုံး programming ထဲမှာ တစ်ခုအပါအဝင်ဖြစ်သော linear programming ကို အခြေခံထားသော နည်းလမ်းဖြစ်သည်။ ဤနည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် ရလဒ်ကောင်းကို ရရှိနိုင်သော်လည်း ငြီးငွေ့ဖွယ် ကောင်းလှသည်။ - Transportation Method:
Transportation Method ဆိုသည်မှာ အများထဲမှ အသင့်တော်ဆုံးကို ရွေးချယ်သော စနစ်ဖြစ်သည်။ ရလဒ်ကောင်းတွေ ရရှိနိုင်ပြီး အခြေခံအကျဆုံး နည်းလမ်းဖြစ်သည်။ သို့သော် အလုပ်တစ်ခုကို လူတစ်ယောက်က ကိုင်တွယ်နိုင်မှသာ အဆင်ပြေနိုင်သည်။ များပြားလာလျှင် မှားယွင်းသော ရလဒ်များ ဖြစ်ပေါ်လာနိုင်သည်။ - Hungarian Assignment Method (HAM):
Hungarian Assignment Method (HAM) ဤနည်းလမ်းသည် ငွေကြေးပြဿနာများနှင့် အခြား ပြဿနာများကို ဖြေရှင်းရန်အတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN-vo_4sRfhB9aTWjSULihc_EkTrTuj_mUVcrdncc0Vk354pChgXr48hBO-F_sB9TV61lkoBIezUGko2mCA75Ag1W1X6bryioe0baR7FQ3ofyK_Cw75VDJ7mxaJ-e8KsCdPMDamBwg_tRZ/s400/pro.jpg)
Hungarian Assignment Method
Hungarian Assignment Method သည် Assignment ပြဿနာများ ဖြေရှင်းရာတွင် လက်တလောအားဖြင့် ကောင်းဆုံး နည်းဖြစ်သည်။ လွယ်ကူခြင်း၊ လျှင်မြန်ခြင်း၊ တိကျခြင်း တို့သည် ဤနည်းလမ်း၏ အားသာချက်များဖြစ်သည်။ ကျနော်လုပ်နေသည့် Research သည် Navigation System ဖြစ်သောကြောင့် Navigation နှင့် ပတ်သက်သော Assignment ပြဿနာ တစ်ခုကို Hungarian Assignment နည်းလမ်းဖြင့် ဖြေရှင်းခြင်း အကြောင်း ပုဒ်စာတစ်ပုဒ်ကို ဖြေရှင်းပြပါမည်။ Navigation System အကြောင်း သိလိုပါက http://www.meepyatite.info/2008/03/navigation-system.html သို့ သွားရောက်ဖတ်ရှုနိုင်သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzJgV0bdg5l93shxwg_XCUj-NnSHiRviQynfa8mTuvyHHUlfBkcGn7pzWimi6BtCNmrc85vOCun1Vjz6-SkEjoogPA4WBzHyjOMIyUzEZ8msEHrLuqM6pMetuwk4G_prLL7PaELVkBx6RV/s400/1.png)
Assignment ပြဿနာအကြောင်း ပြောခဲ့စဉ်က သကဲ့သို့ပင် ဤပြဿနာသည် ရောင်းသူနှင့် ဝယ်သူကြား (သို့) ပေးချင်သူနှင့် လိုချင်သူကြား (သို့) လွတ်နေသောနေရာနှင့် အလုပ်လုပ်ချင်သူတို့ အကြေား (သို့) သွားချင်သူများနှင့် ခေါ်ချင်သူ များအကြား စီမံခန့်ခွဲပေးသည့် စနစ်ဖြစ်သည်။
ံပုံ ကား (၅) စီးနှင့် တည်နေရာ (၅) ခု ကို ဖော်ပြထားသည်။ ကားများသည် Taxi များလည်း ဖြစ်နိုင်သည်။ ရဲကားများလည်း ဖြစ်နိုင်သည်။ မီးသတ်ကားများလည်း ဖြစ်နိုင်သည်။ နေရာ များသည် Taxi ငှားလိုသူများလည်း ဖြစ်နိုင်သည်။ ရာဇဝတ်မှု ကျူးလွန်ရာနေရာ (သို့) 199 ကို ခေါ်ပြီး ရဲစခန်းသို့ အကူညီတောင်းသော နေရာများလည်း ဖြစ်နိုင်သည်။ မီးလောင်နေသော နေရာများလည်း ဖြစ်နိုင်သည်။ အတွင်းမှ ဂဏန်းများမှာ အကွာအဝေး မိုင် (သို့) ကီလိုမီတာ များဖြစ်သည်။ ထိုအကွာအဝေးများကို ကြိုတင် မှတ်သားထားရမည်ဖြစ်ပြီး ယဉ်များ၏ ရွေ့လျှားနေမှုအပေါ်တွင် အမြဲ ပြောင်းလဲ ဖော်ပြပေးရမည်။ ယင်းအတွက် GPS ဂြိုလ်တုများ (သို့) GSM အန်တင်နာ များကို အသုံးပြု ရမည်ဖြစ်သည်။ GSM Antenna များဖြင့် တည်နေရာ ဖော်ပြပုံကို http://www.meepyatite.info/2009/06/1.html တွင် မြန်မာ၊ အင်္ဂလိပ်၊ ရုရှား သုံးဘာသာဖြင့် ရေးသားထားသည်။ ဂြိုလ်တုများ အကြောင်း သိလိုပါက http://www.meepyatite.info/2009/11/blog-post.html တွင် လေ့လာနိုင်သည်။ စာအုပ်လိုက် ဖတ်လိုပါက http://www.meepyatite.info/2010/05/satellite-system-navigation-system-gnss.html တွင် ဖော်ပြထားသည်။
မတူညီသော နေရာ ၅ ခု သို့ ရောက်ရှိနေသော Taxi ၅ စီးကို မတူညီသော နေရာ ၅ နေရာမှ ခေါ်ချိန်တွင် မည်သည့် Taxi ကို မည်သည့် နေရာသို့ သွားခိုင်းမည်နည်း?? မတူညီသော နေရာများသို့ ရောက်ရှိနေသော ကင်းလှည့်နေသည့် ရဲ ကား ၅ စီးကို အခင်းဖြစ်ပွားနေ သော နေရာ ၅ ခု အတွက် မည်သည့် ကားကို မည်သည့်နေရာသို့ သွားခိုင်းမည်နည်း?? မီးသတ်စခန်း ၅ ခု မှ မီးသတ်ကား များကို တစ်ချိန်တည်း မီးလောင်နေသော နေရာ ၅ နေရာအတွက် ဘယ်စခန်းက ကားများကို ဘယ်နေရာသို့ စေလွှတ်မည်နည်း?? အရေးပါသည့် မေးခွန်းများဖြစ်သည်။ လွယ်လွယ်ဖြေလျှင်တော့ အနီးဆုံးနှင့် အမြန်ဆုံးရောက်နိုင်သည့် ယဉ်များကို အနီးဆုံးနေရာများသို့ ပို့မည်ဖြစ်သည်။ မှန်သည်။ အနီးဆုံးနှင့် အမြန်ဆုံးကို မည်သို့ သိနိုင်မည်နည်း?? အောက်တွင် ဆက်လက်ပြီး အဖြေထုတ်ကြပါစို့။
ရရှိလာသော အဖြေသည် အလွန်အရေးကြီးပေသည်။ ၁၀၀% နှုံးမှန်ကန်ဖို့လိုအပ်သည်။ သို့မှသာ အနီးဆုံးနေရာသို့ အနီးဆုံးယဉ်မှ ရောက်ရှိသွားပြီး ပျက်ဆီးဆုံးရှုံးမှုများနှင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3r0ovEUQsqyjafc4ig-46occrBADGRjh_R-l7lkjpq9tRZn32PukX0vP0zPscAUOGNk_PJ1zCuLfaK7TJUz5nNl_FzQ6TkCxvXzxEaHX3rwmDfeISU1U6uzrYr9ejMPBKWrJRHrUc3QBa/s400/2.png)
ပထမဆုံး အနေနှင့် ဇယားအတွင်းမှ အတန်း (row) အလိုက် အငယ်ဆုံး ဂဏာန်းများကို ရွေးချယ်ပါ။ ထို့နောက် ထို ဂဏန်းများဖြင့် အတန်း တစ်ခုလုံးကို နုတ်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyGg8otUAF85NMbbyYfSjLbQyDoQbEiIDzRNSdQyH9RW2uqPr_bnOXS9hCOaT3m25g1fUeTHK15JbdCOTVhz4MyutnrPcvECIRyzGt-uASxNufM8VNBSToGorWAn7U-5qMsr4o4Y5YLO5_/s400/3.png)
အတန်းတိုင်း အတွက် သုည များ ရရှိလာပါလိမ့်မည်။ ထို့နောက် အတိုင် (column) တိုင်းတွင် သုညများ ရှိမရှိ စစ်ဆေးပါ။ မရှိပါက မရှိသည့် အတိုင် မှ အငယ်ဆုံး ဂဏန်းကို ရှာ၍ အတိုင် တစ်ခုလုံးကို နှုတ်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifoO3tiF-SXv42fbtGlqa4Yc6Y8Gmjnio7kGKUDLQ2yI6bGuxBCJHfc0brlly7C59OrKPmiRtkrbR86pW4cru36VJx64uzZb1XEumovciou10D8LCE97ctFzVP7YOcDOH1YoPV9kg6CqJK/s400/4.png)
ယခုဆိုလျှင် အတန်းတိုင်း၊ အတိုင်တိုင်းအတွက် သုညများ ရရှိလာပြီဖြစ်သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnQtBMcvrChhlJq73b3Ee4jD1Kz1TG0Ed0pTKTTlZnsD1eA6MjD0-u9BSzsk9gEVgfiUIqC7mZjJOKFBC6uaeGff1OB3IEf5LTH_bhOR55VnDUlnag6qz_5zsMDrKT8HBs5AzS6BIzA6kt/s400/5.png)
သုည ရှိရာ နေရာများအတိုင်း ချိတ်ဆက်လိုက်ပါ။ ယခု အနေအထားတွင် မည်သည့်ယဉ်က မည်သည့်နေရာသို့ သွားနိုင်ကြောင်း သိနိုင်ပြီဖြစ်သည်။ ကားအမှတ် ၁ အတွက် အနီးဆုံး မှာ နေရာ ၂ ဖြစ်သည်။ ကား အမှတ် ၂ အတွက် နေရာ (၁)(၃)(၅) သုံးခုလုံး က အနီးဆုံးတွေဖြစ်၍ ကြိုက်တဲ့နေရာ သွားနိုင်သည်။
တစ်စီးစီက တစ်နေရာစီ ဖော်ပြလျှင် ပြဿနာ ပြေလည်သွားမည်ဖြစ်သော်လည်း အကွာအဝေး တူနေသောကြာင့် ပိုမိုရှုပ်ထွေးလာမည်။ အဆင်ပြေသည့် တစ်နေရာ လွှတ်၍လည်း မဖြစ်ပေ၊ ကျန်သည့် ယဉ်များအတွက် ကျန်သည့်နေရာများက အဝေးဆုံးတွေလည်း ဖြစ်နိုင်သည်။
ဤအနေအထားတွင် ပထမဆုံး ယဉ်တစ်စီးမှ တည်နေရာတည်းကိုသာ သွားနိုင်သော ရလဒ်များ နှင့် နေရာတစ်နေရာမှ ယဉ် တစ်စီး ကိုသာ လက်ခံသော ရလဒ်များကို အရင် ရွေးထုတ်ဖို့လိုသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJYQ0P2g8nvPWCsz0t8FYUk5SSmExoq35dskPhkMxATKWZLCEPmMvDP424C27HRlT4Jx1TtL_1ZBrQzIpj7-tN54c_YvjX0rbLQq4hmARrmPeORqa40VsbXdOPlvgg6zHxWJP1gtXsZOSq/s400/6.png)
ရလဒ်များအတိုင်း လမ်းကြောင်းများကို အနီရောင်ဖြင့် ဖော်ပြထားသည်။ မူလတွင် X2 သည် Y1, Y3, Y5 နေရာ သုံးခုလုံးသို့ သွားနိုင်သော်လည်း Y1 နှင့် Y3 သို့ အခြား ယဉ်များလည်း သွားနိုင်သည်။ သို့သော် Y5 သို့ သွားရန်မှ X2 တစ်စီးသာရှိသောကြောင့် X2 ကို Y5 သို့ သေချာပေါက် စေလွတ်ရပေမည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt_hWI_pwPpcQ8FH90pp5DasmdTTsmclJN4HlJpWr8Tmf-TOYyOphrHek-A7kOd_xSHQLljs-QQA3YffQ8ARVNq-891DvbJQ2be5WO_5djVOyUt1dQdQHzfC8iQtFcfxKPgDzdJpf-B1zI/s400/7.png)
ဤ အခြေအနေတွင် ယဉ်အရေအတွက် နှင့် တည်နေရာ အရေအတွက် မှာ ၅ ခုစီဖြစ်ပြီး။ ရလဒ် ၄ ခု ထွက်နေသောကြောင့် နောက်ဆုံး ကျန်ခဲ့သည့် ယဉ် X4 ကို နောက်ဆုံးကျန်ခဲ့သည် Y1 သို့ စေလွှတ်နိုင်သည်။ သို့သော် လမ်းကြောင်း ရလဒ်များ နည်းလျှင်သောလည်းကောင်း၊ ယဉ်နှင့် နေရာ အရေအတွက်တို့ များလျှင်သော်လည်းကောင်း ဆက်လက် အဖြေရရန် လိုအပ်ပေသည်။
ပုံတွင် ရှင်းလင်းထားသည့်အတိုင်း α (alpha) မရှိသော X (၃) လုံးနှင့် α (alpha) ရှိသော Y တစ်လုံးကို ရွေးချယ်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9aYxiS5y3DxpVEXLHi8hzH7yE8bWtpMF4W2Dpal-ppH_w0PnhwQcWGJxGmD4OnYmQj14HpPpmyew9T0T8gBahsRllrr8m__-mfBEqRyNFcRBRHZ7OT9KAOYQJQ9wQMQNj69LXU7HcqsM-/s400/8.png)
ထို နေရာများကို အရောင်ခြယ်လိုက်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBDcIwihlm1xlbYSGXvB8rYfmMUqpPBOUzzov_BThEyGZ0JJOGKqSe8qbp6Qr-oIBYnZo7KxlEievqWdkoEwKrlco1rebON8f_jKFTrLPJMNoEc12Siq_L9mZaPHiJeKwdsgeW4UOQ4GyV/s400/9.png)
ထို့နောက် အရောင် မခြယ်ထားသော ဂဏာန်း ၈ ခုထဲမှ အငယ်ဆုံး ဂဏာန်း ကို ရွေးချယ်၍ ပုံတွင် ပြထားသည့် အတိုင်း အရောင်ခြယ်ထားသည့် အတန်းများအားလုံး ကို ပေါင်းထည့်ပြီး အရောင်မချယ်ထားသော အတိုင်များကို နှုတ်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbgaaJIrIxi7_Qbux5tITZIxyHsK_viEl_xOooZkz1JXVL9Br9gomtLM6LFjoK5RKjKJsBicc46lmOykZW5mIb4rJYdO135LX5qeYvVrF7kl_s7wUcmCzEJhAZ9nz5j4n2nDUFXQa0SUMB/s400/10.png)
ထို့နောက် ဇယားတွင် သုည အသစ်များ ထပ်ရလာလိမ့်မည်။ ထို သုည အသစ်များအတိုင်း နေရာများနှင့် ယဉ်များကို ချိတ်ဆက်လျှင် အနီးဆုံးလမ်းနှင့် အလျှင်မြန်ဆုံး ရောက်ရှိမည့် ရလဒ်ကို ရရှိမည်ဖြစ်သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP4Ls4qp4MmlA6PssKtvHFfvtBF4IopDkzLPqtY_qa9ik03D-5jNQB_AfnBekLiEcZ22sbSYuMbtNvOQlYl5RpWs8hwUc1ga1eP2taPKe1plW-BwJo0e4LpFNxiUAtPnHf9aTTtjojMHTa/s400/11.png)
မူလ ဇယားနှင့် ရလဒ် တို့မှာ ပုံတွင် ပြထားသည့်အတိုင်းဖြစ်သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_udJp10gUvUIy-fZzHsX8VkIKZW-YGggR3VoOmAYn42cbLLRn3d0uJpeixBDPO3Tm4LwG0hvYFpKscXa7iZFVBtzNfK_xsjnXHY1pgYm8ELU9eg8zBGp79H2E5JsFGM-w7mZOmiC_-r-7/s400/model.png)
Hungarian Assignment Method ကို မြန်မာနိုင်ငံတွင် အသုံးပြုရန် လုပ်ထားသော Modal ဖြစ်သည်။ ဖော်ပြပါ ပုံသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်နေရာဖြစ်ပြီး ကား ပုံများသည် မီးသတ်စခန်းများ (သို့) ရဲကားများ ဖြစ်သည်။ အနီရောင် အလံများမှာ အရေးပေါ် သွားရန်လိုအပ်သော နေရာများဖြစ်သည်။ ယင်းအခြေအနေမျိုးတွင် မည်သည့် စခန်း က မည်သည့်နေရာကို သွားရောက်တာဝန်ယူရန် ချက်ချင်းမသိနိုင်ပေ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvkgzRlFaWrUm7D05mB80CXnHD4mxpuLAFv6lNnZm_EhECyIC1qJ216s0e8apWisQYqRgIWN33wpBpxMMWjhKJFPnENK6k0P0HvhlisbL_HSlrEtBynSudyyZiBkXQS5XNdwjtoWNd99zS/s400/model2.png)
အထက်ပါ ပုံမှာ ရလဒ် အဖြေဖြစ်ပြီး ဤ Program ကို C# ထဲ တွင် ရေးထားသည်။ ယဉ်များနေရာတွင် လူမောင်းယဉ်များအပြင် မောင်းသူမဲ့ ယဉ်များကိုလည်း အစားထိုး အသုံးပြုနိုင်သည်။ မောင်သူမဲ့ ယဉ်များအကြောင်းကို http://www.meepyatite.info/2010/09/navigation-system-darpa.html တွင် ရေးသားခဲ့ပြီးဖြစ်သည်။
Simplex Method
Simplex Method ဆိုသည်မှာ အလွန်ရှုပ်ထွေးပြီး ငြီးငွေ့ဖွယ်ကောင်းသော နည်းလမ်းဖြစ်ကြောင်း အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခု Simplex Method ဥပမာ ပုဒ်စာတစ်ပုဒ်ကို ရှင်းလင်းပြပါမည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVhIxwL2qXRZSC0bG1DCtJGHETvzBmAk_L8LnCnRsOUSTLmv-3xCI-pHdrR0pQ7YPHlIhKCF7o8tufec8RxfnpSHKtZVFDW1MG2CsKnyUzzG4dApsCc6jap7rZlXypr1aPsC-EoZebs5Bq/s400/simplex1.png)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIDMcVI5IGG0kfGB3r5u0_YfUrmkV91D_NQ5gc0B_kHGqEgVmFv1f9mx9PvfQBDBIF9hGk4_t8q9N03a7Jj_KmBehEipYPfMPaO7TEvLlklVUvaSAwYEsoS0-a5aDU8GLAbZDGZ2fMBAeF/s400/simplex2.png)
ပထမဆုံး နောက်ထပ် မသိကိန်း အသစ် ၃ လုံးကို တစ်လုံးစီ ပေါင်းထည့်ပြီး မညီမျှခြင်းကို ညီမျှခြင်းအဖြစ်ပြောင်းပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLrusPMv66ibv-6VlzlvKqR6vGw5HCC4M76jiMvMIwsDkoq3RlpJ4FVCIqto1x_4jjXj6gGN3LBDT7D8KPueEY4En0ZmvvHhYSAG4KY4wAWnJ2Yq2zEbaShL3GpaCM-U05S457PBd2_eHq/s400/simplex3.png)
ထို့နောက် ဇယားအတွင်းသို့ ပုံတွင် ပြထားသည့်အတိုင်းထည့်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXrLxR7gQl7v6vnIj-dv5KzbLLlTH6dBhBzXhKjdROivGgjAS21ZX82JemCxe2LxZqsZ5WaD8O5jxqLcAjVrh4xTmRwZqxgwPzInActI7QO0CJR3qpQXwdM2viWr52BdK4Pf9uu0Q8oynX/s400/simplex4.png)
ထို့နောက် အသစ်ထည့်လိုက်သည့် မသိကိန်း (၃) လုံး၏ တန်ဖိုးများကို ရရှိလာသည်။ စာဖြင့် နားလည်အောင် ရေးသား၍ မဖြစ်နိုင်သောကြောင့် ဗွီဒီယိုဖိုင်ကို ဆက်ကြည့်ပါ။ မည်မျှ ရှုပ်ထွေး ငြီးငွေ့ဖွယ်ကောင်းကြောင်း သိနိုင်သည်။
Simplex Method သည် ရှုပ်ထွေးသော်လည်း Navigation System အတွက် အသုံးဝင်သည်။ Simplex Method ကို အသုံးပြု၍ တည်နေရာကို တိတိကျကျ ရှာဖွေနိုင်ပေသည်။ တည်နေရာ ရှာဖွေခြင်းအကြောင်းနှင့် ပတ်သက်ပြီး ကမ္ဘာ့နေရာပြစနစ် ခေါ် (GPS System) အကြောင်းကို http://www.meepyatite.info/2009/01/global-positioning-system.html တွင် လေ့လာနိုင်သည်။ တည်နေရာရှာဖွေခြင်းသည် Navigation System ၏ အရေးပါဆုံး အချက်ဖြစ်ကြောင်း ကိုလည်း http://www.meepyatite.info/search/label/My%20Research%20And%20 Development% 20 Of% 20.... မှ post အတော်များများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုလည်း ဂြိုလ်တုများ မလိုပဲ Simplex Method ဖြင့် တည်နေရာကို ရှာဖွေနိုင်ကြောင်း ဖော်ပြပါအုံးမည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ope40lUDvAZ99uBq61AapccqpgKIikRZladmGqzePXMYKCmSwLMeU8wC5u5Kq_tAXMVyNzm7ls_jzlR_JWR30gU4bp9gq-4-Dn-MLA9L90EOyx5flWyocDbRiutFS_wIiY1otS9C0BvO/s400/g1.png)
Simplex Method မသိကိန်း များပါဝင်သော မညီမျှခြင်းများရှိကြောင်း အထက်တွက် ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို မညီမျှခြင်းများအတိုင်း ပုံတွင် ရေးဆွဲလိုက်ပါ။ မညီမျှခြင်းများမှ less than (< ) ဆိုလျှင် အတွင်း၊ greater than ( > ) ဆိုလျှင် အပြင် သို့ ရေးခြယ်ပါ။ ထို့နောက် လိုချင်သော တည်နေရာ အကွက်ငယ် တစ်ခုကို ရရှိမည်ဖြစ်သည်။ မညီမျှခြင်း အကြောင်းရေ များလျှင် များသလောက် တိကျမည်ဖြစ်သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBdhy02xUZz1YXwI5qE1LNHI0UZDI6xR_JImy7jVFPhMOKxiINdB3lVPMaUP2BSwF5njdOSe3lxeCdcXJRCsCehE2YaAvvc1kB7NPzSSPf_iW8F2yfbKISEI0WFRXr3-IilNqibA4MNi1i/s400/lp4.png)