Simplex method for solving problems of navigation and traffic control  

Posted by ADMIN in

ဒီရက်ပိုင်း လုံးပန်းနေတဲ့ April ၁၉ ရက်နေ့မှာ National Research University (MIET) တက္ကသိုလ် တွင် ကျင်းပမည့် ကျောင်းသားများနှင့် postgraduate များ၏ ၁၈ ကြိမ်မြောက် သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ conference "Microelectronics and Informatics - 2011" အတွက် ပြင်ဆင်ထားတဲ့ Presentation ဖြစ်ပါတယ်။



Simplex method ကို အသုံးပြု၍ navigation ပြဿနာများကို ဖြေရှင်းခြင်း နှင့် ရွေ့လျှားနေသော အရာဝတ္ထုများကို control လုပ်ခြင်း။





Navigation System ဆိုသည်မှာ low emission power ကို အသုံးပြုထားသော အန္တရာယ်ကင်းသည့် ဘာကိုမှ မှီခိုမထားသော စနစ်ဖြစ်သည်။ Navigation System ၏ အဓိက အနှစ်သာရမှာ ရွေ့လျားနေသော အရာဝတ္ထုများ၏ တည်နေရာကို ရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်။ ဂြိုဟ်တုစနစ်များမှ ရရှိသော information များကို အသုံးပြု၍ တည်နေရာများကို ရှာဖွေခြင်းများ၊ ရွေ့လျား ဝတ္ထုများကို management လုပ်ခြင်းဖြစ်သည်။ ယနေ့ကမ္ဘာ့နိုင်ငံများတွင် ရင်ဆိုင်နေရသော မော်တော်ယဉ်အရေအတွက် များပြားလာသည့်ပြဿနာအတွက် နိုင်ငံအလိုက် သယ်ယူပို့ဆောင်ရေး စနစ်များက control လုပ်ဖို့ လိုအပ်လျှက်ရှိသည်။ (
Navigation System နှင့်ပတ်သက်ပြီး http://www.meepyatite.info/2008/03/navigation-system.html တွင် NAVIGATION SYSTEM ခေါင်းစဉ်ဖြင့် လည်းကောင်း၊ http://www.meepyatite.info/2010/09/navigation-system-darpa.html တွင် Navigation System & DARPA ခေါင်းစဉ်ဖြင့်လည်းကောင်း၊ http://www.meepyatite.info/2010/05/satellite-system-navigation-system-gnss.html တွင် Satellite System, Navigation System, GNSS Technology & GPS Technology ခေါင်းစဉ်ဖြင့်လည်းကောင်း ဖော်ပြခဲ့ပြီးဖြစ်သည်)




Monitoring လုပ်ခြင်းကို ကြီးမားကျယ်ပြန့်သော ပြဿနာများဖြစ်သည့် လက်တလော တည်ရှိနေသည့် တိကျသော တည်နေရာရှာဖွေခြင်း၊ လုံခြုံရေးစနစ်များ၊
vehicles များကို remote-control လုပ်ခြင်း လုပ်ငန်းများတွင် အသုံးပြုသည်။ Navigator နှင့် GSM / GPS / GPRS စနစ်များကြားတွင် data များ exchange လုပ်ရာတွင် SMS စနစ်က ပိုမို ထိရောက်မှုရှိသည်။ သို့သော် Navigator နှင့် ယဉ် အရေအတွက် များပြားလာပါက simplex method ဖြင့် ဖြေရှင်းပါက အဆင်ပြေနိုင်ပေသည်။ (GPS ခေါ် Global Positioning System နှင့် ပတ်သက်ပြီး http://www.meepyatite.info/2009/01/global-positioning-system.html တွင် ဂျီပီအက်စ် စနစ် (Global Positioning System) ခေါင်းစဉ်နှင့် http://www.meepyatite.info/2009/03/gps_24.html တွင် GPS ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီးဖြစ်သည်။




Simplex method ဆိုသည်မှာ ၁၉၄၇ ခုနှစ်တွင် အမေရိကန် သခ်ျာပညာရှင် George Dantzig တွေ့ရှိထားသော linear programming ကို အခြေခံထားသည့် multidimensional space များတွင် optimization problem များကို ဖြေရှင်းပေးသည့် algorithm ဖြစ်သည်။
Simplex method ဖြင့် ပြဿနာများကို ဖြေရှင်းရာတွင် linear programming နှင့် graphical method များကို အသုံးပြုပြီး region တစ်ခုအတွင်းရှိ များပြားလှသော ပြဿနာများကို minimize လုပ်ပေးသည်။ (Simplex method အကြောင်းကို http://www.meepyatite.info/2011/01/methods-of-assignment-problem.html တွင် Methods of Assignment Problem ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ဖူးသည်)



Simplex method ၏ အလုပ်လုပ်ဆောင်မှု အဆင့်ဆင့်မှာ ပထမဆုံး အမြင့်ဆုံး (သို့) အများဆုံး ရလဒ်များကို အခြေခံ၍ တွက်ချက်သည်။ ရရှိလာသော ရလဒ်များကို အများမှ အနည်းသို့ (သို့မဟုတ်) အနည်းမှ အများသို့ အချိန်ပေါ်တွင် မူတည်ပြောင်းလဲမှု အတိုင်း စီစဉ်သည်။ အခြေခံနည်းအတိုင်း အမြင့်ဆုံးရလဒ်နှင့် ၎င်းမတိုင်ခင် ရှေ့မှ ရလဒ်တို့၏ အချိန်ပေါ် မူတည်၍ ပြောင်းလဲမှုကို တွက်ချက်သည်။ ရှာဖွေရရှိထားသော အချက်အလက်များကို linear programming အတွင်း ထည့်သွင်း၍ အဖြေကို ရှာဖွေသည်။




ဤနည်းကို အသုံးပြုရာတွင် သာမန် ပြဿနာအား linear programming ပြဿနာ ပုံစံမျိုးဖြစ်ပေါ်စေရန်အတွက် အတုအယောင် တစ်ခု ဖန်တီးရသည်။ ညီမျှခြင်း၏ တဖက်မှ ရလဒ်များအားလုံးကို သုညထက် ကြီးကြောင်း (သို့) သုည နှင့်ညီကြောင်း ယူဆ သတ်မှတ်ရသည်။ ညီမျှခြင်း အရေအတွက် များလျှင်များသလောက် M အရေအတွက်လည်း များလာမည်ဖြစ်သည်။




ပုံတွင်ပြထားသည့်အတိုင်း ညီမျှခြင်း တစ်ခုလျှင် မသိကိန်းနောက်တစ်ခု အသစ်ပေါင်းထည့်၍ မညီမျှခြင်း များကို ညီမျှခြင်း အဖြစ်သို့ ပြောင်းလဲယူရသည်။ n တန်ဖိုးမှာ ညီမျှခြင်းတွင် ပါရှိသော မသိကိန်းအရေအတွက်ဖြစ်ပြီး m မှာ ညီမျှခြင်း အရေအတွက်ဖြစ်သည်။ မသိကိန်းအရေအတွက် တိုးလာတိုင်၊ ညီမျှခြင်း အရေအတွက် တိုးလာတိုင်း n နှင့် m တန်ဖိုးများ တိုးလာမည်ဖြစ်သည်။




Simplex table ဖြေရှင်းနည်းတွင် Simple Method တွင် Table နည်းဖြင့် ဖြေရှင်းမည် ဆိုလျှင် variable များကို ဇယားအတွင်းသို့ ထည့်သွင်းရမည်။ ထိုသို့ထည့်သွင်းရာတွင် variable များကို column အတိုင်း အစဉ်လိုက်ထည့်သွင်းရမည်။ variable များအားလုံး ကို ဇယားတွင်း ထည့်သွင်းပြီးချိန်တွင် ရှုပ်ထွေးနေသော ပြဿနာသည် အကန့်အလိုက် ရိုးရှင်းသော သာမန်ပြဿနာသို့ ပြောင်းလဲသွားသည်။ Columns အားလုံးကို အစားသွင်းပြီးချိန်တွင် သာမန်လွယ်ကူသော ပြဿနာအဖြစ်သို့ ပြောင်းလဲသွားပြီး ဖြေရှင်းရန်အသင့်ဖြစ်သွားသည်။ အကယ်၍ M တန်ဖိုး အလွန်များနေသည်ဆိုပါက အချိန်နှင့်အမျှ ပြောင်းလဲမှု ရလဒ်အတိုင်း ကိန်းရှင်များကို ဆက်လက်ထည့်သွင်းရမည်ဖြစ်သည်။ ထိုသို့ထည့်သွင်းခြင်းအားဖြင့် မူလက ဖြေရှင်းဖို့မဖြစ်နိုင်သော ပြဿနာကြီး မှ အပိုင်းအလိုက် ပြဿနာများဖြစ်လာစေသည်။ နောက်ဆုံးတွင် M တန်ဖိုး သည် အဓိကဖြစ်လာပြီး row အလိုက် M များ အပို ပါဝင်လာ ကာ ကွန်ပျူတာ အခြေခံတွက်ချက်နည်းအတိုင်း M ကို မြှောက်ဖော်ကိန်းအဖြစ် တွက်ထုတ်အဖြေရှာနိုင်သည်။










ညီမျှခြင်းများကို ဇယားတွင် Simplex Method အတိုင်း အဆင့်ဆင့် အစားသွင်း တွက်ချက် အဖြေရှာပုံများ ဖြစ်သည်။




Graphical solution နည်းဖြင့် LP (linear programming) ပြဿနာကိုဖြေရှင်းပုံမှာ ဖော်ပြပါအတိုင်းဖြစ်သည်။ ဥပမာ ပေးထားသော ညီမျှခြင်း ဖြစ်သည်ဆိုပါဆို့ ခြယ်ထားသော ဧရိယာသည် constraints အားလုံး၏ အဖြေဖြစ်သည်။ linear programming ပြဿနာကို ဖြေရှင်းနည်းအတိုင်း လိုအပ်သော ကောင်းဆုံးရလဒ် အများဆုံးတန်ဖိုးကို ရရှိသည်။ objective function အတိုင်း အချိန်အလိုက် ရလဒ်များကို ထည့်သွင်းအဖြေရှာခြင်းကို optimal value of LP problem ဖြေရှင်းခြင်း ဟုခေါ်သည်။






Graphical Solution နည်းကို အသုံးပြုအဖြေရှာခြင်းဖြင့် ဘောင်ကို တဖြည်းဖြည်း ကျဉ်းသည်ထက်ကျဉ်းအောင် ပြုလုပ်ပုံများဖြစ်သည်။





ဖော်ပြပါ slide တွင် object တစ်ခု၏ location ရှာဖွေပုံကို ဥပမာ ပြထားသည်။ Research လုပ်မည့် Area တစ်ခုတွင် antenna ၄ ခု နှင့် navigator တပ်ဆင်ထားသော ယဉ် တစ်စီး ရှိသည် ဆိုပါဆို့။ အလုပ် စလုပ်သည်နှင့် တပြိုင်နက် Navigator မှ antenna ၄ ခု ဆီမှာ signal များကို အသီးသီးရရှိပေမည်။ ထို signal များ၏ အလျှားပေါ်တွင် မူတည်၍ အသုံးပြုမည့် ဧရိယာပေါ်တွင် ဝင်ရိုးနှစ်ခု သက်မှတ်ကာ ညီမျှခြင်းများကို ရှာဖွေတွက်ချက်မည်ဖြစ်သည်။ ရရှိလာသော ညီမျှခြင်းများဖြင့် အသုံးပြု ဧရိယာပေါ်တွင် line များရေးဆွဲနိုင်သည်။ (အထက်တွင်
Navigator နှင့် Satellite စနစ် များအကြားဟု ဖော်ပြခဲ့ပြီး ယခုအခါ Satellite များ နေရာတွင် Antenna များကို အသုံးပြုရခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် Satellite လွတ်တင်နိုင်ခြင်း မရှိသေးသောကြောင့်ဖြစ်သည်။ Satellite များ နေရာတွင် Antenna များဖြင့် အစားထိုး အသုံးပြုကာ တည်နေရာကို Simplex Method မဟုတ်ပဲ Power တန်ဖိုး ကို မှီခိုရှာဖွေသည့် အကြောင်းနှင့်ပတ်သက်ပြီး http://www.meepyatite.info/2008/05/antenna-navigating-system.html တွင် Antenna Navigating System ခေါင်းစဉ်ဖြင့်လည်းကောင်း၊ http://www.meepyatite.info/2009/06/1.html တွင် MY RESEARCH ( RUS / ENG / MM ) ခေါင်းစဉ်ဖြင့်လည်းကောင်း ရုရှား၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာဖြင့် ဖော်ပြထားသည်ကို ပြန်လည်လေ့လာနိုင်ပြီး http://www.meepyatite.info/2009/11/blog-post.htmlတွင် အရေးပါဆုံး ဂြိုဟ်တုစနစ်များနှင့် ကျွန်ုပ်တို့၏ကမ္ဘာကြီး ဟူသော ခေါင်းစဉ်အောက်တွင် ဂြိုဟ်တုစနစ်များအကြောင်း နှင့် http://www.meepyatite.info/2010/07/idea.html တွင် သိပ္ပံ နှင့် နည်းပညာ ဆိုင်ရာ Idea အချို့ ကို လေ့လာနိုင်သည်)




ဥပမာ ပထမဆုံး အတိုင်းတာမှုတွင် 3x +4 y ≤ 12 ဟူသော ညီမျှခြင်း ရရှိပါက x နှင့် y တန်ဖိုးများမှာ x = 4, y = 3 ဟူ၍ ရရှိပေမည်။ ထိုတန်ဖိုးများအတိုင်း မျဉ်းတစ်ကြောင်းကို ရေးဆွဲနိုင်ပြီး ဤအနေအထားတွင် ကျွန်ုပ်တို့ ရှာဖွေနေသော object သည် 3x +4 y ≤ 12 မျဉ်း၏ အတွင်းတွင် ရှိမည်ဟု ကျိန်းသေ ပြောနိုင်မည်ဖြစ်သည်။ ထို့နောက် အတိုင်းအတာများကို antenna နောက်တစ်ခုမှ ရရှိလာသော ညီမျှခြင်းဖြင့် ဆက်လက်တွက်ချက်ပြီးချိန်တွင် ပုံတွင် ဖော်ပြထားသည့်အတိုင်း မျှဉ်းနှစ်ကြောင်း ရရှိမည်ဖြစ်သည်။ ၎င်း အခြေအနေတွင် ကျွန်ုပ်တို့ ရှာဖွေနေသော object သည် ရရှိလာသော မျဉ်းနှစ်ကြောင်းအတွင်းသာ သေချာပေါက်ရှိမည်ဖြစ်ပြီး အဖြူရောင် ခြယ်ထားသော နေရာများတွင် လုံးဝ မရှိကြောင်း သိရှိနိုင်သည်။





တတိယမြောက် နှင့် စတုထ္တမြောက် တို့မှ အတိုင်းအတာများ ရရှိအပြီးတွင် အနီရောင် နှင့် အစိမ်းရောင် မျဉ်းများ ရရှိလာမည်ဖြစ်ပြီး မျဉ်းများ၏ ဆုံမှတ် (သို့) တြိဂံ သည် ကျွန်ုတို့ လိုအပ်နေသော တည်နေရာပင်ဖြစ်သည်။





Conclusion

The location of the antennas is selected for reasons of security zones crossing action antennas, so that would provide quality reception of transmitted signals and the location of antennas in a space with light maps. Creating such systems is of particular importance for those countries which have no satellites, such as Myanmar. In this paper the option of establishing a navigation system for the capital city of Myanmar, Yangon. Proposed location of antennas, Methods of modulation and signal processing as well as the structure of mobile transmission and receiving devices. Using antenna navigation system used on its own territory, allows to determine the location of objects more precisely. This system is very fast and can be easily deployed anywhere in the world. Speed of receiving and sending signals faster than in other systems. In addition the system is available at cost.





Thus in




  • Examines the use cimpleks method for solving problems of navigation;

  • Consideration of options for the construction of systems for processing and managing information on the status of facilities management;

  • The possibility of using an antenna system in the absence of satellites;

  • In addition, the proposed method can solve many problems in navigation, such as coordinate the work of the fleet, the search of the vehicle in case of theft, and many others.



1 comments

MBA မှာလည်း Decision Science အတွက် LP Model တွေပဲ သုံးရတာပဲ ဘယ်ဟာပဲ ကြည့်ကြည့် LP model ကနေ မလွတ်ဖူးလား မသိဘူး :(

Post a Comment

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

မာတိကာ

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com