အကျိုးကျေးဇူးမရှိပဲ အချိန်မကုန်ကြစေနှင့်  

Posted by ADMIN in



"အိပ်မပျော်သောသူတစ်ဦးအတွက် ညတာ အလွန်ရှည်၏၊ အလွန်အိပ်ကောင်းနေသူတစ်ဦးအတွက် ညတာ အလွန် တို၏" ဟု ဗုဒ္ဒဘုရားရှင် ဆုံးမ ခဲ့ဖူးသည်။ ထိုသို့ပင် အလုပ်သိပ်များနေသူတစ်ဦးအတွက် အချိန်သည် မလုံလောက်သလိုပင် အလုပ်မရှိသူတစ်ဦးအတွက် အချိန်တွေ သိပ်ပြီး ပိုနေပေလိမ့်မည်ဖြစ်သည်။

ယနေ့ မြန်မာလူမျိုးတစ်ဦး၏ လူ့ဘဝသည် ပျမ်းမျှ ၇၅ နှစ် နှင့် ၈၀ ကြားတွင်သာ ရှိကြသည်။ ထိုအရွယ်တွင်မှာပဲ အသက် နှင့် ဘဝ နှစ်ခုလုံးကို လုံးဝ အဆုံးသတ်ကြရသည်။ ၇၅ နှစ်၊ ၈၀ နှစ် သည် ဘဝ အဆုံးဟု ဆိုသော်လည်း ဘဝ အစ မှာ ၂၅ နှစ် (သို့) ၃၀ နှစ် (သို့) ၃၅ နှစ်မှ စနိုင်ကြသည်။ ရေးတတ် ဖတ်တတ်ဖို့ သင်ကြားရင်း၊ ပျော်ပါးရင်း၊ အချိန်ဖြုန်းရင်နှင့် အချို့ဆိုလျှင် ၄၀ ကျော်ချိန်ထိ ဘဝ မစနိုင်သေးပေ။ ဘဝကို မစနိုင်သေးသည် ဆိုတာထက် ဘဝ ရဲ့ အနှစ်သာရ ကို ရှာဖွေဖို့ မေ့လျှော့နေကြသည်ဆိုလျှင် ပိုမှန်လိမ့်မည်။ ထိုအရွယ်များတွင် ဘဝ အတွက် အဓိပ္ပါယ်ရှိသော အလုပ်တစ်ခုကို စတင်လုပ်ဆောင်နိုင်ကြပြီး အသက် ၆၀ အရွယ်ရောက်သောအခါ အဆုံးသတ်သွားကြပြန်သည်။ အမှန်တကယ် အလုပ်လုပ်နိုင်သည့် အကောင်းဆုံး ချိန်က အလွန်နည်းလှသည်။

ကျွန်ုပ်တို့၏ ယခုလက်ရှိအသက်ကို ၆၀ ထဲမှ နှုတ်ကြည့်ပါက နောက်ထပ် အလုပ် အကောင်းဆုံး လုပ်ဆောင်နိုင်မည့် အချိန်အပိုင်းအခြားတစ်ခုကို ရရှိပေမည်။ ထိုကာလ အပိုင်းအခြားသည် ဘဝ တစ်လျှောက်လုံးအားဖြင့် အသင်ယူ၊ အလေ့လာရဆုံး အချိန်အပိုင်းအခြားတစ်ခုဖြစ်သလို၊ အကြိုးစား အရုန်းကန်ရဆုံး အပိုင်းအခြားလည်း ဖြစ်သည်။ ထို့အပြင် လူ တစ်ဦးနှင့်တစ်ဦးကို အခြေအနေ တစ်ခုမှ တစ်ခုသို့ လုံးဝ ကွဲပြား၊ ကွာဟ သွားအောင် ခွဲခြားပေးသည့် ကာလဖြစ်သည်။ ထို့ကြောင့် ဤမျှလောက်သော ဘဝ တစ်ခုလုံးအတွက် အရေးပါသည် လူလတ်ပိုင်းအရွယ် ကို စက္ကန့်နှင့်အမျှ အကျိုးရှိအောင် အသုံးချသင့်ပေသည်။

အချိန်တစ်ခုကို အသိပညာတစ်ခု သော်လည်းကောင်း၊ ဥစ္စာပစ္စည်းတစ်ခုသော်လည်းကောင်း၊ တရားဘာဝနာ တစ်ခုသော်လည်းကောင်း မရရှိလိုက်ပဲ မကုန်ဆုံးသင့်ပေ။ လုပ်ဆောင်မှုတိုင်းက ရည်ရွယ်ချက်ရှိနေရမည်။ အကျိုးမမဲ့စေရ။ လူငယ် တစ်ဦးနှင့် လူကြီးတစ်ဦးသည် ဦးနှောက်၏ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည် တူနေသော်လည်း လူကြီးတစ်ဦး၏ ဦးနောက်က လူငယ်တစ်ဦး၏ ဦးနောက်ထက် အလေးချိန်ပိုစီးနေရမည်။ ပိုမို တည်ငြိမ် ရင့်ကျက်နေရမည်။ မည်သူမဆို လူသားတစ်ဦးအနေနှင့် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့တွင် ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။ ထိုသို့မဟုတ်ပါက အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည်။ ထို့ကြောင့် တန်ဖိုးရှိသည့်အချိန်တွေကို တန်ဖိုးရှိရှိအသုံးချဖို့ ဗုဒ္ဓဘုရားရှင်က "အကျိုးကျေးဇူးမရှိပဲ အချိန်မကုန်ကြစေနှင့်” ဟု အမြဲမပျက်တိုက်တွန်းခဲ့သည်။

မှန်၏။ ဘဝသည် အလွန်တိုတောင်း၏။ အကျိုးမရှိပဲ အချိန်မကုန်စေဖို့ ကျွန်ုပ်တို့အားလုံး သတိပြုသင့်သည်။ မိမိအကျိုးစီးပွားသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်မှ လူသားတို့၏ အကျိုးစီးပွားကို သော်လည်းကောင်း၊ မိမိနိုင်ငံ နှင့် မိမိလူမျိုး၏ အကျိုးစီးပွားသော်လည်းကောင်း အချိန်ရှိသလောက် များများ အလုပ်လုပ်ဆောင်၍ မိမိ၏ခန္ဓာကိုယ် နှင့် မိမိအသိပညာ တို့အား ပြင်းပြင်းထန်ထန် အသုံးချပြီး အချိန်ကုန်စေဖို့ ကြိုးစားသင့်ပေသည်။



11 comments

ဒီပို့စ်မှာ Slip က အသက် ၄၀ ပတ်ဝန်းကျင် လူလတ်ပိုင်းတွေကို တခုခု အလိုမကျ ဖြစ်ပြီး ဆုံးမထားတာကိုး။ အမှန်က အသက် ၄၀ ပတ်ဝန်းကျင်တွေက ဘ၀ဖြတ်သန်းမှုအရ Slip တို့အရွယ်တွေထက် ပိုပြီးအတွေ့အကြုံရှိကာ လောကဓံဆိုတာကို Slip တို့အရွယ်တွေထက် ပိုခံနိုင်ရည် ရှိပြီးသားတွေ ဖြစ်တယ်။ပြည်ပမှာဖြစ်စေ၊ ပြည်တွင်းမှာ ဖြစ်စေ ဒီအရွယ် အတော်များများက Slip ပြောသလို အကျိုးကျေးဇူးမရှိ အချိန်ဖြုန်းဖို့ မအားလပ်နိုင်ဘူး။ လူငယ်ဘ၀က ဆိုးလာတေလာတယ် ဆိုတဲ့ ဆေးသမား ငါးသမားတွေတောင်မှ မိန်းမရပြီး မိသားစုဘ၀ကို ပိုင်ဆိုင်သွားပြီးနောက်ပိုင်းမှာ မိမိ မိသားစု ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေရတာပဲ များပါတယ်။ နဂိုကတည်းက မဆိုးတဲ့သူတွေဆိုရင်တော့ ဆိုဖွယ်ရာ မရှိပါဘူး။

အစ်မပြောပြမယ် အဲဒီအရွယ်တွေဟာ လူငယ်တွေလိုလည်း အွန်လိုင်းပေါ်မှာ အချိန်ဖြုန်းလို့ မအားဘူး၊ လူကြီးတွေလိုလည်း သားသမီးအကူအညီကို မရသေးဘူး။ သားသမီးက ငယ်သေးတော့ မိမိရဲ့ မိသားစု စားဝတ်နေရေး စီးပွားရေး၊ လူမှုရေး၊ မိသားစုကျန်းမာရေး၊ သားသမီး ပညာထူးချွန်ရေး၊ မိမိပတ်ဝန်းကျင်မျာ အများနည်းတူ ၀င်ဆံ့ရေး Community ထဲက သာရေး၊ နာရေး၊ လူမှုရေး စတဲ့ကိစ္စအ၀၀တွေနဲ့ လက်မလည်အောင် အလုပ်များဆုံးအရွယ် ဖြစ်တယ်။ ဒီလို အလုပ်များတဲ့ကြားထဲက ဒီအရွယ်တွေမှာ ၀ါသနာပါတဲ့ အစ်မတို့လူလူတွေက ကမ္ဘာနဲ့ မြန်မာမှာ လက်ရှိ ဖြစ်ပျက်ပြောင်းလဲနေတဲ့ Current Affair တွေကို အဆက်မပြတ် လေ့လာပြီး ပညာရေးမှာ နောက်မကျကျန်ခဲ့အောင် ၂၁ ရာစု လူငယ်များနဲ့ တန်းတူရည်တူ အမီလိုက်ပြီး ဖြတ်သန်းလာသော မိမိဘ၀အတွ့အကြုံ၊ မိမိထက် စောသူတွေလက်ထက်က အတွေ့အကြုံနဲ့ လက်ရှိလူငယ်တွေရဲ့ လက်တွေ့ဘ၀တွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး အတွေ့အကြုံကပေးသော သင်ခန်းစာတွေကို လည်း ပြန်လည်မျှဝေတာတွေကို မိမိအဆင်ပြေသလို လုပ်ကြပါတယ်။ ဒီအရွယ်တွေဟာ လူကြီးနဲ့ လူငယ်ကြားမှာ သဟဇာတရှိအောင် လုပ်နိုင်ဆုံး အရွယ်၊ သင့်တင့်မျှတဲ့ အတွေးအခေါ် ရှိဆုံးအရွယ် ဖြစ်တယ်။ Slip ပြောသလို အချိန်ဖြုန်းဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။

အမှန်က Slip ဆုံးမသင့်တာက Slip တို့အရွယ် လူငယ်တွေ အွန်လိုင်းပေါ်မှာ မိဘ (သို့) ပြည်သူလူထုရဲ့ ပိုက်ဆံဖြုန်းပြီး ရည်းစားပလူပျံအောင် Caatting နဲ့ ပတ်ချွဲနှပ်ချွဲ ထည်လဲတွဲပြီး မိန်းကလေးတွေကို စိတ်ဆင်းရဲအောင် လိုက်လုပ်ပြီး အချိန်ဖြုန်းနေတဲ့ လူငယ်တွေ အများကြီး ရှိတာကို Slip လို လေ့လာမှုအားကောင်းအောင် ပိုပြီး ဆုံးမသင့်ပါတယ်။ လေ့လာမှုအားကလည်း ကောင်း၊ အကျင့်စာရိတ္တကလည်းကောင်းပြီး သမ္မာဓိဋ္ဌိလည်း ရှိတဲ့လူငယ်တွေဆိုရင် တိုင်းပြည်အတွက် တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ဖြစ်မှာ သေချာပါတယ်။

ဘွားတော်ကလည်း အိုးမလုံ အုံလာပွင့်နေတယ်

အားနေတယ်ထင်တယ်။ အချိန်တွေ နှမျှောဖို့ကောင်းတယ်။ 'အကျိုးကျေးဇူးမရှိပဲ အချိန်မကုန်ကြစေနှင့်' တဲ့ ဘုရားကပြောထားတယ်။ ကိုယ့်ထက် ၁၅ နှစ်ကျော်ငယ်တဲ့လူတွေတောင် သိမြင်နားလည်နေပြီ။ မရှက်ဘူးလား။

@ Nge Naing

စိတ်မရှိပါနဲ့ဗျာ... တိုက်ဆိုင်မှုရှိရင် စိတ်မကောင်းပါဘူး။ ဒီစာမျက်နှာမှာ ရှိတဲ့ ဆုံးမစာတွေ အားလုံးက
နံပါတ်(၁) ကျနော့်ကိုယ်ကျနော် ဆုံးမဖို့ပါ။
နံပါတ်(၂) လိုချင်တဲ့သူတွေ၊ လိုအပ်တဲ့သူတွေနဲ့ ယူတတ်တဲ့သူတွေ ရနိုင်ဖို့ပါ။ ဘယ်သူ့အတွက်မှ သီးသန့် မရည်ရွယ်ပါဘူး။ သီးခြား တစ်ဦးတစ်ယောက်အတွက် နေရာပေးဖို့ ဒီနေရာမှာ နေရာလွတ်မရှိပါဘူး။ ကျနော့်အတွက် အချိန်လည်း မရှိပါဘူး။ သူတပါးအကြောင်း ခေါင်းထဲ မထည့်တတ်သလို၊ စိတ်လည်း မဝင်စားတတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် တိုက်ဆိုင်မှု ရှိသွားရင် ဝမ်းနည်းပါတယ်။

အခြား အသက် ၄၀ ပတ်ဝန်းကျင် လူလတ်ပိုင်း အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့အတွက် ဒီ post က ထပ်ပြီး တိုက်ဆိုင်စေတယ် ဆိုရင် ဘယ်သူ့ကိုမှ ဦးတည်ထားတာ မဟုတ်ကြောင်း သိစေအပ်ပါတယ်။ ထူးထူးခြားခြား တစ်ဦးတစ်ယောက်တည်း ကပဲ တိုက်ဆိုင်ပြီး ကျန်တဲ့လူတွေ မတိုက်ဆိုင်ဘူးဆိုရင်တော့ အထူးတလည် ဖြေရှင်းဖို့ မလိုအပ်ဘူး လို့ ယူဆပါတယ်။

Slip

အစ်မကို စိတ်မရှိပါနဲ့လို့ ပြောရလောက်အောင်လည်း အစ်မရေးထားတဲ့အထဲမှာ စိတ်ရှိတဲ့လေသံ တခွန်းတလေမှ မပါပါဘူး။ တကယ်စိတ်ရှိနေတာက စိတ်မရှိနဲ့လို့ ပြောတဲ့ Slip ကိုယ်တိုင် ဖြစ်နေတာကို သတိထားမိရဲ့လား မသိဘူး။ သတိမထားမိရင် သတိထားမိအောင် အစ်မ တချက်ချင်း ပြောပြမယ်။

ပြည်ထောင်စုနေ့ မတိုင်ခင်က ပြည်ထောင်စုနေ့အကြောင်း ရေးထားပြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သီချင်းဆိုထားတဲ့ ဗွီဒယို (http://nge-naing.blogspot.com/2010/02/47.html) ပို့စ်ကို Slip C-Box မှာလာကြော်ငြာတော့ Slip ပြန်ပြောလိုက်တဲ့စကားက (((((slip: တစ်ရက်ပြီး တစ်ရက် ဘယ်လောက်လေ့လာ လေ့လာ မကုန်နိုင်အောင် များပြားနေတဲ့ ဗဟုသုတတွေ ရှိနေတာတောင် အသက် ၄၀ အရွယ် မငယ်နိုင်တစ်ယောက် ခုချိန်ထိ စီဘောက်တကာမှာ ဘလော့လိုက်ကြော်ညာရင်း သာယာနေတုန်းပါလား။)))) တဲ့။ လာထည့်တာ အလာပသလာပပို့စ်ဆို အစ်မ ဘာမှ မပြောလိုဘူး။ အဲဒါ တပ်မတော်ရဲ့ဖခင်လည်းဖြစ်၊ လွတ်လပ်ရေး ပိသုကာလည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို တပ်မတော်အရာရှိတဦး ဘလော့ဂ်မှာ Link လာပေးတာကို ဒီလို ပြန်ပြောတယ်ဆိုတော့ အစ်မအတွက် ဘာမှမနစ်နာသွားပေမဲ့ တပ်မတော်သားတဦး ဖြစ်တဲ့ Slip အတွက် အများအမြင်မှာ အဲဒါ ဘယ်ရှုဒေါင့်က ကြည့်ကြည့် လုံးဝ ကြည့်မကောင်းဘူး။ ဒါကြောင့်မို့ Slip မကျေမနပ် ဖြစ်နေတဲ့ အချက် ဖြစ်တဲ့ Slip ရဲ့ Facebook ပို့စ်တခုမှာ အစ်မမှတ်ချက်ပေးပြီး ပြန်ဖျက်ခဲ့မိတာကို ပြန်တောင်းပန်ပြီး C-Box မှာ မချေမငန်ပြောထားတာကို ပြန်ဖျက်ခိုင်းခဲ့ပါတယ်။ Slip က ((( meepyatite: ဟုတ်ကဲ့ ကျနော် ဖျက်လိုက်ပါ့မယ် ))) လို့ ပြောပြီး နောက်နေ့မှ ဖျက်လိုက်တယ်။

C-Box မှာ တော့ ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီမှာတင် မပြီးသွားဘဲ အဲဒီ C-Box က အသက် ၄၀ ကိစ္စကနေ ပို့စ်က အသက် ၄၀ ဖြစ်တဲ့အထိ ကူးစက်လာဖြစ်လာခဲ့တယ်။ အခု Slip ရဲ့ပို့စ်က အစ်မနဲ့ မဆိုင်ဘူး အစ်မကို ဘာမှ မရည်ရွယ်ဘူး ဆိုရင်တောင်မှ အစ်မရဲ့ မှတ်ချက်ကလည်း အသက် ၄၀ ပတ်ဝန်းကျင် အရွယ်တွေကို ရည်ညွန်းရေးထားတဲ့ပို့စ်ဖြစ်လို့ အသက် ၄၀ အရွယ် စာဖတ်သူတဦးက အဲဒီအရွယ်တွေရဲ့ အလုပ်များပုံကို အဲဒီအရွယ် မရောက်သေးတဲ့ ပို့စ်ပိုင်ရှင် သိအောင် မှတ်ချက်မှာ ရေးပြတာဟာ တင်ထားတဲ့ပို့စ်နဲ့ ရေးထားတဲ့မှတ်ချက်က အာဂျင်တာလွဲနေတာ တခုမှ မရှိပါဘူး။ ဒါကို Slip က ဘယ်သူ့ကိုမှ မရည်ရွယ်ဘူးလို့ လို့သာ ပြောပေမဲ့ (((ထူးထူးခြားခြား တစ်ဦးတစ်ယောက်တည်း ကပဲ တိုက်ဆိုင်ပြီး ကျန်တဲ့လူတွေ မတိုက်ဆိုင်ဘူးဆိုရင်တော့ အထူးတလည် ဖြေရှင်းဖို့ မလိုအပ်ဘူး လို့ ယူဆပါတယ်။))) ဆိုပြီး အစ်မကို ပြောလာပြန်တော့ အပေါ်မှာ ရေးထားတဲ့ C-Box က မှတ်ချက်အရ ရှေ့နောက်မညီတာ ပေါ်နေတယ်။ ဒါပေမဲ့ အစ်မ ဘာမှ ဖြစ်မသွားဘူး။ စိတ်ထဲမှာလည်း ဘာမှ မရှိဘူး။ အခု Slip ကို အေးအေးဆေးဆေး ပြန်ပြီးတုံ့ပြန်နိုင်တာဟာလည်း အရွယ်ရဲ့ ကျင့်ကျက်မှုဆိုတာ နားလည်လိမ့်မယ်ထင်တယ်။

Slip ကို သိထားစေချင်တာက Slip Facebook ပို့စ်ကမှတ်ချက်တချို့ကို ဖျက်လိုက်ရတဲ့ အကြောင်းအရင်းကို အစ်မ စိတ်ထဲမှာ ရှိတာကို ရှိတဲ့အတိုင်း Slip ကိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်၊ တခြားဘယ်သူ့ကိုမှ လျှောက်မပြောခဲ့ဘူး။ ပေးပြီးသား မှတ်ချက်ကို Slip ကိုယ်တိုင်လည်း like ပြန်ပေးထားပြီးမှ ပြန်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး Slip ကို အစ်မ G-talk မှာ တောင်းပန်ပြီးပြီ။ အခုထိ မကျေနပ်သေးရင် အစ်မ ဒီမှာ ထပ်တောင်းပန်တယ်။ ဘလော့ဂ်ထဲမှာတော့ အခုလို လူသိရှင်ကြား ရုပ်ပျက်ဆင်းပျက် ထပ်မလုပ်ပါနဲ့။ အဲလို ထလုပ်လို့ အစ်မအတွက် ဘာမှ အကျိုးမယုတ်သွားပေမဲ့ စစ်သားတယောက်ကို မလိုအပ်တဲ့နေရာမှာ အထိမခံကြွပန်းကန်လိုမျိုး ဆတ်ဆတ်ထိမခံ မဖြစ်စေချင်ဘူး။ စေတနာကို နားလည်နိုင်ပါစေ။ (((သိအောင် ရေးခြင်းသာ ဖြစ်တယ်။ ဖတ်ပြီး မကြိုက်ရင် ဖျက်လိုက်လို့ ရပါတယ်။)))

facebook တို့ cbox ဆိုတာ ဘဝ တစ်ခုလုံးနဲ့နှိုင်းယှဉ်လိုက်ရင် ဘာမှ မဟုတ်တဲ့အရာလေးတွေပါ။ ဘာအတွက် အဲ့ဒီ သေးသေးမွှားမွှားလေးတွေကို ခေါင်းထဲ ထည့်ထားရတာလဲ ကျနော် စဉ်းစားလို့မရဘူး။ အဲ့ထက်အရေးကြီးတဲ့ ကိစ္စတွေ လူတိုင်းမှာ အများကြီး ရှိပါတယ်။ အဲ့ဒီက ကိစ္စတွေကို ကျနော့်စိတ်ထဲမှာ ဘာမှမရှိလို့ အဲ့ဒီက အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော့်ကို တောင်းပန်ဖို့မလိုပါဘူး။ fb တို့၊ blog တို့၊ cbox တို့ကို အလုပ်ကြီးအကိုင်ကြီး တစ်ခုအနေနဲ့ လုပ်နေဖို့ ကျနော့်မှာ အချိန်မရှိပါဘူး။ အဲ့လောက် သေးမွှားတဲ့ ကိစ္စတွေလည်း ကျနော့်ခေါင်းထဲ မထည့်ဘူး။ ဒီ post က ဘယ်သူ့ ဘယ်သူကိုမှ မရည်ရွယ်ပါဘူးလို့လည်း ကျနော် အထက်မှာပြောခဲ့ပြီးပါပြီ။ ကျနော် ပုံမှန် တရားနာရင်းနဲ့ တရားတစ်ခုမှာ ဆုံးမထားတာတွေကို အရမ်းကောင်းလို့ မှတ်သားထားချင်တဲ့စိတ်ကြောင့် ကိုယ့်ကိုယ်ကို ဆုံးမဖို့ ဒီ post ကို ရေးခဲ့တာပါ။ မူရင်း တရားမှာပါတဲ့ ဘာသာရေးတွေကိုဖယ်ပြီး ကိုယ်ပိုင်အရေးအသား နည်းနည်းထည့်ထားတာပါ။ မယုံသေးရင် တရားကို ဒီမှာ download လုပ်ပြီးသာ နားထောင်ပါတော့။ တတိယအရွယ် ဝင်ခါစလူတစ်ယောက်ကို ဒုတိယအရွယ် ဝင်ခါစ လူတစ်ယောက်က တရား ပေးရတာ လည်း မကောင်းပါဘူး။

ရေးပြီးသားတွေကို ကိုယ့်ဘာကိုသာ ပေးချင်တဲ့အချိန်ပေး၊ ဖျက်ချင်တဲ့အချိန်ဖျက်ပါ။ ကျနော့်ကို ခဏခဏ မဖျက်ခိုင်းစေချင်တာတော့ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ် စေတနာ ထားတယ်ဆိုလို့ သိုင်းကျူး။

အစ်မက Facebook တို့ ဘလော့ဂ်တို့ကို Slip ပြောသလို အသေးအမွှားကိစ္စတွေအတွက် မသုံးဘူး။ အစ်မဘလော့ဂ်မှာ တင်ထားတဲ့ ပို့စ်တခုတိုင်းမှာ အတ္တဟိတ ပရဟိတ နှစ်ခုစလုံးပါပါတယ်။ ဒါဟာ Slip ထင်သလို အချိန်ဖြုန်းတာလည်း မဟုတ်ဘူး။ မိမိအကျိုး သူတပါးအကျိုး နှစ်ခုစလုံး ရှိပါတယ်။ စာဖတ်သူတွေဆီက အီးမေးလ်နဲ့တမျိုး ဘလော့ဂ်မှာ တိုက်ရိုက်တမျိုး အစ်မစာတွေဖတ်ပြီး သူတို့အတွက် အကျိုးရှိကြောင်းကို ဖွင့်ဟလာကို လက်ခံရရှိတော့ တကယ်ပီတိကို ခံစားရပါတယ်။ ဘာမှအားမစိုက်ရဘဲ မိမိအားလပ်အချိန်လေးမှာ မိမိဝါသနာကို ဖြည့်ဆည်းရင်းနဲ့ အများအတွက် အသုံးဝင်သွားတယ်ဆိုလို့ ရတဲ့ ပီတိမျိုးဟာ ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရဘူး။ ဒီလိုပီတိမျိုးကို လူတိုင်း ခံစားဖူးတာ မဟုတ်ဘူး Slip။ မိမိဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ အတွေးအမြင် ဗဟုသုတတွေကို အားတဲ့အချိန်လေးမှာ မိမိဝါသနာပါတဲ့အတိုင်း အားတဲ့အချိန်မှာ စေတနာနဲ့ မျှဝေခြင်းရဲ့ အကျိုးကျေးဇူးပါ။

Slip ပြောတဲ့အတိုင်း Slip ပို့စ်က ဘယ်သူ့ကိုမှ မရည်ရွယ်ဘူးဆိုရင်လည်း မရည်ရွယ်ဘူးပဲ ထားလိုက်ပါတော့။ ဘယ်တုန်းက အလစ်ချောင်းနေမှန်းမသိ ပွဲလန့်တုန်းဖျာလာခင်းတဲ့ ဒေါ်လာစားကလည်း လက်ခမောင်း လာခတ်သွားပြီးပြီ၊ ငယ်နိုင်က သူများဖါသာသူများ ပို့စ်တင်တာကို သူနဲ့ဘာမှမဆိုင်ဘဲ မလုံမလဲ ဖြစ်ပြီး လာနာနေတယ်လို့ ထင်တဲ့သူတွေကလည်း ထင်သွားပြီးပြီဆိုတော့ Slip လည်း အစ်မ အဲလို အထင်ခံ အပြောခံလိုက်ရတာကို ရင်ထဲမှာ တော်တော်လေး နှစ်သက်အားရ ကျေနပ်လှပြီး ပီတိဂွမ်းဆီထိ ပမာ ဖြစ်နေလောက်ပြီ။ Slip ပြောတဲ့အတိုင်း ဘုန်းကြီးဟောတဲ့ တရားအတိုင်း ပို့စ်ရေးတယ် ဆိုရင်တော့ ဘုန်းကြီးက အစ်မတို့ အသက်အရွယ်တွေကိုပဲ ကွက်ပြီး ဟောတာ မဖြစ်နိုင်ဘူး။ Slip တို့အရွယ် လူငယ်တွေ C-Box တွေ Comment တွေမှာ အယုတ္တအနတ္တ လိုက်ဆဲနေတာတွေ အပါအ၀င် အွန်လိုင်းမှာ ------တွေကိုလည်း ပို့စ်လေးတခု တင်ပြီး ဆုံးမဖို့သင့်ကြောင်း အစ်မအကြံပြုတယ်။ Slip အစ်မကို တရားပေးချင်ရင်တော့ တကယ်တရားရှိသူ ပေးရင်တော့ အစ်မက လက်ခံမှာဖြစ်တယ်။ ဘုရားက ကျားမလိင်မကွဲသူ၊ ရူးသွပ်သူ၊ မာန်မာန ထောင်လွှားသူစတဲ့ လူပုဂ္ကိုလ် အမျိုးအစားတွေ တရားမရနိုင်ဘူးလို့ ဟောထားတဲ့အတွက် ကိုယ်တိုင် တရားရအောင် မှားနေတာကို မှားနေကြောင်းနဲ့ ကက်က်ကလန်အောင် ရန်တွေ့တတ်တဲ့ မာန်မာနတွေကို ချပြီး ပေးတဲ့တရားမှ အစ်မလက်ခံမှာ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် Slip အစ်မဘလော့ဂ်မှာ Comment တွေ မ၀င်တာ ဘာကြောင့် ဖြစ်တယ် ဆိုတာနဲ့ ဘယ်နေရာမှာ သွားပြင်ရတယ်ဆိုတာ အကြံပေးထားတာကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

post ကိုဖတ်ပြီးသွားချိန်မှာ တရားနဲနဲရလိုက်ပါတယ်.. အောက်မှာတင်ထားပေးတဲ့ တရားကို နာယူလိုက်ချိန်မှာ ပိုပြီးတော့ တရားရလိုက်ပါတယ်.. comment ပေးနေတဲ့ အမျိုးသမီးကြီး တစ်ဦးရဲ့ ဖြစ်ပျက် ပြောဆိုနေတာတွေ၊ တွေ့ရတာတော့ တရားအရဆုံးပါပဲဗျာ..


အသက်အရွယ်အလိုက် တည်ငြိမ်နိုင်ကြပါစေ
လေးစားခြင်းများစွာဖြင့်

မှတ်ချက် ထပ်ရေးဖို့ အစီစဉ် မရှိတော့ပေမဲ့ ဒီပို့စ်က မှတ်ချက်တွေက အသက်အရွယ်ကို သိပ်ခွဲခြားတတ်တာကို သတိထားမိလို့ အသက်အရွယ် ခွဲခြားတတ်သူများအားလုံးအတွက် အသိတတရား ဗဟုသုတ ရအောင် ဒီမှတ်ချက်ကို ထပ်ရေးလိုက်ပါတယ်။ မင်းတို့ဟာ လူ့သက်တမ်းနဲ့ ပတ်သက်ပြီး အသိပညာမှာ အယူမှား အသိမှား ဖြစ်နေကြတယ်။ မြန်မာပြည်မှာ အသက် ၃၀ နောက်ပိုင်း အလုပ်လျှောက်လို့ မရတာနဲ့ အသက်ကြီးတဲ့သူတွေကို ဘယ်နေရာမှာမှ မပါဝင်ရ ဘယ်နေရာမှာမှ အသုံးမကျဘူးလို့ ထင်နေတဲ့ အထင်တွေဟာ သိပ်ကို မှားနေပါတယ်။ Human lifespan အရ သက်တမ်းသတ်မှတ်ရာမှာ အသက် ၁၈ ကနေ ၆၀ (သို့) ၆၅ အထိကို Adult (လူကြီး) လို့ခေါ်ပါတယ်။ လူကြီးတွေ အားလုံးမှာ အမျိုးသမီးတွေအတွက် အသက် ၃၅ (သို့) ၄၀ နောက်ပိုင်း Oestrogen ဟော်မုန်း တဖြေးဖြေး လျှော့လာလို့ အမျိုးသားတွေအတွက် အသက် ၄၅ (သို့) ၅၀ နောက်ပိုင်း Testroterone ဟော်မုန်း တဖြေးဖြေးလျှော့လာလို့ မျိုးပွားနိုင်တဲ့ အင်အား ကျဆင်းသွားတာက လွဲရင် ကျန်တဲ့ Physical, mental, emotional, psychosocial, cognitive function တွေ အားလုံးဟာ အတူတူပဲ ဖြစ်တယ်။ မယုံရင်လည်း Human Paycholofy and Human lifespan ကို လေ့လာကြည့်ပါ။ ဟိုအသက်အရွယ် ဒါမလုပ်ရ ဒီအသက်အရွယ် ဒါမလုပ်ရ၊ အသက်သုံးဆယ်ကျော်ရင် အလုပ်မလျှောက်ရ ဆိုတာတွေက အယူုသီးအစွန်းရောက် ခွဲခြားတာ သက်သက်ဖြစ်တယ်။ ငယ်နိုင် အသက် ၃၆ နှစ်မှာ တက္ကသိုလ် ပထမနှစ်တက်တော့ အတန်းဖေါ်အတော်များများရဲ့အသက်က ၁၈ နှစ်ဖြစ်တယ်။ အသက်တ၀က်တိတိကွာပေမဲ့ lifespan အရ သတ်မှတ်ထားတဲ့ အသက်အရွယ် အတူတူပဲ ဖြစ်တယ်။ တန်းတူရည်တူ ဆွေးနွေးတယ်၊ Assessment တွေကို တန်းတူရည်တူ လုပ်ပါတယ်။ ဒီတော့ ပထမအရွယ် ဒုတိယအရွယ် တတိယအရွယ် အရွယ်သုံးပါးစလုံးမှာ ဥစ္စာ၊ ပညာ၊ တရား ဘယ်အရွယ်က ဘယ်အချိန် ရှာရမယ်ဆိုတာ မဟုတ်ဘူး။ ကောင်းတာမှန်သမျှကို အရွယ်သုံးပါးစလုံးမှာ ရှာရမယ် မကောင်းတာ မှန်သမျှ အရွယ်သုံးပါးစလုံး ပယ်ရမယ်။ ဒါကြောင့် မင်းတို့ အသက်အရွယ်ခွဲခြားပြီး အခုဒီမှာ ရေးထာတာ အပါအ၀င် ဘလော့ဂ်မှာ တခါတခါ လာလာရေးနေတာတွေဟာ လုံးဝ အဓိပ္ပါယ်ကင်းမဲ့တဲ့ အစွန်းရောက် အယူသီးမှုတွေသာ ဖြစ်ကြောင်း နားလည်သင့်ပြီ။

ဘွားတော်ကလဲ ဇွတ်ပဲ
ရှက်လည်းမရှက်ဘူး။
အတင်းကို အိုးမလုံအုံပွင့်နေတော့တာ။
တရားကိုလည်း နားမထောင်ဘူး။ ပိုစ့်ကိုလဲ သေချာမဖတ်ဘူး။
တရားကလည်း အသက် ၄၀ တွေအတွက်သီးသန့်ဟောထားတာမဟုတ်ဘူး။
ပိုစ့်ကလည်း အသက် ၄၀ တွေအတွက် သီးသန့် ထောက်ထားတဲ့ပို့မဟုတ်ဘူး။

ဘွားတော်ပဲအပေါ်မှာပြောခဲ့တယ်လေ အမှန်က အသက် ၄၀ ပတ်ဝန်းကျင်တွေက ဘ၀ဖြတ်သန်းမှုအရ Slip တို့အရွယ်တွေထက် ပိုပြီးအတွေ့အကြုံရှိကာ လောကဓံဆိုတာကို Slip တို့အရွယ်တွေထက် ပိုခံနိုင်ရည် ရှိပြီးသားတွေ ဖြစ်တယ်။ ဆိုပြီး။
အခုကျတော့ အသက်အားလုံးအတူတူဖြစ်ရပြန်ပြီလား။

ကိုစလစ်ပြောထားတာက အချိန်တစ်ခုကို အသိပညာတစ်ခု သော်လည်းကောင်း၊ ဥစ္စာပစ္စည်းတစ်ခုသော်လည်းကောင်း၊ တရားဘာဝနာ တစ်ခုသော်လည်းကောင်း မရရှိလိုက်ပဲ မကုန်ဆုံးသင့်ပေ။ လို့ပဲရေးထားတာလေ။
ဘွားတော်ပြောသလို ဥစ္စာ၊ ပညာ၊ တရား ဘယ်အရွယ်က ဘယ်အချိန် ရှာရမယ် လို့ ရေးထားတာမှမဟုတ်ပဲ။

အရွယ်တိုင်းမှာ အားလုံးရှာသင့်လို့ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည် တူနေသော်လည်း လူကြီးတစ်ဦး၏ ဦးနောက်က လူငယ်တစ်ဦး၏ ဦးနောက်ထက် အလေးချိန်ပိုစီးနေရမည်။ ပိုမို တည်ငြိမ် ရင့်ကျက်နေရမည်။ မည်သူမဆို လူသားတစ်ဦးအနေနှင့် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့တွင် ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။ လို့ ပြောထားတာမဟုတ်ဘူးလား။ Physical, mental, emotional, psychosocial, cognitive function တွေ မတူဘူးလို့ ဘယ်သူမှလည်း မပြောရပါလား။ ၁၈ နှစ်ကနေ ၆၀ ထိ လူကြီးတွေက Physical, mental, emotional, psychosocial, cognitive function အားလုံးတူလို့ပဲရမယ် ဦးနောက်အလေးချိန်၊ ရင့်ကျက်တည်ငြိမ်မှု၊ ပြည့်ဝမှု တွေ တူလို့မရဘူး။ နားလည်လား။
၁၈ နှစ်အရွယ် လူထက် ၆၀ နှစ်အရွယ်လူက ပိုသိနေရမယ်၊ ၂၅ နှစ်အရွယ်လူထက် ၄၀ အရွယ်လူက ပိုပြီး တည်ငြိမ်ရင့်ကျက်နေရမယ်၊ အချိန်ကို တန်ဖိုးထားတတ်နေရမယ်..
ဒါကိုခုထိ နားမလည်သေးဘူးလား။

Physical, mental, emotional, psychosocial, cognitive function တွေအတူတူပဲဆိုပြီး ၁၈ နှစ်အရွယ် လူတစ်ယောက်ကို ဘယ်နိုင်ငံမှ သမ္မတမခန့်ဘူး၊
အဲ့လိုပဲ Physical, mental, emotional, psychosocial, cognitive function တွေတူလို့ဆိုပြီး အသက် ၆၅ အရွယ် လူတစ်ယောက် ကုမ္မဏီမှာ အလုပ်လာလျှောက်ရင် ဘယ်သူဌေးကမှ မခန့်ဘူး။
နေရာတိုင်းမှာ အသက်ဘယ်လောက်ထက် မငယ်ရ၊ ဘယ်လောက်ထက်မကြီးရဆိုတာ ရှိတယ်။
ဝေးလိုက်တဲ့ဘွားတော်။ နွားကိုပလာတာကျွေးရသလိုပဲ။

ဗုဒ္ဓရဲ့ တရားနဲ့တောင်ဆုံးမလို့မရမှတော့ ဒီဘွားတော် ဒီတစ်သက် ဘယ်သူမှဆုံးမလို့ရမှာမဟုတ်တော့ဘူး။

ငယ်နိုင်ကလည်းပါးစပ်ကသာရင့်ကျက်ပါတယ်ပြောနေတာ
ရေးထားတဲ့စာသားတွေကတော့ရင့်ကျက်တာသိပ်မပါသလို
ဘဲနော်...အသက်တွေလည်းကြီးနေပြီ..ခပ်ငယ်ငယ်ကောင်လေးတွေနဲ့လိုက်ပြီး..စကားနိုင်လုမနေနဲ့တော့လေ..အဲအပေါ်မှာသာယာနေရင်တော့..မတားလိုပါဘူး...
ဆက်ပြီးတော့လုပ်ပါ...

တော်ကြပါတော့... အကြာင်းအရာကိုဖတ်ရမှာလား.. ရန်ဖြစ်တာကို နားထောင်ရမှာလား..

Post a Comment

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

မာတိကာ

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com