အတွေးမှတ်စုများ (၄)
Posted by ADMIN in အတွေးမှတ်စုများ
- ဒီလောကထဲမှာ လူတစ်ယောက်အနေနဲ့ တူဖြစ်ရင်တူ။ တူမဖြစ်ရင် ပေဖြစ်ရမှာပဲ။
- ပြောသင့်တာနဲ့ လုပ်သင့်တာကို ချင့်ချိန် ခွဲခြားတက်တဲ့သူဟာ အောင်မြင်သူပဲ။
- ငွေကို အရေးထားသူကို ငွေနဲ့ဆက်ဆံ။ မေတ္တာကို တန်ဖိုးထားတဲ့သူကို စေတနာနဲ့ဆက်ဆံ။
- သည်းမခံနိုင်တဲ့အထိ သည်းခံတဲ့အခါ သည်းခံခြင်းရဲ့ အကျိုးကျေးဇူးကို ခံစားရပါလိမ့််မယ်။
- မနက်ဖြန်အတွက် တွေးပြီး မပူပါနဲ့။ ယနေ့ အကောင်းဆုံးလုပ်ပါ။ ကံကြမ္မာက ကိုယ့်ဘက်က ရပ်တည် လာပါလိမ့်မယ်။
- အချိန်ကို တန်ဖိုးထားပါ။ ဘ၀ဆိုတာ အချိန်တွေနဲ့ ဖန်တီး တည်ဆောက်ထားတဲ့အရာ။
- အခက်အခဲတွေသာမရှိရင် လူ့ဘ၀ဟာ ပျင်းဆရာပါ အခက်အခဲတွေ ကျော်နိုင်မှ ပျော်ဖို့ကောင်းတာ။
- စိတ်ချမ်းသာချင်ရင် ဘယ်အရာမဆို အကောင်းမြင်တဲ့ စိတ်နဲ့ ကြည့်ပါ။
- ယှဉ်ပြိုင်ပြီဆိုလျှင် နိုင်ရင်နိုင်၊ မနိုင်ရင် ရှုံးမှာပဲ။ နိုင်တုန်းမှာ ခေါင်းမော့ချင်မော့ပါ၊ ရှုံးရင်တော့ ခေါင်းငုံ့ မပစ်လိုက်ပါနဲ့။
- အသက်ရှင်နေသမျှ မျှော်လင့်ချက်ရှိတယ်။ မျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ။
- သူတပါးကို ကူညီတက်သူဟာ ကိုယ်အခက်အခဲ ကြုံတဲ့အခါ ကူညီမယ့်သူ အဆင်သင့်ပါ။
- ဘာပဲလုပ်လုပ် စူးစူးစိုက်စိုက်နဲ့ ဇွဲလုံ့လ ရှိရင် အောင်မြင်ဖို့ရာ သေချာတယ်။
- စဉ်းစားဆင်ခြင်မှုမရှိလျှင် သတိမရှိနိုင်ပါဘူး။ သတိ မရှိတဲ့သူဟာ အမှားများတတ်တယ်။
- ပြင်းပြသော အလိုဆန္ဒမရှိပဲ မည်သည့်အရာမှ ကြီးကြီးကျယ်ကျယ် မအောင်မြင်နိုင်။
- အခွင့်အရေးဆိုတာ လိုချင်တိုင်း ရတာမျိုးမဟုတ်၊ ရသင့်ရထိုက်အောင် ကြိုးပမ်းအားထုတ်နိုင်မှ ရတာ။
- အခက်အခဲကို ကြောက်ရင် အမြင့်ဆုံးမရောက်၊ အခက်အခဲကို မကြောက်မှ အမြင့်ဆုံးရောက်မည်။
- အောင်မြင်စေကြောင်း နည်းလမ်းကောင်းတစ်ခုမှာ အချိန်ကို လေးစား တန်ဖိုးထားခြင်းပဲ။
- ထိုက်တန်တဲ့ အကျိုးခံစားမှုမျိုးလိုချင်ရင် အပင်ပန်းခံ ကြိုးစားပါ။ အရင်းအနှီး များလေလေ အကျိုးအမြတ် များလေလေပဲ။
- ဘ၀ ဆိုတာ ဘာမှ မဟုတ် အလုပ်လုပ်ခြင်းသာ။
- ရိုးသာ၊ နိုးကြား၊ ကြိုးစားမှုသည် အောင်မြင်မှု၏ သော့ချက်ဖြစ်သည်။
- အခွင့်အရေးဆိုတာ မကြာခဏ ရတတ်တာမျိုးမဟုတ်ဘူး။ ရတုန်းယူထားလိုက်။ မလွတ်စေနဲ့။
- ကေသရာဇာ ခြင်္သေ့မင်းတို့မည်သည် အစာငတ်သော်လည်း မြက်မစား။
- သတိတရားလက်ကိုင်ထားပြီး အမှားနည်းအောင် ကြိုးစားပါ။