Who Moved My Cheese ?
Posted by ADMIN in Who Moved My Cheese?
စာဖတ်ခြင်း အကြောင်းပြောပြီးတဲ့နောက်မှာ အကြိုက်ဆုံးစာအုပ်များထဲက တစ်အုပ်မှာပါတဲ့ ဒဿနလေးတွေကို ကောက်နှုတ် တင်ပြပါအုံးမည်။ အားလုံးသိပြီးသားဖြစ်မှာပါ Dr. Spencer Johnson ရဲ့ Who Moved My Cheese ?
- ဒိန်ခဲကို ပိုင်ဆိုင်ရခြင်းသည် အဟောသုခံ ချမ်းသာစွ။
- သင့်အတွက် ဒိန်ခဲက အရေးကြီးလေ၊ ဒိန်ခဲကို လက်မလွှတ်ဘဲ ကိုင်ထားချင်လေပဲ။
- သင်ဟာ အပြောင်းအလဲမလုပ်လျှင်၊ သင့်ဘ၀ ဆုံးခန်းတိုင်သွားနိုင်တယ်။
- မင်း မကြောက်တော့ဘူးဆိုရင် ဘာဆက်လုပ်မလဲ ? ။
- ဒိန်ခဲကို ခဏခဏ နမ်းကြည့်ပါ၊ ဒါမှ မှိုတက်မတက်သိရမှာ။
- လမ်းသစ်ကိုလိုက်ရင် သင့်ဒိန်ခဲ ရှာပုံတော်အတွက် အကူအညီရလိမ့်မယ်။
- ကြောက်ရွံ့ခြင်းကိုကျော်လွှားပြီး သင်ရှေ့ဆက်သွားရင် လွတ်လပ်မှုအရသာကို သင်ခံစားရမယ်။
- ကျွန်တော့စိတ်ထဲမှာ ဒိန်ခဲတွေကို မတွေ့ခင် တကယ်စားရတယ်ထင်လာတယ်၊ ဒါကြောင့် ဒိန်ခဲရှိတဲ့နေရာကို ရောက်တော့မယ်ထင်လာတယ်။
- ဒိန်ခဲဟောင်းကို မြန်မြန်သံယောစဉ်ဖြတ်နိုင်လေ ဒိန်ခဲသစ်တွေဖို့ မြန်လေပဲ။
- ဒိန်ခဲမရှိတော့တဲ့နေရာမှာ စောင့်ဆိုင်းနေရတာထက် ၀င်္ကပါထဲကို လျှောက်သွားနေရတာက ပိုပြီး အန္တရာယ် ကင်းတယ်။
- အတွေးအခေါ်ဟောင်းများသည် ဒိန်ခဲအသစ်ရှိရာသို့ သင့်အား လမ်းညွှန်နိုင်မည်မဟုတ်။
- ဒိန်ခဲအသစ်ကို ရှာတွေ့ပြီး စားသုံးနိုင်ပြီလို့ သင်မြင်လာတဲ့အချိန်ဟာ သင့်ဘ၀လမ်းကြောင်း တစ်ဆစ်ချိုး ပြောင်းလဲသွားချိန်ပဲ။
- မသိမသာ အပြောင်းအလဲကလေးများကို စောစောစီးစီး သတိထားမိမယ်ဆိုရင် နောင်တွေ့ရမယ့် ဧရာမ အပြောင်းအလဲကြီးများကို ရင်ဆိုင်တဲ့နေရာမှာ အထောက်အကူ ဖြစ်စေတယ်။
- အပြောင်းအလဲဆိုတာ ဖြစ်မြဲဓမ္မတာပဲ အဲဒီအပြောင်းအလဲက ဒိန်ခဲကို အမြဲတမ်း နေရာရွှေ့ထားတယ်။
- အပြောင်းအလဲကို ကြိုတွေးထားပါ၊ ဒိန်ခဲနေရာ ရွှေ့ထားမယ့်အတွက် အသင့်ပြင်ထားပါ။
- အပြောင်းအလဲကို သတိနဲ့စောင့်နေပါ၊ ဒိန်ခဲကို မကြာခဏနမ်းကြည့်ပါ။
- အမြန်ဆုံး လိုက်လောညီထွေပြောင်းလဲပါ။ အပြောင်းအလဲကို ချစ်မြတ်နိုးပါ၊ စွန့်စားခန်းကို တန်ဖိုးထားပါ၊ ဒိန်ခဲအသစ်ကို အရသာရှိရှိ သုံးဆောင်ပါ။
- နောက်တစ်ကြိမ် အမြန်ပြောင်းလဲဖို့ အသင့်ဖြစ်နေပါစေ။
--> Heaving Cheese Makes You Happy.
--> The More Important Your Cheese Is To You The More You Want To Hold On To It.
--> If You Do Not Change, You Can Become Extinct.
--> What Would You Do If You Weren't Afraid?
--> Smell The Cheese Often So You Know When It Is Getting Old.
--> Movement In A New Direction Helps You Find New Cheese.
--> When You Stop Being Afraid, You Feel Good!
--> Imagining Yourself Enjoying You New Cheese, The Sooner You Find New Cheese.
--> The Quicker You Let Go Of Old Cheese, The Sooner You Find New Cheese.
--> It Is Safer To Search In The Maze, Than Remain In A Cheese less Station.
--> Old Beliefs Do not Lead You To New Cheese.
--> When You See That You Can Find And Enjoy New Cheese, You Change Course.
--> Noticing Small Changes Early Helps You Adapt To The Bigger Changes That Are To Come.
--> Change Happens - They Keep Moving The Cheese.
--> Anticipate Change - Get Ready For The Cheese To Move.
--> Monitor Change - smell The Cheese Often So You Know When It Is Getting Old.
--> Adapt To Change Quickly - The Quicker You Let Go Of Old Cheese, The Sooner You Can Enjoy New Cheese.
--> Be Ready To Change Quickly And Enjoy It Again & Again - They Keep Moving The Cheese.
Full Story
Who Moved My Cheese
Who Moved My Cheese