Antenna Navigating System  

Posted by ADMIN in

Antenna Navigating System သည် Antenna ကို အသုံးပြု၍ အလိုအလျှောက် ထိန်းချုပ် မောင်းနှင့် သည့် စနစ် ဖြစ်သည်။ ကျွန်တော်နှင့် ကျွန်တော့် Supervisor ရှက်ဂင် (Щагин Анатоний Васильйвич) တို့ စဉ်းစား စမ်းသပ် ထားခြင်းဖြစ်သည်။

ပထမ ပိုစ့်တွင် အလိုလျှောက် ထိန်းချုပ် မောင်းနှင်သည့် System အမျိုးစားတွေကို ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ၎င်း System အသုံးပြုရာတွင် အဓိက မရှိမဖြစ် လိုအပ်သည်မှာ GPS system (Global Positioning System) ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ Control လုပ်မည့် အရာဝတ္ထု(သို့)ယာဉ် တစ်စီး၏ ယခု လက်ရှိ တည်နေရာကို တိကျစွာသိရှိရန် လိုအပ်ခြင်းကြောင့် ဖြစ်သည်။

မည်သည့် အရာကိုမဆို လတ်တလော တည်ရှိသော နေရာကို မသိပဲ ကျွန်ုပ်တို့ မည်သို့မျှ Control မလုပ်နိုင်ပေ။ ရှေးယခင် ကတည်းက ယခုချိန်ထိ သုံးစွဲခဲ့သော GPS system များသည် ဂြိုဟ်တု စနစ် (Satellite System) ဖြင့် အသုံးပြုသော System များဖြစ်ပါသည်။ ပထမ အဆင့်တွင် ယာဉ်(သို့)အရာဝတ္ထုမှ ၎င်းတည်ရှိသော နေရာမှန် (real) ကို Satellite သို့ ပို့ပေးသည်၊ ဒုတိယ အဆင့်တွင်မှ ထိန်းချုပ်သူ ထံသို့ Satellite မှ ပြန်ပို့ပေးသည်။



GPS system (Global Positioning System)



Satellite system နှင့် အလုပ်လုပ်ဆောင်ပုံ


Satellite system လှည့်ပါတ်မှု

ယာဉ်(သို့)အရာဝတ္ထု သည် တစ်နေရာတည်းတွင် ရပ် နေပါက ၎င်းနေရာကို အတိအကျ ရရှိနိုင်သော်လည်း ယခု ကျွန်တော်တို့ စဉ်းစားသည်မှာ ရွေ့လျှားနေသော ယာဉ်(သို့)အရာဝတ္ထု ဖြစ်သဖြင့် အချက်ပြစနစ်များ လုပ်နေစဉ်မှာပင် ယာဉ်သည် အရှိုန်ပြင်းစွာ ရွေ့လျှားနေ သောကြောင့် Control လုပ်သူ မှ လက်ခံရရှိချိန်တွင် လက်ခံရရှိသော နေရာတွင် မဟုတ်တော့ပေ။ Signal System များ ကောင်းမွန်မှု အပေါ်တွင် မူတည်၍ အနီးစပ်ဆုံး၊ အမှန်ကန်ဆုံး တည်နေရာကို ရရှိနိုင်ပေသည်။ အစ ပထမ အသုံးပြုစဉ်က GPS မှ ရရှိသော တည်နေရာသည် မြေပြင်ရှိ တည်နေရာမှန်နှင့် ၁၀မီတာ၊ ၁၅မီတာအထိ ကွာခြားသော်လည်း ယခုအခါတွင် လုံးဝတိကျသလောက် နီးပါး မှန်ကန်လျှက်ရှိနေပြီဖြစ်သည်။ Satellite System များ ကောင်းလာသဖြင့် GPS System များလည်း ပိုမိုကောင်းမွန်လာခြင်းဖြစ်သည်။

GPS စနစ်အတွက် ကောင်းမွန်သော ဂြိုဟ်တုစနစ် လိုအပ်ကြောင်းကို အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့အတွက် စဉ်းစားစရာတစ်ခုမှာ မြန်မာနိုင်ငံကဲ့သို့သော ဂြိုဟ်တု မလွတ်တင်နိုင်သေးသော နိုင်ငံများတွင် မည်သို့ လုပ်မည်နည်း။ ထိုအချက် သည် အလွန် အရေးကြီးပေသည်။ ယခု ကျွန်တော် လေ့လာစမ်းသပ် သုတေသန လုပ်နေခြင်း မှာမြန်မာနိုင်ငံတော် အတွက် ဖြစ်သည်။ ထို့ကြောင့် Satellite System မရှိလျှင် ကျွန်တော့ စမ်းသပ်မှုက သုံးလို့မရတော့ပေ။ ထိုအချက်အတွက် ကျွန်ုပ်တို့ စဉ်းစားရမည်။ ဂြိုဟ်တုများနေရာသို့ အစားထိုးနိုင်သော အရာကို ဦးစွာစဉ်းစားရမည်။



Satellite System နှင့် ကမ္ဘာကြီး၏ တစ်စိတ်တစ်ဒေသ


Satellite System နှင့် GPS System ကြောင့် ကမ္ဘာတစ်ဝန်းလုံးရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို သိရှိနိုင်သည်။ ထိုအချက်ကို ကျွန်ုပ်တို့ စဉ်းစားကြည့်ကြသည်။ ယခု ကျွန်ုပ်အတွက် လိုအပ်သည်မှာ ကမ္ဘာတစ်ခုလုံး၏ တည်နေရာမဟုတ်ပေ။ မြန်မာနိုင်ငံ တစ်ခုစာအတွက်သာဖြစ်သည်။ ထိုအတွက်တော့ Satellite ကို မသုံးပဲ ဖြစ်နိုင်လိမ့်ပေမည်။ မှန်သည်။ ထိုအတွက် ကျွန်တော်တို့ Antenna များကို အစားထိုး အသုံးပြု ကြည့်ကြမည်။ Satellite ကဲ့သို့ Antenna ကို ကြားခံပစ္စည်း အဖြစ် ကျွန်တော်တို့ အသုံးပြုမည် ဖြစ်သည်။

Antenna ၏ အလုပ်လုပ်နိုင်မှု ဧရိယာနှင့် ကျွန်တော်တို့ အသုံးပြုလိုသည့် ဧရိယာအပေါ်တွင် မူတည်၍ Antenna အရေအတွက် အနည်းအများ လိုအပ်မည်။ Antenna များကို အသုံးပြု၍ အလိုအလျှောက် ထိန်းချုပ် ပဲ့ကိုင်မည် ဖြစ်သောကြောင့် ဤစနစ်ကို အင်တင်နာဖြင့် အလိုအလျှောက် ထိမ်းချုပ် မောင်းနှင် သည့်စနစ် (Antenna Navigating System)ဟု ကျွန်တော်နှင့် ကျွန်တော့် Supervisor တို့ သက်မှတ်ခဲ့ခြင်းဖြစ်သည်။

Antenna ဖြင့် Control လုပ်သည့်စနစ်ကို ယခုကျွန်တော်တို့ နေထိုင်သော မြို့လေးတွင် အသုံးပြုရန် ကျွန်တော်တို့ စဉ်းစားကြသည်။ ယခုကျွန်တော်နေထိုင်သောမြို့မှာ ဇီလီနိုဂရက် (Zelenograd) မြို့ဟုခေါ်ပြီး၊ (၃၇့၂၂) စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ စတုရန်းကွက်ဖြင့် ကြည့်ပါက အလျှား၊ အနံ (၆) ကီလိုမီတာကျော် ပါတ်ဝန်းကျင် ရှည်လျှားပေသည်။

Antenna System အတွက် (၂)ကီလိုမီတာ အကွာထိ ကောင်းမွန်စွာ အလုပ်လုပ်နိုင်သော အင်တင်နာ(၄)ခု လိုအပ်မည်ဖြစ်သည်။ အင်တင်နာ (၄)ခုကို အသုံးပြုမည်ဖြစ်၍ Zelenograd ကို (၄)ပိုင်း ပိုင်းပြီး Antenna (၄)ခုကို တာဝန်ပေးမည် ဖြစ်သည်။ ထို Antenna များမှာ Satellite ကဲ့သို့ အလုပ်လုပ်နိုင်ရမည်။


Map of Zelenograd City

Zelenograd မြို့ မြေပုံ

မြို့၏ ပထမလေးပုံတစ်ပုံကို အကွက်(၁)အဖြစ် သက်မှတ်မည်။ ထို့နောက် အကွက်(၂၊ ၃၊ ၄) အစဉ်လိုက် သက်မှတ်မည်။ အကွက်တစ်တွင် စိုက်ထူ အသုံးပြုမည့် Antenna ကို Antenna No(1) ဟူ၍ ထိန်းချုပ်ရ လွယ်ကူအောင် သက်မှတ်ပေးမည်။ Antenna No(2,3,4) ကိုလည်း အကွက်အလိုက် သက်မှတ်ပေးမည်။

ကွက်(၁)မှ Antenna No(1)ကို စိုက်ထူရာတွင် အင်တင်နာ၏ အလုပ် လုပ်ဆောင်နိုင်မှု စက်ကွင်းသည် အကွက်(၂)နှင့် အကွက်(၃)ပေါ်သို့ (၁)ကီလိုမီတာထိ ဖုံးလွမ်းနေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အင်တင်နာ ၏ အလုပ်လုပ်နိုင်မှုစွမ်းရည်မှာ အချင်းဝက် (၂)ကီလိုမီတာဖြစ်၍ အကွက်တစ်ကွက် အကျယ်မှာ အလျှားနှင့် အနံ (၃)ကီလိုမီတာ စီဟု စဉ်းစားထားသောကြောင့် ဖြစ်သည်။


Antenna ဆိုက်ထူရန် နေရာကို အကွက်(၁)တွင် Чудинов ရေအိုင်အနီး၊ အကွက်(၂)တွင် Ровесник ပန်းခြံအတွင်း၊ အကွက်(၃)တွင် Михайловк လမ်း နှင့် အကွက်(၄) တွင် Щепхино Болото ရေအိုင်၏ မြောက်ဖက်ရှိ ကွင်းပြင်ကျယ် ဟု သက်မှတ်မည်ဖြစ်သည်။ ပင်မ ထိန်းချုပ်မည့် စနစ်ကိုတော့ MIET တက္ကသိုလ်တွင် ထားရှိမည်။

အင်တင်နာ(၄)ခုလုံး စိုက်ထူပြီးချိန်တွင် ၎င်းတို့အားလုံး၏ အလုပ်လုပ်ဆောင်နိုင်မှု ဧရိယာအောက်တွင် မြို့တစ်မြို့လုံး ကျရောက်နေရမည်။ ကြားထဲတွင် ကွက်လပ် မကျန်စေရပေ။ ကွက်လပ်ကျန်သွားပါက ထိုနေရာသို့ ယာဉ်(သို့)အရာဝတ္ထု ရောက်ရှိသွားစဉ် အချက်ပြစနစ် ပျောက်ဆုံးသွားမည်ဖြစ်သည်။


အင်တင်နာအားလုံး အဆင်သင့်ဖြစ်ပါက ကျွန်တော်တို့ ပဲ့ထိန်းမောင်နှင့်မည့် ယာဉ် သို့မဟုတ် လှုပ်ရှားစေခိုင်းမည့် စက်ရုပ်တစ်ခုကို အင်တင်နာ ဂျီပီအက်စ် ထည့်သွင်းစေလွတ်ပါက မြို့တွင်းရှိ မည်သည့် နေရာတွင် မည်သို့ လှုပ်ရှား မောင်းနှင်နေကြာင်း တိတိကျကျ သိရှိနိုင်မည်ဖြစ်သည်။ Antenna No(1)တွင်ယာဉ်(သို့) အရာဝတ္ထုရှိနေလျှင် Antenna No(1)မှ Control လုပ်သူ ထံသို့ အချက်ပေးကာ အလုပ် လုပ်နေမည်ဖြစ်သည်။ ထို့နောက် ၎င်းဧရိယာမှ ထွက်သွားလျှင် ထွက်သွားကြောင်း တစ်ခါထပ်ပြီး အချက်ပြန်ပြ ပေးလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် Antenna နောက်တစ်ခုမှ အလုပ်လုပ်နေပြီဖြစ်သည်။

ဥပမာ MIET တက္ကသိုလ်သို့ ယာဉ်(သို့)အရာဝတ္တု ရောက်နေချိန်တွင် Antenna No(2) နှင့် Antenna No(4) နှစ်ခုလုံး အလုပ်လုပ်နေပြီး ကျန်နှစ်ခုမှာ အသင့် စောင့်ဆိုင်းနေမည်ဖြစ်သည်။ မြို့အပြင်ထွက်သွားပါက Antenna များမှ ၎င်းတို့၏ Signal အောက်မှ ထွက်သွားကြောင်း(သို့) ၎င်းတို့၏ Signal အောက်တွင်မရှိကြောင်း Control လုပ်သူ ထံသို့ အကြောင်းပြန်လိမ့်မည်။

ဤနည်းဖြင့် မြန်မာနိုင်ငံရှိ မည်သည့် မြို့တွင်မဆို Automatic Navigating System Of Traffic Management Facilities စနစ် ကို အသုံးပြု၍ ရွေ့လျှားနေသော အရာဝတ္ထုများကို အဝေးမှ Control လုပ်ခြင်း၊ ယာဉ်များကို မောင်းသူမပါပဲ ထိန်းချုပ် မောင်းနှင်နိုင်ခြင်းများကို လုပ်နိုင် လိမ့်မည်ဟု ယုံကြည်ပါသည်။ ကယ်ဆယ်ရေး လုပ်ငန်းများ၊ ကာကွယ်ရေး လုပ်ငန်းများ၊ လျှို့ဝှက် ထောက်လှမ်းရေး လုပ်ငန်းများ၊ အဆင့်မြင့် စက်ရုံများ၊ မြေအာက်၊ ရေအောက် သုတေသနလုပ်ငန်းများ၊ အဆင့်မြင့် စမ်းသပ်မှုများ၊ ရှာဖွေရေး လုပ်ငန်းများများ နှင့် အခြားသော အသေးအမွှား လုပ်ငန်းများမှ စ၍ ဤစနစ်ကို အသုံးပြုခြင်းဖြင့် လိုအပ်ချက် ပေါင်းများစွာကို ဖြည့်ဆည်းပေးနိုင် လိမ့်မည် ဟု ယူဆမိပါသည်။ နိုင်ငံတကာနှင့်လည်း ရင်ဘောင်တန်း နိုင်လိမ့်မည်ဖြစ်သည်။ Signal Waves အသေးစိတ်နှင့် Control System အကြောင်းကို နောက်မှ ဆက်လက် တင်ပြပါဦးမည်။ ကျေးဇူးတင်ပါသည်။


Antenna Navigating System


Antenna စိုက်ထူအပြီး Zelenograd မြို့ မြေပုံ




3 comments

Спасибо за долю знании!

ကျွန်တော်အမြဲလာဖတ်နေပါတယ် ကောင်းတယ်ဗျာ

good work , cheer!

Post a Comment

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com