အတွေးမှတ်စုများ (၁၁)
Posted by ADMIN in အတွေးမှတ်စုများ
- သင်သည် နေကို မျက်နှာမူလိုက်ပါ အရိပ်များသည် အနောက်ဘက်တွင် ရောက်ရှိသွားပါလိမ့်မည်။
- မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်တွေရှိတယ်။ မျှော်လင့်ချက်တိုင်းမှာ ဆောင်ရွက်ချက်တွေရှိတယ်။ ဆောင်ရွက်ချက်တိုင်းမှာ ရည်မှန်းချက်တွေရှိတယ်။
- ဘ၀ ဆိုတာ ဦးတည်ရာမဲ့ရွေ့လျှားနေတဲ့ သစ်ရွက်ကြွေမဟုတ် မျှော်လင့် ဦးတည်ချက် ရှိတဲ့ မြှားတစ်ဆင်း။
- အတွေ့အကြုံဆိုတာ အရက်စက် အကြမ်းကြုတ်ဆုံး ဆရာပဲ၊ အဲဒီကနေ သင်ခန်းစာ ယူစမ်းပါ ယူဖြစ်အောင် ယူစမ်းပါ။
- ကျောက်ခဲတစ်လုံးကိုပဲ နှစ်ခါ ခလုတ်တိုက်တယ်ဆိုတာ ပြောစမှတ်တွင်လောက်တဲ့ သိက္ခာ ကျဆင်းမှုပါပဲ။
- လူတစ်ယောက်ရဲ့တန်ဖိုးဟာ ကိုယ့်ကိုယ်ကို ကောင်းအောင်ကြိုးစားနေမှုပေါ်မှာ မူတည်တယ်။
- နိမ့်နိမ့်လေးပျံရင် နီးနီးလေးပဲမြင်ရမယ်။ ဝေးဝေးမြင်ချင်ရင်တော့ မြင့်မြင့်ပျံရမှာပေါ့။
- သူများကို ဝေဖန်မယ့်အစား တစ်စုံတစ်ရာကို စိတ်ဝင်စားစွာ ပြုမူဆောင်ရွက်ခြင်းက အကျိုးဖြစ်ထွန်းမှာ သေချာပါတယ်။
- အရည်အချင်း ရှိမှသာ ရပ်တည်နိုင်တဲ့ လောကကြီးမှာ အရည်အချင်းမရှိရင် သူများအောက် ရောက်သွားမယ်။
- ကိုမျှော်လင့်ထားတဲ့ အရာတစ်ခုကို ဘယ်သူ့ပရောဂနဲ့မှ မပျက်ပါစေနဲ့။
- သူတပါးစကားနဲ့ လမ်းမဆုံးစေချင်။ ကိုယ်ကိုယ်တိုင် လုပ်ကြည့်မှ ကောင်းမကောင်း သိရမည်။
- ပတ်ဝန်းကျင်ဆိုတာကြီးကို တွေးကြောက်မနေနဲ့ သေချာရေတွက်ကြည့်ရင် လူ တစ်ရာတောင် ပြည့်တာမဟုတ်ဘူး။
- ဖြစ်သင့်တာတွေလုပ်နေရင်းနဲ့ တစ်နေ့မှာ ဖြစ်ချင်တာတွေဖြစ်လာမယ်။
- ငွေကို လိမ်လိမ်မာမာ သုံးစွဲပါ။ ငွေမည်မျှ ရှာဖွေရရှိသည်က အဓိကမဟုတ်၊ မည်မျှ စုဆောင်းမိသည် ကသာ အဓိကဖြစ်သည်။
- လေကောင်းလေသန့်ရှူပါ။ စိတ်ဓာတ်တက်ကြွပါ။ ထိုအခါ ဘာလုပ်ရမည်ကို သင်သိလာလိမ့်မည်။
- ကိုယ်ကျင့်တရားနှင့် ပတ်သက်လာလျှင် စာတွေထက် ကိုယ်တွေ့သင်ခန်းစာများကသာ အစွဲမြဲဆုံးဖြစ်သည်။
- အားလုံးနဲ့ အစဉ်ပြေချင်လျှင် အားလုံးအပေါ် နားလည်ပါ။
- သိမ်ဖျင်းတဲ့ တန်ဖိုးမဲ့တဲ့ စကားတွေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်နဲ့။
- လူ့အဖိုးတန်ဖြစ်ချင်ရင် လူတွေကို အကျိုးပြုတဲ့ အလုပ်တွေ များများလုပ်။
- အချစ်ကြောင့် မျှော်လင့်ချက် ပျက်သုန်း ဘ၀ မဆုံးစေနဲ့။
- လောကမှာ သစ္စာရှိတဲ့ မိတ်ဆွေ သုံးယောက်ကတော့ ကြာရှည် ပေါင်းသင်းခဲ့တဲ့ မယားအို တစ်ယောက်ရယ်၊ အတူတူ နေတာကြာတဲ့ ခွေးအို တစ်ကောင်ရယ်၊ ကိုယ့်လက်ထဲမှာ အဆင်သင့်ရှိတဲ ပိုက့်ဆံရယ်ပါပဲ။