အတွေးမှတ်စုများ (၁၃)
Posted by ADMIN in အတွေးမှတ်စုများ
- ခင်မင်မှုကို တန်ဖိုးထားပါသည်။ ချစ်ပါသည်၊ သို့သော် ခွဲခွာရမည်ကိုလည်း မကြောက်ပါ။
- အကြီးမားဆုံး ဆုံးရှုံးမှုနဲ့ တွေ့တော့မှ အနက်နဲဆုံး အသိဥာဏ်ကို ရလိမ့်မည်။
- မထိန်းသိမ်းနိုင်သော ချို့ယွင်းချက်သည် လူတိုင်းတွင် ရှိသည်။ အဓိကမှာ ဒေါသဖြစ်သည်။ ဒေါသကို မထိန်းနိုင်သောကြောင့် ယခု လူအချို့ စိတ် ဆင်းရဲနေကြခြင်း ဖြစ်သည်။
- နှစ်ခါ မခံရအောင် ပထမ အကြိမ် ကတည်းက သင်ခန်းစာယူလိုက်ပါ။
- လောကတွင် မှန်ကင်း တစ်လှည့် ထင်း တလှည့်၊ ငါးဖျံ တစ်လှည့် ဗုံလုံ တစ်လှည့်၊ သစ်ငုတ် မြင့်တုံ မြက်မြင့်တုံ၊ ထင်းခွေ မကြုံ ရေခပ် ကြုံ၊ ရေစီး တစ်ခါ ရေသာ တစ်လှည့် ဖြစ်သည်။ မည်သည့်အရာမှ တည်မြဲခြင်း မရှိပေ။
- ယနေ့ ကြုံတွေ့ နေရသည် များကို တစ်နေ့ကျရင် အားရပါးရ ပြန်ပြောလိမ့်မည်။
- သင်နှင့် တွေ့သောသူများထံမှ ပညာယူစရာတွေ အမြောက်အများရှိသည်။ သင်ယူတတ်ရင် ရလိမ့်မည်။
- သင့်စိတ်ထားနဲ့ လုပ်ပုံကိုင်ပုံ မပြောင်းနိုင်သေးသမျှ သင်တွေ့နေကျ အခက်အခဲကို တွေ့နေဦးမည် ဖြစ်သည်။
- ပထမ ပြီးမြောက်ရ မည်မှာ အတ္တဟိတ ဖြစ်ပြီး။ ဒုတိယ ကျမှ ပရဟိတ ဖြစ်သည်။ ယုံကြည်ချက် သည် အတ္တ ဖြစ်၍ အောင်မြင်မှုသည် ဟိတ ဖြစ်သည်။
- လောကုတ္တရာ လမ်းတွင် ပထမ ရတနာ သုံးပါးကို ယုံကြည်ရမည်။ ဒုတိယ မိမိကိုယ်မိမိ ယုံကြည်ရမည်။
- စကားကို ပိုင်ပိုင်နိုင်နိုင် ပြောတတ်သူ၊ စဉ်းစဉ်းစားစား၊ ဥာဏ်ရှိရှိ၊ အကျိုးနဲ့ အကြောင်းနဲ့ ပြောတတ်တဲ့သူမှာ အားငယ်တဲ့စိတ်မဖြစ်ဘူး။ ဒါ ပညာတစ်မျိုးပဲ။
- ကိုယ့်စိတ်ထဲမှာ တစ်ခုခု ခံစား နေရတဲ့အခါ ဘယ်လို အကြောင်းအရာ ကို ဘယ်လို ရှုထောင့်ကနေ တွေးနေလဲဆိုတာကို သတိထားပြီး ကြည့်တဲ့ အလေ့အကျင့်လေး လုပ်ပါ။ မဖြစ် သေးတာအတွက် ကြိုပြီး မခံစား နေပါနှင့်။
- သင့်မှာ အရည်အချင်း ကောင်းတွေ အများကြီး ရှိသည်။ နေ့စဉ်ကြိုးစားသွားပါ။ တစ်နေ့ထက်တစ်နေ့ စိတ်ဓာတ်ရော၊ အသိဥာဏ်ရော တိုးတက်လာလိမ့်မည်။
- စိတ်၏ အရည်အသွေး မြင့်မားလာလျှင် ဘ၀ရဲ့ အရည်အသွေး မြင့်မားလာမည်။ ဘ၀ ဆိုသည်မှာ စိတ်၏ ရောင်ပြန်ဟပ်မှု ဖြစ်သည်။
- ဘ၀မှာ အဆင်မပြေမှုတွေ တွေ့နေရချိန်မှာ ကျန်းမာရေးကို ပိုပြီးဂရုစိုက်ပါ။ အစား မှန်မှန်စားပါ။ လမ်း မှန်မှန်လျှောက်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။
- နုပျိုတဲ့ နေ့ရက်တွေမှာ သင့်နှလုံးသားက သင့်အားရွှင်လန်းပါစေ။