လွတ်မြောက်နိုင်စေတာ.....
Posted by ADMIN in ဘာသာရေး
- လောက၌ အမြတ်ဆုံးဥစ္စာသည် သဒ္ဓါတရား၊ ယုံကြည်မှု ။
 
- နေ့စဉ်ရက်ဆက်ပွားမည်သည်ရှိသော် ချမ်းသာကိုဆောင်သောအရာကား ဒါန၊ သီလ၊ ဘာဝနာတရား ။
 
- အရသာအပေါင်းတွင် အချိုမြိန်ဆုံးကား သစ္စာအမှန်တရား ။
 
- ပညာ ဖြင့်အသက်ရှင်ခြင်းသည် အမြတ်ဆုံး ။
 
- သြဃလေးတန်ကို ကူးမြောက်နိုင်တာ သဒ္ဓါတရား၊ ယုံကြည်မှု ။
 
- ဘ၀သံသရာကို ကူးမြောက်နိုင်တာ အပ္ပမာဒ သတိရှိမှု ။
 
- အိုနာသေ ဘေးဒုက္ခများမှ လွတ်မြောက်နိုင်စေတာ ၀ီရိယ၊ လုံ့လတရား ။
 
- ကိလေသာအညစ်အကြေးကို စင်ကြယ်စေနိုင်တာ မင်္ဂပညာ ။
 
- သက်ရှိသက်မဲ့ ဘယ်အရာကိုမဆို
တဏှာ နဲ့ချစ်ရင် စိတ်ပူလောင်ရတယ်၊
သဒ္ဓါမေတ္တာ နဲ့ချစ်ရင် စိတ်အေးချမ်းရတယ်။
ဒေါသ နဲ့မုန်းရင် စိတ်ဆင်းရဲရတယ်၊
သတိ ဥာဏ်နဲ့မုန်းရင် စိတ်အေးချမ်းသာရတယ်။
တဏှာနဲ့မချစ်တတ်သူ၊ ဒေါသနဲ့မမုန်းတတ်သူ ဘ၀တိုင်းဖြစ်ပါရစေ…….။ 
(အရှင်ဆန္ဒာဓိက)


