အတွေးမှတ်စုများ (၁၈)  

Posted by ADMIN in



  • ကိုယ်ကျင့်တရားဆိုသည်မှာ ရှုပ်ရှုပ်ထွေးထွေး မဟုတ်။ မှားသလား မှန်သလား သင့်သလား မသင့်ဘူးလား ခွဲခြားသည့်ကိစ္စသည် ဘာမှမခဲယဉ်း။ ခဲယဉ်းသည်က မှန်သည့်အတိုင်း သင့်သည့်အတိုင်း တကယ်လက်တွေ့ ကျင့်သုံးဖို့ ဖြစ်သည်။



  • ဓနထက် သီလကို ဦးစားပေးပါ။


  • ဘယ်သူ ဘာဝတ်ထားတယ်ဆိုတာ အရေးမကြီးဘူး၊ အဲ့ဒီလူ ဘာလဲဆိုတာပဲ အရေးကြီးတယ်။



  • ချမ်းသာတယ်၊ မချမ်းသာဘူးဆိုတာ စိတ်ဓာတ်အပေါ်မှာ အများကြီး မူတည်နေတယ်။ လူတစ်ယောက် ချမ်းသာတယ်ဆိုတာ သူပိုင်ဆိုင်တဲ့ ဥစ္စာဓနတွေ ချင့်တွက်ပြီး ပြောလို့မရဘူး၊ ဥစ္စာဓနကို သူ ဘယ်လို အသုံးချတယ်ဆိုတာ ကြည့်ပြီးမှ ပြောလို့ရလိမ့်မယ်။



  • ကျွန်ုပ်၏ သဘောထား၊ ခံယူချက်နှင့် အရေးအသားများသည် သင်၏ အယူအဆများနှင့် တစ်ရာ ရာခိုင်နှုန်း ဆန့်ကျင်ကောင်း ဆန့်ကျင်နေလိမ့်မည်။ ၎င်းမှာ သင်နှင့် ကျွန်ုပ်ပင်ဖြစ်သည်။



  • ခိုင်မာပြင်းပြသော သင့်အလိုဆန္ဒများအတိုင်းပင် သင်ဖြစ်ရာ၏။ အကြောင်းမူ၊ အလိုဆန္ဒရှိသလောက် သင့်၌ ထက်သန်မှုရှိ၏။ ထက်သန်မှုရှိသလောက် သင် လုပ်ဆောင်ဖြစ်၏။ သင် လုပ်ဆောင် သလောက်ပင် သင့်ဘ၀ ကံကြမ္မာများ ဖန်တီး ဖြစ်ပေါ်ရပေသည်။



  • ကျွန်ုပ်တို့ အတွက် အဓိက လိုအပ်ချက် နှစ်ခုရှိတယ်။ တစ်ခုက အခြေတည်စရာ ရေသောက်မြစ်၊ နောက်တစ်ခုက မြင့်မြင့်မားမား ဖြန့်ကျက်ပျံသန်းဖို့ အတောင်ပံတစ်စုံ။



  • အခုလက်ရှိအနေအထားကို သင် မကြိုက်ဘူးဆိုရင် သင်ကြိုက်တဲ့ ပုံစံအတိုင်းဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားပါ။ မအောင်မြင်ဘူး၊ သူက သင့်ကို အလဲ ထိုးလိုက်တယ်ဆိုရင်လဲ အဲ့ဒီတိုင်း ဆက်လှဲမနေနဲ့၊ ပြန်ထ၊ အသစ်တစ်ကြိမ် ထပ်ကြိုးစား။



  • လိမ်လည်ပြီး အောင်မြင်ခြင်းထက် သိက္ခာရှိရှိ ရှုံးနိမ့်ခြင်းက သာ၍မြတ်၏။



  • မကောင်းမှုကို လက်မခံသည့် ပညာရှိ ပက်ဝန်းကျင်တွင် ပေါက်ဖွားလာသည့် လူတစ်ယောက်သည် မှန်သောအကျင့်၊ သင့်သောအရာကို ပြုကျင့်တတ်သော အလေ့အထများ စွဲမြဲကိန်းအောင်းကာ၊ ကြီးပြင်းလာသောအခါ၌ ကိုယ်ကျင့်တရားကောင်းသူ အဖြစ် လူအများကြားတွင် တင့်တယ်မည်၊ အောင်မြင်မည်။

    တဒင်္ဂစိတ်အလိုကို မလိုက်ဘဲ မှန်ရာကို ဆုံးဖြတ်လုပ်ကိုင်ဖြစ်ခဲ့သော အကျင့်သည်လည်း နောင်တသက်တာ၌ မိတ်ဆွေအပေါင်းအသင်းများ၊ သားသ္မီး မြေးမြစ်များအား အခွင့်ကြုံတိုင်း ၀မ်းမြောက်ဂုဏ်ယူစွာ ပြန်ပြောင်းပြောဆိုစရာ ကိုယ်တွေ့ ဘ၀ဇာတ်လမ်း ပုံပြင်တစ်ပုဒ်အဖြစ် စွဲထင်ကျန်ရစ်နေပေမည်။



  • ကျနော်တို့ အားလုံးမှာပင် မိမိတန်ဖိုးထားသော အရာ၊ မိမိသစ္စာစောင့်သိရမည်ဟု ယုံမှတ်ထားသည့်အရာ၊ မိမိလုပ်ဆောင်ရမည့် တာဝန်ဟု ပြဌာန်းမိသည့် အရာများ ရှိပါသည်။ ဒါတွေကို ကျေပွန်စွာ ထမ်းရွက်နိုင်သော် ကျနော်တို့ ၀မ်းသာပီတိဖြစ်ကြ၏။ ဂုဏ်ယူမိကြ၏။ တာဝန် မကျေပွန်ခဲ့လျှင် သို့မဟုတ် သစ္စာဖောက်ဖျက်ခဲ့လျှင်ကား အကြီးအကျယ် စိတ်မချမ်းမြေ့ခြင်း ဖြစ်ရပါသည်။ မိမိအတွင်းစိတ်၏ ကဲ့ရဲ့ရှုတ်ချခြင်းကိုလည်း မိမိဘာသာ အပြင်းအထန် ခံရတတ်ပါသည်။


  • စွန့်လွှတ်ခြင်း ဟူသည် မေတ္တာ၏ အမြင့်ဆုံး အသွင်သဏ္ဌာန်တစ်ရပ်ပင်။



  • ဒဂါင်္းပြားမှာနှစ်မျက်နှာရှိသည်၊ နန်းမြို့ရိုးမှာလေးမျက်နှာရှိသည်၊ အံစာတုံးမှာခြောက်မျက်နှာရှိသည်၊ ဒသဂီရိမှာဆယ်မျက်နှာရှိသည်၊ မိန်းမတွေရဲ့ မျက်နှာပိုင်ဆိုင်မှုက အားလုံးထက် ပိုသည်။


  • မေတ္တာ၏ သင်္ကေတပြယုဂ်ကလေးတစ်ခုမှာ အလွန်ထူးခြားကြီးကျယ်သော အခြင်းအရာများကို ဖန်တီးပေးနိုင်သည့် တန်ဖိုးစွမ်းအားတွေ ရှိနေတတ်သည်။



  • စကားလုံးတစ်ထောင်ထက် ဆောင်ရွက်မှုတစ်ခုက ပို၍ အရာထင်သည်။


  • ဘယ်သူမှမမြင်သည့်အချိန်မှာ ကျနော်တို့ မဟုတ်တာလုပ်သလား မလုပ်ဘူးလား၊ ရှုပ်သလား မရှုပ်ဘူးလား၊ ဘယ်သူမှမသိဘူးဆိုပြီး လစ်သည့်အချိန် လုပ်ငန်းကိစ္စမှာ ခိုသလား မခိုဘူးလား၊ သူတစ်ပါးအပေါ် မတရား အမြတ်ထုတ်သလား မထုတ်ဘူးလား။ ကျနော်တို့မှာ ကိုယ်ကျင့်သီလ ပြည့်ဝ မပြည့်ဝ ဟူသည် အဲ့သည် ကျနော်တို့ အပြုအမူတွေအပေါ် မူတည်နေလိမ့်မည်။


  • သည်ကနေ့ထက် ပို၍ အဖိုးတန်သောအရာ မရှိပါ။



  • ကြိုးစား။ မအောင်မြင်လျှင် သည့်ထက်ပိုကြိုးစား ဟူသောနည်းလမ်းသည် အမြဲ သင့်တော် မှန်ကန်သည့် အဖြေမဟုတ်ပါ။ သည် ၀ါဒ တစ်ခုတည်းကို အားကိုးပြုထားရုံဖြင့် သင်၏ ဘ၀ ရည်မှန်းချက်တွေ အထမြောက် အောင်မြင်လိမ့်မည်ဟု စိတ်ချ ယုံကြည်၍မရပါ။ စင်စစ် သည်လမ်းစဉ်ကို တရားသေ ကိုင်စွဲခြင်းကြောင့်ပင် ပြဿနာတွေ ရင်ဆိုင်လာရနိုင်ပါသည်….။

    နည်းလမ်းကို ပြန်သုံးသပ်မှု မပြု၊ ပြုပြင်ပြောင်းလဲရန်လည်း မကြိုးစား၊ ၀ီရိယကို အမြင့်ဆုံးတင်နိုင်လျှင် ရှိသမျှ အတားအဆီးကို ဖောက်ထွက်ကျော်လွားနိုင်ရမည်ဆိုက မအောင်မြင်ရုံမက အောင်မြင်မည့် အခွင့်အလမ်းများစွာကိုပင် မိမိဘာသာ ဖျက်ဆီးပစ်နိုင်ပေသည်…..။

    ကြိုးစားပါ။ ကြိုးစားပါလျက် ဖောက်ထွက်၍ မရသည့် အခါတိုင်းတွင် မှန်ပြတင်းပေါက်တွင် ပိတ်မိကာ တစ်ဖက်သို့ ထိုးဖောက်ရန် ကြိုးစားပျံသန်းရင်း အသက် ဆုံးရှုံးသွားသည့် ယင်ကောင်များကို သတိရပါ….။



  • ဘုရားသခင်။ ကျေးဇူးပြုပြီး လွန်ခဲ့တဲ့ ၁၀နှစ်ကို ပြန်ပေးပါ။ မိဘနှစ်ပါးလုံးကို အနီးကပ်အလုပ်ကျွေးပြုပြီး ကမ္ဘာပေါ်မှာ ကျေးဇူးအသိတက်ဆုံး သားကောင်းတစ်ယောက်ဖြစ်ဖို့ ကျနော် တာကတိပေးပါတယ်။


  • ဒီနေ့ ကမ္ဘာမှာ အကြီးကျယ် အဆိုးဝါးဆုံး ရောဂါဟာ တီဘီလည်းမဟုတ်ဘူး၊ AIDS လည်းမဟုတ်ဘူး၊ ကြက်ငှက်တုပ်ကွေးလည်း မဟုတ်ဘူး။ နှစ်သက်လိုလားသူ မရှိတာ၊ မေတ္တာထားခြင်း ကြည့်ရှုစောင့်ရှောက်ခြင်း ကင်းမဲ့တာ၊ ပေယျာလကန် အပြုခံရတာတွေပဲ…..။

    ကိုယ်ကာယ ရောဂါတွေကို သာမန်ဆေးဝါးများ ပေးလို့ရပေမယ့်၊ အထီးကျန်ခြင်း၊ စိတ်ပျက်အားလျော့ခြင်း မျှော်လင့်ချက် ကုန်ဆုံးခြင်း ဝေဒနာတွေကိုတော့ မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ်….။

    ယနေ့ ကမ္ဘာမှာ ပေါင်မုန့်တစ်ဖဲ့ အတွက် အသက်ငင်နေသူတွေ အမြောက်အမြားရှိနေတာ မှန်သလို မေတ္တာအကြာင်နာလေး နည်းနည်းလေးမှ မခံစားရလို့ သေဆုံးကြမယ့် လူတွေလည်း ဒုနဲ့ဒေးပါ……။



  • ပညာဗဟုသုတကို သဲသဲမဲမဲ အလိုရှိမယ်ဆိုရင် တစ်နေ့သောအခါ ပညာရှိ မုချ ဖြစ်လိမ့်မည်။



7 comments

တန်ဖိုးမဖြတ်နိုင်တဲ့
အတွေးမှတ်စုတွေ အတွက် ကျေးဇူးတင်ရှိတယ်။

(ပျက်ကွက်တာတွေအတွက် တောင်းပန်တယ်)
လေးစားစွာနဲ့

ဒဂါင်္းပြားမှာနှစ်မျက်နှာရှိသည်၊ နန်းမြို့ရိုးမှာလေးမျက်နှာရှိသည်၊ အံစာတုံးမှာခြောက်မျက်နှာရှိသည်၊ ဒသဂီရိမှာဆယ်မျက်နှာရှိသည်၊ မိန်းမတွေရဲ့ မျက်နှာပိုင်ဆိုင်မှုက အားလုံးထက် ပိုသည်။

( ရည်ရွယ်ချက်နဲ့ ပိုသွားတဲ့ မျက်နှာတွေရှိသလို၊ မရည်ရွယ်ပဲ ဘ၀၀ဋ်ကြွေးကြောင့် များသွားရတဲ့ မျက်နှာတွေလည်း ရှိပါတယ်။ )

စွန့်လွှတ်ခြင်း ဟူသည် မေတ္တာ၏ အမြင့်ဆုံး အသွင်သဏ္ဌာန်တစ်ရပ်ပင်။
( တခါတလေတော့ နာကျင်ရတယ်။ )

စကားလုံးတစ်ထောင်ထက် ဆောင်ရွက်မှုတစ်ခုက ပို၍ အရာထင်သည်။
( ဓားလို မြိနေတဲ့ စကားလုံးတစ်လုံးကတော့ ဆောင်ရွက်မှု တစ်ခုထက် ပိုပြီး အသည်းနာစေတတ်တယ်။ )

သည်ကနေ့ထက် ပို၍ အဖိုးတန်သောအရာ မရှိပါ။
( အဲ့ဒါ အမှန်ဆုံးပဲ။ )

အတွေးမှတ်စုလေး ဖတ်ပြီး သိခွင့်ရတာ ကျေးဇူး ..။
အတွေးကောင်းကောင်းလေးတွေမို့ တန်ဘိုးရှိတဲ့
ပို့စ်ကောင်းတစ်ပုဒ်ပါ ..။

မီးပြတိုက်ရဲ့ အတွေးမှတ်စုကို လာဖတ်တယ်--
--------------?
လူတယောက် ရည်ရွယ်ချက်တွေ--အောင်မြင်တာ ဘာကြောင့်လဲ---?
တွေးကြည့်မိတယ်----?
စဉ်းစားကြည့်တယ်--?
အဖြေရလိုက်တယ်--
သူလုပ်ချင်တာကို စိတ်အားထက်သန်မှုက--
နံပါတ် တစ် အရည်အချင်းပဲ ဆိုတာ--
တွေ့လိုက်ရတယ်---

ရောက် ပါတယ် ကို မီးပြတိုက်ရေ တကယ် လိုက်နာ ကျင့်သုံးသက်တဲ့ အတွေးတွေ စကားတွေ အတွက် ကျေးဇူး ပါ ဗျာ။

အသစ်လာရှာတာ--
အဟောင်းပြန်ဖတ်သွားပါတယ်---

မှတ်စုလေးတွေ က ကောင်းပါတယ်
ပထမဦးဆုံးအကြိမ် လာရောက်ဖတ်သွားပါတယ်
ကျမ ကွန်ပျူတာ ဘာဖြစ်နေမှန်းမသိဘူး စီဘောက်တွေ မှန်သမျှ အက်ရာတတ်နေလို့ စီဘောက်ကနေ မအော်ဘဲ
ဒီကနေဘဲ ကွန့်လိုက်ပါတယ်
ပျော်ရွှင်ပါစေ
စန္ဒီမိုးမြင့်
မန္တလေး

Post a Comment

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com