ဘဝ တစ်ဆစ်ချိုး
Posted by ADMIN in အမှတ်တရ
- အချိန်တွေလည်း တစ်ရွေ့ရွေ့ကုန်ဆုံးသွားရင်း၊ လတွေ နှစ်တွေလည်း ရာသီစက်ဝိုင်းအတိုင်း လှည့်ပက်ရင်း ကျနော်တို့ လည်း တစ်နေ့ တခြား အသက်တွေ ကြီးရင့်လာပြီဖြစ်သည်။
- "ဒါ ဘဝ တစ်ဆစ်ချိုးပဲ" စကားကို တက္ကသိုလ်ဝင်တန်းမှ စ၍ မိဘ၊ ဆရာများ၏ ပြောဆို ဆုံးမ သံများကို မကြာခဏ ကြားခဲ့ရပါသည်။ ဘဝ ဆိုတာ အဆစ် ဘယ်နှဆစ်ရှိမှန်း ကျနော် မသိပေမယ့် ယခု တွင်လည်း နောက် တစ်ဆစ် ထပ်ကျိုးသွားပြီလို့ ကိုယ့်ကိုယ်ကို ထင်မိပါသည်။
- ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာရှာ၊ တတိယအရွယ် တရားဘာဝနာ ရှာ ဟူသော စကားအတိုင်း လူမှန်းသိတတ်ခါစမှစ၍ ပညာရှာဖွေခဲ့ရာ ယခု မည်သည့် အရွယ် ရောက်မှန်းမသိသော်လည်း ပညာရှာတဲ့ အလုပ်က အတောမသက်နိုင်သေးပါ။
- နောက်ထပ် ဘဝ တစ်ဆစ်ချိုးအတွက် နောက် (၃) နှစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သို့ စက်တင်ဘာတွင် ပြန်လာ၍ ထပ်မံရောက်ရှိပြီး ပညာများကို ကြိုးစားသင်ယူ ပါရဂူဘွဲ့ ရယူဖို့ စီမံထားပြီးဖြစ်ပါသည်။
- တစ်ဆစ်နှင့် တစ်ဆစ်အကြားတွင် အလွတ် တစ်ခု ရှိသလိုပဲ ကျနော်လည်း နားခွင့်ရသော (၂)လ တွင် သုံးနှစ်ကြာ ခွဲခွာခဲ့ရသော မိဘရင်ခွင်ဆီသို့ ခေတ္တခဏ သွားရောက်ခိုလုံရင်း တက်မြောက်ထားသော ပညာများဖြင့် ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် စနည်းနာပါအုံးမည်။
- ရှမ်းပြည်နယ် တောင်းပိုင်းတွင် နေထိုင်မည်ဖြစ်သောကြောင့် (၂) လ အတွင်း ပို့စ် အသစ် တင်နိုင်လိမ့်မည် မထင်ပါ။
- နိုင်ငံအရပ်ရပ်မှ လမ်းကြုံလို့သော်လည်းကောင်၊ တကူးတကသော်လည်းကောင်၊ မတော်တဆ သော်လည်းကောင်၊ ရှာရင်းဖွေရင်း သ်ာလည်းကောင်း၊ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသော စာဖတ်မိတ်ဆွေများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နှုတ်ဆက်ခဲ့ပါကြောင်း.........။