၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့
Posted by ADMIN in အမှတ်တရ
- ယခင်အလံတုန်းက နေ့စဉ်နှင့်အမျှ မနက်ရော ညနေပါ အလေးပြုနိုင်ခဲ့သော်လည်း ယခု ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံသစ်အား အခြေအနေနှင့် အချိန်အခါကြောင့် ဤပိုစ့်ဖြင့် လေးစားစွာ အလေးပြုပါ၏။
- ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့။ ယနေ့သည် မြန်မာလူထုတစ်ရပ်လုံး စောင့်မျှော်နေသည့် ရွေးကောက်ပွဲကြီး ကျင်းပမည့်နေ့ဖြစ်သည်။ မြန်မာ့သမိုင်းတစ်ခုလုံးအတွက် မှတ်တိုင်ထူရမည့်နေ့လည်း ဖြစ်သည်။ မဲပေးခွင့်ရရှိသည့် မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူပါ၏။
လွန်ခဲ့သော အနှစ် (၂၀) ကြာ ၁၉၉၀ ခုနှစ်က အခြေခံဥပဒေ မရှိသော ရွေးကောက်ပွဲပြီး အနှစ် (၂၀) ကြာမှကျင်းပ သော ရွေးကောက်ပွဲ ဖြစ်ခြင်းကြောင့် မြန်မာပြည်သူအားလုံး စိတ်လှုပ်ရှားစေသည်သည်မှာ အမှန်ဖြစ်သည်။ ပြည်တွင်း မီဒီယာများသာ မက ပြည်ပ မြန်မာမီဒီယာ ပေါင်းများစွာမှ ရွေးကောက်ပွဲကို မြန်မာပြည်သူအားလုံး စိတ်ဝင်စားစေရန် သက်ဆိုင်သည့် အကြောင်းအရာများကို နေ့စဉ်နှင့်အမျှလည်း တင်ဆက်ခဲ့ကြသည်။
မြန်မာ ပြည်သူလူထု ၉၂ ရာခိုင်နှုံးကျော် ထောက်ခံထားသည့် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပြီးနောက် စနစ်တကျနှင့်ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ပါတီပေါင်း (၃၇) ပါတီပါဝင်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပြွဲုဖစ်ခြင်းကြောင့် လည်းကောင်း ရွေးချယ်ခံရမည့် ပါတီပေါင်းစုံမှ အမတ် (၁၁၆၃)ဦးလုံး မှာ မြန်မာပြည်သူတို့ ယုံကြည်အားကိုးခြင်းခံရကာ အမှန်တကယ် အရည်အချင်းပြည်ဝ သူများဖြစ်မည်မှာ မုချ မလွဲပင်ဖြစ်သည်။
အနာဂါတ် မြန်မာနိုင်ငံတော်ကြီးအား ကမ္ဘာ့နိုင်ငံကြီးများနှင့် တန်းတူ ရင်ဘောင်တန်းနိုင်ရန်၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် "မြန်မာ" ဟူသည့် နာမည်ဖြင့် တကမ္ဘာလုံးက လေးစားအထင်ကြီးပြီး ထည်ထည်ဝါဝါ၊ သိက္ခာရှိရှိရပ်တည်နိုင်ရန် မှာ ယနေ့ခေတ် မြန်မာပြည်သူအားလုံးတွင် တာဝန်ရှိပေသည်။ မြန်မာပြည်သူအားလုံးဆိုခြင်းထက် မြန်မာလူငယ် အားလုံး ပေါ်တွင် ပို၍ တာဝန်ရှိပေသည်။
မည်သူမည်ဝါ ရွေးချယ်ခံရသည်ဖြစ်စေ ကျွန်ုပ်တို့ မြန်မာပြည်သား အားလုံးမှ သမ္မတသစ် ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် မြန်မာပြည်သူတို့အတွက် မိမိတို့ ကျွမ်းကျင်သည့် နယ်ပယ်အသီးသီးမှ တက်နိုင်သမျှ တာဝန်ယူ ကြိုးစားပြီး နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးပြုကြပါစို့......။