၃၀၊ ၁၁၊ ၂၀၁၀
Posted by ADMIN in အမှတ်တရ
ဧရိယာ ၆၅၉၂၈၀၀ စတုရန်းမိုင်ရှိတဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံကြီးရှိ တစ်ပါးတည်းသော ထေရဝါဒ ဗုဒ္ဓဘာသာမြန်မာသံဃာတော် ရှင်ဝေဠုရိယ မှ ၂၉၊ ၁၁၊ ၂၀၁၀ ရက်နေ့ ညနေပိုင်းတွင် ကျနော်တို့ MIET တက္ကသိုလ်ရှိ ပညာတော်သင် မြန်မာကျောင်းသားများထံသို့ ကြွရောက်ပြီး တစ်ည ကျိန်းစက် ခဲ့ပါတယ်။
၃၀၊ ၁၁၊ ၂၀၁၀ ရက်နေ့ နံနက်စောပိုင်းမှစပြီး တရားပွဲများ ကျင်းပခဲ့ပါတယ်။ စေတနာရှင် ကျောင်းသားတွေ စုပေါင်းပြီး Laptop တစ်လုံး၊ သင်္ကန်းတစ်စုံ၊ အခြား လှူဖွယ်ပစ္စည်းများနဲ့ ဝတ္ထုငွေများကို လှူတန်းခဲ့ပြီး နေ့ဆွမ်းကို ကျနော် နှင့် Junior ညီလေး တစ်ယောက်တို့မှ တာဝန်ယူ ဆွမ်းကပ်ခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဆရာတော်သီတင်းသုံးရာ စိန့်ပီတာစပတ်မြို့သို့ ပြန်ကြွသွားခဲ့ပါတယ်။
အခုလိုနေရာ၊ အခုလိုအချိန်မျိုးမှာ သင်္ကန်းဝတ်ထားသော ပုဂ္ဂိုလ်တစ်ပါးကို အပြင်မှာ ဖူးမျှော်ခွင့်ရသည်မှာ ကျနော်တို့အတွက် အလွန်ကံကောင်းလှပါတယ်။ ဖူးခွင့်ရလို့ ကြည်နူးမဆုံးဖြစ်မိသလို ဆွမ်းဒကာဖြစ်ခွင့်ရလို့ ဝမ်းသာမဆုံး ဖြစ်ရပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ဟာ တခြားသူတွေအတွက် ဘာမှ မထူးခြားပေမယ့် ကျနော်နဲ့ သူငယ်ချင်း ညီကိုအားလုံးအတွက်တော့ ဘုရားပေးတဲ့ ကံအကောင်းဆုံးနေ့တွေထဲက တစ်နေ့ပါပဲ။ စာဖတ်သူများလည်း သာဓုခေါ်နိုင်ဖို့နဲ့ အမှတ်တရနေ့ကို ဒီနေရာမှာ မှတ်တမ်းတင်ရင်း......