Pololu 3pi Robot  

Posted by Admin in


Pololu 3pi Robot နှင့် AVR Programmer

Pololu 3pi ရိုဘော့ ဆိုသည်မှာ သေးငယ်၍ စွမ်းဆောင်ရည်မြင့်မားသော စက်ရုပ်တစ်ခုဖြစ်သည်။ အထူးသဖြင့် လမ်းကြောင်းတစ်ခုပေါ်တွင် ခြေရာခံရွေ့လျားခြင်း နှင့် ဝင်္ကပါကဲ့သို့ ရှုတ်ထွေးနေသောလမ်းများမှ လမ်းကြောင်းမှန်ကို မှတ်သားအဖြေရှာသည့် ဖြေရှင်းခြင်းများတွင် အလွန်ထူးချွန်သော စက်ရုပ်ဖြစ်သည်။ ၎င်းတွင် မော်တာ ၂ လုံးနှင့် ချိတ်ထားသော ဘီးလုံးနှစ်ခုပါပြီး တစ်စက္ကန့်လျှင် ၁၀၀ စင်တီမီတာ အထိ မောင်းနှင်နိုင်သည်။ robot တွင် အလွန်သေးငယ်သော gearmotors (ဂီယာမော်တာ) နှစ်လုံး၊ sensor (အာရုံခံ ကိရိယာ) ငါးခု ၊ တစ်အကြောင်းလျှင် စာလုံး (၈)လုံး ဖော်ပြနိုင်သော စာကြောင်းနှစ်ကြောင်းဖော်ပြနိုင်သည့် LCD တစ်ခု၊ buzzer (အသံထုတ်ကိရိယာ) တစ်ခု၊ ခလုပ် ၅ ခုနှင့် ISP (သို့) AVR Programmer ဖြင့်ချိတ်ဆက်နိုင်သည့် ကိရိယာများ ပါဝင်သည်။ အရွယ်အားဖြင့် အချင်း ၃.၇ လက်မခန့်ရှိပြီး၊ ဓတ်ခဲမထည့်ထားချိန်တွင် ၈၃ ဂရမ် အလေးချိန် ရှိသည်။


Pololu 3pi Robot အား အပေါ်မှမြင်ရပုံ

Pololu 3pi ရိုဘော့ သည် Atmel ATmega168 (သို့) ATmega328 microcontroller ကိုအခြေခံတည်ဆောက်ထားသည်။ “ATmegaxx8” စီးရီးအားလုံးတွင် 20 MHz ရှိပြီး ATmega168 3pi robots များတွင် flash program memory အတွက် 16 KB နှင့် RAM 1 KB ၊ , persistent EEPROM memory 512 bytes ပါရှိသည်။ ATmega328-based 3pi robots များတွင် flash program memory အတွက် 32 KB, RAM 2 KB နှင့် persistent EEPROM memory 1 KB ပါဝင်သည်။ flash program memory ဆိုသည်မှာ ရိုဘော့ကို ခိုင်းစေသည့် ပရိုဂရမ်များထည့်သွင်းနိုင်သည့်ပမာဏ ဖြစ်သည်။


Pololu 3pi Robot အား အောက်ဘက်မှ မြင်ရပုံ

Program အတွက် C နှင့် C++ ကို အသုံးပြုနိုင်သည်။ ကွန်ပျူတာထဲတွင် ရေးထားသော ပရိုဂရမ်ကို ရိုဘော့အတွင်းထည့်သွင်းရန်အတွက် external AVR ISP programmer တစ်ခု မရှိမဖြစ်လိုအပ်သည်။ အရေးကြီးသည်မှာ 3pi robot သည် ကလေးများဆော့ကစားဖို့ မဟုတ်ပါ။ ဓာတ်ခဲထည့်ရာတွင် LCD ကို ဖြုတ်ရမည်ဖြစ်ရာ LCD ဖြုတ်ချိန်နှင့် တပ်ချိန်များတွင် စနစ်တကျ လုပ်ရမည်ဖြစ်သည်။


3pi Schematic

Pololu 3pi Robot ၏ တည်ဆောက်ပုံ Schematic




Pololu 3pi ရိုဘော့ ကို ပထမဆုံး စတင်အသုံးပြုနိုင်ရန်အတွက်

၁။ AAA batteries (၄) လုံး (မည်သည့်အမျိုးအစားပင်ဖြစ်စေ) လိုအပ်သည်။ အကယ်၍ rechargeable batteries များကို အသုံးပြုမည်ဆိုပါက battery charger တစ်ခုပါ လိုအပ်မည်ဖြစ်ပြီး ရိုဘော့တွင် ပါရှိသော battery charger port ကို အသုံးပြုရမည်။


၂။ Program နှင့် Code များရေးနိုင်ရန်အတွက် Windows (သို့) Mac (သို့) Linux စသည့် နှစ်သက်ရာ OS အသုံးပြုထားသည့် ကွန်ပျူတာ တစ်လုံးနှင့် ယင်းကွန်ပျူတာနှင့်ချိတ်ဆက်ရန်အတွက် AVR ISP programmer တစ်ခု (သို့) ISP cable တစ်ခု လိုအပ်သည်။

USV AVR Programmer


USV AVR Programmer ၏ ဖွဲ့စည်းပုံ


၃။ ရိုဘော့ ရွေ့လျှားနိုင်ရန်အတွက် ချောမွေ့နေသော အဖြူရောင်မျက်နှာပြင် တစ်ခု (သို့) ကြီးမားကျယ်ပြန့်သော ကဒ်ထူစက္ကူတစ်ခု နှင့် လမ်းကြောင်းများအတွက် ၃/၄ လက်မ ရှိသော လျှပ်စစ်တိတ် အနက်ရောင် လိုအပ်သည်။

၎။ နောက်ထပ်လိုအပ်သည်မှာ ရေးသားထားသော programs များကို compile လုပ်ရန်နှင့် 3pi ရိုဘော့တွင်းသို့ transfer လုပ်ရန်အတွက် software ပင်ဖြစ်သည်။ AVR မှ microcontrollers များအားလုံးအတွက် C/C++ များဖြင့်ရေးသားနိုင်သည့် WinAVR ကို အသုံးပြုနိုင်သည်။ နောက်တစ်ခုမှာ Atmel မှ အခမဲ့ရရှိနိုင်သည့် AVR Studio ကိုလည်း အသုံးပြုနိုင်သည်။ AVR Studio တွင် AVR ISP software ပါဝင်ပြီး ရေးသားထားသော ပရိုဂရမ်များကို 3pi ထဲသို့ upload လုပ်နိုင်သည်။ ထို့အပြင် Arduino IDE နှင့် an external ICSP programmer များကိုလည်း အသုံးပြုနိုင်သည်။ သတိပြုရမည်မှာ ပရိုဂရမ် ကို 3pi တွင်းသို့ upload မလုပ်ခင်မှာ ဘက်ထရီအားရှိနေဖို့လိုအပ်သည်။

ဆက်လက်၍ AVR Programmer Driver အား Installion လုပ်ခြင်း အကြောင်းကို http://slip-meepyatite.blogspot.com/2011/07/installion-avr-programmer-driver.html တွင် လေ့လာနိုင်ပြီး ၊ AVR Studio 4 အသုံးပြုပုံနှင့် Robot တွင်းသို့ Program ထည့်နည်းများကို http://slip-meepyatite.blogspot.com/2011/07/how-to-use-avr-studio-4.html တွင် လေ့လာနိုင်သည်။



0 comments

Post a Comment

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

မာတိကာ

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com