Differential GPS  

Posted by Admin in

AVL System (ခေါ်) Automatic Vehicle Location စနစ်အား ရွေ့လျားနေသော ယာဉ်၏ လက်ရှိတည်နရာ Coordinates ကို တွက်ချက်ရယူခြင်း နှင့် Digital Map တွင် မြေပုံနှင့်တကွ ဖော်ခြင်းဟု နားလည်နိုင်သည်။ ယနေ့ကမ္ဘာတွင်ဖြစ်ပေါ်နေသော Navigation ပြဿနာများဖြေရှင်း ရာတွင် အရေးပါသော စနစ်တစ်ခုလည်းဖြစ်သည်။ 


ပထမအဆင့်အနေဖြင့် ရွေ့လျားနေသော ယာဉ်၏ တည်နေရာ အချက်အလက်များကို GPS စနစ်ဖြင့် ဂြိုဟ်တုမှရရှိသော Signal များကို အသုံးပြုကာ တည်နေရာရှာဖွေပြီးနောက် ဒုတိယအဆင့် Communication Network တစ်ခု ကြားခံ၍ တတိယ အဆင့် အနေဖြင့် Control Station ကို လွှဲပြောင်းပေးရမည်ဖြစ်သည်။  Control Station မှ လိုအပ်သော Methods များ နှင့် Program များ ကို အသုံးပြုကာ Navigation ပြဿနာအား ဖြေရှင်းပေးသည်။

Navigation System အကြောင်းအား   http://www.mee-pya-tite.com/2008/03/navigation-system.html တွင် ဖတ်ရှုနိုင်ပြီး၊ ဂျီပီအက်စ် စနစ် (Global Positioning System) နှင့် အလုပ်လုပ်ဆောင်ပုံ အသေးစိတ်အား http://www.mee-pya-tite.com/2009/01/global-positioning-system.html တွင် ဖတ်ရှုနိုင်သည်။ စာအုပ်ဖြင့်ဖတ်လိုပါက http://www.mee-pya-tite.com/2010/05/satellite-system-navigation-system-gnss.html တွင် ဖတ်ရှုနိုင်သည်။

NAVSTAR (ခေါ်) အမေရိကန် GPS များသည် တည်နေရာရှာဖွေရာတွင် ပြင်ပရှိ နေရာမှန်ဖြင့် ၁၀၀ မီတာ အထိ ကွာဟ လေ့ရှိသဖြင့် Navigation ပြဿနာများကို တွက်ချက်ရာတွင် အခက်အခဲများစွာတွေ့ရှိရသည်။ ကမ္ဘာတစ်ဝန်းတွင် GPS Reference Monitor Station ငါးခုသာ တည်ရှိပြီး
Station နှင့် နီးပါက တည်နေရာပိုမိုတိကျကာ ဝေးကွာလေ မတိကျလေဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံသည် Station များဖြင့် ဝေးကွာသည့် နိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

Base Station မှ ရရှိသော Data များသည် Coordinates များကို ပုံသေတွက်ချက်ထားဖြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိ Coordinates နှင့် တွက်ချက်ထားသည့် ကွာခြားချက်များမှ Correct Value ကို Monitoring လုပ်ကာ ပြန်လည် တွက်ချက်ခြင်းဖြစ်သည်။ Base Staion များနှင့် နီးကပ်သော နေရာများတွင် Observations လုပ်ခြင်းသည် Station မှာလုပ်တဲ့တိုင်းထွာမှုများဖြင့် တူညီသောကြောင့် တူညီသော  Errors များသာ ဖြစ်ပေါ်စေသည်။ ၎င်း Error များအား Reference Station တွင် တွက်ချက်ထားသည့်  Proofreading Value ကို ပေါင်းထည့်ခြင်းအားဖြင့် လျော့ချနိုင်သည်။ ဤ နည်းပညာအား Differential Method GPS (သို့) DGPS (Differential Global Positioning System) ဟု ခေါ်ဆိုသည်။ DGPS နည်းပညာကို အသုံးပြု၍ ပိုမိုတိကျသော တည်နေရာ နှင့် တိုင်းထွာမှုကို ရရှိစေနိုင်သည်။


Control Station ခေါ် Base Station နှင့် Mobile Unit မှ GPS Satellite အကူအညီဖြင့် တည်နေရာရှာဖွေရာတွင် Control Station ၏ တည်နေရာ Coordinates များအား Correction Value ၏  Magnitude အားဖြင့် ဆုံးဖြတ်ရယူပြီး Mobile station ကို ပေးပို့သည်။ ထို့နောက် Mobile Station မှ Control Station သို့ ယာဉ်၏ တည်နေရာ နှင့် အချက်အလက်များအား လွှဲပြောင်းပေးသည်။  ထို့နောက် Base Station တွက်ချက်အဖြေထုတ်ကာ ရွေ့လျားနေသော ယာဉ် ပေါ် ရှိ Mobile Station ၏ တည်နေရာအား တိတိကျကျ တွက်ချက်ဖော်ထုတ်ပေးခြင်းဖြစ်သည်။

တည်နေရာ မတိကျမှု ကိစ္စသည် Navigation ပြဿနာများဖြေရှင်းမှုတွင် အလွန်အရေးကြီးပြီး DGPS စနစ်သည် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ အခြားနည်းလမ်းများလည်းရှိပြီး Simplex Method ဖြင့် Navigation ပြဿနာများကို ဖြေရှင်းခြင်းအကြောင်းအား  http://www.mee-pya-tite.com/2011/03/simplex-method-for-solving-problems-of.html  တွင် ဖတ်ရှုနိုင်ပြီး  မောင်းသူမဲ့ ကားများနှင့် ပတ်သတ်သော Navigation စနစ်အကြောင်းအား http://www.mee-pya-tite.com/2010/09/navigation-system-darpa.html တွင် လေ့လာနိုင်သည်။



0 comments

Post a Comment

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com