“Facebook” နှင့် “ကုလား” သင်ခန်းစာ ~ “Facebook” ႏွင္႔ “ကုလား” သင္ခန္းစာ  

Posted by Admin in



ယခုကာလတွင် လူမှုကွန်ယက် ဝက်ဘ်ဆိုက် Facebook တွင် သောသောညံနေသည့် ကိစ္စရပ်မှာ “ကုလား” ဆိုသည့် စကားလုံးကို Hate Speech ဟု Facebook Team က ယူဆသတ်မှတ်လိုက်ခြင်းအကြောင်းပင်ဖြစ်သည်။ ယင်းနှင့်အတူ ကုလား ဆိုသည့် အသုံးအနှုန်းသည် အမုန်းစကား ဟုတ်မဟုတ်ဆိုသည့် အမြင်မတူစွာ အငြင်းပွားမှုများကိုလည်း မြင်တွေ့နေရသည်။

အဆိုပါ “ကုလား” ဝေါဟာရနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်း၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ များ နှင့် NGO တချို့၏ အကြံပြုချက်များအရ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Facebook က ဆိုခဲ့သည်။ မည်သည့်အဖွဲ့အစည်းများဟု အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိပေ။

တကယ်တမ်းအားဖြင့် ကြည့်မည်ဆိုလျှင် မြန်မာဝေါဟာရများတွင် ကုလားဆိုသည့် ဝေါဟာရအသုံးအနှုန်း တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၇၀၀ ခန့်ရှိနေပြီဖြစ်ပြီး စတင်သုံးစွဲစဉ်ကတည်းက နှိမ်ချပြောဆိုဆက်ဆံရန် အသုံးပြုခြင်းဖြစ်ဖွယ်ရှိကြောင်း အထောက်အထားများများစားစား မရှိပေ။

မြန်မာဝေါဟာရများတွင်လည်း ကုလားဟူသည့်အသုံးအနှုန်းအပြင် ပဲကုလားဟင်း ၊ ဆေးကုလားမ ၊ သရက်သီး ကုလားတည် ၊ ကုလားအော်သီး ၊ သစ်ကုလားအုပ် ၊ ငှက်ကုလားအုပ် ၊ ကုလားတက်၊ ကုလားထိုင် ၊ ကုလားတန်မြစ် စသည်ဖြင့် အခြားအသုံးအနှုန်းများ အမည်နာမများလည်း ရှိသေးသည်။ ကုန်းဘောင်ခေတ် မြန်မာ ပညာရှိ စာပေပညာရှင်ကြီး တစ်ဦးအမည်မှာလည်း ဦးကုလားဖြစ်လေသည်။ ယနေ့ခေတ်ကာလများတွင် ကုလားဆိုသည့် စကားလုံးသည် အိန္ဒိယဘက်မှ မြန်မာပြည်သို့ ရွှေ့ပြောင်းအခြေချလာသည့် လူမျိုးနွယ်စုတစ်ခုကို ယျေဘုယျအားဖြင့် ရည်ရွယ်ပြောဆိုခြင်းဖြစ်သော်လည်း နှိမ်ချဆက်ဆံသည့် Hate Speech တစ်ခု ဟုတ်မဟုတ်ဆိုသည်မှာ အသုံးပြုသူ၏ စေတနာ ၊ ရည်ရွယ်ရင်းတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်မည်ဟု ယူဆမိသည်။

သတင်းများနှင့် Facebook အသုံးပြုသူများ၏ ဖော်ပြချက်များအရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Facebook Team ၏ အရေးယူမှုများကြောင့် “ကုလား” စကားလုံးအား သုံးနှုန်းခဲ့သည့် အင်တာနက်သုံးစွဲသူများ၏ Account များ Like နှင့် Comment လုပ်၍မရခြင်း၊ Post များ ဖြုတ်ချခံရခြင်းနှင့် Account ယာယီအပိတ်ပင်ခံရခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် ပြည်တွင်း Facebook အသုံးပြုသူများက တုန့်ပြန်ပုံမှာ “ကုလား” ဆိုသည့် ဝေါဟာရနှင့် ယင်းနှင့်ဆက်နွယ်နေသည့် စကားလုံးများကို လူမှုကွန်ယက်တွင် အတိတလင်းရေးတင်ကြခြင်းပင်ဖြစ်သည်။ မည်သည့် အဖွဲ့အစည်းကမှ တာဝန်ခံ၍ ဖြေရှင်းပေးကြခြင်းမရှိပေ။ တာဝန်ခံမည့်အဖွဲ့အစည်းနှင့် မူဝါဒလည်း မရှိပေ။

Google ၊ Facebook နှင့် နိုင်ငံကာအစိုးရများဘက်မှ လူမှုကွန်ရက်မှတဆင့် အမုန်းစကား ဖြန့်ဝေခြင်း၊ အကြမ်းဖက် ခြိမ်းခြောက်မှှုများပြုလုပ်ခြင်းနှင့် ရည်ရွယ်ချက်ရှိသော သတင်းအချက်အလက် အမှားများ ဖြန့်ချိခြင်းများကို ထိထိရောက်ရောက် ကိုင်တွယ်နှိမ်နှင်းရန် တွန်းအားပေးခံနေရချိန်တွင် ယင်းကဲ့သို့ တိုင်ကြားခံရခြင်းဖြစ်သောကြောင့် Facebook Team က လျှင်လျှင်မြန်မြန် တုန့်ပြန်ခဲ့ခြင်းဖြစ်ဟန်တူသည်။ ထို့ကြောင့် တစ်ဖက်မှ ပြန်ကြည့်မည်ဆိုလျှင် အမုန်းစကားနှင့် သတင်းမှား ဖြန့်ဝေမှု တားဆီးရန်ကြံစည်နေသည့် လုပ်ငန်းစဉ်ကို မှားယွင်းသည့် အစွဲမကင်းသည့် သတင်းအချက်အလက်များဖြင့် ထိခိုက်လာနေသည့်သဘောပင်ဖြစ်သည်။

အသုံးပြုသူများ၏ တုန့်ပြန်ချက်များကြောင့် နောက်ပိုင်းတွင် အဆိုပါ ဆုံးဖြတ်ချက် မှားယွင်းကြောင်း သိရှိခဲ့ရသည့်အတွက် အဆိုပါပိတ်ပင်တားဆီးမှုကို ပြန်လည်ပြင်ဆင်နိုင်ရန် အမြန်ဆုံးကြိုးစားခဲ့ရပြီး နောက်တစ်ကြိမ်ဤကဲ့သို့ ထပ်မံမဖြစ်ပွားရန် ဂရုစိုက်သွားမည်ဖြစ်ကြောင်းလည်း Facebook မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်ကဆိုထားကြောင်း Mashable အွန်လိုင်းသတင်းဌာနက ဖော်ပြထားသည်ကိုလည်း ဖတ်ရှုလိုက်ရသည်။

ကမ္ဘာတဝန်းတွင် Facebook အသုံးပြုသူ သန်း ၂၀၀၀ ကျော်ရှိနေပြီး ဘာသာစကား ၇၀ မျိုး ခန့်ဖြင့် အသုံးပြုနေကြသောကြောင့် ဤမျှများပြားပြားသောပမာဏကို ကိုင်တွယ်နေရခြင်းသည် မမျှော်လင့်ထားသည့် အမှားအယွင်းများစွာကို ဖြစ်ပေါ်လာစေသည်။ အထူးသဖြင့် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ လိင်အမြတ်ထုတ်မှုနှင့် အချက်အလက်မှားများ ဖြန့်ဝေမှုများ တိုးပွားလာနေသောကြောင့် ထိထိရောက်ရောက်ကိုင်တွယ်ရန် နိုင်ငံတကာအစိုးရများ၏ ဖိအားပေးခြင်းကိုလည်း ခံနေရပြန်သည်။ အထိအခိုက် အတိမ်အစောင်းမခံလှသည့် မြန်မာ့အရေးများကြောင့် မြန်မာနိုင်ငံတွင်ပင် အခြားအငြင်းပွားဖွယ် ကိစ္စရပ်များ ထပ်မံပေါ်ပေါ်ပေါက်လာဖွယ် ရှိနေသေးသည်။

ယင်းအခြေအနေများကြောင့် လူမှုကွန်ယက် အသုံးပြုသူ သန်း ၃၀ ဝန်းကျင်ရှိနေသည့် မြန်မာပြည်တွင် အမုန်းစကားများနှင့် သတင်းအချက်အလက်မှားများကို တားဆီးရန် အစိုးရနှင့် ပညာရှင်အသင်းများက ဦးဆောင်ဖန်တီးရမည့် မူဝါဒများ၊ Cyberethics များ နှင့် The Internet Society (ISOC) ကဲ့သို့သော အဖွဲ့အစည်းများ လိုအပ်နေပြီဟု အချက်ပေးနေသည့် သဘောပင်ဖြစ်သည်။ အကြောင်းအရင်းမှာ လူမျိုးရေး၊ ဘာသာရေးအခြေခံသည့် ပဋိပက္ခများ၊ နယ်မြေဒေသ မအေးချမ်းမှုများ၊ နိုင်ငံရေးရပ်တည်ချက်မတူညီမှုများအပေါ် အခြေခံ၍ ပုဂ္ဂိုလ်ရေးထိပါးသည်အထိ ပြောဆိုပြုမူနေမှုများကို နေ့စဉ်ရက်ဆက် မြင်တွေ့နေရသောကြောင့်လည်းဖြစ်သည်။

“ကုလား” ဟူသောစကားစုကို ပိတ်ပင်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်း၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများ နှင့် NGO တချို့၏ အကြံပြုချက်များအရ ဆောင်ရွက်ခဲ့သည်ဟု Facebook က ဆိုခဲ့သည်။ သို့သော် မြန်မာ့သဘော မြန်မာ့မနောနှင့် မြန်မာ့ဓလေ့ ထုံးတမ်းအယူ အသုံးအနှုန်းများကို နားမလည်သူများဖြစ်သောကြောင့် ဤသို့ တိုင်ကြားသည်ဟု မှတ်ယူမိသည်။ ထို့အပြင် အမှားအယွင်းတစ်ခုဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ရာတွင်လည်း အသုံးပြုသူများ၏ Campaign သဖွယ် တုန့်ပြန်မှုကသာ အဓိကကျခဲ့ပြီး ပညာရှင်များ၊ ပညာရှင်အသင်းများနှင့် ဝန်ကြီးဌာနများ၊ ဘာသာရပ် အဖွဲ့အစည်းများမှ တုန့်ပြန်ရန် နည်းလမ်းရှာမတွေ့ဟု ဆိုကာ တုန့်ပြန်မှုမပြုလုပ်သည်ကိုသာ မြင်တွေ့ခဲ့ရလေသည်။

ယခုပြဿနာတွင် ပြည်တွင်း အင်တာနက်အသုံးပြုမှုနှင့် စံနှုန်းထားရှိမှုအပိုင်းတွင် တာဝန်ခံနိုင်မည့် အဖွဲ့အစည်း၊ မူဝါဒမရှိခြင်းကြောင့် ဖြစ်ပေါ်လာရကြောင်း ထင်ရှားစွာမြင်နေရသည်။ ပညာပေးခြင်းလုပ်ငန်းများ၊ ဖြစ်ပေါ်လာနိုင်ချေရှိသည့် ပြဿနာများကို တားဆီးရန်နှင့် နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းပေးရန်တို့အတွက် အဖွဲ့အစည်းနှင့် စည်းမျဉ်းမူဝါဒများ ထားရှိနိုင်ခြင်းမရှိပါက ယခုကဲ့သို့သော ပြဿနာမျိုးများ ဆက်လက်မြင်တွေ့နေရဦးမည်ဖြစ်ပြီး မြန်မာ့လူမှုကွန်ယက်လောကသည်လည်း အငြင်းပွားမှုများ၊ အမုန်းတရားများနှင့်သာ ပြည့်နှက်နေလိမ့်မည်ဖြစ်လေသည်။


<Zawgyi>
ယခုကာလတြင္ လူမႈကြန္ယက္ ဝက္ဘ္ဆိုက္ Facebook တြင္ ေသာေသာညံေနသည့္ ကိစၥရပ္မွာ “ကုလား” ဆိုသည့္ စကားလံုးကို Hate Speech ဟု Facebook Team က ယူဆသတ္မွတ္လိုက္ျခင္းအေၾကာင္းပင္ျဖစ္သည္။ ယင္းႏွင့္အတူ ကုလား ဆုိသည့္ အသံုးအႏႈန္းသည္ အမုန္းစကား ဟုတ္မဟုတ္ဆိုသည့္ အျမင္မတူစြာ အျငင္းပြားမႈမ်ားကိုလည္း ျမင္ေတြ႕ေနရသည္။

အဆိုပါ “ကုလား” ေဝါဟာရႏွင့္ပတ္သက္၍ ျမန္မာနိုင္ငံအတြင္းရွိ လူမႈအသိုင္းအဝိုင္း၊ လုံျခဳံေရးဆိုင္ရာ ကၽြမ္းက်င္သူ မ်ား ႏွင့္ NGO တခ်ိဳ႕၏ အႀကံျပဳခ်က္မ်ားအရ ကန္႔သတ္ပိတ္ပင္မႈမ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု Facebook က ဆိုခဲ့သည္။ မည္သည့္အဖြဲ႕အစည္းမ်ားဟု အတိအက် ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေပ။

တကယ္တမ္းအားျဖင့္ ၾကည့္မည္ဆိုလွ်င္ ျမန္မာေဝါဟာရမ်ားတြင္ ကုလားဆိုသည့္ ေဝါဟာရအသံုးအႏႈန္း တည္ရွိလာခဲ့သည္မွာ ႏွစ္ေပါင္း ၇၀၀ ခန္႔ရွိေနျပီျဖစ္ျပီး စတင္သံုးစြဲစဥ္ကတည္းက ႏွိမ္ခ်ေျပာဆိုဆက္ဆံရန္ အသံုးျပဳျခင္းျဖစ္ဖြယ္ရွိေၾကာင္း အေထာက္အထားမ်ားမ်ားစားစား မရွိေပ။

ျမန္မာေဝါဟာရမ်ားတြင္လည္း ကုလားဟူသည့္အသံုးအႏႈန္းအျပင္ ပဲကုလားဟင္း ၊ ေဆးကုလားမ ၊ သရက္သီး ကုလားတည္ ၊ ကုလားေအာ္သီး ၊ သစ္ကုလားအုပ္ ၊ ငွက္ကုလားအုပ္ ၊ ကုလားတက္၊ ကုလားထိုင္ ၊ ကုလားတန္ျမစ္ စသည္ျဖင့္ အျခားအသံုးအႏႈန္းမ်ား အမည္နာမမ်ားလည္း ရွိေသးသည္။ ကုန္းေဘာင္ေခတ္ ျမန္မာ ပညာရွိ စာေပပညာရွင္ၾကီး တစ္ဦးအမည္မွာလည္း ဦးကုလားျဖစ္ေလသည္။ ယေန႔ေခတ္ကာလမ်ားတြင္ ကုလားဆိုသည့္ စကားလံုးသည္ အိႏၵိယဘက္မွ ျမန္မာျပည္သို႔ ေရႊ႕ေျပာင္းအေျခခ်လာသည့္ လူမ်ိဳးႏြယ္စုတစ္ခုကို ေယ်ဘုယ်အားျဖင့္ ရည္ရြယ္ေျပာဆုိျခင္းျဖစ္ေသာ္လည္း ႏွိမ္ခ်ဆက္ဆံသည့္ Hate Speech တစ္ခု ဟုတ္မဟုတ္ဆိုသည္မွာ အသံုးျပဳသူ၏ ေစတနာ ၊ ရည္ရြယ္ရင္းတို႔ႏွင့္သာ တုိက္ရုိက္သက္ဆုိင္မည္ဟု ယူဆမိသည္။

သတင္းမ်ားႏွင့္ Facebook အသံုးျပဳသူမ်ား၏ ေဖာ္ျပခ်က္မ်ားအရ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း Facebook Team ၏ အေရးယူမႈမ်ားေၾကာင့္ “ကုလား” စကားလုံးအား သုံးႏႈန္းခဲ့သည့္ အင္တာနက္သုံးစြဲသူမ်ား၏ Account မ်ား Like ႏွင့္ Comment လုပ္၍မရျခင္း၊ Post မ်ား ျဖဳတ္ခ်ခံရျခင္းႏွင့္ Account ယာယီအပိတ္ပင္ခံရျခင္းမ်ား ျဖစ္ေပၚခဲ့သည္။ ယင္းျဖစ္ရပ္အေပၚ ျပည္တြင္း Facebook အသံုးျပဳသူမ်ားက တုန္႔ျပန္ပံုမွာ “ကုလား” ဆိုသည့္ ေဝါဟာရႏွင့္ ယင္းႏွင့္ဆက္ႏြယ္ေနသည့္ စကားလံုးမ်ားကို လူမႈကြန္ယက္တြင္ အတိတလင္းေရးတင္ၾကျခင္းပင္ျဖစ္သည္။ မည္သည့္ အဖြဲ႔အစည္းကမွ တာဝန္ခံ၍ ေျဖရွင္းေပးၾကျခင္းမရွိေပ။ တာဝန္ခံမည့္အဖြဲ႕အစည္းႏွင့္ မူဝါဒလည္း မရွိေပ။

Google ၊ Facebook ႏွင့္ ႏိုင္ငံကာအစုိးရမ်ားဘက္မွ လူမႈကြန္ရက္မွတဆင့္ အမုန္းစကား ျဖန႔္ေဝျခင္း၊ အၾကမ္းဖက္ ၿခိမ္းေျခာက္မွႈမ်ားျပဳလုပ္ျခင္းႏွင့္ ရည္ရြယ္ခ်က္ရွိေသာ သတင္းအခ်က္အလက္ အမွားမ်ား ျဖန႔္ခ်ိျခင္းမ်ားကို ထိထိေရာက္ေရာက္ ကိုိင္တြယ္ႏွိမ္ႏွင္းရန္ တြန္းအားေပးခံေနရခ်ိန္တြင္ ယင္းကဲ့သုိ႔ တိုင္ၾကားခံရျခင္းျဖစ္ေသာေၾကာင့္ Facebook Team က လွ်င္လွ်င္ျမန္ျမန္ တုန္႔ျပန္ခဲ့ျခင္းျဖစ္ဟန္တူသည္။ ထို႔ေၾကာင့္ တစ္ဖက္မွ ျပန္ၾကည့္မည္ဆိုလွ်င္ အမုန္းစကားႏွင့္ သတင္းမွား ျဖန႔္ေဝမႈ တားဆီးရန္ၾကံစည္ေနသည့္ လုပ္ငန္းစဥ္ကို မွားယြင္းသည့္ အစြဲမကင္းသည့္ သတင္းအခ်က္အလက္မ်ားျဖင့္ ထိခုိက္လာေနသည့္သေဘာပင္ျဖစ္သည္။

အသံုးျပဳသူမ်ား၏ တုန္႔ျပန္ခ်က္မ်ားေၾကာင့္ ေနာက္ပိုင္းတြင္ အဆိုပါ ဆံုးျဖတ္ခ်က္ မွားယြင္းေၾကာင္း သိရွိခဲ့ရသည့္အတြက္ အဆိုပါပိတ္ပင္တားဆီးမႈကို ျပန္လည္ျပင္ဆင္ႏိုင္ရန္ အျမန္ဆံုးႀကိဳးစားခဲ့ရျပီး ေနာက္တစ္ၾကိမ္ဤကဲ့သုိ႔ ထပ္မံမျဖစ္ပြားရန္ ဂရုစိုက္သြားမည္ျဖစ္ေၾကာင္းလည္း Facebook မွ ေျပာခြင့္ရပုဂၢိဳလ္တစ္ေယာက္ကဆိုထားေၾကာင္း Mashable အြန္လိုင္းသတင္းဌာနက ေဖာ္ျပထားသည္ကိုလည္း ဖတ္ရႈလိုက္ရသည္။

ကမာၻတဝန္းတြင္ Facebook အသံုးျပဳသူ သန္း ၂၀၀၀ ေက်ာ္ရွိေနျပီး ဘာသာစကား ၇၀ မ်ိဳး ခန္႔ျဖင့္ အသံုးျပဳေနၾကေသာေၾကာင့္ ဤမွ်မ်ားျပားျပားေသာပမာဏကို ကိုင္တြယ္ေနရျခင္းသည္ မေမွ်ာ္လင့္ထားသည့္ အမွားအယြင္းမ်ားစြာကို ျဖစ္ေပၚလာေစသည္။ အထူးသျဖင့္ အၾကမ္းဖက္မႈ၊ ခြဲျခားဆက္ဆံမႈ၊ လိင္အျမတ္ထုတ္မႈႏွင့္ အခ်က္အလက္မွားမ်ား ျဖန္႔ေဝမႈမ်ား တိုးပြားလာေနေသာေၾကာင့္ ထိထိေရာက္ေရာက္ကိုင္တြယ္ရန္ ႏုိင္ငံတကာအစိုးရမ်ား၏ ဖိအားေပးျခင္းကိုလည္း ခံေနရျပန္သည္။ အထိအခိုက္ အတိမ္အေစာင္းမခံလွသည့္ ျမန္မာ့အေရးမ်ားေၾကာင့္ ျမန္မာႏုိင္ငံတြင္ပင္ အျခားအျငင္းပြားဖြယ္ ကိစၥရပ္မ်ား ထပ္မံေပၚေပၚေပါက္လာဖြယ္ ရွိေနေသးသည္။

ယင္းအေျခအေနမ်ားေၾကာင့္ လူမႈကြန္ယက္ အသံုးျပဳသူ သန္း ၃၀ ဝန္းက်င္ရွိေနသည့္ ျမန္မာျပည္တြင္ အမုန္းစကားမ်ားႏွင့္ သတင္းအခ်က္အလက္မွားမ်ားကို တားဆီးရန္ အစိုးရႏွင့္ ပညာရွင္အသင္းမ်ားက ဦးေဆာင္ဖန္တီးရမည့္ မူဝါဒမ်ား၊ Cyberethics မ်ား ႏွင့္ The Internet Society (ISOC) ကဲ့သို႔ေသာ အဖြဲ႕အစည္းမ်ား လိုအပ္ေနျပီဟု အခ်က္ေပးေနသည့္ သေဘာပင္ျဖစ္သည္။ အေၾကာင္းအရင္းမွာ လူမ်ဳိးေရး၊ ဘာသာေရးအေျခခံသည့္ ပဋိပကၡမ်ား၊ နယ္ေျမေဒသ မေအးခ်မ္းမႈမ်ား၊ ႏိုင္ငံေရးရပ္တည္ခ်က္မတူညီမႈမ်ားအေပၚ အေျခခံ၍ ပုဂၢိဳလ္ေရးထိပါးသည္အထိ ေျပာဆိုျပဳမူေနမႈမ်ားကို ေန႔စဥ္ရက္ဆက္ ျမင္ေတြ႕ေနရေသာေၾကာင့္လည္းျဖစ္သည္။

“ကုလား” ဟူေသာစကားစုကို ပိတ္ပင္ရာတြင္္ ျမန္မာနိုင္ငံအတြင္းရွိ လူမႈအသိုင္းအဝိုင္း၊ လုံျခဳံေရးဆိုင္ရာ ကၽြမ္းက်င္သူမ်ား ႏွင့္ NGO တခ်ိဳ႕၏ အႀကံျပဳခ်က္မ်ားအရ ေဆာင္ရြက္ခဲ့သည္ဟု Facebook က ဆိုခဲ့သည္။ သို႔ေသာ္ ျမန္မာ့သေဘာ ျမန္မာ့မေနာႏွင့္ ျမန္မာ့ဓေလ့ ထံုးတမ္းအယူ အသံုးအႏႈန္းမ်ားကို နားမလည္သူမ်ားျဖစ္ေသာေၾကာင့္ ဤသို႔ တုိင္ၾကားသည္ဟု မွတ္ယူမိသည္။ ထို႔အျပင္ အမွားအယြင္းတစ္ခုျဖစ္ေၾကာင္း ျပန္လည္တုန္႔ျပန္ရာတြင္လည္း အသံုးျပဳသူမ်ား၏ Campaign သဖြယ္ တုန္႔ျပန္မႈကသာ အဓိကက်ခဲ့ျပီး ပညာရွင္မ်ား၊ ပညာရွင္အသင္းမ်ားႏွင့္ ဝန္ၾကီးဌာနမ်ား၊ ဘာသာရပ္ အဖြဲ႕အစည္းမ်ားမွ တုန္႔ျပန္ရန္ နည္းလမ္းရွာမေတြ႕ဟု ဆိုကာ တုန္႔ျပန္မႈမျပဳလုပ္သည္ကိုသာ ျမင္ေတြ႕ခဲ့ရေလသည္။

ယခုျပႆနာတြင္ ျပည္တြင္း အင္တာနက္အသံုးျပဳမႈႏွင့္ စံႏႈန္းထားရွိမႈအပိုင္းတြင္ တာဝန္ခံႏုိင္မည့္ အဖြဲ႕အစည္း၊ မူဝါဒမရွိျခင္းေၾကာင့္ ျဖစ္ေပၚလာရေၾကာင္း ထင္ရွားစြာျမင္ေနရသည္။ ပညာေပးျခင္းလုပ္ငန္းမ်ား၊ ျဖစ္ေပၚလာႏိုင္ေခ်ရွိသည့္ ျပႆနာမ်ားကို တားဆီးရန္ႏွင့္ ေနာက္ဆက္တြဲျပႆနာမ်ားကို ေျဖရွင္းေပးရန္တို႔အတြက္ အဖြဲ႕အစည္းႏွင့္ စည္းမ်ဥ္းမူဝါဒမ်ား ထားရွိႏုိင္ျခင္းမရွိပါက ယခုကဲ့သုိ႔ေသာ ျပႆနာမ်ိဳးမ်ား ဆက္လက္ျမင္ေတြ႕ေနရဦးမည္ျဖစ္ျပီး ျမန္မာ့လူမႈကြန္ယက္ေလာကသည္လည္း အျငင္းပြားမႈမ်ား၊ အမုန္းတရားမ်ားႏွင့္သာ ျပည့္ႏွက္ေနလိမ့္မည္ျဖစ္ေလသည္။

 The Voice Daily, 1st June 2017




0 comments

Post a Comment

ဗုဒၶံ သရဏံ ဂစၦာမိ

ဓမၼံ သရဏံ ဂစၦာမိ

သံဃံ သရဏံ ဂစၦာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

ျမန္မာမီဒီယာ

ျပင္ပမီဒီယာ

နိုင္ငံေရး ပါတီမ်ား

ေဖ်ာ္ေျဖေရး


ယခု ေတြးေခၚတတ္သူ()ဦး ဖတ္ရွဳေနပါသည္။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ က်ေနာ္ လုပ္ေနေသာ Research ႏွင္႔ ပါတ္သက္ ေသာ စာအုပ္ မ်ားကို project တူေသာ ပုဂၢိဳလ္ မ်ားႏွင္႔ Satellite Navigation & Traffic Control Systems ကို စိတ္၀င္စားသူမ်ား အတြက္ အလြယ္ တကူ download ခ်နိုင္ရန္ စုစည္း ေပးထား ပါသည္........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက္စဥ္က က်ေနာ္ လုပ္ခဲ႔ေသာ Research ႏွင္႔ ပါတ္သက္ ေသာ စာအုပ္ မ်ားကို project တူေသာ ပုဂၢိဳလ္ မ်ားႏွင္႔ Automatic Control System ကို စိတ္၀င္စား သူမ်ား အတြက္ အလြယ္ တကူ download ခ်နိုင္ရန္ စုစည္း ေပးထား ပါသည္........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com