Posted
by Admin
in
အေထြေထြ ဗဟုသုတ
မှတ်မိပါသေးသည်။ ပြီးခဲ့တဲ့ ၂၀၁၆ စက်တင်ဘာလ ၂၆ ရက်နေ့က Long Island ရှိ Hofstra University မှာ အမေရိကန်သမ္မတလောင်း ၂ ဦး စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ကြသည့်အကြောင်း။ အဆိုပါ စကားစစ်ထိုးပွဲကို ရုပ်သံများ အင်တာနက်ဝက်ဘ်ဆိုက်များမှတဆင့် ထုတ်လွှင့်ပြသခဲ့ကြပြီး အထူးခြားဆုံး စကားစစ်ထိုးပွဲဖြစ်လာခဲ့သည်။ မည်သည့်အခါနှင့်မျှမတူပဲ ၎င်းတို့နှစ်ဦး အပြန်အလှန်ဆွေးနွေးငြင်းခုံခဲ့ကြသည့် အကြောင်းအရာများကို လူအများက အများဆုံး အွန်လိုင်းမှတဆင့် အကြိတ်အနယ်ပြန်လည်ဆွေးနွေးခဲ့ကြသောကြောင့်ဖြစ်လေသည်။
ဤမျှမကသေး။ အမေရိကန် ရွေးကောက်ပွဲကာလတစ်လျှောက် Twitter၊ Facebook၊ Instagram နှင့် တခြားသော လူမှုကွန်ယက်ဝက်ဘ်ဆိုက်များတွင်လည်း သမ္မတလောင်းတို့ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ထောက်ခံမှု၊ ကန့်ကွက်မှုများနှင့် သောသောညံခဲ့သည်။ ဒီကြားထဲ ပွဲအပြီးတွင် ဟီလာရီ၏ နည်းပညာအဖွဲ့က အဆိုပါညပွဲတွင် ဟီလာရီက ထရမ့်ပ်ကို အသာစီးရခဲ့ကြောင်း ဟီလာရီ့ကိုထောက်ခံသူများကို အွန်လိုင်းပလက်ဖောင်းတွေမှာ ပြောဆိုကြဖို့ အီးမေးလ်ပို့ခဲ့သလို ထရမ့်ပ်၏ အဖွဲ့ကလည်း Snapchat ကနေတဆင့် တုန့်ပြန်ခဲ့ကြောင်း ကြားရပြန်သည်။
နိုင်ငံတကာမီဒီယာများ၏ သတင်းဖော်ပြချက်များအရ နိုင်ငံအလိုက် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အချက်အလက်များကို လူမှုကွန်ယက်များ အင်တာနက်များမှ ရှာဖွေမှုများ၊ လေ့လာမှုများ အဆမတန်ပိုမိုမြင့်မားလာနေသည်ဆို၏။ အမေရိကန်ပြည်ထောင်စု၏ နောက်ဆုံး ရွေးကောက်ပွဲ ၃ ကြိမ်ဖြစ်သည့် ၂၀၀၈၊ ၂၀၁၂ နှင့် ၂၀၁၆ တို့တွင် သမ္မတအိုဘားမားနှင့် ထရမ့်ပ်တို့အနေဖြင့် လူမှုကွန်ယက်ကမ်ပိန်းများကို ထိထိရောက်ရောက်အသုံးချနိုင်ခဲ့သည့်အတွက် ရလဒ်ကောင်းများ ရရှိခဲ့ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်ကို လှမ်းမျှော်ကြည့်လျှင် ဆိုရှယ်မီဒီယာများသည် တိုင်းပြည်တစ်ခု၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲရလဒ်များကို အကျိုးသက်ရောက်စေလောက်သည့် အရာများတော့ မဟုတ်ခဲ့ပေ။ သို့သော်လည်း လူမှုကွန်ယက်များ၏ ပေါက်ကွဲအားနှင့် ထိရောက်မှုနှုန်းထားမှာ ကြောက်ခမန်းလိလိ တိုးတက်လာနေသောကြောင့် ယနေ့ခေတ်တွင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများ၏ စည်းရုံးရေး လှုပ်ရှားမှုများ၌ ဆိုရှယ်မီဒီယာများသည် သိသာထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီဖြစ်သည်။
ဥပမာအနေဖြင့် ယခုလာမည့် ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအသီးသီးက မဲဆွယ်စည်းရုံးကြရာတွင် ကိုယ်စားလှယ်လောင်းတွေအနေဖြင့် ဆိုရှယ်မီဒီယာများကို အရင်ကထက်ကို ပိုမိုအားကိုးလွန်းကြသည်ဟုပင် မီဒီယာတွေကဝေဖန်ကြသည် အထိဖြစ်ခဲ့သည်။ သူတို့ မည်ကဲ့သို့ Campaign များ လုပ်သည်၊ မည်ကဲ့သို့ အသုံးချနေကြသည်၊ မည်သည့်အချက်အလက်များကို လူထုထံချပြနေကြသည် ဆိုသည်များကို တခုတ်တရပြောဆိုဆွေးနွေးနေရသည်အထိပင်။
Twitter တွင် ဟီလာရီ၏ ကမ်ပိန်းကို Follow ထားသူ ၉ သန်းကျော်ရှိပြီး Facebook တွင်မူ ၆ သန်းကျော်ရှိလေသည်။ ထရမ့်ပ်မှာမူ လူမှုကွန်ယက်တွင် ဟီလာရီကို အပြတ်အသတ်အသာခဲ့ပြီး Twitter တွင် Follower ၁၁ သန်းကျော်နှင့် Facebook တွင်လည်း Like ၁၁ သန်းနီးပါးရှိခဲ့သည်။ ယင်းအတွက် ၂ ဘက်စလုံးမှ ငွေကြေးအပြေမာက်အများ အကုန်အကျခံ၍ စနစ်တကျမဟာဗျူဟာများဖြင့် ပြင်ဆင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ နောက်ဆုံးရွေးကောက်ပွဲရလဒ် ထွက်လာချိန်တွင်လည်း ထရမ့်ပ်သည် ဟီလာရီကို နောက်ကောက်ချနိုင်ခဲ့လေသည်။
ဤသည်မှာလည်း တစ်ကမ္ဘာလုံးတွင် ရေစီးတစ်ခုဖြစ်လာနေခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံနိုင်ငံသည်လည်း အဆိုပါရေစီးထဲတွင် မျောပါခဲ့သည်မှာ ၂၀၁၆ ရွေးကောက်ပွဲကို ကြည့်လျှင် သိသာနိုင်လေသည်။ ထို့ကြောင့် ကိုယ့်ထက် နည်းပညာနှင့် ဆက်သွယ်ရေးစနစ်ပိုမိုအဆင့်မြင့်သည့် နိုင်ငံများတွင် တခုတ်တရကို အရေးစိုက်ကြိုးပမ်းနေကြသည်မှာ မဆန်းလှပေ။
မြန်မာပြည်တွင်းတွင်လဲ ယခုဆိုပါက မိုဘိုင်းဆက်သွယ်ရေးစနစ်များ အထိုက်အလျောက် ပိုမိုကောင်းမွန်လာနေသည်။ အင်တာနက်ကိုလည်း ယခင်ကထက် ပိုမိုတွင်ကျယ်စွာ သုံးစွဲလာကြသည့်အချိန်တွင် Social Media များ၏ အခန်းကဏ္ဍကလည်း အလိုလိုရှေ့သို့ တိုးထွက်လာခဲ့သည်။ သာမန်လူများအနေဖြင့် မပြောပါနှင့်။ နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လွှတ်တော်အမတ်များပင်လျှင် ဆိုရှယ်မီဒီယာများပေါ်တွင် ပျော်မွေ့နေကြသည်ကို မြင်တွေ့နေရသည်။
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အင်တာနက်သုံးစွဲသူအရေအတွက် နည်းပါးသေးသော မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာများ၏ အခန်းကဏ္ဍသည် အတန်ငယ်နည်းပါးသည်ဟု ထင်ရသော်လည်း လက်ရှိလူဦးရေ၏ ထက်ဝက်နီးပါးခန့် အင်တာနက်သုံးစွဲနေကြသဖြင့် တိုင်းပြည်အနေအထားဖြင့် ကြည့်လျှင်မူ နည်းသည်ဟု မဆိုသာ။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း တရားဝင် မဲဆွယ်စည်းရုံးရေးခရီးစဉ်များအပြင် ဆိုရှယ်မီဒီယာများမှတဆင့် စွဲဆောင်စည်းရုံးမှုများကို ထင်ရှာစွာ မြင်တွေ့ခဲ့ရပြီး လူထု၏ တက်ကြွသော တုန့်ပြန်မှုကိုလည်း မြင်ခဲ့ရသည်။ ရှေ့လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း ပို၍ထိရောက်သည့် ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်ပေမည်။
၂၀၁၅ ခုနှစ်တုန်းက နိုင်ငံရေးပါတီကြီးများနှင့် နိုင်ငံရေးသမားတစ်ချို့က ကြိုတင်မရည်ရွယ်ထားသော်လည်း မဲဆွယ်စည်းရုံးမှုဆန်ဆန်လှုပ်ရှားမှုများ၊ ဆွဲဆောင်မှုများကို လူမှုကွန်ယက်ပေါ်တွင် လုပ်ဆောင်နိုင်ခဲ့ပြီး ထောက်ခံသံများ၊ ကန့်ကွက်သံများ၊ အငြင်းအခုံများဖြင့် စည်စည်ကားကားရှိခဲ့လေသည်။ သို့သော် ယခု ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ ရည်ရွယ်ချက်အပြည့်ဖြင့် စွဲဆောင်စည်းရုံနိုင်ဖို့ လိုအပ်လာသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလများက ပါတီများ၏ ဆိုရှယ်မီဒီယာလှုပ်ရှားမှုများသည် သက်ဆိုင်ရာပါတီတစ်ချင်းစီအတွင်းမှာပင် တကျောင်းတဂါထာဆန်ဆန်လှုပ်ရှားခဲ့ကြပြီး မဲဆွယ်စည်းရုံးရေး စကားစုများ၊ ခွန်အားဖြည့်စကားစုများ၊ ရွေးကောက်ပွဲနှင့် ကိုယ်စားလှယ်လောင်း၏ သတင်းအချက်အလက်များ၊ Landscape များ၊ Infograph များ မတွေ့ရှိခဲ့ရသည်ကတော့ အမှန်ပင်။ တန်ဖိုးနည်းနည်းဖြင့် ထိရောက်မှုရှိသော အခွင့်အရေးကို လက်လွတ်ခံခဲ့ကြသည်။ ယခုလာမည့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ လူမှုကွန်ယက်ကဏ္ဍသည် ယခုထက်ပိုမို ရှေ့ရောက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ကြားဖြတ်ရွေးကောက်ပွဲဖြစ်သည့်အတွက် လူထုစိတ်ဝင်စားမှုအားနည်းနေခြင်းကို အပြောင်းအလလဲပြုလုပ်ရန် လူမှုကွန်ယက်မှတဆင့် ကြိုးပမ်းခြင်းသည် အထိရောက်ဆုံးနည်းလမ်းဖြစ်ပေမလိမ့်မည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကျင်းပမည့် ဒေသမှ ဒေသခံမဲ ဆန္ဒရှင်များထံ ရိုက်ရိုက်ရည်ရွယ်၍ စည်းရုံးမှုများ ဆောင်ရွက်ရာတွင် လူမှုကွန်ယက်ကို ထိထိရောက်ရောက် အသုံးချနိုင်ရန် လိုအပ်လှပေသည်။
ပြီးစီခဲ့သော အမေရိကန်ရွေးကောက်ပွဲများနှင့် ဥရောပရွေးကောက်ပွဲများတွင် ဆိုရှယ်မီဒီယာနိုင်ငံရေးကို နားလည်သည့် ကိုယ်စားလှယ်လောင်းများ ရှေ့ရောက်လာကြပြီး သူတို့၏ Campaign များ အလုပ်ဖြစ်မဖြစ်ကလည်း သူတို့၏ မဲအရေအတွက်အပေါ် သက်ရောက်မှုများလာခဲ့သည်။
မီဒီယာများက ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို ဆိုရှယ်မီဒီယာနိုင်ငံရေးသမားများဟု ပြောဆိုကြသည်ကိုလည်း အပြစ်တော့မဆိုရာ။
ယနေ့ခေတ်တွင် ဆိုရှယ်မီဒီယာများသည် တိုင်းပြည်တစ်ခု၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် အရာများ မဟုတ်ဟု တစ်ထစ်ချ ပြောဆို၍ မရတော့ချေ။ လူမှုကွန်ယက်များသည် တိုင်းပြည်တိုင်၏ ကိစ္စရပ်တိုင်းကို တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပတ်သက်နေကြပြီဖြစ်သည်။ သို့မဟုတ် တဖြေးဖြေးနှင့် ပို၍ပို၍ အရေးပါသော အခြေအနေများကိုတော့ ဖန်တီးယူလာနေကြပြီဖြစ်သည်။ တစ်ချိန်မဟုတ် တစ်ချိန်တွင်တော့ သူတို့သည်ပင် ရွေးကောက်ပွဲရလဒ်များ ဖြစ်မလာဟု ပြော၍မရပေ။ ထို့ကြောင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ယင်းအခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားကြသင့်သည်။
<Zawgyi>
မွတ္မိပါေသးသည္။ ျပီးခဲ့တဲ့ ၂၀၁၆ စက္တင္ဘာလ ၂၆ ရက္ေန႔က Long Island ရွိ Hofstra University မွာ အေမရိကန္သမၼတေလာင္း ၂ ဦး စကားစစ္ထုိးပြဲ ျပဳလုပ္ခဲ့ၾကသည့္အေၾကာင္း။ အဆိုပါ စကားစစ္ထိုးပြဲကို ရုပ္သံမ်ား အင္တာနက္ဝက္ဘ္ဆိုက္မ်ားမွတဆင့္ ထုတ္လႊင့္ျပသခဲ့ၾကျပီး အထူးျခားဆံုး စကားစစ္ထုိးပြဲျဖစ္လာခဲ့သည္။ မည္သည့္အခါႏွင့္မွ်မတူပဲ ၎တို႔ႏွစ္ဦး အျပန္အလွန္ေဆြးေႏြးျငင္းခံုခဲ့ၾကသည့္ အေၾကာင္းအရာမ်ားကို လူအမ်ားက အမ်ားဆံုး အြန္လုိင္းမွတဆင့္ အၾကိတ္အနယ္ျပန္လည္ေဆြးေႏြးခ့ဲၾကေသာေၾကာင့္ျဖစ္ေလသည္။
ဤမွ်မကေသး။ အေမရိကန္ ေရြးေကာက္ပြဲကာလတစ္ေလွ်ာက္ Twitter၊ Facebook၊ Instagram ႏွင့္ တျခားေသာ လူမႈကြန္ယက္ဝက္ဘ္ဆိုက္မ်ားတြင္လည္း သမၼတေလာင္းတို႔ ေဆြးေႏြးခဲ့သည့္ အေၾကာင္းအရာမ်ားကို ေထာက္ခံမႈ၊ ကန္႔ကြက္မႈမ်ားႏွင့္ ေသာေသာညံခဲ့သည္။ ဒီၾကားထဲ ပြဲအျပီးတြင္ ဟီလာရီ၏ နည္းပညာအဖြဲ႕က အဆိုပါညပြဲတြင္ ဟီလာရီက ထရမ့္ပ္ကို အသာစီးရခဲ့ေၾကာင္း ဟီလာရီ႕ကိုေထာက္ခံသူမ်ားကို အြန္လုိင္းပလက္ေဖာင္းေတြမွာ ေျပာဆိုၾကဖို႔ အီးေမးလ္ပို႔ခဲ့သလို ထရမ့္ပ္၏ အဖြဲ႕ကလည္း Snapchat ကေနတဆင့္ တုန္႔ျပန္ခဲ့ေၾကာင္း ၾကားရျပန္သည္။
ႏိုင္ငံတကာမီဒီယာမ်ား၏ သတင္းေဖာ္ျပခ်က္မ်ားအရ ႏိုင္ငံအလိုက္ ေရြးေကာက္ပြဲႏွင့္သက္ဆုိင္သည့္ အခ်က္အလက္မ်ားကို လူမႈကြန္ယက္မ်ား အင္တာနက္မ်ားမွ ရွာေဖြမႈမ်ား၊ ေလ့လာမႈမ်ား အဆမတန္ပိုမိုျမင့္မားလာေနသည္ဆို၏။ အေမရိကန္ျပည္ေထာင္စု၏ ေနာက္ဆံုး ေရြးေကာက္ပြဲ ၃ ၾကိမ္ျဖစ္သည့္ ၂၀၀၈၊ ၂၀၁၂ ႏွင့္ ၂၀၁၆ တို႔တြင္ သမၼတအိုဘားမားႏွင့္ ထရမ့္ပ္တို႔အေနျဖင့္ လူမႈကြန္ယက္ကမ္ပိန္းမ်ားကို ထိထိေရာက္ေရာက္အသံုးခ်ႏုိင္ခဲ့သည့္အတြက္ ရလဒ္ေကာင္းမ်ား ရရွိခဲ့ၾကသည္။
လြန္ခဲ့သည့္ ဆယ္စုႏွစ္တစ္ခုခန္႔ကို လွမ္းေမွ်ာ္ၾကည့္လွ်င္ ဆိုရွယ္မီဒီယာမ်ားသည္ တုိင္းျပည္တစ္ခု၏ အနာဂတ္ကို အဆံုးအျဖတ္ေပးမည့္ ေရြးေကာက္ပြဲရလဒ္မ်ားကို အက်ိဳးသက္ေရာက္ေစေလာက္သည့္ အရာမ်ားေတာ့ မဟုတ္ခဲ့ေပ။ သို႔ေသာ္လည္း လူမႈကြန္ယက္မ်ား၏ ေပါက္ကြဲအားႏွင့္ ထိေရာက္မႈႏႈန္းထားမွာ ေၾကာက္ခမန္းလိလိ တိုးတက္လာေနေသာေၾကာင့္ ယေန႔ေခတ္တြင္ ႏုိင္ငံေရးပါတီမ်ားႏွင့္ ႏိုင္ငံေရးသမားမ်ား၏ စည္းရံုးေရး လွဳပ္ရွားမႈမ်ား၌ ဆိုရွယ္မီဒီယာမ်ားသည္ သိသာထင္ရွားသည့္ အခန္းက႑မွ ပါဝင္ေနၿပီျဖစ္သည္။
ဥပမာအေနျဖင့္ ယခုလာမည့္ ၂၀၁၆ အေမရိကန္ ေရြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းအသီးသီးက မဲဆြယ္စည္းရံုးၾကရာတြင္ ကိုယ္စားလွယ္ေလာင္းေတြအေနျဖင့္ ဆိုရွယ္မီဒီယာမ်ားကို အရင္ကထက္ကို ပိုမိုအားကိုးလြန္းၾကသည္ဟုပင္ မီဒီယာေတြကေဝဖန္ၾကသည္ အထိျဖစ္ခဲ့သည္။ သူတို႔ မည္ကဲ့သို႔ Campaign မ်ား လုပ္သည္၊ မည္ကဲ့သို႔ အသံုးခ်ေနၾကသည္၊ မည္သည့္အခ်က္အလက္မ်ားကို လူထုထံခ်ျပေနၾကသည္ ဆိုသည္မ်ားကို တခုတ္တရေျပာဆိုေဆြးေႏြးေနရသည္အထိပင္။
Twitter တြင္ ဟီလာရီ၏ ကမ္ပိန္းကို Follow ထားသူ ၉ သန္းေက်ာ္ရွိျပီး Facebook တြင္မူ ၆ သန္းေက်ာ္ရွိေလသည္။ ထရမ့္ပ္မွာမူ လူမႈကြန္ယက္တြင္ ဟီလာရီကို အျပတ္အသတ္အသာခဲ့ျပီး Twitter တြင္ Follower ၁၁ သန္းေက်ာ္ႏွင့္ Facebook တြင္လည္း Like ၁၁ သန္းနီးပါးရွိခဲ့သည္။ ယင္းအတြက္ ၂ ဘက္စလံုးမွ ေငြေၾကးအေျပမာက္အမ်ား အကုန္အက်ခံ၍ စနစ္တက်မဟာဗ်ဴဟာမ်ားျဖင့္ ျပင္ဆင္ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။ ေနာက္ဆံုးေရြးေကာက္ပြဲရလဒ္ ထြက္လာခ်ိန္တြင္လည္း ထရမ့္ပ္သည္ ဟီလာရီကို ေနာက္ေကာက္ခ်ႏုိင္ခဲ့ေလသည္။
ဤသည္မွာလည္း တစ္ကမၻာလံုးတြင္ ေရစီးတစ္ခုျဖစ္လာေနျခင္းေၾကာင့္ျဖစ္သည္။ ျမန္မာႏုိင္ငံႏိုင္ငံသည္လည္း အဆိုပါေရစီးထဲတြင္ ေမ်ာပါခဲ့သည္မွာ ၂၀၁၆ ေရြးေကာက္ပြဲကို ၾကည့္လွ်င္ သိသာႏုိင္ေလသည္။ ထို႔ေၾကာင့္ ကိုယ့္ထက္ နည္းပညာႏွင့္ ဆက္သြယ္ေရးစနစ္ပိုမိုအဆင့္ျမင့္သည့္ ႏုိင္ငံမ်ားတြင္ တခုတ္တရကို အေရးစိုက္ၾကိဳးပမ္းေနၾကသည္မွာ မဆန္းလွေပ။
ျမန္မာျပည္တြင္းတြင္လဲ ယခုဆိုပါက မိုဘုိင္းဆက္သြယ္ေရးစနစ္မ်ား အထိုက္အေလ်ာက္ ပိုမိုေကာင္းမြန္လာေနသည္။ အင္တာနက္ကိုလည္း ယခင္ကထက္ ပိုမိုတြင္က်ယ္စြာ သံုးစြဲလာၾကသည့္အခ်ိန္တြင္ Social Media မ်ား၏ အခန္းက႑ကလည္း အလိုလိုေရွ႕သို႔ တိုးထြက္လာခဲ့သည္။ သာမန္လူမ်ားအေနျဖင့္ မေျပာပါႏွင့္။ ႏိုင္ငံေခါင္းေဆာင္မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ ထိပ္တန္း စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ လႊတ္ေတာ္အမတ္မ်ားပင္လွ်င္ ဆိုရွယ္မီဒီယာမ်ားေပၚတြင္ ေပ်ာ္ေမြ႕ေနၾကသည္ကို ျမင္ေတြ႕ေနရသည္။
အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ႏွိဳင္းယွဥ္ပါက အင္တာနက္သံုးစြဲသူအေရအတြက္ နည္းပါးေသးေသာ ျမန္မာႏို္င္ငံတြင္ ဆိုရွယ္မီဒီယာမ်ား၏ အခန္းက႑သည္ အတန္ငယ္နည္းပါးသည္ဟု ထင္ရေသာ္လည္း လက္ရွိလူဦးေရ၏ ထက္ဝက္နီးပါးခန္႔ အင္တာနက္သံုးစြဲေနၾကသျဖင့္ တိုင္းျပည္အေနအထားျဖင့္ ၾကည့္လွ်င္မူ နည္းသည္ဟု မဆုိသာ။
ျပီးခဲ့သည့္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲႀကီးတြင္လည္း တရားဝင္ မဲဆြယ္စည္းရံုးေရးခရီးစဥ္မ်ားအျပင္ ဆိုရွယ္မီဒီယာမ်ားမွတဆင့္ စြဲေဆာင္စည္းရံုးမႈမ်ားကို ထင္ရွာစြာ ျမင္ေတြ႕ခဲ့ရျပီး လူထု၏ တက္ၾကြေသာ တုန္႔ျပန္မႈကိုလည္း ျမင္ခဲ့ရသည္။ ေရွ႕လာမည့္ ႏိုဝင္ဘာ ၃ ရက္ေန႔တြင္ က်င္းပမည့္ ၾကားျဖတ္ေရြးေကာက္ပြဲအတြက္လည္း ပို၍ထိေရာက္သည့္ ျပင္ဆင္မႈမ်ား ျပဳလုပ္ထားရန္လိုအပ္ေပမည္။
၂၀၁၅ ခုႏွစ္တုန္းက ႏိုင္ငံေရးပါတီၾကီးမ်ားႏွင့္ ႏိုင္ငံေရးသမားတစ္ခ်ိဳ႕က ၾကိဳတင္မရည္ရြယ္ထားေသာ္လည္း မဲဆြယ္စည္းရံုးမႈဆန္ဆန္လႈပ္ရွားမႈမ်ား၊ ဆြဲေဆာင္မႈမ်ားကို လူမႈကြန္ယက္ေပၚတြင္ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ေထာက္ခံသံမ်ား၊ ကန္႔ကြက္သံမ်ား၊ အျငင္းအခံုမ်ားျဖင့္ စည္စည္ကားကားရွိခဲ့ေလသည္။ သို႔ေသာ္ ယခု ၂၀၁၈ ၾကားျဖတ္ ေရြးေကာက္ပြဲတြင္မူ ရည္ရြယ္ခ်က္အျပည့္ျဖင့္ စြဲေဆာင္စည္းရံုႏိုင္ဖို႔ လိုအပ္လာသည္။
ျပီးခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲကာလမ်ားက ပါတီမ်ား၏ ဆုိရွယ္မီဒီယာလႈပ္ရွားမႈမ်ားသည္ သက္ဆုိင္ရာပါတီတစ္ခ်င္းစီအတြင္းမွာပင္ တေက်ာင္းတဂါထာဆန္ဆန္လႈပ္ရွားခဲ့ၾကျပီး မဲဆြယ္စည္းရံုးေရး စကားစုမ်ား၊ ခြန္အားျဖည့္စကားစုမ်ား၊ ေရြးေကာက္ပြဲႏွင့္ ကိုယ္စားလွယ္ေလာင္း၏ သတင္းအခ်က္အလက္မ်ား၊ Landscape မ်ား၊ Infograph မ်ား မေတြ႕ရွိခဲ့ရသည္ကေတာ့ အမွန္ပင္။ တန္ဖိုးနည္းနည္းျဖင့္ ထိေရာက္မႈရွိေသာ အခြင့္အေရးကို လက္လြတ္ခံခဲ့ၾကသည္။ ယခုလာမည့္ ၂၀၁၈ ၾကားျဖတ္ ေရြးေကာက္ပြဲတြင္မူ လူမႈကြန္ယက္က႑သည္ ယခုထက္ပိုမို ေရွ႕ေရာက္လာမည္မွာ ေျမၾကီးလက္ခတ္မလြဲပင္။
ၾကားျဖတ္ေရြးေကာက္ပြဲျဖစ္သည့္အတြက္ လူထုစိတ္ဝင္စားမႈအားနည္းေနျခင္းကို အေျပာင္းအလလဲျပဳလုပ္ရန္ လူမႈကြန္ယက္မွတဆင့္ ၾကိဳးပမ္းျခင္းသည္ အထိေရာက္ဆံုးနည္းလမ္းျဖစ္ေပမလိမ့္မည္။ သက္ဆုိင္ရာ ေရြးေကာက္ပြဲက်င္းပမည့္ ေဒသမွ ေဒသခံမဲ ဆႏၵရွင္မ်ားထံ ရိုက္ရိုက္ရည္႐ြယ္၍ စည္းရံုးမႈမ်ား ေဆာင္ရြက္ရာတြင္ လူမႈကြန္ယက္ကို ထိထိေရာက္ေရာက္ အသံုးခ်ႏုိင္ရန္ လိုအပ္လွေပသည္။
ျပီးစီခဲ့ေသာ အေမရိကန္ေရြးေကာက္ပြဲမ်ားႏွင့္ ဥေရာပေရြးေကာက္ပြဲမ်ားတြင္ ဆိုရွယ္မီဒီယာႏုိင္ငံေရးကို နားလည္သည့္ ကိုယ္စားလွယ္ေလာင္းမ်ား ေရွ႕ေရာက္လာၾကၿပီး သူတို႔၏ Campaign မ်ား အလုပ္ျဖစ္မျဖစ္ကလည္း သူတို႔၏ မဲအေရအတြက္အေပၚ သက္ေရာက္မႈမ်ားလာခဲ့သည္။
မီဒီယာမ်ားက ေရြးေကာက္ပြဲဝင္ ကိုယ္စားလွယ္ေလာင္းမ်ားကို ဆိုရွယ္မီဒီယာႏိုင္ငံေရးသမားမ်ားဟု ေျပာဆိုၾကသည္ကိုလည္း အျပစ္ေတာ့မဆိုရာ။
ယေန႔ေခတ္တြင္ ဆိုရွယ္မီဒီယာမ်ားသည္ တုိင္းျပည္တစ္ခု၏ အနာဂတ္ကို အဆံုးအျဖတ္ေပးမည့္ အရာမ်ား မဟုတ္ဟု တစ္ထစ္ခ် ေျပာဆို၍ မရေတာ့ေခ်။ လူမႈကြန္ယက္မ်ားသည္ တုိင္းျပည္တိုင္၏ ကိစၥရပ္တုိင္းကို တစ္နည္းမဟုတ္တစ္နည္း ပါဝင္ပတ္သက္ေနၾကျပီျဖစ္သည္။ သို႔မဟုတ္ တေျဖးေျဖးႏွင့္ ပို၍ပို၍ အေရးပါေသာ အေျခအေနမ်ားကိုေတာ့ ဖန္တီးယူလာေနၾကၿပီျဖစ္သည္။ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္တြင္ေတာ့ သူတို႔သည္ပင္ ေရြးေကာက္ပြဲရလဒ္မ်ား ျဖစ္မလာဟု ေျပာ၍မရေပ။ ထို႔ေၾကာင့္ ေရြးေကာက္ပြဲဝင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ ယင္းအခြင့္အေရးကို ဆုပ္ကိုင္ႏုိင္ဖို႔ ၾကိဳးစားၾကသင့္သည္။
MZ
Posted
by Admin
in
အေထြေထြ ဗဟုသုတ
ဖေ့စ်ဘုတ် ကို စွန့်ခွာသင့်ပြီလား
ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ လူမှုကွန်ယက် မီဒီယာကြီး ဖေ့စ်ဘုတ်က သူတို့ရဲ့ နည်းပညာလုံခြုံရေးစည်း ကျိုးပေါက်သွားတာမို့ အသုံးပြုသူ သန်း ၅၀ လောက်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားသွားတယ်လို့ ဝန်ခံလိုက်ပါတယ်။
ဒီပြဿနာဟာ မြန်မာပြည်မှာလဲ ဖြစ်ခဲ့ပြီးတော့ တချို့သော အသုံးပြုသူတွေရဲ့ အကောင့်တွေဟာ အလိုအလျောက် Log out ဖြစ်ကုန်ကြတာမျိုးတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ဖေ့စ်ဘုတ်ရဲ့ ၁၄ နှစ်တာသမိုင်းမှာ အဆိုးရွားဆုံး လုံခြုံရေးကျိုးပေါက်မှုဖြစ်ပါတယ်။
ဒါဟာ ၆ လတာ ကာလအတွင်းမှာ ဖေ့စ်ဘုတ်ကုမ္ပဏီ တက်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် အချက်အလက်ပေါက်ကြားမှု ပြဿနာဖြစ်ပါတယ်။ ပထမတစ်ကြိမ်တုန်းကလည်း Cambridge Analytica အရှုပ်တော်ပုံကြောင့် ဖေ့စ်ဘုတ်အနေနဲ့ နာမည်ပျက်စရာ အရှက်ရစရာကိစ္စတွေ ဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒီတစ်ကြိမ်တုန်းကတော့ ဖေ့စ်ဘုတ်ကိုယ်တိုင် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အသုံးချခွင့်ပေးခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ မတ်လတွေတုန်းကလည်း Tesla နဲ့ Mozilla တိုလို နာမည်ကျော် နည်းပညာလုပ်ငန်းကြီးတွေကအစ Cambridge Analytica အရှုပ်တော်ပုံနဲ့ ပတ်သတ်ပြီး ဖေ့စ်ဘုတ်ကို သပိတ်မှောက်ခဲ့ကြပါတယ်။ Tesla ရဲ့ အကြီးအကဲ Elon Musk ဟာဆိုရင် သူတို့ရဲ့ ကားကုမ္ပဏီ Tesla နဲ့ အာကာသသယ်ယူပို့ဆောင်ရေးလုပ်ငန်း SpaceX တို့ရဲ့ ဖေ့စ်ဘုတ် page တွေကို ဖျက်ချလိုက်တဲ့အထိပါပဲ။ ဒါကြောင့် ဖေ့စ်ဘုတ် ဟာ သန်းဆယ်နဲ့ချီ Like လုပ်ထားတဲ့ Page တစ်ချို့ကို ဆုံးရှုံးသွားပါတယ်။
Mozilla ကတော့ သူ့ Browser ပေါ်က အသုံးပြုသူတွေကို ဖေ့စ်ဘုတ် ရဲ့ ကြော်ငြာတွေ မမြင်ရအောင် ပိတ်ပင်ထားခဲ့ပါတယ်။ ဒါ့အပြင် ဂျာမနီအခြေစိုက် Commerzbank နဲ့ အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်သူ Sonos တို့ကလည်း ဖေ့စ်ဘုတ်မှာ ကြော်ငြာထည့်သွင်းမှုကို ရပ်နားခဲ့ပါတယ်။
ဒါနဲ့တင်မပြီးသေးပါဘူး WhatsApp ရဲ့ ပူးတွဲတည်ထောင်သူ Brian Acton ကလည်း #deleteဖေ့စ်ဘုတ် ဆိုတဲ့ Campaign ကို စတင်ခဲ့ပြီး ဒါဟာ ဖေ့စ်ဘုတ်ကို စွန့်ခွာရမယ့်အချိန်လို့ တိုက်တွန်းခဲ့ဖူးပါတယ်။ မြန်မာပြည်မှာတော့ တပ်ချုပ်ရဲ့ ေ့ဖစ်ဘုတ်စာမျက်နှာ ပိတ်သိမ်းခံရချိန်မှာ ဖေ့စ်ဘုတ်ကို စွန့်ခွာသွားသူတွေ ရှိခဲ့ပါတယ်။
Cambridge Analytica ရဲ့ အချက်အလက်အလွဲသုံးစားလုပ်မှုပြဿနာအပြင် နိုင်ငံတကာ ပြဿနာတွေမှာ ဖေ့စ်ဘုတ်ရဲ့ ရပ်တည်မှုသဘောထားတွေကြောင့် နိုင်ငံတကာ ဖေ့စ်ဘုတ်သုံးစွဲသူတွေကတော့ ဖေ့စ်ဘုတ်အပေါ် ယုံကြည်မှုကျဆင်းလာပြီးတော့ ဆက်သုံးသင့်မသုံးသင့် ဝိဝါဒကွဲစရာအခြေအနေဖြစ်လာပါတယ်။
ဒါပေမယ့် ဒီအရှုပ်တော်ပုံ ပြဿနာတွေမဖြစ်ပွားခင် လွန်ခဲ့တဲ့ ၂၀၁၇ အောက်တိုဘာလောက်ကတည်းက စာရေးဆရာ စကော့တ် ဂယ်လိုဝေးက သူ့ရဲ့ The Four ဆိုတဲ့စာအုပ်မှာ ဖေ့စ်ဘုတ် ရဲ့ ဒီလို အချက်အလက်အလွဲသုံးစားမှုတွေရှိနေတယ်ဆိုတာကို ကြိုတင်သတိပေးခဲ့ဖူးပါတယ်။
“လူမှုကွန်ယက် ကုမ္ပဏီတစ်ခုသည် သင့်ကလေးငယ်၏ ထောင်ပေါင်းများစွာသော ဓာတ်ပုံများကို ဆန်းစစ် စစ်ဆေးသည်၊ သင့်ဖုန်းကို Activate လုပ်၍ ချောင်းမြောင်းခိုးယူနားဆင်နိုင်သည့် ဝတ္ထုပစ္စည်းတစ်ခုသဖွယ်အသုံးချသည်၊ ယင်းနောက် အဆိုပါ အချက်အလက်များကို Fortune 500 စာရင်းဝင်ကုမ္ပဏီများထံ ရောင်းချလိုက်လေသည်။ …. ကျွနု်ပ်တို့သည် မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခပ်လွယ်လွယ်ပင် သတိမမူပဲ ပစ်ထားမိနေကြသေ်ာလည်း ၎င်းကုမ္ပဏီများကမူ ၎င်းတို့အကျိုးအမြတ်အတွက် ယင်းအချက်အလက်များကို ရယူအသုံးချနေကြသည်။” ဆိုပြီး လွန်ခဲ့တဲ့ ၆ လကျော်ကတည်းက ဂယ်လိုဝေးက ပြင်းပြင်းထန်ထန်ထုတ်ဖော်ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ဝေဖန်မှုတွေ မှန်ကန်တယ်ဆိုတာကိုတော့ လူတွေက ခုချိန်မှ သတိထားမိလာကြတာပါ။
အထူးသဖြင့် Cambridge Analytica ရဲ့အချက်အလက် အလွဲသုံးစားမှု အရှုပ်တော်ပုံ ပါ်ပေါက်လာတဲ့အချိန်မှာမှဖြစ်ပါတယ်။ Cambridge Analytica ဟာ ၂၀၁၆ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲအပါအဝင် ဖောက်သည်တစ်ချို့ရဲ့ ကိုယ်ကျိုးအတွက် အသုံးချဖို့ ဖေ့စ်ဘုတ် သုံးစွဲသူ သန်း ၅၀ ရဲ့ အချက်အလက်တွေကို အလွဲသုံးစားပြုလုပ်ခဲ့တာပါ။ ခုတစ်ခါထပ်ဖြစ်တဲ့ လုံခြုံရေးစည်းကျိုးပေါက်မှုနဲ့ ထပ်မံပေါင်းလိုက်မယ်ဆိုရင် ဖေ့စ်ဘုတ်ဟာ တစ်နှစ်ထဲမှာတင် အသုံးပြုသူ သန်း ၁၀၀ ရဲ့ အချက်အလက်တွေကို အလွဲသုံးစားပြုလုပ်မယ့်သူတွေဆီ ရောက်ရှိသွားစေခဲ့ပြီဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီကနေ ဘယ်လောက်အတိုင်းအတာ ပမာဏအထိ အချက်အလက်တွေ ပေါက်ကြားသွားတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်သေးပါဘူး။
တကယ်တမ်းအားဖြင့် ဒီလိုဖြစ်ပျက်ရခြင်းဟာ ဖေ့စ်ဘုတ် ရဲ့ အချက်အလက်အသေးစိတ် မှတ်တမ်းတင်မှုကြောင့်ဖြစ်ပါတယ်။ ဖေ့စ်ဘုတ် ဟာ အသုံးပြုသူတစ်ယောက်ရဲ့ အမည်ရင်း၊ မွေးသက္ကရာဇ်စတဲ့ အသေးစိတ်အချက်အလက်တွေအပါအဝင် အချက်အလက်အမျိုးအစား ၇၁ မျိုးအထိ သတ်မှတ်ပြီး ခွဲခြားမှတ်တမ်းတင်ထားလေ့ရှိပါတယ်။ အဲဒီအမျိုးအစားခွဲခြား မှတ်တမ်းတင်မှုမှာ Chat history တွေ၊ သွားခဲ့တဲ့ Check-in ဝင်ခဲ့တဲ့ နေရာတွေ၊ ဝါသနာ၊ အလေ့အကျင့်၊ ကိုးကွယ်ယုံကြည်မှုနဲ့ နိုင်ငံရေးအမြင်စတာတွေပါဝင်ပါတယ်။ ကာလရှည်ကြာလွန်းသွားလို့ မရှိတော့ဘူးလို့ မမှတ်ယူပါနဲ့။ ဖေ့စ်ဘုတ် ဟာ အသေးအမွှားအသေးစိတ်အချက်အလက်လေးတွေကအစ မှတ်တမ်းတင်ထားတာပါ။ ဖျက်ချလိုက်တဲ့ Chat recoed တွေနဲ့ Search history တွေက အစပါဝင်ပါတယ်။ ဘယ်လို Device တွေ သုံးတယ်၊ ဘယ်လို Operation System တွေ သုံးတယ်၊ ဘယ် Browser တွေ အများဆုံး အသုံးပြုတယ်ဆိုတာမျိုးနဲ့ ခရီးသွားရင် ဘာတွေလုပ်တတ်တယ်ဆိုတာမျိုးတွေကိုလည်း သူတို့သိရှိနေပါတယ်။
ဒါ့အပြင် ဘယ်လို Page တွေကို Like လုပ်ထားတယ်၊ ဘယ်လို Status တွေ တင်လေ့ရှိတယ်၊ သူငယ်ချင်း များတယ် နည်းတယ်၊ ဘယ်လိုလူမျိုးကို သူငယ်ချင်းအဖြစ် ထားလေ့ရှိတယ်၊ အလုပ်အကိုင်အခြေအနေဘယ်လိုရှိတယ်နဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ဘယ်အခြေအနေရှိတယ်ဆိုတာတွေကို မှတ်တမ်းတင်ထားတာကြောင့် သူတို့နဲ့ ကိုက်ညီမယ့် ကြော်ငြာတွေကို ကိုက်ညှိပေးပို့နိုင်နေတာဖြစ်ပါတယ်။
ဒီလို အသေးစိတ် မှတ်တမ်းတင်တတ်တဲ့ ဖေ့စ်ဘုတ် ဆီကနေ အချက်အလက်တွေ ပေါက်ကြားသွားတာဖြစ်တာကြောင့် ယခုပြဿနာတွေမှာ လူတစ်ဦးချင်းစီကနေ ဘယ်လောက် အချက်အလက်တွေပေါက်ကြားသွားသလဲဆိုတာကို ကမ္ဘာတစ်ဝှမ်းက အသုံးပြုသူတွေက ဝိုင်းပြီးစိုးရိမ်နေကြတာဖြစ်ပါတယ်။
နည်းပညာလောကမှာ ဒီလိုပြဿနာမျိုးတွေက ခုမှဖြစ်ပေါ်လာတာမဟုတ်ပဲနဲ့ LinkedIn နဲ့ လူမှုရေးဖောက်ပြန်သူတွေအသုံးပြုတဲ့ Ashley Madison တို့လို လူမှုကွန်ယက်ဝက်ဘ်ဆိုက်မျိုးတွေလည်း အချက်အလက်ပေါက်ကြားမှုမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း အသုံးပြုသူတွေ တွေးနေကြသလိုမျိုး တကယ်ကို ဖေ့စ်ဘုတ် ရဲ့ အဆုံးသတ်အချိန်ကို ရောက်ပြီလား? ဖေ့စ်ဘုတ် ကို စွန့်ခွာရမယ့်အချိန်ရောက်ပြီလား? ဆိုတာကတော့ ဖြေဖို့ ခက်နေဆဲဖြစ်ပါတယ်။
Tesla နဲ့ Mozilla တို့ကိုယ်တိုင် ဖေ့စ်ဘုတ် ကို သပိတ်မှောက်ခဲ့ကြပေမယ့် ဒါဟာ ယာယီသာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် WhatsApp ရဲ့ ပူးတွဲတည်ထောင်သူ Brian Acton က ဖေ့စ်ဘုတ် ကို စွန့်ခွာရမယ့်အချိန်လို့ ဆိုခဲ့ပေမယ့် ဖေ့စ်ဘုတ် ကပိုင်ဆိုင်တဲ့ Instagram ကိုတော့ သူဟာ ခုထိ ဆက်သုံးနေခဲ့ပါတယ်လို့ ဆိုပြန်ပါတယ်။
ကမ္ဘာ့လူဦးရေ ၃ ပုံ ၂ ပုံလောက် အသုံးပြုနေတဲ့ ဖေ့စ်ဘုတ် ကို စွန့်ခွာဖို့ဆိုတာ စီးပွားရေးလုပ်ငန်းတွေအတွက်ရော သာမန်အသုံးပြုသူတွေအတွက်ပါ ပြောသလောက်တော့ မလွယ်လှတာမြင်ရပါတယ်။ ဖေ့စ်ဘုတ် ဟာ အသုံးပြုသူတွေအတွက် တခြား Social Media တွေထက် ပိုပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးပေးထားသလို ပိုကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းကိုလည်း ချိတ်ဆက်ပေးထားပါတယ်။ ဒီအခြေအနေဟာ ကြော်ငြာရှင်တွေအတွက်လည်း လက်လွှတ်ဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။
ဂယ်လိုဝေးရဲ့ စာထဲမှာတော့ မီဒီယာတွေ၊ အစိုးရတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုယ်တိုင်က ဖေ့စ်ဘုတ် ကို အလိုလိုက်အကြိုက်ဆောင်မြှောက်ပင့်ခဲ့ကြသလို အကန့်အသတ်မဲ့ အရင်းအနှီးတွေနဲ့ စိတ်တိုင်းကျ ချယ်လှယ်ခွင့်တွေလည်း ပေးမိခဲ့တာကြောင့် ဒီအခြေအနေကို ရောက်လာတာဖြစ်ပြီး ခုတော့ သူတို့ကို ဇာတ်ကြိုးသတ်ဖို့ ခက်နေပြီလို့ ဆိုပါတယ်။
ဂယ်လိုဝေးပြောခဲ့သလိုပဲ စီးပွားရေးလုပ်ငန်းတွေသာမကပဲ လူတွေကိုယ်တိုင်လည်း ဖေ့စ်ဘုတ် ကို တကယ့်ဘဝရဲ့ တခြားမျက်နှာစာလို အသုံးချနေကြတာကြောင့် စွန့်ခွာဖို့ ခက်နေလိမ့်ဦးမှာဖြစ်ပါတယ်။
<Zawgyi>
ျပီးခဲ့တဲ့ရက္ပိုင္းမွာပဲ လူမႈကြန္ယက္ မီဒီယာၾကီး ေဖ့စ္ဘုတ္က သူတို႔ရဲ႕ နည္းပညာလံုျခံဳေရးစည္း က်ိဳးေပါက္သြားတာမို႔ အသံုးျပဳသူ သန္း ၅၀ ေလာက္ရဲ႕ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြ ေပါက္ၾကားသြားတယ္လို႔ ဝန္ခံလိုက္ပါတယ္။
ဒီျပႆနာဟာ ျမန္မာျပည္မွာလဲ ျဖစ္ခဲ့ျပီးေတာ့ တခ်ိဳ႕ေသာ အသံုးျပဳသူေတြရဲ႕ အေကာင့္ေတြဟာ အလိုအေလ်ာက္ Log out ျဖစ္ကုန္ၾကတာမ်ိဳးေတြ ျဖစ္ပြားခဲ့ပါတယ္။ ဒါဟာ ေဖ့စ္ဘုတ္ရဲ႕ ၁၄ ႏွစ္တာသမုိင္းမွာ အဆိုးရြားဆံုး လံုျခံဳေရးက်ိဳးေပါက္မႈျဖစ္ပါတယ္။
ဒါဟာ ၆ လတာ ကာလအတြင္းမွာ ေဖ့စ္ဘုတ္ကုမၸဏီ တက္ခဲ့တဲ့ ဒုတိယအၾကိမ္ေျမာက္ အခ်က္အလက္ေပါက္ၾကားမႈ ျပႆနာျဖစ္ပါတယ္။ ပထမတစ္ၾကိမ္တုန္းကလည္း Cambridge Analytica အရႈပ္ေတာ္ပံုေၾကာင့္ ေဖ့စ္ဘုတ္အေနနဲ႔ နာမည္ပ်က္စရာ အရွက္ရစရာကိစၥေတြ ျဖစ္ခဲ့ပါေသးတယ္။ အဲ့ဒီတစ္ၾကိမ္တုန္းကေတာ့ ေဖ့စ္ဘုတ္ကိုယ္တုိင္ အသံုးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကို အသံုးခ်ခြင့္ေပးခဲ့တာျဖစ္ပါတယ္။
လြန္ခဲ့တဲ့ မတ္လေတြတုန္းကလည္း Tesla နဲ႔ Mozilla တိုလို နာမည္ေက်ာ္ နည္းပညာလုပ္ငန္းၾကီးေတြကအစ Cambridge Analytica အရႈပ္ေတာ္ပံုနဲ႔ ပတ္သတ္ျပီး ေဖ့စ္ဘုတ္ကို သပိတ္ေမွာက္ခဲ့ၾကပါတယ္။ Tesla ရဲ႕ အၾကီးအကဲ Elon Musk ဟာဆိုရင္ သူတို႕ရဲ႕ ကားကုမၸဏီ Tesla နဲ႔ အာကာသသယ္ယူပို႔ေဆာင္ေရးလုပ္ငန္း SpaceX တို႔ရဲ႕ ေဖ့စ္ဘုတ္ page ေတြကို ဖ်က္ခ်လိုက္တဲ့အထိပါပဲ။ ဒါေၾကာင့္ ေဖ့စ္ဘုတ္ ဟာ သန္းဆယ္နဲ႔ခ်ီ Like လုပ္ထားတဲ့ Page တစ္ခ်ိဳ႕ကို ဆံုးရံႈးသြားပါတယ္။
Mozilla ကေတာ့ သူ႕ Browser ေပၚက အသံုးျပဳသူေတြကို ေဖ့စ္ဘုတ္ ရဲ႕ ေၾကာ္ျငာေတြ မျမင္ရေအာင္ ပိတ္ပင္ထားခဲ့ပါတယ္။ ဒါ့အျပင္ ဂ်ာမနီအေျခစိုက္ Commerzbank နဲ႔ အီလက္ထရြန္နစ္ပစၥည္းထုတ္လုပ္သူ Sonos တို႔ကလည္း ေဖ့စ္ဘုတ္မွာ ေၾကာ္ျငာထည့္သြင္းမႈကို ရပ္နားခဲ့ပါတယ္။
ဒါနဲ႔တင္မျပီးေသးပါဘူး WhatsApp ရဲ႕ ပူးတြဲတည္ေထာင္သူ Brian Acton ကလည္း #deleteေဖ့စ္ဘုတ္ ဆိုတဲ့ Campaign ကို စတင္ခဲ့ျပီး ဒါဟာ ေဖ့စ္ဘုတ္ကို စြန္႔ခြာရမယ့္အခ်ိန္လို႔ တိုက္တြန္းခဲ့ဖူးပါတယ္။ ျမန္မာျပည္မွာေတာ့ တပ္ခ်ဳပ္ရဲ႕ ေ့ဖစ္ဘုတ္စာမ်က္ႏွာ ပိတ္သိမ္းခံရခ်ိန္မွာ ေဖ့စ္ဘုတ္ကို စြန္႔ခြာသြားသူေတြ ရွိခဲ့ပါတယ္။
Cambridge Analytica ရဲ႕ အခ်က္အလက္အလြဲသံုးစားလုပ္မႈျပႆနာအျပင္ ႏိုင္ငံတကာ ျပႆနာေတြမွာ ေဖ့စ္ဘုတ္ရဲ႕ ရပ္တည္မႈသေဘာထားေတြေၾကာင့္ ႏိုင္ငံတကာ ေဖ့စ္ဘုတ္သံုးစြဲသူေတြကေတာ့ ေဖ့စ္ဘုတ္အေပၚ ယံုၾကည္မႈက်ဆင္းလာျပီးေတာ့ ဆက္သံုးသင့္မသံုးသင့္ ဝိဝါဒကြဲစရာအေျခအေနျဖစ္လာပါတယ္။
ဒါေပမယ့္ ဒီအရႈပ္ေတာ္ပံု ျပႆနာေတြမျဖစ္ပြားခင္ လြန္ခဲ့တဲ့ ၂၀၁၇ ေအာက္တိုဘာေလာက္ကတည္းက စာေရးဆရာ စေကာ့တ္ ဂယ္လိုေဝးက သူ႕ရဲ႕ The Four ဆုိတဲ့စာအုပ္မွာ ေဖ့စ္ဘုတ္ ရဲ႕ ဒီလို အခ်က္အလက္အလြဲသံုးစားမႈေတြရွိေနတယ္ဆိုတာကို ၾကိဳတင္သတိေပးခဲ့ဖူးပါတယ္။
“လူမႈကြန္ယက္ ကုမၸဏီတစ္ခုသည္ သင့္ကေလးငယ္၏ ေထာင္ေပါင္းမ်ားစြာေသာ ဓာတ္ပံုမ်ားကို ဆန္းစစ္ စစ္ေဆးသည္၊ သင့္ဖုန္းကို Activate လုပ္၍ ေခ်ာင္းေျမာင္းခိုးယူနားဆင္ႏုိင္သည့္ ဝတၳဳပစၥည္းတစ္ခုသဖြယ္အသံုးခ်သည္၊ ယင္းေနာက္ အဆိုပါ အခ်က္အလက္မ်ားကို Fortune 500 စာရင္းဝင္ကုမၸဏီမ်ားထံ ေရာင္းခ်လုိက္ေလသည္။ …. ကၽြႏု္ပ္တို႔သည္ မိမိတို႔၏ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ားကို ခပ္လြယ္လြယ္ပင္ သတိမမူပဲ ပစ္ထားမိေနၾကေသ္ာလည္း ၎ကုမၸဏီမ်ားကမူ ၎တို႔အက်ိဳးအျမတ္အတြက္ ယင္းအခ်က္အလက္မ်ားကို ရယူအသံုးခ်ေနၾကသည္။” ဆိုျပီး လြန္ခဲ့တဲ့ ၆ လေက်ာ္ကတည္းက ဂယ္လိုေဝးက ျပင္းျပင္းထန္ထန္ထုတ္ေဖာ္ေဝဖန္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ သူ႕ေဝဖန္မႈေတြ မွန္ကန္တယ္ဆိုတာကိုေတာ့ လူေတြက ခုခ်ိန္မွ သတိထားမိလာၾကတာပါ။
အထူးသျဖင့္ Cambridge Analytica ရဲ႕အခ်က္အလက္ အလြဲသုံုးစားမႈ အ႐ႈပ္ေတာ္ပုံ ပၚေပါက္လာတဲ့အခ်ိန္မွာမွျဖစ္ပါတယ္။ Cambridge Analytica ဟာ ၂၀၁၆ အေမရိကန္ျပည္ေထာင္စု ေရြးေကာက္ပြဲအပါအဝင္ ေဖာက္သည္တစ္ခ်ိဳ႕ရဲ႕ ကုိယ္က်ိဳးအတြက္ အသံုးခ်ဖို႔ ေဖ့စ္ဘုတ္ သုံးစြဲသူ သန္း ၅၀ ရဲ႕ အခ်က္အလက္ေတြကို အလြဲသုံးစားျပဳလုပ္ခဲ့တာပါ။ ခုတစ္ခါထပ္ျဖစ္တဲ့ လံုျခံဳေရးစည္းက်ိဳးေပါက္မႈနဲ႔ ထပ္မံေပါင္းလုိက္မယ္ဆိုရင္ ေဖ့စ္ဘုတ္ဟာ တစ္ႏွစ္ထဲမွာတင္ အသံုးျပဳသူ သန္း ၁၀၀ ရဲ႕ အခ်က္အလက္ေတြကို အလြဲသံုးစားျပဳလုပ္မယ့္သူေတြဆီ ေရာက္ရွိသြားေစခဲ့ျပီျဖစ္ပါတယ္။ လူတစ္ဦးတစ္ေယာက္ခ်င္းစီကေန ဘယ္ေလာက္အတုိင္းအတာ ပမာဏအထိ အခ်က္အလက္ေတြ ေပါက္ၾကားသြားတယ္ဆိုတာ ဘယ္သူမွ အတိအက် မသိႏုိင္ေသးပါဘူး။
တကယ္တမ္းအားျဖင့္ ဒီလိုျဖစ္ပ်က္ရျခင္းဟာ ေဖ့စ္ဘုတ္ ရဲ႕ အခ်က္အလက္အေသးစိတ္ မွတ္တမ္းတင္မႈေၾကာင့္ျဖစ္ပါတယ္။ ေဖ့စ္ဘုတ္ ဟာ အသံုးျပဳသူတစ္ေယာက္ရဲ႕ အမည္ရင္း၊ ေမြးသကၠရာဇ္စတဲ့ အေသးစိတ္အခ်က္အလက္ေတြအပါအဝင္ အခ်က္အလက္အမ်ိဳးအစား ၇၁ မ်ိဳးအထိ သတ္မွတ္ျပီး ခြဲျခားမွတ္တမ္းတင္ထားေလ့ရွိပါတယ္။ အဲဒီအမ်ိဳးအစားခြဲျခား မွတ္တမ္းတင္မႈမွာ Chat history ေတြ၊ သြားခဲ့တဲ့ Check-in ဝင္ခဲ့တဲ့ ေနရာေတြ၊ ဝါသနာ၊ အေလ့အက်င့္၊ ကိုးကြယ္ယံုၾကည္မႈနဲ႔ ႏုိင္ငံေရးအျမင္စတာေတြပါဝင္ပါတယ္။ ကာလရွည္ၾကာလြန္းသြားလို႔ မရွိေတာ့ဘူးလို႔ မမွတ္ယူပါနဲ႔။ ေဖ့စ္ဘုတ္ ဟာ အေသးအမႊားအေသးစိတ္အခ်က္အလက္ေလးေတြကအစ မွတ္တမ္းတင္ထားတာပါ။ ဖ်က္ခ်လုိက္တဲ့ Chat recoed ေတြနဲ႔ Search history ေတြက အစပါဝင္ပါတယ္။ ဘယ္လို Device ေတြ သံုးတယ္၊ ဘယ္လို Operation System ေတြ သံုးတယ္၊ ဘယ္ Browser ေတြ အမ်ားဆံုး အသံုးျပဳတယ္ဆိုတာမ်ိဳးနဲ႔ ခရီးသြားရင္ ဘာေတြလုပ္တတ္တယ္ဆိုတာမ်ိဳးေတြကိုလည္း သူတို႔သိရွိေနပါတယ္။
ဒါ့အျပင္ ဘယ္လို Page ေတြကို Like လုပ္ထားတယ္၊ ဘယ္လို Status ေတြ တင္ေလ့ရွိတယ္၊ သူငယ္ခ်င္း မ်ားတယ္ နည္းတယ္၊ ဘယ္လိုလူမ်ိဳးကို သူငယ္ခ်င္းအျဖစ္ ထားေလ့ရွိတယ္၊ အလုပ္အကိုင္အေျခအေနဘယ္လိုရွိတယ္နဲ႔ ေပါင္းသင္းဆက္ဆံေရးမွာ ဘယ္အေျခအေနရွိတယ္ဆိုတာေတြကို မွတ္တမ္းတင္ထားတာေၾကာင့္ သူတို႔နဲ႔ ကိုက္ညီမယ့္ ေၾကာ္ျငာေတြကို ကိုက္ညွိေပးပို႔ႏုိင္ေနတာျဖစ္ပါတယ္။
ဒီလို အေသးစိတ္ မွတ္တမ္းတင္တတ္တဲ့ ေဖ့စ္ဘုတ္ ဆီကေန အခ်က္အလက္ေတြ ေပါက္ၾကားသြားတာျဖစ္တာေၾကာင့္ ယခုျပႆနာေတြမွာ လူတစ္ဦးခ်င္းစီကေန ဘယ္ေလာက္ အခ်က္အလက္ေတြေပါက္ၾကားသြားသလဲဆိုတာကို ကမၻာတစ္ဝွမ္းက အသံုးျပဳသူေတြက ဝိုင္းျပီးစိုးရိမ္ေနၾကတာျဖစ္ပါတယ္။
နည္းပညာေလာကမွာ ဒီလိုျပႆနာမ်ိဳးေတြက ခုမွျဖစ္ေပၚလာတာမဟုတ္ပဲနဲ႔ LinkedIn နဲ႔ လူမႈေရးေဖာက္ျပန္သူေတြအသံုးျပဳတဲ့ Ashley Madison တို႔လို လူမႈကြန္ယက္ဝက္ဘ္ဆိုက္မ်ိဳးေတြလည္း အခ်က္အလက္ေပါက္ၾကားမႈမ်ိဳးေတြ ျဖစ္ခဲ့ဖူးပါတယ္။
ဒါေပမယ့္လည္း အသံုးျပဳသူေတြ ေတြးေနၾကသလုိမ်ိဳး တကယ္ကို ေဖ့စ္ဘုတ္ ရဲ႕ အဆံုးသတ္အခ်ိန္ကို ေရာက္ျပီလား? ေဖ့စ္ဘုတ္ ကို စြန္႔ခြာရမယ့္အခ်ိန္ေရာက္ျပီလား? ဆိုတာကေတာ့ ေျဖဖုိ႔ ခက္ေနဆဲျဖစ္ပါတယ္။
Tesla နဲ႔ Mozilla တို႔ကိုယ္တုိင္ ေဖ့စ္ဘုတ္ ကို သပိတ္ေမွာက္ခဲ့ၾကေပမယ့္ ဒါဟာ ယာယီသာျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ WhatsApp ရဲ႕ ပူးတြဲတည္ေထာင္သူ Brian Acton က ေဖ့စ္ဘုတ္ ကို စြန္႔ခြာရမယ့္အခ်ိန္လို႔ ဆိုခဲ့ေပမယ့္ ေဖ့စ္ဘုတ္ ကပိုင္ဆုိင္တဲ့ Instagram ကိုေတာ့ သူဟာ ခုထိ ဆက္သံုးေနခဲ့ပါတယ္လို႔ ဆိုျပန္ပါတယ္။
ကမၻာ့လူဦးေရ ၃ ပံု ၂ ပံုေလာက္ အသံုးျပဳေနတဲ့ ေဖ့စ္ဘုတ္ ကို စြန္႔ခြာဖို႔ဆိုတာ စီးပြားေရးလုပ္ငန္းေတြအတြက္ေရာ သာမန္အသံုးျပဳသူေတြအတြက္ပါ ေျပာသေလာက္ေတာ့ မလြယ္လွတာျမင္ရပါတယ္။ ေဖ့စ္ဘုတ္ ဟာ အသံုးျပဳသူေတြအတြက္ တျခား Social Media ေတြထက္ ပိုျပည့္စံုတဲဲ့ လုပ္ေဆာင္ခ်က္ေတြကို ဖန္တီးေပးထားသလို ပိုက်ယ္ျပန္႔တဲ့ လူ႕အဖြဲ႕အစည္းကိုလည္း ခ်ိတ္ဆက္ေပးထားပါတယ္။ ဒီအေျခအေနဟာ ေၾကာ္ျငာရွင္ေတြအတြက္လည္း လက္လႊတ္ဖို႔ ခက္ခဲတဲ့ အေျခအေနျဖစ္ပါတယ္။
ဂယ္လိုေဝးရဲ႕ စာထဲမွာေတာ့ မီဒီယာေတြ၊ အစိုးရေတြနဲ႔ ရင္းႏွီးျမွဳပ္ႏွံသူေတြကိုယ္တုိင္က ေဖ့စ္ဘုတ္ ကို အလုိလုိက္အၾကိဳက္ေဆာင္ေျမွာက္ပင့္ခဲ့ၾကသလို အကန္႔အသတ္မဲ့ အရင္းအႏွီးေတြနဲ႔ စိတ္တုိင္းက် ခ်ယ္လွယ္ခြင့္ေတြလည္း ေပးမိခဲ့တာေၾကာင့္ ဒီအေျခအေနကို ေရာက္လာတာျဖစ္ျပီး ခုေတာ့ သူတို႔ကို ဇာတ္ၾကိဳးသတ္ဖို႔ ခက္ေနျပီလို႔ ဆိုပါတယ္။
ဂယ္လိုေဝးေျပာခဲ့သလိုပဲ စီးပြားေရးလုပ္ငန္းေတြသာမကပဲ လူေတြကိုယ္တုိင္လည္း ေဖ့စ္ဘုတ္ ကို တကယ့္ဘဝရဲ႕ တျခားမ်က္ႏွာစာလို အသံုးခ်ေနၾကတာေၾကာင့္ စြန္႔ခြာဖို႔ ခက္ေနလိမ့္ဦးမွာျဖစ္ပါတယ္။
Monywa Gazette
Posted
by Admin
in
အေထြေထြ ဗဟုသုတ
နိုဝင်ဘာလ ၈ ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင် သမ္မတရွေးကောက်ပွဲကျင်းပသည်။ သမ္မတလောင်းများဖြစ်ကြသည့် ဟီလာရီ ကလင်တန်နှင့် ဒေါ်နယ် ထရမ့်ပ်တို့၏ အားပြိုင်မှုမှာ လူမှုကွန်ယက်နှင့် မီဒီယာများတွင် စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်နေခဲ့သည်။
ရွေးကောက်ပွဲ မဲဆွယ်မှုစည်းရုံးမှု ကာလတစ်လျှောက် မိန့်ခွန်းများ၊ စကားစစ်ထိုးပွဲများကို ရုပ်၊ သံ မီဒီယာများမှသာမက အင်တာနက်ဝက်ဘ်ဆိုက်များ အပါအဝင်
အမျိုးမျိုးသော မီဒီယာပလက်ဖောင်းများမှ တိုက်ရိုက်ထုတ်လွှင့်ဖော်ပြခြင်းဖြင့် လူထုကို ဆွဲဆောင်စည်းရုံးမှုများကို မြင်တွေ့ခဲ့ရသည်။ အမေရိကမှ ပြည်သူများသာမက နိုင်ငံတကာမှ လူအများတို့ပင်လျှင် အဆိုပါ ရွေးကောက်ပွဲကို ရင်ခုန်စွာဖြင့် စောင့်ကြည့်ခဲ့ရသည်။ ဤမျှမကသေး။ Twitter၊ Facebook၊ Instagram နှင့် တခြားသော လူမှုကွန်ယက်ဝက်ဘ်ဆိုက်များတွင်လည်း ၎င်းတို့ ပြောဆိုဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ထောက်ခံမှု၊ ကန့်ကွက်မှုများနှင့် သောသောညံခဲ့သည်။
အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်များအရ ၂၀၁၆ ရွေးကောက်ပွဲကာလတွင် အမေရိကန်ပြည်သူများကိုယ်တိုင် ရွေးကောက်ပွဲနှင့်သတ်ဆိုင်သည့် အချက်အလက်များကို လူမှုကွန်ယက်များ အင်တာနက်များမှ ရှာဖွေမှုများ၊ လေ့လာမှုများ အဆမတန်ပိုမိုမြင့်မားလာနေကြောင်း ဖော်ပြကြသည်။ နောက်ဆုံး ရွေးကောက်ပွဲ ၂ ကြိမ်ဖြစ်သည့် ၂၀၀၈ နှင့် ၂၀၁၂ တို့တွင် သမ္မတအိုဘားမားတစ်ယောက် လူမှုကွန်ယက်ကမ်ပိန်းများကို ထိထိရောက်ရောက်အသုံးချနိုင်ခဲ့သည့်အတွက် လက်ရှိ သမ္မတလောင်းလျာ ၂ ယောက်မှာလည်း လူမှုကွန်ယက်မှတဆင့် ပြည်သူများကို ဆွဲဆောင်ရန် အပြင်းအထန်ကြိုးစားခဲ့ကြသည်ကို မြင်တွေ့ခဲ့ရသည်။
လွန်ခဲ့သည့် ၅ နှစ်ခန့်ကို လှမ်းမျှော်ကြည့်လျှင် ဆိုရှယ်မီဒီယာများသည် တိုင်းပြည်တစ်ခု၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲရလဒ်များကို ကြီးမားစွာ အကျိုးသက်ရောက်စေလောက်သည့် အရာများတော့ မဟုတ်ခဲ့ပေ။ သို့သော်လည်း လူမှုကွန်ယက်များ၏ ပေါက်ကွဲအားနှင့် ထိရောက်မှုနှုန်းထားမှာ ကြောက်ခမန်းလိလိ တိုးတက်လာနေသောကြောင့် ယနေ့ခေတ်တွင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများ၏ စည်းရုံးရေး လှုပ်ရှားမှုများ၌ ဆိုရှယ်မီဒီယာများသည် သိသာထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီဖြစ်သည်။
ဥပမာအနေဖြင့် ယခုလာမည့် ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအသီးသီးက မဲဆွယ်စည်းရုံးကြရာတွင် ကိုယ်စားလှယ်လောင်းများအနေဖြင့် ဆိုရှယ်မီဒီယာများကို အလွန်အကျွံ အားကိုးလွန်းကြသည်ဟုပင် သမားရိုးကျမီဒီယာများကဝေဖန်ကြသည် အထိဖြစ်ခဲ့သည်။ သူတို့ မည်ကဲ့သို့ Campaign များ လုပ်သည်၊ မည်ကဲ့သို့ အသုံးချနေကြသည်၊ မည်သည့်အချက်အလက်များကို လူထုထံချပြနေကြသည် ဆိုသည်များကို တခုတ်တရပြောဆိုဆွေးနွေးနေရသည်အထိပင်။
မဲဆွယ်စည်းရုံးမှု ကာလတစ်လျှောက် Twitter တွင် ဟီလာရီ၏ ကမ်ပိန်းကို Follow ထားခဲ့ ၉ သန်းကျော်ရှိပြီး Facebook တွင်မူ ၆ သန်းကျော်ရှိလေသည်။ ထရမ့်ပ်မှာမူ လူမှုကွန်ယက်တွင် ဟီလာရီကို အပြတ်အသတ်အသာရခဲ့ပြီး Twitter တွင် Follower ၁၁ သန်းကျော်နှင့် Facebook တွင်လည်း Like ၁၁ သန်းနီးပါးရှိခဲ့သည်။ ယင်းအတွက် ၂ ဘက်စလုံးမှ ငွေကြေး ပမာဏ အမြောက်အများ အကုန်အကျခံ၍ စနစ်တကျမဟာဗျူဟာများရေးဆွဲ ပြင်ဆင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ဤသည်မှာလည်း တစ်ကမ္ဘာလုံးတွင် ရေစီးတစ်ခုဖြစ်လာနေခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံနိုင်ငံသည်လည်း အဆိုပါရေစီးထဲတွင် မျောပါခဲ့သည်မှာ ၂၀၁၆ ရွေးကောက်ပွဲကို ကြည့်လျှင် သိသာနိုင်လေသည်။ ထို့ကြောင့် ကိုယ့်ထက် နည်းပညာနှင့် ဆက်သွယ်ရေးစနစ်ပိုမိုအဆင့်မြင့်သည့် နိုင်ငံများတွင် တခုတ်တရကို အရေးစိုက်ကြိုးပမ်းနေကြသည်မှာ မဆန်းလှပေ။
မြန်မာပြည်တွင်းမှာလဲ ယခုဆိုပါက မိုဘိုင်းဆက်သွယ်ရေးစနစ်များ အထိုက်အလျောက် ပိုမိုကောင်းမွန်လာသည်။ အင်တာနက်ကိုလည်း ယခင်ကထက် ပိုမိုတွင်ကျယ်စွာ သုံးစွဲလာကြသည့်အချိန်တွင် Social Media များ၏ အခန်းကဏ္ဍကလည်း အလိုလိုရှေ့သို့ တိုးထွက်လာခဲ့သည်။ သာမန်လူများအနေဖြင့် မပြောပါနှင့်။ နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လွှတ်တော်အမတ်များပင်လျှင် ဆိုရှယ်မီဒီယာများပေါ်တွင် ပျော်မွေ့နေကြသည်ကို မြင်တွေ့နေရသည်။
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အင်တာနက်သုံးစွဲသူအရေအတွက် နည်းပါးသေးသော မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာများ၏ အခန်းကဏ္ဍသည် အတန်ငယ်နည်းပါးသည်ဟု ထင်ရသော်လည်း လက်ရှိလူဦးရေ၏ ထက်ဝက်နီးကျော်ခန့် အင်တာနက်သုံးစွဲလာကြသဖြင့် တိုင်းပြည်အနေအထားဖြင့် နှိုင်းစာလျှင်မူ နည်းသည်ဟု မဆိုသာ။
ပြီးခဲ့သည့် ၂၀၁၆ အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း တရားဝင် မဲဆွယ်စည်းရုံးရေးခရီးစဉ်များအပြင် ဆိုရှယ်မီဒီယာများမှတဆင့် စွဲဆောင်စည်းရုံးမှုများကို ထင်ရှာစွာ မြင်တွေ့ခဲ့ရပြီး လူထု၏ တက်ကြွသော တုန့်ပြန်မှုကိုလည်း မြင်ခဲ့ရသည်။ ပါတီကြီးများနှင့် နိုင်ငံရေးသမားတစ်ချို့က ကြိုတင်မရည်ရွယ်ထားသော်လည်း မဲဆွယ်စည်းရုံးမှုဆန်ဆန်လှုပ်ရှားမှုများ၊ ဆွဲဆောင်မှုများကို လူမှုကွန်ယက်ပေါ်တွင် လုပ်ဆောင်နိုင်ခဲ့ပြီး ထောက်ခံသံများ၊ ကန့်ကွက်သံများ၊ အငြင်းအခုံများဖြင့် စည်စည်ကားကားရှိခဲ့လေသည်။
ပြီးခဲ့သည့် ၂၀၁၅ မြန်မာ့ ရွေးကောက်ပွဲကာလက အခြေအနေများအရ မြန်မာပြည်တွင် နိုင်ငံရေးသမားများအနေဖြင့် ဆိုရှယ်မီဒီယာကို အသုံးချ၍ ဆွဲဆောင်စည်းရုံးမှုများမှာ အတန်သင့်ပင်များပြားလာခဲ့သည်။ NLD ပါတီဆိုလျှင်မူ ရွေးကောက်ပွဲဝင်မည့် ပါတီကိုယ်စားလှယ်လောင်းများကို ဆိုရှယ်မီဒီယာနှင့် ပြင်ပဆက်ဆံရေးများအတွက် သီးခြားသင်ကြားမှုများပင် ပြုလုပ်ပေးခဲ့သည်ဟုပင် ကြားမိလေသည်။
သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲကာလက ပါတီများ၏ ဆိုရှယ်မီဒီယာလှုပ်ရှားမှုများတွင် မဲဆွယ်စည်းရုံးရေ စကားစုများ၊ ခွန်အားဖြည့်စကားစုများ၊ ရွေးကောက်ပွဲနှင့် ကိုယ်စားလှယ်လောင်း၏ သတင်းအချက်အလက်များ၊ Landscape များ၊ Info-graphic များ မတွေ့ရှိရသေးသည်ကတော့ အမှန်ပင်။ တန်ဖိုးနည်းနည်းဖြင့် ထိရောက်မှုရှိသော မဲဆွယ်ခွင့် အခွင့်အရေးကို လက်လွတ်ခံခဲ့ကြသည်။ သို့သော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ လူမှုကွန်ယက်ကဏ္ဍသည် ယခုထက်ပိုမို ရှေ့ရောက်လာမည်မှာတော့ မြေကြီးလက်ခတ်မလွဲပင်။
ယခု အမေရိကန်ရွေးကောက်ပွဲ၌ ဆိုရှယ်မီဒီယာနိုင်ငံရေးကို နားလည်သည့် ကိုယ်စားလှယ်လောင်းများ ရှေ့ရောက်လာကြပြီး သူတို့၏ Campaign များ အလုပ်ဖြစ်မဖြစ်ကလည်း သူတို့၏ မဲအရေအတွက်အပေါ် သက်ရောက်မှုများလာသည်ဟု CIO မဂ္ဂဇင်းမှာ အကြီးတန်းစာရေးဆရာမ Lauren Brousell က သုံးသပ်ခဲ့ဖူးသည်။
အမှန်တကယ်လည်း လက်ရှိအချိန်တွင် သမ္မတသစ်ဖြစ်လာသည့် ဒေါ်နယ် ထရမ့်ပ်နှင့် ရှုံးနိမ့်ခဲ့သူ ဟီလာရီကလင်တန်တို့ စတင်ယှဉ်ပြိုင်ကြစဉ်ကတည်းက ဆိုရှယ်မီဒီယာများတွင် ရေပန်းအစားဆုံးပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသောကြောင့် Mrs.Brousell ထိုသို့ ပြောသည်ကိုလည်း အပြစ်တော့မဆိုရာ။ အမေရိကန်ပြည်ထောင်စုမှ နောက်ဆုံး ရွေးကောက်ပွဲ ၃ ခုတွင် ဆိုရှယ်မီဒီယာ ကမ်ပိန်းကောင်းကောင်း အသုံးပြု၍ စွဲဆောင်ခဲ့သူများသာ ဆက်တိုက် အောင်ပွဲခံခဲ့လေသည်။
အချုပ်ဆိုရသော် ဆိုရှယ်မီဒီယာများသည် တိုင်းပြည်တစ်ခု၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် အရာများဟူ၍ ယတိပြတ် ညွှန်းဆိုရန် ခက်ခဲလှသေးသည်။ သို့သော် တဖြေးဖြေးနှင့် ပို၍ပို၍ အရေးပါသော အခြေအနေများကိုတော့ ဖန်တီးယူလာနေကြပြီဖြစ်သည်။ တစ်ချိန်မဟုတ် တစ်ချိန်တွင်တော့ သူတို့သည်ပင် ရွေးကောက်ပွဲရလဒ်ကို အဖြေထုတ်သည့် မီဒီယာပလက်ဖောင်း ဖြစ်ကောင်းဖြစ်လာနိုင်ပေသည်။
<Zawgyi>
ႏိုဝင္ဘာလ ၈ ရက္ေန႔က အေမရိကန္ျပည္ေထာင္စုတြင္ သမၼတေရြးေကာက္ပြဲက်င္းပသည္။ သမၼတေလာင္းမ်ားျဖစ္ၾကသည့္ ဟီလာရီ ကလင္တန္ႏွင့္ ေဒၚနယ္ ထရမ့္ပ္တို႔၏ အားျပိဳင္မႈမွာ လူမႈကြန္ယက္ႏွင့္ မီဒီယာမ်ားတြင္ စိတ္ဝင္စားစရာအေကာင္းဆံုး ျဖစ္ေနခဲ့သည္။
ေရြးေကာက္ပြဲ မဲဆြယ္မႈစည္းရံုးမႈ ကာလတစ္ေလွ်ာက္ မိန္႔ခြန္းမ်ား၊ စကားစစ္ထိုးပြဲမ်ားကို ရုပ္၊ သံ မီဒီယာမ်ားမွသာမက အင္တာနက္ဝက္ဘ္ဆိုက္မ်ား အပါအဝင္
အမ်ိဳးမ်ိဳးေသာ မီဒီယာပလက္ေဖာင္းမ်ားမွ တိုက္ရိုက္ထုတ္လႊင့္ေဖာ္ျပျခင္းျဖင့္ လူထုကို ဆြဲေဆာင္စည္းရံုးမႈမ်ားကို ျမင္ေတြ႕ခဲ့ရသည္။ အေမရိကမွ ျပည္သူမ်ားသာမက ႏုိင္ငံတကာမွ လူအမ်ားတို႔ပင္လွ်င္ အဆိုပါ ေရြးေကာက္ပြဲကို ရင္ခုန္စြာျဖင့္ ေစာင့္ၾကည့္ခဲ့ရသည္။ ဤမွ်မကေသး။ Twitter၊ Facebook၊ Instagram ႏွင့္ တျခားေသာ လူမႈကြန္ယက္ဝက္ဘ္ဆိုက္မ်ားတြင္လည္း ၎တို႔ ေျပာဆိုေဆြးေႏြးခဲ့သည့္ အေၾကာင္းအရာမ်ားကို ေထာက္ခံမႈ၊ ကန္႔ကြက္မႈမ်ားႏွင့္ ေသာေသာညံခဲ့သည္။
အေမရိကန္မီဒီယာမ်ား၏ သတင္းေဖာ္ျပခ်က္မ်ားအရ ၂၀၁၆ ေရြးေကာက္ပြဲကာလတြင္ အေမရိကန္ျပည္သူမ်ားကိုယ္တုိင္ ေရြးေကာက္ပြဲႏွင့္သတ္ဆုိင္သည့္ အခ်က္အလက္မ်ားကို လူမႈကြန္ယက္မ်ား အင္တာနက္မ်ားမွ ရွာေဖြမႈမ်ား၊ ေလ့လာမႈမ်ား အဆမတန္ပိုမိုျမင့္မားလာေနေၾကာင္း ေဖာ္ျပၾကသည္။ ေနာက္ဆံုး ေရြးေကာက္ပြဲ ၂ ၾကိမ္ျဖစ္သည့္ ၂၀၀၈ ႏွင့္ ၂၀၁၂ တို႔တြင္ သမၼတအိုဘားမားတစ္ေယာက္ လူမႈကြန္ယက္ကမ္ပိန္းမ်ားကို ထိထိေရာက္ေရာက္အသံုးခ်ႏုိင္ခဲ့သည့္အတြက္ လက္ရွိ သမၼတေလာင္းလ်ာ ၂ ေယာက္မွာလည္း လူမႈကြန္ယက္မွတဆင့္ ျပည္သူမ်ားကို ဆြဲေဆာင္ရန္ အျပင္းအထန္ၾကိဳးစားခဲ့ၾကသည္ကို ျမင္ေတြ႕ခဲ့ရသည္။
လြန္ခဲ့သည့္ ၅ ႏွစ္ခန္႔ကို လွမ္းေမွ်ာ္ၾကည့္လွ်င္ ဆိုရွယ္မီဒီယာမ်ားသည္ တုိင္းျပည္တစ္ခု၏ အနာဂတ္ကို အဆံုးအျဖတ္ေပးမည့္ ေရြးေကာက္ပြဲရလဒ္မ်ားကို ၾကီးမားစြာ အက်ိဳးသက္ေရာက္ေစေလာက္သည့္ အရာမ်ားေတာ့ မဟုတ္ခဲ့ေပ။ သို႔ေသာ္လည္း လူမႈကြန္ယက္မ်ား၏ ေပါက္ကြဲအားႏွင့္ ထိေရာက္မႈႏႈန္းထားမွာ ေၾကာက္ခမန္းလိလိ တိုးတက္လာေနေသာေၾကာင့္ ယေန႔ေခတ္တြင္ ႏုိင္ငံေရးပါတီမ်ားႏွင့္ ႏိုင္ငံေရးသမားမ်ား၏ စည္းရံုးေရး လွဳပ္ရွားမႈမ်ား၌ ဆိုရွယ္မီဒီယာမ်ားသည္ သိသာထင္ရွားသည့္ အခန္းက႑မွ ပါဝင္ေနၿပီျဖစ္သည္။
ဥပမာအေနျဖင့္ ယခုလာမည့္ ၂၀၁၆ အေမရိကန္ ေရြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းအသီးသီးက မဲဆြယ္စည္းရံုးၾကရာတြင္ ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ ဆိုရွယ္မီဒီယာမ်ားကို အလြန္အကၽြံ အားကိုးလြန္းၾကသည္ဟုပင္ သမားရိုးက်မီဒီယာမ်ားကေဝဖန္ၾကသည္ အထိျဖစ္ခဲ့သည္။ သူတို႔ မည္ကဲ့သို႔ Campaign မ်ား လုပ္သည္၊ မည္ကဲ့သို႔ အသံုးခ်ေနၾကသည္၊ မည္သည့္အခ်က္အလက္မ်ားကို လူထုထံခ်ျပေနၾကသည္ ဆိုသည္မ်ားကို တခုတ္တရေျပာဆိုေဆြးေႏြးေနရသည္အထိပင္။
မဲဆြယ္စည္းရံုးမႈ ကာလတစ္ေလွ်ာက္ Twitter တြင္ ဟီလာရီ၏ ကမ္ပိန္းကို Follow ထားခဲ့ ၉ သန္းေက်ာ္ရွိျပီး Facebook တြင္မူ ၆ သန္းေက်ာ္ရွိေလသည္။ ထရမ့္ပ္မွာမူ လူမႈကြန္ယက္တြင္ ဟီလာရီကို အျပတ္အသတ္အသာရခဲ့ျပီး Twitter တြင္ Follower ၁၁ သန္းေက်ာ္ႏွင့္ Facebook တြင္လည္း Like ၁၁ သန္းနီးပါးရွိခဲ့သည္။ ယင္းအတြက္ ၂ ဘက္စလံုးမွ ေငြေၾကး ပမာဏ အေျမာက္အမ်ား အကုန္အက်ခံ၍ စနစ္တက်မဟာဗ်ဴဟာမ်ားေရးဆြဲ ျပင္ဆင္ေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္သည္။
ဤသည္မွာလည္း တစ္ကမၻာလံုးတြင္ ေရစီးတစ္ခုျဖစ္လာေနျခင္းေၾကာင့္ျဖစ္သည္။ ျမန္မာႏုိင္ငံႏို္င္ငံသည္လည္း အဆိုပါေရစီးထဲတြင္ ေမ်ာပါခဲ့သည္မွာ ၂၀၁၆ ေရြးေကာက္ပြဲကို ၾကည့္လွ်င္ သိသာႏုိင္ေလသည္။ ထို႔ေၾကာင့္ ကိုယ့္ထက္ နည္းပညာႏွင့္ ဆက္သြယ္ေရးစနစ္ပိုမိုအဆင့္ျမင့္သည့္ ႏုိင္ငံမ်ားတြင္ တခုတ္တရကို အေရးစိုက္ၾကိဳးပမ္းေနၾကသည္မွာ မဆန္းလွေပ။
ျမန္မာျပည္တြင္းမွာလဲ ယခုဆိုပါက မိုဘုိင္းဆက္သြယ္ေရးစနစ္မ်ား အထိုက္အေလ်ာက္ ပိုမိုေကာင္းမြန္လာသည္။ အင္တာနက္ကိုလည္း ယခင္ကထက္ ပိုမိုတြင္က်ယ္စြာ သံုးစြဲလာၾကသည့္အခ်ိန္တြင္ Social Media မ်ား၏ အခန္းက႑ကလည္း အလိုလိုေရွ႕သို႔ တိုးထြက္လာခဲ့သည္။ သာမန္လူမ်ားအေနျဖင့္ မေျပာပါႏွင့္။ ႏိုင္ငံေခါင္းေဆာင္မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ ထိပ္တန္း စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ လႊတ္ေတာ္အမတ္မ်ားပင္လွ်င္ ဆိုရွယ္မီဒီယာမ်ားေပၚတြင္ ေပ်ာ္ေမြ႕ေနၾကသည္ကို ျမင္ေတြ႕ေနရသည္။
အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ႏွိဳင္းယွဥ္ပါက အင္တာနက္သံုးစြဲသူအေရအတြက္ နည္းပါးေသးေသာ ျမန္မာႏို္င္ငံတြင္ ဆိုရွယ္မီဒီယာမ်ား၏ အခန္းက႑သည္ အတန္ငယ္နည္းပါးသည္ဟု ထင္ရေသာ္လည္း လက္ရွိလူဦးေရ၏ ထက္ဝက္နီးေက်ာ္ခန္႔ အင္တာနက္သံုးစြဲလာၾကသျဖင့္ တိုင္းျပည္အေနအထားျဖင့္ ႏွိဳင္းစာလွ်င္မူ နည္းသည္ဟု မဆုိသာ။
ျပီးခဲ့သည့္ ၂၀၁၆ အေထြေထြေရြးေကာက္ပြဲႀကီးတြင္လည္း တရားဝင္ မဲဆြယ္စည္းရံုးေရးခရီးစဥ္မ်ားအျပင္ ဆိုရွယ္မီဒီယာမ်ားမွတဆင့္ စြဲေဆာင္စည္းရံုးမႈမ်ားကို ထင္ရွာစြာ ျမင္ေတြ႕ခဲ့ရျပီး လူထု၏ တက္ၾကြေသာ တုန္႔ျပန္မႈကိုလည္း ျမင္ခဲ့ရသည္။ ပါတီၾကီးမ်ားႏွင့္ ႏိုင္ငံေရးသမားတစ္ခ်ိဳ႕က ၾကိဳတင္မရည္ရြယ္ထားေသာ္လည္း မဲဆြယ္စည္းရံုးမႈဆန္ဆန္လႈပ္ရွားမႈမ်ား၊ ဆြဲေဆာင္မႈမ်ားကို လူမႈကြန္ယက္ေပၚတြင္ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ေထာက္ခံသံမ်ား၊ ကန္႔ကြက္သံမ်ား၊ အျငင္းအခံုမ်ားျဖင့္ စည္စည္ကားကားရွိခဲ့ေလသည္။
ျပီးခဲ့သည့္ ၂၀၁၅ ျမန္မာ့ ေရြးေကာက္ပဲြကာလက အေျခအေနမ်ားအရ ျမန္မာျပည္တြင္ ႏိုင္ငံေရးသမားမ်ားအေနျဖင့္ ဆိုရွယ္မီဒီယာကို အသံုးခ်၍ ဆြဲေဆာင္စည္းရံုးမႈမ်ားမွာ အတန္သင့္ပင္မ်ားျပားလာခဲ့သည္။ NLD ပါတီဆုိလွ်င္မူ ေရြးေကာက္ပြဲဝင္မည့္ ပါတီကိုယ္စားလွယ္ေလာင္းမ်ားကို ဆိုရွယ္မီဒီယာႏွင့္ ျပင္ပဆက္ဆံေရးမ်ားအတြက္ သီးျခားသင္ၾကားမႈမ်ားပင္ ျပဳလုပ္ေပးခဲ့သည္ဟုပင္ ၾကားမိေလသည္။
သို႔ေသာ္လည္း ၂၀၁၅ ေရြးေကာက္ပြဲကာလက ပါတီမ်ား၏ ဆုိရွယ္မီဒီယာလႈပ္ရွားမႈမ်ားတြင္ မဲဆြယ္စည္းရံုးေရ စကားစုမ်ား၊ ခြန္အားျဖည့္စကားစုမ်ား၊ ေရြးေကာက္ပြဲႏွင့္ ကိုယ္စားလွယ္ေလာင္း၏ သတင္းအခ်က္အလက္မ်ား၊ Landscape မ်ား၊ Info-graphic မ်ား မေတြ႕ရွိရေသးသည္ကေတာ့ အမွန္ပင္။ တန္ဖိုးနည္းနည္းျဖင့္ ထိေရာက္မႈရွိေသာ မဲဆြယ္ခြင့္ အခြင့္အေရးကို လက္လြတ္ခံခဲ့ၾကသည္။ သို႔ေသာ္လည္း လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္မူ လူမႈကြန္ယက္က႑သည္ ယခုထက္ပိုမို ေရွ႕ေရာက္လာမည္မွာေတာ့ ေျမၾကီးလက္ခတ္မလြဲပင္။
ယခု အေမရိကန္ေရြးေကာက္ပြဲ၌ ဆိုရွယ္မီဒီယာႏုိင္ငံေရးကို နားလည္သည့္ ကိုယ္စားလွယ္ေလာင္းမ်ား ေရွ႕ေရာက္လာၾကၿပီး သူတို႔၏ Campaign မ်ား အလုပ္ျဖစ္မျဖစ္ကလည္း သူတို႔၏ မဲအေရအတြက္အေပၚ သက္ေရာက္မႈမ်ားလာသည္ဟု CIO မဂၢဇင္းမွာ အၾကီးတန္းစာေရးဆရာမ Lauren Brousell က သံုးသပ္ခဲ့ဖူးသည္။
အမွန္တကယ္လည္း လက္ရွိအခ်ိန္တြင္ သမၼတသစ္ျဖစ္လာသည့္ ေဒၚနယ္ ထရမ့္ပ္ႏွင့္ ရွံဳးနိမ့္ခဲ့သူ ဟီလာရီကလင္တန္တို႔ စတင္ယွဥ္ျပိဳင္ၾကစဥ္ကတည္းက ဆိုရွယ္မီဒီယာမ်ားတြင္ ေရပန္းအစားဆံုးပုဂၢိဳလ္မ်ား ျဖစ္ခဲ့ၾကေသာေၾကာင့္ Mrs.Brousell ထိုသုိ႔ ေျပာသည္ကိုလည္း အျပစ္ေတာ့မဆိုရာ။ အေမရိကန္ျပည္ေထာင္စုမွ ေနာက္ဆံုး ေရြးေကာက္ပြဲ ၃ ခုတြင္ ဆုိရွယ္မီဒီယာ ကမ္ပိန္းေကာင္းေကာင္း အသံုးျပဳ၍ စြဲေဆာင္ခဲ့သူမ်ားသာ ဆက္တိုက္ ေအာင္ပြဲခံခဲ့ေလသည္။
အခ်ဳပ္ဆိုရေသာ္ ဆိုရွယ္မီဒီယာမ်ားသည္ တုိင္းျပည္တစ္ခု၏ အနာဂတ္ကို အဆံုးအျဖတ္ေပးမည့္ အရာမ်ားဟူ၍ ယတိျပတ္ ညႊန္းဆုိရန္ ခက္ခဲလွေသးသည္။ သို႔ေသာ္ တေျဖးေျဖးႏွင့္ ပို၍ပို၍ အေရးပါေသာ အေျခအေနမ်ားကိုေတာ့ ဖန္တီးယူလာေနၾကၿပီျဖစ္သည္။ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္တြင္ေတာ့ သူတို႔သည္ပင္ ေရြးေကာက္ပြဲရလဒ္ကို အေျဖထုတ္သည့္ မီဒီယာပလက္ေဖာင္း ျဖစ္ေကာင္းျဖစ္လာႏုိင္ေပသည္။
The Voice Daily (14-Nov)