ရွှေးကောက်ပွဲနှင့် Social Media အခန်းကဏ္ဍ ~ ေရႊးေကာက္ပဲြႏွင္႔ Social Media အခန္းက႑
Posted by Admin in အေထြေထြ ဗဟုသုတ
နိုဝင်ဘာလ ၈ ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင် သမ္မတရွေးကောက်ပွဲကျင်းပသည်။ သမ္မတလောင်းများဖြစ်ကြသည့် ဟီလာရီ ကလင်တန်နှင့် ဒေါ်နယ် ထရမ့်ပ်တို့၏ အားပြိုင်မှုမှာ လူမှုကွန်ယက်နှင့် မီဒီယာများတွင် စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်နေခဲ့သည်။
ရွေးကောက်ပွဲ မဲဆွယ်မှုစည်းရုံးမှု ကာလတစ်လျှောက် မိန့်ခွန်းများ၊ စကားစစ်ထိုးပွဲများကို ရုပ်၊ သံ မီဒီယာများမှသာမက အင်တာနက်ဝက်ဘ်ဆိုက်များ အပါအဝင်
အမျိုးမျိုးသော မီဒီယာပလက်ဖောင်းများမှ တိုက်ရိုက်ထုတ်လွှင့်ဖော်ပြခြင်းဖြင့် လူထုကို ဆွဲဆောင်စည်းရုံးမှုများကို မြင်တွေ့ခဲ့ရသည်။ အမေရိကမှ ပြည်သူများသာမက နိုင်ငံတကာမှ လူအများတို့ပင်လျှင် အဆိုပါ ရွေးကောက်ပွဲကို ရင်ခုန်စွာဖြင့် စောင့်ကြည့်ခဲ့ရသည်။ ဤမျှမကသေး။ Twitter၊ Facebook၊ Instagram နှင့် တခြားသော လူမှုကွန်ယက်ဝက်ဘ်ဆိုက်များတွင်လည်း ၎င်းတို့ ပြောဆိုဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ထောက်ခံမှု၊ ကန့်ကွက်မှုများနှင့် သောသောညံခဲ့သည်။
အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်များအရ ၂၀၁၆ ရွေးကောက်ပွဲကာလတွင် အမေရိကန်ပြည်သူများကိုယ်တိုင် ရွေးကောက်ပွဲနှင့်သတ်ဆိုင်သည့် အချက်အလက်များကို လူမှုကွန်ယက်များ အင်တာနက်များမှ ရှာဖွေမှုများ၊ လေ့လာမှုများ အဆမတန်ပိုမိုမြင့်မားလာနေကြောင်း ဖော်ပြကြသည်။ နောက်ဆုံး ရွေးကောက်ပွဲ ၂ ကြိမ်ဖြစ်သည့် ၂၀၀၈ နှင့် ၂၀၁၂ တို့တွင် သမ္မတအိုဘားမားတစ်ယောက် လူမှုကွန်ယက်ကမ်ပိန်းများကို ထိထိရောက်ရောက်အသုံးချနိုင်ခဲ့သည့်အတွက် လက်ရှိ သမ္မတလောင်းလျာ ၂ ယောက်မှာလည်း လူမှုကွန်ယက်မှတဆင့် ပြည်သူများကို ဆွဲဆောင်ရန် အပြင်းအထန်ကြိုးစားခဲ့ကြသည်ကို မြင်တွေ့ခဲ့ရသည်။
လွန်ခဲ့သည့် ၅ နှစ်ခန့်ကို လှမ်းမျှော်ကြည့်လျှင် ဆိုရှယ်မီဒီယာများသည် တိုင်းပြည်တစ်ခု၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲရလဒ်များကို ကြီးမားစွာ အကျိုးသက်ရောက်စေလောက်သည့် အရာများတော့ မဟုတ်ခဲ့ပေ။ သို့သော်လည်း လူမှုကွန်ယက်များ၏ ပေါက်ကွဲအားနှင့် ထိရောက်မှုနှုန်းထားမှာ ကြောက်ခမန်းလိလိ တိုးတက်လာနေသောကြောင့် ယနေ့ခေတ်တွင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများ၏ စည်းရုံးရေး လှုပ်ရှားမှုများ၌ ဆိုရှယ်မီဒီယာများသည် သိသာထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီဖြစ်သည်။
ဥပမာအနေဖြင့် ယခုလာမည့် ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအသီးသီးက မဲဆွယ်စည်းရုံးကြရာတွင် ကိုယ်စားလှယ်လောင်းများအနေဖြင့် ဆိုရှယ်မီဒီယာများကို အလွန်အကျွံ အားကိုးလွန်းကြသည်ဟုပင် သမားရိုးကျမီဒီယာများကဝေဖန်ကြသည် အထိဖြစ်ခဲ့သည်။ သူတို့ မည်ကဲ့သို့ Campaign များ လုပ်သည်၊ မည်ကဲ့သို့ အသုံးချနေကြသည်၊ မည်သည့်အချက်အလက်များကို လူထုထံချပြနေကြသည် ဆိုသည်များကို တခုတ်တရပြောဆိုဆွေးနွေးနေရသည်အထိပင်။
မဲဆွယ်စည်းရုံးမှု ကာလတစ်လျှောက် Twitter တွင် ဟီလာရီ၏ ကမ်ပိန်းကို Follow ထားခဲ့ ၉ သန်းကျော်ရှိပြီး Facebook တွင်မူ ၆ သန်းကျော်ရှိလေသည်။ ထရမ့်ပ်မှာမူ လူမှုကွန်ယက်တွင် ဟီလာရီကို အပြတ်အသတ်အသာရခဲ့ပြီး Twitter တွင် Follower ၁၁ သန်းကျော်နှင့် Facebook တွင်လည်း Like ၁၁ သန်းနီးပါးရှိခဲ့သည်။ ယင်းအတွက် ၂ ဘက်စလုံးမှ ငွေကြေး ပမာဏ အမြောက်အများ အကုန်အကျခံ၍ စနစ်တကျမဟာဗျူဟာများရေးဆွဲ ပြင်ဆင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ဤသည်မှာလည်း တစ်ကမ္ဘာလုံးတွင် ရေစီးတစ်ခုဖြစ်လာနေခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံနိုင်ငံသည်လည်း အဆိုပါရေစီးထဲတွင် မျောပါခဲ့သည်မှာ ၂၀၁၆ ရွေးကောက်ပွဲကို ကြည့်လျှင် သိသာနိုင်လေသည်။ ထို့ကြောင့် ကိုယ့်ထက် နည်းပညာနှင့် ဆက်သွယ်ရေးစနစ်ပိုမိုအဆင့်မြင့်သည့် နိုင်ငံများတွင် တခုတ်တရကို အရေးစိုက်ကြိုးပမ်းနေကြသည်မှာ မဆန်းလှပေ။
မြန်မာပြည်တွင်းမှာလဲ ယခုဆိုပါက မိုဘိုင်းဆက်သွယ်ရေးစနစ်များ အထိုက်အလျောက် ပိုမိုကောင်းမွန်လာသည်။ အင်တာနက်ကိုလည်း ယခင်ကထက် ပိုမိုတွင်ကျယ်စွာ သုံးစွဲလာကြသည့်အချိန်တွင် Social Media များ၏ အခန်းကဏ္ဍကလည်း အလိုလိုရှေ့သို့ တိုးထွက်လာခဲ့သည်။ သာမန်လူများအနေဖြင့် မပြောပါနှင့်။ နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လွှတ်တော်အမတ်များပင်လျှင် ဆိုရှယ်မီဒီယာများပေါ်တွင် ပျော်မွေ့နေကြသည်ကို မြင်တွေ့နေရသည်။
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အင်တာနက်သုံးစွဲသူအရေအတွက် နည်းပါးသေးသော မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာများ၏ အခန်းကဏ္ဍသည် အတန်ငယ်နည်းပါးသည်ဟု ထင်ရသော်လည်း လက်ရှိလူဦးရေ၏ ထက်ဝက်နီးကျော်ခန့် အင်တာနက်သုံးစွဲလာကြသဖြင့် တိုင်းပြည်အနေအထားဖြင့် နှိုင်းစာလျှင်မူ နည်းသည်ဟု မဆိုသာ။
ပြီးခဲ့သည့် ၂၀၁၆ အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း တရားဝင် မဲဆွယ်စည်းရုံးရေးခရီးစဉ်များအပြင် ဆိုရှယ်မီဒီယာများမှတဆင့် စွဲဆောင်စည်းရုံးမှုများကို ထင်ရှာစွာ မြင်တွေ့ခဲ့ရပြီး လူထု၏ တက်ကြွသော တုန့်ပြန်မှုကိုလည်း မြင်ခဲ့ရသည်။ ပါတီကြီးများနှင့် နိုင်ငံရေးသမားတစ်ချို့က ကြိုတင်မရည်ရွယ်ထားသော်လည်း မဲဆွယ်စည်းရုံးမှုဆန်ဆန်လှုပ်ရှားမှုများ၊ ဆွဲဆောင်မှုများကို လူမှုကွန်ယက်ပေါ်တွင် လုပ်ဆောင်နိုင်ခဲ့ပြီး ထောက်ခံသံများ၊ ကန့်ကွက်သံများ၊ အငြင်းအခုံများဖြင့် စည်စည်ကားကားရှိခဲ့လေသည်။
ပြီးခဲ့သည့် ၂၀၁၅ မြန်မာ့ ရွေးကောက်ပွဲကာလက အခြေအနေများအရ မြန်မာပြည်တွင် နိုင်ငံရေးသမားများအနေဖြင့် ဆိုရှယ်မီဒီယာကို အသုံးချ၍ ဆွဲဆောင်စည်းရုံးမှုများမှာ အတန်သင့်ပင်များပြားလာခဲ့သည်။ NLD ပါတီဆိုလျှင်မူ ရွေးကောက်ပွဲဝင်မည့် ပါတီကိုယ်စားလှယ်လောင်းများကို ဆိုရှယ်မီဒီယာနှင့် ပြင်ပဆက်ဆံရေးများအတွက် သီးခြားသင်ကြားမှုများပင် ပြုလုပ်ပေးခဲ့သည်ဟုပင် ကြားမိလေသည်။
သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲကာလက ပါတီများ၏ ဆိုရှယ်မီဒီယာလှုပ်ရှားမှုများတွင် မဲဆွယ်စည်းရုံးရေ စကားစုများ၊ ခွန်အားဖြည့်စကားစုများ၊ ရွေးကောက်ပွဲနှင့် ကိုယ်စားလှယ်လောင်း၏ သတင်းအချက်အလက်များ၊ Landscape များ၊ Info-graphic များ မတွေ့ရှိရသေးသည်ကတော့ အမှန်ပင်။ တန်ဖိုးနည်းနည်းဖြင့် ထိရောက်မှုရှိသော မဲဆွယ်ခွင့် အခွင့်အရေးကို လက်လွတ်ခံခဲ့ကြသည်။ သို့သော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ လူမှုကွန်ယက်ကဏ္ဍသည် ယခုထက်ပိုမို ရှေ့ရောက်လာမည်မှာတော့ မြေကြီးလက်ခတ်မလွဲပင်။
ယခု အမေရိကန်ရွေးကောက်ပွဲ၌ ဆိုရှယ်မီဒီယာနိုင်ငံရေးကို နားလည်သည့် ကိုယ်စားလှယ်လောင်းများ ရှေ့ရောက်လာကြပြီး သူတို့၏ Campaign များ အလုပ်ဖြစ်မဖြစ်ကလည်း သူတို့၏ မဲအရေအတွက်အပေါ် သက်ရောက်မှုများလာသည်ဟု CIO မဂ္ဂဇင်းမှာ အကြီးတန်းစာရေးဆရာမ Lauren Brousell က သုံးသပ်ခဲ့ဖူးသည်။
အမှန်တကယ်လည်း လက်ရှိအချိန်တွင် သမ္မတသစ်ဖြစ်လာသည့် ဒေါ်နယ် ထရမ့်ပ်နှင့် ရှုံးနိမ့်ခဲ့သူ ဟီလာရီကလင်တန်တို့ စတင်ယှဉ်ပြိုင်ကြစဉ်ကတည်းက ဆိုရှယ်မီဒီယာများတွင် ရေပန်းအစားဆုံးပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသောကြောင့် Mrs.Brousell ထိုသို့ ပြောသည်ကိုလည်း အပြစ်တော့မဆိုရာ။ အမေရိကန်ပြည်ထောင်စုမှ နောက်ဆုံး ရွေးကောက်ပွဲ ၃ ခုတွင် ဆိုရှယ်မီဒီယာ ကမ်ပိန်းကောင်းကောင်း အသုံးပြု၍ စွဲဆောင်ခဲ့သူများသာ ဆက်တိုက် အောင်ပွဲခံခဲ့လေသည်။
အချုပ်ဆိုရသော် ဆိုရှယ်မီဒီယာများသည် တိုင်းပြည်တစ်ခု၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် အရာများဟူ၍ ယတိပြတ် ညွှန်းဆိုရန် ခက်ခဲလှသေးသည်။ သို့သော် တဖြေးဖြေးနှင့် ပို၍ပို၍ အရေးပါသော အခြေအနေများကိုတော့ ဖန်တီးယူလာနေကြပြီဖြစ်သည်။ တစ်ချိန်မဟုတ် တစ်ချိန်တွင်တော့ သူတို့သည်ပင် ရွေးကောက်ပွဲရလဒ်ကို အဖြေထုတ်သည့် မီဒီယာပလက်ဖောင်း ဖြစ်ကောင်းဖြစ်လာနိုင်ပေသည်။
<Zawgyi>
ႏိုဝင္ဘာလ ၈ ရက္ေန႔က အေမရိကန္ျပည္ေထာင္စုတြင္ သမၼတေရြးေကာက္ပြဲက်င္းပသည္။ သမၼတေလာင္းမ်ားျဖစ္ၾကသည့္ ဟီလာရီ ကလင္တန္ႏွင့္ ေဒၚနယ္ ထရမ့္ပ္တို႔၏ အားျပိဳင္မႈမွာ လူမႈကြန္ယက္ႏွင့္ မီဒီယာမ်ားတြင္ စိတ္ဝင္စားစရာအေကာင္းဆံုး ျဖစ္ေနခဲ့သည္။
ေရြးေကာက္ပြဲ မဲဆြယ္မႈစည္းရံုးမႈ ကာလတစ္ေလွ်ာက္ မိန္႔ခြန္းမ်ား၊ စကားစစ္ထိုးပြဲမ်ားကို ရုပ္၊ သံ မီဒီယာမ်ားမွသာမက အင္တာနက္ဝက္ဘ္ဆိုက္မ်ား အပါအဝင္
အမ်ိဳးမ်ိဳးေသာ မီဒီယာပလက္ေဖာင္းမ်ားမွ တိုက္ရိုက္ထုတ္လႊင့္ေဖာ္ျပျခင္းျဖင့္ လူထုကို ဆြဲေဆာင္စည္းရံုးမႈမ်ားကို ျမင္ေတြ႕ခဲ့ရသည္။ အေမရိကမွ ျပည္သူမ်ားသာမက ႏုိင္ငံတကာမွ လူအမ်ားတို႔ပင္လွ်င္ အဆိုပါ ေရြးေကာက္ပြဲကို ရင္ခုန္စြာျဖင့္ ေစာင့္ၾကည့္ခဲ့ရသည္။ ဤမွ်မကေသး။ Twitter၊ Facebook၊ Instagram ႏွင့္ တျခားေသာ လူမႈကြန္ယက္ဝက္ဘ္ဆိုက္မ်ားတြင္လည္း ၎တို႔ ေျပာဆိုေဆြးေႏြးခဲ့သည့္ အေၾကာင္းအရာမ်ားကို ေထာက္ခံမႈ၊ ကန္႔ကြက္မႈမ်ားႏွင့္ ေသာေသာညံခဲ့သည္။
အေမရိကန္မီဒီယာမ်ား၏ သတင္းေဖာ္ျပခ်က္မ်ားအရ ၂၀၁၆ ေရြးေကာက္ပြဲကာလတြင္ အေမရိကန္ျပည္သူမ်ားကိုယ္တုိင္ ေရြးေကာက္ပြဲႏွင့္သတ္ဆုိင္သည့္ အခ်က္အလက္မ်ားကို လူမႈကြန္ယက္မ်ား အင္တာနက္မ်ားမွ ရွာေဖြမႈမ်ား၊ ေလ့လာမႈမ်ား အဆမတန္ပိုမိုျမင့္မားလာေနေၾကာင္း ေဖာ္ျပၾကသည္။ ေနာက္ဆံုး ေရြးေကာက္ပြဲ ၂ ၾကိမ္ျဖစ္သည့္ ၂၀၀၈ ႏွင့္ ၂၀၁၂ တို႔တြင္ သမၼတအိုဘားမားတစ္ေယာက္ လူမႈကြန္ယက္ကမ္ပိန္းမ်ားကို ထိထိေရာက္ေရာက္အသံုးခ်ႏုိင္ခဲ့သည့္အတြက္ လက္ရွိ သမၼတေလာင္းလ်ာ ၂ ေယာက္မွာလည္း လူမႈကြန္ယက္မွတဆင့္ ျပည္သူမ်ားကို ဆြဲေဆာင္ရန္ အျပင္းအထန္ၾကိဳးစားခဲ့ၾကသည္ကို ျမင္ေတြ႕ခဲ့ရသည္။
လြန္ခဲ့သည့္ ၅ ႏွစ္ခန္႔ကို လွမ္းေမွ်ာ္ၾကည့္လွ်င္ ဆိုရွယ္မီဒီယာမ်ားသည္ တုိင္းျပည္တစ္ခု၏ အနာဂတ္ကို အဆံုးအျဖတ္ေပးမည့္ ေရြးေကာက္ပြဲရလဒ္မ်ားကို ၾကီးမားစြာ အက်ိဳးသက္ေရာက္ေစေလာက္သည့္ အရာမ်ားေတာ့ မဟုတ္ခဲ့ေပ။ သို႔ေသာ္လည္း လူမႈကြန္ယက္မ်ား၏ ေပါက္ကြဲအားႏွင့္ ထိေရာက္မႈႏႈန္းထားမွာ ေၾကာက္ခမန္းလိလိ တိုးတက္လာေနေသာေၾကာင့္ ယေန႔ေခတ္တြင္ ႏုိင္ငံေရးပါတီမ်ားႏွင့္ ႏိုင္ငံေရးသမားမ်ား၏ စည္းရံုးေရး လွဳပ္ရွားမႈမ်ား၌ ဆိုရွယ္မီဒီယာမ်ားသည္ သိသာထင္ရွားသည့္ အခန္းက႑မွ ပါဝင္ေနၿပီျဖစ္သည္။
ဥပမာအေနျဖင့္ ယခုလာမည့္ ၂၀၁၆ အေမရိကန္ ေရြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းအသီးသီးက မဲဆြယ္စည္းရံုးၾကရာတြင္ ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ ဆိုရွယ္မီဒီယာမ်ားကို အလြန္အကၽြံ အားကိုးလြန္းၾကသည္ဟုပင္ သမားရိုးက်မီဒီယာမ်ားကေဝဖန္ၾကသည္ အထိျဖစ္ခဲ့သည္။ သူတို႔ မည္ကဲ့သို႔ Campaign မ်ား လုပ္သည္၊ မည္ကဲ့သို႔ အသံုးခ်ေနၾကသည္၊ မည္သည့္အခ်က္အလက္မ်ားကို လူထုထံခ်ျပေနၾကသည္ ဆိုသည္မ်ားကို တခုတ္တရေျပာဆိုေဆြးေႏြးေနရသည္အထိပင္။
မဲဆြယ္စည္းရံုးမႈ ကာလတစ္ေလွ်ာက္ Twitter တြင္ ဟီလာရီ၏ ကမ္ပိန္းကို Follow ထားခဲ့ ၉ သန္းေက်ာ္ရွိျပီး Facebook တြင္မူ ၆ သန္းေက်ာ္ရွိေလသည္။ ထရမ့္ပ္မွာမူ လူမႈကြန္ယက္တြင္ ဟီလာရီကို အျပတ္အသတ္အသာရခဲ့ျပီး Twitter တြင္ Follower ၁၁ သန္းေက်ာ္ႏွင့္ Facebook တြင္လည္း Like ၁၁ သန္းနီးပါးရွိခဲ့သည္။ ယင္းအတြက္ ၂ ဘက္စလံုးမွ ေငြေၾကး ပမာဏ အေျမာက္အမ်ား အကုန္အက်ခံ၍ စနစ္တက်မဟာဗ်ဴဟာမ်ားေရးဆြဲ ျပင္ဆင္ေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္သည္။
ဤသည္မွာလည္း တစ္ကမၻာလံုးတြင္ ေရစီးတစ္ခုျဖစ္လာေနျခင္းေၾကာင့္ျဖစ္သည္။ ျမန္မာႏုိင္ငံႏို္င္ငံသည္လည္း အဆိုပါေရစီးထဲတြင္ ေမ်ာပါခဲ့သည္မွာ ၂၀၁၆ ေရြးေကာက္ပြဲကို ၾကည့္လွ်င္ သိသာႏုိင္ေလသည္။ ထို႔ေၾကာင့္ ကိုယ့္ထက္ နည္းပညာႏွင့္ ဆက္သြယ္ေရးစနစ္ပိုမိုအဆင့္ျမင့္သည့္ ႏုိင္ငံမ်ားတြင္ တခုတ္တရကို အေရးစိုက္ၾကိဳးပမ္းေနၾကသည္မွာ မဆန္းလွေပ။
ျမန္မာျပည္တြင္းမွာလဲ ယခုဆိုပါက မိုဘုိင္းဆက္သြယ္ေရးစနစ္မ်ား အထိုက္အေလ်ာက္ ပိုမိုေကာင္းမြန္လာသည္။ အင္တာနက္ကိုလည္း ယခင္ကထက္ ပိုမိုတြင္က်ယ္စြာ သံုးစြဲလာၾကသည့္အခ်ိန္တြင္ Social Media မ်ား၏ အခန္းက႑ကလည္း အလိုလိုေရွ႕သို႔ တိုးထြက္လာခဲ့သည္။ သာမန္လူမ်ားအေနျဖင့္ မေျပာပါႏွင့္။ ႏိုင္ငံေခါင္းေဆာင္မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ ထိပ္တန္း စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ လႊတ္ေတာ္အမတ္မ်ားပင္လွ်င္ ဆိုရွယ္မီဒီယာမ်ားေပၚတြင္ ေပ်ာ္ေမြ႕ေနၾကသည္ကို ျမင္ေတြ႕ေနရသည္။
အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ႏွိဳင္းယွဥ္ပါက အင္တာနက္သံုးစြဲသူအေရအတြက္ နည္းပါးေသးေသာ ျမန္မာႏို္င္ငံတြင္ ဆိုရွယ္မီဒီယာမ်ား၏ အခန္းက႑သည္ အတန္ငယ္နည္းပါးသည္ဟု ထင္ရေသာ္လည္း လက္ရွိလူဦးေရ၏ ထက္ဝက္နီးေက်ာ္ခန္႔ အင္တာနက္သံုးစြဲလာၾကသျဖင့္ တိုင္းျပည္အေနအထားျဖင့္ ႏွိဳင္းစာလွ်င္မူ နည္းသည္ဟု မဆုိသာ။
ျပီးခဲ့သည့္ ၂၀၁၆ အေထြေထြေရြးေကာက္ပြဲႀကီးတြင္လည္း တရားဝင္ မဲဆြယ္စည္းရံုးေရးခရီးစဥ္မ်ားအျပင္ ဆိုရွယ္မီဒီယာမ်ားမွတဆင့္ စြဲေဆာင္စည္းရံုးမႈမ်ားကို ထင္ရွာစြာ ျမင္ေတြ႕ခဲ့ရျပီး လူထု၏ တက္ၾကြေသာ တုန္႔ျပန္မႈကိုလည္း ျမင္ခဲ့ရသည္။ ပါတီၾကီးမ်ားႏွင့္ ႏိုင္ငံေရးသမားတစ္ခ်ိဳ႕က ၾကိဳတင္မရည္ရြယ္ထားေသာ္လည္း မဲဆြယ္စည္းရံုးမႈဆန္ဆန္လႈပ္ရွားမႈမ်ား၊ ဆြဲေဆာင္မႈမ်ားကို လူမႈကြန္ယက္ေပၚတြင္ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ေထာက္ခံသံမ်ား၊ ကန္႔ကြက္သံမ်ား၊ အျငင္းအခံုမ်ားျဖင့္ စည္စည္ကားကားရွိခဲ့ေလသည္။
ျပီးခဲ့သည့္ ၂၀၁၅ ျမန္မာ့ ေရြးေကာက္ပဲြကာလက အေျခအေနမ်ားအရ ျမန္မာျပည္တြင္ ႏိုင္ငံေရးသမားမ်ားအေနျဖင့္ ဆိုရွယ္မီဒီယာကို အသံုးခ်၍ ဆြဲေဆာင္စည္းရံုးမႈမ်ားမွာ အတန္သင့္ပင္မ်ားျပားလာခဲ့သည္။ NLD ပါတီဆုိလွ်င္မူ ေရြးေကာက္ပြဲဝင္မည့္ ပါတီကိုယ္စားလွယ္ေလာင္းမ်ားကို ဆိုရွယ္မီဒီယာႏွင့္ ျပင္ပဆက္ဆံေရးမ်ားအတြက္ သီးျခားသင္ၾကားမႈမ်ားပင္ ျပဳလုပ္ေပးခဲ့သည္ဟုပင္ ၾကားမိေလသည္။
သို႔ေသာ္လည္း ၂၀၁၅ ေရြးေကာက္ပြဲကာလက ပါတီမ်ား၏ ဆုိရွယ္မီဒီယာလႈပ္ရွားမႈမ်ားတြင္ မဲဆြယ္စည္းရံုးေရ စကားစုမ်ား၊ ခြန္အားျဖည့္စကားစုမ်ား၊ ေရြးေကာက္ပြဲႏွင့္ ကိုယ္စားလွယ္ေလာင္း၏ သတင္းအခ်က္အလက္မ်ား၊ Landscape မ်ား၊ Info-graphic မ်ား မေတြ႕ရွိရေသးသည္ကေတာ့ အမွန္ပင္။ တန္ဖိုးနည္းနည္းျဖင့္ ထိေရာက္မႈရွိေသာ မဲဆြယ္ခြင့္ အခြင့္အေရးကို လက္လြတ္ခံခဲ့ၾကသည္။ သို႔ေသာ္လည္း လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္မူ လူမႈကြန္ယက္က႑သည္ ယခုထက္ပိုမို ေရွ႕ေရာက္လာမည္မွာေတာ့ ေျမၾကီးလက္ခတ္မလြဲပင္။
ယခု အေမရိကန္ေရြးေကာက္ပြဲ၌ ဆိုရွယ္မီဒီယာႏုိင္ငံေရးကို နားလည္သည့္ ကိုယ္စားလွယ္ေလာင္းမ်ား ေရွ႕ေရာက္လာၾကၿပီး သူတို႔၏ Campaign မ်ား အလုပ္ျဖစ္မျဖစ္ကလည္း သူတို႔၏ မဲအေရအတြက္အေပၚ သက္ေရာက္မႈမ်ားလာသည္ဟု CIO မဂၢဇင္းမွာ အၾကီးတန္းစာေရးဆရာမ Lauren Brousell က သံုးသပ္ခဲ့ဖူးသည္။
အမွန္တကယ္လည္း လက္ရွိအခ်ိန္တြင္ သမၼတသစ္ျဖစ္လာသည့္ ေဒၚနယ္ ထရမ့္ပ္ႏွင့္ ရွံဳးနိမ့္ခဲ့သူ ဟီလာရီကလင္တန္တို႔ စတင္ယွဥ္ျပိဳင္ၾကစဥ္ကတည္းက ဆိုရွယ္မီဒီယာမ်ားတြင္ ေရပန္းအစားဆံုးပုဂၢိဳလ္မ်ား ျဖစ္ခဲ့ၾကေသာေၾကာင့္ Mrs.Brousell ထိုသုိ႔ ေျပာသည္ကိုလည္း အျပစ္ေတာ့မဆိုရာ။ အေမရိကန္ျပည္ေထာင္စုမွ ေနာက္ဆံုး ေရြးေကာက္ပြဲ ၃ ခုတြင္ ဆုိရွယ္မီဒီယာ ကမ္ပိန္းေကာင္းေကာင္း အသံုးျပဳ၍ စြဲေဆာင္ခဲ့သူမ်ားသာ ဆက္တိုက္ ေအာင္ပြဲခံခဲ့ေလသည္။
အခ်ဳပ္ဆိုရေသာ္ ဆိုရွယ္မီဒီယာမ်ားသည္ တုိင္းျပည္တစ္ခု၏ အနာဂတ္ကို အဆံုးအျဖတ္ေပးမည့္ အရာမ်ားဟူ၍ ယတိျပတ္ ညႊန္းဆုိရန္ ခက္ခဲလွေသးသည္။ သို႔ေသာ္ တေျဖးေျဖးႏွင့္ ပို၍ပို၍ အေရးပါေသာ အေျခအေနမ်ားကိုေတာ့ ဖန္တီးယူလာေနၾကၿပီျဖစ္သည္။ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္တြင္ေတာ့ သူတို႔သည္ပင္ ေရြးေကာက္ပြဲရလဒ္ကို အေျဖထုတ္သည့္ မီဒီယာပလက္ေဖာင္း ျဖစ္ေကာင္းျဖစ္လာႏုိင္ေပသည္။
The Voice Daily (14-Nov)