အချစ်သည် အပြစ်များကိုမမြင်ပါ
Posted by ADMIN in အချစ်
- အချစ်ကြောင့် အသည်းကွဲတာ မဆန်းပါဘူး။ အချစ်ကြောင့် ဘ၀ ပျက်သွားရတာသာ ဆန်းတာပါ။
- ငါ့ဦးနောက်က ငါ့ကိုအမိန့်ပေးနေတယ်၊ ငါ့နှလုံးသားရဲ့အလိုကို ငါ့ဦးနောက်က ခွင့်မပြုဘူး။ မိန်းမ တစ်ယောက်ကို လွယ်လွယ်နဲ့ ဖြစ်သလို မယူရဘူး၊ အိမ်ထောင်တစ်ခုကို တည်ဆောက် တော့မယ်ဆိုရင် ကျကျနန ပြင်ဆင်ပြီးမှ တည်ဆောက် သင့်တယ်တဲ့။
- လောက၌ အချစ်ဆုံးအရာသည် ဒုက္ခအပေးဆုံး။ ချစ်စရာ တစ်ခုရှိလျှင် ဒုက္ခတစ်ခု၊ ချစ်စရာများလျှင် ဒုက္ခများ၏၊ ချစ်စရာ မရှိတော့လျှင် ဒုက္ခမရှိတော့။
- အချစ်သည် ရှာလေရှာလေ ဒုက္ခ ပိုများလေဖြစ်သည်။
- လောကတွင် ဥစ္စာရူးထက် အချစ်ရူး၊ တဏှာရူးသည် ပို၍ အကြည့်ရ အမြင်ရ ဆိုးသည်။ အချစ် စိတ်ကြောင့် ရူးသွပ်ပြီး မစား၊ မအိပ်နိုင်ခြင်းသည် ကိုယ့်ကိုယ်ကို ဒုက္ခ အပေးဆုံးဖြစ်သည်။
- လူငယ်ဘ၀တွင် ပညာရေး၊ သို့မဟုတ် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ရရေးသာ နံပတ်တစ် ဖြစ်သည် ကြင်ယာ အရေးသည် နှစ်ဖြစ်သည်။
- အချစ်ဟောင်း၏ မီးစ မီးကြွင်းတို့မှာ မကြာခင်မှာပင် မီးစွဲလေ့ရှိသည်။
- အချစ်သည် (၇)စက္ကန့် တည်တံ့၏၊ ရသာရုံက (၇)မိနစ်ခံ၏၊ စိတ်မချမ်းသာမှုက ဘ၀တစ်လျှောက်လုံး ခိုင်မြဲ တက်၏။
- မိမိကိုယ်ကို အချစ်နှင့်ထိတွေ့သူသည် မိမိကိုမိမိ ပူဆွေးသောကနှင့် ထိတွေ့မှု ရှိစေသူပင်ဖြစ်သည်။
- မဆင်မခြင် အိမ်ထောင်ကျ နောင်မှ နောင်တ ရကြလေသည်။ နောက်မှရသော နောင်တသည် ပူပင်ရစမြဲပင်။
- တွေ့မရှောင် အချောင်စိတ်ဖြင့် ချစ်ခြင်းသည် တစ်ကယ်တမ်းတွင် လုံးဝ ပျော်စရာ မကောင်းပဲ အဖျက် များသာ ခံစား ရတော့သည်။ နောင်မှ အခက်တွေ့အောင် ကြိုးစားမိခြင်း ဖြစ်သည်။
- သင့်ကိုသင်ချစ်ပါ။ ထိုအခါ သင့်တွင် ပြိုင်ဖက်များရှိမည်မဟုတ်။
- သစ်ကိုင်းကိုချစ်လျှင် သစ်ပင်ကိုလည်းချစ်ရမည်။
- တူနှစ်ကို တဲအိုပျက်မှာ နေရနေရ၊ ထမင်းရည်ကိုပဲ သောက်ရသောက်ရ၊ ထမင်ကြမ်းခဲကိုပဲ စားရစားရ တစ်ဦးနှင့် တစ်ဦး ချစ်ရင်ပြီးရော၊ ချစ်ရန်သာ အရေးကြီးသည် ဆိုသော စကားလုံးများမှာ လုံးဝ အနှစ်သာရ မရှိသော အပေါ်ရံကြော အလွယ်တကူ လူတိုင်း ပြောဆိုသော စကားများသာ ဖြစ်သည်။
- လောက၌ ချစ်သူပါင်းများစွာမှာ ဆင်းရဲခြင်း၊ မပြည့်စုံခြင်းကြောင့် မကွဲသင့်ပဲကွဲ၊ မခွဲချင်ပဲခွဲရသည်မှာ ရင်နာစရာ ကောင်းလှသည်။