အတွေးမှတ်စုများ (၂)
Posted by ADMIN in အတွေးမှတ်စုများ
- မနက်တိုင်းတွင် ဘ၀သစ်တစ်ခုကို စတင်ရန် အခွင့်အလမ်း သင့်တွင်ရှိသည်။
- ဖြစ်မြောက် အောင်မြင်လိုသောဆန္ဒရှိသူအား ဘယ်အရာမှ တားဆီးခြင်း မပြုနိုင်။ အခက်အခဲ အတားအဆီးတိုင်းသည် သူ၏ ကိုယ်၊ စိတ်၊ ကြွက်သားများ စွမ်းဆောင်ရည် တိုးတက်အောင် လေးကျင့်ပေးသည့် အရာများသာဖြစ်သည်။
- လူတကာနှင့် ယှဉ်ပြိုင်ရဲသော စိတ်ရှိရလိမ့်မည်။
- စိတ်ဓာတ်မကျအောင် သတိပြု ထိန်းသိမ်းပါ။
- လူတို့သည် အခွင့်အရေးကို မမြင်တက်ကြ၊ အကြောင်းမူ အခွင့်အရေးသည် " အလုပ် " အသွင်ဖြင့် အလုပ်သမား ၀တ်စုံကို ၀တ်၍ လာတတ်သောကြောင့်ဖြစ်သည်။
- ဘ၀ဟူသည် သင့်ဖန်တီးမှု ၁၀% နှင့် သင့်ခံယူမှု ၉၀% တို့ ပေါင်းစပ်ထားသည်။
- အမှန်တကယ် စစ်မှန်သော ချီးကျူးစကားသည် လူတစ်ယောက်အား မိမိလုပ်ရပ်အပေါ် ပို၍ ထက်သန် တက်ကြွစေမည့် အင်အား အကောင်းဆုံးသော တိုက်တွန်းမှုတစ်ရပ်ဖြစ်သည်။
- လူအများရှေ့တွင် ချီးမွမ်းပါ။
- နည်းနည်းကလေး ပိုလုပ်တတ်သော အလေ့အထကို မွေးမြူပါ။ တစ်ခုတည်းပဲ ရွေးလုပ်ပါ။
- ကြောက်စိတ်သည် လူတို့ကို အစွမ်းသတ္တိ ကင်းမဲ့စေသည်။ ကြောက်စိတ်သည် အခက်အခဲမျိုးစုံ ဖန်တီးပေးတတ်သည်။
- စိတ်ညစ်စရာ တွေနဲ့ ကြုံခဲ့ရင် ရင်ဖွင်ဖို့။ စိတ်ပျက် အားငယ်နေချိန်မှာ အားပေး နှစ်သိမ့်ဖို့။ ပျော်ရွှင် ကြည်နူး နေချိန်မှာ မျှဝေ ခံစားဖို့။ တကယ် လိုအပ်နေတာက " သူငယ်ချင်းကောင်း " ။
- ဘ၀မှာ အငြိမ်းချမ်းဆုံး နေချင်ရင် ကျေးဇူးရှိတဲ့သူ အားလုံးကို မစော်ကားမိစေပါနဲ့။
- လူ၌ သတိတရားမကင်းရ၊ အသိတရားလည်းမကင်းရ၊ သတ္တိလည်း ကင်း၍မရသလို ဇွဲကိုလည်း ဘ၀ခရီး၌ အမြဲခေါ်ယူနိုင်ပါမှ။
- အခက်အခဲဆိုသည်မှာ မခံချင်စိတ်နှင့် ဇွဲရှိသူအဖို့ ယာယီ အခိုက်အတန့်သာ ဖြစ်သည်။
- ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ပြီးသူ ဖြစ်လျှင်၊ သူဖြစ်လျှင် ကိုယ်လည်းဖြစ်ရမည်။
- အလျှော့မပေးသမျှ ကာလပတ်လုံး အရှုံးဟူ၍မရှိ။ ရှုံးလျှင်လည်း ယာယီ အခိုက်အတန့်သာ ဖြစ်သည်။ ထာဝရအရှုံးမဟုတ်။ လူဟူသည်မှာ မရမနေ၊ မဖြစ်မနေ၊ မရောက်မနေ၊ မအောင်အလျှော့၊ မဆုတ်တမ်း တင်းခံနိုင်သော စွမ်းရည်ရှိသည်။
- စီးပွားရေး အလုပ်၌ ဇွဲရှိရမည်၊ ဇွဲသည် စီးပွားရေးအတွက် ဂုဏ်ရည်ဖြစ်သည်။ ဇွဲမရှိပါက စီးပွားရေးမှာ ကျဆုံးဖွယ် လမ်းသာရှိလေသည်။
- အချိန်ဆွဲခြင်း၊ ပျင်းရိလေးလံခြင်းက တက်ကြွစိတ်၏ ရန်သူများဖြစ်သည်။
လုပ်မှဖြစ်မည်။ ရှာမှရမည်။ စားမှဝမည်။ သွားမှရောက်မည်။ သင်မှတက်မည်။ မေးမှသိမည်။ သည်းခံစိတ်ထားမှ စိတ်ချမ်းသာမည်။
- အပေါင်းသင်းထားမှ အကြောင်းအချင်းများ ဖြေရှင်းရလွယ်ကူမည်။ အကျိုးတူရာ ပေါင်းဖွဲဆက်ဆံတက်သော အလေ့အထ ရှိရမည်။
- အသိညဏ်နှင့် ယှဉ်သော ပူးပေါင်း ဆောင်ရွက်မှုမျိုးမှာ အလွန် တိုးတက် ထွန်းကားခြင်း အခြေခံ တရားပင် ဖြစ်သည်။
- လောက၌ အပေါင်းအသင်းတို့ထဲမှ ယူတတ်လျှင် ငွေ၊ အင်အား၊ အလုပ်အကိုင်၊ အတွေးအကြံ၊ ဗဟုသုတနှင့် အကျိုးအခွင့် များစွာ ရရှိနိုင်သည်။
- လုပ်ရဲကိုင်ရဲမှုသည် သတ္တိဖြစ်သည်။