အတွေးမှတ်စုများ (၁)
Posted by ADMIN in အတွေးမှတ်စုများ
- လက်ဦးဆရာက မိဘ။ ဒုတိယ ဆရာက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ။ တတိယ ဆရာက စာအုပ်စာပေ။
- အချိန်တစ်ခုမှာ အသိ/အတက် ပညာတစ်ခု၊ (ဒါမှမဟုတ်) စီးပွားဥစ္စာတစ်ခု၊ (ဒါမှမဟုတ်) တရားဘာဝနာတစ်ခု ကိုယ့်အတွက် ကျန်အောင်လုပ်။
- အရေးကြီးတဲ့ လုပ်စရာတွေ အများကြီးရှိတယ်။ ကောင်းတဲ့ စာပေတွေ လေ့လာရမယ်။ ဘ၀နဲ့ပတ်သက်ပြီး လေးနက်တဲ့ ကိစ္စတွေ ဆွေးနွေး ရမယ်၊ စဉ်းစားရမယ်၊၊ အတက်ပညာ၊ အသိပညာ အမျိုးမျိုး လေ့လာရမယ်။ လေ့ကျင့်ရမယ်။
သတိလက်လွတ်တဲ့အခါ မှားသွားတယ်၊ ဒါကြောင့် မြတ်စွာဘုရားက သတိနဲ့နေဖို့ဒီလောက်ထိ ဦးစာပေးထားတာ။ လူတစ်ယောက်မှာ စိတ်နေသဘောထား၊ အကျင့်သီလ၊ သီလဥာဏ်၊ လုပ်ရည်ကိုင်ရည် အားလုံး အဆင့် မြင့်မားလာဖို့ အခြေခံ အကျဆုံးအချက်ဟာ သတိပဲ။
- စိတ်ထား ရင့်ကျက် တည်ငြိမ်လေလေ အနေထိုင် အစားအသောက် ရိုးလေလေပဲ။
- အရေးကြီးတာက ' စ ' မိဖို့ပဲ။ စ, မိပြီးရင် နဲနဲ နဲ့ မှန်မှန်လုပ်။
- မိခင်၏ နှလုံးသားသည် ရင်သွေးငယ်၏ ကျောင်းခန်းဖြစ်သည်။
- အရာရာတိုင်းက သူ့ကို အလေးပေး၊ တန်ဖိုး ထားတက်တဲ့သူကို မျက်နှာသာ ပေးတက်စမြဲပါ။ အဲဒီထဲမှာ "အချိန်" ဆိုတာလဲပါနေတယ်။
လောကမှာ ဘယ်သူတွေမေတ္တာပျက်ပျက် မိဘနှစ်ပါးက မေတ္တာမပျက်ဘူး။
- တွေ့ကြုံ စုံကွဲဆိုတာ လောက သဘာဝပဲ ဒါကို အရေးကြီး ခွင့်ကျယ်လုပ်နေရင် ဘ၀ဟာ ပူလောင် သွား လိမ့်မယ်။
- အချစ်ဆိုတာ ဒဏ်ရာနဲ့ မျက်ရည်တွေအများဆုံးပေးတဲ့ ဗုံးတစ်လုံးပဲ။
- တစ်ယောက်နဲ့ တစ်ယောက် ပေါင်းသင်း ဆက်ဆံရေး ပိုမို ခိုင်မြဲစေတဲ့အရာမှာ နားလည်မှုပင်ဖြစ်သည်။
- အရာရာကို နားလည်ရင် ပြဿနာဆိုတာ နည်းသွားမှာပါ။
- မိမိကိုယ်ကို ယုံကြည်စိတ်ပြည့်ဝသူသည် သူတပါးကို မှီခိုအားထားလိုစိတ်မရှိ။
- အမြင့်ဆုံးကိုမှန်းပြီဆိုလျှင် အရာရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြတ်သန်းရမယ်။ လွယ်လွယ်နဲ့တော့ မရောက်ဘူး။
- ပညာသင်ရာမှာ အရှက်တရားဟာ ရန်သူပါ။
- လူသည် သူ့ကိုယ်သူထင်မြင်ထားသည့်အတိုင်း တကယ်ဖြစ်သည်။
- သင့်ဘ၀သည် သင်လက်ခံသည့်အရာကို ပေးလိမ့်မည်၊။ သင်သည် သူလိုငါလို အဖြစ်မျိုးကို လက်ခံပါသလား၊ ဘ၀က သင့်အား သူလိုငါလို ဖြစ်အောင်လုပ်ပေးမည်။ သင်သည် စိတ်မချမ်းသာမှု၊ မပျော်ရွင်မှုကို လက်ခံပါသလား ထိုအတိုင်းဖြစ်အောင် လုပ်ပေးလိမ့်မည်။