အတွေးမှတ်စုများ (၃)
Posted by ADMIN in အတွေးမှတ်စုများ
- ယနေ့လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။
- တစ်ဝက်တစ်ပျက်သာ ပြီးသောအလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။
- အောင်မြင်မှုသည် ဘယ်သောအခါမှ အပြီးမသတ်ပါ။ ထို့အတူ ရှုံးနိမ့်မှုသည်လည်း အဆုံးအစွန်ထိ ပျက်စီးခြင်းဟူ၍မရှိပါ။
- သင်္ချာတွင် အခက်ဆုံးပုစ္ဆာကို ရှောင်မသွားပါနှင့် ရင်ဆိုင်ပြီးတွက်လိုက်ပါ။ ကျန်သည့်ပုစ္ဆာများသည် အလွယ်လေးဖြစ်၍ အားလုံး အောင်မြင်ပြီး ဖြစ်ပါလိမ့်မည်။
- သူတပါးကို အားပေးခြင်းသည် ခဲယဉ်းသော အလုပ်တစ်ခုမဟုတ်ပါ။
- ကြီးမြတ်ခြင်းအဆင့်သို့ ရည်စူးမျှော်မှန်းသူ တစ်ဦးအတွက် ကြမ္မာဆိုး တစ်ကြိမ် ၀င်ရောက်လာရုံမျှဖြင့် အားလုံး ဆုံးရှုံးသွားပြီဟု မမှတ်ယူပါနှင့်၊ လုပ်စရာတွေ အမြောက်အများ ကျန်နေသေးသည်ကို အမှတ်ရပါ။
- အောင်မြင်မှု ဆိုသည်မှာ လွယ်ကူသောအရာ မဟုတ်ပါ။ အောင်မြင်မှုသည် ဘယ်တော့မှ အချောင်မရပါ။ အချောင်ရသော အရာများကလည်း အောင်မြင်မှုမဟုတ်ပါ။
- ဘ၀ ကပေးသော ဆုလာဘ်ကို သင်ရယူလိုလျှင် ကြိုးပမ်းရမည်။ ခဲယဉ်းစွာယူမှ ရပါမည်။
- ရယ်မောခြင်းသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာစေနိုင်သော ဆေးစွမ်းကောင်းဖြစ်သည်။
- " ဘ၀ " ဆိုတဲ့  စကားလုံးကို သဘောပေါက်သွားတဲ့အခါ ဘာမဆို ရင်ဆိုင်နိုင်ဖို့ သတ္တိတွေ မွေးဖွားလာမှာ သေချာတယ်။
- မိုးရွာတုန်းရေခံ။ မိုးရွာတာက ကံ၊ ရေခံတာက ၀ီရိယ။
- ကြွေးဟောင်းဆပ်မပြီးခင် ကြွေးသစ်ကို ထပ်မယူမိပါစေနှင့်။
- ဘ၀ကို အဆန်းတကျယ် လုပ်ပြီး စာမဖွဲ့ချင်ဘူး ၊ ရှုပ်ထွေး ပွေလီလှတဲ့ လောကကြီးမှာ လဲရင်ပြန်ထ ဒါဘ၀ပဲ။
- ကိုယ့်ကိုယ်ကို အောင်နိုင်သူဖြစ်မယ်လို့ ယုံကြည်ထားသူ တစ်ယောက်ဟာ အမှန်တကယ် အောင်နိုင်သူ ဖြစ်စေတယ်။
- အိုမင်း ရင့်ရော်လာ သောကြောင့် ရယ်မာခြင်း ရပ်ဆိုင်းသွားခြင်းမဟုတ်၊ ရယ်မောခြင်း ရပ်ဆိုင်းသွားခြင်း ကြောင့်သာ အိုမင်းလာခြင်းဖြစ်သည်။
- ကြီးမားသော အခွင့်အရေး များသည် ကြီးမားသော ပြဿနာကြီးများ အသွင် မကြာခဏ ရုပ်ဖျက်၍ လာလေ့ရှိကြသည်။
- အများဆုံး ခွင့်လွှတ်သူသည် အများဆုံး ခွင့်လွှတ်ခြင်း ခံရသည်။
- အမျက် ဒေါသအတွက် အကောင်းဆုံး အဖြေမှာ ဆိတ်ဆိတ်နေခြင်းပင် ဖြစ်သည်။
- သင့်လျှို့ဝှတ်ချက်ကို သင့်အင်္ကျီပင် မသိစေနှင့်။
- သုံးယောက်သိလျှင် အကုန်သိလေပြီ။
- ဖိတ်သွားတဲ့နွားနို့အတွက် ငိုနေလို့မထူးဘူး။
- ငယ်ငယ်ကတော့လောင်းကစား၊ ကြီးလာတော့ သူတောင်းစား။
- မတောင်းသောသူကို အကြံမပေးပါနှင့်။
- သတိ သည် လုံခြုံခြင်း၏ မိခင်ဖြစ်သည်။
- ခွင့်လွှတ်ဖို့ရာကောင်း၏၊ မေ့ပစ်ဖို့ရာ အကောင်းဆုံး။