အတွေးမှတ်စုများ (၆)
Posted by ADMIN in အတွေးမှတ်စုများ
- စိတ်ကိုငြိမ်ငြိမ်ထားပါ လူတိုင်းကို ထိန်းနိုင်ပါလိမ့်မယ်။
- ကြောက်ရမှာ တွေးမကြောက်နဲ့။
- ကိုယ့်ကိုယ်ကို ထိန်းနိုင်သူသာလျှင် စွမ်းအားအရှိဆုံး။
- စိတ်ဓာတ်တည်ငြိမ်သူတို့ကား ဘယ်တော့မှ မပေါက်ကွဲကြ။
ဘယ်တော့မှ အော်ကြီးဟစ်ကြယ် မလုပ်ကြ။ ဘယ်လို အခြေအနေမျိုးနဲ့ကြုံကြုံ ဣနြေ္ဒမပျက်ပဲ ကြံ့ကြံ့ခံနိုင် ကြတယ်။
အက်ဒီဆင်ဟာ သူ့စက်ရုံတွေ မီးထဲ ပါသွားသောအခါ မတုန်မလှုပ် တည်ငြိမ်စွာဖြင့် လက်ပိုက် ကြည့်နေနိုင်ခဲ့တယ်။
ပညာရှင်ကြီး အီမာလည်း သူ့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ စာကြည့်တိုက်ကြီး မီးလောင်သည်ကို အပြုံးမပျက် ကြည့်နေ နိုင်ခဲ့တယ်။
- လူတစ်ယောက်သည် ဘယ်လောက်တော်တော်၊ ကိုယ်စိတ်(၂)ပါး တည်ငြိမ်မှုမရှိလျှင် ဘယ်တော့မှ ခေါင်းဆောင်ကောင်းမဖြစ်နိုင်။
- ကိုယ်စိတ်နှစ်ပါး တည်ငြိမ်မှုကို ရလိုလျှင် ကိုယ့်စိတ်ကိုကိုယ် ပြုပြင်ပါ။ အားပေးပါ၊ အိပ်ယာဝင်အိပ်ယာထတိုင်း " ငါ့မှာ တန်ခိုးပါဝါရှိတယ်၊ ငါ့ကိုငါထိန်းနိုင်တယ်၊ ငါလုပ်ရင်ဖြစ်ကိုဖြစ်ရမယ်၊ ဖြစ်နိုင်တယ်၊ ဖြစ်တယ်..." လို့ ဘုရားဝတ်ပြုသလို နေ့တိုင်း မပျက်မကွက် အာရုံပြုပါ။ ရွတ်ဆိုပါ။ ကြွေးကြော်ပါ။
- ဘယ်ကိစ္စကြောင့်နဲ့မှ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ မပျောက်ပျက် မဆုံးရှုံးစေနဲ့။
- " စာဖတ်ခြင်း " ဟာ ပြည့်ဝတဲ့လူတစ်ယောက် ဖြစ်စေတယ်။
" ဆွေးနွေးပြောဆိုခြင်း " က အဆင်သင့်ဖြစ်တဲ့လူတစ်ယောက်ဖြစ်စေတယ်။
" စာရေးခြင်းက " က တိကျတဲ့ လူတစ်ယောက်ဖြစ်စေတယ်။
- စစ်မှန်တဲ့ စကားပြောကောင်းခြင်းဆိုတာ လိုအပ်တာထက် တစ်ခွန်းတစ်ပါဒမှ ပိုမပြောတဲ့ ပြောသင့်ပြောထိုက်တာအားလုံးကို ပြောဆိုခြင်းပဲ။
- ရန်သူတစ်ထောင် မသိစေချင်တဲ့ စကားကို ဘယ်တော့မှ မိတ်ဆွေတစ်ယောက်ဆီ ထုတ်မပြောနဲ့။
- မိန်းမသားတွေအနေနဲ့ သူတို့တစ်ယောက်တည်းရှိနေချိန်မှာ အချိန်ကို ဘယ်လိုကုန်စေတယ်ဆိုတာသာ ယောက်ျားတွေသိကုန်ရင် သူတို့ကို ဘယ်နည်းနဲ့မှ လက်ထပ်ဖြစ်မှာမဟုတ်ဘူး။
- အဆင်ပြေ ကောင်းမွန်တဲ့ အိမ်ထောင်ရေးဆိုတာ မျက်စိမမြင်တဲ့ ဇနီးနဲ့ နားလေးတဲ့ ခင်ပွန်းသည်တို့ ပေါင်းဖက်မှပဲ ဖြစ်နိုင်ပါလိမ့်မယ်။
- ဇနီးမယားတွေဟာ သူတို့ကို အသနားခံချင်ကြတယ်။ ချီးမွမ်းခံချင်ကြတယ်၊ သဘောကျနှစ်ချိုက်တာ ခံချင်ကြတယ်ဆိုတာကို မမေ့နှင့်။
- အိမ်ထောင်ပြုခြင်းသည် နိဗ္ပာန်နှင့် ငရဲကြားရှိ ဒုက္ခဘုံသို့ ရောက်သွားခြင်းသာဖြစ်သည်။
- အချစ်ကို ရှောင်ရမယ်။ ချစ်ပြီးရင် လက်ထပ်မှာပဲ၊ တကယ်တော့ လက်ထပ်တာဟာ အင်မတန် အန္တရာယ်ကြီးတဲ့ လက်တွေ့စမ်းသပ်ချက်ပဲ။
- စာကို ရည်ရွယ်ချက်နဲ့ဖတ်။
- မိတ်ဆွေကို အကောင်းဆုံး ထိန်းနိုင်တဲ့ နည်းလမ်းကတော့ မိတ်ဆွေတွေဆီက ဘယ်တော့မှ အချေးအငှားမလုပ်ဖို့၊ ဘယ်တော့မှ အချေးအယူ မလုပ်ဖို့ဘဲ။