စာဖတ်ပါ (၁)
Posted by ADMIN in စာပေလေ့လာဆည်းပူးခြင်း
- မည်သူမဆို
ယနေ့ ညအိပ်ယာဝင်ချိန်သည်
ယနေ့မနက် အိပ်ယာထချိန်ထက်
နည်းနည်းဖြစ်စေ
အသိဥာဏ်ပညာ ပိုရှိနေရမည်။
သို့မဟုတ်ပါက
လူသားတစ်ဦးအနေနှင့်
အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည် ဟု
လီယိုဗတ်စကာဂလီယာ က ပြောခဲ့ဖူးသည်။
မှန်သည်။
လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။
မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။
အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။
ဒီအတွက် မည်သို့လုပ်မည်နည်း ................. ?????
တစ်နည်းသာရှိသည်
" စာဖတ်ပါ " ။
- စာဖတ်ပါ။ နေ့စဉ်ဖတ်ပါ။ စာကောင်း ပေကောင်းများကို ရွေးဖတ်ပါ။ ကိုယ့်အလုပ်အတွက်၊ ကိုယ့်ဘ၀အတွက် အသုံးဝင်မည့် အရာကို ဦးစားပေး ရွေးဖတ်ပါ။ ည အိပ်ယာဝင်ခါနီးတိုင်း သည်နေ့ ငါ့မှာ ဘာအသိဥာဏ်ပညာတွေ တိုးလာလဲ ကိုယ့်ကိုယ်ကို စစ်ဆေးမေးမြန်းပါ။
- စာဖတ်ပါ။ ဘယ်လို စာပေမျိုးကိုမဆို ဖတ်ပါ။ ဖြစ်နိုင်ပါက အသိဥာဏ်ကြွယ်ဝစေမည့် နာမည်ကျော် ပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်တွေ၊ မှတ်သားလောက်စရာ စကားတွေ၊ ဒဿနတွေ၊ ပုဂ္ဂိုလ် ကျော် ကြီးတွေရဲ့ အတ္ထုပ္ပတိတွေ၊ သမိုင်းတွေကို ရွေးဖတ်ပါ။ ပေါ့ပေါ့ပါးပါး စာပေများကိုလည်း မဖတ်ရဘူးမဟုတ်။ ဖတ်ပါ ။ ဘာစာမှသာ မဖတ်ဘဲတော့ မနေပါနဲ့။ ပေါ့ပေါ့ပါးပါး စာပေများဖတ်ခြင်းသည် လုံးဝ စာမဖတ်သည်နှင့်စာလျှင် အများကြီးပိုကောင်းပါသည်။