အတွေးမှတ်စုများ (၁၀)  

Posted by ADMIN in


  • ကျွန်ုပ်တို့ တစ်ယောက်ချင်းစီကို ကျွန်ုပ်တို့ ကြိုက်သလို သုံးဖို့ဆိုပြီး အချိန်တွေ အပြည့်အ၀ ပေးထားတယ်။ အဲဒီ အချိန်တွေကို ကျွန်ုပ်တို့ ကြိုက်သလို သုံးနိုင်တယ်။ ဒါပေမယ့် နောက် တစ်နေ့ ကိုတော့ ဘယ်တော့မှ ပြန်ရမှာ မဟုတ်ဘူး။


  • စတင်ပါ။ စတင်ခြင်းသည် အလုပ် တစ်ဝက် ပြီးခြင်းဖြစ်သည်။ ကျန်တစ်ဝက်ကို ထားလိုက်ပါဦး.......။
    နောက်တစ်ကြိမ်စတင်ပါ။ ထိုအခါ သင့်အလုပ် တစ်ခုလုံး ပြီးစီးသွားပါလိမ့်မည်။


  • အရူးတစ်ယောက်သာ ခြေနှစ်ဖက် စလုံးဆင်းပြီး ရေအတိမ်အနက်ကို စမ်းသပ်သည်။


  • ခြေထောက်ကို မထိန်းနိုင်သဖြင့် ငှက်တို့ ပိုက်ကွန်၌မိကြ၏။ လျှာကိုမထိန်းနိုင်သဖြင့် လူတို့ စိတ်ဆင်းရဲမှုတို့၌ ငြိကြ၏။


  • ပေါင်းသင်း ဆက်ဆံရေးတွင် စကားသည် အလွန် အရေးကြီးပေ၏။ ပညာရှိတို့သည် စကားမပြောမီ စဉ်းစားကြ၏၊ လူမိုက်တို့သည် ပြောပြီးမှ မိမိဘာပြောလိုက်သည်ကို ပြန်စဉ်းစားတတ်ကြ၏။


  • လူ့ဘ၀ အောင်မြင်ခြင်းတရား ၁၀ ပါးတွင် ပေါင်းသင်းဆက်ဆံရေးမှာ အဓိက အချက်တစ်ချက် အနေဖြင့် ပါဝင်သည်။


  • အပေါင်းအသင်း မိတ်ဆွေများနှင့် ဆက်ဆံရာတွင် ရောလွန်းပါက မိတ်ပျက်တတ်၏။ ပုံမှန် ခင်မင်လေးစားစွာ ဆက်ဆံခြင်းသာ အကောင်းဆုံးဖြစ်သည်။


  • ပျော်ရွင်မှု တံခါးတစ်ပေါက် ပိတ်သွားသောအခါ အခြားတစ်ပေါက်က ပွင့်လာတယ်။ ဒါပေမယ့် ကျွန်ုပ်တို့က ပိတ်သွားတဲ့တံခါးကို ကြာရှည်ကြာမြင့်စွာ ကြည့်နေတက်လွန်းတော့ ပွင့်လာတဲ့ တခြားတစ်ပေါက်ကို မမြင်မိတော့ဘူး။


  • ဟာသမရှိလျှင် သင် အသက်ရှင်သန် မနေနိုင်။


  • သင့်အနေဖြင့် သင့်ကိုယ်သင်ပြန်ပြီး ရယ်မောနိုင်စွမ်းရှိရမည်။ မဟုတ်လျှင် သင် နာကျည်းခံစားရလိမ့်မည်။


  • ဘယ်သူပဲမျှားမျှား အဆီး အတားမရှိတဲ့ ကန်တွေရှိသလို၊ "ငါးမမျှားရ" ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ကန်တွေလည်း ဒုနဲ့ဒေးပါပဲ။ ကန်ထဲကငါးကတော့ အစာတွေ့ရင် ဟပ်မှာပဲ။ ငါးမမျှားရ ဆိုတဲ့ကန်ထဲမှာ ငါးမဟပ်ဘူးလို့ မရှိပါဘူး။ မျှားတဲ့သူကို မမျှားရဲအောင်၊ မမျှားရအောင် ဆိုင်းဘုတ် တပ်ထားတဲ့ သဘောပါပဲ။ ငါးမျှားရတာ လွယ်တာနဲ့၊ ခက်တာပဲ ကွာတယ်။


  • မနေ့က ဆိုတာအိပ်မက်၊ မနက်ဖြန်ဆိုတာ စိတ်ကူး၊ ဒီနေ့သာ ဘ၀ဖြစ်တယ်။ ဒီနေ့မှာ အကောင်းဆုံး လုပ်ပါ။


  • သူတစ်ပါးကိုဖြစ်စေ၊ လူအများကိုဖြစ်စေ မိမိ၏ အချိန်၊ လုပ်အား၊ စိတ်ပါဝင်စားမှု၊ စိတ်အားထက်သန်မှု၊ ကြင်နာမှုတို့နဲ့ ဖြူဖြူစင်စင် ကူညီလိုက်ပါ။ ပေးဆပ်လိုက်ရပြီ၊ ကုန်ကျသွားပြီ လို့ ထင်ရတာထက် အဆပေါင်း များစွာပိုများသော တုန့်ပြန်မှု အကျိုးရလဒ်မျိုး ပြန်လည်ခံစားရပါလိမ့်မည်။


  • ကောင်းတဲ့ စစ်ပွဲ ဘယ်တုန်းကမှ မရှိခဲ့သလို၊ မကောင်းတဲ့ ငြိမ်းချမ်းရေး ဆိုတာလည်း မရှိပါဘူး။


  • ကျေးဇူးရှိတဲ့ လူတွေကို ကိုယ်က ပြန်ပေး နိုင်တာလောက် ၀မ်းသာ စရာကောင်းတာ လောကမှာ မရှိနိုင်ဘူး။


  • တကယ်တော့ သိရုံသိတဲ့ အသိဥာဏ်ဟာ မိမိအတွက် အသုံးမကျလှဘူး။ သိတဲ့အတိုင်း ဘယ်လိုပင် ခက်ခဲခက်ခဲ၊ အဆင်းရဲ အပင်ပန်းခံပြီး အဲဒီပညာကို မိမိဘ၀မှာ လက်တွေ့ကျင့်သုံးနိုင်မှ အကျိုးရှိနိုင်မယ်။


  • နေ့စဉ်နှင့်အမျှ ပညာတစ်ခုခု ရပါစေ။
    အသားတင် အမြတ်ရှာပါ။ ပညာရရင်ရ။ ပညာမရရင် ဥစ္စာရ၊ ဥစ္စမရရင် ကုသိုလ်ရရမယ်။
    ပညာရှိသူကို ရှာပေါင်းပါ။ လူတော်လူကောင်းကို ရှာဆက်ဆံပါ။


  • သား......မင်း တကယ်ကြိုးစားရဲ့လား.....
    ဟုတ်ကဲ့အမေ...။
    တကယ် သေသေချာချာကြိုးစားတာအမှန်နော်...။
    ဟုတ်ပါတယ်...။
    ဒါဆို မပူနဲ့သား..... သား တကယ်ကြိုးစား နေတာမှန်ရင် မအောင်မြင်စရာမရှိဘူး။ အောင်မြင်လိမ့်မယ်။ မကြိုးစားတော့ဘူးဆိုမှသာ ရှုံးနိမ့်သွားတာ။



5 comments

ကောင်းတယ်ဗျာ။ အတွေးတွေ အများကြီးရသွားတယ်။ ကျေးဇူးပဲ။

နောက်ဆုံးအတွေးနှစ်ခုကို သဘောကျတယ်ဗျာ။ ဆက်လက်အားပေးနေပါမယ် :)

လာလည်တာကျေးဇူးတင်ပါတယ်ခင်ဗျ--ဒီပိုစ်လေးဟာ--ယခုလတ်တလောအခြေအနေနဲ့ကိုက်ညီထင်ဟပ်တဲ့အတွက်--ကျနော့်ဆီမှာကူးယူဖော်ပြချင်ပါတယ်--ခွင့်ပြုပါခင်ဗျာ--

အတွေးမှတ်စုလေးတွေအတွက် ကျေးဇူးတင်ပါတယ်။ တော်တော်များများကို သဘောကျလို့ တစ်ချချင်းစီတော့ မရေးတော့ပါဘူး။ ဒီလိုမျိုးလေးတွေ ဆက်ရေးပါဦးး)

မနေ့က ဆိုတာအိပ်မက်၊ မနက်ဖြန်ဆိုတာ စိတ်ကူး၊ ဒီနေ့သာ ဘ၀ဖြစ်တယ်။ ဒီနေ့မှာ အကောင်းဆုံး လုပ်ပါ။ အကြိုက်ဆုံးပါ.. :)

Post a Comment

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ
Google Groups
Subscribe to Myanmar Daily Mail
Email:
Visit this group

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

နိုင်ငံရေး ပါတီများ

ဖျော်ဖြေရေး


ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

GPS-tracker

GPS-tracker

History of movement

History of movement

Event Location

Event Location

MATLAB Simulation

MATLAB Simulation

မာတိကာ

Popular Posts

My photo
I am doing what I should do in order to do what I want to do.

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)

Microcontroller

Microcontroller

Dynamic theory

Dynamic theory

Philosophy

meepyatite.com