သစ္စာဓိဋ္ဌာန်
Posted by ADMIN in ဘာသာရေး
ယခုအခါတွင် အဓိဋ္ဌာန်တရားစခန်းများကို ယောဂီနှင့် လူအများ ၀င်လာကြသည်မှာ အထူး အားရ ကျေနပ်ဖွယ် ကောင်းလှသည်။ အတုယူဖွယ် ကောင်းလှသည်။ ဗုဒ္ဓသာသနာသမိုင်းမှ မှတ်သားဖွယ်ရာ သစ္စာဓိဋ္ဌာန် များကို မြင်းမူ ဆရာတော် ဘုရားကြီး ဟောကြားခဲ့သော တရားများမှ အနည်းငယ်ကို ကောက်နှုပ် ဖော်ပြလိုက်ရပါသည်။
- စန္ဒကုမာရဇာတ်တွင် မင်းသားကိုသတ်ရန် အမိန့်ချရာ၊ သစ္စာတရားနှင့် အဓိဋ္ဌာန်ကြောင့် သေဘေးမှလွတ်၍ တိုင်းပြည်၌ မင်းဖြစ်ခဲ့ရသည်။
- သုဝဏ္ဏသာမ မြားဆိပ်ထိရာ သစ္စာဓိဋ္ဌာန်ကြောင့်၊ မိဘရော သားရော ချမ်းသာရခဲ့သည်။ မျက်စိများပါ အလင်းရခဲ့ကြသည်။
- ဟရိတစရသေ့ မိဖုရားနှင့် မှားမိ၊ သစ္စာဓိဋ္ဌာန်ကြောင့် သေဘေးမှ ချမ်းသာရခဲ့သည်။
- မုဒုလက္ခဏရသေ့ မိဖုရားနှင့်မှားမိရာ သစ္စာဓိဋ္ဌာန်ကြောင့် သေဘေးမှ လွတ်ခဲ့ရသည်။
- သမ္ဘူလမိဖုရား သစ္စာဓိဋ္ဌာန်ကြောင့် နူနာရောဂါပျောက်ကင်း၍ ထီးနန်းပါ ရခဲ့သည်။
- ကိုမာဃ၀တ္တုတွင် ထောင်ထိပ်တွင် နေထိုင်သောဗျိုင်း ရေငတ်ရာ သစ္စာဓိဋ္ဌာန်ကြောင့် ရေများတက်လာ၍ ရေသောက်ခဲ့ရသည်။
- ဒီဃာယနဇာတ်တွင် ကလေးကို မြွေထိရာ သုံးဦးသားတို့၏ သစ္စာဓိဋ္ဌာန်ကြောင့် ကလေးအသက် ချမ်းသာရခဲ့သည်။
- ပေါလဇနက္က၊ ထောင်ချခြင်း ခံရရာ သစ္စာဓိဋ္ဌာန်ကြောင့် ထောင်ဘေးမှလွတ်၍ မင်းဖြစ်ခဲ့ရသည်။
- ငါးရန့်မင်းဇာတ်၌ မိုးကြီးခေါင်ရာ ငါးတွေအားလုံးဒုက္ခရောက်စဉ် ငါးရန့်မင်း၏ သစ္စာဓိဋ္ဌာန်ကြောင့် မိုးကြီးရွာကာ အားလုံးချမ်းသာရခဲ့သည်။
- အလောင်းတောင်ငုံးမင်းဇာတ်တွင် တောမီးကြီးလောင်ရာ ငုံးမင်းကို မိဘများကပင် ပြစ်ပြေးခဲ့ကြသည်။ ငုံးမင်း၏ သစ္စာဓိဋ္ဌာန်ကြောင့် မီးများငြိမ်း၍ အသက်ချမ်းသာရခဲ့ရသည်။