Posted
by Admin
in
အေထြေထြ ဗဟုသုတ
Tesla နဲ့ Mozilla လို နာမည်ကျော် နည်းပညာလုပ်ငန်းကြီးတွေက Cambridge Analytica အရှုပ်တော်ပုံနဲ့ ပတ်သတ်ပြီး Facebook ကို သပိတ်မှောက်လိုက်ကြပါတယ်။ Tesla ရဲ့ အကြီးအကဲ Elon Musk ဟာဆိုရင် သူတို့ရဲ့ ကားကုမ္ပဏီ Tesla နဲ့ အာကာသသယ်ယူပို့ဆောင်ရေးလုပ်ငန်း SpaceX တို့ရဲ့ Facebook page တွေကို ဖျက်ချလိုက်တဲ့အထိပါပဲ။ ဒါကြောင့် Facebook ဟာ သန်းဆယ်နဲ့ချီ Like လုပ်ထားတဲ့ Page တစ်ချို့ကို ဆုံးရှုံးသွားပါတယ်။
Mozilla ကတော့ သူ့ Browser ပေါ်ကနေ အသုံးပြုမယ်ဆိုရင် Facebook ရဲ့ ကြော်ငြာတွေကို ဖော်ပြပေးသွားမှာမဟုတ်ပဲ ပိတ်ပင်ထားမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဂျာမနီအခြေစိုက် Commerzbank နဲ့ အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်သူ Sonos တို့ကလည်း Facebook မှာ ကြော်ငြာမထည့်သွင်းတော့ဘူးလို့ ဆိုထားကြပါတယ်။
ဒါ့အပြင် WhatsApp ရဲ့ ပူးတွဲတည်ထောင်သူ Brian Acton ကလည်း #deletefacebook ဆိုတဲ့ Campaign ကို စတင်လိုက်ပြီးတော့ ဒါဟာ Facebook ကို စွန့်ခွာရမယ့်အချိန်လို့ ဆိုလိုက်ပြန်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်က Youtube ကို ကြော်ငြာလုပ်ငန်း ၂၅၀ လောက်က သပိတ်မှောက်တဲ့ အခြေအနေနဲ့ ယှဉ်ရင် ဒါဟာအဆိုးရွားဆုံး အခြေအနေတော့မဟုတ်သေးပါဘူး။ ဒါပေမယ့် ဈေးကွက်ထဲမှာ ရှယ်ယာဈေးတွေထိုးကျသွားတာကြောင့် တစ်ပတ်ပတ်အတွင်းမှာ ဒေါ်လာ ၇၅ ဘီလီယံလောက် ဆုံးရှုံးသွားတာကတော့ Facebook ကို အထိနာစေပါတယ်။
Cambridge Analytica ရဲ့ အချက်အလက်အလွဲသုံးစားလုပ်မှုပြဿနာအပြင် စီးပွားရေးနယ်ပယ်က ယိမ်းယိုင်မှု အခြေအနေတွေကြောင့်လည်း နိုင်ငံတကာ Facebook သုံးစွဲသူတွေကတော့ Facebook အပေါ် ယုံကြည်မှုကျဆင်းလာပြီးတော့ ဆက်သုံးသင့်မသုံးသင့် ဝိဝါဒကွဲစရာအခြေအနေဖြစ်လာပါတယ်။
ဒါပေမယ့် ဒီအရှုပ်တော်ပုံ ပြဿနာတွေမဖြစ်ပွားခင် လွန်ခဲ့တဲ့ ၂၀၁၇ အောက်တိုဘာလောက်ကတည်းက စာရေးဆရာ စကော့တ် ဂယ်လိုဝေးက သူ့ရဲ့ The Four ဆိုတဲ့စာအုပ်မှာ Facebook ရဲ့ ဒီလို အချက်အလက်အလွဲသုံးစားမှုတွေရှိနေတယ်ဆိုတာကို ကြိုတင်သတိပေးခဲ့ဖူးပါတယ်။
“လူမှုကွန်ယက် ကုမ္ပဏီတစ်ခုသည် သင့်ကလေးငယ်၏ ထောင်ပေါင်းများစွာသော ဓာတ်ပုံများကို ဆန်းစစ် စစ်ဆေးသည်၊ သင့်ဖုန်းကို Activate လုပ်၍ ချောင်းမြောင်းခိုးယူနားဆင်နိုင်သည့် ဝတ္ထုပစ္စည်းတစ်ခုသဖွယ်အသုံးချသည်၊ ယင်းနောက် အဆိုပါ အချက်အလက်များကို Fortune 500 စာရင်းဝင်ကုမ္ပဏီများထံ ရောင်းချလိုက်လေသည်။ …. ကျွနု်ပ်တို့သည် မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခပ်လွယ်လွယ်ပင် သတိမမူပဲ ပစ်ထားမိနေကြသေ်ာလည်း ၎င်းကုမ္ပဏီများကမူ ၎င်းတို့အကျိုးအမြတ်အတွက် ယင်းအချက်အလက်များကို ရယူအသုံးချနေကြသည်။” ဆိုပြီး လွန်ခဲ့တဲ့ ၆ လကျော်ကတည်းက ဂယ်လိုဝေးက ပြင်းပြင်းထန်ထန်ထုတ်ဖော်ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ဝေဖန်မှုတွေ မှန်ကန်တယ်ဆိုတာကိုတော့ လူတွေက ခုချိန်မှ သတိထားမိလာကြတာပါ။
အထူးသဖြင့် Cambridge Analytica ရဲ့အချက်အလက် အလွဲသုံးစားမှု အရှုပ်တော်ပုံ ပါ်ပေါက်လာတဲ့အချိန်မှာမှဖြစ်ပါတယ်။ Cambridge Analytica ဟာ ၂၀၁၆ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲအပါအဝင် ဖောက်သည်တစ်ချို့ရဲ့ ကိုယ်ကျိုးအတွက် အသုံးချဖို့ Facebook သုံးစွဲသူ သန်း ၅၀ ရဲ့ အချက်အလက်တွေကို အလွဲသုံးစားပြုလုပ်ခဲ့တာပါ။
ဒီလိုလုပ်ဖို့အတွက် Facebook ရဲ့ သဘောတူညီချက်နဲ့ Facebook ပေါ်ကနေတဆင့် ‘personality test’ app တွေကို အသုံးချခဲ့ပါတယ်။ ‘personality test’ app တွေဆိုတာက မိမိဘယ် Celebrity နဲ့တူသလဲတို့၊ ဘယ်အသက်အရွယ်မှာ သေမလဲတို့၊ ဘယ်နာမည်ကျော်ပုဂ္ဂိုလ်နဲ့ ဆွေးမျိုးတော်စပ်လဲတို့လိုမျိုး Profile ကို အခြေခံပြီး အပျော်သဘောဝင်ရောက်စမ်းသပ်နိုင်တဲ့ Facebook app တွေဖြစ်ပါတယ်။ ဒီနည်းလမ်းကနေတဆင့် ဘယ်သူတွေ ဘာတွေကို လေ့လာပြီး ဘာတွေကို နှစ်သက်တယ်ဆိုတာကို သူတို့က ခိုးယူမှတ်သားသွားတာဖြစ်ပါတယ်။
ဒီလုပ်ဆောင်မှုကို ၂၀၁၅ ခုနှစ်ကတည်းက စတင်နေတာဖြစ်ပြီးတော့ ကမ္ဘာတစ်လွှားက ရွေးကောက်ပွဲအတော်များများနဲ့ ကြော်ငြာလုပ်ငန်းတွေမှာ ပြန်လည်အသုံးချဖို့ ရောင်းစားခဲ့တယ်လို့ ဆိုပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီကနေ ဘယ်လောက်အတိုင်းအတာ ပမာဏအထိ အချက်အလက်တွေ ပေါက်ကြားသွားတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်သေးပါဘူး။
တကယ်တမ်းအားဖြင့် ဒီလိုဖြစ်ပျက်သွားရတာဟာ Facebook ရဲ့ အချက်အလက်အသေးစိတ် မှတ်တမ်းတင်မှုကြောင့်ဖြစ်ပါတယ်။ Facebook ဟာ အသုံးပြုသူတစ်ယောက်ရဲ့ အမည်ရင်း၊ မွေးသက္ကရာဇ်စတဲ့ အသေးစိတ်အချက်အလက်တွေအပါအဝင် အချက်အလက်အမျိုးအစား ၇၁ မျိုးအထိ သတ်မှတ်ပြီး ခွဲခြားမှတ်တမ်းတင်ထားလေ့ရှိပါတယ်။ အဲဒီအမျိုးအစားခွဲခြား မှတ်တမ်းတင်မှုမှာ Chat history တွေ၊ သွားခဲ့တဲ့ Check-in ဝင်ခဲ့တဲ့ နေရာတွေ၊ ဝါသနာ၊ အလေ့အကျင့်၊ ကိုးကွယ်ယုံကြည်မှုနဲ့ နိုင်ငံရေးအမြင်စတာတွေပါဝင်ပါတယ်။ ကာလရှည်ကြာလွန်းသွားလို့ မရှိတော့ဘူးလို့ မမှတ်ယူပါနဲ့။ Facebook ဟာ အသေးအမွှားအသေးစိတ်အချက်အလက်လေးတွေကအစ မှတ်တမ်းတင်ထားတာပါ။ ဖျက်ချလိုက်တဲ့ Chat record တွေနဲ့ Search history တွေက အစပါဝင်ပါတယ်။ ဘယ်လို Device တွေ သုံးတယ်၊ ဘယ်လို Operation System တွေ သုံးတယ်၊ ဘယ် Browser တွေ အများဆုံး အသုံးပြုတယ်ဆိုတာမျိုးနဲ့ ခရီးသွားရင် ဘာတွေလုပ်တတ်တယ်ဆိုတာမျိုးတွေကိုလည်း သူတို့သိရှိနေပါတယ်။
ဒါ့အပြင် ဘယ်လို Page တွေကို Like လုပ်ထားတယ်၊ ဘယ်လို Status တွေ တင်လေ့ရှိတယ်၊ သူငယ်ချင်း များတယ် နည်းတယ်၊ ဘယ်လိုလူမျိုးကို သူငယ်ချင်းအဖြစ် ထားလေ့ရှိတယ်၊ အလုပ်အကိုင်အခြေအနေဘယ်လိုရှိတယ်နဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ဘယ်အခြေအနေရှိတယ်ဆိုတာတွေကို မှတ်တမ်းတင်ထားတာကြောင့် သူတို့နဲ့ ကိုက်ညီမယ့် ကြော်ငြာတွေကို ကိုက်ညှိပေးပို့နိုင်နေတာဖြစ်ပါတယ်။
ဒီလို အသေးစိတ် မှတ်တမ်းတင်တတ်တဲ့ Facebook ဆီကနေ အချက်အလက်တွေ ပေါက်ကြားသွားတာဖြစ်တာကြောင့် ဒီအရှုပ်တော်ပုံမှာ လူတစ်ဦးချင်းစီကနေ ဘယ်လောက် အချက်အလက်တွေပေါက်ကြားသွားသလဲဆိုတာကို ဝိုင်းပြီးစိုးရိမ်နေကြတာဖြစ်ပါတယ်။
ဒါပေမယ့် အသုံးပြုသူတွေကို အတန်အသင့် စိတ်အေးစေတာက Facebook ပေါ်မှာ ရှိတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဥပဒေကြောင်းအရ ကာကွယ်ပေးထားတာပဲဖြစ်ပါတယ်။ Facebook အနေနဲ့ လက်လွတ်စပယ် အချက်အလက်တွေကို မျှဝေလို့မရပါဘူး။ အခု ပြဿနာမှာဆိုရင်လည်း Cambridge Analytica ဘက်က အလွဲသုံးစားမှုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တရားစွဲဆိုခွင့်ရှိနေပြီးတော့ တရားစွဲဆိုမှုတစ်ချို့လည်း စတင်နေပြီဖြစ်ပါတယ်။
Facebook ကတော့ ဒီဖြစ်ရပ်အတွက် မာ့ခ်ဇူကာဘတ်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ တောင်းပန်စာတစ်စောင်ထုြတ်ပန်ခဲ့ပြီးတော့ ဗြိတိန်က သတင်းစာကြီးတွေဖြစ်တဲ့ The Observer၊ The Mail on Sunday၊ Sunday Times၊ Sunday Telegraph၊ Sunday Mirror နဲ့ Sunday Express တို့မှာ အဲ့ဒီစာကို စာမျက်နှာပြည့်ကြော်ငြာထည့်သွင်းဖော်ပြပြီး တောင်းပန်ခဲ့ပါတယ်။
နည်းပညာလောကမှာ ဒီလိုပြဿနာမျိုးတွေက ခုမှဖြစ်ပေါ်လာတာမဟုတ်ပဲနဲ့ LinkedIn နဲ့ လူမှုရေးဖောက်ပြန်သူတွေအသုံးပြုတဲ့ Ashley Madison တို့လို လူမှုကွန်ယက်ဝက်ဘ်ဆိုက်မျိုးတွေလည်း အချက်အလက်ပေါက်ကြားမှုမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ Facebook နဲ့ Cambridge Analytica အရှုပ်တော်ပုံမှာတော့ Facebook ကိုယ်တိုင်က အချက်အလက်တွေကို ရယူခွင့်ပြုသလိုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း အသုံးပြုသူတွေ တွေးနေကြသလိုမျိုး တကယ်ကို Facebook ရဲ့ အဆုံးသတ်အချိန်ကို ရောက်ပြီလား? Facebook ကို စွန့်ခွာရမယ့်အချိန်ရောက်ပြီလား? ဆိုတာကတော့ ဖြေဖို့ ခက်နေဆဲဖြစ်ပါတယ်။
Tesla နဲ့ Mozilla တို့ကိုယ်တိုင် Facebook ကို သပိတ်မှောက်လိုက်ကြပေမယ့် ဒါဟာ ယာယီသာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် WhatsApp ရဲ့ ပူးတွဲတည်ထောင်သူ Brian Acton က Facebook ကို စွန့်ခွာရမယ့်အချိန်လို့ ဆိုနေပေမယ့် Facebook ကပိုင်ဆိုင်တဲ့ Instagram ကိုတော့ ဆက်သုံးမှာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။
ကမ္ဘာ့လူဦးရေ ၃ ပုံ ၂ ပုံလောက် အသုံးပြုနေတဲ့ Facebook ကို စွန့်ခွာဖို့ဆိုတာ စီးပွားရေးလုပ်ငန်းတွေအတွက်ရော သာမန်အသုံးပြုသူတွေအတွက်ပါ ပြောသလောက်တော့ မလွယ်လှတာမြင်ရပါတယ်။ Facebook ဟာ အသုံးပြုသူတွေအတွက် တခြား Social Media တွေထက် ပိုပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးပေးထားသလို ပိုကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းကိုလည်း ချိတ်ဆက်ပေးထားပါတယ်။ ဒီအခြေအနေဟာ ကြော်ငြာရှင်တွေအတွက်လည်း လက်လွှတ်ဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။
ဂယ်လိုဝေးရဲ့ စာထဲမှာတော့ မီဒီယာတွေ၊ အစိုးရတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုယ်တိုင်က Facebook ကို အလိုလိုက်အကြိုက်ဆောင်မြှောက်ပင့်ခဲ့ကြသလို အကန့်အသတ်မဲ့ အရင်းအနှီးတွေနဲ့ စိတ်တိုင်းကျ ချယ်လှယ်ခွင့်တွေလည်း ပေးမိခဲ့တာကြောင့် ဒီအခြေအနေကို ရောက်လာတာဖြစ်ပြီး ခုတော့ သူတို့ကို ဇာတ်ကြိုးသတ်ဖို့ ခက်နေပြီလို့ ဆိုပါတယ်။
ဂယ်လိုဝေးပြောခဲ့သလိုပဲ စီးပွားရေးလုပ်ငန်းတွေသာမကပဲ လူတွေကိုယ်တိုင်လည်း Facebook ကို တကယ့်ဘဝရဲ့ တခြားမျက်နှာစာလို အသုံးချနေကြတာကြောင့် စွန့်ခွာဖို့ ခက်နေလိမ့်ဦးမှာဖြစ်ပါတယ်။
<Zawgyi>
Facebook ကတော့ ဒီဖြစ်ရပ်အတွက် မာ့ခ်ဇူကာဘတ်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ တောင်းပန်စာတစ်စောင်ထုတ်ြပန်ခဲ့ပြီးတော့ ဗြိတိန်က သတင်းစာကြီးတွေဖြစ်တဲ့ The Observer၊ The Mail on Sunday၊ Sunday Times၊ Sunday Telegraph၊ Sunday Mirror နဲ့ Sunday Express တို့မှာ အဲ့ဒီစာကို စာမျက်နှာပြည့်ကြော်ငြာထည့်သွင်းဖော်ပြပြီး တောင်းပန်ခဲ့ပါတယ်။
Mobile Guide
Vol.4/No.49
Posted
by Admin
in
အထွေထွေ ဗဟုသုတ
ယခုကာလတွင် လူမှုကွန်ယက် ဝက်ဘ်ဆိုက် Facebook တွင် သောသောညံနေသည့် ကိစ္စရပ်မှာ “ကုလား” ဆိုသည့် စကားလုံးကို Hate Speech ဟု Facebook Team က ယူဆသတ်မှတ်လိုက်ခြင်းအကြောင်းပင်ဖြစ်သည်။ ယင်းနှင့်အတူ ကုလား ဆိုသည့် အသုံးအနှုန်းသည် အမုန်းစကား ဟုတ်မဟုတ်ဆိုသည့် အမြင်မတူစွာ အငြင်းပွားမှုများကိုလည်း မြင်တွေ့နေရသည်။
အဆိုပါ “ကုလား” ဝေါဟာရနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်း၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ များ နှင့် NGO တချို့၏ အကြံပြုချက်များအရ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Facebook က ဆိုခဲ့သည်။ မည်သည့်အဖွဲ့အစည်းများဟု အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိပေ။
တကယ်တမ်းအားဖြင့် ကြည့်မည်ဆိုလျှင် မြန်မာဝေါဟာရများတွင် ကုလားဆိုသည့် ဝေါဟာရအသုံးအနှုန်း တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၇၀၀ ခန့်ရှိနေပြီဖြစ်ပြီး စတင်သုံးစွဲစဉ်ကတည်းက နှိမ်ချပြောဆိုဆက်ဆံရန် အသုံးပြုခြင်းဖြစ်ဖွယ်ရှိကြောင်း အထောက်အထားများများစားစား မရှိပေ။
မြန်မာဝေါဟာရများတွင်လည်း ကုလားဟူသည့်အသုံးအနှုန်းအပြင် ပဲကုလားဟင်း ၊ ဆေးကုလားမ ၊ သရက်သီး ကုလားတည် ၊ ကုလားအော်သီး ၊ သစ်ကုလားအုပ် ၊ ငှက်ကုလားအုပ် ၊ ကုလားတက်၊ ကုလားထိုင် ၊ ကုလားတန်မြစ် စသည်ဖြင့် အခြားအသုံးအနှုန်းများ အမည်နာမများလည်း ရှိသေးသည်။ ကုန်းဘောင်ခေတ် မြန်မာ ပညာရှိ စာပေပညာရှင်ကြီး တစ်ဦးအမည်မှာလည်း ဦးကုလားဖြစ်လေသည်။ ယနေ့ခေတ်ကာလများတွင် ကုလားဆိုသည့် စကားလုံးသည် အိန္ဒိယဘက်မှ မြန်မာပြည်သို့ ရွှေ့ပြောင်းအခြေချလာသည့် လူမျိုးနွယ်စုတစ်ခုကို ယျေဘုယျအားဖြင့် ရည်ရွယ်ပြောဆိုခြင်းဖြစ်သော်လည်း နှိမ်ချဆက်ဆံသည့် Hate Speech တစ်ခု ဟုတ်မဟုတ်ဆိုသည်မှာ အသုံးပြုသူ၏ စေတနာ ၊ ရည်ရွယ်ရင်းတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်မည်ဟု ယူဆမိသည်။
သတင်းများနှင့် Facebook အသုံးပြုသူများ၏ ဖော်ပြချက်များအရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Facebook Team ၏ အရေးယူမှုများကြောင့် “ကုလား” စကားလုံးအား သုံးနှုန်းခဲ့သည့် အင်တာနက်သုံးစွဲသူများ၏ Account များ Like နှင့် Comment လုပ်၍မရခြင်း၊ Post များ ဖြုတ်ချခံရခြင်းနှင့် Account ယာယီအပိတ်ပင်ခံရခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် ပြည်တွင်း Facebook အသုံးပြုသူများက တုန့်ပြန်ပုံမှာ “ကုလား” ဆိုသည့် ဝေါဟာရနှင့် ယင်းနှင့်ဆက်နွယ်နေသည့် စကားလုံးများကို လူမှုကွန်ယက်တွင် အတိတလင်းရေးတင်ကြခြင်းပင်ဖြစ်သည်။ မည်သည့် အဖွဲ့အစည်းကမှ တာဝန်ခံ၍ ဖြေရှင်းပေးကြခြင်းမရှိပေ။ တာဝန်ခံမည့်အဖွဲ့အစည်းနှင့် မူဝါဒလည်း မရှိပေ။
Google ၊ Facebook နှင့် နိုင်ငံကာအစိုးရများဘက်မှ လူမှုကွန်ရက်မှတဆင့် အမုန်းစကား ဖြန့်ဝေခြင်း၊ အကြမ်းဖက် ခြိမ်းခြောက်မှှုများပြုလုပ်ခြင်းနှင့် ရည်ရွယ်ချက်ရှိသော သတင်းအချက်အလက် အမှားများ ဖြန့်ချိခြင်းများကို ထိထိရောက်ရောက် ကိုင်တွယ်နှိမ်နှင်းရန် တွန်းအားပေးခံနေရချိန်တွင် ယင်းကဲ့သို့ တိုင်ကြားခံရခြင်းဖြစ်သောကြောင့် Facebook Team က လျှင်လျှင်မြန်မြန် တုန့်ပြန်ခဲ့ခြင်းဖြစ်ဟန်တူသည်။ ထို့ကြောင့် တစ်ဖက်မှ ပြန်ကြည့်မည်ဆိုလျှင် အမုန်းစကားနှင့် သတင်းမှား ဖြန့်ဝေမှု တားဆီးရန်ကြံစည်နေသည့် လုပ်ငန်းစဉ်ကို မှားယွင်းသည့် အစွဲမကင်းသည့် သတင်းအချက်အလက်များဖြင့် ထိခိုက်လာနေသည့်သဘောပင်ဖြစ်သည်။
အသုံးပြုသူများ၏ တုန့်ပြန်ချက်များကြောင့် နောက်ပိုင်းတွင် အဆိုပါ ဆုံးဖြတ်ချက် မှားယွင်းကြောင်း သိရှိခဲ့ရသည့်အတွက် အဆိုပါပိတ်ပင်တားဆီးမှုကို ပြန်လည်ပြင်ဆင်နိုင်ရန် အမြန်ဆုံးကြိုးစားခဲ့ရပြီး နောက်တစ်ကြိမ်ဤကဲ့သို့ ထပ်မံမဖြစ်ပွားရန် ဂရုစိုက်သွားမည်ဖြစ်ကြောင်းလည်း Facebook မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်ကဆိုထားကြောင်း Mashable အွန်လိုင်းသတင်းဌာနက ဖော်ပြထားသည်ကိုလည်း ဖတ်ရှုလိုက်ရသည်။
ကမ္ဘာတဝန်းတွင် Facebook အသုံးပြုသူ သန်း ၂၀၀၀ ကျော်ရှိနေပြီး ဘာသာစကား ၇၀ မျိုး ခန့်ဖြင့် အသုံးပြုနေကြသောကြောင့် ဤမျှများပြားပြားသောပမာဏကို ကိုင်တွယ်နေရခြင်းသည် မမျှော်လင့်ထားသည့် အမှားအယွင်းများစွာကို ဖြစ်ပေါ်လာစေသည်။ အထူးသဖြင့် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ လိင်အမြတ်ထုတ်မှုနှင့် အချက်အလက်မှားများ ဖြန့်ဝေမှုများ တိုးပွားလာနေသောကြောင့် ထိထိရောက်ရောက်ကိုင်တွယ်ရန် နိုင်ငံတကာအစိုးရများ၏ ဖိအားပေးခြင်းကိုလည်း ခံနေရပြန်သည်။ အထိအခိုက် အတိမ်အစောင်းမခံလှသည့် မြန်မာ့အရေးများကြောင့် မြန်မာနိုင်ငံတွင်ပင် အခြားအငြင်းပွားဖွယ် ကိစ္စရပ်များ ထပ်မံပေါ်ပေါ်ပေါက်လာဖွယ် ရှိနေသေးသည်။
ယင်းအခြေအနေများကြောင့် လူမှုကွန်ယက် အသုံးပြုသူ သန်း ၃၀ ဝန်းကျင်ရှိနေသည့် မြန်မာပြည်တွင် အမုန်းစကားများနှင့် သတင်းအချက်အလက်မှားများကို တားဆီးရန် အစိုးရနှင့် ပညာရှင်အသင်းများက ဦးဆောင်ဖန်တီးရမည့် မူဝါဒများ၊ Cyberethics များ နှင့် The Internet Society (ISOC) ကဲ့သို့သော အဖွဲ့အစည်းများ လိုအပ်နေပြီဟု အချက်ပေးနေသည့် သဘောပင်ဖြစ်သည်။ အကြောင်းအရင်းမှာ လူမျိုးရေး၊ ဘာသာရေးအခြေခံသည့် ပဋိပက္ခများ၊ နယ်မြေဒေသ မအေးချမ်းမှုများ၊ နိုင်ငံရေးရပ်တည်ချက်မတူညီမှုများအပေါ် အခြေခံ၍ ပုဂ္ဂိုလ်ရေးထိပါးသည်အထိ ပြောဆိုပြုမူနေမှုများကို နေ့စဉ်ရက်ဆက် မြင်တွေ့နေရသောကြောင့်လည်းဖြစ်သည်။
“ကုလား” ဟူသောစကားစုကို ပိတ်ပင်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝိုင်း၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများ နှင့် NGO တချို့၏ အကြံပြုချက်များအရ ဆောင်ရွက်ခဲ့သည်ဟု Facebook က ဆိုခဲ့သည်။ သို့သော် မြန်မာ့သဘော မြန်မာ့မနောနှင့် မြန်မာ့ဓလေ့ ထုံးတမ်းအယူ အသုံးအနှုန်းများကို နားမလည်သူများဖြစ်သောကြောင့် ဤသို့ တိုင်ကြားသည်ဟု မှတ်ယူမိသည်။ ထို့အပြင် အမှားအယွင်းတစ်ခုဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ရာတွင်လည်း အသုံးပြုသူများ၏ Campaign သဖွယ် တုန့်ပြန်မှုကသာ အဓိကကျခဲ့ပြီး ပညာရှင်များ၊ ပညာရှင်အသင်းများနှင့် ဝန်ကြီးဌာနများ၊ ဘာသာရပ် အဖွဲ့အစည်းများမှ တုန့်ပြန်ရန် နည်းလမ်းရှာမတွေ့ဟု ဆိုကာ တုန့်ပြန်မှုမပြုလုပ်သည်ကိုသာ မြင်တွေ့ခဲ့ရလေသည်။
ယခုပြဿနာတွင် ပြည်တွင်း အင်တာနက်အသုံးပြုမှုနှင့် စံနှုန်းထားရှိမှုအပိုင်းတွင် တာဝန်ခံနိုင်မည့် အဖွဲ့အစည်း၊ မူဝါဒမရှိခြင်းကြောင့် ဖြစ်ပေါ်လာရကြောင်း ထင်ရှားစွာမြင်နေရသည်။ ပညာပေးခြင်းလုပ်ငန်းများ၊ ဖြစ်ပေါ်လာနိုင်ချေရှိသည့် ပြဿနာများကို တားဆီးရန်နှင့် နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းပေးရန်တို့အတွက် အဖွဲ့အစည်းနှင့် စည်းမျဉ်းမူဝါဒများ ထားရှိနိုင်ခြင်းမရှိပါက ယခုကဲ့သို့သော ပြဿနာမျိုးများ ဆက်လက်မြင်တွေ့နေရဦးမည်ဖြစ်ပြီး မြန်မာ့လူမှုကွန်ယက်လောကသည်လည်း အငြင်းပွားမှုများ၊ အမုန်းတရားများနှင့်သာ ပြည့်နှက်နေလိမ့်မည်ဖြစ်လေသည်။
<Zawgyi>
The Voice Daily, 1st June 2017
Posted
by Admin
in
အထွေထွေ ဗဟုသုတ
Posted
by Admin
in
My Research And Development
- A letter of Submission ( jpg )
- Thesis
- Personal form ( jpg )
- Remarks of the Departments on thesis ( pdf )
( Signature )
- Авфторефрат диссертации ( pdf ) ( How to Upload )
- Implementing Results of Thesis in National Research University of Electronic Technology (MIET) ( pdf )
( Scan )
- Agreement from Opponents ( pdf )
- Rrecords of Candidates' Progress in their Assigned Program of Study ( jpg )
- A Copy of the Master's Degree ( jpg )
- List of Publications ( pdf )
- List of Addresses to Send Автореферат( pdf )
- Thesis Defence ( pdf )
- Reviews from Official Opponents ( First , Second ) ( Signatures 1 , 2 )
- Review from Leading Organization ( pdf )
( Scan )
- Next 5+ Reviews ( Signatures 1 , 2 , 3 , 4 , 5 , 6 )
- Remark on Thesis ( pdf )
- Minutes of the Meeting of Dissertation Council ( pdf )
- Addresses for Envelope ( pdf )
- Statements to Opponents ( First , Second )
- Letter - 1 ( pdf )
- Letter - 2 ( pdf )
- Letter - 3 ( pdf )
- Responses to Reviews ( pdf )
- Presentation ( pdf )
=========================================================
DEFENCE
=========================================================
- Remark of Dissertation Council ( pdf ) ( Signature )
- Minute of the Meeting of Dissertation Council with VPO ( pdf )
( Scan )
- Review from Supervisor ( pdf ) ( Signature )
- Dissertation Council ( pdf )
( Scan )
- Higher Attestation Commission of Ministry of Education and Science of the Russian Federation ( pdf )
( Scan )
- ФНГУ ЦИТиС
( pdf ) ( Scan )
- Information Card of Thesis ЦИТиС ( jpg )
- Registration to Academic Card ( pdf )
- Index Card for Thesis ( pdf )
- Transcript of Meeting of the Dissertation Council ( pdf )
( Signature )
- List of Documents Shown Above ( pdf ) ( Scan 1 , 2 , 3 )
- Burn to DVD (Video & Documentation)
- Check
- Reply from ( Ministry of Education and Science & Dissertation Council & ( ФНГУ - ЦИТиС )
Posted
by Admin
in
နိုင်ငံရေး,
အတွေးမှတ်စုများ
ပထမ. . .
သူတို့
သမ္မတကြီးကို မကောင်းရေးတယ်။
ကျုပ် . . ဘာမှ တုန့်ပြန်ရေးသားတာ မလုပ်ခဲ့ဘူး။ ကျုပ်က သမ္မတမှ. . . . မဟုတ်တာ။
နောက်တော့. . . သူတို့
ကာချုပ်ကို မထိတထိရေးတယ်။
ကျုပ်. . . .ဘာမှ တုန့်ပြန်ရေးသားတာ မလုပ်ခဲ့ဘူး။ ကျုပ်က ကာချုပ်မှ . . . မဟုတ်တာ။
အဲဒီနောက်. . . . သူတို့
လွှတ်တော်ထဲက စစ်ဗိုလ်အမတ်တွေကို ရှုံ့ချရေးတယ်။
ကျုပ်. . . .ဘာမှ တုန့်ပြန်ရေးသားတာ မလုပ်ခဲ့ဘူး။
ကျုပ်က တပ်မတော်သား လွှတ်တော်အမတ်မှ . . . မဟုတ်တာ။
နောက်တော့. . . . .
ကျုပ်ကို... စွပ်စွဲရေးကြပြီ. . . .။
ကျုပ်အတွက်. . . . တုန့်ပြန်ရေးသားပေးမယ့်လူ....
တစ်ယောက်မှ မရှိတော့ပါလား။ ။
------------xxxxx-----------
- သူတို့ရေးထားတာတွေက မှန်ချင်မှမှန်လိမ့်မည်။
တုန့်ပြန်ရေးသားဖြေရှင်းထားခြင်း မရှိသည့်အတွက် အမှားကြာလျှင် အမှန်ဖြစ်သွားမည်။
- တဖက်သက် ဘက်လိုက် ရေးသား ပြောဆိုမှုများကို မတုန့်ပြန်ခြင်း (သို့) လစ်လျူရှုခြင်း (သို့) ကြားနေခြင်း သည် တဖက်သက် ဘက်လိုက် ပြောဆိုရေးသားမှုကို အားပေး ခြင်းပင်ဖြစ်သည်။
- ကိုယ်နှင့် မဆိုင်သေး.. ဟု ထင်ကာ ပါးစပ်ပိတ် မနေပါနှင့်။ ဖတ်ပါ။ ပြောပါ။ ထောက်ပြပါ၊ ဆွေးနွေးပါ။ ရေးသားပါ။
- ကိုယ်နဲ့မဆိုင် ဟု သဘောထားပါ.. ကိုယ့် အလှည့် ရောက်လျှင်လည်း မည်သူမှ ဆိုင်မည် မဟုတ်ပေ။..။
Posted
by Admin
in
နိုင်ငံရေး
အမျိုးသားနိုင်ငံရေး ဆိုသည်မှာ အမျိုးသားရေးနှင့် နိုင်ငံရေး ပေါင်းစပ်ထားခြင်းဟု ယေဘုယျအားဖြင့် နားလည်နိုင်သည်။
နိုင်ငံရေးဟူသော အဓိပ္ပါယ်အား အောက်စဖို့ဒ် (Oxford) အင်္ဂလိပ် အဘိဓါန်တွင် “နိုင်ငံရေးဆိုသည်မှာ အစိုးရ၏ သိပ္ပံနှင့် ၀ိဇ္ဇာအတတ်ပညာဖြစ် သည်။ နိုင်ငံတော်တစ်ရပ် သို့မဟုတ် တစိတ်တဒေသ၏ ပုံသဏ္ဍာန်၊ ဖွဲ့စည်းပုံ၊ စီမံအုပ်ချုပ်ရေးတို့နှင့် ပတ်သက်သော ဆောက်ရွက်ဖွယ်ရာများအပြင် အခြားနိုင်ငံတို့နှင့် ဆက်နွယ်သော လုပ်ထုံးလုပ်နည်းဆိုင်ရာ သိပ္ပံ အတတ်ပညာရပ် ဖြစ်သည်” ဟု ဂရိပညာရှင်များ၏ အဆိုအမိန့်ကို ကိုးကာ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
အရစ္စတိုတယ်ကမူ "လူသည် နိုင်ငံရေး သတ္တဝါဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ လူသားတို့၏ ဘ၀ကို အကောင်းဆုံး အနေ အထားတစ်ရပ်သို့ ရောက်ရှိစေနိုင်စွမ်းသော သိပ္ပံ သို့မဟုတ် ၀ိဇ္ဇာပညာရပ် ဖြစ်သည်" ဟု ဆိုခဲ့သည်။ ( အခြား အဓိပ္ပါယ်ဖွင့်ဆိုချက်များကို http://www.mee-pya-tite.com/2012/03/blog-post.html တွင်ဖတ်ရှုနိုင်သည်။ )
နိုင်ငံရေးဟူသော ဝေါဟာရအပေါ် မြန်မာလူမျိုးတို့၏ အဓိပ္ပါယ်သတ်မှတ်မှုမှာ မြန်မာသမိုင်းနှင့် နိုင်ငံရေးဖြစ်စဉ်များအပေါ်တွင် များစွာမှီခိုလျှက်ရှိသည်။ မြန်မာနိုင်ငံရေးသမားအချို့က နိုင်ငံရေးဟူသော ဝေါဟာရအား "နိုင်ငံရေးဆိုသည်မှာ နိုင်ငံအတွင်းမှာမှီတင်းနေထိုင်ကြသော ပြည်သူလူထု၏ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ တရားမျှတရေး၊ စားရေး၊ ၀တ်ရေးနှင့် နေရေး စသည်တို့ဖြစ်သည်" ဟု ဆိုကြသည်။ အချို့က "နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားအားလုံးတို့ နေ့စဉ်နှင့် တွေ့ကြုံနေရသော အရေးကိစ္စပင် ဖြစ်သည်" ဟု သတ်မှတ်သည်။ အချို့က "နိုင်ငံရေးဆိုသည်မှာ ဘုရင်ဧကရာဇ် အမှုထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ မိမိ၏ ရသင့် ရထိုက်သော အခွင့်အရေး ကို ပြောဆိုခြင်း၊ တောင်းခံခြင်းနှင့် အရတိုင်ယူခြင်း ဖြစ်သည်" ဟု တွယ်တွယ်ကျယ်ကျယ်ပြောဆိုလျှက်ရှိကြသည်။
မည်သို့ဆိုစေ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သောအရေးဟု နားလည်နိုင်ပြီး တပ်မတော်သားဖြစ်စေ၊ ဆရာဝန်ဖြစ်စေ၊ လူချမ်းသာဖြစ်စေ၊ လူဆင်းရဲဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အားလုံးနှင့် သက်ဆိုင်သောအရေးဖြစ်သည်ဟု မှတ်သားနိုင်သည်။
တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကပင် "နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် တစ်နေ့ကျရင် နိုင်ငံရေးက ကိုယ်နဲ့ လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့.. ရှောင်နေလို့မရဘူး" ဟု ပြောခဲ့သည်။ ယနေ့ နိုင်ငံတော် သမ္မတတစ်ဦးဖြစ်သော ဦးသိန်းစိန်မှလည်း နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် တပ်မတော်မှ ပါဝင်နိုင်ရေးအတွက်
တပ်မတော်သားလွှတ်တော်အမတ်များ လွှတ်တော်တွင် ပါရှိနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ တပ်မတော် သားများလည်း နိုင်ငံရေးနှင့် သက်ဆိုင်သည်မှာ ငြင်းနိုင်စရာမရှိတော့ပေ။ ( ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ယနေ့ တပ်မတော်အကြောင်းအား http://www.mee-pya-tite.com/2012/04/blog-post_2131.html တွင်ဖတ်ရှုနိုင်သည်။ )
အမျိုးသားရေးဆိုရာတွင် လူမျိုးတစ်မျိုး၏ နယ်မြေပိုင်ဆိုင်မှု၊ ဘာသာစကား၊ သမိုင်းနောက်ခံ၊ ကိုးကွယ်သည့်ဘာသာ၊ စာပေ နှင့် ယဉ်ကျေးမှု စသည်တို့ပါဝင်ပါဝင်လျှက်ရှိရာ အဆိုပါ အမျိုးသားရေးကိစ္စများအား စပ်လျဉ်းသော စီးပွားရေး နှင့် လူမှုရေးကိစ္စအဝဝကို ကိုယ်ကျိုးအတ္တမပါပဲ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းအား အမျိုးသားနိုင်ငံရေးဟု မှတ်သားနိုင်သည်။
တပ်မတော်တွင် အဓိက လုပ်ငန်းကြီးသုံးရပ်ရှိပြီး (၁) စစ်တိုက်ရန်၊ (၂) စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်၊ (၃) စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရန် ဟူ၍ဖြစ်ရာ ပြည်သူ့အကျိုးပြုလုပ်ငန်းဆိုသည်မှာ အထက်တွင် ဖော်ပြထားသည့် အမျိုးသားရေးနှင့်သက်ဆိုင်သော စီးပွားရေး နှင့် လူမှုရေးကိစ္စအဝဝအား ကိုယ်ကျိုးအတ္တမပါပဲ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိပါက တပ်မတော်၏ တာဝန်မှာ အမျိုးသား နိုင်ငံရေးလုပ်ရန်သာ ဖြစ်သည်။
ပါတီနိုင်ငံရေး နှင့် အမျိုးသားနိုင်ငံရေး၏ ခြားနားချက်မှာ အာဏာရယူလိုမှု နှင့် မရယူလိုမှုပင်ဖြစ်သည်။ တစ်ပါတီ စနစ်ပင်ဖြစ်စေ၊ နှစ်ပါတီ စနစ်ပင်ဖြစ်စေ၊ ပါတီစုံစနစ်ပင်ဖြစ်စေ စနစ်အားလုံးသည် ပါတီအာဏာရရှိမှုမှာ ပထမ ဦးစားပေးဖြစ်ပြီး အာဏာရပါတီမှ နိုင်ငံတော်၏ ကိစ္စအရပ်ရပ်ကို တာဝန်ယူအကောင်ထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်သည်။ အမျိုးသားနိုင်ငံရေးတွင် အာဏာရယူလိုမှု မရှိချေ။
ယနေ့မြန်မာ့နိုင်ငံရေးစနစ်မှာ ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်ရာ ယခုအခါ တရားဝင် နိုင်ငံရေးပါတီပေါင်း ၅၀ ခန့် ရှိနေပြီဖြစ်သည်။ ပါတီစုံစနစ်၏ အားနည်းချက်မှာ နိုင်ငံရေးပါတီအချင်းချင်းအကြားတွင် အုပ်စုဖွဲ့ခြင်း၊ နိုင်ငံ့အကျိုးထက် ပါတီအကျိုးကို ဦးစားပေးလုပ်ဆောင်ကြခြင်း၊ ပါတီတွင်း နှစ်ခြမ်း၊ သုံးခြမ်းကွဲခြင်း၊ ပါတီတင်း အာဏာလွန်ဆွဲပွဲများဖြစ်ပေါ်ခြင်း တို့ပင်ဖြစ်သည်။
အမျိုးသားနိုင်ငံရေးတွင်လည်း အားနည်းချက်များစွာရှိသည်။ ခေါင်းစဉ်အမျိုးမျိုးဖြင့် အဖွဲ့အစည်းပေါင်းစုံဖွဲ့ကာ အမျိုးသားရေးကို ဗန်းပြပြီး ငွေကြေးကောက်ခံခြင်း၊ ရံပုံငွေရှာဖွေခြင်း၊ ရသမျှကို စာရင်းအတိအကျမပြပဲ မိမိတို့ ကိုယ်ကျိုးအတွက် သုံးစွဲခြင်း တို့ပင်ဖြစ်သည်။ အချို့ကမူ ငွေကြေးကောက်ခံခြင်း၊ ရံပုံငွေ ရှာဖွေခြင်း လုံးဝမရှိပဲ အမျိုးသားနိုင်ငံရေး လုပ်ဆောင်ကြသည်။ အမျိုးသားရေးဆိုင်ရာ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များကို ကွင်းဆင်းလေ့လာကာ လိုအပ်သည်များကို ရှာဖွေဖော်ထုတ်ကြသည်။ သို့သော် တွေ့ရှိသော လိုအပ်ချက်များအတွက် မိမိတစ်ဦးတည်းမှသော်လည်းကောင်း၊ မိမိအဖွဲ့အစည်းမှသော်လည်း စိုက်ထုတ်ကာ ဖြည့်စည်းထောက်ပံ့ခြင်းမရှိပဲ လိုအပ်သမျှ စာရေးကာ အစိုးရထံ စာပို့ခြင်း (သို့မဟုတ်) ကြေငြာချက် ထုတ်ခြင်း တို့ ကို အသီးသီးလုပ်ဆောင်ကြသည်။ ယင်းကို အလွန်လွယ်ကူပြီး လူတိုင်းလုပ်နိုင်သော အမျိုးသား နိုင်ငံရေး အလုပ်ဟု မှတ်သားနိုင်သည်။
လူတို့၏သဘာဝအရ တစ်ခုပေးဆပ်ပါက တစ်ခုပြန်လိုချင်ကြသည်။ လူအများစုမှာ မိမိအနေဖြင့် လက်တလော နိုင်ငံတော်အတွက် ဘာလုပ်ပေးနိုင်လဲ စဉ်းစားဖို့ထက် နိုင်ငံတော်မှ မိမိအတွက် ဘာလုပ်ပေးခဲ့ဖူးသလဲဆိုတာကို စဉ်းစားကြသည်။ အထူးသဖြင့် မြန်မာလူမျိုးတို့သည် အဖွဲ့အစည်းတွင်း တပည့်မွေးကြသည်။ ဆရာမွေးကြသည်။ ထို့နောက် တစ်ဖွဲ့မှ နှစ်ဖွဲ့ကွဲသည်၊ နှစ်ဖွဲ့မှ သုံးဖွဲ့ကွဲကြသည်။ မြန်မာ့သမိုင်းကိုပြန်ကြည့်ပါက အကွဲအပြဲပေါင်းများစွာကိုတွေ့မြင်နိုင်ပြီး တပ်မတော်မှ နိုင်ငံရေးအာဏာကို လွှဲပြောင်း တာဝန်ယူခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သည်။
အမျိုးသားနိုင်ငံရေးဆောင်ရွက်ရာတွင် အရေးအကြီးဆုံးမှာ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အယူဝါဒစွဲများကို လုံးဝရှောင်ရှားရန်လိုအပ်သည်။ ရှောင်ရှားနိုင်မှသာလျှင် စစ်မှန်သော အမျိုးသားနိုင်ငံရေးကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ တပ်မတော်သည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိ၊ ငွေကြေးကောက်ခံခွင့်မရှိ၊ ရံပုံငွေရှာဖွေခွင့်မရှိသည့်အပြင် နိုင်ငံအဝှမ်းမှ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် စနစ်တကျ စည်းကမ်းပြည့်ဝ စွာဖွဲ့စည်းထားခြင်းကြောင့် ဒေသစွဲ လုံးဝ မရှိသလို နှစ်ဖွဲ့၊ သုံးဖွဲ့ကွဲစရာအကြောင်းလည်း မရှိပေ။ သို့ဖြစ်၍ ယနေ့ မြန်မာ့ တပ်မတော်သည် အမျိုးသားအကျိုးစီးပွားကို လုပ်ဆောင်ရန် အကောင်းဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည်။
တပ်မတော်သည် အမျိုးသားနိုင်ငံရေး လုပ်ဆောင်နေကြောင်းကို ၂၀၁၂
ခုနှစ် ဒီဇင်ဘာ (၉) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် "တို့တပ်မတော်က အမျိုးသား
နိုင်ငံရေးကို အလေးထားဆောင်ရွက် နေခြင်းဖြစ် လို့ ရဲဘော်တို့ အနေနဲ့
မိမိတို့ ရောက်ရှိရာ ဒေသ အသီးသီးမှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း
ဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်" ဟု ပြောဆိုခဲ့သည်။ ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးကိုလည်း ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းတိုင်းတွင် အလေးအနက်ထား မှာကြားလျှက် ရှိသည်။ ( နိုင်ငံသားတိုင်း အခြေခံဥပဒေ ဖတ်ရှုရန်လိုအပ်ကြောင်းကို http://www.mee-pya-tite.com/2012/08/blog-post.html တွင် ဖတ်ရှုနိုင်သည်။ )
တပ်မတော်အရာရှိတိုင်းသည်
နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ ရှိနေရမည်ဖြစ်ပြီး တပ်မတော်သားတိုင်းသည်လည်း
အမျိုးသားနိုင်ငံရေး လုပ်ဆောင်ရမည်ဖြစ်သည်။ ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံမူကြမ်း၏ စာမျက်နှာ (၁၄)၊ အခန်း(၁)၊ ပုဒ်မ ၆။ (စ) တွင်
"နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏတွင် တပ်မတော်က
ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်" ဟု ဖော်ပြပါရှိသည်။
အင်္ဂလိပ်ဘာသာဖြင့် "Enabling the Defence Services to be able to
participate in the National political leadership role of the State" ဟု
ရေးသားထားသည်။
နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ သမိုင်း၊ စာပေ နှင့် လူမှု စီးပွား ကာကွယ်စောင့်လျှောက်ခြင်း နှင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းသည် လွန်စွာမွန်မြတ်သော အလုပ်ဖြစ်သည်။ အင်တာနက်စာမျက်နှာ တစ်ခုခုတွင် အတ္တလုံးဝမပါ၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲမပါပဲ အမျိုးသားအရေးရှေ့ရှုပြီး တစ်စုံတစ်ခု မှတ်ချက်ရေးသားခြင်းပင်လျှင် မွန်မြတ်သော အမျိုးသားနိုင်ငံရေး လုပ်ဆောင်မှုတစ်ခုဟု သတ်မှတ်နိုင်သည်။
Posted
by Admin
in
My Research And Development
AVL System (ခေါ်) Automatic Vehicle Location စနစ်အား ရွေ့လျားနေသော ယာဉ်၏ လက်ရှိတည်နရာ Coordinates ကို တွက်ချက်ရယူခြင်း နှင့် Digital Map တွင် မြေပုံနှင့်တကွ ဖော်ခြင်းဟု နားလည်နိုင်သည်။ ယနေ့ကမ္ဘာတွင်ဖြစ်ပေါ်နေသော Navigation ပြဿနာများဖြေရှင်း ရာတွင် အရေးပါသော စနစ်တစ်ခုလည်းဖြစ်သည်။
ပထမအဆင့်အနေဖြင့် ရွေ့လျားနေသော ယာဉ်၏ တည်နေရာ အချက်အလက်များကို GPS စနစ်ဖြင့် ဂြိုဟ်တုမှရရှိသော Signal များကို အသုံးပြုကာ တည်နေရာရှာဖွေပြီးနောက် ဒုတိယအဆင့် Communication Network တစ်ခု ကြားခံ၍ တတိယ အဆင့် အနေဖြင့် Control Station ကို လွှဲပြောင်းပေးရမည်ဖြစ်သည်။ Control Station မှ လိုအပ်သော Methods များ နှင့် Program များ ကို အသုံးပြုကာ Navigation ပြဿနာအား ဖြေရှင်းပေးသည်။
NAVSTAR (ခေါ်) အမေရိကန် GPS များသည် တည်နေရာရှာဖွေရာတွင် ပြင်ပရှိ နေရာမှန်ဖြင့် ၁၀၀ မီတာ အထိ ကွာဟ လေ့ရှိသဖြင့် Navigation ပြဿနာများကို တွက်ချက်ရာတွင် အခက်အခဲများစွာတွေ့ရှိရသည်။ ကမ္ဘာတစ်ဝန်းတွင် GPS Reference Monitor Station ငါးခုသာ တည်ရှိပြီး Station နှင့် နီးပါက တည်နေရာပိုမိုတိကျကာ ဝေးကွာလေ မတိကျလေဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံသည် Station များဖြင့် ဝေးကွာသည့် နိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
Base Station မှ ရရှိသော Data များသည် Coordinates များကို ပုံသေတွက်ချက်ထားဖြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိ Coordinates နှင့် တွက်ချက်ထားသည့် ကွာခြားချက်များမှ Correct Value ကို Monitoring လုပ်ကာ ပြန်လည် တွက်ချက်ခြင်းဖြစ်သည်။ Base Staion များနှင့် နီးကပ်သော နေရာများတွင် Observations လုပ်ခြင်းသည် Station မှာလုပ်တဲ့တိုင်းထွာမှုများဖြင့် တူညီသောကြောင့် တူညီသော Errors များသာ ဖြစ်ပေါ်စေသည်။ ၎င်း Error များအား Reference Station တွင် တွက်ချက်ထားသည့် Proofreading Value ကို ပေါင်းထည့်ခြင်းအားဖြင့် လျော့ချနိုင်သည်။ ဤ နည်းပညာအား Differential Method GPS (သို့) DGPS (Differential Global Positioning System) ဟု ခေါ်ဆိုသည်။ DGPS နည်းပညာကို အသုံးပြု၍ ပိုမိုတိကျသော တည်နေရာ နှင့် တိုင်းထွာမှုကို ရရှိစေနိုင်သည်။
Control Station ခေါ် Base Station နှင့် Mobile Unit မှ GPS Satellite အကူအညီဖြင့် တည်နေရာရှာဖွေရာတွင် Control Station ၏ တည်နေရာ Coordinates များအား Correction Value ၏ Magnitude အားဖြင့် ဆုံးဖြတ်ရယူပြီး Mobile station ကို ပေးပို့သည်။ ထို့နောက် Mobile Station မှ Control Station သို့ ယာဉ်၏ တည်နေရာ နှင့် အချက်အလက်များအား လွှဲပြောင်းပေးသည်။ ထို့နောက် Base Station တွက်ချက်အဖြေထုတ်ကာ ရွေ့လျားနေသော ယာဉ် ပေါ် ရှိ Mobile Station ၏ တည်နေရာအား တိတိကျကျ တွက်ချက်ဖော်ထုတ်ပေးခြင်းဖြစ်သည်။